ရွှေမုဒြာ တိုင်းရင်းဆေးကုခန်း

  • Home
  • Myanmar
  • Lashio
  • ရွှေမုဒြာ တိုင်းရင်းဆေးကုခန်း

ရွှေမုဒြာ တိုင်းရင်းဆေးကုခန်း Take care of your body. It's the only place you have to live.

Q 1 : လူနာ တယောက် ရဲ့ ပါးစပ်ဖျားမှာ အမြဲ စွဲနေတဲ့ စကားတခွန်း Traction (ခဲဆွဲခြင်း) ဆိုတာဘာလဲ ?​Q 2 : ဇက်နာ ခါးနား တာကို ...
19/07/2023

Q 1 : လူနာ တယောက် ရဲ့ ပါးစပ်ဖျားမှာ အမြဲ စွဲနေတဲ့ စကားတခွန်း Traction (ခဲဆွဲခြင်း) ဆိုတာဘာလဲ ?
​Q 2 : ဇက်နာ ခါးနား တာကို Traction ဆွဲမှ သက်သာတာလား ?

💢 Question 1 :
တိုင်းရင်းဆေးရုံ၊ ဆေးခန်းတွေမှာ ဇက်နာ (Neck pain) ခါးနာ (Lumbar pain) လူနာ တွေ တော်တော်များပါတယ် 10 ယောက်မှာ 9 ယောက်က ဒီ ရောဂါ ၂ မျိုး နဲ့ လာပြကြပါတယ်

ဆရာတွေက လာပြတဲ့ အခါ လူနာရဲ့ ရောဂါ လက္ခဏာကို နားထောင်ပြီး လိုအပ်တဲ့ Treatment တွေ လုပ်ကြပါတယ်
1. ဆေးတိုက်ကျွေးခြင်း
2. အကြောပြင်
3. ပဉ္စကမ္မကုထုံး (ကြပ်ထုပ် ပေါင်းချွေးခံခြင်း)
4. အပ်စိုက်ကုထုံး
5. Exercise (လူနာကလုပ်ရတာပါ)
6. ခဲဆွဲ (Traction) အမျိုးမျိုး ကုသကြပါသည်

Traction မှာ ၂ မျိုး ရှိပါတယ်
✴️ Manual (ဆရာမ ​ရဲ့ လူနာတွေဆိိုသိကြတယ် အသေးစားခဲဆွဲ တာနော် ဆိုပြီး လက်အား သုံးပြီး လုပ်ပေးတယ်)
✴️ Mechanical (စက်) ဆွဲလေ့ရှိကြပါတယ်

💢 Question 2 :
ခါးနား ဇက်နာ လူနာတိုင်း Traction ဆွဲမှ သက်သာတာမဟုတ်ပါသလို Traction ဆွဲပြီး ကုသတဲ့ လူနာတိုင်းလည်း ရောဂါမပျောက်ပါဘူး

အပေါ်က treatment 1.2.3.4.5 နဲ့ သက်သာ သွားတဲ့ လူနာ အများကြီးရှိပါတယ်
တချို့လူနာက Manual အနေ နဲ့ Treatment လုပ်တိုင်း ထည့်ပြီး လုပ်ပေးရင်ကို စက်နဲ့ ဆွဲစရာမလိုတော့တဲ့ လူနာတွေလည်း အများကြီးရှိပါတယ်
နောက်ဆုံး ရောဂါလက္ခဏာအရမ်းပြင်းထန် တဲ့ လူနာ ဆိုရင်တော့ Machanical (စက်) ကို အကူ အဖြစ် ထပ်ပေါင်း ကုသ ရပါတယ်

🛑Traction ဆွဲမှ ရောဂါ သက်သာတာ မဟုတ်သလို Traction ဆွဲတဲ့ သူတိုင်း လည်း ရောဂါမပျောက်ပါဘူး🛑

ဆရာရဲ့ လိုအပ်တဲ့ Treatment (50%) နဲ့ လူနာ ဖက်ကနေလည်း လိုအပ်တဲ့ လိုက်နာမှု (50%) ၂ ခု ထပ်ပေါင်းမှသာ ပျောက်ကင်းနိုင်ပါတယ်လို့ မှတ်သားပေးပါရှင် 🌹

လိပ်ခေါင်း ဂရင်ဂျီနာ စအိုကွဲနာ ဆိုတာ ? 👇
12/07/2023

လိပ်ခေါင်း ဂရင်ဂျီနာ စအိုကွဲနာ ဆိုတာ ? 👇

ညီမလေးရေ...လိပ်ခေါင်း/စအိုကွဲနာ/ဂရင်ဂျီနာ အတူတူပဲလား..အမကိုရှင်းပြလို့ရရင် ရှင်းပြပေးပါလားနော်...

ဆရာမရေ...ကျွန်တော်/ကျွန်မ အခုဖြစ်နေတာ လိပ်ခေါင်းလား ?
ခံစားနေရတာတွေပြောပြတဲ့အပြင်
ကန်တော့နော်..ပုံလေးရိုက်ပို့ပါရစေ..ကြည့်ပေးပါနော် လို့က ပါသေးတာ....

ဒီလူကလည်း...ဟင့်အင်..အခုပို့လိုက်ပဲ😆

Page ထောင်မှ တစ်ခုသိလာရတာက
လူတွေက ဆေးရုံဆေးခန်းသွားရမှာ/
ခွဲရစိတ်ရမှာ အရမ်းကြောက်ကြတာပါ
ဒါမျိုး စအိုမှာဖြစ်တာမျိုးဆို..ပိုဆိုးပြီ..
ရှက်တာနဲ့ကို..ရောဂါမွေးမိနေပြန်ရော..
ဒီလိုနဲ့ ဘာရောဂါမှန်းအတိကျကမသိ..အိမ်မှာရှိတဲ့ဆေး သောက်လိုက်/လိမ်းလိုက်
ကြုံတဲ့လူပြောသမျှ အကုန်လိုက်လုပ်ရာကနေ..ရောဂါတွေက ..ပိုဆိုးပြီး မဖြစ်သင့်တာတွေ ဖြစ်လာကြတော့တာပါပဲ..

ဒီနေ့တော့..စအိုနဲ့စအိုတဝိုက်ဖြစ်တဲ့အနာတွေထဲက လိပ်ခေါင်း/စအိုကွဲနာ/ဂရင်ဂျီနာ ရဲ့အခေါ်ဝေါ်အဓိပ္ပာယ်လေးတွေ ရေးချင်မိလာလို့ ရေးပါဦးမယ်နော်...

(၁)လိပ်ခေါင်း (Haemorrhoids/piles)

လိပ်ခေါင်းလို့ ဘာလို့ခေါ်တာလဲဆိုတော့...စအိုကနေ ထွက်လာတဲ့ အသားပို အသားတစ် တစ်ခု(သို့မဟုတ်) တစ်ခုထက်ပိုတဲ့အသားပိုတွေက လိပ်ရဲ့ဦးခေါင်းလို ၀င်လိုက်ထွက်လိုက်ဖြစ်နေလို့ သဏ္ဍာန်တူ သရုပ်ဖော်တဲ့ အနေနဲ့ လိပ်ခေါင်းလို့ခေါ်ကြတာပါ..
ရန်သူတစ်ယောက်လိုညှင်းပန်းနှိပ်စက်တတ်လို့ အာယုဗ္ဗေဒလို အရိသလို့လည်းခေါ်တယ်..အသားပိုအသားတစ်တွေက ထိုးကျင့်ကိုက်ခဲနာကျင်တတ်လို့..ပါဠိလို..မံသရုဂလို့လည်းခေါ်ပြန်တယ်..မံသရုဂကနေ တဖြေးဖြေး အခေါ်ဝေါ်တွေပြောင်းလာပြီး..တိုင်းရင်းကျမ်းတွေမှာ..မြင်းသရိုက်လို့ ခေါ်ဆိုလာကြတယ်..ဓာတုဝိပါကဒီပနီမှာတော့..လိပ်ခေါင်းကို ဒူလာမြင်းသရိုက်လို့ပြဆိုတယ်..
Haemorrhoids ကတော့ Greek ဘာသာစကားပါ..Haima ဆိုတဲ့သွေးတွေ Rhoos ဆိုပြီး စီးဆင်းခြင်း..သွေးကျ/သွေးစီးဆင်းခြင်းဆိုတဲ့အဓိပ္ပာယ်ပါ
Piles ကတော့ Latin ဘာသာစကားပါ..ball လိုအလုံး သဏ္ဍာန် စအိုမှာဖြစ်တဲ့အဓိပ္ပာယ်ပါ..
ဘယ်လိုပဲ အခေါ်ဝေါ်တွေပြောင်းပြောင်း လိပ်ခေါင်းရောဂါက စအိုနဲ့ စအိုတဝိုက်မှာဖြစ်တဲ့ရောဂါအမျိုးအစားဖြစ်ပါတယ်...
👉၀မ်းချုပ်ရာကနေ..၀မ်းညှစ်သွားတော့ ပထမဆုံး ၀မ်းသွားရင် တောက်ပတဲ့အနီရောင်သွေး အရင်ဆင်းတယ်...တဖြေးဖြေးနဲ့ နောက်ပိုင်း အသားပိုအသားတစ် စအိုကနေထွက်လာတော့တာပါပဲ..
ဒါကတော့...လိပ်ခေါင်းပါ..

(၂)စအိုကွဲနာ (A**l Fissure)

စအိုကွဲနာက ဖြစ်စသာလိပ်ခေါင်းနဲ့ပုံစံမတူတာ...နောက်ပိုင်း ပုံစံတူလာတယ်..
‌၀မ်းအရမ်းချုပ်တော့ ၀မ်းသွားတဲ့အခါ ညှစ်သွားတယ်မလား? အဲ့လို၀မ်းညှစ်သွားတော့ စအိုအရေပြားက ၀မ်းမာတဲ့ဒဏ်ကိုမခံနိုင်ဘူး...ဓားနဲ့အခွဲခံလိုက်ရသလိုပဲ စအိုအရေပြားကွဲသွားရော..၀မ်းသွားပြီးရင် စအိုမှာအက်ကွဲကြောင်းလေးဖြစ်ပြီး ဖင်မှာ စပ်ပြီးကျန်ခဲ့တယ်..
နောက်တကြိမ်၀မ်းသွားတဲ့အခါ မာတဲ့၀မ်းက အရင်ကွဲကျန်ခဲ့တဲ့နေရာကို တိုက်မိပြီး ဆွဲဖြဲ ပွတ်ဆွဲမိတယ်..၀မ်းသွားရင်အရမ်းနာပါတယ်...သွေးနည်းနည်းထွက်တာ‌ဖြစ်မယ်...၀မ်းသွားပြီးရင်ဖင်မထိုင်နိုင်ပဲ...နာရီပိုင်းလောက်ထိနာနေတတ်တယ်...နောက်တခေါက် အိမ်သာသွားရမှာကြောက်သည်အထိ နာတတ်ကြပါတယ်..
အဲ့လိုကွဲလာတဲ့စအိုအရေပြားက ဒီတိုင်းမနေပါဘူး...အနာကျက်ဖြစ်စဉ်ဖြစ်ပါတယ်။
ကွဲနေတဲ့ အရေပြားနှစ်ခုက သဘာ၀တရားကြီးက ဆက်ဖို့ကြိုးစားတယ်..သူကြိုးစားလိုက် ၀မ်းကပွတ်တိုက်လိုက်နဲ့ ဒီလိုနဲ့သံသရာလည်ပြီး..အနာကျက်ဖြစ်စဉ်က..ပုံသဏ္ဍာန်မမှန်ပဲ အနာကျက်လာတယ်..အဲ့အနာကျက်လာတဲ့ အစားထိုးအသားဖတ်လေးက တဖြေးဖြေးကြီးလာပြီး...စအိုမှာ အသားပိုအသားသီးဖြစ်လာတာပါ..
ဒါက စအိုကွဲရာကနေ တဖြေးဖြေးဖြစ်လာတဲ့ လိပ်ခေါင်းပုံစံတမျိုးပါ

(၃) ဂရင်ဂျီနာ(Fistula in Ano)

နှစ်ခုဆက်နေတဲ့လမ်းကြောင်းရှိလို့..Fistula လို့ခေါ်တာပါ..မြန်မာဝေါဟာရကတော့..ဂရင်ဂျီနာ..ဘရင်ဂျီနာလို့ခေါ်ကြတယ်..
ခွေးဆောင်ကုထုံးကျမ်းမှာ..ကျင်ကြီးစွန့်ရာလမ်းကြောင်းမှာဖြစ်ရင်..ခွေးဂရင်ဂျီနာ..ကျင်ငယ်စွန့်ရာလမ်းကြောင်းမှာဖြစ်ရင်..လူဂရင်ဂျီနာလို့ခေါ်တယ်..အာယုဗ္ဗေဒ ဆေးပညာမှာတော့..သမ္ဗုကာ၀တ္တ ဘဂန္ဒိုရ်နာ လို့ခေါ်ပါတယ်...
သူကတော့ အရေပြားနဲ့ဆက်စပ်တဲ့အနာအမျိုးအစားပါ..
စအိုတဝိုက်အနီးနားမှာ/စအို‌‌ဘေးတဝိုက်ဖင်မှာ/စအိုအနီးတင်ပါးမှာ.. သွေးစုနာလို အဖုလေးစပေါက်တယ်..
ဟိုဆေးလိမ်း ဒီဆေးလိမ်းနဲ့..ပျောက်သလိုလိုဖြစ်မယ်..တကယ်တော့မပျောက်ဘူး..
ပထမသွေးစုနာပေါက်ကတည်းက သေသေချာချာမကုပဲပေါ့ဆမိလို့ အဲ့အဖုလေးက ပြည်တည်လာလိုက်..ပြည်ပေါက်ရင် သက်သာသွားလိုက်..ပြည်တည်လာလိုက်နဲ့..သံသရာလည်ပါတယ်..
ပေါ့ပေါ့ဆဆနေခဲ့လို့..တဖြေးဖြေးပြည်ကလှိုက်စားတယ်...

သူက စအိုနဲ့လမ်းကြောင်းဆက်နေတာမို့..အဲ့လမ်းကြောင်းထဲဆေးမရောက်မချင်း..မပျောက်ပဲသံသရာလည်နေတာပါ..

စအိုနဲ့ စအိုတဝိုက်အရေပြားတ‌‌နေရာရာနဲ့..လမ်းကြောင်းဖြစ်လာတဲ့..နှစ်ဖက်ပွင့်အနာအမျိုးအစားကတော့ ဂရင်ဂျီနာပါ..

နောက်မှ သူတို့လက္ခဏာတွေကို ထပ်ရေးပါဦးမယ်..
စအိုနဲ့စအိုတဝိုက်မှာ အနာရောဂါတခုခုဖြစ်ရင် မပေါ့ဆပါနဲ့ရှင်..
တွေ့ရာဆေးတွေ မသောက်ပါနဲ့ မလိမ်းပါနဲ့နော်...
နားလည်တတ်ကျွမ်းသူနဲ့ တိုင်ပင်ပါ/ပြသပါလို့ အကြံပြုလိုက်ပါရစေရှင်...🥰

အားလုံးကျန်းမာပါစေ..🙏🙏🙏

#စုဆန္ဒ
#တိုင်းရင်းဆေး

Refs:သင်ရိုးညွှန်းတမ်း/အနာပေါက်/UTM

" စုဆန္ဒ " လိပ်ခေါင်း လိမ်းဆေးလေးနဲ့ 🐢 လိပ်ကလေးကို ပျောက်စေချင်ရင် ရွှေမုဒြာစီ အပြေးလာခဲ့ပါနော်
12/07/2023

" စုဆန္ဒ " လိပ်ခေါင်း လိမ်းဆေးလေးနဲ့ 🐢 လိပ်ကလေးကို ပျောက်စေချင်ရင် ရွှေမုဒြာစီ အပြေးလာခဲ့ပါနော်

ရွှေမုဒြာ အာရုံကြောအားတိုးဆေးကျီးပေါင်းရောဂါ နှင့် အာရုံကြောအားနည်းလူနာများ ဖြစ်လေ့ရှိသော🌼 အာရုံ​ကြောရောင်ရမ်းခြင်း🌼 နား...
12/07/2023

ရွှေမုဒြာ အာရုံကြောအားတိုးဆေး

ကျီးပေါင်းရောဂါ နှင့် အာရုံကြောအားနည်းလူနာများ ဖြစ်လေ့ရှိသော

🌼 အာရုံ​ကြောရောင်ရမ်းခြင်း
🌼 နားထင်ကိုက်ခဲခြင်း
🌼 မူးဝေခြင်း / ပျို့ခြင်း
🌼 ခေါင်းတခြမ်းကိုက်ခဲခြင်း
🌼 ခြေလက်လေးလံခြင်း
🌼 အမြင်အာရုံဝေဝါးခြင်း
🌼 လေတက်ခြင်း
🌼 အကြောတက်ခြင်း
🌼 ရင်လေး ရင်တောင့်ခြင်း
🌼 ခြေလက် အားမရှိခြင်း
🌼 ခြေလက်ထုံကျဥ်ခြင်းများကို သက်သာစေပါသည်

အညွှန်း

တနေ့လျှင် ၂ ကြိမ် ၊ (၅) ပြား ရေကျက်အေး (သို့) ပျားရည် ဖြင့် သောက်သုံးနိုင်ပါသည်

🥣 ရှားစောင်းလက်ပတ် ချက်ဆေး 🥣ချက်ဆေးကို ပါ၀င်ပစ္စည်း (16) မျိုးဖြင့် စနစ်တကျ ဖော်စပ်ပြီး ချက်ထားပါတယ်ရှင်အရသာကို စိမ်းရွှ...
28/06/2023

🥣 ရှားစောင်းလက်ပတ် ချက်ဆေး 🥣

ချက်ဆေးကို ပါ၀င်ပစ္စည်း (16) မျိုးဖြင့် စနစ်တကျ ဖော်စပ်ပြီး ချက်ထားပါတယ်ရှင်

အရသာကို စိမ်းရွှင်ရွှင် မစားချင်တဲ့ သူတိုင်း အတွက် သေချာလေး လုပ်ထားပါတယ်နော်

(ချက်ဆေး) ကို တစ်ရက် တစ်ကြိမ်စားသုံးခြင်းဖြင့်
🌸 အပူအပုပ်ကင်းစင်ခြင်း
🌸 သွေးတွင်းရှိ Oxygen ကို ကောင်းစွာလည်ပတ်စေခြင်း
🌸 သွေးဖိအားထိန်းညှိပေးခြင်း (သွေးတိုး)
🌸 Cholesterol ကိုကျစေပြီး အဆိပ်အတောက်ကင်းကာ ခန္ဓာကိုယ်ကို ပေါ့ပါးလန်းဆန်းစေခြင်း
🌸 အူမကြီး၏ အကျိအချွဲကို တိုးပွားစေကာ အူကိုသန့်စင်စေသောကြောင့် ဝမ်းချူပ်ခြင်းကို ပျောက်ကင်းစေပါသည်

(ချက်ဆေး) ကို ကျား/မ မရွေးသုံးဆောင်နိုင်ပါတယ်ရှင်

👱‍♀️ အမျိုးသမီးများ
မီးယပ်ဖြူဆင်းခြင်း / အနံ့ဆိုးထွက်ခြင်း
မိန်းမကိုယ်ယားယံခြင်း
ဓမ္မာတာမမှန်ခြင်း / ထိန်ခြင်း
အရေပြားအကွက်ထခြင်း / နီပိမ့်ခြင်း
ဓမ္မတာလာစဥ် နာကျဥ်ကိုက်ခဲခြင်း
သားအိမ်မခိုင်ခြင်း နှင့် အားနည်းခြင်း
သွေးဆုံးခြင်းကြောင့်ဖြစ်သော မီးယပ်ရောဂါများ

👱 အမျိုးသားများ
ဆီးအောင့်ခြင်း
ဆီးပူ / ဆီးသွေးပါခြင်း
ဆီးသွားစဥ်နာကျဥ်ကိုက်ခဲခြင်း
သုက်အားလျော့နည်းခြင်း

အညွှန်း 👇
တရက်လည်း (၂ ကြိမ်) ထမင်းစားဇွန်း တဇွန်း စားသုံးရမယ်

🚨 ချက်ဆေး စားပြီး တရက်ကို ရေ 3 liters လောက်သောက်ပေးရင် ပိုပြီး ထိရောက်ပါတယ်နော် ☺️

ရွှေမုဒြာ တိုင်းရင်းဆေးကုခန်း (လားရှိုး)ဆေးခန်းကို (21.6.2023) ဗုဒ္ဓဟူးနေ့မှ စ၍ ဖွင့်လှစ်ပါပြီရှင် 🥳🌼 ဆေးခန်းဖွင့်ပွဲ အထ...
20/06/2023

ရွှေမုဒြာ တိုင်းရင်းဆေးကုခန်း (လားရှိုး)

ဆေးခန်းကို (21.6.2023) ဗုဒ္ဓဟူးနေ့မှ စ၍ ဖွင့်လှစ်ပါပြီရှင် 🥳

🌼 ဆေးခန်းဖွင့်ပွဲ အထိမ်းအမှတ်အနေဖြင့် (21.6 2023) မှ (27.6.2023) ထိ တစ်ပတ်တိတိ ကုသိုလ်ဖြစ် အခမဲ့ လူနာ စမ်းသပ်ပေးပြီး ဆွေးနွေးပေးသည့် အပြင် သာသနာ့၀န်ထမ်း အားလုံးကိုလည်း အခမဲ့ ကုသနိုင်ပါတယ်ရှင် 🌼

⏰ ဆေးခန်းဖွင့်ချိန်
နံနက် (9:00) နာရီ မှ ညနေ (6:00) နာရီထိ
( ဆေးခန်း ပိတ်ရက် မရှိပါဘူးရှင် ) 🗓️

ဆေးကုသချိန်ကြာမြင့်တာကြောင့် လူနာ များ စောင့်ဆိုင်း စရာ မလိုအောင် ကြိုတင် Booking ချိတ်ထားလို့ရပါတယ်နော် ☺️
📲 09772326071

🏥 လိပ်စာ
ရပ်ကွက် ၁၀ နယ်မြေ ၄ (အထက ၄) ကျောင်း မုဒ်ဦးအနီး ရတနာလမ်း လားရှိုးမြို့

Address

Lashio

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959773399868

Website

Alerts

Be the first to know and let us send you an email when ရွှေမုဒြာ တိုင်းရင်းဆေးကုခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram