Mind Matters

Mind Matters Mind Matters aims to empower minds, and transform lives through leadership and indigenous knowledge

✨ ၂၀၂၅ နှစ်သစ်မှာ မိမိကိုယ်တိုင်ရော မိမိရပ်ရွာ အသိုင်းအဝိုင်း အတွက်ပါ တိုးတက်ပြောင်းလဲဖို့ ရည်ရွယ်ထားတဲ့ လူငယ်တွေအတွက် အ...
14/01/2025

✨ ၂၀၂၅ နှစ်သစ်မှာ မိမိကိုယ်တိုင်ရော မိမိရပ်ရွာ အသိုင်းအဝိုင်း အတွက်ပါ တိုးတက်ပြောင်းလဲဖို့ ရည်ရွယ်ထားတဲ့ လူငယ်တွေအတွက် အကျိုးရှိမယ့် fellowship program တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ

အဲတာကတော့ Nelis Global က ဦးဆောင်ပြုလုပ်တဲ့ OMLAS - One Million Leaders Asia Fellowship Program ဖြစ်ပါတယ်။ ဒီ program တစ်ခုလုံးက virtual format ဖြစ်ပြီး အချိန်ကာလအားဖြင့် ၂၀၂၅ မတ်လမှ နိုဝင်ဘာလအထိ ၉လကြာမြင့်ကာ သတ်မှတ်ထားတဲ့ phase ၄ခု အတိုင်း ပြုလုပ်သွားမှာပါ 🌏

➡️ phase 1မှာတော့ အရွေးချယ်ခံရတဲ့ fellows များအနေနဲ့ ၂လဝန်းကျင်ခန့် ကြာမြင့်မယ့် online intensive training ကို တက်ရောက်ရမှာပါ (ဒီ training ကတော့ pillar ၄ခုဖြစ်တဲ့ leadership, sustainability, entrepreneurship, personal wellbeing ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ လေ့လာ သင်ကြားခွင့်ရမှာပါ)
➡️ phase 2မှာတော့ fellows တွေက leadership challenge ကို ပါဝင်ရမှာဖြစ်ပါတယ်။ ဒီ challenge မှာတော့ fellows တွေက မိမိcommunity မှ အလားအလာရှိပြီး စိတ်ဝင်စားတဲ့ လူငယ် အယောက်၂၀ခန့် (champions) တွေကို ရှာဖွေမွေးထုတ်ပေးရမှာပါ။ မိမိရဲ့ champions အယောက်၂၀ကို မိမိကိုယ်တိုင်ဖြစ်စေ၊ တခြား fellows များနဲ့ ပူးပေါင်းပြီးဖြစ်စေ empowerment training sessions များ ပြန်ပြုလုပ်ပေးရမှာပါ။
➡️ phase 3မှာတော့ fellowsတွေ champions တွေနဲ့အတူ အောက်တိုဘာလမှာ ကျင်းပမဲ့ OML Summit မှာ virtual/in-person တက်ရောက်ပြီး community project လုပ်နိုင်ဖို့ ပရောဂျက်ရန်ပုံငွေ သို့မဟုတ် ထောက်ပံ့ကြေးရနိုင်ဖို့ အတူကြိုးစားရယူနိုင်မယ့် အခွင့်အရေးကောင်းဖြစ်ပါတယ်။ ဒီအဆင့်မှာပဲ mini grantရရှိခဲ့ပါက community project များကို အတူတကွ အကောင်အထည်ဖော်ခွင့်ရမှာပါ။
➡️ phase 4မှာတော့ fellows champions များအားလုံးနဲ့အတူ graduation dayကိုဆင်နွှဲရမှာဖြစ်ပြီး OML Leaderအနေနဲ့ အသိအမှတ်ပြုခံရမှာဖြစ်ပြီး OML alumniအနေနဲ့ ဆက်လက်ရှိနေမှာဖြစ်ပြီး alumni တစ်ယောက်အနေနဲ့ networking opportunitiesများကို ဆက်လက်ရရှိနေဦးမှာပါ။

ဒီအစီအစဉ်ကိုလျှောက်ထားမယ်ဆိုရင်တော့
📌 အသက် ၁၈-၄၀ အတွင်းဖြစ်ရပါမယ်
📌 အာရှပစိဖိတ်ဒေသအတွင်းရှိ နိုင်ငံတစ်ခုခုမှာ နေထိုင်လျက်ရှိတဲ့ သက်ဆိုင်ရာနိုင်ငံသားဖြစ်ရပါမယ်
📌 အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနိုင်ရပါမယ်
📌 ပညာရေးအရည်အချင်းကန့်သတ်တာမရှိပါဘူး
📌 အဓိက အရေးကြီးဆုံးကတော့ program ကာလ ၉လတာ တစ်လျှောက်လုံးမှာ တက်တက်ကြွကြွ ပါဝင်ပေးနိုင်သူဖြစ်ရပါမယ်

ဒီ programကနေ ဘာတွေရနိုင်မှာလဲ?
✅ ဒီprogram က free of charge (အခမဲ့) တက်ရောက်ခွင့်ရမှာပါ
✅ OMLASရဲ့ pillar ၄ခုအောက်ကနေ နယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင်များ mentors တွေဆီကနေ intensive training များစွာရရှိမှာပါ
✅ မတူညီတဲ့နိုင်ငံအသီးသီးက လူငယ်ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံဖို့ အခွင့်အရေးနဲ့အတူ champions များကိုပါ မွေးထုတ်ပေးနိုင်ဖို့ အခွင့်အရေး
✅ တခြားသော fellowsများနဲ့အတူပူးပေါင်းပြီး ‌ဒေသတွင်း သို့မဟုတ် နိုင်ငံအလိုက် OML Summitများ ဦးစီးကျင်းပနိုင်ခြင်း
✅ Fellow အနေနဲ့‌ရော alumniအနေနဲ့ပါ networking opportunitiesများ ဆက်လက်ရရှိနေဦးမှာပါ။

ဘယ်လိုလျှောက်ရမလဲ?
🔎 OMLAS website https://www.onemillionleadersasia.org/ ကိုသွားပြီး တိုက်ရိုက် လျှောက်ထားနိုင်ပါတယ်။ ပထမဆုံးအနေနဲ့ websiteမှာရှိတဲ့ Information package ကို အသေးစိတ် သေချာဖတ်ပြီးမှ လျှောက်ထားဖို့ အကြံပေးလိုပါတယ်။ လျှောက်လွှာတင်သွင်းဖို့ နောက်ဆုံးရက် (deadline) ကတော့ ၂၀၂၅ ခုနစ် ဖေဖော်ဝါရီလ ၅ရက်နေ့ပဲဖြစ်တာမို့လို့ သတ်မှတ်ရက်အတွင်း အမြန်ဆုံးလျှောက်ထားစေချင်ပါတယ်။

📣 One Million Leaders Asia Fellowship Program application ပိတ်ရန် အချိန် ၅ရက်သာလိုတော့တာကြောင့် application form မတင်ရသေ...
15/01/2024

📣 One Million Leaders Asia Fellowship Program application ပိတ်ရန် အချိန် ၅ရက်သာလိုတော့တာကြောင့် application form မတင်ရသေးပါက http://asia.omlglobal.org/Apply/Fellowship တွင် ဝင်ရောက်ဖတ်ရှု့ပြီး အချိန်မီလျှောက်ထားနိုင်ပါကြောင်း အသိပေးလိုက်ပါတယ် 📝

🟢 OMLAS 2024

📌 Next Leaders’ Initiative For Sustainability (NELIS) ရဲ့ Flagship Project တစ်ခုဖြစ်တဲ့ One Million Leaders Asia Fellowship Program (OMLAS) ကိုတော့ ခေါင်းဆောင်မှုအရည်အသွေးကို မြှင့်တင်ချင်တဲ့ အသက် (၁၈) ကနေ (၄၀) ကြား လူငယ်၊ လူလတ်ပိုင်းတွေအနေနဲ့ လျှောက်ကြည့်သင့်တဲ့ Program တစ်ခုပဲဖြစ်ပါတယ်။

📌 ဒီ Program မှာတော့ Sustainability၊ Leadership နဲ့ ပတ်သက်တဲ့ Course တွေကို Intensive Training အနေနဲ့ (၂) လကြာ လေ့လာခွင့်ရမှာဖြစ်ပြီး တခြား Challenges နဲ့ Activities တွေကို နိုင်ငံတကာက ရွေးချယ်ခံထားရတဲ့သူတွေနဲ့အတူတူ ပူးပေါင်းလုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီလိုအခွင့်အရေးကြီးကိုလည်း လက်လွတ်လို့ မဖြစ်တာကြောင့် Deadline အတိုင်ခင် အမြန်ဆုံးလျှောက်ထားလိုက်တော့နော်။

Program Duration - 2 Months
Deadline - 20th January 2024
Application Form Link - http://asia.omlglobal.org/Apply/Fellowship

Program အကြောင်း အသေးစိတ်အချက်အလက်တွေကို သိချင်တယ်ဆိုရင်တော့ အောက်က Link မှာ ဝင်ဖတ်ကြည့်လို့ရပါတယ်နော်။ 👇👇👇

https://onemillionleadersasia.org/2024/InformationPackage2024.pdf

📢 Final Call for Myanmar 🇲🇲 Youths who are interested in sustainability! 🔔 One Million Leaders Asia Fellowship Program 2...
09/01/2024

📢 Final Call for Myanmar 🇲🇲 Youths who are interested in sustainability!
🔔 One Million Leaders Asia Fellowship Program 2024 အတွက် application လျှောက်လွှာများ ပိတ်ရန် အချိန် ၁၀ရက်ခန့်သာ ကျန်ရှိတော့ကြောင်း အသိပေးလိုပါတယ်
📌 မြန်မာနိုင်ငံမှ အသက် ၁၈-၄၀ အတွင်းရှိ လူငယ်ခေါင်းဆောင်များအတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်တာကြောင့် စိတ်ပါဝင်စားသူများအနေဖြင့် http://asia.omlglobal.org/Apply/Fellowship မှ တဆင့် ဇန်နဝါရီလ ၂၀ ရက်နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါတယ်။

Scholarship Name: One Million Leaders (OML) Fellowship Program

Degree: မည့်သည့် degree ဆို၍ မသတ်မှတ်ထားပါ။ ဤ fellowship ​၏ ရည်ရွယ်ချက်သည် နေရာဒေသကြီး ၄ ခုရှိ (အနည်းဆုံး) ၇၅၀၀ သောခေါင်းဆောင်များ ကို လေ့ကျင့် ပျိုးထောင်ပေးရန် နှင့် အားပေးမြှင့်တင်ရန် အပြင် ၁၀၀ ထက်ပိုသော community projects များကို လုပ်ဆောင်နိုင်ရန် ကူညီပေးနေခြင်းဖြစ်သည်။

OML Fellowship Program ​၏ သင်ရိုးညွှန်းတမ်း ၅ ခု မှာအောက်ပါအတိုင်းဖြစ်သည် -
Pillar 1: Base Camp (Mission and Vision of OML, Core Values, Personal Purpose)
Pillar 2: Sustainability Essentials
Pillar 3: Ethical and Transformative Leadership
Pillar 4: Social Innovation and Social Entrepreneurship
Pillar 5: Personal Wellbeing and Resilience

Location: Online
Description: The OML Fellowship Program ကတော့ NELIS – Next Leaders’ Initiative for Sustainability ​ရဲ့ project တစ်ခုဖြစ်ပါတယ်။ အခု program ကို နေရာဒေသကြီး(၄)ခု - Africa, Asia, Latin America, နဲ့ MENA (Middle East and North Africa) မှာ 2022 ခုနှစ်ကစပြီး ကျင်းပတာဖြစ်ပါတယ်။

Eligibility:
လျှောက်ထားသူသည် လျှောက်ထားချိန်တွင် အသက် ၁၈ မှ ၄၀ အတွင်းရှိရမည်။
English ဘာသာစကား ကိုကောင်းမွန်စွာ အသုံးပြုတတ်ရမည်။
social/ environmental/ sustainability area များတွင် ပါဝင်ရမည်။
ကောင်းမွန်သော social change အတွက် အခြားလူငယ်များကို ဦးဆောင်ခြင်း လမ်းညွှန်ပေးခြင်းများ ပြုလုပ်နိုင်ရမည်။
community တိုးတက်ဖို့ရန်နှင့် sustainable ဖြစ်ပြီး ethical လုပ်ရပ်များလုပ်ဆောင်ရန် အားသန်သူဖြစ်ရမည်။
training programကို ပြီိးဆုံးအောင်တတ်မြောက်နိုင်ရမည်။ ထိုအတွက် internet access ရှိရမည်။

Requirements:
အောက်ပါ linkတွင် လိုအပ်ချက်များကို ပြည့်စုံစွာ ဖော်ပြထားသည်။ http://asia.omlglobal.org/Apply/Fellowship
Application form ကို မှန်မှန်နှင့် အချိန်ကိုက် ဖြည့်ထားရမည်။ အခြား ရွေးချယ်စရာ တစ်ခုမရှိခဲ့လျှင် အားလုံးသောအဆင့်များကို ဖြည့်စွက်ထားရမည်။

Benefits:
Intensive Online Training (၂လ မှ ၃လ အထိ)
young leader များကို လမ်းညွှန် လုပ်ဆောင်နိုင်ရန် အခွင့်အရေး
လျှောက်ထားသူ ​၏ project အတွက် ထောက်ပံ့မှုများ
ရွေးချယ်ထားသော project အတွက် အသေးသုံးထောက်ပံ့ကြေး
graduate များအတွက် ပြည်တွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ networking အခွင့်အရေးများ
ကမ္ဘာလုံးဆိုင်ရာ OML Alumni Community တွင် ရေရှည် ပါဝင်နိုင်ခြင်း
One Million Leaders (OML) APP ကို တွေ့နိုင်ရသည့် အခွင့်အရေး
Deadline: ဤ application​ ၏ deadline မှာ ၂၀ ဇန်နဝါရီလ ၂၀၂၄ ဖြစ်သည်။
Official Scholarship Website: www.onemillionleadersasia.org

Aye Nandar Htun, Oliver, Pyay Myo Khin

Mind Matters ရဲ့ Volunteer Program (1st Batch) ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာပဲအောင်မြင်စွာပြီးမြောက်ခဲ့ပါတယ်🎉ရက်ပေါင်း ၁၁...
04/01/2024

Mind Matters ရဲ့ Volunteer Program (1st Batch) ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာပဲအောင်မြင်စွာပြီးမြောက်ခဲ့ပါတယ်🎉

ရက်ပေါင်း ၁၁၀အကြာမှာ Mind Matters နဲ့အတူ တက်ညီလက်ညီ အချိန်ပေးပါဝင်ပေးခဲ့ကြတဲ့ Volunteer တစ်ယောက်ချင်းဆီကိုလဲ ကျေးဇူးတင်ပါတယ်။ (၃)လကျော်ကြာ ကာလအတွင်းမှာ အတွေ့အကြုံကောင်းတွေနဲ့အတူ အမှတ်တရကောင်းတွေလည်း ရရှိသွားမယ်လို့လဲ ယုံကြည်ပါတယ် 🥳

အခုတော့ ပြီးမြောက်အောင်မြင်စွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ Volunteer အချို့ရဲ့ ရင်တွင်းဖြစ်စကားသံတချို့ကို ကြည့်လိုက်ရအောင်နော်...💬

နောင်မကြာမီ အချိန်မှာ volunteer recruitment အသစ်နဲ့အတူ စိတ်ဝင်စားဖို့ကောင်းတဲ့ program အသစ်တွေ ယူဆောင်လာမှာဖြစ်လို့ page မှာစောင့်မျှော်ပေးကြပါဦး ...🔔

🎄Merry Christmas & Happy New Year to All ✨Best Wishes for a joyous Christmas & May this new year filled with love, happi...
25/12/2023

🎄Merry Christmas & Happy New Year to All ✨
Best Wishes for a joyous Christmas & May this new year filled with love, happiness and prosperity!

💨မကြာမီအချိန်အတွင်းမှာ ရောက်ရှိလာမဲ့ Christmas 🎄ကို ဘယ်လိုဖြတ်သန်းမယ် စိတ်ကူးကြလဲ ?? မြန်မာနိုင်ငံမှာတော့ Christmas  ပွဲ...
23/12/2023

💨မကြာမီအချိန်အတွင်းမှာ ရောက်ရှိလာမဲ့ Christmas 🎄ကို ဘယ်လိုဖြတ်သန်းမယ် စိတ်ကူးကြလဲ ?? မြန်မာနိုင်ငံမှာတော့ Christmas ပွဲတော်ကို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အုတ်အုတ်သဲသဲ မကျင်းပဖြစ်ကြပေမဲ့ တစ်ခြားနိုင်ငံတွေမှာတော့ Christmas ကို သူတို့ရဲ့culture နဲ့အညီ မိသားစုလိုက် သူငယ်ချင်းတွေနဲ့ စသည်ဖြင့် ခမ်းနားစွာကျင်းပကြပါတယ်။ ဒါ့အပြင် Christmas ကို တော်တော်လေး ထူးထူးခြားခြား အများနဲ့မတူ ကွဲထွက်နေအောင် စည်စည်ကားကား ကျင်းပတယ်လို့ ဆိုရတဲ့ နိုင်ငံတွေလည်းရှိပါတယ်။ ဒါဆိုရင် ဒီနိုင်ငံတွေက ဘာတွေဖြစ်မလဲ? 🤔

နိုင်ငံအသီးသီးရဲ့ Christmas Traditions & Cultures အကြောင်းကို ဒီနေ့မှာ စိတ်ဝင်စားဖွယ်ပြောပြပေးသွားမှာဖြစ်လို့ အောက်က ပုံတစ်ပုံချင်းစီမှာ ဝင်ကြည့်သွားပေးနော်

2023 မှာ Happy Christmas ဖြစ်ဖို့ ဒီ (၄) ချက်သိရင်ရပြီနော် …   😱“ခရစ္စမတ်” လို့ ပြောလိုက်တာနဲ့ နှစ်တစ်နှစ်ရဲ့ အဆုံးသတ်ကိ...
17/12/2023

2023 မှာ Happy Christmas ဖြစ်ဖို့ ဒီ (၄) ချက်သိရင်ရပြီနော် … 😱

“ခရစ္စမတ်” လို့ ပြောလိုက်တာနဲ့ နှစ်တစ်နှစ်ရဲ့ အဆုံးသတ်ကို ရောက်ရှိလာပြီလို့ လူတိုင်း မျက်လုံးထဲ ပြေးမြင်ကြလေ့ရှိကြပါတယ်။ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလမှာ ကျရောက်လေ့ရှိတဲ့ ပွဲတော်လည်းဖြစ်တာကြောင့် နှစ်သစ်ကို မရောက်ရှိခင်မှာ အားလုံးပဲ ရင်ခုန် စိတ်လှုပ်ရှားကြတဲ့ ပွဲတော်တစ်ပွဲလည်း ဖြစ်ပါတယ်။ ဒါဆိုရင် မသိစိတ်ထဲကို အသိမပေးပဲ ရောက်လာခဲ့တာကတော့ နှစ်အစ နဲ့ နှစ်အဆုံးကို ပြန်လည်နှိုင်းယှဉ်တဲ့ စိတ်တွေပဲဖြစ်ပါတယ် … သေချာပါတယ် … ဒီအကြောင်းကို စပြောမိပြီဆိုတာနဲ့ Mental Health အကြောင်းကိုပဲ ကျွန်တော်တို့ ပြန်သွားရပါလိမ့်မယ်။

ဒါဆိုရင်ရော ကျွန်တော်တို့ အလုပ်ကို အင်တိုက်အားတိုက်လုပ်ကိုင်ခဲ့ကြတဲ့ သူတွေအနေနဲ့ အခုလိုကာလမျိုးမှာ ဘယ်လိုမျိုး ကိုယ်ရဲ့ စိတ်ပိုင်းဆိုင်ရာကို အလေးပေး ဂရုစိုက်ကြမလဲဆိုတာကို အောက်က ပုံတစ်ပုံချင်းဆီမှာ မျှဝေပေးလိုက်ပါတယ် 🤗

Like and Follow for more insightful content



မကြာခင်မှာတော့ Christmas 🎄 အားလပ်ရက်ကာလ ကို ရောက်ရှိလာတော့မှာဖြစ်တာကြောင့် ပျော်ပွဲရွှင်ပွဲတွေ ရယ်မောသံတွေ ပျော်ရွှင်မှု...
11/12/2023

မကြာခင်မှာတော့ Christmas 🎄 အားလပ်ရက်ကာလ ကို ရောက်ရှိလာတော့မှာဖြစ်တာကြောင့် ပျော်ပွဲရွှင်ပွဲတွေ ရယ်မောသံတွေ ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးပြီး ချစ်ရသူတွေနဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ကုန်ဆုံးနိုင်မယ့် အချိန်ကာလလေးဆိုရင်လည်း မမှားပါဘူး။ ဒါမဲ့ ဒီကာလမှာ ကျောင်းသားကျောင်းသူများအနေနဲ့ ပညာရေးဆိုင်ရာ လုပ်ငန်းဆောင်တာများ အိမ်စာများကို သတ်မှတ်ရက်မတိုင်ခင် အမြန်ပြီးနိုင်ဖို့ လူကြီးမိဘ ဆရာသမားတွေရဲ့ စံနှုန်းများနှင့် ကိုက်ညီအောင် ကြိုးစားရုန်းကန်ရင်း စိတ်ဖိစီးမှုများ အပါအဝင် အခြားသော စိတ်ပိုင်းဆိုင်ကျန်းမာရေးအခြေအနေနဲ့ ထိတ်တိုက်ရင်ဆိုင်ရနိုင်ပါတယ်။ 🥺

ဒီ့အတွက် ခရစ်စမတ် အားလပ်ရက်အချိန်ကာလအတွင်း စိတ်ပိုင်းဆိုင်ရာ သုခချမ်းသာကို ရှာဖွေနိုင်မည့် နည်းလမ်းကောင်းအချို့ကို အောက်က ပုံတစ်ပုံချင်းဆီမှာ မျှဝေပေးလိုက်ပါတယ် 🫶

❄️ နောက်ဆုံးအနေနဲ့ ခရစ်စမတ်ကဲ့သို့သော အားလပ်ရက် အချိန်ကာလတွေမှာ ကျောင်းသူကျောင်းသားများအနေနှင့် မိမိတို့ရဲ့ စိတ်ပိုင်းကျန်းမာရေးကို မမေ့မလျော့ဘဲ ဂရုပြုသင့်ပါတယ်။ ဒီကာလမှာ လူမှုပွဲတော်များတွင် တက်ကြွပါဝင်သည်ဖြစ်စေ အခြားသော အရာများလုပ်သည်ဖြစ်စေ မိမိအနေနဲ့ အပြည့်အဝအနားယူဖို့နဲ့ မျှခြေညီသော လူမှုနေထိုင်မှုဘဝက အောင်မြင်တဲ့ဘဝဖြစ်ကြောင်းဖြစ်ကြောင်း ပြောကြားပါရစေ။ စာဖတ်သူများအနေနဲ့ ဒီခရစ်စမတ်ကာလမှာ ချစ်ခင်ရသူတွေနှင့် အတူအချိန်ကုန်ဆုံးပြီး အဖိုးမဖြတ်နိုင်သောအမှတ်တရလေးတွေဖန်တီး ပိုင်ဆိုင်နိုင်ဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

05/12/2023

📢 Opportunity alert for Myanmar 🇲🇲 young leaders who aspire to become transformative and ethical sustainability leaders, here is a glimpse of the first cohort’s OMLAS journey in 2022/2023. We are happy to support your new journey ahead!

💁 Calling for applications , OMLAS 2024 Fellowship Programသင်က အာရှတိုက်တစ်ခွင်မှာ နေထိုင်ပြီး  🌍 လူငယ်ခေါင်းဆောင်မှုစွမ...
30/11/2023

💁 Calling for applications , OMLAS 2024 Fellowship Program

သင်က အာရှတိုက်တစ်ခွင်မှာ နေထိုင်ပြီး 🌍 လူငယ်ခေါင်းဆောင်မှုစွမ်းရည်တွေကို မြှင့်တင်ချင်တဲ့သူတစ်ယောက်လား?

Diversity လို့ခေါ်တဲ့ မတူကွဲပြားခြားနာမှုတွေကို လက်ခံယုံကြည်ပြီး leadership opportunity တွေနဲ့ community ကို support လုပ်ချင်တဲ့လူငယ်တစ်ယောက်လား?

အကယ်၍ သင်ဟာ ခုလိုမေးခွန်းမျိုးတွေကို မေးမိနေပြီဆိုရင်တော့ မိမိရဲ့ တိမ်မြုပ်နေတဲ့ leadership စွမ်းရည်တွေကို One Million Leaders Asia နဲ့အတူ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါပြီနော် … 🙌

OMLAS - One Million Leaders Asia ရဲ့ ရည်ရွယ်ချက်ကတော့ မတူညီကွဲပြားခြားနားတဲ့ နောက်ခံရှိတဲ့ လူငယ်ခေါင်းဆောင်ပေါင်း အယောက် တစ်သန်း- 1 million ကို မွေးထုတ်ပေးဖို့ နဲ့ 2030 ခုနစ်မှာ မိမိတို့ရဲ့ သက်ဆိုင်ရာ community အတွက် တစ်ကမ္ဘာလုံးဆိုင်ရာ empower လုပ်ပေးနိုင်ဖို့အတွက် Asia Vision Map 2030 တစ်ခုအနေနဲ့ Vision ထားရှိတာတဲ့ Flagship project တစ်ရပ်ဖြစ်ပါတယ်။ ဒါ့အပြင် Sustainability ကို ဦးစားပေးထားတာဖြစ်သည့်အတွက် OMLAS ဟာဆိုရင် sustainable leaders တွေကို ဒေသတွင်း မှာ တတ်နိုင်သမျှမွေးထုတ်နိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး next generation impact တစ်ခုရရှိအောင် Local2Global လို့ခေါ်တဲ့ strategy တစ်ရပ်နဲ့ Local leadersများ မှတစ်ဆင့် Global leaders များဖြစ်အောင် စီစဉ်ဆောင်ရွက်နေတဲ့ အစီအစဉ်ကောင်းတစ်ရပ်ပဲဖြစ်ပါတယ်နော် … 🤗

✅ OMLAS Fellowship 2024ကို အာရှတိုက်ထဲက နိုင်ငံတွေမှာရှိတဲ့ မိမိရဲ့ ခေါင်းဆောင်မှု အရည်အသွေးကို မြှင့်တင်ချင်ပြီး Program ရဲ့ eligibility နဲ့ကိုက်ညီတဲ့ မည်သူမဆို လျှောက်ထားဖို့ တိုက်တွန်းအကြံပြုပါတယ်။ အခု စာဖတ်နေသူသည် မြန်မာနိုင်ငံတွင်းမှာနေထိုင်တဲ့ အသက်၁၈-၄၀အတွင်း လူငယ်တစ်ယောက်လည်းဖြစ်တယ် ၊ မိမိရဲ့ passion နဲ့လည်း တစ်စိတ်တစ်ပိုင်း ကိုက်ညီတာဖြစ်လို့ လျှောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် application form မဖြည့်ခင်မှာ One Million Leaders (OML) Information Package 2024 ကို အရင်ဆုံး ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

🔗https://onemillionleadersasia.org/2024/InformationPackage2024.pdf

✅ အောင်မြင်စွာ ပြီးဆုံးသွားခဲ့တဲ့ One Million Leaders Asia Fellowship Program (2022/23) ရဲ့ ပုံရိပ်တွေနဲ့ ရွေးချယ်ခံခဲံ့ရတဲ့ Alumni တွေရဲ့ စွမ်းဆောင်ရည်တွေကို ကြည့်ရှုချင်တယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့ OMLAS ရဲ့ facebook စာမျက်နှာမှာ သွားရောက်လေ့လာနိုင်ပါတယ်နော်။

https://www.facebook.com/onemillionleadersasia/posts/352139527504284?mibextid=YxdKMJ

ဒီprogram မှာ အရွေးချယ်ခံရတဲ့သူတွေအနေနဲ့ အောက်က အကျိုးခံစားခွင့် benefits တွေရရှိဦးမှာဖြစ်ပါတယ်
👉 OML Pillars ၅ခုအောက်ကနေ ကျင်းပပြုလုပ်သွားမယ့် အနဲဆုံး၂လတာ ကြာမြင့်နိုင်မယ့် အွန်လိုင်းသင်တန်းပို့ချမှု
👉 မိမိရဲ့ လူမှုအသိုက်အဝန်းအတွင်းက လူငယ်လူရွယ်တွေကို ပြန်ပြီး mentoring လုပ်ရမဲ့ အခွင့်အလမ်းတွေ
👉 ဒီလူငယ်တွေနဲ့အတူ လက်တွဲလုပ်ဆောင်ရမယ့် community project အတွေ့အကြုံတွေ
👉 ဒီcommunity project ဖြစ်မြောက်အောင် OMLAS မှပေးအပ်မဲ့ mini-grants
👉 ဒေသတွင်းက OML alumni တွေ leaders တွေနဲ့ ချိတ်ဆက်နိုင်မယ့် networking opportunities
👉 အရွေးခံရသည်ဖြစ်စေ အရွေးမခံရသည်ဖြစ်စေ free subscription ရပြီး အသုံးပြုနိုင်မဲ့ OML app (OML appမှာ ယခင် OML program တွေရဲ့ အောင်မြင်ဖြစ်ထွန်းခဲ့တဲ့ program အကြောင်းအရာတွေ၊ ယခင် alumni fellows တွေရဲ့ project တွေအကြောင်း၊ ဒေသတွင်း ကျွမ်းကျင်ပညာရှင်တွေပို့ချတဲ့ micro training တွေ နဲ့ community events စတာတွေကို တစ်နေရာထဲမှာ စုံစုံလင်လင် ရရှိနိုင်မှာပါ)
👉လျှောက်ထားရမှာ program အစအဆုံး အခမဲ့ဖြစ်ပြီး OML Alumni ဖြစ်နိုင်ခွင့်….

ကဲ … အမှန်တကယ် စိတ်ဝင်စားသူများ အတွက် program လေးကို apply လုပ်ချင်တယ်ဆိုရင် အောက်က link လေးထဲကို ဝင်ပြီး application portal မှာ apply လုပ်နိုင်ပါပြီ .. Deadline အနေနဲ့ 20 Jan, 2024 ဖြစ်တာကြောင့် အချိန်ပေးပြီး ပြင်ဆင်နိုင်ပါပြီဗျ။

🔗 http://asia.omlglobal.org/Apply/Fellowship

Application လျှောက်ထားတဲ့နေရာမှာ အခက်အခဲတစ်စုံတစ်ရာရှိရင် Mind Matters ရဲ့ page messenger မှာ လာရောက်မေးမြန်းနိုင်သလို OMLAS ရဲ့ email ကိုလည်း mail ဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျ

If you have any issue filling up the Application Form, please write to us at asia@omlglobal.org
If you want to know more about OMLAS - One Million Leaders Asia Fellowship Program, please visit https://onemillionleadersasia.org/




⏲ အချိန် ၃ မိနစ်ထဲနဲ့ personal growth တိုးတက်အောင်လုပ်ကြမယ် 🌚ဟုတ်ပါတယ် … personal growth တိုးတက်ဖို့ နဲ့ ကိုယ့်ရဲ့ menta...
24/11/2023

⏲ အချိန် ၃ မိနစ်ထဲနဲ့ personal growth တိုးတက်အောင်လုပ်ကြမယ် 🌚
ဟုတ်ပါတယ် … personal growth တိုးတက်ဖို့ နဲ့ ကိုယ့်ရဲ့ mental well-being ကို ဟိုးထိပ်ဆုံးထိ တွန်းတင်နိုင်ဖို့အတွက် အောက်က အချက်အလက်တွေကို လိုက်နာကျင့်သုံးရုံနဲ့ အချိန် ၃ မိနစ်အတွင်း next level knowledge ကို ရရှိစေမှာဖြစ်ပါတယ်။ Personal growth တိုးတက်ဖို့ အရေးကြီးဆုံးအခန်းကဏ္ဍကတော့ မိမိရဲ့ “စိတ်” ကနေအစပျိုးပါတယ်။ တစ်နည်းအားဖြင့်ဆိုရင် personal growth အတွက် အထိအရောက်ဆုံး နဲ့ အပြင်းထန်ဆုံးသက်ရောက်မှုဟာ “emotional well-being” ဖြစ်ပါတယ်။ ဒါကြောင့် emotion တို့ကို ထိန်းချုပ်စီမံရာဖြစ်တဲ့ mental ပိုင်းကို အထူးဂရုစိုက်ဖို့တော့ လိုအပ်မှာပဲနော့် .. ဒါဆို ဘယ်လို လုပ်ကြမလဲ?

💁 မေးခွန်းလေးတစ်ခွန်းမေးဖို့ပဲ လိုအပ်ပါတယ်။ “Why personal growth matters for mental well-being?”

✅ ဒါဆိုရင် မေးခွန်းလေးပေါ်မူတည်ပြီး reverse thinking လို့ခေါ်တဲ့ method တစ်ခုနဲ့ အဖြေကို နောက်ပြန် ကျိုးကြောင်းဆီလျော်စွာ ထုတ်ကြည့်လိုက်ရအောင်။ Mental well-being ဖြစ်တဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် personal growth ပိုင်းကို အရင်သွားရပါမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ စိတ်အခြေအနေဟာ ခံစားမှုတွေကို ကောင်းသည် ၊ ဆိုးသည် အလျှောက် အရသာခံတတ်ပါတယ်။ အမြဲတမ်း ကောင်းတဲ့အရာတွေပေါ်မှာ resilience ကပိုမို ဖွံ့ဖြိုးကြီးထွားတာဖြစ်ပြီး မကောင်းတဲ့အရာတွေပေါ်မှာဆိုရင် စိတ်က အခြေအနေသိပ်ဟန်လေ့မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ကိုယ်ကိုတိုင်တောင် သေချာမသိတဲ့ mental addiction တစ်ခုကို မိမိစိတ်မှာ တည်ဆောက်ထားလို့ပါ။ ဆိုတော့ ဒီလို အရာမျိုးကြီးကို ကျော်ဖြတ်ဖို့ ဘာတွေလိုမလဲ? Mind control လို့ခေါ်တဲ့ ထိန်းချုပ်ခြင်းနည်းနဲ့ ပြန်လည် ပြုပြင်တည်ဆောက်ရပါမယ်။ ဒီလို တည်ဆောက်တဲ့နေရာမှာ အဓိကအသားပေးရမှာကတော့ (1) Inner Peace of Mind (2) Self-control (3) Building Greater Resilience နဲ့ (4) Healthy Relationships တို့ပဲဖြစ်ပါတယ်။ ဒီအခြေခံ အုတ်မြစ် လေးခုတို့က Neruo Linguistic Programming လို့ခေါ်တဲ့ NLP methods တွေထဲက guidance methods တွေနဲ့ Life Coaching တွေမှာ ပေးလေ့ရှိတဲ့ နည်းနာတစ်ချို့နဲ့ တစ်နည်းနည်းငြှိစွန်းလေ့ ရှိကြတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

✅ U.S မှာဆိုရင် self-improvement products တွေနဲ့ self-improvement နဲ့ ပတ်သက်တဲ့ service, business တွေရဲ့ market value ဟာဆိုရင် $9.9 billion ရှိတယ်လို့ စစ်တမ်းတွေအရသိရပါတယ်။ ဘာကြောင့် self-improvement ရဲ့ ‌market ဟာ အဲ့လောက်နီးနီးကြီးမားနေရတာလဲ? မိမိကိုယ်ကို တိုးတက်အောင်လုပ်ခြင်း ၊ self-care လုပ်ခြင်းမျိုးဆိုတာ မိမိကိုယ်တိုင်တိုးတက်ဖို့အတွက်တင်မဟုတ်ဘဲ society တစ်ခုလုံးကိုပါ သွယ်ဝိုက်သောနည်းတွေနဲ့ အကျိုးပြုပါတယ်။ ဆိုတော့ မင်မင်တို့က personal growth အတွက်ကို လူငယ်တွေအတွက် ပြောပြပေးသွားပါမယ်။ ကျွန်တော်တို့ mention လုပ်ခဲ့တဲ့ Personal growth အတွက် အထက်က အချက်လေးချက်ကို ဘယ်လို အသက်သွင်းကြမလဲ? ပြောပြပေးပါမယ် … ကျွန်တော်ပြောခဲ့တဲ့ လေးခုအတွက် ဘုံလိုအပ်ချက်တစ်ခုကတော့ mental belief (စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှု) ပဲဖြစ်ပါတယ်။ အဲ့တာကြောင့်ပဲ belief system ကို မိမိရဲ့ အသွေးအသားထဲမှာ တည်ဆောက်ဖို့လိုပါမယ်.

ဘာလုပ်လုပ် confidence ရှိရှိလုပ်ရပါမယ် … အဲ့လို confidence ရှိဖို့အတွက် မိမိပတ်ဝန်းကျင်မှာ positive ဖြစ်စေတဲ့ အရာဝတ္ထုတွေ ၊ လူတွေနဲ့ ပြည့်နှက်နေဖို့လိုပါတယ်။ အဲ့လို ပြည့်နှက်နေတဲ့ ပတ်ဝန်းကျင်ကို ကိုယ်တိုင် ရှာဖွေဖို့လိုသလို ၊ ဖန်တီးတတ်ဖို့လည်း လိုပါတယ်။ မိမိကိုယ်တိုင်အကောင်းမြင်ပြီး ပတ်ဝန်းကျင်ကောင်းကို ရောက်ရင်တော့ စတင်အသုံးချရမှာသည် communication ဖြစ်ပြီး healthy relationships တွေကို တည်ဆောက်နိုင်ဖို့ အခရာဖြစ်ပါတယ်။ မိမိရဲ့ relationship သည် နေ့စဉ်ဘဝမှာ အဆင်ပြေလာတဲ့အခါ စတင်ရရှိလာမှာကတော့ “Inner Peace of Mind” ဖြစ်ပါတယ်။ ဒီလို ဆင့်ကဲတည်ဆောက်လာတဲ့ mental well-being ကြောင့် သေချာကတော့ မိမိကိုယ်တိုင်က ဆိုးရွားသောအရာတွေ ရင်ဆိုင်လာခဲ့ရရင်တောင် belief system ကိုကောင်းစွာတည်ဆောက်ထားတဲ့အတွက် “ငါလုပ်နိုင်ပါတယ်” ဆိုပြီး resilience အားကောင်းလာမှာဖြစ်ပါတယ်။ ဘဝမှာ ဘယ်လို အခက်ပင်ရှိပစေဦး ကျော်ဖြတ်နိုင်ပါတယ် ဆိုပြီး မိမိရဲ့ စိတ်ကို self-control အကောင်းဆုံးလုပ်ထားနိုင်တဲ့အတွက် personal growth ကို attract လုပ်ပြီးသားဖြစ်စေမှာပါ။ personal growth ကို နောက်တစ်ဆင့် level up လုပ်နိုင်ဖို့အတွက် ဒီထက်အရေးကြီးတဲ့အရာတွေရှိလာပါပြီ။ အရှေ့မှာ အရေးကြီးတဲ့ အချက်လေးချက်ကို နေ့စဉ်အသုံးပြုနိုင်ပြီဆိုရင် ကိုယ်ရဲ့ အလုပ်မှာရှိတဲ့ productivity ကို အစွန်းဆုံးထိ မြှင့်တင်နိုင်မှာဖြစ်ပြီးတော့ procrastination ကို လျှော့ချနိုင်ရပါမယ်။ productivity ရဲ့ အစွန်းတစ်ဖက်မှာ ဒုက္ခအပေးဆုံးကတော့ “Stress” ပါ။ ဒါကြောင့် Stress Management ကိုသေချာ ဂရုစိုက်ပြီး ထိန်းသိမ်းနိုင်မယ်ဆိုရင် mentally ရော ၊ physical ပါ healthy ဖြစ်လာမှာ အသေချာပါပဲ။ ဒါနဲ့အတူ တွဲဖက်အနေနဲ့ reward ရမှာကတော့ final stage ဖြစ်တဲ့ happiness ပဲဖြစ်ပါတယ်။ အခုလို အဆင့်ဆင့် mental well-being ကို အစပြုပြီး စတင်လိုက်တဲ့အခါ personal growth ရဲ့ ultimate goal ဖြစ်တဲ့ fulfillment (ရည်ရွယ်ချက်ပြည့်မြောက်အောင်မြင်ခြင်း) , progress (တိုးတက်လာမှု) တို့ နဲ့ happiness (ပျော်ရွှင်မှု) တို့ကို ရရှိမှာ မလွှဲပါဘူးနော် ….. 🤗

ဒါဆိုရင် မင်မင်တို့ 😎reverse thinking ကို အသုံးပြုပြီး စဉ်းစားလိုက်တာ “Why personal growth matters for mental well-being?” ဆိုတဲ့ မေးခွန်းလေးရဲ့ အဖြေလေးတွေကို ရသွားလိမ့်မယ်လို့ထင်ပါတယ်။ ကဲ knowledge ကို action နဲ့ပေါင်းပြီး အကောင်းဆုံးတွေ ဆွတ်ခူးဖို့ မမေ့နဲ့နော် ….

🙆 Like and Follow for more insightful content




Our Eco-printing Art Therapy Workshop 🎨 in partnership with Citta 🤝
24/11/2023

Our Eco-printing Art Therapy Workshop 🎨 in partnership with Citta 🤝

Address

Magway

Alerts

Be the first to know and let us send you an email when Mind Matters posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mind Matters:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram