
12/08/2025
သွေးတိုးရောဂါ (Hypertension)
🧑⚕️🧑⚕️🧑⚕️🧑⚕️🧑⚕️🧑⚕️🧑⚕️🧑⚕️🧑⚕️🧑⚕️
သွေးတိုးတယ်လို့ဆိုလိုက်ရင် လူအများစုက သေနိုင်လောက်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်ပါဘူး။ အသက်အန္တရာယ်မစိုးရိမ်ရတဲ့ အပယိကရောဂါလိုမျိုး သဘောထားတတ်ကြပါတယ်။ တကယ်ကတော့ သွေးတိုးက အသက်အန္တရာယ်ကို ထိခိုက်စေသည်အထိ ပြင်းထန်ပါတယ်။
သွေးတိုးခြင်းဟာ နှလုံးကို ထိခိုက်ပျက်စီးစေတဲ့ အခြေအနေဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာ လူပေါင်း တစ်ဘီလျံခန့်ကို ဒုက္ခပေးနေတဲ့ ရောဂါလည်း ဖြစ်ပါတယ်။ ထိရောက်စွာ မကုသခဲ့ရင် နှလုံးရောဂါ၊ လေဖြတ်ခြင်း စတဲ့အခြေအနေတွေ တွေ့ကြုံနိုင်ပါတယ်။
♦ သွေးတိုးရောဂါ (သွေးပေါင်တက်ခြင်း)
သွေးတိုးရောဂါ (သွေးပေါင်တက်ခြင်း) ဆိုတာ အပေါ်သွေး သွေးပေါင်ချိန် ၁၄၀ နဲ့ထက်၊ အောက်သွေး ၉၀ နဲ့ အထက် (သွေးပေါင်ချိန် ၁၄၀/ ၉၀ mmHg) အထက်ဖြစ်နေတဲ့အချိန်မှာ တွေ့ရတဲ့ နှလုံးသွေးကြောဆိုင်ရာ အခြေအနေတစ်ရပ်ပါ။ ကျန်းမာတဲ့ သွေးပေါင်ချိန်ဆိုတာက သွေးပေါင်ချိန်တိုင်းတဲ့အခါ ၁၂၀/၈၀ mmHg အောက်ရှိရမှာပါ။
🔹 ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ။
သွေးတိုး တယ်ဆိုတာက ခန္ဓာကိုယ်တွင်းက သွေးတွေကို ပုံမှန်ထက် ညှစ်ထုတ်ဖို့ခက်ခဲတဲ့အနေအထားမျိုးပါ။ နှလုံးက သွေးတွေကို ညှစ်ထုတ်ပေးနိုင်စွမ်းကျသွားတယ်ဆိုတဲ့ သဘောပါ။ ဒီလိုအခြေအနေမျိုးမှာ
-မအီမသာဖြစ်တာ
-ခေါင်းတစ်ခြမ်းကိုက်တာ
-နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တာ
-ချွေးစေးတွေပြန်တာမျိုး တွေ ခံစားရနိုင်ပါတယ်။
🔹 သွေးတိုး ဘာကြောင့်ဖြစ်ရတာလဲ။
သွေးတိုးရောဂါ ဖြစ်ရတဲ့ အကြောင်းအရင်းကို တိတိကျကျ မသိရသေးပါဘူး။ သွေးတိုးရောဂါဟာ ပတ်ဝန်းကျင်ရဲ့သက်ရောက်မှုကြောင့် ဖြစ်နိုင်သလို မျိုးရီုးဗီဇကြောင့်လည်း(မူလအစသွေးတိုးရောာဂါ)ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်ရောဂါ ဒါမှမဟုတ် ဟော်မုန်းစနစ်မူမမှန်တာတွေကြောင့် (တဆင့်ခံ သွေးတိုးရောဂါ) ဖြစ်နိုင်ပါတယ်။
မူလအစသွေးတိုးရောဂါကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ ဆေးလိပ်သောက်တာ၊ မျိုးရိုး၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာ၊ အငန်ကဲတဲ့ အစားအစားတွေစားတာ၊ အရက်အလွန်အကျွံသောက်တာတွေကြောင့်ပါ။ စိတ်ဖိစီးမှု များတာကြောင့်လည်း သွေးတိုးနိုင်ပါတယ်။
ဒီအချက်တွေအပြင်
-ကဖင်း အသောက်များတာ
-အချို့သောဆေးဝါးတွေသောက်သုံးနေရတာ
-နာတာရှည်ကျောက်ကပ်ရောဂါရှိနေတာ
-ကိုကင်းသုံးတာ
-အက်ဒရီနယ်လင်ဂလင်းတွေ အရမ်းအလုပ်လုပ်လွန်းနေတာ
-ကိုယ်ဝန်ရှိနေတာကြောင့်သွေးပေါင်ချိန်တက်လာတာ
-ဆေးလိပ်သောက်တာ
-စိတ်ဖိစီးတာ
-သိုင်းရွိုက်ပြဿနာရှိနေတာ
-အဝလွန်နေတာ
-ဆီးချိုရှိနေတာ
-သွေးတွင်းမှာ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ် နဲ့ မဂ္ဂနီဆီယမ် ပမာဏနည်းနေတာ
-ကိုယ်လက်လှုပ်ရှားမှုနည်းတာ
-အယ်လ်ကိုဟောအသောက်များတာ
-အမျိုးသမီးတွေမှာဆိုရင် သန္ဓေတားဆေးတွေကြာင့် ဟော်မုန်းအပြောင်းအလဲဖြစ်ပြီး သွေးတိုးနိုင်ပါတယ်။
🔹 သွေးတိုးကြောင့် ဘာတွေ ခံစားလာရနိုင်လဲ။
အချိန်ကြာမြင့်စွာ သွေးတိုးရောဂါ ခံစားရတာက သွေးကြောနံရံတွေကို ပျက်စီးစေနိုင်ပြီး သွေးကြောတွေထဲမှာအနယ်တွေစုပုံတာမျိုး ဖြစ်စေနိုင်ပါတယ်။ သွေးတိုးတာက နှလုံးကို သွေးညှစ်ထုတ်ရာမှာ ခက်ခဲစေပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းရောက်ရှိမှု နည်းစေပြီး လေဖြတ်တာ၊ နှလုံးထိခိုက်ပျက်စီးတာတွေကို ဖြစ်စေနိုင်ပါတယ်။
Takeaways
နေ့စဉ်စားသောက်မှုနဲ့ နေထိုင်မှုပုံစံကိုပြောင်းလဲတာ၊ ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကို ပုံမှန်သောက်သုံးတာက သွေးတိုးကိုသက်သာစေပြီး သွေးပေါင်ချိန်ကို ကျန်းမာတဲ့ အနေအထားမှာ ထိန်းထားနိုင်စေဖို့ ထောက်ကူပေးမှာပါ။