Linn Thit

Linn Thit ရောဂါရှာဖွေရေး Center

16/01/2024

ဘာရောဂါလည်းဘာဖြစ်တာလည်းဘာခွဲရမှာလည်းမေးလို့ပါရောဂါကပန်ခရိယPancreatitisမှာအကြိတ်တည်လို့ပါဘာကြောင့်ဖြစ်တတ်လည်းဘယ်လိုကာကွယ်ရမလည်းဆိုတာလေးတော့အောက်မှာကိုဖတ်မှတ်ထားသလောက်လေးရေးပေးထားပါတယ်ကိုယ်ကတော့အရမ်းစောစောသိလိုက်ရတာပါဗိုက်နာတိုင်းအစာအိမ်နာတာမဟုတ်ဘူးလို့ပြောချင်ပါတယ်

ပန်ကရိယဆိုတာကတော့ အစာအိမ်အနောက်ဘက်၊ အူသိမ်ဘေးမှာ တည်ရှိလျက်ရှိတဲ့ ခန္ဓာကိုယ်တွင်း အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပါတယ်။ ပန်ကရိယရဲ့ အဓိက လုပ်ဆောင်ချက်တွေကတော့ အစာချေဖျက်ဖို့ အတွက် လိုအပ်တဲ့ အင်ဇိုင်မ်းများ ထုတ်လုပ်ပေးခြင်း၊ ခန္ဓာကိုယ်တွင်း သကြားဓာတ်ကို ထိန်းညှိပေးခြင်းပဲ ဖြစ်ပါတယ်။

ပန်ကရိယဆိုတာကတော့ အစာအိမ်အနောက်ဘက်၊ အူသိမ်ဘေးမှာ တည်ရှိလျက်ရှိတဲ့ ခန္ဓာကိုယ်တွင်း အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပါတယ်။ ပန်ကရိယရဲ့ အဓိက လုပ်ဆောင်ချက်တွေကတော့ အစာချေဖျက်ဖို့ အတွက် လိုအပ်တဲ့ အင်ဇိုင်မ်းများ ထုတ်လုပ်ပေးခြင်း၊ ခန္ဓာကိုယ်တွင်း သကြားဓာတ်ကို ထိန်းညှိပေးခြင်းပဲ ဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ပန်ကရိယ ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ ပန်ကရိယ အနေနဲ့ ပုံမှန်လုပ်ဆောင်နေကြ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်ခြင်း ရှိတော့မှာ မဟုတ်ဘဲ ခန္ဓာကိုယ်အတွက် ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

ပန်ကရိယရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ အဓိကအားဖြင့် အစာအိမ် ဘယ်ဘက် အပေါ်ခြမ်း နာကျင်ခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင် ပန်ကရိယရောင်ရမ်းခြင်းကြောင့် -

အစာမကျေခြင်း
ခန္ဓာကိုယ် အပေါ်ပိုင်း နာကျင်ကိုက်ခဲခြင်း
မူးဝေခြင်း
အော့အန်ခြင်း
ဗိုက်တင်းခြင်း
အကြောင်းပြချက်မရှိ ကိုယ်အလေးချိန် ကျဆင်းခြင်း
ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
ကျို့ထို့ခြင်း
ဖျားနာခြင်းစတဲ့ ဝေဒနာတွေကိုလည်း ခံစားရနိုင်ပါတယ်။
ဒါ့အပြင် နာတာရှည် ပန်ကရိယ ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ အထက်မှာ ဖော်ပြထားတဲ့ ရောဂါတွေ အပြင် အနံ့ဆိုးတဲ့ ဝမ်းအချွဲများသွားခြင်းကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။

ပန်ကရိယရောင်ရမ်းခြင်းကို အမျိုးအစားအားဖြင့် နှစ်မျိုးခွဲခြား သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

ရုတ်တရက် ပန်ကရိယရောင်ရမ်းခြင်း
ရုတ်တရက် ပန်ကရိယရောင်ရမ်းခြင်းကို လူငယ်တွေထက် သက်ကြီးရွယ်အိုတွေ အနေနဲ့ ပိုမိုခံစားရလေ့ ရှိကြပါတယ်။ ရုတ်တရက် ပန်ကရိယရောင်ရမ်းခြင်းကို အဓိအားဖြင့် သည်းခြေကျောက်တည်ခြင်းကြောင့် ခံစားရလေ့ ရှိကြပါတယ်။ တကယ်လို့ သည်းခြေကျောက်တည်ခြင်းကို ခံစားနေရတဲ့အပြင် ဆေးလိပ်၊ အရက်တို့ကိုပါ စွဲမြဲစွာ သုံးစွဲခဲ့မယ် ဆိုရင်တော့ ရုတ်တရက် ပန်ကရိယရောင်ရမ်းခြင်းကနေ အမြဲတမ်း ပန်ကရိယရောင်ရမ်းခြင်း အဖြစ် ပြောင်းလဲခံစားရနိုင်ပါတယ်။

နာတာရှည် ပန်ကရိယရောင်ရမ်းခြင်း
နာတာရှည် ပန်ကရိယရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ ပန်ကရိယ ပျက်စီးခြင်းကို ဖြစ်ပွားစေနိုင်ပြီး အင်ဆူလင် လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်း မရှိတဲ့ ပြဿနာနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ အင်ဆူလင်ဓာတ်ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးခြင်းပဲ ဖြစ်ပါတယ်။ တကယ်လို့ ပန်ကရိယ အနေနဲ့ လုံလောက်တဲ့ အင်ဆူလင်ပမာဏကို ထုတ်လုပ်ပေးနိုင်ခြင်း မရှိတဲ့ အခါမှာ ဆီးချိုရောဂါ ဖြစ်ပွားမှုကို ခံစားရနိုင်ပါတယ်။

ပန်ကရိယ ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

သည်းခြေကျောက်တည်ခြင်း
အဝလွန်ခြင်း
ဆေးလိပ်နဲ့ အရက် အလွန်အကျွံ သောက်သုံးခြင်း
အချို့သော ဆေးဝါးများ သောက်သုံးခြင်း
ပန်ကရိယကင်ဆာ ခံစားနေရခြင်း
ပန်ကရိယမှာ ရောဂါပိုး ကူးစက်ခံရခြင်း
ဝမ်းဗိုက်တစ်ဝိုက် ထိခိုက်ဒဏ်ရာရခြင်း
သွေးတွင်း (Triglycerides) ဓာတ် လွန်ကဲခြင်း
ပန်ကရိယရောင်ရမ်းခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

အနီရောင် အသားများ၊ ဆီကြော်မုန့်များ အလွန်အကျွံ စားသုံးမှုကို ရှောင်ကြဥ်ခြင်း
အဆီများတဲ့ နို့ထွက်ပစ္စည်းများ အလွန်အမင်း စားသုံးမှုကို ရှောင်ကြဥ်ခြင်း
အချိုဓာတ် လွန်ကဲတဲ့ အစားအစာများ စားသုံးမှုကို ထိန်းညှိခြင်း
ဆေးလိပ်နဲ့ အရက်ဖြတ်ခြင်း
ရေဓာတ် ဖြည့်တင်းပေးခြင်း
ခန္ဓာကိုယ် အလေးချိန်ကို ထိန်းညှိခြင်း
ဆရာဝန် ညွှန်ကြားချက်အတိုင်း ဗီတာမင် ဖြည့်စွက်အားဆေးများ သောက်သုံးခြင်း

ကင်ဆာတစ်မျိုးနှင့်တစ်မျိုးမတူကြပဲ မုန့်ချိုအိတ်ကင်ဆာကဲ့သို့သော ပိုမိုပြင်းထန်သည့်ကင်ဆာများသည် ပို၍ခက်ခဲသည်။ မုန့်ချိုအိတ်ကင်ဆာကြောင့် တစ်နှစ်လျှင် လူဦးရေ ၃၀ဝ၀ဝ၀ ကျော်သေဆုံးနေရပြီး အထူးသဖြင့် ဥရောပ၊ မြောက်အမေရိကနှင့် ဂျပန်ကဲ့သို့ တိုးတက်သည့်နိုင်ငံများတွင် ပိုဖြစ်ပွားသည်။

ရောဂါရှာဖွေရာခြင်း၏ အခက်အခဲများ

စောစီးစွာရောဂါရှာဖွေသိရှိခြင်းသည် ကင်ဆာကုသရေးတိုးတက်မှုအတွက် အဓိကကျသောအချက်တစ်ခုဖြစ်သည်။ အစောပိုင်းအဆင့်များတွင် ကင်ဆာကို သိရှိရပါက ပျက်စီးမှုနည်းမည်ဖြစ်ပြီး ကင်ဆာကျိတ်အားခွဲထုတ်ခြင်းအပါအဝင် ကုသနိုင်သည့်နည်းလမ်းများလည်း ပိုရှိမည်။ သို့ပါက လူနာများအတွက်ကောင်းကျိုးရမည်ဖြစ်ပြီး ကင်ဆာအခြားနေရာများသို့ ပျံ့နှံ့နိုင်မှုလည်း နည်းပါးမည်။

မုန့်ချိုအိတ်ကင်ဆာကို စောစီးစွာသိရှိရန် စိန်ခေါ်မှုများနှင့် အတားအဆီးများရှိနေဆဲဖြစ်သည်။ ကင်ဆာပထမအဆင့်တွင် ရောဂါရှိမှန်းသိရှိရသည်မှာ ၁၀ မှ ၁၅% လောက်သာရှိသည်။ ပထမအဆင့်ဖြစ်ပါက ကုသပျောက်ကင်းနိုင်ခြေ ၇၀% အထက်ရှိသည်။ လူနာတစ်ဝက်ကျော်လောက်တွင် ရောဂါသည်အဆိုးရွားဆုံး၊ အခြားပါပျံ့နှံ့နေသည့်အဆင့်ရောက်မှ သိရှိကြသည်။ ဤအခြေအနေတွင် ကင်ဆာသည် မုန့်ချိုအိတ်တွင်သာမက အသည်း၊ ဝမ်းဗိုက်ပိုင်းနှင့် အဆုတ်တို့အထိပါ ပျံ့နှံ့သွားပြီဖြစ်ပြီး အသက်ရှင်ရန်လည်း မလွယ်တော့ပေ။

မုန့်ချိုအိတ်ကင်ဆာရောဂါရှာဖွေရာတွင် စိန်ခေါ်မှုရှိနေသော အခက်အခဲများမှာ -

အစောပိုင်း လက္ခဏာမပြခြင်း - မုန့်ချိုအိတ်ကင်ဆာသည် အစောပိုင်းအဆင့်တွင် လက္ခဏာမပြပဲ သို့မဟုတ် လက္ခဏာအနည်းငယ်ဖြင့်သာ ပိုမိုဆိုးရွားလာပြီး သိသာသောလက္ခဏာများပြလာချိန်တွင် ရောဂါသည် နောက်ဆုံးအဆင့်ရောက်နေပြီး အခြားအင်္ဂါများသို့လည်း ပျံ့နှံ့နေပြီဖြစ်သည်။
ပြတ်သားထူးခြားမှုမရှိသော လက္ခဏာများ - မုန့်ချိုအိတ်ကင်ဆာလက္ခဏာများဖြစ်သည့် အသားဝါခြင်း၊ ဗိုက်နာခြင်း၊ လေပွခြင်း၊ ခါးကျောနာခြင်း၊ ဘာကြောင့်မှန်းမသိပဲ ကိုယ်အလေးချိန်ကျခြင်းတို့သည် ထူးထူးခြားခြားမဟုတ်၊ အခြားကင်ဆာလက္ခဏာများလောက်မဆိုးရွားပဲ အခြားရောဂါများတွင် တွေ့ရတတ်သော လက္ခဏာများပင် ဖြစ်နေသည်။ ထို့ကြောင့် အဆိုပါလက္ခဏာများကို သတိထားမိသည့်တိုင် လူနာသည် အရေးပေါ်သွားရောက်စစ်ဆေးသင့်သည်ဟု မထင်ပေ။ မုန့်ချိုအိတ်ကင်ဆာအတွေ့အကြုံနည်းသော၊ မရှိသော ဆရာဝန်များအနေဖြင့် အဆိုပါလ က္ခဏာများသည် ထပ်မံစစ်ဆေးသင့်သောအရာများဟုမထင်ပဲ ကင်ဆာဖြစ်နေမှန်းမသိ လွတ်သွားတတ်သည်။
အလွယ်တကူကြိုတင်စစ်ဆေးမှု မပြုလုပ်နိုင်ခြင်း - ဆီးကြိတ်ကင်ဆာအတွက်ဆိုလျှင် PSA ကို သွေးဖောက်စစ်ဆေးခြင်း၊ ရင်သားကင်ဆာဆိုလျှင် ရင်သားဓါတ်မှန်ရိုက်ခြင်းစသည်တို့သည် လက္ခဏာမရှိသည့်သူများတွင်ပင် ကြိုတင်စစ်ဆေးမှုအနေဖြင့်ပြုလုပ်နိုင်သည်။ အဆိုပါစစ်ဆေးမှုများသည် လွယ်ကူ၊ မြန်ဆန်ပြီး လူအများစုလည်း တတ်နိုင်ကြသည်။ မုန့်ချိုအိတ်ကင်ဆာအတွက် အပေါ်ယံအလွယ်ကူနည်းဖြင့် သွေး၊ တံတွေး၊ ဝမ်းတို့မှတဆင့် စစ်ဆေးခြင်းနည်းများ အတိုင်းအတာတစ်ခုအထိ ထွက်ပေါ်လာနေပြီဆိုသော်လည်း ထပ်မံပြုလုပ်ရဦးမည်ဖြစ်သည်။
ရောဂါရှာဖွေသည့်နည်းလမ်းများနှင့် ဖြစ်စေနိုင်သည့်အရာများ

မုန့်ချိုအိတ်ကင်ဆာဖြစ်ရခြင်းအကြောင်းရင်း သေချာမသိသော်လည်း အောက်ပါအချက်များသည် ရောဂါဖြစ်စေနိုင်သည့်အချက်များတွင်ပါဝင်သည်။

မိသားစုတွင်ဖြစ်ဖူးခြင်း - မိသားစုထဲမှ တစ်ယောက်ယောက်ဖြစ်ဖူးပါက ဖြစ်နိုင်ချေများသည်။ သွေးပိုနီးလေလေ ဖြစ်နိုင်ချေပိုများလေလေဖြစ်သည်။ အချို့လူနာများတွင် ဖြစ်နိုင်ချေသည် မျိုးရိုးဗီဇရောဂါစုတစ်ခုခုနှင့် ဆက်နွယ်နေတတ်သည်။
ကျန်းမာရေးရာဇဝင် - မုန့်ချိုအိတ်တွင်ရေအိတ်တည်ခြင်း၊ နာတာရှည် မုန့်ချိုအိတ်ရောင်ခြင်းတို့သည် မုန့်ချိုအိတ်ကင်ဆာဖြစ်စေနိုင်သည့် အကြောင်းရင်းများဖြစ်သည်။ မုန့်ချိုအိတ်ရောင်တိုင်း ကင်ဆာတော့ဖြစ်မလာနိုင်ပေ။ အဝလွန်ခြင်းနှင့် အမျိုးအစား ၂ ဆီးချိုတို့သည်လည်း မုန့်ချိုအိတ်ကင်ဆာဖြစ်စေနိုင်သော အကြောင်းများဖြစ်သည်။
နေထိုင်မှုပုံစံ - ဆေးလိပ်သောက်ခြင်းကြောင့် မုန့်ချိုအိတ်ကင်ဆာဖြစ်နိုင်ချေ နှစ်ဆတိုးစေနိုင်သည်။ ခန္ဓာကိုယ်အဆီများခြင်းကလည်း ဖြစ်စေနိုင်သောအကြောင်းတစ်ခုဖြစ်သည်။ အသက်အရွယ်သည်လည်း အကြောင်းရင်းတစ်ခုဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကင်ဆာတွေ့ရှိရသည့် လူနာအများစုသည် အသက် ၆၀ ကျော်များဖြစ်ကြသည်။
စီတီစကင်၊ အမ်အာရ်အိုင်၊ အတွင်းကြည့်မှန်ပြောင်းဖြင့် အာလ်ထရာဆောင်း ရိုက်ခြင်း၊ အပ်ဖြင့်အသားစယူခြင်း

ရောဂါရှာဖွေရာတွင် ဆရာဝန်မှ လူနာ၏ကျန်းမာရေးရာဇဝင်၊ မိသားစုရာဇဝင်များ လေ့လာပြီး ခန္ဓာကိုယ်အားစမ်းသပ်ခြင်းဖြင့် စတင်ပါမည်။ ကင်ဆာဖြစ်နိုင်ချေတွေ့ပါက သို့မဟုတ် မိသားစုထဲတွင်ဖြစ်ဖူးထားပြီး ထပ်မံစစ်ဆေးမှုများပြုလုပ်လိုသည်ဆိုပါက ဆရာဝန်သည် အောက်ပါတို့ကိုညွှန်ကြားနိုင်သည်။

သွေးစစ်ခြင်း - မုန့်ချိုအိတ်ကင်ဆာစစ်ဆေးရန် သီးသန့်သွေးစစ်ရမည့်အရာဟူ၍မရှိပါ။ သင့်ဆရာဝန်သည် သွေးထဲရှိအချို့ပရိုတိန်းဓါတ်များ သို့မဟုတ် မုန့်ချိုအိတ်ကင်ဆာဆဲလ်ထုတ်လုပ်ခြင်းနှင့်ဆက်နွယ်သည့် CA19-9 နှင့် CEA ကဲ့သို့သောအရာများကို စစ်ဆေးနိုင်ပါသည်။ အဆိုပါစစ်ဆေးမှုများဖြင့် မုန့်ချိုအိတ်ကင်ဆာဖြစ်ကြောင်း တပ်အပ်မပြောနိုင်သော်လည်း နောက်ပိုင်း ရောဂါတိုးတက်မှုရှိမရှိ၊ ကင်ဆာရှိနေသောလူနာများတွင် ကုသမှုထိရောက်ခြင်းရှိမရှိတို့အတွက် အသုံးဝင်ပါသည်။(စစ်ဆေးဖြစ်ခဲ့ပါသည်)
စီတီစကင် - စီတီစကင်သည် ခန္ဓာကိုယ်အား အပိုင်းပိုင်းဖြတ်ရိုက်ထားသော အသေးစိတ် ပုံရိပ်များဖန်တီးပေးနိုင်ပါသည်။ စီတီစကင်၏ပုံရိပ်များသည် အရည်အသွေးမြင့်ခြင်း၊ အဝေးရှိ ပြန်ရည်ကျိတ်များနှင့် အခြားအင်္ဂါများအပါအဝင် ကင်ဆာပျံ့နေသောနေရာများအား ရှာဖွေပေးနိုင်ခြင်းတို့ကြောင့် မုန့်ချိုအိတ်ကင်ဆာရှာဖွေရာတွင် စီတီစကင်ကို သုံးလေ့ရှိသည်။(ဒါတော့ရိုက်ဖြစ်ပါတယ်)
အမ်အာရ်အိုင် - အမ်အာရ်အိုင်စကင်သည် ဓါတ်ရောင်ခြည်အစား အားပြင်းသောသံလိုက်ဓါတ်များကိုသုံးပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ အသေးစိတ်ပုံရိပ်များကို ဖန်တီးပေးနိုင်သည်။ သေးငယ်သောအကျိတ်လေးများနှင့် မုန့်ချိုအိတ်ရှိအကျိတ်အမျိုးအစားများ ခွဲခြားခြင်းအပါအဝင် အချို့အခြေအနေများတွင် အမ်အာရ်အိုင်ကို စီတီထက်ပိုသုံးလေ့ရှိသည်။(လက်ထဲမှာစတိးရိုးရှိနေလို့ရိုက်မရပါ)
အတွင်းကြည့်မှန်ပြောင်းဖြင့် အာလ်ထရာဆောင်း ရိုက်ခြင်း (EUS) - EUS သည် အတွင်းကြည့်မှန်ပြောင်းဖြင့် ရောဂါရှာဖွေသည့် ကိရိယာတစ်ခုဖြစ်သည်။ ခန္ဓာကိုယ်အတွင်းပိုင်းအား ထိပ်တွင် အာလ်ထရာဆောင်း တပ်ထားသည့် ကွေးနိုင်၊ ဆန့်နိုင်သောပြွန်ရှည်ဖြင့် စမ်းသပ်စစ်ဆေးခြင်းဖြစ်သည်။ အဆိုပါမှန်ပြောင်းအား လူနာကိုအိပ်ဆေးပေးပြီး ပါးစပ်မှတဆင့် အစာရေမျိုအထိထိုးသွင်းသည်။ အာလ်ထရာဆောင်းသည် အစာအိမ်နှင့်ကပ်နေသော မုန့်ချိုအိတ်၏ပုံရိပ်များကို ပြသသည်။ EUS သည် အထူးသဖြင့် အကျိတ်ငယ်လေးများအား စစ်ဆေးရာတွင် အသုံးဝင်ပြီး အကျိတ်အားအပ်ဖြင့်စုပ်ကာ အသားစယူနိုင်သော အစွမ်းလည်းရှိပါသည်။
အသားစစစ်ဆေးခြင်း - ဓါတ်ခွဲခန်းတွင်စမ်းသပ်စစ်ဆေးရန် ယေဘုယျအားဖြင့် အသားစစစ်ဆေးခြင်း ၂ မျိုးရှိပါသည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း မှန်ပြောင်းဖြင့်အသားစယူခြင်းသည် နည်းလမ်းတစ်ခုဖြစ်ပြီး ဆရာဝန်မှ ဝမ်းဗိုက်အရေပြားမှတဆင့် မုန့်ချိုအိတ်အတွင်း အပ်ဖြင့်စုပ်ယူပြီးလည်း အသားစယူနိုင်ပါသည်။(ဒါလည်းစစ်ဆေးဖြစ်ခဲ့ပါသည်)

ကိုယ်ခန္ဓာအပေါ်ပိုင်း ရင်ဘတ်နှင့်ကျော ညှပ်အောင့်ခြင်း

အစာမကြေခြင်း

ပျို့ခြင်း၊ အန်ခြင်း

ဗိုက်နာခြင်း

ရုတ်တရက် ကိုယ်အလေးချိန်ကျခြင်း

ဗိုက်ထဲတွင် လေပွခြင်း၊ တင်းခံနေခြင်း

ကြို့ထိုးခြင်း

ဆက်လက်ဖတ်ရှုမည်။

ဖျားခြင်း စတာတွေ ဖြစ်ပါတယ်။

သည်းခြေကျောက်

အရက်အလွန်အကျွံသောက်ခြင်း

ဆေးဝါးများ

ပန်ခရိယကင်ဆာ

ဝမ်းဗိုက်ခွဲစိတ်ကုသခြင်း

ရောဂါပိုးဝင်ခြင်း

ဝမ်းဗိုက်ကို ထိခိုက်ခြင်း စတာတွေ ဖြစ်ပါတယ်။
အဓိကအားဖြင့် အောက်ပါအစားအစာတွေကို ရှောင်ရပါမယ်။

အနီရောင်အသားများ (ဥပမာ အမဲသား၊ သိုးသား၊ ဝက်သား)

ဆီဖြင့်ကြော်ထားသော အစားအစာများ

အဆီဓာတ်များသော နို့ထွက်ပစ္စည်းများ

သကြားဓာတ်ကဲသော သရေစာများ

အချိုများသော အဖျော်ယမကာများ

ကဖိန်း

အရက် စတာတွေ ရှောင်သင့်ပါတယ်။

အဆီများတဲ့ အစားအစာတွေကို ရှောင်ပြီး ပရိုတိန်းနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများတဲ့ အစားအစာတွေကို စားသုံးသင့်ပါတယ်။ အရည်များများ သောက်သင့်ပါတယ်။
အရက်ကို တတ်နိုင်သမျှရှောင်ခြင်း

ဆေးလိပ်ဖြတ်ခြင်း

ကိုယ်အလေးချိန်ကို ထိန်းခြင်း

အာဟာရဓာတ်များ သင့်တင့်မျှတအောင်စားခြင်း

အမျှင်ဓာတ်များများစားခြင်း စတဲ့နည်းလမ်းတွေက အထောက်အကူပြုပါတယ်

and respect to the original post owner

လင်းသစ် ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွင် အဆင့်မြင့် ကျန်းမာရေးစစ်ဆေးခြင်းများကို စျေးနှုန်းချိုသာစွာဖြင့် တိကျမှန်ကန်သောအဖြေများရရှိအောင် စစ်ဆေးပေးနေပါပြီ

လင်းသစ်ရောဂါရှာဖွေရေးဓာတ်ခွဲခန်း အမှတ် ၂ မြ်ု့သစ် ၂ မတရာမြို့ ဘောလုံးကွင်းအနောက်ဘက် 09771216493

ဖွင့်ချိန် မနက် ၈ နာရီ မှ ည ၈နာရီ အထိ ပိတ်ရက်မရှိ

ဒီတလော ကျန်းမာရေးတွေ သိပ်ချူချာတာပဲဟိုနားက နာလိုက်၊ ဒီနားက ကိုက်ခဲလိုက်နဲ့ 😣တခါတခါ ခေါင်းတွေထိုးကိုက်လိုက်တာမှ လွန်ရောဘာ...
15/01/2024

ဒီတလော ကျန်းမာရေးတွေ သိပ်ချူချာတာပဲ

ဟိုနားက နာလိုက်၊ ဒီနားက ကိုက်ခဲလိုက်နဲ့ 😣

တခါတခါ ခေါင်းတွေထိုးကိုက်လိုက်တာမှ လွန်ရော

ဘာရောဂါမှန်းကို မသိတော့ပါဘူး 😓

ဒီလိုစကားတွေ ပတ်ဝန်းကျင်မှာ ကြားနေရပြီဆို

သင်လည်း အသက်တွေ မငယ်တော့ဘူးနော်

ကျွမ်းကျင် ဆေးပညာရှင်တွေရဲ့အဆိုအရ

အသက် (၄၀) ကျော်တာနဲ့ အနည်းဆုံး

တစ်နှစ် တစ်ကြိမ် ကျန်းမာရေးစစ်ဆေးဖို့

လိုအပ်တယ်လို့ ဆိုပါတယ်



ဒီလို ခန္ဓာကိုယ်ရဲ့ အဖြစ်အပျက်တိုင်းကို

ဘာရောဂါဖြစ်နေမှန်းကို မသိဘူး ဆိုတာနဲ့ပဲ ဖြေသိမ့်နေရင်

ကြာတဲ့အခါ တဖြည်းဖြည်း ပိုဆိုးလာဖို့ပဲရှိတာမို့ 😥

ကျန်းမာရေးပြဿနာတွေကို ခေတ်မှီစက်ကိရိယာများနဲ့

တိကျမှန်ကန်စွာ စစ်ဆေးအဖြေရှာပေးနေတဲ့ လင်းသစ် ရောဂါရှာဖွေရေးက
မတရာမြို့အမှတ်၂ မြို့သစ် ၂မာ

လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ

သွားရောက် ခံယူနိုင်တဲ့အကြောင်း

သတင်းကောင်း ပါးလိုက်ပါရစေနော်









#လင်းသစ် 09771216493

အဆစ်အမြစ်တွေ ကိုက်ခဲပြီး နေထိုင်ရခက်လွန်းလို့ ဆေးခန်းသွားပြတဲ့အခါ အကြောင်းအရင်းကို အဖြေရှာဖို့ လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ...
09/01/2024

အဆစ်အမြစ်တွေ ကိုက်ခဲပြီး နေထိုင်ရခက်လွန်းလို့ ဆေးခန်းသွားပြတဲ့အခါ အကြောင်းအရင်းကို အဖြေရှာဖို့ လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ရပါတယ်။ ဒီလိုစစ်ဆေးဖို့ ပြောတဲ့အခါ ဘာကြောင့် စစ်ခိုင်းမှန်း ကောင်းကောင်းသိကြတဲ့သူတွေရှားပါတယ်

ဒီအထဲမှာ A*O လို့ခေါ်တဲ့ Anti-Streptococcal-O Antibody အကြောင်းလေးပြောပြချင်ပါတယ်။ကျွန်တော်တို့ ခန္ဓာကိုယ်ထဲကို Streptococcus ဆိုတဲ့ Bacteria ဝင်တဲ့အခါ ခန္ဓာကိုယ်ဘက်က တုံ့ပြန်တဲ့အနေနဲ့ A*O Antibody တွေကို ထုတ်ပေးလိုက်ပါတယ်။

Streptococcus ပိုးဝင်ပြီးနောက် ထွက်လာတဲ့ Antibody တွေက မိမိ ခန္ဓာကိုယ်ရဲ့ အဆစ်တွေကို ပြန်လည် တိုက်ခိုက်ခြင်းကြောင့် အဆစ်အမြစ်တွေနာတာကို ပိုးလေးဘက်နာ(Rheumatic Fever)လို့ ခေါ်ပါတယ်။

လေးဘက်နာကြောင့် အဆစ်အမြစ်တွေ နာတဲ့အခါ မခံမရပ်နိုင်အောင် နာပါတယ်။ အဆစ်တွေ ရောင်ကိုင်းပြီး လှုပ် မရလောက်အောင် နာတတ်ပါတယ်။ အဆစ်တစ်ခုပြီး တစ်ခု နာလေ့ရှိပြီး တစ်ခုမှာ နည်းနည်း သက်သာလာတဲ့အချိန် နောက်တစ်ခုမှာ စပြီးနာတာမျိုး စသဖြင့် အဆစ်တွေ လှည့်ပြီး နာလေ့ရှိပါတယ် 😣

နာတဲ့အခါမှာ မခံမရပ်နိုင်အောင် နာပေမယ့် ပျောက်သွားရင်လည်း နာတာရှည် အဆစ်နာတဲ့ပြဿနာကျန်မနေဘဲ လုံးဝ ပြန်ကောင်းသွားလေ့ရှိပါတယ်။ လေးဘက်နာမှာ အဖြစ်အများဆုံးဟာ အဆစ်အမြစ်ရောင်ခြင်းဖြစ်ပေမယ့် နှလုံးရောင်ခြင်းအထိပါ ဖြစ်နိုင်တာကိုလည်း သတိပြုသင့်ပါတယ်။ နှလုံးရောင်တဲ့အထိ ဖြစ်တဲ့လူနာတွေဟာ မောပန်းတာ၊ နှလုံးနာတာ၊ ခြေထောက်ရောင်ပြီး အမောဖောက်တာ စတဲ့ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။ 😢

တစ်ခုရှိတာက A*O တက်နေတိုင်းလည်း ပိုးလေးဖက်နာဖြစ်နေတယ်လို့ တရားသေပြောလို့ မရနိုင်ပါဘူး... ဒီA*O Antibody တွေ များနေရင် Streptococcus ပိုးဝင်ထားတယ်လို့ သတ်မှတ်နိုင်ပါတယ်။ Rheumatic fever လို့ နာမည်တပ်ဖို့ကတော့ ဆရာဝန်တွေက အပေါ်မှာရေးထားတဲ့ အဆစ်နာတဲ့အတိုင်း နာတာရယ် နှလုံးရောင်တဲ့ လက္ခဏာတွေရှိတဲ့အပြင် A*O Level မြင့်တတ်နေမှ သတ်မှတ်တာဖြစ်ပါတယ်

ပိုးလေးဘက်နာက ကလေးအရွယ်နဲ့ လူငယ်ပိုင်းမှာ အဖြစ်များပါတယ်။ ဒါ့ကြောင့် သက်ကြီးလူနာတွေ အဆစ်အမြစ်ရောင်တဲ့အခါ ဆရာဝန်တွေက လေးဘက်နာရောဂါထက် တခြားရောဂါတွေကို ပိုပြီး သံသယထားစစ်ဆေးခိုင်းတတ်ပါတယ်

ဒီလောက်ဆို အဆစ်ရောင်တာကို ဘာလို့ သွေးစစ်ခိုင်းလဲဆိုတာ နားလည်သွားလောက်မယ်ထင်ပါတယ်။ ကျွန်တော်တို့ လင်းသစ်အဆင့်မြင့် ရောဂါရှာဖွေရေး စင်တာ မှာလည်း လေးဘက်နာ၊ အဆစ်အမြစ်ရောင် ရောဂါတွေနဲ့ ပတ်သက်လာရင် A*O Test သာမက၊ RA (Rheumatoid Arthritis) နဲ့ Uric Acid Test တွေပါ စစ်ဆေးလို့ရပြီဖြစ်တဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်

08/01/2024

မှတ်ပုံတင်လုပ်ဖို့သွေးစစ်ချင်တဲ့သူတေ
Blood groupသိချင်တဲ့သူတေ...အားလုံးကို
မင်မင်တို့လင်းသစ်ကနေအလကားစစ်ပေးပါတေရှင့်😍

လေးဘက်နာပိုး
အဆီဓာတ်
Bပိုး
Cပိုး.....စတဲ့ရောဂါလက္ခဏာများ

ပြည်ပထွက်ဖို့...medical check up လုပ်ချင်တဲ့သူတေလည်း package အနေနဲ့စျေးနှုန်းချိုသာစွာလုပ်ပေးကြောင်းသတိပေးအပ်ပါတေရှင့်😘😘😘

ဓာတ်ခွဲခန်းမှကြိိုဆိုပါတေရှင့်😍😍

Lipid Profile              Lipid profile ဆိုတာ လူ့ခန္ဓာကိုယ်ထဲက အဆီကို စစ်တာဖြစ်ပါတယ် အဆီဆိုတာ ခန္ဓာကိုယ်အတွက် စွမ်းအင်သ...
07/01/2024

Lipid Profile

Lipid profile ဆိုတာ လူ့ခန္ဓာကိုယ်ထဲက အဆီကို စစ်တာဖြစ်ပါတယ် အဆီဆိုတာ ခန္ဓာကိုယ်အတွက် စွမ်းအင်သိုလှောင်ခြင်း၊hormonesထိန်းညှိပေးခြင်း၊အာဟာရတွေပို့ဆောင်ပေးခြင်းတို့ကို လုပ်ဆောင်ပါတယ် မြန်မာစကားပုံတခုလိုပါပဲ "တန်ဆေးလွန်ဘေး"ဆိုသလို အဆီဟာလည်း လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ပမာဏရှိရင် အသုံးဝင်ပေမယ့် များလာရင်တော့ ဆိုးကျိုးတွေ ပေးလာပါတယ်
Lipid များလာရင် ဘာဖြစ်မလဲ
အဆီတွေများလာရင် သွေးကြောတွေ အဆီပိတ်သွားပြီး သွေးကြောတွေ ပျက်ဆီးလာတယ် သွေးတိုးရောဂါ၊ဆီးချိုရောဂါတို့ကို ပိုဆိုးစေပြီး နှလုံးရောဂါနဲ့ လေဖြတ်ခြင်း တို့ကို ဖြစ်စေနိုင်ပါတယ်
ဘယ်လိုလူမျိုးတွေ စစ်သင့်လဲ
၁။သေွးတိုးရောဂါရှိသူများ
၂။သေွးချိုဆီးချိုရောဂါရှိသူများ
၃။အဝလွန်သူများ
၄။ဆေးလိပ်သောက်သူများ
၅။လေ့ကျင့်ခန်းပုံမှန်မလုပ်သူများ
၆။အဆီစားများသူများ
၇။စိတ်ဖိစီးမှုများသူများ
၈။သေွးအဆီပမာဏတက်ဖူးသူများ
၉။နှလုံးရောဂါရှိသူများ စစ်ဆေးသင့်ပါတယ်
အဆီဘယ်နှမျိုးရှိလဲ
အဆီဟာ ပုံမှန်အားဖြင့် ၄မျိုးခွဲခြားစစ်ဆေးပေးပါတယ်
၁။Total cholestrol
၂။Triglycerides
၃။HDL cholestrol
၄။LDL cholestrol တို့ဖြစ်ပါတယ်
HDL cholesterol ဟာ ခန္ဓာကိုယ်အတွက်ကောင်းတဲ့အဆီဖြစ်ပြီး ကျန်အဆီများကတော့ မကောင်းတဲ့အဆီဖြစ်ပါတယ်
Total cholestrol ဟာ 200 mg/dlထက်နည်းရပါမယ် Triglyceride ဟာ 150 mg/dlထက်နည်းရပါမယ် HDL cholesterol ဟာ 40 mg/dlထက်များရမှာ ဖြစ်ပြီး LDL cholesterol ဟာ 130 mg/dlထက်နည်းရမှာ ဖြစ်ပါတယ်
အဆီစစ်ဆေးဖို့လိုအပ်သူများဟာ ဆရာဝန်ညွှန်ကြားချက်အရ အစာမစားပဲသွေးဖောက်စစ်ဆေးရတာမျိုးလည်းရှိပါတယ်
ကာကွယ်ခြင်းဟာ အထိရောက်ဆုံးကုသမှုဖြစ်တာကြောင့် ပုံမှန်စစ်ဆေးပေးနေခြင်းဖြင့် ဖြစ်လာမယ့်ရောဂါတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ် ပုံမှန်စစ်ဆေးသင့်တဲ့ သွေးစစ်ချက်များထဲမှာ Lipid profile အဆီစစ်ဆေးခြင်းလည်း ပါဝင်ပါတယ်
Lin thit ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွင် အဆင့်မြင့် ကျန်းမာရေးစစ်ဆေးခြင်းများကို စျေးနှုန်းချိုသာစွာဖြင့် ပိတ်ရက်မရှိ ဓာတ်ခွဲပညာရှင်များကိုယ်တိုင်ဦးစီးပြီး တိကျမှန်ကန်သောအဖြေများရရှိအောင် စစ်ဆေးပေးနေပါပြီ

ဖွင့်ချိန် မနက် ၈ နာရီ မှ ည ၈နာရီ အထိ

အိမ်တိုင်ရာရောက် ဝန်ဆောင်မှုများလည်း မြို့ကနေ ရွာများအထိ ပေးနေပြီမို့လို့ ဖုန်းလေးပဲ ဆက်လိုက်နော် 09771216493

07/01/2024

Dengue haemorrhagic fever
ရောဂါပိုးသည် လူ၏ခန္တာကိုယ်အတွင်း ၀င်ရောက်သည့်အချိန် မှစ၍ (၃)ရက် မှ (၅)ရက် အတွင်း
သွေးထဲတွင် လှည့်ပတ်နေ ပါသည်(Viraemia)။ ယင်းအချိန်တွင်ခြင်ကိုက်ပါက ခြင်၏ ခန္တာကိုယ် အတွင်းသို့ ဗိုင်းရပ်(စ်) ပိုး များ ပါသွားပါသည်။ ယင်း ပိုး များ သည် (၈)ရက်မှ(၁၀)ရက်အတွင်း၊ အကောင်များပွားများ (Multiplication of Dengue Virus) လာကာ၊ ယင်းခြင်က နောက်တစ်ဦးကို ကိုက်သည့်အခါ၊ ယင်းလူမှာ ရောဂါကူးစက်ခြင်းခံ ရပါသည်။ ယင်းကဲ့သို့ ကူးစက်ခြင်းကို (Bilogical Transmission) ဟုခေါ်သည်။ တခါတရံ သွေးစုပ်ထားသော ခြင်သည် သွေးကိုမြိုမချမီ၊ ခြင်၏နှာမောင်းအတွင်း၌ ဗိုင်ရပ်(စ်)ပိုး ရှိနေစဉ်ပင် နောက်တစ်ဦးကို ကိုက်လိုက်ပါက ချက်ချင်းကူးစက်မှုခံရတတ်ပါသည်။ ယင်း ကို (Mechanical Transmission) ဟုခေါ်သည်။ ထို့အပြင် ဗိုင်ရပ်(စ်) ပိုးသည် အလွန်များပြားစွာ ပွါးများလာသောကြာင့် ခြင်မ၏ဥအိမ်အတွင်းရှိ “ဥ” များတွင်ပါပြန့်ပွါးလာပြီး “ဥ” မှတဆင့် လည်း ကူးစက်နှိင်ပါသည်။ ထိုကဲ့သို့ကူးစက်ခြင်းကို(trans-ovarian transmission)ဟုခေါ်သည်။
(၁) ရောဂါပိုး သွေးလွန်တုပ်ကွေးရောဂါသည် Arbovirus (ခေါ်) ဗိုင်းရပ်စ်အုပ်စုမှ Dengue Virus ကြောင့်ဖြစ်ပွားပါသည်။ Dengue Virus မှာ Serotype (၄)မျိုးရှိပါသည်။ DEN-1, DEN-2, DEN-3 နှင့် DEN-4 ဟုခေါ်ပါသည်။ Sero type တစ်မျိုးအတွက် ရောဂါ ဖြစ်ပွါး ပါက ၄င်း sero-type တစ်ခု အတွက်သာ ကာကွယ်မှု (immunity) ရပြီး အခြားအမျိုးအစား(sero- type) အတွက် မကာကွယ်နှုိင်ပါ။
(၂) ရောဂါပိုးသယ်ဆောင်သောခြင် Dengue Virus ပိုး ကို ခြင်ကျား(Addes) မျိုးစိတ်က သယ်ဆောင်ပေးပါသည်။ Aedes aegypti သည် အဓိကသယ်ဆောင်ပေးသော ခြင်ဖြစ်ပြီး Aedes albopictus မှာ အချို့ နေရာများတွင် သယ်ဆောင်ပေး ကြောင်း တွေ့ရှိရပါသည်။ Aedes aegypti ကို မြို့များတွင် တွေ့ရှိရပြီး၊ Aedes albopictus မှာမူ တောအရပ် ဒေသ များတွင် တွေ့ရလေ့ရှိပါသည်။
(က) Aedes ခြင်ပေါက်ပွားရာနေရာများ
ခြင်ကျားသည်ရေကြည်၊ရေသန့်၊ရေသေ၊တွင် ပေါက်လေ့ရှိပါသည်။ Aedes aegypti သည်လူတို့ အသုံးပြုရန်ရေသိုလှောင်လေ့ရှိသောနေရာများတွင်လည်းကောင်း၊ လူတို့စွန့်ပစ်သည့် ရေတင်ကျန်နိင်သော အရာဝထ္ထုတို့တွင်လည်းကောင်း ပေါက်ပွားလေ့ ရှိပါသည်။ Aedes albopictus မှာ မူ သဘာ၀အလျောက် မိုးရေတင်ကျန်လေ့ရှိသော နေရာများတွင် ပေါက်လေ့ရှိသည်။ ခြင်ဥမှ ခြင်ကောင်ဖြစ်သည်ထိ (၇)ရက်မှ(၁၀) ရက်ခန့် လိုအပ်ပါသည်။

အိမ်တွင်း/အိမ်ပြင်ခြင်ကျားပေါက်လေ့ရှိသောနေရာများ
(1) သုံးရေ/သောက်ရေထည့်သော မြေအိုး၊ စဉ်အိုး၊တိုင်ကီ၊ သစ်သားစည်၊ ပလပ်စတစ်ပုံး
(2) ကြောင်အိမ်အောက်ခံခွက် ရေခဲသေတ္တာနှင့်Air-condition အောက်တွင် ခံထားသော လင်ပန်းများ
(3) အုတ်ကန်များ (အိမ်သာ၊ ရေချိုခန်း၊ အိမ်ခြံ၀င်းအတွင်းစသည့်) အိမ်ပေါ်တွင် တင်ထား လေ့ရှိ သော အဖုံးဖွင့်နေသည့် ရေစည် ရေကန်များ (over-head tanks)
(4) ဘုရားပန်းအိုး၊ အလှပန်းအိုး၊ နတ်ပန်းအိုးများ အလှစိုက်ထားသော ပန်းအိုး ကြီးများ အောက်တွင် ရေခံရန်ထားသော မြေလင်ပန်းကြီးများ
(5) အချိုရည်ဗူးများ၊ဘီယာဗူးခွံများပလပ်စတစ်ဗူးခွံ၊ ခွက်ခွံများ
(6) (၇)ရက်ထက်ပို၍ ရေထည့်သိုလှောင်ထားသောအရာများ
အိမ်ပြင်ပတွင်ခြင်ကျားပေါက်လေ့ရှိသောနေရာများ
(1) သစ်ပင်အခေါင်းပေါက်၊ ဝါးဆစ်၊ ဝါးပင်အငုတ်၊ အုန်းပင်၊ ငှက်ပျောပင် အလက်များကြား
(2) ရေထည့်သောမြေအိုး၊ စဉ်အိုးကြီးများ သံရေတိုင်ကီများ၊ ကွန်ကရစ်စည်များ၊
(3) စွန့်ပစ်ထားသော ပုလင်းခွံ၊ ဗူးခွံများ၊ ဘတ္တရီအိုးဟောင်းများ၊ တာယာ အဟောင်းများ အုန်းမှုတ်ခွက်၊ အုန်းခွံများ
(4) ရာဘာခြံတွင် ရာဘာအစေးခံသောခွက်များ
(5) အမှိုက်များဖြင့်ပိတ်နေသောရေတံလျောက်များ၊အသုံးမပြုတော့သောနွားစားခွက်များ၊ အသုံးမပြုတော့သောလှေများ
(6) ရေထည့်နိုင်/ရေတင်ကျန်နိုင်၍ခြင်ပေါက်နိုင်သည့်လူတို့ ပြုလုပ်ထားသော အရာအားလုံး
(ခ) ခြင်ကျားကိုက်လေ့ရှိသော အချိန်
ခြင်းကျားသည် အများအားဖြင့် နေ့အချိန် တွင် ကိုက်လေ့ရှိသည်။ အများဆုံး ကိုက်လေ့ရှိသော အချိန်(၂)ချိန် မှာ နံနက်အာရုဏ်တက်စမှ နေထွက်ချိန်ထိ တစ်ချိန်နှင့် ညနေ နေမ၀င်မီအချိန် တို့ဖြစ်ပါသည်။
(ဂ) ခြင်ကျားပျံသန်းနိုင်သည့်အကွာအဝေး
ခြင်းကျားများသည် အနောဖလိစ်ခြင်းများကဲ့သို့ ဝေးဝေးပျံလေ့မရှိပါ။ ၄င်းတို့ပေါက်ပွားရာနေရာမှ (မီတာ၅၀မှ မီတာ၃၀၀) အတွင်းသာ ပျံလေ့ရှိပါသည်။ ခြင်ကျား Aedes aegypti များသည် အိမ်တွင်း၌ပင် နားလေ့ရှိပြီး Aedes albopictus များမှာမူအိမ်ပြင် ချုံပုတ်များနှင့် အပင်များပေါ်တွင် နားလေ့ရှိပါသည်။ ခြင်းကျား များသည် အနက်ရောင်နှင့်အနီရောင်ကို အခြားအရောင်ဖျော့များထက် ပို၍ ကြိုက်နှစ်သက်လေ့ရှိ် ပါသည်။
(၃) သွေးလွန်တုတ်ကွေးရောဂါဖြစ်နိုင်ခြေရှိသောသူ (susceptible Host)
သွေးလွန်တုပ်ကွေးရောဂါသည် အသက်အရွယ်မရွေးကျား/မ မရွေးဖြစ်နိုင်သည့်ရောဂါ တစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ယခင်က အသက် (၁၅)နှစ်အောက် ကလေးများ တွင်သာ ဖြစ်ပွားလေ့ရှိသော်လည်း ယခုအခါ လူကြီးများတွင်ပါ ဖြစ်ပွါးလာကြောင်းတွေ့ရပါသည်။ အသက် (၃)နှစ်မှ (ဂ)နှစ် အရွယ်ကလေးများ တွင်အများဆုံးဖြစ်ပွားသည် ကိုတွေ့ရှိရပါသည်။ သို့ဖြစ်၍ မူကြို မူလတန်းမှ အထက်တန်းကျောင်းသားများ အထိ အထူးဂရုပြုရမည့် အုပ်စုအဖြစ် သတ်မှတ် ရပါသည်။
(၄) သွေးလွန်တုပ်ကွေးရောဂါဖြစ်နိုင်ခြေရှိသော ပတ်၀န်းကျင်(environment)
အဓိကအားဖြင့် သွေးလွန်တုပ်ကွေး ရောဂါသယ်ဆောင်သော ခြင်ပေါက်ပွားနိုင်သည့် အခြေအနေကိုဖေါ်ဆောင်သည့် အပူချိန်၊ မိုးရွာသွန်းမှု၊ စိုထိုင်းဆနှင့် ခြင်ပေါက်ပွားရန် နေရာများ တည်ရှိမှုကို ဆိုလိုသည်။ ပူအိုက်စွတ်စို၍ စိုထိုင်းဆများသော မိုးရာသီတွင်Aedes ခြင်ပေါက်ပွား မှုများပြား သည်ကိုတွေ့ရှိရပါသည်။ မိုးရာသီတွင် မိုးရေတင်ကျန်သော နေရာများ များပြားလာ ခြင်းကြောင့်လည်း ခြင်ပေါက်ပွားမှုများပြားသည်ကို တွေ့ရှိရပါသည်။
၃။ ရောဂါဖော်ထုတ်သတ်မှတ်ခြင်း
လူ၏ ခန္တာကိုယ်ခုခံအား၊ ၀င်ရောက်သည့် Dengue virus ၏ Serotype အမျိုးအစားနှင့် အခြား အချက်များပေါ်မူတည်၍ အောက်ပါအခြေအနေများ ကိုတွေ့ရှိရပါသည်။
(၁) မည်သည့်ရောဂါလက္ခဏာမျှ မပြခြင်း။
(၂) ရောဂါလက္ခဏာပြသော်လည်း အခြားဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်သော အဖျားရောဂါများနှင့်
ခွဲမရဘဲ သွေးယိုစီးမှုမရှိ၊ သာမန်တုပ်ကွေးဖျားကဲ့သို့ ဖျားပြီးပြန်ကောင်းသွားခြင်း။
(၃) သွေး ယိုစီးမှု ရှိ ပြီး ရိုးရိုး ဖျား ခြင်း။
(၄) ဒင်းဂီးသွေးလွန်တုပ်ကွေးရောဂါအဆင့်ဖြစ်ပြီး၊ သွေးလန့်ခြင်းမရှိဘဲ ကောင်းသွားခြင်း သို့မဟုတ် သွေးလန့် ခြင်း မှ သေဆုံးသည်ထိ ဖြစ်ခြင်း။ “Dengue Virus" ကြောင့်ဖြစ်သော အဖျားရောဂါများကို ရောဂါလက္ခဏာ (ClinicalCriteria) အရ အောက်ပါအတိုင်း အဆင့်ဆင့် ခွဲခြား သတ်မှတ်ထားပါသည်။
(က) ဒင်းဂီးအဖျားရောဂါ (Dengue Fever) ။ ။Respiratory infection တို့နှင့်လည်း ဆင်တူပါသည်။ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နှာရည်ယိုခြင်း စသည်တို့ဖြစ်ပြီး ပြန်လည်ကောင်းမွန်သွား တတ်ပါသည်။ တခါတရံ နှာခေါင်း သွေးယိုခြင်း၊ အရေပြား အောက်တွင် အစက်များထွက်ခြင်းတို့ တွေ့ရတတ်သော်လည်း ပြင်းထန်ခြင်း မရှိပါ။
(ခ) သွေးလွန်တုတ်ကွေးအဖျားရောဂါ၊(Dengue Haemorrihagic Fever) ပြင်းထန်မှု အလိုက် အောက်ပါ အတိုင်းအဆင့်ခွဲခြား သတ်မှတ်ပါသည်။
အဆင့်(၁)- လတ်တလောဆက်တိုက်အပြင်းဖျားခြင်း
၂ရက်မှ ၇ရက်ခန့်ဆက်တိုက်အပြင်းဖျားခြင်း (Acute attack of continuous Fever
2-7 days) + Hess test -positive
အဆင့်(၂)- အဆင့်(၁)လက္ခဏာ+ အလိုအလျောက် သွေးယိုစီးခြင်း (spontaneous bleeding)အများအား ဖြင့်အရေပြားတွင် အနီစက်များထွက်ခြင်းနှင့် သွားဖုံး၊နှာခေါင်းတို့မှ သွေးယိုစီးခြင်း တို့ တွေ့ရတတ်သည်။)
အဆင့်(၃)- အဆင့်(၂)+Circulatory Failure (သွေးလှည့်ပတ်မှုကျဆင်းခြင်း)
- လူနာ၏သွေးခုန်နှုန်းမြန်လာခြင်း- Increased pluse rate
- လက်ကောက်၀တ်သွေးကြောမှ သွေးစမ်းသပ်ရာတွင် သွေးခုန်နှုန်းအားနည်းမှုကြောင့် ခက်ခဲစွာစမ်း သပ်ရခြင်း (Decreased Pluse Volume)
- သွေးပေါင်ချိန်ကျလာခြင်း၊
- အပေါ်သွေးနှင့်အောက်သွေးခြားနားချက် ကျဉ်းမြောင်းလာခြင်း၊ (Narrow Pluse Pressure- Difference between systolic & Diastolic Pressure)
ဥပမာ- အပေါ်သွေး ၁၀၀၊အောက်သွေး ၈၀ ဖြစ်ပါက ခြားနားမှုမှာ (၂၀) သာ ရှိပါသည်။ ဤကဲ့သို့ ခြားနားချက်သည် ၂၀မီလီမီတာမာကျူရီသာ ရှိလျင်ဖြစ်စေ၊ ယင်းထက်နည်း လျင်ဖြစ်စေ၊ယင်းလူနာမှာ- Shock ရတော့မည့် အခြေအနေဖြစ်၍ အရေးကြီးသည့်အချိန် ဖြစ်ပါသည်။ (ဥပမာ- သွေးပေါင်ချိန်- ၉၀/၇၀ mmHg)
- လူနာ၏သွေးခုန်နှုန်းမြန်လာခြင်း၊ လက်ကောက်၀တ်သွေးကြောမှ သွေးခုန်နှုန်း စမ်းသပ်
ရာတွင် သွေးခုန်နှုန်းအားနည်းမှုကြောင့် ခက်ခဲစွာစမ်းသပ်ရခြင်း
- ခြေဖျားလက်ဖျားအေးစက်၍ ချွေးစေးများ ပြန်လာပြီ၊ ဂဏာမငြိမ်ဖြစ်လာခြင်း။
အဆင့်-(၄) သွေးခုန်နှုန်းလုံး၀စမ်းသပ်မရတော့ဘဲ သွေးပေါင်ချိန်(Zero-O) ထိကျဆင်းသွားခြင်း၊
(Dengue Shock Syndrome) တို့ဖြစ်ပါသည်။
ဆေးရုံသို့ပို့ရမည်လက္ခဏာများ (Impending Shock)
Dengue Haemorrihagic Fever သွေးလွန်တုတ်ကွေးရောဂါဖြစ်သည့်လူနာများကို အောက်ပါအခြေ အနေမျိုးတွေ့ရှိပါက ဆေးရုံသို့ အမြန်လွှဲပြောင်းပေးပို့ရပါမည်။
၁။ လူနာသည် အစာ၊ ရေမ၀င်နိုင်လောက်အောင် အန်ခြင်း၊
၂။ အန်သည့်အခါ အဖြူရောင်အရည်များအတွင်း၊ ကော်ဖီနှပ်ထားသည့်အရောင်
(အညိုရောင်)အဖတ်များ၊ အမျှင်များပါလာခြင်း၊
၃။ အပြင်းဖျားနေရာမှ အဖျားကျသွားသော်လည်း၊ ကလေးမှာကစားခြင်း၊ စားသောက်ခြင်း
မရှိဘဲ၊ မှိန်းလွန်းခြင်း၊ ဂျီကျ၍ ဂဏာမငြိမ်ဖြစ်ခြင်း၊
၄။ ခြေဖျား၊လက်ဖျားများ အေးစက်၍ ချွေးထွက်စေးထန်းလာခြင်း၊
၅။ ဆီးနည်းလာခြင်း (ပုံမှန်အားဖြင့်တနေကုန်သွားသည့်ဆီးမှာပျှမ်းမျှ-၈၀၀စီစီခန့်ရှိရမည်။
ယင်းထက်နည်းပါက ဆီးနည်းသည်ဟု ဆိုနိုင်ပါသည်။
၆။ သွေးခုန်နှုန်းမြန်ခြင်း၊သွေးခုန်နှုန်းစမ်းသပ်ရခက်ခဲလာခြင်း
၇။ သွေးပေါင်ချိန်ကြည့်ပါက အပေါ်သွေးနှင့်အောက် သွေးခြားနားမှုမှာ ၂၀မီလီမီတာ
မာကျူရီ (သို့မဟုတ်) ယင်းထက်လျော့နည်းနေခြင်း၊ သတိလစ်ခြင်း၊တက်ခြင်း
တို့ဖြစ်ပါသည်။

ယခုအခါတွင်၊ ရောဂါလက္ခဏာများကို-
(1) ဒင်ဂီးအဖျား+အန္ထရယ်လက္ခဏာများDengue+warning signs
(2) ပြင်းထန်ဒင်ဂီးအဖျား-Severe Dengue ဟု ရောဂါပြင်းထန်မှု အလိုက် အဆင့် ခွဲခြား ပါသည်။
ဒင်ဂီးဖြစ်နှိုင်ခြေရှိသောအခြေအနေ(Probable Dengue)
(1) ဒင်ဂီးဖြစ်ပွားလေ့ရှိသောဒေသတွင်နေထိုင်ခြင်း/ထိုဒေသမှပြန်လာခြင်း
(2) ကိုယ်ပူဖျားခြင်း
(3) နှင့် အောက်ပါလက္ခဏာများအနက် (၂)မျိုး ရှိခြင်း
a. ပျို့ခြင်း၊အန်ခြင်း(Nausea and vomiting)
b. အနီစက်များထွက်ခြင်း(Rashes)
c. ကိုက်ခဲနာကျင်ခြင်း(Aches and Pain)
d. HessTest (+ve)
e. သွေးဖေါက်စစ်ဆေးသောအခါသွေးဖြူဥနည်းလွန်းခြင်း(Leucopaenia)
f. အန္ထရယ်လက္ခဏာတစ်ခုခုရှိခြင်း(Any Warning Signs)
g. Dengue test kit ဖြင့်စစ်ဆေးသောအခါ positive (+ve) ဖြစ်သော်လည်း
သွေးယိုစီးသည့်လက္ခဏာမရှိခြင်း တို့ဖြစ်ပါသည်။
အန္တရယ်လက္ခဏာများ။ Warning signs
(1) ဝမ်းဗိုက်နာခြင်းအောင့်ခြင်း/ဝမ်းဗိုက်ကိုဖိလျှင်နာကျင်ခြင်း
(Abdominal pain or tenderness)
(2) ဆက်တိုက်အန်နေခြင်း(Persistant vomitting)
(3) ကိုယ်တွင်းအရည်ကြည် များကြောင့် ရေဝင်ခြင်းလက္ခဏာများ တွေ့ရခြင်း (Clinical fluid accumulation )
(4) ပါးစပ်/နှာခေါင်း စသောအမြှေးပါးများမှသွေးယိုခြင်း(Mucosal bleeding)
(5) မှိန်းခြင်း ဂဏာမငြိမ် ခြင်း (Lethergy/restlessness)
(6) အသဲကြီးခြင်း Liver enlargement(>2cm)
(7) ဓါတ်ခွဲခန်းတွင် သွေးစစ်ဆေးသောအခါ- HCT ပုံမှန်ထက်များပြီး သွေးဥမွှားကလေးများ ပုံမှန်ထက် ရုတ်တရက် လျော့နည်း ခြင်း (Laboratory: Increase in HCT concurrent with rapid decrease in platelets count)
ဤကဲ့သို့အခြေအနေများတွင် အနီးကပ်စောင့်ကြပ်၍ပြုစုကုသရန်လိုအပ်ပါသည်။(strict observation and medical intervention)
ပြင်းထန်ရောဂါအဆင့် (Severe Dengue) တွင် အောက်ပါ အခြေအနေ များတွေ့ရှိနိုင် ပါ သည်။
(1) သွေးရည်ကြည်များပြင်းထန်စွာယိုစီးခြင်း Severe Plasma leakage
(2) သွေး ပြင်းထန်စွာယိုစီးခြင်း Severe haemorrhage
(3) ကိုယ်တွင်းအင်္ဂါများပြင်းထန်စွာပျက်စီးခြင်း Severe organ impairment
သွေးရည်ကြည်များပြင်းထန်စွာယိုစီးခြင်း Severe Plasma leakage ကြောင့် တွေ့နိုင်သော လက္ခဏာများမှာ-
• သွေးလန့်သောလက္ခဏာ(DSS)
• အဆုပ်တွင် ကိုယ်တွင်းအရည်ကြည် များကြောင့် အသက်ရှုကြပ်ခြင်း။
ပြင်းထန်စွာသွေးယိုစီးခြင်း Severe haemorrhage ကြောင့် တွေ့နိုင်သော လက္ခဏာများကို
• ကျွမ်းကျင်သူမှ စမ်းသပ်စစ်ဆေးတွေ့ရှိခြင်း
ကိုယ်တွင်းအင်္ဂါများပြင်းထန်စွာပျက်စီးခြင်း Severe organ impairment တွင်
• အသည်း ပျက်စီးပါက-AST or ALT =

05/01/2024

#တီဘီရောဂါ ( )အကြောင်းသိကောင်းစရာ

မြန်မာနိုင်ငံဟာ TB ရောဂါ အဖြစ်များဆုံး နိုင်ငံ များထဲပါဝင်သလို #ဆေးယဉ်ပါးတီဘီ အဖြစ်များဆုံးနိုင်ငံများထဲမှာလည်းပါဝင်ပါတယ်။
ဘာလို့ ဆေးယဉ်ပါးတီဘီတွေ အဖြစ်များရလဲဆိုရင် ဆေး မှန်မှန်မသောက်၊ သေချာစွာဆေးကုသမှု မခံယူလို့ဖြစ်ပါတယ်။

တီဘီရောဂါဟာ Mycobacteria Tuberculosis လို့ခေါ်တဲ့ ဘက်တီးရီးယား တစ်မျိုးကြောင့်ဖြစ်တာပါ။ အဲဒီပိုးဟာ ခန္ဓာကိုယ်အတွင်းထဲဝင်ရောက်ပြီး ဖြေးဖြေးချင်းပွားကာလူကိုဒုက္ခပေးတာမို့ အင်မတန်သတ်ရခက်ပါတယ်။ ဒါကြောင့်လည်း ဆေး၄မျိုး စသည်ဖြင့် လနဲ့ချီသောက်ရတာဖြစ်ပါတယ်။

တီဘီရောဂါ သည် လေမှတဆင့်ကူးစက်သော ရောဂါ ဖြစ်ပါသည်။
တီဘီရောဂါပိုးရှိသော ဝေဒနာရှင်များမှ ချောင်းဆိုးနှာချေခြင်း၊ ကျယ်လောင်စွာ စကားပြောခြင်းဖြင့် တီဘီရောဂါပိုးလေထဲရောက်ပြီး ရောဂါကူးစက်နိုင်ပါတယ်။

တီဘီရောဂါ သံသယလက္ခဏာများ
-ချောင်း (၂)ပတ်နဲ့အထက်ဆိုးခြင်း
ချောင်းဆိုးလျှင် သလိပ်၊သွေးပါခြင်း
-ညနေပိုင်း တငွေ့ငွေ့ဖျားခြင်း (၂ပတ်နဲ့အထက် )
-အစားအသောက်ပျက်ခြင်း
-အကြောင်းပြချက်မရှိပိန်သွားခြင်း
-ညအခါချွေးအလွန်အကျွံထွက်ခြင်း
-လည်ပင်းအကျိတ်တွေထွက်လာခြင်း
-ဒါ့အပြင်..မိသားစုထဲမှာ တီဘီလူနာရှိခြင်း သို့မဟုတ် တီဘီလူနာနဲ့ အနီးကပ်နေထိုင်ဖူးခြင်း
အဆိုပါ သံသယလက္ခဏာများမှ တစ်ခုခုရှိနေမယ်ဆိုရင် တီဘီရောဂါ ရှိ/မရှိ စစ်ဆေးသင့်ပါတယ်။

တီဘီရောဂါ ဘယ်လိုစစ်ဆေးနိုင်လဲ??

တီဘီရောဂါ ရှိ/မရှိကို
သလိပ်စစ် ဆေးခြင်း
ရင်ဘတ် ဓာတ်မှန်ရိုက်ခြင်း
တီဘီပိုးမွေးခြင်း စတာတွေနဲ့ စစ်ဆေးကြည့်နိုင်ပါတယ်။

တီဘီရောဂါ ပိုမိုဖြစ်နိုင်သူများ
-အာဟာရချို့တဲ့သူ
-ဆေးလိပ်အရက် အလွန်အကျွံသောက်သူ
-ခုခံအားကျဆင်းသူ
-ဆီးချိုရောဂါရှိသူများ၊ အစာအိမ်ဖြတ်တောက်ထားရသူများ
-အသက်ရွယ်ကြီးသူများနှင့် ကလေးများ
-အိမ်နှင့်အလုပ်နေရာ အလင်းရောင်နှင့် လေဝင်လေထွက်ကောင်းစွာ မရရှိသူများ
စသည်တို့ ဖြစ်ပါသည်။

တီဘီဆေးဘယ်လောက် သောက်ကြမလဲ
လူနာသစ်များတွင် တီဘီဆေးကို ဆေး4မျိုး 2လ ဆေး2မျိုး 4လ စုစုပေါင်း 6လ အနည်းဆုံးသောက်ရပါတယ်။
တခါသောက်ဖူးပြီး ပြန်သောက်ရတဲ့ အခြေအနေမှာ 8လ သောက်ရပါတယ်။
အဆုတ် တီဘီအပြင် အူတီဘီ၊ တီဘီဦးနှောက်အမြှေးရောင်၊ အရိုးတီဘီ စသည့် တီဘီများတွင် ဆေးသောက်ရသည့်လ အရေအတွက် ပိုများပါသည်။
ထို့အပြင် TB ဆေး ယဉ်းပါးမှုရှိနေပါက သောက်ရသည့် လ ပမာဏကွာခြားနိုင်ပါသည်။

တီဘီရောဂါသည် စောစောသိ စောစောကုသ၊
တီဘီဆေးတွေကိုလည်း ညွှန်ကြားချက်အတိုင်း ဆေးပတ်လည်အောင် ပုံမှန်သောက်သုံးသွားမယ်ဆိုရင် ပျောက်ကင်းအောင် ကုသနိုင်ပါသည်။

TB ဆေးသောက်ရမှာ ကြောက်ပြီး ဆေးမသောက်ပဲ သေသွားရတဲ့ ဝေဒနာရှင်တွေ ၊ အဲ့ဒီ ဝေဒနာရှင်တွေက ထပ်ဆင့်ကူးပြီး ဝေဒနာခံစားကြရတာတွေ လျော့နည်းအောင် မိမိရဲ့ မိသားစု/ ပတ်ဝန်းကျင်မှာ တီဘီရောဂါ သံသယလက္ခဏာ ခံစားနေရတဲ့သူတွေရှိမယ်ဆိုရင် အမြန်ဆုံး စစ်ဆေးကုသမှုခံယူဖို့ တိုက်တွန်းကြပါစို့။
Copy

တီဘီရောဂါစစ်ဆေးတော့မယ်ဆိုရင် Linn Thitရောဂါရှာဖွေရေးဓာတ်ခွဲခန်းကို သတိရလိုက်ပါ သလိပ်အဖြေနှင့်သွေးအဖြေများကို တရက်အတွင်း ရရှိအောင် ဝန်ဆောင်မှုပေးနေပါပြီ

Linn Thit ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွင် အဆင့်မြင့် ကျန်းမာရေးစစ်ဆေးခြင်းများကို စျေးနှုန်းချိုသာစွာဖြင့် တိကျမှန်ကန်သောအဖြေများရရှိအောင် စစ်ဆေးပေးနေပါပီ

ဖွင့်ချိန် မနက် ၈ နာရီ မှ ည ၈နာရီ အထိ ပိတ်ရက်မရှိ

မဂ်လာပါLinn Thitရောဂါရှာဖွေရေး ဓာတ်ခွဲခန်းမှာနိုင်ငံခြားသွားရန် သွေးစစ်ချင်တဲ့သူများနှင့် အလုပ်ဝင်ရန် သွေးစစ်ချင်သူများမ...
05/01/2024

မဂ်လာပါ
Linn Thitရောဂါရှာဖွေရေး ဓာတ်ခွဲခန်းမှာ
နိုင်ငံခြားသွားရန် သွေးစစ်ချင်တဲ့သူများနှင့် အလုပ်ဝင်ရန် သွေးစစ်ချင်သူများမှတ်ပုံတင်လုပ်ရန်သွေးစစ်ချင်သူများ အသည်းရောင်အသားဝါဘီပိုးစီပိုး စစ်ဆေးလိုသူများ လေးဘက်နာအဆစ်ရောင်ရောဂါစစ်ဆေးလိုသူများအတွက် စျေးနှုန်းချိုသာစွာ ချက်ချင်းအဖြေရရှိနိုင်အောင် ဝန်ဆောင်မှုများပေးနေပါပြီ
09771216493. ဘောလုံးကွငိးအနောက်ဘက် မေတာမြိုင်ကလေးဆေးခန်းအနီး

Address

Madaya

Telephone

+959771216493

Website

Alerts

Be the first to know and let us send you an email when Linn Thit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram