21/07/2025
A*O အကြောင်း !!!
#ကလေးကငယ်ငယ်လေးပဲရှိသေးတာ_ညောင်းတယ်_ကိုက်တယ်နဲ့
#လူကြီးတွေအတင်းနှိပ်တာကိုလည်းခံနိုင်ရည်ရှိတယ်
*O_စစ်ဦးမှပဲ_လေးဖက်နာဖြစ်နေဦးမယ်
၉ နှစ်မှ ၁၂ အတွင်း ကလေးငယ်တချို့မှာ ကြွက်သားနာခြင်း အဆစ်နာခြင်း ဖြစ်တတ်ပါတယ်။
အဖျားရှိလို့ နေမကောင်းလို့မဟုတ်ပဲ
- ခြေထောက်ညောင်းတယ်
- ခြေထောက်ကိုက်တယ် နဲ့ အော်နေတတ်ကြပါတယ်
တချို့မှာဆို ညမအိပ်နိုင်လောက်အောင် နာတတ်ပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ ညောင်းတယ်၊ကိုက်တယ်ဆိုတိုင်း မစစ်မဖြစ် ပါနေတဲ့ *O ဆိုတဲ့ ဟာကြီး စစ်ကြတာပေါ့။
A*O ဆိုတာ ဟာကြီး က ယူနစ် ၂၀၀ နဲ့ ဖြတ်တယ် ၊ ၂၀၀ ကျော်တာနဲ့ "ဟာ" လေးဖက်နာဖြစ်နေပြီ၊ Penicillin သောက်ရမယ်ဆိုပြီး လနဲ့ချီ၊ နှစ်ချီပြီး ပိုးသတ်ဆေးတွေ #မလိုအပ်ပဲ သောက်ကြရပါတယ်။
👉 နေမကောင်းလို့ ဖျားလို့ ပိုးသတ်ဆေးသောက်ဖူးကြတယ် မလား (၄-၅ ရက်ပဲလေ) အဲ့ဒါတောင် လူကနုံးချိနေတာ
👉 Penicillin V ဆိုတာ ပိုးသတ်ဆေးပဲ အဲ့ဒါကို ကလေးပုစိတွေ ကို သောက်ခိုင်းတော့ ဘယ်လိုနေကြမလဲ (တွေးကြည့်မိရဲ့လားဗျာ)
👉 ၉-၁၂ နှစ်ဆိုတာ Growing Age ကြီးထွားနေတဲ့ အချိန်လေ ၊ တို့လူမျိုးတွေ ၅ ပေ ၅ လက်မ အထက် ဘယ်နှစ်ယောက်များရှိသေးလို့လဲ (ကိုယ့်ပတ်ဝန်းကျင်မှာပဲကြည့်ကြည့်ပါ)
👉 A*O ဆိုတာက Anti-streptolysin O ကို ခေါ်တာပါ၊
Streptococcus ဆိုတဲ့ bacteria ကထုတ်တဲ့ streptolysin O ဆိုတဲ့ အဆိပ်ကို ဖျက်ဖို့ ခန္ဓာကိုယ်ကထုတ်တဲ့ ပဋိပစ္စည်းပါ
ခန္ဓာကိုယ်ထဲ Streptococcus ဆိုတဲ့အကောင်ဝင်ဖူးရင် A*O ကတက်နေမှာပဲ။
Streptococcus ဆိုတာက ကျွန်တော်တို့နိုင်ငံမှာပေါမှပေါ
- ချောင်းဆိုးလည်း 👉 သူပဲ
- လည်ချောင်းနာလည်း 👉 သူပဲ
- နှာစေး နှာမွှန်လည်း 👉 သူပဲ
- နားယားလည်း 👉 သူပဲ
- အရေပြားအနာဖြစ်လဲ 👉 သူပဲ
- ဝက်ခြံကနေ အနာဖြစ်လဲ 👉 သူပဲ
အဲ့လောက်ကိုအဖြစ်များနေတာ၊ နေလို့သိပ်မကောင်းတဲ့သူ ဘယ်သူသွားစစ် စစ် A*O ဆိုတာက ၂၀၀ ကျော်နေဖို့များတယ်။
သွေးစစ်တိုင်း Positive ထွက်တာ A*O နဲ့
ဇတ်ကြောတက်တိုင်း ပြောကြတာ ကျီးပေါင်းပဲလေ
(ကျွန်တော်တို့နိုင်ငံက လူတော်တော်များများက ကျီးပေါင်း ရော လေးဖက်နာ ရောရှိကြတယ် ဆိုပြီး ဆေးတွေသောက်နေကြတယ်လေ)
ဝမ်းနည်းစရာပါ။
#ပိုးလေးဖက်နာ ဆိုတာဖြစ်ဖို့ အဓိကအချက်ကြီးတွေအများကြီး လိုအပ်ပါတယ်။
#ပိုးလေးဖက်နာ ကို "jones criteria" ဆိုတာနဲ့ သတ်မှတ်ပါတယ် "A*O" နဲ့မဟုတ်ပါဘူး
___________
အဲ့ဒါကြောင့် A*O တစ်မျိုးပဲ စစ်ပြီး ပေါက်ကရတွေ မလုပ်သင့်ပါဘူး
လေးဖက်နာမဟုတ်ရင် 🤷♂️
ဘာလို့ အဲ့အရွယ်လေးတွေ အဲ့လို #ညောင်းရ_နာရတာလဲ ⁉️
ရာခိုင်နှုန်းအများဆုံးက "Growing Pain" လို့ခေါ်ပါတယ်။ "ကြီးထွားဖွံ့ဖြိုးနေတဲ့အချိန်နာလို့ပါ"
ကလေးက ညောင်းတယ်၊ နာတယ်
✳️ နာတဲ့ ညောင်းတဲ့နေရာတွေဟာ ခြေသလုံးကြွက်သား၊ ပေါင်အရှေ့ နဲ့ တကောက်ကွေး (ဒူးခေါင်းအနောက်) နေရာတွေဖြစ်ပါတယ်
✳️ လှုပ်ရှားလိုက်လို့ ပိုနာလာတယ်ဆိုတာ မရှိသလို၊ လှုပ်ရှားလိုက်လို့ သက်သာသွားတယ် ဆိုတာမျိုးလည်း မဟုတ်ပါဘူး
✳️ ညနေပိုင်း၊ ညပိုင်း တွေမှာ အဖြစ်များတတ်ပါတယ်၊ မနက်ပိုင်းမှာ လုံးဝ အကောင်းအတိုင်းပါပဲ
✳️ ဖြစ်လိုက် ပျောက်လိုက် နဲ့ ရှိနေတတ်ပါတယ်။
ကလေးက နာတယ်၊ ကိုက်တယ်၊ ညောင်းတယ်ပြောနေပေမယ့်
✳️ "ပြေးလွှား၊ ဆော့ကစားနိုင်ပါတယ်။"
✳️ "Daily Activities နေ့စဉ်ဘဝ လှုပ်ရှားမှု" တွေကို မထိခိုက်ပါဘူး
✳️ နာလို့ဆိုပြီး ထော့နဲ့ထော့နဲ့ ဖြစ်မနေပါဘူး
Growing Pain ကို ပိုဆိုးစေနိုင်တာတွေက
👉 ကြွက်သားတွေကို ဒဏ်ဖြစ်စေတဲ့ နေပုံထိုင်ပုံတွေ TV အကြာကြီိးကြည့်တယ်၊ ဖုန်းအကြာကြီး ပေးသုံးထားတယ်
👉 Stress ပါ (ကလေးတွေက ငါစိတ်ဖိစီးမှုများလိုက်တာဆိုပြီး မဖော်ပြတတ်ပါဘူး) စိတ်ရဲ့ဖိစီးမှု မပျော်ရွှင်မှုတွေကို ခန္ဓာကိုယ်ရဲ့ နာကျင်မှု အနေနဲ့ပြတတ်ပါတယ်
- မိဘတွေ ရန်ဖြစ်တယ်၊ အိမ်တွင်းရေးအဆင်မပြေဘူး
- ကျောင်းမှာ အတန်းဖော်တွေနဲ့အဆင်မပြေဘူး၊ အနိုင်ကျင့်ခံနေရတယ်
- စာတွေမလိုက်နိုင်ဘူး၊ (စာမေးပွဲရှိတဲ့အချိန်တွေ)
အဆိုးဆုံးခံစားနေရတတ်ပါတယ်။
✳️ တချို့ကလေး အနည်းငယ်ဟာ ခေါင်းပါကိုက်တတ်ပါတယ်။
___________
#ဘယ်လိုသက်သာအောင်လုပ်မလဲ ⁉️
- ရေနွေးအိတ်လေးကပ်ပေးလို့ရပါတယ်
- နာတယ်ဆိုတဲ့ နေရာလေးတွေကို ပွတ်ပေးတာ၊ ဖွဖွလေး ဖိပေးတာ လုပ်ပေးလို့ရပါတယ် (ဖွဖွလေးဖိဖိ အတင်းအဓမ္မကြီး နှိပ်နှိပ် Growing pain ကမပျောက်ပါဘူး) အဲ့ဒါကြောင့် ကလေးကျေနပ်အောင် ဖွဖွလေးပဲ ဖိပေးပါ
- မသက်သာရင် Paracetamol တိုက်လို့ရပါတယ် (ကလေးရဲ့အသက်အရွယ်၊ ကိုယ်အလေးချိန် အလိုက် ဆေးပမာဏတိုက်ရပါမယ်) တစ်ခြမ်းတို့၊ လေးပုံတစ်ပုံတို့ ဆိုပြီး ရမ်းမတိုက်ပါနဲ့ (ဆေးပုလင်းမှာအညွှန်းပါ ပါတယ်)
- ကလေးငြိမ်ရင်ပြီးရော ဖုန်းအကြာကြီးပေးသုံးတာ၊ TV အကြာကြီး ပေးကြည့်တာတွေ မလုပ်ပါနဲ့
- ကလေးကိုပျော်အောင်ထားပါ ၊ စိတ်ဖိစီးမှုကို ကျော်ဖြတ်နိုင်အောင် ကူညီပေးပါ
- "နင်က ဒီလောက် ကမြင်းတာကိုး ဖြစ်မှာပေါ့" ဆိုတဲ့ မဟုတ်တဲ့ ပေါပေါပဲပဲ စကားတွေ ကလေးကို မပြောပါနဲ့
Growing Pain ဟာ ကလေးဆော့ တာနဲ့ မသက်ဆိုင်ပါဘူး "အရမ်းဆော့လွန်းတဲ့ ကလေးတွေမှာဖြစ်ချင်မှဖြစ်သလို၊ ငြိမ်လွန်းတဲ့ကလေးတွေလည်း ဖြစ်ချင်မှဖြစ်တာပါ"
ဆိုလိုတာက ဖြစ်ချင်တဲ့ကလေးဖြစ်တာပါ #လှုပ်ရှားမှုနဲ့_မဆိုင်ပါဘူး
- ဆရာဝန်နဲ့ပြပြီး တခြားအရေးကြီးတဲ့ အဆစ်ရောင်ရောဂါတွေကို Exclude (ဖယ်ထုတ်) ရပါမယ်။
__________
ဒါပေမယ့်
🚨 🚨 🚨 အရေးကြီးတာက 🚨 🚨 🚨
🚨 ကလေး နာတယ် ပြောတဲ့နေရာတွေ ကို ဖိရင် မခံနိုင်အောင်နာတယ်။
🚨 နာလို့ဆိုပြီး လမ်းမလျှောက် နိုင် မပြေးနိုင်ပဲ ထော့နဲ့ထော့နဲ့ဖြစ်နေတယ်
🚨 နာတယ်ဆိုတဲ့နေရာကြီး ရောင်ကိုင်းနေတယ်
🚨 ညနေပိုင်း/ညပိုင်းတင်မက ပဲ မိုးလင်းလည်းနာတယ်၊ နေ့လည်လည်းနာတယ်၊ တစ်နေကုန်ကိုနာနေတာ လှုပ်ကိုမလှုပ်နိုင်ဘူး
အဲ့လိုတွေဆိုရင်တော့ #ဆရာဝန် ချက်ချင်းပြပြီး ကုသမှုသေသေချာချာ ခံယူဖို့ လိုအပ်ပါတယ်။
__________
ဒီစာကိုဖတ်ပြီးသွားတဲ့အခါ
- Growing Pain ဆိုတာဘာလဲ
- ဘယ်လိုသက်သာအောင်လုပ်ပေးမလဲ
- အရေးကြီး ပြီးဆရာဝန်ပြသင့်တဲ့ လက္ခဏာတွေကဘာတွေလဲ
သိကြပြီးတော့
- A*O ဆိုတာတစ်မျိုးထဲ စစ်ပြီး Penicillin တွေ မတိုက်သင့်ပါဘူး
(Photo credit; chla )
ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
အမှတ် (၂၁) ၊ ဘုရင့်နောင်လမ်း၊ မြယမုံအိမ်ယာ၊ (၂၆) ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်။
☎️ 09687000017, 09687000018, 09977788835