KMT online Pharmacy Lashio ကေအမ်တီဆေးဆိုင်

  • Home
  • Myanmar
  • Lashio
  • KMT online Pharmacy Lashio ကေအမ်တီဆေးဆိုင်

KMT online Pharmacy Lashio ကေအမ်တီဆေးဆိုင် မင်္ဂလာပါခင်ဗျာ။ Can't wait at the pharmacy to buy medicine?
2. No more people to go to the pharmacy?
3. Medicine. Problems with medication?

1。等不了药房买药了吗?
2。家里没有人去药店吗?
3。在疫情Covid-19期间出门买药难吗?
4.用药有问题吗?
5.您要购买的药品将送到您家中。
Lashio 现在腊虚有一个送货系统了
仅在收到货物时才扣除付款 ��联系方式 电话:09-977414243、09-400437567 您也可以通过 Facebook Messenger Box 与我们联系
您可以随时从KMT在线药房Lashio 腊虚订购西药和缅甸产的药


1. Is it difficult to go out and buy medicine during Covid-19?
4. The medicine you want to buy will be delivered to your home. Since medicine is important, clearly take a picture of the medicine you want to buy and tell us how much you want to get.

16/12/2023

ရေဓာတ်ပြည့်ဝအောင်နေထိုင်ခြင်းက သင့်ကျန်းမာရေးအတွက် ငွေမကုန်စေတဲ့ ရင်းနှီးမှုတစ်ခုပဲဖြစ်ပါတယ်။

ရေများများသောက်ပါ...
မနက်ပိုင်း အိပ်ယာထ ရေ တစ်လီတာခန့် သောက်ပါ
online Pharmacy Lashio ကေအမ်တီဆေးဆိုင်

16/12/2023

သာမန်လူတစ်ယောက်၏ သွေးပေါင်ချိန်

သာမန်အရွယ်ရောက်နေသူတစ်ယောက်၏ သွေးပေါင်ချိန်သည် 120/80 mmHg ရှိနေလျှင် အကောင်းဆုံးဖြစ်ပါသည်။ သွေးပေါင်ချိန်သည် အသက်အရွယ်၊ ကျား/မ၊ အစားအသောက်၊ အနေအထိုင်၊ မျိုးရိုးဗီဇ၊ နေထိုင်ရာ အရပ်ဒေသများပေါ်တွင်မူတည်ပြီး ပြောင်းလဲမှုရှိနိုင်ပါသည်။ အရေးအကြီးဆုံးမှာ အသက်အရွယ်ဖြစ်သည်။ မွေးကာစတွင် သွေးပေါင်ချိန်မှာအနည်းဆုံးဖြစ်ပြီး အသက်ရလာသည်နှင့်အမျှ တဖြည်းဖြည်း မြင့်လာပါသည်။ အရွယ်ရောက်လာချိန်၌ အထက်တွင် ဖော်ပြခဲ့သည့် 120/80 mmHg အနေအထားသို့ ရောက်သွားခြင်းဖြစ်ပါသည်။ နောင် အသက်အရွယ်ကြီးလာလေ အပေါ်သွေးမှာ မြင့်လေဖြစ်ပြီး အောက်သွေးမှာပထမပိုင်းတွင် အနည်းငယ်လိုက်တက်သော်လည်း နောက်ပိုင်းအသက်ကြီးလာချိန် အထူး သဖြင့် အသက် ၆၀ ကျော်သို့ရောက်လျှင် မတက်တော့သည့်အပြင် ပြန်တောင်ကျနိုင်ပါသေးသည်။ ထို့ကြောင့် အသက် ၆၀ ကျော်သူများတွင် အပေါ်သွေးနှင့် အောက်သွေးကွာခြားမှု ပိုများပါသည်။ ဥပမာ အပေါ်သွေးက ၁၄၀ လောက်ရောက်နေသော်လည်း အောက်သွေးက ၆၀ လောက်သာ ရှိခြင်းမျိုးဖြစ်သည်။ 120/80 mmHg ပုံမှန် အမြဲရှိနေလျှင် အကောင်းဆုံးဖြစ်ပြီး သာမန်လူတစ်ယောက်မှာပင် သွေးပေါင်ချိန်သည် အချိန်ပေါ်မူတည်ပြီး ပြောင်းလဲတတ်ပါသည်။ ညအိပ်နေစဉ်တွင် သွေးပေါင်ချိန်သည် တဖြည်းဖြည်း ကျသွားတတ်ပြီး အပေါ်သွေးမှာ 20 mmHg လောက်အထိ ကျသွားလေ့ရှိကာ မနက်မိုးလင်းသည်နှင့် ပြန်တက်လာပါသည်။ ဆိုလိုသည်မှာ လူတစ်ယောက်သည် တစ်နေ့တာအတွင်း 20 mmHg လောက်အထိ ပြောင်းလဲနိုင်ပါသည်။ အောက်သွေးမှာမူ သိပ်ပြောင်းလေ့မရှိပါ။ နောက်တစ်ခုမှာ ဆေးခန်းတွင် တိုင်းတာခြင်းနှင့် အိမ်တွင် တိုင်းတာခြင်းတို့ ကွာတတ်ပါသည်။ အသုံးပြုသည့် သွေးပေါင်ချိန်တိုင်းကိရိယာ မတူလျှင်လည်း ကွာနိုင်ပါသည်။ ဆေးခန်းကိုရောက်လျှင် ဆရာဝန်နှင့်တွေ့သည့်အခါ စိုးရိမ်ပူပန်စိတ်ကြောင့် သွေးပေါင်ချိန် ပိုတက်တတ်ပါသည်။ယင်းကို "White Coat Hypertension" ဟု တင်စားခေါ်လေ့ရှိပါသည်။ အကောင်းဆုံးမှာ ကိုယ်တိုင်းနေကျကိရိယာဖြင့်သာ အမြဲတမ်းတိုင်းပြီး မှတ်သားဖို့ဖြစ်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "သွေးတိုးရောဂါ” စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

သင်ဟာ ချိုင်းလိမ်းဆီ (ROLL-ON) သုံးတဲ့သူဆိုရင် မဖြစ်မနေသိထားသင့်တယ်============================ဒီတစ်ခါမှာတော့ တစ်ကိုယ်ရည...
11/03/2023

သင်ဟာ ချိုင်းလိမ်းဆီ (ROLL-ON) သုံးတဲ့သူဆိုရင် မဖြစ်မနေသိထားသင့်တယ်
============================

ဒီတစ်ခါမှာတော့ တစ်ကိုယ်ရည်သုံးပစ္စည်းတစ်ခုဖြစ်တဲ့ ချိုင်းလိမ်းဆီ(Roll on)နဲ့ပတ်သတ်ပြီး သိထားသင့်တဲ့ ရှောင်ရန်၊ ဆောင်ရန်တွေအကြောင်း ဖော်ပြပေးချင်ပါတယ်။

ရေချိုးပြီး ချက်ချင်း ချိုင်းလိမ်းဆီ(Roll-on) ကို အသုံးမပြုသင့်ဘဲ ရေစင်အောင် သုတ်ပြီးမှ အသုံးပြုသင့်ပါတယ်။ ချွေးထွက်မှုကိုလျော့ချပေးနိုင်တဲ့ ချိုင်းလိမ်းဆီ (Roll-On) တွေဟာ ခြောက်သွေ့တဲ့အရေပြားပေါ်မှာသာ အသုံးပြုဖို့ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။

ချိုင်းမွေး ရိတ်ပြီး/နုတ်ပြီး ချက်ချင်း ချိုင်းလိမ်းဆီ (Roll-on)ကို အသုံးမပြုသင့်ပါဘူး။ အဓိကအားဖြင့် ချိုင်းလိမ်းဆီ(Roll-on)များတွင် အရက်ပျံပါဝင်မှုများစွာရှိတဲ့အတွက်ကြောင့် အမွှေးရိတ်ထားတဲ့အရေပြား ကို နာကျင်မှုများဖြစ်ပေါ်စေပါတယ်။

မနေ့က အသုံးပြုထားတဲ့ ချိုင်းလိမ်းဆီအလွှာတွေကို သန့်ရှင်းရေးမလုပ်ဘဲ ထပ်မံအသုံးပြုတာကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။

ခြောက်သွေ့သန့်ရှင်းတဲ့ အရေပြားပေါ်မှာပဲ အသုံးပြုသင့်ပါတယ်။ ချိုင်းလိမ်းဆီ(Roll-on)များကို အထပ် ထပ်အသုံးပြုခြင်းဟာ အကျိုးဖြစ်ထွန်းမှု လျော့နည်းစေတဲ့အပြင် အရေပြားပေါ်တွင် အညစ်အကြေး (ဂျီး)အလွှာတေါကို ဖြစ်ပေါ်စေပါတယ်။

သင်အသုံးပြုတဲ့ ချိုင်းလိမ်းဆီ(Roll-on) အမျိူးစားပေါ်မူတည်ပြီး နေ့တိုင်းအသုံးပြုဖို့ လို/မလိုကို စဉ်းစားသင့် ပါတယ်။ တချို့ချိုင်းလိမ်းဆီ(Roll-on) တွေဟာ ၄၈နာရီအထိတာရှည်ခံအောင် ဖန်တီးထားတဲ့အတွက် ကြောင့် နေ့တိုင်းအသုံးပြုဖို့မလိုအပ်ပါဘူး။

ချွေးထွက်မှုလျော့နည်းသွားပြီး စိုစွတ်မှုမရှိတော့တဲ့ ညနေခင်းရေချိုးပြီးအချိန်မှာ ချိုင်းလိမ်းဆီ(Roll-on)အသုံးပြုမယ်ဆိုရင် ကျန်အချိန်တွေမှာ အသုံးပြုခြင်းထက် အကျိုးအာနိသင် ပိုမိုရရှိနိုင်ပါတယ်။

ချိုင်းလိမ်းဆီ(Roll-on) ရွေးချယ်ရာမှာ ပစ္စည်းရဲ့ကောင်းကွက်ကို ကြည့်ရှုခြင်းထက် သဘာဝပစ္စည်းတွေပါဝင်မှုကိုလည်း အထူးဂရုပြုသင့်ပါတယ်။

သဘာဝပစ္စည်းအများစုနဲ့ ထုတ်လုပ်ထားတဲ့ ချိုင်းလိမ်း ဆီ(Roll-on) တွေဟာ အသားအရေ အမျိုးမျိုးအတွက် သင့်တော်ပါတယ်။

တချို့ ချိုင်းလိမ်းဆီ(Roll-On) တွေက အဝတ်အစားကို စွန်းထင်းစေနိုင်ပါတယ်။

ဒါကြောင့် သင်အသုံးပြုနေတဲ့ ချိုင်းလိမ်းဆီ(Roll on) အမျိူးအစားပေါ်မူတည်ပြီး အဝတ်အစားအရောင်ကို ရွေးချယ်သင့်တဲ့အပြင် ချိုင်းလိမ်းဆီ(Roll-on) အသုံးပြုပြီးမှသာ အဝတ်အစားတွေကို ဝတ်ဆင်သင့်ပါတယ်။

Credit #

အမျိုးသားများအတွက်ချက်ခြင်း အစွမ်းပြမည့်Japan နိုင်ငံထုတ် ငုံဆေးပြား ( ခ ) ချိုချဉ်
03/01/2023

အမျိုးသားများအတွက်

ချက်ခြင်း အစွမ်းပြမည့်

Japan နိုင်ငံထုတ် ငုံဆေးပြား ( ခ ) ချိုချဉ်

👄👥 #အာသီးရောင်ပြီး လည်ချောင်းနာတဲ့ သူတွေအတွက် နာရီပိုင်းအတွင်း သက်သာပျောက်ကင်းစေမည့် သဘာဝ ဆေးနည်းများ #👥👄             ==...
05/10/2022

👄👥 #အာသီးရောင်ပြီး လည်ချောင်းနာတဲ့ သူတွေအတွက် နာရီပိုင်းအတွင်း သက်သာပျောက်ကင်းစေမည့် သဘာဝ ဆေးနည်းများ #👥👄
====+++====

👄👥 ဒီတစ်ခါ အာသီးရောင်ပြီး လည်ချောင်းနာတဲ့ သူတွေအတွက် နာရီပိုင်းအတွင်း သက်သာပျောက်ကင်းစေမည့် သဘာဝ ဆေးနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်
အာသီးရောင်ခြင်းကို(Tonsillitis)လို့ခေါ်ဆိုပါတယ်။

ဘာ့ကြောင့် အာသီးရောင်ပြီး လည်ချောင်းနာရသလဲဆိုတော့က……
ဆောင်းကုန်နွေကူးပြီး နွေအခါရောက်ပြီဆိုတာနဲ့ ခန္ဓာကိုယ်အတွင်း အပူဓာတ်များလွန်ကဲပြီး အာသီးရောင်၍ လည်ချောင်းနာတတ်ပါတယ်။

👥👄 အခုလို ပူပြင်းတဲ့ရာသီမှာ ရေများများသောက်ပါ။
ဝမ်းမချုပ်ပါစေနှင့်…အသီးအနှံများများစားသုံးပေးပါ။
အာသီးရောင်တဲ့ လက္ခဏာဟာ အစားအစာများ မြိုချပါက လည်ချောင်းအတွင်း ခံစားရခက်အောင် နာကျင်ပါတယ်။

👄👥 ဒီလိုဖြစ်နေပြီဆိုတာနဲ့ ပထမ အဦးဆုံး ရေနွေးဖြူထဲသို့ အိမ်သုံးဆား တစ်ဇွန်းခန့်ထည့်၍ ရောမွှေပြီး ၄င်းဆားရည်(Salt water)ဖြင့် ခေါင်းမော့၍ အာခေါင်အတွင်းရောက်အောင် ပလုပ်ကျင်းပေးပါ။

👥👄ဒုတိယနည်းတစ်မျိုးကတော့….သဘောင်္သီး နုနုထွတ်ထွတ် တစ်လုံးကို အပင်မှ ခူးဆွတ်၍ ရေသန့်စင်အောင်ဆေးကြောပြီး အလုံးလိုက် ကြေညှက်အောင် ဝါးစားပြီး မြိုချလိုက်ပါ။

👄👥 အထက်ပါ ဖော်ပြထားတဲ့(၂)ချက်ကို ချက်ချင်းပြုလုပ်ပါ။
တတိယ နောက်ဆုံးနည်းကတော့ (ပျားရည်စစ်စစ်+ဂျင်း(ချင်း) နှင့် သံပရာသီး(သို့)ရှောက်သီး)
ဂျင်းကို ပါးပါးလှပ်လှပ်လှီးပါ... သံပရားသီးကို အစေ့ အခွံပါအောင် ကွင်းလှီးပါ။

ဤ (၂)မျိုးကို သန့်စင်သော ပုလင်းဗူးထဲ၌ရောထည့်၍ ပျားရည်စစ်စစ်ကို ဂျင်းအဖတ် သံပရာသီးအဖတ်မြုပ်အောင်ထည့်၍ တစ်ပတ်ခန့်ကြာအောင် လေလုံအောင်အဖုံးပိတ်ထားလိုက်ပါ။

👥👄 တစ်ပတ်ခန့်ကြာသော်….၄င်း အဖတ်များနှင့်ပျားရည်ကို နေ့/ည ပုံမှန်စားသုံးပေးခြင်းဖြင့် (Tonsillitis)လို့ခေါ်တဲ့ အာသီးရောင်ရောဂါကို လုံးဝအရှင်း ပျောက်ကင်းစေပါသည်။ခဏ ခဏ ဖြစ်တတ်သူတွေက ဒီဆေးနည်းအတိုင်း ဖော်စပ်ထားပြီး အိမ်မှာဆောင်ထားသင့်ပါတယ်။

🔹 သာမန်လူတစ်ယောက်၏ သွေးပေါင်ချိန် 🔹 သာမန် အရွယ်ရောက်နေသူ တစ်ယောက်၏ သွေးပေါင်ချိန်သည် 120/80 mmHg ရှိနေလျှင် အကောင်းဆုံး ...
30/09/2022

🔹 သာမန်လူတစ်ယောက်၏ သွေးပေါင်ချိန် 🔹

သာမန် အရွယ်ရောက်နေသူ တစ်ယောက်၏ သွေးပေါင်ချိန်သည် 120/80 mmHg ရှိနေလျှင် အကောင်းဆုံး ဖြစ်ပါသည်။ သွေးပေါင်ချိန်သည် အသက်အရွယ်၊ အစားအသောက်၊ အနေအထိုင်၊ မျိုးရိုးဗီဇ၊ ကျား/မ၊ နေထိုင်ရာ အရပ်ဒေသများပေါ်တွင် မူတည်ပြီး ပြောင်းလဲမှုရှိနိုင်ပါသည်။

အရေးအကြီးဆုံးမှာ အသက်အရွယ်ဖြစ်သည်။ မွေးကာစတွင် သွေးပေါင်ချိန်မှာ အနည်းဆုံးဖြစ်ပြီး အသက်ရလာသည်နှင့်အမျှ တဖြည်းဖြည်း မြင့်လာပါသည်။ အရွယ်ရောက်လာချိန်၌ အထက်တွင် ဖော်ပြခဲ့သည့် 120/80 mmHg အနေအထားသို့ ရောက်သွားခြင်းဖြစ်ပါသည်။ နောင် အသက်အရွယ်ကြီးလာလေ အပေါ်သွေးမှာ မြင့်လေဖြစ်ပြီး အောက်သွေးမှာ ပထမပိုင်းတွင် အနည်းငယ် လိုက်တက်သော်လည်း နောက်ပိုင်း အသက်ကြီးလာချိန် (ဥပမာ ၅၀/၆၀ ခန့်) ရောက်လျှင် မတက်တော့သည့်အပြင် ပြန်တောင်ကျနိုင်ပါသေးသည်။ ထို့ကြောင့် အသက် ၆၀ ကျော်သူများတွင် အပေါ်သွေးနှင့် အောက်သွေးကွာခြားမှု ပိုများပါသည်။ ဥပမာ အပေါ်သွေးက ၁၄၀ လောက်ရောက်နေသော်လည်း အောက်သွေးက ၆၀ လောက်သာရှိခြင်းမျိုး ဖြစ်သည်။

120/80 mmHg ပုံမှန် အမြဲရှိနေလျှင် အကောင်းဆုံးဖြစ်ပြီး သာမန်လူတစ်ယောက်မှာပင် သွေးပေါင်ချိန်သည် အချိန်ပေါ်မူတည်ပြီး ပြောင်းလဲတတ်ပါသည်။ ညအိပ်နေစဉ်တွင် သွေးပေါင်ချိန်သည် တဖြည်းဖြည်းကျသွားတတ်ပြီး အပေါ်သွေးမှာ 20 mmHg လောက်အထိ ကျသွားလေ့ရှိကာ မနက်မိုးလင်းသည်နှင့် ပြန်တက်လာပါသည်။ ဆိုလိုသည်မှာ လူတစ်ယောက်သည် တစ်နေ့တာအတွင်း 20 mmHg လောက်အထိ ပြောင်းလဲနိုင်ပါသည်။ အောက်သွေးမှာမူ သိပ်ပြောင်းလေ့မရှိပါ။

နောက်တစ်ခုမှာ ဆေးခန်းတွင် တိုင်းတာခြင်းနှင့် အိမ်တွင် တိုင်းတာခြင်းတို့ ကွာတတ်ပါသည်။ အသုံးပြုသည့် သွေးပေါင်ချိန်တိုင်းကိရိယာ မတူလျှင်လည်း ကွာနိုင်ပါသည်။ ဆေးခန်းကိုရောက်လျှင် ဆရာဝန်နှင့်တွေ့သည့်အခါ စိုးရိမ်ပူပန်စိတ်ကြောင့် သွေးပိုတက်တတ်ပါသည်။ ယင်းကို "White Coat Hypertension" ဟု တင်စားခေါ်လေ့ရှိပါသည်။ အကောင်းဆုံးမှာ ကိုယ်တိုင်းနေကျ ကိရိယာဖြင့်သာ အမြဲတမ်းတိုင်းပြီး မှတ်သားဖို့ဖြစ်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

သွေးလေးဖက်နာ (RA) နှင့် သိမှတ်ဖွယ်ရာများသွေးလေးဖက်နာဆိုတာဟာ Autoimmune disorder တစ်မျိုးဖြစ်ပြီး ကိုယ့် immune system က ...
20/06/2022

သွေးလေးဖက်နာ (RA) နှင့် သိမှတ်ဖွယ်ရာများ

သွေးလေးဖက်နာဆိုတာဟာ Autoimmune disorder တစ်မျိုးဖြစ်ပြီး ကိုယ့် immune system က ကိုယ့် tissues တွေကို မမှတ်မိဘဲ လိုက်တိုက်နေတဲ့ ကိုယ်တွင်းစစ်ပွဲတစ်ခုလိုပါပဲ။

သွေးလေးဖက်နာရောဂါဟာ ဘာကြောင့်ဖြစ်တာလဲလို့ တိတိကျကျပြောလို့တော့မရပါဘူး။

ဒီရောဂါဟာ
၁။ အမျိုးသမီးတွေမှာ ပို အဖြစ်များပါတယ်။
၂။ အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် သက်လတ်ပိုင်းတွေမှာ ပိုဖြစ်တတ်ပါတယ်။
၃။ ဒီရောဂါဟာ မျိုးရိုးလိုက်တတ်ပါတယ်။
၄။ ဆေးလိပ်သောက်တဲ့သူ
၅။ အဝလွန်တဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။
၆။ ပတ်ဝန်းကျင်၊ လုပ်ငန်းခွင်တွေ၊ ဆောက်လုပ်ရေးတွေဆီက Asbestos, silica အမှုန့်တွေနဲ့ ထိတွေ့မှုရှိတဲ့သူတွေမှာ ဖြစ်ဖို့ပိုများပါတယ်။

သွေးလေးဖက်နာရောဂါမှာ အဓိကထိတဲ့နေရာကတော့ အဆစ်အမြစ်ပဲဖြစ်ပါတယ်။ သေးငယ်တဲ့အဆစ်အမြစ်(ဥပမာ။ လက်ချောင်း ခြေချောင်းအဆစ်ကလေး)တွေကနေ စပြီးနာကျင်လာပါတယ်။

တဖြည်းဖြည်းနဲ့ အချိန်ပိုကြာလာတဲ့အခါ လက်ကောက်ဝတ်၊ ဒူးခေါင်း၊ ခြေကျင်းဝတ်နဲ့ ပခုံးအထိ နာကျင်ရောင်ရမ်းလာပါတယ်။ မနက်ပိုင်းတို့၊ တစ်ခုခုလှုပ်ရှားပြီးချိန်တို့ဆို ပိုနာတတ်ပါတယ်။

အများစုမှာ တူညီတဲ့ အဆစ်ကိုပဲ ဘယ်ဘက်ရောညာဘက်ပါ နာကျင်တတ်ပါတယ်။အစားအသောက်ပျက်တာ၊ အဖျားတက်တာ၊ မောပန်းနွမ်းနယ်တာတွေနဲ့လည်း တွဲဖြစ်တတ်ပါတယ်။

ဒီရောဂါက ကောင်းသွားလိုက် အရိုးအဆစ်တွေ ပြန်နာလိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။

တဖြည်းဖြည်းရောဂါအခြေအနေပိုဆိုးလာရင် joint deformity လို့ခေါ်တဲ့ အရိုးအဆစ်တွေ မူမမှန်ပဲ ပုံပျက်သွားတဲ့အထိ ကြောက်ဖို့ကောင်းပါတယ်။ (လက်ချောင်းအဆစ်လေးတွေဟာ Z ပုံလိုပျက်လာတာ၊ လက်ကောက်ဝတ်တွေကောက်ကွေးလာပြီး carpal tunnel deformity ဝင်တာတွေ အစရှိသဖြင့်ပေါ့)

အရိုးအဆစ်အပြင် အရေပြား၊ မျက်လုံး၊ အဆုတ်၊ နှလုံး၊ သွေးကြော၊ ကျောက်ကပ်၊ တံတွေးအကြိတ်နဲ့ ရိုးတွင်းခြင်ဆီကိုပါ ထိခိုက်စေပါတယ်။

ရောဂါကိုစတင်ရှာဖွေဖို့ကတော့ ခက်ပါတယ်။ ဖြစ်လာတော့မှ အရိုးအဆစ်ကို X ray ရိုက်တာတို့၊ MRI, USG ရိုက်ပြီး အရိုးအဆစ်အခြေအနေဘယ်ထိဆိုးပြီလဲလို့ စစ်တာတို့၊ တခြားကိုယ်အင်္ဂါတွေထိခိုက်လာရင် သက်ဆိုင်ရာ စစ်ဆေးမှုတွေပြုလုပ်ကုသတာတို့တော့ လုပ်လို့ရပါတယ်။
သွေးစစ်ချက်မှာ ESR, CRP တို့ စစ်တာ၊ အဓိကအချက်က သွေးစစ်ချက်မှာ Anti-CCP antibodies တွေ့ရင်တော့ သွေးလေးဖက်နာရောဂါရှိတယ်လို့ ယူဆလို့ရပါတယ်။

ကုသမှုအပိုင်းမှာတော့ ဒီရောဂါဟာ အရှင်းပျောက်အောင် ကုသလို့မရနိုင်ပါဘူး။

ဆရာဝန်နဲ့သေချာပြမယ်ဆိုရင် NSAIDS တွေဖြစ်တဲ့ paracetamol တို့ ibuprofen စတဲ့ အကိုက်အခဲပျောက်ဆေးတွေ၊ ကိုယ်ခန္ဓာက ခုခံစနစ်တွေကို ဖိနှိပ်ပေးတဲ့ Steroids တွေ၊ Disease modifying antirheumatic drugs(DMARDS) ထဲက Methotrexate, Leflunomide, Hydroxychloroquine, sulfasalazine အစရှိသဖြင့် ဆေးတွေကို dose ညှိပြီး လူနာခံစားနေရတဲ့ နာကျင်ကိုက်ခဲရောင်ရမ်းမှုကို အတတ်နိုင်ဆုံးသက်သာအောင် ကုသပေးရပါတယ်။

ပုံပျက်သွားတဲ့ အရိုးအဆစ်တွေကို ခွဲစိတ်ကုသလို့ရပါတယ်။ လေ့ကျင့်ခန်းတွေပုံမှန်လုပ်ပြီးလည်း တစ်နေ့တာလုပ်ငန်းဆောင်တာတွေမှာ လှုပ်ရှားမှုတွေ မထိခိုက်မနှောင့်နှေးအောင် ထိန်းထားလို့ရပါတယ်။
💥 နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့တော့
၁။ အရိုးအဆစ်တွေမှာ အပေါက်လေးတွေဖြစ်လာပြီး ကျိုးလွယ်တာ
၂။ အားသုံးပြီးဖိရတဲ့ နေရာမျိုးတွေ(ဥပမာ- တံတောင်ဆစ်တို့လိုနေရာမှာ အနီရောင် အဖုလေးတွေထွက်တာမျိုး(Rhematoid nodules)
၃။ Sjogren syndrome(အရေပြားထူလေးဖက်နာ) တွေမှာတွေ့ရတတ်တဲ့ အာခြောက်တာ၊ မျက်စိခြောက်တာ၊ အသားတွေကြမ်းပြီး ထူလာတာ
၄။ အပေါ်မှာပြောထားတဲ့ ဆေးတွေသောက်လို့ ခုခံအားနည်းနေရင် ရောဂါပိုးအဝင်လွယ်ပြီး မကြာခဏ ဖျားတာ
၅။ နှလုံးကိုထိပြီး နှလုံးတုန်တာ အားနည်းတာ မောလွယ်တာ
၆။ အဆုတ်ကိုထိရင် မောနေတာမျိုး၊ အသက်ရှူကျပ်တာ
၇။ ကျောက်ကပ်ပျက်တာ
၈။ ပြန်ရည်ကြောစနစ်ကိုထိတာ
၉။ သွေးကင်ဆာဖြစ်တာ အစရှိသဖြင့် ဆိုးကျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။
ရှီးပတီ းနှင့် သွေးလေးဖက်နာ

ရှီးပတီး သည်သွေးဖက်နာ ဖြစ်ရန် အားပေးသော ပိုး များ ကို သေစေနိုင်ပြီး အသက်ရှု လမ်းကြောင်းဆိုင်ရာရောဂါများ ၊ အဆုတ်ရောင်ခြင်း များကို သက်သာစေ သည်။

သွေးလေးဖက်နာ ကြောင့်ဖြစ်သော နှ လုံးသွေးကြောရောဂါများ
နှလုံး ခုန် ​မြန်ခြင်း ကို သက်သာစေခြင်း၊
နှလုံးသွေးကြောပိတ်ပြီး နှ လုံး ကြွက်သားပုပ် ခြင်းကို တားဆီးပေးခြင်း ၊
နှ လုံးသွေးကြောမကြီး ကို ပြေလျော့စေခြင်း၊
သွေး ဥမွှား လေးများ မလိုအပ် ဘဲပေါင်းစည်းကာ သွေးခဲ မှု ကို ဟန် ့တား ပေးခြင်း

သွေးလေးဖက်နာ ကြောင့် ဖြစ်သော ကျောက်ကပ် ပျက်စီးခြင်း ကြောင့် ေသွး အတွင်းပရိုတင်းဓာတ်များလျော့နည်း လာခြင်း၊ ဖောရောင်ခြင်းများ နှင့် နာတာရှည်ကျောက်ကပ်ပျက်စီး ခြင်း ကို ကာကွယ်နိုင်ပြီး ကျောက်ကပ် စွမ်းဆောင်ရည်ကို ကောင်းမွန် လာစေ သည်။

သွေးတွင်းအညစ်အကြေးပါဝင်မှု နှင့်သွေးရည်ကြည်တွင် ခရီရယ်တနင်းဓာတ် လျော့နည်းလာခြင်း၊ သွေးအားနည်းရောဂါသက်သာလာစေခြင်း၊သွေးလည်ပတ်မှု ကောင်းစေခြင်း၊ ကိုယ်တွင်းဆဲလ်များ ပျက်စီးမှု လျော့နည်းစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

😍😍😍page ကို like လုပ်ထားဖို့မမေ့နဲနော်

♥️ Parenting Tips ♥️ကလေးများလက်မစုပ်တတ်​သောအလေ့အကျင့်မင်္ဂလာပါ ဖေဖေမေမေတို့ရေဖေဖေမေမေတို့မှာ ပါးစပ်ထဲလက်မ သို့ လက်ချောင်...
17/06/2022

♥️ Parenting Tips ♥️
ကလေးများလက်မစုပ်တတ်​သောအလေ့အကျင့်

မင်္ဂလာပါ ဖေဖေမေမေတို့ရေ

ဖေဖေမေမေတို့မှာ ပါးစပ်ထဲလက်မ သို့ လက်ချောင်းလေးတွေ ထည့်စုပ်တာ၊ လက်သည်းကိုသွားနဲ့ကိုက်တာ စတဲ့ အပြုအမူတွေ ခဏခဏ လုပ်တတ်တဲ့ သားသားမီးမီးလေးတွေ ရှိနေကြသလား?☺️

ဒီနေ့မှာတော့ သားသားမီးမီးလေးတွေရဲ့ ပါးစပ်ထဲကို လက်ထည့်ကိုက်စုပ်တတ်တဲ့ အကျင့် လေးအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်နော်

💢 ဘာကြောင့် ကလေးတွေ လက်ကိုပါးစပ်ထဲ ထည့်စုပ်ချင်ကြတာလဲ?

ကလေးတွေဟာ မိခင် ဝမ်းဗိုက်ထဲရှိစဥ်သန္ဓေသား ဘဝ ကိုယ်ဝန်၈လအရွယ် လောက်ကတည်းက လက်မစုပ်တတ်တဲ့ အလေ့အကျင့်ဖြစ်လာတတ်ပါတယ်တဲ့။

𝐀𝐦𝐞𝐫𝐢𝐜𝐚𝐧 𝐀𝐜𝐚𝐝𝐞𝐦𝐲 𝐎𝐟 𝐏𝐞𝐝𝐢𝐚𝐭𝐫𝐢𝐜𝐬 ရဲ့ လေ့လာချက်များအရ ကလေးအားလုံးဟာ ပါးစပ်က တစ်ခုခုကို စုပ်ချင်တဲ့ ခန္ဓာကိုယ်ရဲ့ (Reflex) သဘာဝတရားနဲ့ မွေးလာကြတာပါ။ ဒါမှလဲ သူတို့ရဲ့ အဓိက အာဟာရဖြစ်တဲ့ မိခင်နို့ရည်ကို ရနိုင်မှာကိုး။
ဒါ့အပြင် ဒီ အမူအကျင့်ဟာ သူတို့အတွက် ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှု ဆိုတဲ့ ခံစားချက်ကိုဖြစ်ပေါ်စေလို့ နို့စို့နေတဲ့ အချိန်မဟုတ်လဲ ကလေးတွေရဲ့ ပါးစပ်က ဒီအမူအကျင့်ကို ဆက်ပြုလုပ်ဖို့ ကြိုးစားတတ်ကြပါတယ်။
ဒီလို အမူအကျင့်ကို အမြဲပြုလုပ်ဖို့ကြိုးစားရင်းကနေ အလွယ်တကူ ပါးစပ်နားရွှေ့လို့ရတဲ့ သူတို့ရဲ့လက်ကို စုပ်မိကြတဲ့အကျင့် ဖြစ်လာကြတာပါ။
ဒါကြောင့် ကလေးတွေငယ်ရွယ်စဥ်မှာ သူတို့အိပ်ပျော်ဖို့ကြိုးစားချင်တဲ့အချိန်၊ စိတ်လှုပ်ရှားနေတာကို ထိန်းဖို့ကြိုးစားနေတဲ့အချိန် တွေမှာ ပြုလုပ်တတ်တဲ့ ပုံမှန်အပြုအမူလို့ ပြောလို့ရပါတယ်။

💢 ဘယ်အချိန်မှာ ဒီအကျင့် ပျောက်ကြသလဲ?

𝐀𝐦𝐞𝐫𝐢𝐜𝐚𝐧 𝐃𝐞𝐧𝐭𝐚𝐥 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧 ရဲ့ သုတေသနစာတမ်းများအရ များသောအားဖြင့် ကလေး အသက် " ၂နှစ်နဲ့ ၄နှစ် " ကြားထဲမှာ ဒီအကျင့်က သူ့ဘာသာ ပျောက်သွားကြတတ်ပါတယ်။
တချို့ကလေးတွေမှာတော့ လက်မစုပ်တဲ့အကျင့်နေရာမှာ လက်သည်းကိုက်တာမျိုးလို နီးစပ်တဲ့ အမူအကျင့်တစ်ခုနဲ့ အစားထိုးတတ်ကြတာလဲ ရှိပါတယ်။

💢 ကလေးအသက်ကြီးလာတဲ့အထိ ဒီအမူအကျင့်ဆက်ရှိနေရင် ဘာဖြစ်နိုင်သလဲ?

အကယ်၍ မူကြိုကျောင်းတက်တဲ့အရွယ်ထိ လက်မ သို့ ချိုလိမ် ကို ပါးစပ်နဲ့စုပ်တတ်တဲ့အကျင့် မပျောက်သေးရင်တော့ ကျန်းမာရေးအရ ကလေးမှာ သွားနဲ့ခံတွင်းဆိုင်ရာ ပြဿနာနဲ့ စကားပြောတဲ့နေရာမှာ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
ဒါ့အပြင် လက်ကနေမှတစ်ဆင့် ပိုးမွှားတွေ ပါးစပ်ထဲ အလွယ်တကူဝင်ရောက်နိုင်ခြင်း၊ လူအများကြားထဲမှာ စနောက်ခံရခြင်း စတဲ့ ဆိုးကျိုးတွေပါ ဖြစ်ပေါ်လာနိုင်ပါသေးတယ်။

💢 လက်မစုပ်ခြင်းကြောင့် ဖြစ်လာနိုင်သော သွားနဲ့ခံတွင်းဆိုင်ရာ ပြဿနာများ

အသက် ၂နှစ်ကစပြီး ကလေးရဲ့ လက်မစုပ်တတ်တဲ့အကျင့် ကြောင့် ပါးစပ်အာခေါင်အတွင်းနဲ့ မေးရိုးအပေါ်က နူးညံ့တဲ့ (Soft Tissues) အသား လေးတွေအပေါ် (Pressure) ဖိအားပေးသလို ဖြစ်တတ်ပါတယ်။
ဒီ Pressure ကြောင့် ကလေးရဲ့ အပေါ်မေးရိုးက တဖြည်းဖြည်း ကျဥ်းလာနိုင်ပြီး ပါးစပ်ပိတ်လိုက်တဲ့အခါ အပေါ်သွားနဲ့ အောက်သွားချင်းချင်း အံဝင်မှုကိုလဲ လွဲချော်စေနိုင်ပါတယ်။
ကလေးသွားလဲပြီး လူကြီး သွားစပေါက်လာတဲ့အချိန်အထိ ကလေးက လက်မစုပ်နေရင်တော့ အပေါ်သွားက အရှေ့ကို ကျော်ထွက်လာတဲ့ ပုံစံ Buck teeth (သွားခေါခြင်း) ဖြစ်လာနိုင်ပါတယ်။
ဒီလို ပြဿနာတွေအတွက် Braces တပ်ပြီး ကုသလို့ရပေမယ့် လူကြီးသွားမပေါက်ခင် (ကလေး အသက် ၆နှစ်မတိုင်ခင်) အရွယ်လောက်တည်းက လက်မစုပ်တတ်တဲ့အကျင့်ကို ဖျောက်ထားနိုင်ရင်တော့ ပါးစပ်နဲ့ သွား က သူ့ဘာသာ ​ပုံမှန် ပြန်ဖြစ်သွားတတ်တာမို့ အပို အလုပ်ရှုပ်စရာလဲ မလိုပဲ ပိုအဆင်ပြေစေပါတယ်။

ဒါကြောင့် ငယ်စဥ်အခါမှာ ပုံမှန်အမူအကျင့်လို့ ဆိုလို့ရပေမယ့် အသက်ကြီးတဲ့ အထိ ဒီအကျင့်မပါသွားအောင် မိဘတွေအနေနဲ့ သတိထားပေးဖို့က အဓိကပါ။

ဒီ ပြောခဲ့တဲ့ ပြဿနာတွေက ကလေးအနေနဲ့ လက်မကို ဘယ်လောက် ပြင်းပြင်းထန်ထန် စုပ်တတ်လဲ ပေါ်မူတည်ပါသေးတယ်။
ပါးစပ်ထဲ လက်မ ထည့်ထားရုံ သို့မဟုတ် ခဏတစ်ဖြုတ် အိပ်ချိန်လောက်မှ လက်ကို ပါးစပ် ထဲထည့်တာမျိုးဆို သွားမှာ ပြဿနာ သိပ်မဖြစ်တတ်ကြပါဘူး။
ဒါပေမယ့် လက်မကို အားရပါးရ တစ်ချိန်လုံး စုပ်တတ်တဲ့ ကလေးတွေကတော့ သွားပြဿနာ ပိုဆိုးတတ်သလို လက်ကနေတစ်ဆင့် ပိုးတွေ ပါးစပ်ထဲ ပိုဝင်လွယ်ကြပါတယ်။

💢 ကလေးကို ဒီအကျင့်ဖျောက်ဖို့ ထိန်းကျောင်းပေးတဲ့နေရာမှာ

၁။ အေးအေးဆေးဆေး ပြောပါ။
ကလေးအပေါ် အစိုးရိမ်လွန်ပြီး လက်ကိုပါးစပ်ထဲ ထည့်တာတွေ့တာနဲ့ ဆူပူတာ၊ ထပ်တလဲလဲ ပြောတာမျိုးက ကလေးကို ဒီအကျင့်ဖျောက်ဖို့ ကူညီရာမရောက်ပါဘူး။ လက်မစုပ်ခြင်းကြောင့် ဖြစ်လာမယ့် ဆိုးကျိုးတွေ ( ပိုးတွေပါးစပ်ထဲဝင်တာ၊ သွားနဲ့ မေရိုးပြဿနာ ဖြစ်တာ၊ကျောင်းမှာ သူငယ်ချင်းတွေ စနောက်ခံရနိုင်တာ) ကို သေချာနားလည်အောင် အေးအေးဆေးဆေး အရင် ပြောကြည့်ပါ။ များသောအားဖြင့် လူကြီးတွေရဲ့ ဆူပူမှုထက် မူကြိုကျောင်းက ရွယ်တူကလေးအချင်းချင်း လေ့လာပြီး သူတို့အမူအကျင့်ကို မလုပ်သင့်မှန်း သိလာကြကာ ရပ်တန့်ဖို့ ကြိုးစားကြပါတယ်။

၂။ အခြားနည်းလမ်းနဲ့ အစားထိုးဖို့ ကြိုးစားကြည့်ပါ။
ဘယ်လိုအချိန်တွေမှာ ကလေးက ဒီအမူအကျင့်ကို ပြုလုပ်တတ်နေသလဲ ဆိုတာ လေ့လာကြည့်ပါ။
သင့်ကလေး က ပျင်းနေ အားနေတဲ့အချိန်ဆို လက်မပိုစုပ်နေတာတွေ့ရင် သူတို့လက်နဲ့ လုပ်လို့ရမယ့် အရာတစ်ခုခုကို ပေးထားကြည့်ပါ။ ဥပမာ ပုံဆွဲခိုင်းတာ၊ အရောင်ခြယ်ခိုင်းတာ၊ ဘောလုံးလေးတွေ ပစ်ပေါက်ဆော့ကစားခိုင်းတာမျိုးပါ။
ဒါပေမယ့် ကလေးအနေနဲ့ စိတ်လှုပ်ရှားတဲ့အခါ မျိုးမှာ လက်မစုပ်တတ်တာမျိုးဆိုရင်တော့ တစ်ခုခုနဲ့ အစာထိုးရုံနဲ့ မရလောက်ပါဘူး။ သူတို့ ဖြစ်နေတဲ့ စိုးရိမ်စိတ်ကို အရင်ဖြေရှင်းရမှာပါ။ အာရုံပြောင်းတာ၊ အသက်ရှုလေ့ကျင့်ခန်း လုပ်တာ ၊ သီချင်းနားထောင်တာ၊ Yoga လုပ်တာ အစရှိသ၍ သူတို့ရဲ့ စိတ်ခံစားမှုတွေကို ထိန်းတတ်လာအောင် ကူညီပေးပါ။

၃။ Face Mask တပ်ခြင်း၊ ဒီလိုအချိန်ကာလမှာ Mask တပ်ခြင်းဟာ Covid အတွက် ကာကွယ်နိုင်ရုံသာမက လူကြားထဲ သို့ ကျောင်း၊ မူကြိုလိုနေရာတွေမှာ လက်မစုပ်တဲ့အကျင့်ဖျောက်ဖို့ကိုပါ အထောက်အကူဖြစ်စေနိုင်ပါတယ်။

၄။ အားပေးစကားအများကြီးနဲ့ချော့မော့ ပြောဆိုပါ။
ကလေးကို တွေ့တိိုင်း 'လက်မစုပ်နေပြန်ပြီ၊ အခုရပ်နော် မေမေဘာပြောထားလဲ' ဆိုပြီး သူတို့ ရဲ့ အပြုအမူကို သတိထားမိအောင် ပြောဆိုနေမယ့် အစား ကလေးလက်မ မစုပ်ပဲနေနေတဲ့အခါမျိုးမှာ ချီးကျူးစကားပြောပေးဖို့ ပိုလိုအပ်ပါတယ်။
သင်ဖြစ်စေချင်တဲ့အပြုအမူကို ပိုပြီး အလေးထားတတ်အောင် လုပ်ဆောင်ပေးပါ။

၅။ တစ်ခါတစ်လေ ကလေးတွေကိုယ်တိုင်က သတိမထားမိပဲ အကျင့်ဖြစ်နေတာကြောင့် ပါးစပ်ထဲလက်ထည့်စုပ်နေမိမှန်း သူတို့တောင် မသိတာ ဖြစ်တတ်ပါတယ်။ ဒီလိုကလေးတွေအတွက် လက်မှာ ပလာစတာ သို့ စတစ်ကာ စတဲ့ ကလေးသတိပြုမိအောင် တစ်ခုခုကပ်ထားတာမျိုး နဲ့ ဒီအကျင့်ကို ဖျောက်ပေးတာမျိုးလဲ လုပ်လို့ရပါတယ်။

နောက်ဆုံးအနေနဲ့ မိဘတွေ သတိထားရမှာကတော့ စိတ်ရှည်ဖို့ပါ။ သင့်ကလေးက ညစ်ပတ်တဲ့ လက်ကြီးကို ပါးစပ်ထဲ ထည့်စုပ်နေတာကို မြင်ရတာ မသက်မသာဖြစ်ပေမယ့် တစ်ချိန်ချိန်မှာ သူ့ဘာသာ ဒီအကျင့် ပျောက်သွားနိင်တာမို့ စိတ်ရှည်ရှည်နဲ့ သူတို့ကို ကူညီထိန်းကျောင်းပေးသင့်ပါတယ် လို့ပြောရင်း အဆုံးသတ်လိုက်ပါတယ်။

သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးရရှိနိုင်ကြပါစေ👨‍👩‍👧‍👦
Dr.May

Reference: https://blueberrypediatrics.com/thumb-sucking-and-stopping-the-the-habit/

https://www.verywellfamily.com/how-to-stop-thumb-sucking-in-kids-4158357

L’il Critters ဟာ FDA အသိအမှတ်ပြုထောက်ခံချက်ရရှိပြီးလို့ သားသားမီးမီးတို့ကို စိတ်ချလက်ချတိုက်ကျွေးနိုင်ပါတယ်။
L’il Critters Gummy Vitamin ကို ၀ယ်ယူလိုတယ်ဆိုရင်တော့ နီးစပ်ရာဆိုင်ကြီးတွေမှာ ၀ယ်ယူရရှိနိုင်ပြီး အတုအပသတိပြုရန်အတွက် Nutrilife Co., Ltd Hologram လေးပါ မပါ စစ်ဆေးကြည့်ဖို့လည်း မမေ့နဲ့ဦးနော် ❤️

NSAID အနာသက်သာဆေး 🏥----------------------------------NSAID အရှည်ကောက်က စတီးရွိုက်မဟုတ်သော အရောင်ကျဆေးပါ။ NSAID လို့ပဲ အရ...
16/06/2022

NSAID အနာသက်သာဆေး 🏥
----------------------------------
NSAID အရှည်ကောက်က စတီးရွိုက်မဟုတ်သော အရောင်ကျဆေးပါ။ NSAID လို့ပဲ အရင်မှတ်ထားလိုက်ပါ။
အနာသက်သာ၊ အရောင်ကျ၊ အဖျားကျ စေတဲ့ ဂုဏ်သတ္တိတွေ ရှိပါတယ်။

အရိုးကျိုး၊ အရိုးနာ၊ အဆစ်အမြစ်ရောင်လည်း ပေးတယ်။ အမျိုးသမီးတွေ မီးယပ်လာလို့ တအားကိုက်ရင်လည်းပေးတယ်။ သွားကိုက်လို့သောက်လဲ NSAID၊ ဖျားရင် ထိုးတာလဲ သူပါပဲ။
ဘယ်နားနာနာ ပေးလို့ရပါတယ်။

NSAID အနာသက်သာဆေးတွေက နာတာကို နိုင်သလောက် ဘေးထွက်ဆိုးကျိုး တော်တော်များပါတယ်။❗

အတိုပဲ မှတ်ချင်ရင်တော့ များများနဲ့ ကြာကြာသုံးရင် အသေစောမယ်လို့သာ မှတ်ထားပါ။ ‼️

NSAID အကုန်လုံး မှာ အောက်က ဘေးထွက်ဆိုးကျိုးအနည်းနဲ့အများ ရှိပါတယ်။

- အစာအိမ်ကို တအားထိပါတယ်၊ အစာအိမ်အနာဖြစ်စေပြီး အချို့ဆို ဆေးအနည်းငယ်နဲ့တင် ဗိုက်အောင့်၊ ဗိုက်နာ၊ သွေးအန်ပါတယ်။ NSAID နှစ်မျိုး ပေါင်းသောက်ရင် အစာအိမ်သွေးယိုဆီးနိုင်ချေက မတရားတက်ပါတယ်။ အဲဒါကြောင့် ပေးရင် ပမာဏအနည်းဆုံးကို အချိန်အကန့်အသတ်နဲ့ ပေးတာပါ။

အစာအိမ်နဲ့ အူလမ်းကြောင်းအနာကတဆင့် ပေါက်ထွက်သွားတာတောင် ဖြစ်နိုင်ပါတယ်။

-နှလုံးသွေးကြောပိတ်၊ လေဖြတ်နိုင်ချေ၊ သွေးခဲနိုင်ချေ အလွန်မြင့်တက်ပါတယ်။ သုံးတာကြာလေ ပိုဖြစ်လေပါ။ သေတဲ့အထိ ဒုက္ခပေးပါတယ်။ နှလုံးရောဂါအခံရှိရင် ပိုဆိုးပါတယ်။ အမောဖောက်ပြီး ခဏခဏ ဆေးရုံတက်ရတာလဲ သူ့ကြောင့်ပါပဲ။

-ကျောက်ကပ်ထိပါတယ်။ ကျောက်ကပ်ပျက်ပါတယ်။ အသက်ကြီးတဲ့သူတွေ နဲ့ ရေဓါတ်ခမ်းခြောက်နေတဲ့သူတွေမှာ ပိုဖြစ်ပါတယ်။

-ပန်းနာရင်ကျပ်သမားနဲ့ လုံးဝမတည့်ပါ။

-အသက် ၁၆ နှစ်အောက်နဲ့ ၆၅ နှစ်အထက်မှာ သုံးတာ သတိထားရပါတယ်။

-အသဲသမားအတွက်လည်း လုံးဝ မကောင်းပါ။ သွေးထွက်၊ သွေးအန်ပြီး အသက်ဆုံးနိုင်ချေ များပါတယ်။

-သွေးပေါင်ထိန်းမရအောင် တက်တတ်ပါတယ်။ ရုတ်တရက် သွေးပေါင်လည်း ကျစေပါတယ်။

-ကိုယ်ဝန်သည်များနဲ့ နို့တိုက်မိခင်များ မသုံးသင့်။

-ပြင်းပြင်းထန်ထန် ဓါတ်မတည့်မှုအပြင်၊ အရေပြားအကွက်ထွက်ပြီး အသက်အန္တရာယ်ထိ ပေးနိုင်ပါတယ်။

ဈေးကွက်ထဲမှာ အမည်အမျိုးမျိုးနဲ့ရှိပါတယ်။

NSAID အုပ်စုထဲ မှာ အသုံးများတဲ့ဆေး တွေကတော့

1. Aceclofenac (အက်စီကလိုဖန်နစ်)
2. Ibuprofen (အိုင်ဗျူပရိုဖန်)
3. Indomethacin (အင်ဒိုမက်သဆင်)
4. Naproxen (နက်ပရောဇန်)
5. Diclofenac (ဒိုင်ကလိုဖန်းနစ်)
-*** အသုံး အများဆုံး ဆေးပါ။ အရိုး အဆစ်အမြစ်ကိုက်၊ ဂေါက်၊ ရာသီလာကိုက်ခဲ၊ ခေါင်းတခြမ်းကိုက်ရောဂါ၊ အဖျား၊ ဘယ်နားနာနာ၊ ဘယ်နားကိုက်ကိုက် သုံးပါတယ်။ ဘယ်ဆေးခန်းသွားသွား၊ ဖျားပြီဆို ဖင်လှန် ထိုး... ပျောက် ဆိုတာ ဒီဆေးတစ်မျိုးပဲ ရှိပါတယ်။

6. Celecoxib (ဆီလီကောဇစ်ဘ်)
7. Mefenamic acid (မီဖန်နမစ် အက်ဆစ်)
8. Ketoprofen (ကီတိုပရိုဖန်)
9. Piroxicam (ပိုင်ရောဆီကမ်)
10. Meloxicam (မီလောက်ဆီကမ်)
11. High-dose aspirin (အက်စ်ပရင်)

ထိပ်ဆုံး နှစ်ခုပဲ နည်းနည်းနာရင်ပေးတာပါ။ ကျန်တာတွေက တော်ရုံဘယ်နားနာနာ အကုန်နိုင်ပါတယ်။

သူ့အထက်မှာ စတီးရွိုက်နဲ့ ဘိန်းပဲ ကျန်ပါတော့တယ်။

ဆေးတမျိုးချင်းဆီမှာ ဘေးထွက်ဆိုးကျိုးလေးတွေ သူ့ဆေးနဲ့သူ သပ်သပ် ထပ်ရှိပါသေးတယ် 😳

မှတ်ချက် - Celecoxib (ဆီလီကောဇစ်ဘ်) က အစာအိမ်ထိခိုက်မှုနည်းသည်ဟု ဆိုသော်လည်း နှလုံးသွေးကြောပိတ်နှင့် လေဖြတ်နိုင်ချေ များသောကြောင့် သူ့ကိုလည်း သတိထားသုံးရပါတယ်။

ကဲ အခုလောက်ဆို နိုင်ငံခြားက ဆရာဝန်တွေ ဘာကြောင့် ပါရာစီတမော က အရင် စပေးလဲဆိုတာ သိလောက်ပြီထင်ပါတယ်။ 😅
တော်ရုံအနာဆိုရင် ရေခဲကပ်၊ ရေနွေးကပ်ခိုင်းပါတယ်။ အရိုး အဆစ်အမြစ်ကိုက်ခဲတဲ့သူတွေကို လေ့ကျင့်ခန်း လုပ်ခိုင်းပါတယ်။ ကပ်ခွာ၊ ပလာစတာ၊ လိမ်းဆေး အရင် စ သုံးခိုင်းပါတယ်။ NSAID ကို အတတ်နိုင်ဆုံးရှောင်ပါတယ်၊ နောက်ဆုံးမရမှ သတိထားပေးပါတယ်။ 🚫

ဒီနိုင်ငံမှာကတော့ အပြင်ဆေးခန်းလေးတွေ ခဏထား၊ နှစ်လသင်တန်းနဲ့ ဆေးကုနေတဲ့သူတောင် ဘယ်နားနာနာ NSAID အရင်စထိုးပါတယ်၊ 🥺ရပ်ကွက်ထဲက အပ်ပုန်းတွေလည်း NSAID လိုက်ထိုးပါတယ်။ 😒
လမ်းထိပ်က ကွမ်းယာသည်ဆီမှာ နာတယ်လို့ပြောရင် NSAID ရောင်စုံ စပ်ပေးလိုက်ပါတယ်။ 😔
တကယ်လည်း အနာသက်သာကြပါတယ်၊ ပိုက်ဆံယူလို့လဲ ကောင်းပါတယ်။
မြန်မြန်သက်သာပြီး၊ နာမည်ကြီးချင်ရင် ပမာဏ ခပ်ကြမ်းကြမ်းလေး သုံးလိုက်တယ်ဆိုရင်ပဲ အဆင်ပြေပါတယ်။ 😁
ဆေးစွမ်းတယ်၊ သက်သာတယ်ပေါ့။

အဲအချိန် ဘိုဆန်တဲ့ ဆရာနဲ့တွေ့ပြီး ပါရာစီတမောလောက်ပဲ ပေးရင် လူနာတွေက သိပ်မကျေနပ်ပါဘူး။ 😅

NSAID ကခေတ္တခဏဆို ကောင်းပင်မယ့်၊ ကြာကြာသုံးရင် ဒုက္ခ စ ပေးပါလိမ့်မယ်။
ဆရာဝန်မညွှန်ကြားဘဲ လုံးဝ မသုံးသင့်တဲ့ ဆေးပါ။ ‼️ ညွှန်ကြားရင်တောင် ကိုယ့်ဖာသာ အတတ်နိုင်ဆုံး လျှော့သုံးပါ။ အနာသက်သာတာကလွဲရင် ဘာရောဂါမှ မပျောက်ပါ။ အလျော်အစားကြီးတဲ့ ဆေး တစ်မျိုး လို့ပဲ ပြောပါရစေ။

မြန်မာနိုင်ငံမှာ အလွဲသုံးစားအများဆုံးလုပ်တဲ့ ဆေးထဲက တစ်မျိုးမလို့ လူတိုင်း သိသင့်ပါတယ်။

Dr. Kevin
M.B.,B.S, MRCP (UK)


၊ #ကိုယ်ဝန်ဆောင်နှင့်ဆေးဝါးများ~~~~~~~~~~ကိုယ်ဝန်ဆောင်စဉ် ဆေးသောက္မယ်ဆိုရင် ကလေးကို ထိခိုက်နိုင်လား ဆိုတဲ့အချက်ကို အမြဲစ...
16/06/2022

၊ #ကိုယ်ဝန်ဆောင်နှင့်ဆေးဝါးများ
~~~~~~~~~~

ကိုယ်ဝန်ဆောင်စဉ် ဆေးသောက္မယ်ဆိုရင် ကလေးကို ထိခိုက်နိုင်လား ဆိုတဲ့အချက်ကို အမြဲစဉ်းစားရပါတယ်။ ကိုယ်ဝန်ရှိမှန်း ဆရာဝန်ကသိရင် ကလေးကို အန္တရာယ်မဖြစ်စေမယ့် ဆေးကိုသာ ဆရာဝန်က ပေးပါလိမ့်မယ်။ ကိုယ်ဝန်ရဖို့ ကြိုးစားနေရင်လည်း ဆေးပေးမယ့် ဆရာဝန်ကို အသိပေးသင့်ပါတယ်။

မြန်မာနိုင်ငံမှာ ဆေးအတော်များများကို ဆရာဝန်ရဲ့ ဆေးစာမပါဘဲ ဝယ်ယူနိူင်ပါတယ်။ ဆေးရောင်းသူ အများစုကလည်း ဆေးဝါးကျွမ်းကျင်များ (Pharmacist) မဟုတ်ကြပါ။ မြန်မာဆေးနှင့် ဓာတ်စာဆေးများကိုလည်း အလွယ်တကူ အသုံးပြုနေကြပါတယ်။ ဓာတ်စာ ရောင်းချသူများရဲ့ အယုံသွင်းမှုကလည်း ကြောက်ခမန်းလိလိ။ လူ့လောကထဲ ရောက်မလာသေးတဲ့ ကလေးမှာ ရသွားနိုင်တဲ့ ဆိုးကျိုးတွေကတော့ ဒုနဲ့ဒေး။

အနောက်တိုင်း ဆေးတိုင်းကို အုပ်စုခွဲပြီး ကိုယ်ဝန်ဆောင်စဉ် သုံးရင် ဘယ်လောက် အန္တရာယ်ကင်းမကင်းဆိုတာ သတ်မှတ်ထားပါတယ်။ နိုင်ငံများရဲ့ FDA အဖွဲ့အစည်းများက လုပ်ဆောင်ပါတယ်။ နိုင်ငံမတူရင် ဆေးတူပေမယ့် အုပ်စုကွဲတာလည်း ရှိတတ်ပါတယ်။

အုပ်စုများ
--------
Category A - အန္တရာယ် မရှိပါ။

Category B - လူမှာ သုတေသန အနည်းငယ်လုပ်ထားပြီး အန္တရာယ်ရှိကြောင်း မတွေ့ရပါ။ တိရစ္ဆာန်နဲ့လုပ်တဲ့ သုတေသန အချို့မှာ အနည်းငယ် အန္တရာယ်ရှိကြောင်း တွေ့ရနိုင်ပါတယ်။

Category C - အန္တရာယ် အနည်းငယ် ရှိနိုင်သော်လည်း အင်္ဂါ မချို့ယွင်းစေပါ။

Category D - အင်္ဂါ ချို့ယွင်းစေနိုင်ပါတယ်။

Category X - အင်္ဂါ ချို့ယွင်းဖို့ သေချာပါတယ်။

Category D and X ဆေးတွေကို ကိုယ်ဝန်ဆောင်မှာ မသုံးရပါ။ ချွင်းချက် အနည်းငယ်ပဲ ရှိပါတယ်။ Category C ဆေးကို သူ့ဆီကရမယ့် ကောင်းကျိုးက ပိုကြီးမှ သုံးပါတယ်။


🔵အသုံးများဆေးများ

- Paracetamol သောက်နိုင်ပါတယ်။
- Aspirin 300mg မသောက်ရပါ။ အချို့ သွေးခဲလွယ်ရောဂါ ရှိသူတွေကိုတော့ 100mg ပေးရတတ်ပါတယ်။
- အခြား အကိုက်အခဲပျောက်ဆေးများ မသောက်သင့်ပါ။ Eg. Ibuprofen, Diclofenac, Naproxen, Indomethacin
- ချောင်းဆိုးပျောက်ဆေးအစား ပျားရည်၊ သံပရာရည်၊ ပူရှိမ်း သကြားလုံး သုံးကြည့်ပါ။
- နှာခေါင်းပွင့်ဆေး Pseudoephedrine အစား anti-histamine တစ်မျိုးဖြစ်တဲ့ Chlorpheniramine ကို သုံးကြည့်ပါ။ Burmeton လို့ အသိများပါတယ်။
- ပိုးသတ်ဆေး အချို့ကို မသုံးရပါ။ Eg. Tetracycline, Doxycycline
- ဝမ်းပိတ်ဆေး Loperamide ကို လိုအပ်ရင်သောက်နိုင်ပါတယ်။ ဝမ်းနုတ်ဆေး အချို့ မသောက်ရပါ။ Eg. Castor oil (ကြက်ဆူဆီ)၊ Senna
- လေဆေး၊ အစာအိမ်ဆေးများ ချင့်ချိန်ပြီး သောက်နိုင်ပါတယ်။ Ranitidine က ကိုယ်ဝန်အတွက် သင့်တော်ပါတယ်။ အစာအိမ် အနာကျက်ဆေးများ မသောက်ရပါ။
- ကိုယ်ဝန်တားဆေး သောက်နေရင်း ကိုယ်ဝန်ရရင် ရမှန်း သိသိချင်း ရပ်ပါ။ စိတ်တော့မပူပါနဲ့။ အများအားဖြင့် ပြဿနာ မရှိပါ။
- ဝက်ခြံပျောက်ဆေးများ မလိမ်းရ၊ မသောက်ရပါ။ Vitamin A အမျိုးနွယ်တွေ ပါလို့ပါ။
- ဆီးချို၊ သွေးတိုး၊ ကိုလက်စထရော ချ၊ အတက်ရောဂါ၊ ပန်းနာရင်ကျပ်၊ စိတ်ကျရောဂါ၊ ကိုယ်ခံအားချ၊ သွေးကျဲ ဆေးများ သောက်နေသူများ ဆေးပြောင်းရနိုင်ပါတယ်။ သွေးတိုးဆေး -pril (သို့) -sartan နှင့်ဆုံးသော နာမည်ရှိ ဆေးများ မသောက်ရပါ။ ကိုလက်စထရောကျဆေးလည်း မသောက်ရပါ။


🔵ကာကွယ်ဆေး

- တုပ်ကွေး၊ မေခိုင် ဆုံဆို့ ကြက်ညှာ ကာကွယ်ဆေးထိုးသင့်ပါတယ်။
- အခြားကာကွယ်ဆေးများ ထိုးချင်ရင် ဆရာဝန်နဲ့တိုင်ပင်ပါ။ ရေကျောက်၊ ဂျိုက်သိုး ကာကွယ်ဆေး မထိုးရပါ။


🔵ဖြည့်စွက်စာ၊ ဓာတ်စာ၊ မြန်မာဆေး

- ကိုယ်ဝန်ဆောင်မှာ အန္တရာယ်ကင်းမကင်း သုတေသနတွေ သေချာ မလုပ်ထားတာ များပါတယ်။
- အချို့ဆေးတွေမှာ ဘာပါမှန်းလည်း သေချာ မသိပါ။
- အချို့မှာ ဟော်မုန်းတွေ ထည့်ထားကြောင်းလည်း သိရပါတယ်။
- ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့် မသောက်သင့် ဆုံးဖြတ်ပါ။
- ကိုယ့်ရဲ့ ယုံကြည်ချက် အစွဲအလန်း တစ်ခုကြောင့် ကလေးမှာ ဒုက္ခိတ ဘဝရောက်သွားရရင် ကိုယ်လည်း တစ်သက် စိတ်မချမ်းမသာ ဖြစ်ရနိုင်တာ သတိမူပါ။


🔵အားဆေးများ

- ကိုယ်ဝန်ဆောင်အတွက် ထုတ်လုပ်တဲ့ အားဆေးများကိုသာ သောက်ပါ။ ဒီဆေးတွေမှာ Vitamin A လျှော့ထားပါတယ်။ Folic acid, Iron, Vitamin D တွေပါ ပါတယ်။ ဒါတွေ ပိုလိုတဲ့သူတွေအတွက် ဆရာဝန်က သီးသန့် ထပ်ပေးပါလိမ့်မယ်။
- အားပိုရှိမယ်ထင်ပြီး ညွှန်ကြားတာထက် အလုံးရေပိုသောက်တာ မလုပ်ပါနဲ့။ ဆိုးကျိုးပဲ ပိုရှိပါမယ်။
- ငါးကြီးဆီ Omega 3 ကို သွေးထွက်လွန်ရောဂါ မရှိရင် သောက်ချင်က သောက်နိုင်ပါတယ်။ လမစေ့ဘဲ မွေးထားတဲ့ နို့တိုက်မိခင်ကတော့ သောက်သင့်တယ်လို့ အချို့ သုတေသနက ပြောပါတယ်။ လမစေ့ကလေးရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အားပေးတယ်လို့ ယူဆလို့ပါ။


🔵Probiotics

- Probiotic ဆိုတဲ့ အကျိုးပြု ဗက်တီးရီးယားပါ ဆေးတွေကတော့ အန္တရာယ် မရှိလောက်ဘူးလို့ ပြောနိုင်ပါတယ်။ ဝမ်းလျှော၊ အဖြူဆင်း စတာတွေမှာ သုံးကြည့်ကြပါတယ်။ အရည်အသွေး အမျိုးမျိုးရှိပြီး သုတေသနတွေလည်း မပြည့်စုံသေးလို့ ရောဂါမရှိဘဲ ပုံမှန်သုံးရန် မလိုပါလို့ ယေဘုယျ ပြောချင်ပါတယ်။


>>>>>>~~~~~~~~~~~~~~~~~

🙏🙏🙏 မင်္ဂလာရှိသော မြန်မာအတာသင်္ကြန် အချိန်အခါတွင် ရောဂါကင်းဝေးပြီး ကျန်းမာရွှင်လန်းကြပါစေကြောင်း     KMT online pharmacy...
13/04/2022

🙏🙏🙏 မင်္ဂလာရှိသော မြန်မာအတာသင်္ကြန် အချိန်အခါတွင် ရောဂါကင်းဝေးပြီး ကျန်းမာရွှင်လန်းကြပါစေကြောင်း KMT online pharmacy Lashio မှဆုတောင်းမေတ္တာပို့သအပ်ပါသည်။

 #နား_နားကပ်ပြီး_တဝီဝီ_အော်ပြီး_ကိုယ့်ပဲကိုက်နေကြတယ် #ကျန်တဲ့သူတွေတော့_သွားမကိုက်ဘူး_အဲ့ဒီခြင်ကောင်တွေက          ( #ခြင်...
25/03/2022

#နား_နားကပ်ပြီး_တဝီဝီ_အော်ပြီး_ကိုယ့်ပဲကိုက်နေကြတယ်
#ကျန်တဲ့သူတွေတော့_သွားမကိုက်ဘူး_အဲ့ဒီခြင်ကောင်တွေက


( #ခြင်တွေဘာလို့ကိုယ့်ပဲကိုက်နေရတာလဲ ❓)

တစ်အိမ်သားလုံးတူတူထိုင်နေကြတယ် အားလုံးထဲမှ ကိုယ့်နားမှာပဲ ခြင် တွေဝဲနေပြီး ကိုယ့်ပဲဝိုင်းကိုက်နေကြတယ် 😰

#ဘာလို့လဲ ⁉️

အများဆုံးပြောကြတာတော့ " #နင့်သွေးကချိုတာကိုး" ဆိုတာပါ

" #မဟုတ်ပါဘူး "

သွေးချိုတိုင်း (သွေးထဲအချိုဓာတ်များတိုင်း) သာ ခြင် ကိုက်ကြေး ဆိုရင် ဆီးချိုဝေဒနာရှင်တွေ နားပဲ ခြင် ရှိနေတော့မှာပေါ့။

Insect တွေထဲမှာ ခြင် 🦟 က အာရုံခံတာ တော်တော်ကောင်းတဲ့ တိရိစ္ဆာန်ပါ။

- လူရဲ့ ခန္ဓာကိုယ်က အနံ့ကို အာရုံခံတာတော်တော်ကောင်းသလို
- အရွယ်နဲ့မလိုက်အောင် သူ့မျက်လုံးသေးသေးလေးက ၁၅ မီတာ ( ပေ ၅၀ အကွာအဝေးက လူကို မြင်ပါတယ်)
- အပူချိန် ကို အာရုံခံနိုင်သလို Carbon dioxide ဓာတ်ငွေ့ကိုလည်း အာရုံခံနိုင်ပါတယ်

ဆိုတော့ကာ တော်တော်ကို ပြီးပြည့်စုံအောင် တည်ဆောက်ထားတဲ့ သတ္တဝါပါ
___________
#လူရှိမှန်းဘယ်လိုသိလဲ❓

1. ပေ (၅၀) အကွာအဝေးကနေ #မြင်ပါတယ်

အကောင်ကြီးတဲ့သူတွေက ပိန်ပိန်သေးသေးလူတွေ ထက် ပိုပြီး မြင်လွယ်တာပေါ့

ခြင် ရဲ့ အမြင်အာရုံမှာ #အရောင်ရင့်ရင့်တွေ ကြိုက်လို့ အနက်ရောင် ဝတ်ထားရင် ခြင် ကိုပိုဆွဲဆောင်နိုင်ပါတယ်။
(အနက်ရောင်ပဲတော့ မဟုတ်ပါဘူး တခြားအရောင်ရင့်တဲ့ အစိမ်း၊ အနီ စတာတွေက လည်း ပိုပြီး မြင်သာစေပါတယ်)

2. ဓာတ်ငွေ့ကို အာရုံခံပါတယ်

အသက်ရှူသွင်းတာက Oxygen ပြန်ထုတ်တာက Carbon dioxide မို့ ၊ Oxygen များများ လိုပြီး Carbon dioxide များများထုတ်တဲ့ အခါ ခြင် ပိုကိုက်ပါတယ်။
👉 #လူအကောင်ကြီးရင် Oxygen များများရှူပြီး Carbon dioxide များများထုတ်ပါတယ်
👉 #ကိုယ်ဝန်ဆောင် တွေမှာ ဗိုက်ထဲက ကလေးလေး အတွက်ပါ Oxygen များများရှူပြီး Carbon dioxide များများထုတ်ပါတယ်
👉 #လေ့ကျင့်ခန်း 🏃‍♂️ လုပ်ပြီးစ အချိန်မှာ Oxygen များများရှူပြီး Carbon dioxide များများထုတ်ပါတယ် (လေ့ကျင့်ခန်း လုပ်နေတဲ့ အချိန်လည်း လေရှူတာများပေမယ့် လှုပ်နေတဲ့အတွက် ခြင် ကိုက်ရခက်ပါတယ်)

ခြင်က ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို ဘယ်နေရာက ကိုယ်လုံး၊ ဘယ်နေရာက ခြေ၊ ဘယ်နေရာက လက် ဆိုပြီး ခွဲခြား မသိပါဘူး။

Carbon dioxide ဓာတ်ငွေ့ထွက်တဲ့ နှာခေါင်းနားတစ်ဝိုက်ကို စူးစမ်းပြီး ရောက်လာခြင်းဖြစ်ပါတယ်
( အဲ့ဒါကြောင့် ခြင် တွေက မျက်နှာတဝိုက်မှာ ဝဲ နေကြခြင်း ဖြစ်ပါတယ်)

3. ခန္ဓာကိုယ်ကထွက်တဲ့ #အပူကို အာရုံခံနိုင်ပါတယ်

အပူများများထုတ်ရင် ခြင်ပိုကိုက်တာပေါ့

👉 ခန္ဓာကိုယ်ကြီးတဲ့ သူတွေက ကိုယ်ကနေ အပူများများထုတ်တာပေါ့
👉 လေ့ကျင့်ခန်း လုပ်ပြီးစမှာလည်း ခန္ဓာကိုယ်က အပူတွေ ထွက်နေတာဆိုတော့ ခြင် ပိုကိုက်တာပေါ့

4. ( သွေးအုပ်စု)

အံ့ဩဖို့ကောင်းလောက်အောင် ဒေါ်ရွှေခြင် 🦟 က သွေးအုပ်စု သိပါတယ် ။ တချို့အမျိုးအစား ခြင်တွေက သွေးအုပ်စု 'O' ကို ကြိုက်ကြသလို
တချို့က သွေးအုပ်စု 'AB' ကို ကြိုက်ကြပါတယ်။

သွေးအုပ်စု ဘယ်လိုသိလဲဆိုတော့

သွေးစုပ်ကြည့်ပြီး မှ သိတာ မဟုတ်ပါဘူး။
သွေးမစုပ်ခင်ထဲက သွေးအုပ်စု 'O' 'AB' သမားတွေ ရဲ့ ခန္ဓာကိုယ်က ထွက်တဲ့ အနံ့ကို အာရုံခံမိတာပါ တဲ့ဗျာ။

5. အရေပြား ပေါ်က Bacteria ပိုး တွေပေါ် မူတည်ပါတယ်

ကျွန်တော်တို့ အရေပြားပေါ်မှာ Bacteria ပိုး တွေရှိပါတယ်။
အဲ့ဒီ အကောင်တွေက ထုတ်တဲ့ အနံ့ကိုလည်း သိရှိအာရုံခံနိုင်တဲ့ အတွက် Bacteria ပိုး တွေများတဲ့ ခြေဖမိုး၊ ခြေကျင်းဝတ် စတဲ့နေရာတွေက ခြင်အကိုက်ဆုံး နေရာတွေပါ။

ချွေးထွက်ပါက ချွေး နဲ့ အရေပြားက Bacteria ပိုး တွေ ဓာတ်ပြုတဲ့အတွက် ချွေးထွက်များလည်း ခြင် ကိုက်ပါတယ်။

6. ခြင် က ြိုက်ပါတယ်တဲ့ဗျာ

Beer သောက်ရင် သွေးကြောတွေကျယ်တော့ အရေပြားကို သွေးပိုရောက်တဲ့ အတွက် ခန္ဓာကိုယ်က ပိုပူသလို၊ ချွေးပိုထွက်ပါတယ်
အဲ့ဒါအပြင်ကို Beer ရဲ့ အနံ့ကို ကြိုက်ကြတာပါတဲ့

__________
အားလုံးကိုစုပြီးကြည့်ရရင်

ဘယ်သူတွေကို #ခြင် က ကြိုက်တာလဲ ❓

- ခန္ဓာကိုယ်ကြီးတဲ့သူ
- သွေးအုပ်စု "O" , "AB"
- ကိုယ်ဝန်ဆောင်
- လေ့ကျင့်ခန်းလုပ်ထားတဲ့သူ
- ချွေးထွက်များတဲ့သူ
- Beer သောက်ထားတဲ့သူ

လူက ဝ ဝ ၊ သွေးအုပ်စုက "O" ၊ မီးက မလာ ရာသီဥတုက ပူ လူကအိုက်၊ ချွေးကထွက် ရေလည်းမချိုး၊ အဲ့ဒါကို Beer ပါသောက်ရင်တော့
😁😁😁
"ခြင်" က ချီသွားပါလိမ့်မယ် 😅

(Ref; Verywell Health)

ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်
08:05 pm/ 25.03.2022

Address

Myanmar, Shan State
Lashio
06302

Telephone

+959977414243

Website

Alerts

Be the first to know and let us send you an email when KMT online Pharmacy Lashio ကေအမ်တီဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to KMT online Pharmacy Lashio ကေအမ်တီဆေးဆိုင်:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram