Sayerwon

Sayerwon ကျန်းမာရေးဆိုင်ရာဆောင်းပါးများကို နေ့စဉ်ရေးသားတင်ဆက်နေသော ပေ့ချ် ဖြစ်ပါသည်။

▫️ကော်ဖီနှင့် အချိုရည်သံဗူးများ အလွန်အကျွံသောက်ခြင်းသည် ဆီးလမ်းကြောင်းကျောက်တည်ခြင်းကို ပိုဖြစ်စေနိုင်ပါတယ် ▫️
25/11/2023

▫️ကော်ဖီနှင့် အချိုရည်သံဗူးများ အလွန်အကျွံသောက်ခြင်းသည် ဆီးလမ်းကြောင်းကျောက်တည်ခြင်းကို ပိုဖြစ်စေနိုင်ပါတယ် ▫️

▫️ကွမ်းစားခြင်းသည် ဆီးလမ်းကြောင်းကျောက်တည်ခြင်းကို ပိုဖြစ်စေနိုင်ပါတယ် ▫️
18/11/2023

▫️ကွမ်းစားခြင်းသည် ဆီးလမ်းကြောင်းကျောက်တည်ခြင်းကို ပိုဖြစ်စေနိုင်ပါတယ် ▫️

▫️အနာကျက်နှေးခြင်းသည် ဆီးချိုရောဂါ၏လက္ခဏာ တစ်ခုပဲ ဖြစ်ပါတယ် ▫️ဒါကြောင့် အချိန်တော်တော် အနာမကျက်သူများသည် အရင်ဆုံး ဆီးချိ...
15/11/2023

▫️အနာကျက်နှေးခြင်းသည် ဆီးချိုရောဂါ၏လက္ခဏာ တစ်ခုပဲ ဖြစ်ပါတယ် ▫️

ဒါကြောင့် အချိန်တော်တော် အနာမကျက်သူများသည် အရင်ဆုံး ဆီးချို စစ်ဆေးသင့်ပါတယ်။

▫️ပုံမှန်သွေးပေါင်ချိန် ပမာဏသည် အပေါ်သွေး (၁၂၀)mmHg ဖြစ်ပြီး အောက်သွေး (၈၀) mmHg ဖြစ်ပါတယ် ▫️
12/11/2023

▫️ပုံမှန်သွေးပေါင်ချိန် ပမာဏသည် အပေါ်သွေး (၁၂၀)mmHg ဖြစ်ပြီး အောက်သွေး (၈၀) mmHg ဖြစ်ပါတယ် ▫️

▫️သကြားသည် ဆီးချိုရောဂါအတွက် ရန်သူတစ်ဦး ဖြစ်ပါသည် ▫️လက်ခံပါသလား ?
11/11/2023

▫️သကြားသည် ဆီးချိုရောဂါအတွက် ရန်သူတစ်ဦး ဖြစ်ပါသည် ▫️

လက်ခံပါသလား ?

ဆီးချိုရောဂါသည် အမျိုးအစားနှင့် တစ်ဦးချင်းပေါ်မူတည်၍ ရောဂါလက္ခဏာများ၏ပြင်းထန်မှု ကွဲပြားနိုင်ပါတယ်။ ဆီးချိုရောဂါ၏ အဖြစ်မ...
18/10/2023

ဆီးချိုရောဂါသည် အမျိုးအစားနှင့် တစ်ဦးချင်းပေါ်မူတည်၍ ရောဂါလက္ခဏာများ၏ပြင်းထန်မှု ကွဲပြားနိုင်ပါတယ်။ ဆီးချိုရောဂါ၏ အဖြစ်များသော လက္ခဏာများမှာ-

▫️မကြာခဏဆီးသွားခြင်း (Polyuria)

သွေးထဲမှာ သကြားဓာတ်တွေပိုလျှံနေတာကြောင့် ဆီးကနေတဆင့် ပိုလျှံနေတဲ့ သကြားဓာတ်တွေကို ဖယ်ရှားဖို့ကြိုးစားတာကြောင့် ဆီးသွားနိုင်ပါတယ်။

▫️အလွန်အကျွံ ရေငတ်ခြင်း (Polydipsia)

မကြာခဏ ဆီးသွားခြင်းကြောင့် ဖြစ်ပေါ်လာသော ရေဓာတ်ခန်းခြောက်ခြင်းသည် ရေငတ်ခြင်းကို ဖြစ်စေပါတယ်။

▫️အလွန်အမင်း ဆာလောင်ခြင်း (Polyphagia)

အများကြီးစားနေပေမယ့် ဆီးချိုရောဂါရှိသူတွေဟာ အဆက်မပြတ် ဆာလောင်မှုကို ခံစားရပြီး အဆာမပြေဘူးလို့ ခံစားရနိုင်ပါတယ်။

▫️ကိုယ်အလေးချိန်ကျခြင်း

များများစားသော်လည်း ခန္ဓာကိုယ်က စွမ်းအင်အတွက် ဂလူးကို့စ်ကို ထိရောက်စွာ အသုံးမချနိုင်ခြင်းကြောင့် ကြွက်သားနှင့် အဆီများကို ဖြိုခွဲအသုံးပြုသောကြောင့် ဝိတ်ကျပါတယ်။

▫️ပင်ပန်းနွမ်းနယ်ခြင်းနှင့် အားနည်းခြင်း

ဆဲလ်များသို့ ဂလူးကို့စ်များ လုံလောက်စွာ မရောက်ရှိပါက ပင်ပန်းနွမ်းနယ်မှုနှင့် အားနည်းခြင်းတို့ကို ဖြစ်ပေါ်စေပြီး နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရန်ပင် နှောင့်နှေးနေတတ်ပါတယ်။

▫️အမြင်အာရုံမှုန်ဝါးခြင်း

သွေးတွင်းဂလူးကို့စ်ပမာဏများခြင်းသည် မျက်လုံး၏lensများကို ထိခိုက်စေနိုင်ပြီး အမြင်အာရုံမှုန်ဝါးခြင်း သို့မဟုတ် အာရုံစူးစိုက်ရခက်ခဲခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

▫️အနာကျက်နှေးခြင်း

ဆီးချိုရောဂါသည် ခန္ဓာကိုယ်၏ ပြန်လည်ကုသနိုင်စွမ်းကို ထိခိုက်စေပြီး ရှရာများ၊ ဒဏ်ရာများနှင့် ပိုးဝင်ခြင်းများကို နှေးကွေးစွာ အနာကျက်စေပါတယ်။

▫️မကြာခဏ ရောဂါပိုးဝင်ခြင်းများ

သွေးတွင်းသကြားဓာတ် မြင့်မားခြင်းသည် ကိုယ်ခံအားစနစ်ကို အားနည်းစေပြီး ဆီးချိုရောဂါရှိသူများတွင် ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ အရေပြားပိုးဝင်ခြင်း နှင့် မှိုပိုးများကဲ့သို့သော ကူးစက်ရောဂါများ ပိုမိုဖြစ်ပွားနိုင်စေနိုင်ပါတယ်။

▫️ထုံကျဉ်ခြင်း (Peripheral Neuropathy):

ဆီးချိုရောဂါသည် အာရုံကြောများကို ပျက်စီးစေကာ အများအားဖြင့် လက်၊ ခြေ၊ ခြေထောက် သို့မဟုတ် လက်များတွင် နာကျင်ခြင်း၊ ထုံကျင်ခြင်း သို့မဟုတ် ပူလောင်ခြင်းတို့ ကြုံတွေ့ရနိုင်ပါတယ်။

▫️ပါးစပ်နှင့် အသားအရေ ခြောက်ခြင်း

ဆီးသွားခြင်းကြောင့် ရေဓာတ်ခမ်းခြောက်ခြင်းသည် ခံတွင်းခြောက်စေပြီး အရေပြားခြောက်သွေ့ယားယံစေနိုင်ပါတယ်။

▫️စိတ်တိုလွယ်ခြင်းနှင့် စိတ်အပြောင်းအလဲများကြုံရခြင်း

သွေးတွင်းသကြားဓာတ်ပမာဏ အတက်အကျများသည် စိတ်ခံစားချက်ကို ထိခိုက်စေနိုင်ပြီး စိတ်တိုဒေါသထွက်ခြင်း၊ စိတ်အပြောင်းအလဲ သို့မဟုတ် အာရုံစူးစိုက်ရခက်ခဲခြင်းတို့ကို ဖြစ်စေသည်။

▫️မှိုပိုးဝင်ခြင်း

ခန္ဓာကိုယ်တွင်းရှိ ဂလူးကို့စ်များ တိုးပွားလာခြင်းသည် ပါးစပ်နှင့် လိင်အင်္ဂါတွင် မှက္ခရုကဲ့သို့သော ရောဂါပိုးများကို ဖြစ်စေနိုင်ပါတယ်။

▫️သွေးတိုးခြင်း

ဆီးချိုရောဂါသည် သွေးပေါင်ချိန်ကို ပိုဆိုးစေကာ နှလုံးရောဂါနှင့် လေဖြတ်နိုင်ခြေကို တိုးစေပါတယ်။

▫️သွားဖုံးရောဂါနှင့် သွားနှင့်ခံတွင်းပြဿနာများ

ဆီးချိုရောဂါသည် သွားဖုံးရောဂါ၊ သွားဖုံးရောင်ခြင်းနှင့် အခြားသော သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာများ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။

ဆီးချိုရောဂါရှိသူအချို့မှာ အစောပိုင်းအဆင့်တွင် သိသာထင်ရှားသောလက္ခဏာများ မခံစားရကြောင်း သတိပြုရန်အရေးကြီးပါတယ်။

ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းနှင့် အထူးသဖြင့် အဝလွန်ခြင်း၊ မိသားစုရာဇဝင်ရှိခြင်း၊ သို့မဟုတ် အထိုင်များသောလူနေမှုပုံစံစသည့် အန္တရာယ်အချက်များရှိသည့် သူများအတွက် အလွန်အရေးကြီးပါတယ်။ အကယ်၍ မိတ်ဆွေသည် ဤလက္ခဏာများထဲမှ တစ်ခုခုကို ခံစားရပါကသင့်တော်သော ရောဂါရှာဖွေမှုနှင့် မှန်ကန်သောသော ကုသမှုအတွက် ကျွမ်းကျင်သောဆရာဝန်နှင့် တိုင်ပင်ရန် အရေးကြီးပါတယ်။

“Sayerwon - ဆရာဝန်"
Written by Dr . Yadana - 18/10/2023

#ဆရာဝန် #ဆီးချို

▫️▫️ကျောက်ကပ်ကျောက်တည်ခြင်းဖြစ်လျှင် ကြုံတွေ့ရနိုင်သောလက္ခဏာများ▫️▫️Renal Colic - ဤသည်မှာ ကျောက်ကပ်ကျောက်တည်ခြင်း၏ အဓိကလ...
03/06/2023

▫️▫️ကျောက်ကပ်ကျောက်တည်ခြင်းဖြစ်လျှင် ကြုံတွေ့ရနိုင်သောလက္ခဏာများ▫️▫️

Renal Colic - ဤသည်မှာ ကျောက်ကပ်ကျောက်တည်ခြင်း၏ အဓိကလက္ခဏာဖြစ်ပြီး ပုံမှန်အားဖြင့် နောက်ကျော သို့မဟုတ် နံဘေးမှအစပြုကာ ဝမ်းဗိုက်အောက်ပိုင်း သို့မဟုတ် ပေါင်ခြံအထိ ပျံနှံ့ကာ ပြင်းပြင်းထန်ထန် နာကျင်တတ်ပါတယ်။ နာလိုက်သက်သာလိုက် ဖြစ်နေတတ်ပါတယ်။

Hematuria - ဆီးတွင်သွေးပါခြင်းသည် ကျောက်ကပ်ကျောက်တည်ခြင်း၏ အဖြစ်များသော လက္ခဏာဖြစ်ပါတယ်။ ဆီးအရောင်သည် ပန်းရောင်၊ အနီရောင် သို့မဟုတ် အညိုရောင်ဖြစ်နေတတ်ပြီး တစ်ခါတစ်လေ သာမန်မျက်စိဖြင့် မမြင်နိုင်ဘဲ အဏုကြည့်မှန်ဖြင့် ဆီးစစ်ခြင်းဖြင့်သာ သိရှိနိုင်ပါတယ်။

Flank Pain - တစ်ခါတစ်ရံ ကျောက်ကပ်ကျောက်တည်သူများသည် နံရိုးနှင့် တင်ပါးဆုံကြား တွင် နာကျင်မှု ခံစားရတတ်ပါတယ်။

ဆီးခဏခဏသွားချင်နေခြင်း- ကျောက်ကပ်တွင် ကျောက်ရှိနေခြင်းသည် ဆီးလမ်းကြောင်းကို သွားဆွနေတတ်ပြီး ပုံမှန်ထက် မကြာခဏ ဆီးသွားချင်စိတ် ဖြစ်စေပါတယ်။

ဆီးသွားရာတွင် နာကျင်ခြင်း- အချို့သောသူများသည် ဆီးလမ်းကြောင်းမှတဆင့် ကျောက်တုံးများရွေ့လျားမှုကြောင့် ဆီးသွားစဉ် နာကျင်ခြင်း သို့မဟုတ် ပူလောင်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။

ပျို့အန်ခြင်း- ကျောက်ကပ်နှင့်ဆက်စပ်သော ပြင်းထန်သောနာကျင်မှုသည် အချို့သောလူများတွင် ပျို့အန်ခြင်းနှင့် အော့အန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTIs)- ကျောက်ကပ်ကျောက်တည်သူများသည် မကြာခဏဆီးသွားခြင်း၊ ဆီးသွားချင်စိတ်ပြင်းပြခြင်း၊ ဆီးသွားစဉ်တွင် နာကျင်ခြင်း သို့မဟုတ် ပူလောင်ခြင်းနှင့် ဆီးသွားသည့်အခါ အနံ့အသက်ဆိုးများထွက်ခြင်း စသည့် လက္ခဏာများပါရှိသော ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဖြစ်ပေါ်လာနိုင်ခြေကို တိုးလာစေပါတယ်။

ဖျားခြင်းနှင့် ချမ်းတုန်ခြင်း- ကျောက်တည်ခြင်းသည် ဆီးလမ်းကြောင်းကို ပိတ်ဆို့စေခြင်း ဖြစ်စေကာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းအထိဖြစ်စေနိုင်ပါတယ်။ ရောဂါပိုးဝင်ခြင်း၏ လက္ခဏာများကတော့ အဖျားတက်ခြင်း နှင့်ချမ်းတုန်ခြင်းတို့ပဲ ဖြစ်ပါတယ်။

ကျောက်ကပ်ကျောက်တည်နေသူတိုင်းသည် ဤလက္ခဏာများအားလုံးကို မခံစားရကြောင်း သတိပြုရန် အရေးကြီးပါသည်။ ကျောက်၏ အရွယ်အစား၊ တည်နေရာနှင့် ဖွဲ့စည်းမှုအပြင် နာကျင်မှုကို ခံနိုင်ရည်ရှိမှု ကွာခြားချက်များ စသည့်အချက်များပေါ် မူတည်၍ ရောဂါလက္ခဏာများ ရှိနေခြင်းနှင့်ရောဂါပြင်းထန်မှု ကွဲပြားနိုင်ပါတယ်။ သင့်တွင် ကျောက်ကပ်ကျောက်တည်နေသည်ဟု သံသယရှိပါက သို့မဟုတ် ဤလက္ခဏာများထဲမှ တစ်ခုခုကို ခံစားရပါက မှန်ကန်သောရောဂါရှာဖွေခြင်းနှင့် ကုသမှုအတွက် ဆေးကုသမှုခံယူရန် ပြုလုပ်ပေးသင့်ပါတယ်။

#ကျောက်ကပ်

“Sayerwon - ဆရာဝန်"
Written by Dr . Lynn - 3/6/2023

ကျန်းမာရေးနှင့်ပက်သက်ပြီး ရေးစေလိုသောအကြောင်းအရာများကို ကွန်မန့်တွင်ရေးခဲ့ပေးပါ။ဥပမာ - 🔹ဆီးချို🔹ကျောက်ကပ်🔹အသည်း🔹ကူးစက်ရေ...
02/03/2023

ကျန်းမာရေးနှင့်ပက်သက်ပြီး ရေးစေလိုသောအကြောင်းအရာများကို ကွန်မန့်တွင်ရေးခဲ့ပေးပါ။
ဥပမာ -

🔹ဆီးချို
🔹ကျောက်ကပ်
🔹အသည်း
🔹ကူးစက်ရောဂါများ
🔹လိင်ပိုင်းဆိုင်ရာများ

#ဆရာဝန်

02/03/2023

ဆီးချိုသမားများ တစ်နေ့ဘယ်နှစ်ခါ သွေးဖောက်စစ်ရမလဲ ❓

ဆီးချိုသမားတိုင်း သိချင်တဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ အကြမ်းအားဖြင့် သွေးချိုဓာတ်သိပ်များနေတဲ့အချိန်တွေမှာ တစ်နေ့ကို လေးကြိမ်လောက် အနည်းဆုံးဖောက်စစ်ဆေးကြည့်ရပါမယ်။ ဘယ်အချိန်တွေလဲဆိုတော့ မနက်စာ၊နေ့လယ်စာ၊ညနေစာ အစာမစားခင် သုံးကြိမ်နဲ့ အိပ်ရာဝင်ခါနီးတစ်ကြိမ် ဖြစ်ပါတယ်။ အဲဒီသွေးချိုဓာတ်တွေကောင်းနေလျက်နဲ့ လူနာမှာဆီးချိုသွေးချိုရောဂါရဲ့ နောက်ဆက်တွဲ ဆင့်ပွားရောဂါတွေ ဖြစ်နေတာကိုရော၊ HbA1c လို့ခေါ်တဲ့ သွေးဖောက်စစ်ဆေးချက် ကျေနပ်ဖွယ်ရာ မရှိဘူးဆိုရင် အစာစားပြီး၂နာရီကြာမှာလည်း သွေးပြန်ဖောက်စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။

သွေးချိုဓာတ်ထိန်းသိမ်းမှုကောင်းသူများမှာတော့ မနက်အိပ်ရာထ တစ်ကြိမ်၊ညအိပ်ယာမဝင်ခင် တစ်ကြိမ်ဖောက်၍ စစ်ဆေးသင့်ပါတယ်။သွေးချိုထိန်းသိမ်းမှုကောင်းလာတာနဲ့အမျှ နေ့စဉ်စစ်ဆေးနေရာမှ တစ်ပတ်(၂)ရက်သို့ လျှော့၍ ဖောက်စစ်လို့ရပါတယ်။ သွေးချိုထိန်းသိမ်းမှုကောင်းနေသူများက နှစ်ပတ်လျှင် တစ်ကြိမ်သာ ဖောက်စစ်တာနဲ့ လုံလောက်ပါတယ်။ မနက်စောစောသွေးစစ်ခြင်း(FBS-Fasting Blood Sugar)ဖောက်ရင် လုံလောက်ပါတယ်။

မနက်စောစောစစ်ဆေးတဲ့ FBS ကို ညတစ်ညလုံး(၁၀နာရီ ၁၂နာရီ)လုံးလုံး အစာမစားဘဲနေပြီး ဖောက်ရမယ်လို့ မဆိုလိုပါဘူး။လူနာတွေက မနက်သွေးဖောက်ဖို့ကို တစ်ညလုံး လုံ့လ၊ဝီရိယစိုက် အယးထုတ်ပြီးတော့ ဗိုက်ဆာခံ၊ချွေးတွေပြန်ရင်လည်း မစားရဲဘဲနေတတ်ကြပါတယ်။တကယ်တမ်းကျရင် ဒီလိုနေပြီး စစ်ဆေးခြင်းက ဆီးချိုသွေးချို ဝေဒနာရှင်တွေအတွက် အလွန်ကိုပဲအန္တရာယ်များလှပါတယ်။ မနက်စောစော သွေးစစ်ချက်(FBS)ကို မနက်စာမစားခင်ဖောက်ရင် လုံလောက်ပါတယ်။၁၂နာရီလုံးလုံး အစာမစားဘဲ အငတ်ခံပြီးတော့ ဖောက်ရမယ်လို့ မဆိုလိုပါဘူး။ သီအိုရီအရတော့ အနည်းဆုံး အစာ၈နာရီခန့် မစားထားရဘူးလို့ ပြောထားပါတယ်။အဲ့တော့ ည၁၀နာရီကနေ မနက် ၆နာရီ အတွင်း မစားကြတာ ဖြစ်ပါတယ်။

“Sayerwon - ဆရာဝန်"
www.sayerwon.com

ဆီးချိုနှင့်လေဖြတ်ခြင်းဋီကာဆီးချိုရောဂါနှင့်သွေးတိုးရောဂါသည် ဒွန်တွဲနေတတ်သော သဘောရှိပါသည်။ ဆီးချိုရောဂါအခံကြောင့် သွေးတိ...
12/12/2021

ဆီးချိုနှင့်လေဖြတ်ခြင်းဋီကာ

ဆီးချိုရောဂါနှင့်သွေးတိုးရောဂါသည် ဒွန်တွဲနေတတ်သော သဘောရှိပါသည်။ ဆီးချိုရောဂါအခံကြောင့် သွေးတိုးနိုင်သလို သွေးတိုးရောဂါအခံကြောင့်လည်း ဆီးချိုရောဂါဖြစ်သွားနိုင်ပါသည်။ သွေးတိုးလွန်းခြင်းကြောင့် ဦးနှောက်သွေးကြောပေါက်ကာ လေဖြတ်နိုင်သလို ဆီးချိုရောဂါ မထိန်းသိမ်းနိုင်ခြင်းကြောင့်လည်း လေဖြတ်ခြင်း ဖြစ်ပေါ်စေနိုင်ပါတယ်။ဒါကြောင့် ဆီးချိုသွေးချိုရောဂါရှင်တိုင်းမှာ သွေးတိုးရောဂါကို ရှာဖွေရသလို၊အပြန်အလှန်အားဖြင့် သွေးတိုးရောဂါရှင်များမှာလည်း ဆီးချိုရောဂါရှိ၊မရှိ စစ်ဆေးကြည့်ရပါမယ်။

🔹ဆီးချိုသွေးချိုရောဂါကြောင့် လေဖြတ်ခဲ့ရင် ဘယ်လိုရောဂါလက္ခဏာတွေ ဖြစ်လာနိုင်ပါသလဲ?

- ဆီးချိုသွေးချိုစစ်ဆေးမှု မှတ်တမ်းကို ကြည့်မယ်ဆိုရင် သတ်မှတ်ချက်အတွင်း သွေးချိုဓာတ်ထိန်းသိမ်းမှုမရှိခြင်း၊
- ကိုယ်တစ်ခြမ်း မလှုပ်နိုင်ခြင်း။
- စကားပြောလျှင်ပါးစပ်ရွဲ့သွားခြင်း စသည့်လက္ခဏာများ ပြနိုင်ပါတယ်။
- လက်တလော သွေးချိုဓာတ်ဖောက်ကြည့်မယ်ဆိုရင်လည်း သွေးအချိုဓာတ်များ လွန်စွာများနေပါလိမ့်မယ်။ သွေးပေါင်ချိန်တွေလည်း များနေပါလိမ့်မယ်။

🔹ဆီးချိုသွေးချိုကြောင့် လေဖြတ်ခြင်းမဖြစ်အောင် ဘယ်လို ကာကွယ်နိုင်ပါသလဲ?

​ေလဖြတ်ခြင်းရောဂါဟာ ကာကွယ်နိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။စိတ်ဖိစီးမှုများတဲ့ ပတ်ဝန်းကျင်အတွင်း နေထိုင်သူများအဖို့ မိမိစိတ်ဖိစီးမှုနည်းနိုင်သမျှနည်းအောင် နေထိုင်သင့်ပါတယ်။ အားလပ်ရက်တွေမှာ ပျော်ရွှင်စွာ အနားယူပါ။အလုပ်လုပ်မယ်ဆိုရင်လည်းတိကျစွာလုပ်ပါ။အလုပ်နဲ့လေ့ကျင့်ခန်းလုပ်ချိန်ကို မျှတစွာထားပါ။သွေးကြောကျဉ်းနိုင်စေမယ့် အဆီတွေ၊အချိုတွေ စားသုံးမှုကုလျော့ချပါ။လန်းဆန်းတက်ကြွစွာ အမြဲနေထိုင်ပါ။

🔹ဆီးချိုသွေးချိုရောဂါကြောင့် လေဖြတ်ခြင်းရောဂါကို ဘယ်လိုကုသနိုင်ပါသလဲ?

ဆီးချိုသွေးချိုရောဂါကြောင့် လေဖြတ်ခြင်းရောဂါ ဖြစ်လာပြီဆိုလျှင်
- စိတ်ဓာတ်ကျစရာမလိုပါဘူး။
- နားလည်တတ်ကျွမ်းသော သမားတော်များနှင့် ပြသပြီးကုသမှုခံယူပါ။
- ဆီးချိုဓာတ်ကိုထိန်းပါ။
- သွေးတွင်း အဆီဓာတ်ကိုထိန်းပါ။
- လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးပါ။တဖြည်းဖြည်းချင်း ကျင့်သွားရမှာပါ။
- ညွှန်းထားသော ဆေးဝါးများကို တိကျစွာပုံမှန်သောက်သုံးပေးပါ။

“Sayerwon - ဆရာဝန်"
www.sayerwon.com

ဆီးချို သမားတိုင်း သိချင်တဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ အကြမ်းအားဖြင့် သွေးချိုဓာတ်သိပ်များနေတဲ့အချိန်တွေမှာ တစ်နေ့ကို လေးက...
06/12/2021

ဆီးချို သမားတိုင်း သိချင်တဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ အကြမ်းအားဖြင့် သွေးချိုဓာတ်သိပ်များနေတဲ့အချိန်တွေမှာ တစ်နေ့ကို လေးကြိမ်လောက် အနည်းဆုံး သွေးဖောက်စစ်ဆေး ကြည့်ရပါမယ်။ ဘယ်အချိန်တွေလဲဆိုတော့ မနက်စာ၊နေ့လယ်စာ၊ညနေစာ အစာမစားခင် သုံးကြိမ်နဲ့ အိပ်ရာဝင်ခါနီးတစ်ကြိမ် ဖြစ်ပါတယ်။ အဲဒီသွေးချိုဓာတ်တွေကောင်းနေလျက်နဲ့ လူနာမှာဆီးချိုသွေးချိုရောဂါရဲ့ နောက်ဆက်တွဲ ဆင့်ပွားရောဂါတွေ ဖြစ်နေတာကိုရော၊ HbA1c လို့ခေါ်တဲ့ သွေးဖောက်စစ်ဆေးချက် ကျေနပ်ဖွယ်ရာ မရှိဘူးဆိုရင် အစာစားပြီး၂နာရီကြာမှာလည်း သွေးပြန်ဖောက်စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။ သွေးချိုဓာတ်ထိန်းသိမ်းမှုကောင်းသူများမှာတော့ မနက်အိပ်ရာထ တစ်ကြိမ်၊ညအိပ်ယာမဝင်ခင် တစ်ကြိမ်ဖောက်၍ စစ်ဆေးသင့်ပါတယ်။သွေးချိုထိန်းသိမ်းမှုကောင်းလာတာနဲ့အမျှ နေ့စဉ်စစ်ဆေးနေရာမှ တစ်ပတ်(၂)ရက်သို့ လျှော့၍ ဖောက်စစ်လို့ရပါတယ်။ သွေးချိုထိန်းသိမ်းမှုကောင်းနေသူများက နှစ်ပတ်လျှင် တစ်ကြိမ်သာ ဖောက်စစ်တာနဲ့ လုံလောက်ပါတယ်။ မနက်စောစောသွေးစစ်ခြင်း(FBS-Fasting Blood Sugar)ဖောက်ရင် လုံလောက်ပါတယ်။ မနက်စောစောစစ်ဆေးတဲ့ FBS ကို ညတစ်ညလုံး(၁၀နာရီ ၁၂နာရီ)လုံးလုံး အစာမစားဘဲနေပြီး ဖောက်ရမယ်လို့ မဆိုလိုပါဘူး။လူနာတွေက မနက်သွေးဖောက်ဖို့ကို တစ်ညလုံး လုံ့လ၊ဝီရိယစိုက် အယးထုတ်ပြီးတော့ ဗိုက်ဆာခံ၊ချွေးတွေပြန်ရင်လည်း မစားရဲဘဲနေတတ်ကြပါတယ်။တကယ်တမ်းကျရင် ဒီလိုနေပြီး စစ်ဆေးခြင်းက ဆီးချိုသွေးချို ဝေဒနာရှင်တွေအတွက် အလွန်ကိုပဲအန္တရာယ်များလှပါတယ်။ မနက်စောစော သွေးစစ်ချက်(FBS)ကို မနက်စာမစားခင်ဖောက်ရင် လုံလောက်ပါတယ်။၁၂နာရီလုံးလုံး အစာမစားဘဲ အငတ်ခံပြီးတော့ ဖောက်ရမယ်လို့ မဆိုလိုပါဘူး။ သီအိုရီအရတော့ မနည်းဆုံး အစာ၈နာရီခန့် မစားထားရဘူးလို့ ပြောထားပါတယ်။အဲ့တော့ ည၁၀နာရီကနေ မနက် ၆နာရီ အတွင်း မစားကြတာ ဖြစ်ပါတယ်။ “ Sayerwon - ဆရာဝန် " ဆီးချိုသောက်ဆေးများအကြောင်းဆက်လက်ဖတ်ရှုမည်

https://sayerwon.com/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%bb%e1%80%ad%e1%80%af-%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%96%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%85%e1%80%85%e1%80%ba%e1%80%86%e1%80%b1%e1%80%b8/

ဆီးချို သမားတို့ သွေးဖောက်စစ်ဆေး သင့်သည့် အချိန်များကို ရှင်းပြထားခြင်း ဖြစ်ပါသည်။ဆီးချိုထိန်းသိမ်းမှုကေ...

ဆီးချိုသမား ဘာကြောင့် အိပ်ရေးဝဝအိပ်ဖို့ လိုအပ်တာလဲ?လူတစ်ယောက်ကျန်းမာဖို့ရာ အိပ်ရေးဝဝအိပ်ရန်လိုအပ်ပါသည်။ ဆီးချိုရောဂါ အပါ...
06/12/2021

ဆီးချိုသမား ဘာကြောင့် အိပ်ရေးဝဝအိပ်ဖို့ လိုအပ်တာလဲ?

လူတစ်ယောက်ကျန်းမာဖို့ရာ အိပ်ရေးဝဝအိပ်ရန်လိုအပ်ပါသည်။ ဆီးချိုရောဂါ အပါအဝင် အခြားမည်သည့်ရောဂါပင် ဖြစ်ဖြစ်ပို၍ပင်အိပ်ရေးဝဖို့ လိုအပ်သည်။ အိပ်ရေးပျက်လာပါက ခန္ဓာကိုယ်၌ ကော်တီစောဟော်မုန်းများ(cortisol) ပိုမိုထွက်ရှိလာကာ အင်ဆူလင်၏လုပ်ငန်းများကို ဟန့်တားနှောက်ယှက်သဖြင့် အမျိုးအစား(၂)ဆီးချိုဖြစ်ဖို့ အလားအလာပိုများကြောင်း သုတေသနစာတမ်းများအရ သိရပါသည်။ ထို့ကြောင့် အိပ်ရေးပျက်တာကြာသောသူများတွင် ဆီးချိုရောဂါ ဖြစ်လေ့ရှိကြောင်းတွေ့ရသည်။

ထို့အပြင် အိပ်ရေးပျက်သူများသည် ပိုမိုဆာလောင်မွတ်သိပ်လေ့ရှိသဖြင့် အိမ်မပျော်တိုင်း ထ၍အစာစားမိသည့်အချက်ကြောင့်လည်း ဆီးချိုပိုတက်စေပါသည်။ လေ့လာမှုမ​ျားအရ တစ်ညလျှင် ၄နာရီခွဲအောက် လျော့နည်းပြီး အိပ်သူများသည် ၆နာရီ အိပ်သူများထက် အမျိုးအစား၂ဆီးချိုဖြစ်ရန် အလားအလာပိုများကြောင်း တွေ့ရှိရပါသည်။ အိပ်ရေးပျက်နေသူအနေနှင့် တစ်နေ့လုံး ရွှင်ရွှင်လန်းလန်းမရှိတော့ခြင်း၊ လှုပ်ရှားတက်ကြွမှုလျော့နည်းသွားခြင်း၊လေ့ကျင့်ခန်းမလုပ်နိုင်တော့ခြင်းကလည်း ဆီးချိုဖြစ်စေရန် အားပေးလျက်ရှိပါသည်။

အိပ်စက်ခြင်းဟူသည် ခန္ဓာကိုယ်၌ပျက်စီးသွားသော အစိတ်အပိုင်းများ၊ခန္ဓာကိုယ်ခုခံအားစနစ်နှင့် အခြားစနစ်များကို ပြန်လည်ပြင်ဆင်ရန် လုပ်ဆောင်ပေးခြင်း ဖြစ်ပါသည်။ တစ်နေ့လျှင် ၆နာရီ အနည်းဆုံးအိပ်စက်ပါက ခန္ဓာကိုယ်ရှိပျက်စီးဆုံးရံှုးသွားသော အစိတ်အပိုင်းများကို ပြုပြင်ထိန်းသိမ်းရန် အချိန်လုံလောက်ပါသည်။ ယင်းထက်လျော့နည်းနေပါက ပြုပြင်လို့မပြီးခင် လှုပ်ရှားမှုလုပ်ရ၍ ခန္ဓာကိုယ်ထိခိုက်မှုများ တစ်နေ့ထက်တစ်နေ့ စုစည်းများပြားလာနိုင်ပါသည်။ အရေးအကြီးဆုံးဖြစ်သည့် ခုခံအားစနစ်ကျဆင်းလျှင် ပြင်ပမှရောဂါပိုးများ အလွယ်တကူ ဝင်ရောက်လာနိုင်ပါသည်။

တစ်ခုကံကောင်းသည်မှာ အိပ်ရေးဝဝအိပ်လိုက်သည်နှင့် ကော်တီစောများ အထွက်ရပ်ကာ အင်ဆူလင်လည်းပုံမှန်ထွက်ရှိလာနိုင်ခြင်းဖြစ်ပြီး ဆီးချိုရောဂါလည်းပြန်လည်သက်သာလာနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် ဆီးချိုရောဂါရှိသူများအနေဖြင့် အိပ်ရေးဝဝအိပ်ပါဟု တိုက်တွန်းလိုပါသည်။

အိပ်ရေးပျက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများ

- အမျိုးအစား၂ဆီးချိုဖြစ်ပွားရန် အလားအလာပိုများခြင်း၊ ရောဂါဖြစ်ပြီးသူများ ပိုဆိုးစေခြင်း။
- မှတ်ဉာဏ်ထိခိုက်ခြင်း၊သတိမေ့လွယ်ခြင်း။
- စဉ်းစားဆုံးဖြတ်ရမည့်ကိစ္စများ၌ တွေဝေခြင်း၊ဆုံးဖြတ်ချက်မှားယွင်းတတ်ခြင်း။
- ဆန်းသစ်တီထွင်နိုင်မှုစွမ်းရည်များ ကျဆင်းခြင်း။
- စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်စိတ်များ ပိုများလာခြင်း။
- ခန္ဓာကိုယ်ခုခံအားစနစ်ကျဆင်းလာခြင်း။
- နှလုံးခုန်မမှန်ခြင်း၊နှလုံးရောဂါရခြင်း။
- လေဖြတ်ရောဂါဖြစ်လာနိုင်ချေရှိခြင်း။
- ကိုယ်အလေးချိန်တိုးလာခြင်း၊အဝလွန်ရောဂါဖြစ်ခြင်း။
- ကလေးများဆိုပါက ခန္ဓာကိုယ်ကြီးထွားမှုထိခိုက်ခြင်း။
- အမျိုးသားများတွင် တက်စတိုစတီရုန်းဟော်မုန်းများ လျော့နည်းလာခြင်း။
- အသက်ရှည်စွာမနေရခြင်း။
-
ဆီးချိုရောဂါသည်များ အိပ်ရေးဝဝအိပ်ခြင်းဖြင့် ရရှိနိုင်သည့် ကောင်းကျိုးများ

- ခန္ဓာကိုယ်သွေးထဲ၌ ကော်တီစောဓာတ်များ လျော့နည်းလာသဖြင့် အင်ဆူလင်၏စွမ်းဆောင်ရည်မှာ ပိုမိုတိုးတက်ကောင်းမွန်လာကာ သွေးတွင်းရှိ ဂလူးကိုစ့်များ ကျဆင်းစေရန် အထောက်အကူပြုခြင်း။

- ဆီးချိုရောဂါ၏နောက်ဆက်တွဲဆိုကျိုးများ ဖြစ်သည့် နှလုံးသွေးကြောရောဂါ၊သွေးတိုးရောဂါနှင့် လေဖြတ်ခြင်းတို့ဖြစ်ရန် အလားအလာကိုလျော့နည်းစေခြင်း။

- အားအင်ပြည့်ဖြိုးကာ မိမိ၏အလုပ်၌ ကောင်းစွာလုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း၊အားကစားပြုလုပ်ရာ၌လည်း အမောခံနိုင်ခြင်း။

“Sayerwon - ဆရာဝန်"
www.sayerwon.com

29/11/2021

Address

At The Cornor Of 30 73 Street
Mandalay
05014

Alerts

Be the first to know and let us send you an email when Sayerwon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Sayerwon:

Share