
25/03/2024
ရာသီတုပ်ကွေးကာကွယ်ဆေးကို မိုးမကျခင် စောစောလေး ထိုးပီးကာကွယ်ချင်သူများနှင့်
ဆေးဝယ်လိုသူများ ကြိုတင် စာရင်းပေးထားလို့
ရပါပြီရှင်။
Vaxigrip Tetra 2024
✅ ဘယ်သူတွေ မဖြစ်မနေ ထိုးသင့်သလဲ???
🥰အသက် ၆လမှ ၅ နှစ်အောက် ကလေးများ
🥰၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ
🥰ပန်းနာရင်ကြပ်၊ ဆီးချိုနှင့် နာတာရှည် ခုခံမှုအားနည်းသော ရောဂါသည်များ
🥰ကိုယ်ဝန်ဆောင်များ
(ကိုယ်ဝန်ဆောင်များ စောထိုးနိုင်လျှင် ကာကွယ်မှု စောစောရသည်။ မည်သည့်လမဆို ထိုးနိုင်သည်။ ကိုယ်ဝန်ဆောင် တုပ်ကွေးဖြစ်လျှင် လက္ခဏာ ပြင်းထန်ပြီး အသက်အန္တရာယ်ရှိ၍ ထိုးသင့်ပါသည်။ ကိုယ်ဝန်ဆောင်မိခင် ထိုးခြင်းဖြင့် မွေးလာမည့် ကလေးကို အသက် ၆ လအထိ တုပ်ကွေးရောဂါ ကာကွယ်ပေးနိုင်သည်။)
🥰လူနာနှင့်တိုက်ရိုက် ထိတွေ့နေသော ကျန်းမာရေးဝန်ထမ်းများ ကြိုတင် ထိုးနှံထားသင့်ပါသည်။
✅ ဘယ်လိုထိုးရမလဲ????
❤️အသက် ၉ နှစ်အောက်ကလေးများ
ပထမဆုံးအကြိမ် ဖြစ်ပါက တစ်လခြား၍
၂ ကြိမ် ထိုးနှံပေးရပါမယ် (0,1 month)
❤️နောက်နှစ်တွေမှာ တစ်နှစ်ကို တစ်ကြိမ်ပဲ ထိုးရပါတယ်။
❤️ကျန်တဲ့သူများကတော့ တစ်နှစ်ကို တစ်ကြိမ် ထိုးပေးရပါမယ်။
💚Home Service စီစဉ်ပေးမှာမို့ ကာကွယ်ဆေးထိုးချင်သူများ တစ်ဦးချင်းဖြစ်စေ၊ မိသားစုလိုက်ဖြစ်စေ ဆက်သွယ်စုံစမ်း နိုင်ပါတယ်ရှင့်
📞 09964420196
#ရာသီတုတ်ကွေးကာကွယ်ဆေး