Larkspur -wellness shop

Larkspur -wellness shop ကျန်းမာသက်ရှည်စွာနေနိုင်ရေး သဘာဝစားသောက်ကုန်မှီဝဲပေး

03/06/2024

God Bless you my dear son 💓JEDIDIAH💓
LOVE YOU SO MUCH😘😘😘

နွားနို့သောက်တော့မယ်ဆိုရင် အဆီထုတ်နို့ သောက်မှာလား၊ မလိုင်ပြည့်နို့ သောက်မှာလား????နွားနို့ တခွက် (၂၅၀ ml) မှာ အဆီထုတ် -...
02/02/2021

နွားနို့သောက်တော့မယ်ဆိုရင် အဆီထုတ်နို့ သောက်မှာလား၊ မလိုင်ပြည့်နို့ သောက်မှာလား????

နွားနို့ တခွက် (၂၅၀ ml) မှာ

အဆီထုတ် - ၉၀ ကယ်လိုရီ
မလိုင်ပြည့် - ၁၆၀ ကယ်လိုရီ ဆိုပြီး အကြမ်းဖျင်းရှိပါတယ်။

အဆီထုတ် နို့ (skimmed milk) နဲ့ မလိုင်ပြည့် ပါတဲ့ နို့ (full cream milk) နှစ်ခုလုံး မှာ တော့ အသားဓါတ် ပါဝင်မှုနှုန်း ကတော့ တူတူ ပါပဲ။ တခွက်မှာ 8 ဂရမ် ပါဝင်ပါတယ်။

ဘယ်လိုလူတွေ က အဆီထုတ် skimmed milk သောက်သင့်သလဲ?

1. ဝိတ်ချနေတဲ့ သူများ (တပါတ် တကြိမ်လောက်တော့ မလိုင်ပြည့် နို့ သောက်ရင်တော့ အဆင်ပြေပါတယ်။ ဖြစ်နိုင်ရင် မြက်စား နွားရဲ့ နို့ ကို ပိုသောက်စေခြင်ပါတယ်၊ ဒါမှ ဗီတာမင် A,D,E,K စတဲ့ ဗီတာမင်တွေ တဖက်တလမ်း က ရမှာ ဖြစ်ပါတယ်။)
2. ဆီးချိုရောဂါ ရှိသူများ
3. ကိုလက်စထရော များသူများ
4. နှလုံးသွေးကြောကျဉ်းရောဂါ ရှိသူများ
5. အသက် ၄၀ အထက် လူလတ်ပိုင်းများ (၂,၃,၄ ရောဂါ မရှိပါက မလိုင်ပြည့် နို့ တပါတ် ၁-၂ ကြိမ် အထိ သောက်နိုင်ပါသည်)
6. ကြွက်သားတက်အောင် ကစားနေသူများ (၂,၃,၄ ရောဂါ မရှိပါက မလိုင်ပြည့် နို့ တပါတ် ၁-၂ ကြိမ် အထိ သောက်နိုင်ပါသည်)
7. အရပ်ရှည်ချင်သူများ
8. အရိုးပါး၊ အရိုးပွ ရောဂါရှိသူများ ကို တိုက်လို့ရပါတယ်။

ဘယ်လိုလူတွေ မလိုင်ပြည့် နွားနို့ သောက်သင့်သလဲ?

မလိုင်ပြည့်နွားနို့လို့ ဆိုတဲ့ နေရာမှာတော့ မြက်စားနွားလို့မျိုး နွားမှ ထုတ်ထားတဲ့ နို့လိုမျိုးဆိုပိုအဆင်ပြေပါတယ်။

1. အသက် ၂ နှစ်အထက် ကလေး
2. သက်ကြီးရွယ်အိုများ
3. အာဟာရချို့တဲ့ လွန်းသူများ စတဲ့ သူတွေ မှာ တိုက်လို့ရပါတယ်။

နို့ကို တနေ့ ဘယ် နှစ်ခွက် သောက်သင့်သလဲ?

တနေ့ တခွက် တော့ သောက်သင့်ပါတယ်။ ဖြစ်နိုင်ရင် မနက် (၁) ခွက် ည (၁) ခွက် သောက်ပေးရင် ပို အဆင်ပြေပါတယ်။

နောက်နေ့တွေ မှာ နွားနို့နဲ့ပြုလုပ်လို့ရတဲ့ အစားအစာများ ကို လုပ်ပြပါအုံးမယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

drnyinyikyaw/ DrNutrition /milk

Riceberry1 Kg Thai8500-9,000KMulticolor6000-6,500KCrushed 3500-4,000K
30/01/2021

Riceberry1 Kg
Thai8500-9,000K
Multicolor6000-6,500K
Crushed 3500-4,000K

Healthy Review by Dr. Nutrition (4)ဒီနေ့မှာ review လုပ်မယ့် အစားအစာ ကတော့ Quinoa ဖြစ်ပါတယ်။ (မြန်မာလို ခင်းဝါ လို့လဲ အသံ...
30/01/2021

Healthy Review by Dr. Nutrition (4)

ဒီနေ့မှာ review လုပ်မယ့် အစားအစာ ကတော့
Quinoa ဖြစ်ပါတယ်။ (မြန်မာလို ခင်းဝါ လို့လဲ အသံထွက်ပါတယ်)

ကျွန်တော်တို့မြန်မာတွေ နဲ့တော့ သိပ်မရင်းနှီးသေးတဲ့ အစားအစာ တစ်ခု လဲ ဖြစ်ပါတယ်။

ချက်ပြီးသား Quinoa တခွက် (185 ဂရမ်) မှာ ဆိုရင်
* ကယ်လိုရီ - 222
* ကာဗိုဟိုက်ဒရိတ် - 39 ဂရမ်
* အဆီဓါတ် - 4 ဂရမ်
* အသားဓါတ် - 8 ဂရမ်
* အမျှင်ဓါတ် - 5 ဂရမ် (အတော်များပါတယ်)
* သံဓါတ်
* သွပ်ဓါတ်
* မဂ္ဂနီဆီယမ်
* မဂ္ဂနိစ်
* ဖောလိတ်
* ပိုတက်ဆီယမ်
* ကော့ပါး
* ဗီတာမင် B1,2,3,6 တို့ပါဝင်ပါတယ်

Quinoa (ခင်းဝါ) မှာ quercetin နှင့် kaempferol စတဲ့ ဓါတ်တိုးဆန့်ကျင် ၂ ခု ပါဝင်တဲ့ အတွက် ယောင်ယမ်းတာ၊ ကင်ဆာရောဂါ၊ စိတ်ကျရောဂါ စတာတွေ ကို ကာကွယ်ပေးနိုင်ပါတယ်။

ဘယ်လို လူတွေ စားသင့်လဲ?

1. အဝလွန်သူများ
2. ဆီးချိုရှိသူများ
3. သွေးတွင်းကိုလက်စထရော များသူများ
4. အဆစ်အမြစ် ယောင်ယမ်းနေသူများ
5. ဝမ်းချုပ်သူများ
6. Gluten free diet စားနေသူများ
7. အူလမ်းကြောင်းရောဂါ ရှိသူများ (irritable bowel syndrome (IBS), inflammatory Bowel Disease)
8. ကြွက်သားတက်အောင် train နေသူများ

Quinoa (ခင်းဝါ) ကို ချက်တော့မယ်ဆိုရင် တော့ မချက်ခင် ရေနဲ့ စိမ်ထားသင့်ပါတယ်။ ဒါမှ သူ့မှာ ပါတဲ့ အာဟာရဓါတ် စုပ်ယူမှု့ကို အနှောင့်အယှက် ဖြစ်စေတဲ့ phytic acid က ကုန်သွားပြီး ပါဝင်တဲ့ အာဟာရဓါတ် တွေ ကို အူလမ်းကြောင်း က ကောင်းကောင်း စုပ်ယူနိုင်မှာပါ။

ချက်နည်း (အကြမ်းဖျင်း)

- ရေနွေးဆူအောင် တည်ပါ
- Quinoa (ခင်းဝါ) ထည့်ပါ
- ဆားအနည်းငယ် ထည့်ပါ
- ၁၅-၂၀ မိနစ် ပြုတ်ပါ
- ဒါဆို စားလို့ရတဲ့ အနေအထားရပါပြီ။
အဲ့နောက်ပိုင်းမှ ထမင်းကြော်ပုံစံ လို ကြော်စားတာ၊ သုတ်စားတာ စတာတွေ လုပ်နိုင်ပါတယ်။

နောက်ပိုင်း လုပ်နည်းတွေ တင်ပေးပါအုံးမယ်

ကျွန်တော် ဒီ အစီအစဉ် လုပ်ရတဲ့ အကြောင်းအရင်းကတော့ ကျွန်တော်တို့ စားနေကြ အစားအသောက်တွေ ထဲ ကမှ ကျန်းမာရေးအတွက် ပို ညီညွှတ်တဲ့ အစားအစာ တွေ ဝယ်ဖို့ဘအထောက်အကူ ဖြစ်စေရန် အတွက် ဖြစ်ပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

❇️Chia seed ❇️ချီယာစေ့❇️           ✅သဘာဝဖြည့်စွက်အစာ( Superfood)✅    📣ချီယာစေ့တွင် ပါဝင်သော ခန္ဓာကိုယ်အတွက်အကျိုးပြု ဗို...
29/01/2021

❇️Chia seed ❇️ချီယာစေ့❇️

✅သဘာဝဖြည့်စွက်အစာ( Superfood)✅

📣ချီယာစေ့တွင် ပါဝင်သော ခန္ဓာကိုယ်အတွက်အကျိုးပြု ဗိုက်တာမင် နှင့် သတ္ထုဓာတ်များစွာမှ အောက်ဖော်ပြပါ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာကို ရရှိနိုင်ပါသည်👇👇

💚ဆီးချို/သွေးတိုးကျစေခြင်း
💚ဗိုက်အဆီကျစေခြင်း
💚ကိုယ်အလေးချိန်ကျစေခြင်း
💚သွေးတွင်း မလိုအပ်သောအဆီများကို လျှော့ချပေးခြင်း
💚နှလုံးကျန်းမာရေးအတွက်ကောင်းစေခြင်း
💚ကိုယ်ခံစွမ်းအားကောင်းစေခြင်း
💚ကိုယ်တွင်းဇီဝကမ္မဖြစ်ကို တိုးတက်စေခြင်း
💚အသားအရေ စိုပြေလှပစေခြင်း
💚အရွယ်တင်နုပျိုလှပစေခြင်း
💚အစာအိမ်အူလမ်းကြောင်းအားအထောက်အကူပြုခြင်း
💚ဝမ်းချုပ်ခြင်းမှသက်သာစေခြင်း

👉သုံးစွဲရန်အညွှန်း👈
ချီယာစေ့ ထမင်းစားဇွန်း(၁)ဇွန်းမှ(၃)ဇွန်းအထိကိုရေ(၁)လီတာ(သို့)ရေတစ်ခွက်ထည့်ပြီး(၁၅-၃၀)မိနစ်ခန့်စိမ်ထားပါ အစေ့များရေမှာပွလာပါလိမ့်မည်
👌တစ်နေ့(၃-၄)ကြိမ်ခန့် အစာမစားမီသောက်နိုင်ပါသည်

🥛☕🧋🍹ဖျော်ရည်အမျိုးမျိုး နွားနို့ ,အုန်းရေ ,ဒိန်ချဉ်, ကော်ဖီ တို့နှင့်လည်းတွဲဖက်သောက်သုံးနိုင်ပါသည်

🍞🍵🍨ပေါင်မုန့် , ကွေကာအုတ်,ရေခဲမုန့် ,အသုတ် စသည့်တို့ပေါ်တွင် အစေ့အတိုင်း ဖြူး၍ စားသုံးနိုင်ပါသည်ရှင်

❌ဓာဒုဗေဒ ဆေးဝါး များဖြင့်စီမံဖော်စပ်ထားသော အဆီကျဆေး မဟုတ်ပါ
💯% သဘာဝ အစွမ်းထက် စားသောက်ကုန်ဖြစ်ပါသောကြောင့်

💯% ယုံကြည်စိတ်ချစွာမှာယူသုံးစွဲနိုင်ပါသည်

📞🤙 0832222606, 09673324441

29/01/2021

Address

Pa Paw Street
Loikaw

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Larkspur -wellness shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share