ᴍᴏᴇ ᴛʜᴀᴜᴋ ᴋʏᴀʟ ғᴀᴍɪʟʏ ᴄʟɪɴɪᴄ

  • Home
  • ᴍᴏᴇ ᴛʜᴀᴜᴋ ᴋʏᴀʟ ғᴀᴍɪʟʏ ᴄʟɪɴɪᴄ

ᴍᴏᴇ ᴛʜᴀᴜᴋ ᴋʏᴀʟ ғᴀᴍɪʟʏ ᴄʟɪɴɪᴄ မှန်ကန်သော၊ သိထားသင့်သော ကျန်းမာရေးဗဟုသုတများကို မျှဝေပေးနေသော စာမျက်နှာဖြစ်ပါသည်။

12/10/2025

ကျေးဇူးပြု၍ Page Messenger မှာ လာမမေးကြပါနဲ့။
အရင်ကလည်း ပြောဖူးပါတယ်။
Top Fans တွေ၊ နှစ်တွေအကြာကြီး အားပေးဖတ်ရှုလာတဲ့ Followers တွေက လွဲလို့ တခြားလာမေးတဲ့သူတွေကို Reply ပြန်ချင်မှ ပြန်ပါမယ်လို့။

တယောက်တလေအတွက် ဖြေပေးရရင်တောင် အချိန်တခုပေးရပါတယ်။
တယောက်ချင်းစီအတွက် အချိန်မပေးနိုင်တော့ပါ။
အများအတွက် တင်ပေးတဲ့ ကျန်းမာရေးဗဟုသုတ တွေ ကိုပဲ ကြုံရင်ဖတ်ပေးကြပါဗျာ။

စာပေးစာယူလုပ်ရတာ အရမ်းကြာပါတယ်။
မေးလာတာကို ချက်ချင်းဖြေပေးဖို့လည်း ကျွန်တော် မအားဘူး။
ကျွန်တော်က ဖြေပေးထားရင်လည်း သူတို့က မအားတော့ဘူး။
ဖြေပေးထားတဲ့စာကိုတောင် seen မပြတာလည်းရှိ။
Seen ပြရင်တောင် Reply မပြန်တာလည်းရှိ။
အမျိုးမျိုးပါပဲ။
တကယ်ကို စိတ်ရှုပ်ရပါတယ်။

ခင်ဗျားတို့ကတော့ အလွယ်လေး လာမေးကြတာပေါ့။
"ကလေးဖျားနေလို့ ဘာဆေးတိုက်ရမလဲ"
"ပွေးဖြစ်နေလို့ ဘာဆေးလိမ်းရမလဲ"
"ခေါင်းမူးနေလို့ ဘာဆေးသောက်ရမလဲ"
"ခေါင်းမကြာခဏကိုက်တာ ဘာဖြစ်နိုင်လဲ"

ကျွန်တော်ဖြေပေးရမှာက အများကြီးလေ။
နားလည်ပေးကြပါဗျာ။
ဒီနေ့ကစပြီး Page Messenger ထဲ ဝင်မကြည့်တော့ပါ။
မကြိုက်ပါက Follow ဖြုတ်သွားပေးကြပါ။

 #ရောဂါနဲ့ပတ်သက်လို့ မဖြစ်မနေ မေးရတာရှိတယ်။"အရက်သောက်တတ်သလား" ပေါ့။တနေ့က လူနာ ပြန်ဖြေတာလေး သဘောကျလို့ပါ။အစပိုင်းက "နည်းန...
12/10/2025

#ရောဂါနဲ့ပတ်သက်လို့ မဖြစ်မနေ မေးရတာရှိတယ်။

"အရက်သောက်တတ်သလား" ပေါ့။

တနေ့က လူနာ ပြန်ဖြေတာလေး သဘောကျလို့ပါ။

အစပိုင်းက "နည်းနည်းပါးပါးတော့ သောက်တတ်တယ်" လို့ဖြေတယ်။

ဒါနဲ့ သူနဲ့ အဖော်ပါလာတဲ့သူက ထရယ်တယ်။

ကျွန်တော်လည်း မသိချင်ယောင်ဆောင်ပြီး ထပ်မေးတယ်။

"တနေ့ကို ခန့်မှန်း ဘယ်လောက်လောက် သောက်ဖြစ်သလဲ"
"နေ့တိုင်း သောက်ဖြစ်သလား"
"မနက်ပိုင်းကော သောက်ဖြစ်သလား"

မေးရတဲ့ ရည်ရွယ်ချက်က လူနာက အရက်ကို မှီခိုနေရပြီလား၊ အရက်စွဲနေပြီလား သိချင်တာပါ။

သူက တိုးတိုးလေး ပြန်ဖြေတယ်။

"အမှန်တော့ ကျွန်တော်က အရက်သမားမဟုတ်ဘူးဗျ"

"ဟေ"

ကျွန်တော်လည်း သူဆက်ပြောမှာကို သိချင်လာတော့တယ်။

"ဆက်ပြောပါဦးဗျ"

"ကျွန်တော်က သူများတွေလို အရက်ကို မစွဲဘူးဗျ"
"နေ့တိုင်း သောက်နေတာတောင် မစွဲဘူးဗျာ"

တော်သေးတာပေါ့ဗျာ။
ကျွန်တော်က သူ့ကို အရက်စွဲနေပြီလို့ ထင်မိတော့မလို့။

နှစ်ပေါင်း ၂၀ ကျော်ကြာပြီတဲ့။ ကုလို့မပျောက်နိုင်ဘူး ဆိုလို့ သေချာမကုဘဲထားတာတဲ့။ကျွန်တော်ထင်တာတော့ အဓိက က Psoriasis လို့ပ...
11/10/2025

နှစ်ပေါင်း ၂၀ ကျော်ကြာပြီတဲ့။
ကုလို့မပျောက်နိုင်ဘူး ဆိုလို့ သေချာမကုဘဲထားတာတဲ့။
ကျွန်တော်ထင်တာတော့ အဓိက က Psoriasis လို့ပဲ ထင်ပါတယ်။

အမှန်တော့ လူနာက ဒါကိုလာပြတာမဟုတ်ပါဘူး။
တခြားကိစ္စလာပြရင်း တွေ့လို့ စိတ်ဝင်စားတာနဲ့ မေးကြည့်မိတာပါ။ လူနာက ကုလို့မပျောက်ဘူးဆိုတော့ ဒါကို မကုချင်ပါဘူး။

Psoriasis အကြောင်းလေးကို ရေးပေးပါဦးမယ်။
စိတ်ဝင်စားရင်ပေါ့။

အသက် (၆၀)ဝန်းကျင် အမျိုးသမီး ဆေးခန်းလာပြတယ်။သူလာပြတာက "ဆီးလမ်းကြောင်းပိုးဝင်နေလို့" ဆိုပြီး လာပြတာပါ။ဆီးလမ်းကြောင်းပိုးဝ...
10/10/2025

အသက် (၆၀)ဝန်းကျင် အမျိုးသမီး ဆေးခန်းလာပြတယ်။

သူလာပြတာက "ဆီးလမ်းကြောင်းပိုးဝင်နေလို့" ဆိုပြီး လာပြတာပါ။

ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာတွေကို
မေးကြည့်တော့ ဆီးခဏခဏသွားချင်တာပဲ ရှိပါတယ်။ တခြား ဆီးကျဉ်တာ၊ ဆီးအောင့်တာ၊
ဆီးကျန်တာ၊ ဆီးသွားလို့ အားမရတာ စတာတွေ ရှိမနေပြန်ဘူး။ သူခံစားရတာက ပုံမှန်ထက် ဆီးခဏခဏသွားတယ်။ ​ဒါပါပဲ။ ဒါကြောင့်လည်း သူက ဆီးလမ်းကြောင်း ပိုးဝင်တယ်လို့ ထင်တာပေါ့။

ဒီလိုနဲ့ ထပ်မေးကြည့်တော့ ရေဆာတယ်၊ ရေခဏခဏသောက်ချင်တယ်၊ ရေငတ်တယ် ဆိုတာပါ ထပ်သိရတယ်။ ပြီးတော့ လူကလည်း နှုံးသလိုဖြစ်တယ်တဲ့။

ဒါနဲ့ လက်ထိပ်ဆီးချိုဖောက်စစ်ကြည့်တယ်။
352 mg/dl ဆိုပြီးပြတယ်။
ဆီးချိုရောဂါ ဖြစ်နေတာပေါ့။
ဆီးချိုရောဂါအကြောင်း ပြောပြရတယ်။
လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လုပ်ခိုင်းရပါတော့တယ်။

အဓိက ပြောချင်တာက ဆီးခဏခဏသွားတယ်၊ ရေဆာတယ်၊ ရေငတ်တယ်၊ နှုံးတယ်၊ အထိုင်အထခက်တယ် ဆိုရင် ဆီးချိုရောဂါကို သံသယရှိပါ။ ဒါတွေက အခြေခံ လက္ခဏာတွေပါပဲ။
သိထားသင့်ပါတယ်။

လိုရင်းတိုရှင်း

အမျိုးသမီးတွေမှာ ဖြစ်တဲ့ အဖြူဆင်းခြင်း အများစုက ပုံမှန် အခြေအနေ ဖြစ်နေတတ်ပါတယ်။ ပုံမှန် အဖြူဆင်းခြင်းက အဖြူရောင် ဒါမှမဟု...
09/10/2025

အမျိုးသမီးတွေမှာ ဖြစ်တဲ့ အဖြူဆင်းခြင်း အများစုက ပုံမှန် အခြေအနေ ဖြစ်နေတတ်ပါတယ်။

ပုံမှန် အဖြူဆင်းခြင်းက အဖြူရောင် ဒါမှမဟုတ် အကြည်ဖြစ်ပါတယ်။
အနံ့မဆိုးပါဘူး။
ကျဲတာ ပျစ်တာ၊ ဆင်းတဲ့ပမာဏ နည်းတာ များတာတွေကတော့ ကွာခြားနိုင်ပါတယ်။

ဒီလိုမဟုတ်ဘဲ အဖြူဆင်းတာက အတော်ကို
ပျစ်နှစ်တယ်၊ အနံ့က ဆိုးရွားတယ်၊ မိန်းမကိုယ် ယားယံတယ်ဆိုရင်တော့ ဆေးခန်းပြဖို့လိုပါလိမ့်မယ်။

အဖြူဆင်းခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေမှာ အများဆုံးက ဘက်တီးရီးယားပိုး ကြောင့်ဖြစ်ပါတယ်။ ဒါကို Bacteria Vaginosis လို့ ခေါ်ပါတယ်။ နောက်ထပ် အဖြစ်အများဆုံးက မှိုပိုးကြောင့်ဖြစ်ပါတယ်။

တခြားမီးယပ်ရောဂါတွေ၊ လိင်မှတဆင့်ကူးစက်တဲ့ရောဂါတွေကလည်း ပုံမှန်မဟုတ်တဲ့ အဖြူဆင်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

လိုရင်းတိုရှင်း

 #ကျွန်တော်စုဆောင်းထားသောကျန်းမာရေးလက်ကမ်းစာစောင်များ (၁၂)ရောဂါလက္ခဏာမပေါ်မီ တီဘီဆေးဖြင့် ကာကွယ်ကုသခြင်း
09/10/2025

#ကျွန်တော်စုဆောင်းထားသောကျန်းမာရေးလက်ကမ်းစာစောင်များ (၁၂)

ရောဂါလက္ခဏာမပေါ်မီ တီဘီဆေးဖြင့် ကာကွယ်ကုသခြင်း

"ဆရာရေ ညာဖက် လက်မ အဆစ်က နာနေလို့""ရောင်လည်းရောင်နေတယ်"အသက် (၄၀)ကျော် လူနာအမျိုးသမီးက ထိုင်ခုံမှာ နေရာယူရင်း ပြောတယ်။"ဘယ်...
08/10/2025

"ဆရာရေ ညာဖက် လက်မ အဆစ်က နာနေလို့"
"ရောင်လည်းရောင်နေတယ်"

အသက် (၄၀)ကျော် လူနာအမျိုးသမီးက ထိုင်ခုံမှာ နေရာယူရင်း ပြောတယ်။

"ဘယ်ကနေ ဘယ်လို စနာလာတာလဲ"
"အလိုလိုနေရင်း နာလာတာလား" လို့ ကျွန်တော်က မေးတော့

" ကျွန်မယောက်ျား သောက်ပြီးပြန်လာတာ
ငြိမ်ငြိမ်လေးမနေဘဲ လာရစ်နေလို့ ထိုးပလိုက်တာ"
"အဲ့ကနေ စနာတာပဲ ဆရာ"

"အင်း"

"ထိုးတဲ့သူကတောင် ဆေးခန်းလာပြတယ်ဆိုရင်
အထိုးခံရတဲ့သူကတော့ ဆေးရုံမှာထင်တယ်"
စိတ်ထဲကပဲ ပြောရဲပါတယ်။

ကွန်ပျူတာ၊ ဖုန်း စတာတွေနဲ့ အချိန်အများစု အလုပ်လုပ်နေရသူတွေသိထားသင့်ပါတယ်။ဆက်တိုက်​အချိန်ကြာကြာ အလုပ်လုပ်ရတဲ့အခါမျက်စိညော...
07/10/2025

ကွန်ပျူတာ၊ ဖုန်း စတာတွေနဲ့ အချိန်အများစု အလုပ်လုပ်နေရသူတွေသိထားသင့်ပါတယ်။

ဆက်တိုက်​အချိန်ကြာကြာ အလုပ်လုပ်ရတဲ့အခါ

မျက်စိညောင်းညာတာ၊
အမြင်ဝေဝါးတာ၊
အလင်းဒဏ်မခံနိုင်တာ၊
ခေါင်းကိုက်တာ၊
ဇက်ကြောတတ်တာတွေ ဖြစ်တတ်ပါတယ်။

ဒါတွေကို ရှောင်ရှားနိုင်ဖို့
20-20-20 နည်းလမ်းရှိပါတယ်။

#မိနစ်20 အလုပ်လုပ်ပြီးတိုင်း
#ပေ20 အကွာအဝေးက အရာဝတ္ထုတခုခုကို
#စက္ကန့်20 ခန့်မျှ ကြည့်ပေးဖို့ပါ။

ဒီနည်းလမ်းက မျက်စိပင်ပန်းမှုကို လျှော့ချပေးပြီး ဖော်ပြပါ လက္ခဏာတွေမဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။
နေ့စဉ်အလေ့အထသဘောမျိုး ပြုလုပ်ပေးရင် မျက်စိကျန်းမာရေးအတွက် အထောက်အကူပြုစေမှာပါ။

လိုရင်းတိုရှင်း

အသက် (၅၀)အရွယ် အမျိုးသမီးတဦး ဆေးခန်းလာပြတယ်။ဘာတွေဖြစ်သလဲမေးတော့ သူက"လည်ပင်းနာတယ်၊ ချောင်းဆိုးတယ်၊ နှာရည်ယိုတယ်""ပြီးတော...
07/10/2025

အသက် (၅၀)အရွယ် အမျိုးသမီးတဦး ဆေးခန်းလာပြတယ်။

ဘာတွေဖြစ်သလဲမေးတော့ သူက

"လည်ပင်းနာတယ်၊ ချောင်းဆိုးတယ်၊ နှာရည်ယိုတယ်"
"ပြီးတော့ တကိုယ်လုံးလည်း ညောင်းကိုက်နေတယ်" လို့ဖြေတယ်။

အအေးမိ၊ တုပ်ကွေးလက္ခဏာတွေ ခံစားနေရတာပေါ့။
ဒါနဲ့ သွေးပေါင်ချိန် စတိုင်းမလို့ပဲ ရှိသေးတယ်။
သူက

"အဲ့တာ အကြောဆေးလေး သွင်းသွားချင်လို့"

"ဟင်"
"ဘာမှလည်း မဆိုင်ဘူး"

"မတည့်သောဆေးရှိလျှင် ကြိုပြောပါ"အရမ်းအရေးကြီးပါတယ်။ ကျွန်တော်ကတော့ လူနာစမ်းသပ်ကုတင်ခြေရင်းမှာကို အသိပေးကပ်ထားပါတယ်။ ရောဂ...
06/10/2025

"မတည့်သောဆေးရှိလျှင် ကြိုပြောပါ"

အရမ်းအရေးကြီးပါတယ်။ ကျွန်တော်ကတော့ လူနာစမ်းသပ်ကုတင်ခြေရင်းမှာကို အသိပေးကပ်ထားပါတယ်။
ရောဂါရာဇဝင်မေးမြန်းတဲ့အချိန်မှာလည်း အမြဲမေးပါတယ်။ ဆေးမတည့်တဲ့ ရာဇဝင်ရှိသလားပေါ့။

ဆေးမတည့်ဘူးဆိုတာက သောက်တာပဲဖြစ်ဖြစ်၊ ထိုးတာပဲဖြစ်ဖြစ် ဆေးကို ခန္ဓာကိုယ်ရဲ့ အလိုအလျောက် ခုခံအားစနစ်က လွန်ကဲစွာ တုံ့​ပြန်ခြင်းဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ Histamine ဆိုတဲ့ ရောင်ရမ်းစေတဲ့ ဓာတ်သတ္တုထွက်ပေါ်လာပြီးတော့ ခန္ဓာကိုယ်အနှံ့ကို ရောင်ရမ်းစေပါတယ်။

ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတဲ့ ဆေးအမျိုးအစား၊ ထိတွေ့မိတဲ့ ဆေးပမာဏအပေါ်မူတည်ပြီးတော့ ပြင်းထန်မှု ကွာခြားတတ်ပါတယ်။ ထိုးဆေးတွေက သွေးထဲဝင်ရောက်ဖို့ အချိန် ပိုမြန်တော့ ဓာတ်မတည့်ဖြစ်ခဲ့ရင်လည်း မြန်မြန်ဖြစ်ပါတယ်။ ပိုပြီးလည်း ပြင်းထန်တတ်ပါတယ်။

သာမာန် ဆေးမတည့်​တဲ့ လက္ခဏာတွေက အင်ပြင်ထတာ၊ အရေပြား ယားလာတာ၊ ရောင်လာတာ၊ နှာရည်ယိုလာတာ၊ မျက်စိယားယံလာတာ၊ ချောင်းဆိုးလာတာ၊ ရင်ကျပ်လာတာ၊ အသက်ရှူမဝဖြစ်လာတာ၊ ပျို့တာ၊ အန်တာ၊ ဗိုက်အောင့်တာ၊ ဝမ်းလျှောတာ တွေဖြစ်ပါတယ်။ ပြင်းထန်စွာ ဓာတ်မတည့်ရင်တော့ အချိန်မီမကုသနိုင်ရင် အသက် ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ အရပ်ထဲမှာပြောရင်တော့ ဆေးထိုးမှားတယ်၊ Shock ရတယ်ပေါ့။

ဆေးမတည့်တာမှာ ပင်နစလင်နဲ့ မတည့်တာက အဖြစ်အများဆုံးလို့​ ပြောလို့ရပါတယ်။ (၁၀)%လောက်အထိ ရှိနိုင်ပါတယ်။ တခြား အဖြစ်များတဲ့ ဆေးတွေထဲမှာ ဆာလဖာအနွယ်ဝင်ဆေးဝါးတွေ၊ ဘားပလက်အုပ်စုဝင်ဆေးတွေရှိပါတယ်။ ဒါတွေက အသုံးများလို့ တွေ့ရတာများတာလည်း ဖြစ်နိုင်ပါတယ်။
ပြောရမယ်ဆိုရင် လူတယောက်နဲ့တယောက် ဆေးမတည့်တာက မတူနိုင်ပါဘူး။
အသုံးများတဲ့ ပါရာစီတမောလိုဆေးကိုတောင် မတည့်တဲ့လူနာတွေအများကြီးကြုံဖူးပါတယ်။
Diclo ထိုးရင်း မတည့်တာတွေလည်း အများကြီးရှိပါတယ်။ တချို့ဆို ဘာမီတွန်လိုသောက်ဆေးကိုတောင် မတည့်တာ ရှိပါတယ်။
ဒါကြောင့် ဆေးအားလုံးက လူနာနဲ့ မတည့်တာဖြစ်နိုင်တယ်လို့ စိတ်ထဲမှတ်ရပါတယ်။

လူနာအများစုက ဘာဖြစ်ဖြစ်ဆေးတာထိုးချင်ကြတော့ ဓာတ်မတည့်မှု ဖြစ်နိုင်တာကို ထည့်မစဉ်းစားကြပါဘူး။ အဲ့တော့ ဆေးထိုးရမှာ မကြောက်ကြပါဘူး။
ဆရာဝန်ကျတော့ မဖြစ်မနေ ဆေးထိုးရရင်ကို အရေးပေါ် ဆေးကို လက်တကမ်းမှာ အဆင်သင့်ထားထားရပါတယ်။ ဒါမှသာ မမျှော်လင့်တဲ့ ဆုံးရှုံးမှုတွေ ရှောင်ရှားနိုင်မှာမို့ပါ။

လူနာတွေအနေနဲ့ ဆေးတခုခုကြောင့် မတည့်တဲ့လက္ခဏာတွေပြတယ်ဆိုရင် ချက်ချင်း ဆေးရုံ ဆေးခန်းသွား​ပါ။ လိုအပ်တဲ့ ကုသမှုကို ခံယူပါ။
မတည့်တဲ့ဆေးက ဘယ်ဆေးဖြစ်တယ်ဆိုတယ်ဆိုတာကို သိနိုင်အောင်ကြိုးစားပါ။ ပြီးရင် သေချာမှတ်သားထားပါ။
အရင်က ဆေးမတည့်တာကြုံဖူးထားရင်လည်း မတည့်တဲ့ဆေးကို သေချာစွာ မှတ်သားထားပါ။ လိုအပ်လို့ ဆေးရုံ ဆေးခန်းပြရရင် မတည့်တဲ့ဆေးအကြောင်းကို ပြောပြပေးပါ။
နောက်တခုက ဘာဖြစ်ဖြစ် ဆေးထိုးမှပျောက်မယ်ဆိုတဲ့ အစွဲကို ပြင်ပါ။
ဘာဆေးဖြစ်ဖြစ် လိုအပ်မှ စနစ်တကျ သုံးတာ အကောင်းဆုံးပါ။

လိုရင်းတိုရှင်း

လူနာ၏ ရောဂါအခြေအနေကို ဆရာဝန်က လူနာရှင်အား ရှင်းပြနေသည်။ "ခင်ဗျားရဲ့ အမျိုးသားမှာ စိတ်ဖိစီးမှု လွန်ကဲတဲ့ရောဂါတွေ့ရတယ်""အခ...
05/10/2025

လူနာ၏ ရောဂါအခြေအနေကို ဆရာဝန်က လူနာရှင်အား ရှင်းပြနေသည်။

"ခင်ဗျားရဲ့ အမျိုးသားမှာ စိတ်ဖိစီးမှု လွန်ကဲတဲ့ရောဂါတွေ့ရတယ်"
"အခု ကျွန်တော်ပြောတဲ့အချက်တွေကို ခင်ဗျားလိုက်နာပေးဖို့လိုမယ်"
"မဟုတ်ရင် လူနာအခြေအနေက ပိုဆိုးလာလိမ့်မယ်"

"ပြောပါရှင် ကျွန်မ ဘာတွေလုပ်ပေးရမလဲ"

"နံပါတ်တစ် သူ့ကို စိတ်ပျော်အောင်ထားပါ"
"နံပါတ်နှစ် နွေးနွေးထွေးထွေးဆက်ဆံပါ"
"နံပါတ်သုံး သူနဲ့ မကြာခဏ အတူနေပေးပါ"

နံပါတ်သုံး အချက်အရောက်တွင် လူနာရှင် အမျိုးသမီး မျက်နှာပျက်သွားလေသည်။
ဆရာဝန်က ဆက်ပြောသည်။

"ဒီလိုဆိုရင် သူ့စိတ်ကျန်းမာရေး အခြေအနေက အရင်လို ပြန်ဖြစ်လာပါလိမ့်မယ်"
"မဟုတ်ရင်တော့ မလွယ်ဘူးဗျာ"

ဒီလိုနှင့် အိမ်ပြန်ရောက်သော် လူနာက သူ၏ အမျိုးသမီးအား အကျိုးအကြောင်းမေးလေသည်။

"ဆရာဝန်က ဘာတွေမှာကြားနေတာလဲ"
"ငါ့ရောဂါအခြေအနေကကော ဘယ်လိုရှိလဲ"

"ရှင့်ရောဂါက ကျွမ်းနေပြီတဲ့
မရတော့ဘူးတဲ့"

ဘာသာပြန်ဆေးလောကဟာသများ (၂၈)

  ရောက်ခဲ့ပြီမို့ အမှတ်တရ အနေနဲ့ တင်ပါရစေ။အကျိုးရှိတာလေးတွေ၊ သိသင့်တဲ့ ကျန်းမာရေးဗဟုသုတလေးတွေကို ဆက်ပြီးတင်သွားပါ့မယ်။တဥ...
05/10/2025

ရောက်ခဲ့ပြီမို့ အမှတ်တရ
အနေနဲ့ တင်ပါရစေ။

အကျိုးရှိတာလေးတွေ၊ သိသင့်တဲ့ ကျန်းမာရေးဗဟုသုတလေးတွေကို ဆက်ပြီးတင်သွားပါ့မယ်။

တဦးတယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်။
ဆက်သွားကြရအောင်ဗျာ။

Address

Wat Nong Pa Krang

50000

Opening Hours

Monday 08:00 - 14:00
16:00 - 18:30
Tuesday 08:00 - 14:00
16:00 - 18:30
Wednesday 08:00 - 14:00
16:00 - 18:30
Thursday 08:00 - 14:00
16:00 - 18:30
Friday 08:00 - 14:00
16:00 - 18:30
Saturday 08:00 - 14:00
16:00 - 18:30
Sunday 08:00 - 14:00
16:00 - 18:30

Telephone

+959458833341

Alerts

Be the first to know and let us send you an email when ᴍᴏᴇ ᴛʜᴀᴜᴋ ᴋʏᴀʟ ғᴀᴍɪʟʏ ᴄʟɪɴɪᴄ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ᴍᴏᴇ ᴛʜᴀᴜᴋ ᴋʏᴀʟ ғᴀᴍɪʟʏ ᴄʟɪɴɪᴄ:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Moe Thauk Kyal Family Clinic

Founded Moe Thauk Kyal Family Clinic on 28th, July, 2014 at Loikaw, Kayah State. The Founder was Dr. Khun Pyaephyoe Kyaw.