Health Education By Dr.Zaw

Health Education By Dr.Zaw Prevention is better than cure

14/10/2024

အသည်းရောင်အသားဝါ ဘီ ပိုးသည် မိခင်မှ ကလေးသို့ (မွေးဖွားချိန်) တွင် ကူးစက်မှု အများဆုံးဖြစ်ပါသည်။

အသည်းရောင်အသားဝါ စီ ပိုသည်း သွေးမှ ( အပ်များ share သုံးခြင်း) တဆင့် ကူးစက်မှု အများဆုံးဖြစ်ပါသည်။

ခုခံအားကျဆင်းရောဂါ HIV သည် လိင်အင်္ဂါမှ တဆင့် ကူးစက်မှု အများဆုံးဖြစ်ပါသည်။


မိမိတို့ ကလေးငယ်လေးတွေကို သတိလေးနဲ့ ဂရုစိုက်ကြဖို့ပါ
26/08/2024

မိမိတို့ ကလေးငယ်လေးတွေကို သတိလေးနဲ့ ဂရုစိုက်ကြဖို့ပါ

သားသား မီးမီးလေးတွေကို အသက် (၆) လ ပြည့်သည်အထိ မိခင်နို့ တစ်မျိုးထဲပဲ တိုက်ကျွေးရမှာ ဖြစ်ပါတယ်မိခင်နို့ တစ်မျိုးထဲ တိုက်က...
04/08/2024

သားသား မီးမီးလေးတွေကို အသက် (၆) လ ပြည့်သည်
အထိ မိခင်နို့ တစ်မျိုးထဲပဲ တိုက်ကျွေးရမှာ ဖြစ်ပါတယ်

မိခင်နို့ တစ်မျိုးထဲ တိုက်ကျွေးခြင်းဖြင့် မိခင်ရော ကလေးရောမှာ ကောင်းကျိုးများစွာ ရရှိမှာဖြစ်ပါတယ်

ကလေးအတွက် ကောင်းကျိုးများ

-လိုအပ်သော (စံညွှန်း) အာဟာရ ရရှိခြင်း
-ကိုယ်ခံအား ကောင်းမွန်ခြင်း
-လုံလောက်သော အာဟာရ ရရှိခြင်းကြောင့် အာစာရ ချို့တဲ့ခြင်းမှ ကာကွယ်ပေးခြင်း
-ရောဂါပိုးများ(သေစေနိုင်သော) ကာကွယ်ပေးခြင်း

မိခင်အတွက်ကောင်းကျိုးများ

-ရင်သားကင်ဆာ၊သားဥအိမ်နဲ့ ဆီးချို (Type 2 DM) ဖြစ်ဖို့ နည်းပါးခြင်း
-Lactational amenorrhoea method လို့ခေါ်တဲ့ မွေးပီးစ ရာသီထိန်ပီး သဘာဝအတိုင်း ယာယီ ကိုယ်ဝန်တားပေးခြင်း
-အချိန်ကုန် ပိုက်ဆံကုန် သက်သာခြင်း
-မိခင်နှင့် ကလေးကြား နွေးထွေးမှု ပိုမို ရရှိခြင်း

မိခင်နို့ တစ်မျိုးထဲ မတိုက်ခြင်းကြောင့် ဆိုးကျိုးများလည်း များစွာ ခံစားရမှာ ဖြစ်ပါတယ်



ကျန်မားရေးနဲ့ ကိုက်ညီဖို့ ready made foods တွေကို တတ်နိုင်သမျှ ရှောင်ပီး အသီးအရွက် များများစားပေးကြဖို့ တိုက်တွန်း အကြံပ...
16/07/2024

ကျန်မားရေးနဲ့ ကိုက်ညီဖို့ ready made foods တွေကို တတ်နိုင်သမျှ ရှောင်ပီး အသီးအရွက် များများစားပေးကြဖို့ တိုက်တွန်း အကြံပေးပါရစေ


သားသားမီးမီးတို့အတွက် ကာကွယ်ဆေးထိုးဖို့လေးတွေပါနီးစပ်ရာ လက်လှမ်းမှီရာမှာ ထိုးဖြစ်အောင် ထိုးကြပါPhoto crd
12/07/2024

သားသားမီးမီးတို့အတွက် ကာကွယ်ဆေးထိုးဖို့လေးတွေပါ
နီးစပ်ရာ လက်လှမ်းမှီရာမှာ ထိုးဖြစ်အောင် ထိုးကြပါ
Photo crd

အားလုံး ဂရုစိုက်ကြပါPhoto-crd
05/07/2024

အားလုံး ဂရုစိုက်ကြပါ
Photo-crd

ယခု ပထမဆုံး မျှဝေပေးမယ့် အကြောင်းအရောလေးကတော့ ဒီရာသီမှာ အဖြစ်များတဲ့ သွေးလွန်တုတ်ကွေး (DHF)အကြောင်းလေးပဲ ဖြစ်ပါတယ်DHF ကတ...
05/07/2024

ယခု ပထမဆုံး မျှဝေပေးမယ့် အကြောင်းအရောလေးကတော့ ဒီရာသီမှာ အဖြစ်များတဲ့ သွေးလွန်တုတ်ကွေး (DHF)အကြောင်းလေးပဲ ဖြစ်ပါတယ်

DHF ကတော့ ခြင်မှ တဆင့်ကူးစက်ခံရခြင်းဖြစ်ပါတယ်

အထူးသဖြင့် နေ့ဘက်မှာကိုက်တဲ့ ခြင်ကြောင့်ဖြစ်တတ်ပါတယ်

အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ် အထူးသဖြင့် ကလေးတွေမှာ အဖြစ်များလေ့ရှိပါတယ်

သိသာတဲ့ လက္ခဏာတွေကတော့ ဖျားတာက စပါတယ်

ဆက်တိုက်အပျင်းဖျားပါမယ် ၃ရက်ထိ ဆက်တိုက်ဆိုရင်တော့ Hess’s test လို့ခေါ်တဲ့ လက်မှာပတ်ပီး စစ်တာလေး စစစ်လို့ရပါတယ် ၄ရက်မြောက်မှာတော့ သွေးထဲကနေ စစ်လို့ရပါပီ

ဖျားရက် Day4 Day5 Day6တွေကတော့ အဆိုးဆုံးရက်တွေပါ Dengue shock (သွေးလှန့်ခြင်း)လို့ ခေါ်ပါတယ်

အရေကြီးတဲ့ လက္ခဏာတွေကတော့
-ကိုယ်ပူတာ ရုတ်တရက်ကျပီး ခြေဖျားလပ်ဖျားအေးစက်သွားတာ
-နှာခေ့ါင်းသွေး သွားဖုံးသွေး ယိုတာ
-အရမ်းမှိန်းသွားတာ
-အစားမဝင်တာ
ဆီးနည်းသွားတာ
-ညာဘက်ရင်ညွှတ်အောင့်လာတာ
-အန်ရင် ကော်ဖီရောင်ပါလာတာ
-ဝမ်းမည်းသွားတာ စသည်ဖြင့်ပေါ့

အဲ့လို အချိန်မှာတော့ မဖြစ်မနေ ဆေးရုံဆေးခန်း သွားကို သွားရပါမယ်

တကယ်တော့ အဲ့လက္ခဏာတွေ မပေါ်ခင်ကတည်းက နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆွေးနွေးတိုင်ပင်ပီး ကုသမှုရော အကြံညဏ်ရော ခံယူသင့်ပါတယ်

ဆေးရုံ ဆေးခန်းတွေနဲ့ အရမ်းဝေးလံခေါင်းပါးတဲ့နေရာဆိုရင်တော့ online ကနေဖြစ်ဖြစ် ဆွေးနွေးတိုင်ပင်ပီး အကြံညဏ်ရယူတာလေး လုပ်သင့်ပါတယ်

လေးစားစွာဖြင့်
Dr. Zaw

04/07/2024

ယခု page လေးသည် အခြေခံကျန်းမာရေးနှင့် ပတ်သက်သော အကြောင်းအရာ များကို သိရှိစေလိုသော ရည်ရွယ်ချက်ဖြင့် ဖွင့်ထားခြင်း ဖြစ်ပါသည်။

Address

Naypyitaw
Lewe

Alerts

Be the first to know and let us send you an email when Health Education By Dr.Zaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram