𝘏𝘵𝘰𝘰 𝘛𝘩𝘪𝘵𝘴𝘢𝘳 𝘗𝘩𝘢𝘳𝘮𝘢𝘤𝘺

  • Home
  • Myanmar
  • Loikaw
  • 𝘏𝘵𝘰𝘰 𝘛𝘩𝘪𝘵𝘴𝘢𝘳 𝘗𝘩𝘢𝘳𝘮𝘢𝘤𝘺

𝘏𝘵𝘰𝘰 𝘛𝘩𝘪𝘵𝘴𝘢𝘳 𝘗𝘩𝘢𝘳𝘮𝘢𝘤𝘺 We post about medicine, drug and health

အမျိုးသမီးများအသုံးများတဲ့ဆေး++++++++++++++++++ယခင် post က မိတ်ဆွေများ comment များမှာ မန့်ကြတဲ့ ဆေးတစ်မျိုးဖြစ်တဲ့ mefe...
17/05/2022

အမျိုးသမီးများအသုံးများတဲ့ဆေး
++++++++++++++++++
ယခင် post က မိတ်ဆွေများ comment များမှာ မန့်ကြတဲ့ ဆေးတစ်မျိုးဖြစ်တဲ့ mefenamic acid အကြောင်းကို သေချာနားလည်အောင် တင်ပေးလိုက်ပါတယ်။ လက်တွေ့သောက်နေကြပေမဲ့ ဆေးနဲ့ပတ်သတ်ပြီး ကိုယ်မသိသေးတဲ့ အချက်များကို သိရှိနားလည်သွားတဲ့အတွက် အကျိုးများမယ်လို့ ယုံကြည်ပါတယ်။

acid ( အကိုက်အခဲပျောက်ဆေး)

ဆေးအမျိုးအစား
***************
အမျိုးသမီးများမှာ အသုံးများတဲ့ဆေးဖြစ်တယ်။ ရာသီလာစဉ် ကိုက်ခဲတာကို သက်သာစေတဲ့ အကိုက်အခဲပျောက်ဆေးဖြစ်တယ်။ အခြားနာကျင်ကိုက်ခဲမှု့များကိုလည်း သက်သာစေတယ်။

ဆေးရဲ့အာနိသင်
***************
နာကျင်မှု့ကိုဖြစ်ပေါ်စေတဲ့ hormone ထွက်တာကို တားပေးတယ်။ နာကျင်မှု့ကို သက်သာစေတယ်။ သားအိမ်ကြွက်သားကျုံခြင်း၊ ညှစ်ခြင်းကို လျော့နည်းစေတယ်။ ရာသီလာချိန် ကိုက်ခဲနာကျင်တာကို သက်သာစေတယ်။ ရာသီသွေးဆင်းများကိုလည်း လျော့ပါးစေတယ်။ အရိုးအဆစ်နာကျင် ကိုက်ခဲတာ ကိုလည်း သက်သာစေတယ်။ ခေါင်းတခြမ်းကိုက်၊ သွားကိုက်သွားနာ၊ ခွဲစိတ်ပြီး နာကျင်တာ၊ ကလေးမီးဖွားပြီး နာကျင်တာတွေကိုလည်း သက်သာစေတယ်။

ဆေးပမာဏ
************
250mg နဲ့ 500mg ဆိုပြီး (၂) မျိုးရှိတယ်

အားသာချက်
************
အခြားအကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့ Diclofenac sodium, Ibuprofen တို့နဲ့ယှဉ်ရင် အစာအိမ်ကို ထိခိုက်မှု့နည်းတယ်။ ဆေးသောက်ပြီး အာနိသင်ရတာ မြန်တယ်။

ဆေးသောက်နည်း နှင့် သတိထားရမည့်အချက်များ
******************************
နာကျင်ကိုက်ခဲရင် သောက်နိုင်တယ်။ တနေ့ကို ၃ ကြိမ်သောက်နိုင်တယ်။ တစ်ကြိမ်သောက်လို့ သက်သာသွားရင် ဆက်ပြီးသောက်စရာမလို။ (၁) ပတ်ထက်ပိုမသောက်ရ။
အစာအိမ်လေဆေးများဖြစ်တဲ့ Digene, Gelmag, Siloxogen များနဲ့ mefanamic acid ကို တွဲမသောက်ပါနဲ့။ အစာအိမ်လေဆေးများက mefenamic acid ကို ခန္ဓာကိုယ်က စုပ်ယူတာကို နှောင့်ယှက်နိုင်လို့ဖြစ်တယ်။

ဘေးထွက်ဆိုးကျိုးများ
*******************
ရင်ပူမယ်
အစာအိမ်မအီမသာဖြစ်၊
ဝမ်းပျက်ဝမ်းလျော၊
ခေါင်းကိုက်၊
နားအူ တာတို့ဖြစ်နိုင်တယ်။

Mefenamic acid မသောက်သင့်သူများ
*****************************
ပန်းနာရင်ကျပ်ရောဂါရှိသူ
အစာအိမ်မကောင်းသူ၊
နှလုံးခွဲစိတ်ထားသူ၊
နှလုံးရောဂါရှိသူ
အသည်းမကောင်းသူ၊
ကျောက်ကပ်မကောင်းသူ၊
သွေးတိုးရောဂါပြင်းထန်သူ များသတိထားသင့်တယ်။ အထက်ပါရောဂါရှိသူများ သောက်ဖို့လိုအပ်ပါက ဆရာဝန်နဲ့ပြသတိုင်ပင်ပြီးမှာ ဆရာဝန်ညွန်ကြားချက်အတိုင်း သောက်သင့်ပါတယ်။

တွဲမသောက်သင့်သောဆေးများ
***************************
သွေးကျဲဆေး ( warfarin, aspirin )
အရောင်ကျဆေး ( dexamethasone, methyprenisolone )
အခြားအကိုက်အခဲပျောက်ဆေး ( ibuprofen, diclofenac sodium)

ရနိုင်သောဆေးအမည်များ
***********************
Dofenal, Ponstan, Mefenamic acid, Mefenac, Meftal spas, Ponasic
acid

#အကိုက်အခဲပျောက်ဆေး
#ရာသီလာကိုက်ခဲ
#ဒေါက်တာထွန်းမြတ်ဝင်း (ဆေးဝါးပညာ)

 #ထူးသစ္စာဆေးဆိုင်မှာ  🙋‍♀️ Chame' Collagen နဲ့ အဆီကျကော်ဖီလေးတွေ instock ရှိပါသေးတယ်နော်.....
17/05/2022

#ထူးသစ္စာဆေးဆိုင်မှာ 🙋‍♀️ Chame' Collagen နဲ့ အဆီကျကော်ဖီလေးတွေ instock ရှိပါသေးတယ်နော်.....

ထူးသစ္စာ​ဆေးဆိုင်ကို ​အောင်ပန်း ရွာငံစုရပ် ​အောင်မြတ်လမ်း (​စျေး​အ​ရှေ့ တစ်လမ်း) မှာ ​ပြောင်းလဲဖွင့်လှစ်ထားပါတယ် မိတ်​ဟေ...
14/05/2022

ထူးသစ္စာ​ဆေးဆိုင်ကို ​အောင်ပန်း ရွာငံစုရပ် ​အောင်မြတ်လမ်း (​စျေး​အ​ရှေ့ တစ်လမ်း) မှာ ​ပြောင်းလဲဖွင့်လှစ်ထားပါတယ် မိတ်​ဟောင်း မိတ်သစ်များ လာ​ရောက် အား​ပေးနိုင်ပါတယ်နော်......💁🏻‍♀️

ကဆုန်လပြည့် ဗုဒ္ဓ​နေ့မှာ အားလုံး ကိုယ်ကျန်းမာစိတ်ချမ်းသာ နိုင်ကြပါ​စေလို့ ထူးသစ္စာ မိသားစုမှာ ဆုမွန်​ကောင်း​တောင်း​ပေးပါ...
14/05/2022

ကဆုန်လပြည့် ဗုဒ္ဓ​နေ့မှာ အားလုံး ကိုယ်ကျန်းမာစိတ်ချမ်းသာ နိုင်ကြပါ​စေလို့ ထူးသစ္စာ မိသားစုမှာ ဆုမွန်​ကောင်း​တောင်း​ပေးပါတယ်

Address

No-321, Kannarawady Street, Minelone Quarter, Loikaw City
Loikaw

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959450006817

Website

Alerts

Be the first to know and let us send you an email when 𝘏𝘵𝘰𝘰 𝘛𝘩𝘪𝘵𝘴𝘢𝘳 𝘗𝘩𝘢𝘳𝘮𝘢𝘤𝘺 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to 𝘏𝘵𝘰𝘰 𝘛𝘩𝘪𝘵𝘴𝘢𝘳 𝘗𝘩𝘢𝘳𝘮𝘢𝘤𝘺:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram