May Yu Maw Pharmacy

May Yu Maw Pharmacy ​မေယု​မော် ​ဆေးဆိုင်

မေယုမော်ဆေးဆိုင်က ဝယ်ယူအားပေးသော မြို့နယ်အသီးသီးမှဆိုင်လေးတွေဆေးနဲ့ဆေးပစ္စည်းတွေရောက်ကုန်ဖြစ်ပါစေ။ရောင်းပန်းသာလို့ဝယ်ပန်...
29/01/2025

မေယုမော်ဆေးဆိုင်က ဝယ်ယူအားပေးသော
မြို့နယ်အသီးသီးမှဆိုင်လေးတွေ
ဆေးနဲ့ဆေးပစ္စည်းတွေ
ရောက်ကုန်ဖြစ်ပါစေ။
ရောင်းပန်းသာလို့ဝယ်ပန်းလှကြပါစေ။
သေသေချာချာလေးထုတ်ပိုးပြင်ဆင်ပြီး
ဂိတ်ချပေးလိုက်ပါပြီရှင်

မင်္ဂလာပါရှင်ဆောင်းရာသီမှာအဖြစ်များလေ့ရှိတဲ့ပန်းနာရင်ကျပ်ရောဂါကုသတဲ့ ရှူဆေးလေးတွေလည်းရပါတယ်ရှင်ပန်းနာရင်ကျပ်ရောဂါဆိုတာ က...
25/01/2025

မင်္ဂလာပါရှင်
ဆောင်းရာသီမှာအဖြစ်များလေ့ရှိတဲ့
ပန်းနာရင်ကျပ်ရောဂါကုသတဲ့ ရှူဆေးလေးတွေလည်းရပါတယ်ရှင်
ပန်းနာရင်ကျပ်ရောဂါဆိုတာ ကူးစက်တတ်တဲ့ရောဂါမဟုတ်ပါဘူးရှင်
အမြစ်ပြတ်အောင်ကုသလို့လည်းမရပါဘူးရှင် သက်သာအောင်ဘဲကုသလို့ရတဲ့ရောဂါဖြစ်ပါတယ်ရှင်
လူကြီးလူငယ်ကျားမ မရွေး ဖြစ်တတ်ပါတယ်ရှင်
ဖုန်နဲ့ အမှုန် အမွှားတွေ ၊ ဆေးလိပ်ငွေ့ ၊ ခြင်ဆေးငွေ့ ၊ မီးခိုးငွေ့ နဲ့ အင်ဂျင်ကထွက်သော အငွေ့တွေ နဲ့ တိရစ္ဆာနိအမွှေးတွေကိုရှူရှိုက်မိရင်တော့ ရင်ကျပ်ရောဂါဖြစ်နိုင် ၊ ပိုဆိုးနိုင်ပါတယ်ရှင်
ရင်ကျပ်လာပြီဆိုရင်တော့ အသက်ရှူမဝတာ ၊ အေးတဲ့အချိန်ညပိုင်းနဲ့မနက်စောတွေမှာ ချောင်းဆိုးတာ ၊ ရင်ဘတ်အောင့်တာ ၊ အသက်ရှူရင်အသံမြည်တာတွေဖြစ်လာတတ်ပါတယ်ရှင်
ရင်ကျပ်လာပြီဆိုရင်တော့ ရှူဆေးလေးရှူပြီးသက်သာလာနိုင်ပေမဲ့ ပိုဆိုးလာရင်တော့ နီးစပ်ရာဆေးရုံဆေးခန်း အမြန်ဆုံးသွားပြီ ဆရာဝန်ရဲ့ကုသမှုကိုခံယူသင့်ပါတယ်ရှင်

#မေယုမော်ဆေးဆိုင်

#မကွေးမြို့ဆေးမျိုးစုံဆိုင်

မင်္ဂလာညချမ်းလေးပါရှင်နေ့စဥ်နေ့တိုင်းပို့နေရတဲ့နယ်ဝေးဆေးအော်ဒါလေးတွေအတွက်ဝယ်ယူအားပေးကြတဲ့ချစ်သောလေးတွေရောင်းပန်းသာလို့ ဝ...
24/01/2025

မင်္ဂလာညချမ်းလေးပါရှင်
နေ့စဥ်နေ့တိုင်းပို့နေရတဲ့
နယ်ဝေးဆေးအော်ဒါလေးတွေအတွက်
ဝယ်ယူအားပေးကြတဲ့
ချစ်သောလေးတွေ
ရောင်းပန်းသာလို့ ဝယ်ပန်းလှကြပါစေ။
ဆေးဝယ်မယ်ဆို
မေယုမော်ဆေးဆိုင် လေးကို
အမြဲသတိရပေးနော်......

ဆိုင်လိပ်စာလေးကတော့
#မေယုမော်ဆေးဆိုင်
ဆိုင်( ၁ ) #သင်ကြားရေးဆေးရုံရှေ့
#မကွေးမြို့။

ဆိုင်( ၂ ) #ရန်ကင်းဆေးအရှေ့ဘက်
#မကွေးမြို့။

မင်္ဂလာပါရှင်မေယုမော်ဆေးဆိုင်လေးမှာဆေးနှင့်ဆေးပစ္စည်းများကိုစျေးနှုန်းသက်သာ အမျိုးအစားစုံလင်စွာနဲ့လွယ်ကူလျင်မြန်စွာ ဝယ်ယ...
22/01/2025

မင်္ဂလာပါရှင်
မေယုမော်ဆေးဆိုင်လေးမှာ
ဆေးနှင့်ဆေးပစ္စည်းများကို
စျေးနှုန်းသက်သာ
အမျိုးအစားစုံလင်စွာနဲ့
လွယ်ကူလျင်မြန်စွာ
ဝယ်ယူရရှိနိုင်ပါတယ်ရှင်
နယ်ဝေးအော်ဒါများကိုလည်း
သေချာထုတ်ပိုးပြင်ဆင်ပြီး
ဂိတ်အရောက်ပို့ဆောင်ပေးပါတယ်ရှင်

အမြဲဝယ်ယူအားပေးကြတဲ့ ကျေးဇူးရှင်customer များအားလုံးအထူးကျေးဇူးတင်ပါတယ်ရှင်🙏🙏🙏

👉ဆိုင်လိပ်စာလေးကတော့....
🏪မေယုမော်ဆေးဆိုင်(၁)
သင်ကြားရေးဆေးရုံရှေ့၊မကွေးမြို့။

🏪မေယုမော်ဆေးဆိုင်(၂)
အထက ၁လမ်းမပေါ်၊ရန်ကင်းစျေးအရှေ့ဘက်
မကွေးမြို့။

☎️09 454688681, 09 762809291, 09 978116816

ယနေ့ကျရာက်သော( ၇၇ )နှစ်မြောက်လွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုပါတယ်ရှင်
04/01/2025

ယနေ့ကျရာက်သော
( ၇၇ )နှစ်မြောက်လွတ်လပ်ရေးနေ့အား
ဂုဏ်ပြုကြိုဆိုပါတယ်ရှင်

မေယုမော် ဆေးနှင့်ဆေးပစ္စည်းမျိုးစုံလက်လီ / လက်ကားအရောင်းဆိုင်လေးမှာလူကြီးမင်းတို့ကြိုက်နှစ်သက်ရာဆေးများကို စျေးနှုန်းမှန...
04/01/2025

မေယုမော် ဆေးနှင့်ဆေးပစ္စည်းမျိုးစုံ
လက်လီ / လက်ကားအရောင်းဆိုင်လေးမှာ
လူကြီးမင်းတို့ကြိုက်နှစ်သက်ရာဆေးများကို
စျေးနှုန်းမှန်ကန်စွာဖြင့်
ရွေးခြယ်ဝယ်ယူနိုင်ပါပြီရှင်

#မေယုမော်မကွေး

#မကွေးဆေးမျိုးစုံဆိုင်

31/12/2024

1.1.2025
💛💚
နှစ်သစ်မှာ ပြန်မာပြည်သူပြည်သားအားလုံး
ကျန်းမာ ၊ချမ်းသာ ၊ ဝမ်းသာ၊ လန်းဖြာ ပြီး
လိုအင်ဟူသမျှ ပြည့်ဝကြပါစေ။
ရန်သူမျိုးငါးပါးဘေးကင်းဝေးကြပါစေ။
ကိုယ် စိတ် စီးပွား သုံးပါးမကြွင်း ချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေ။

ယနေ့ကျရောက်သော #ကရင်နှစ်သစ်ကူးနေ့ကိုဂုဏ်ပြုဆိုအပ်ပါတယ်ရှင်ပျော်ရွှင်ဖွယ်ရာ ကရင်ရိုးရာနှစ်သစ်ကူးနေ့လေးဖြစ်ပါစေရှင်
30/12/2024

ယနေ့ကျရောက်သော
#ကရင်နှစ်သစ်ကူးနေ့ကို
ဂုဏ်ပြုဆိုအပ်ပါတယ်ရှင်
ပျော်ရွှင်ဖွယ်ရာ ကရင်ရိုးရာနှစ်သစ်ကူးနေ့လေးဖြစ်ပါစေရှင်

 မြူနှင်းလေးတွေဝေဆာတဲ့အေးချမ်းတဲ့ဆောင်းမနက်ခင်းလေးနဲ့အတူလူသားအားလုံးအေးချမ်းသာယာကြပါစေ။ပျော်ရွှင်စရာ ခရစ်စမတ်နေ့လေးဖြစ်ပ...
25/12/2024


မြူနှင်းလေးတွေဝေဆာတဲ့
အေးချမ်းတဲ့ဆောင်းမနက်ခင်းလေးနဲ့အတူ
လူသားအားလုံး
အေးချမ်းသာယာကြပါစေ။
ပျော်ရွှင်စရာ ခရစ်စမတ်နေ့လေးဖြစ်ပါစေ။

 ွေးတိုးခြင်းသွေးကြောအတွင်းဖိအားများလာခြင်းကို သွေးတိုးခြင်းဟုခေါ်ပါသည်။သွေးပေါင်ချိန် 130/80mmHg နှင့်အထက်ဆိုလျှင် သွေး...
22/12/2024

ွေးတိုးခြင်း
သွေးကြောအတွင်းဖိအားများလာခြင်းကို သွေးတိုးခြင်းဟုခေါ်ပါသည်။သွေးပေါင်ချိန် 130/80mmHg နှင့်အထက်ဆိုလျှင် သွေးတိုးသည်ဟုယူဆရပါသည်။
သွေးတိုးရောဂါကို အစောပိုင်းအဆင့်တွင် လက္ခဏာမပြတတ်သောကြောင့် ၎င်းကို အသံတိတ်လူသတ်သမားဟု မကြာခဏခေါ်သည်။
သွေးတိုးရှိသူ အများအပြားသည် သွေးတိုးရောဂါ သို့မဟုတ် နှလုံးရောဂါ သို့မဟုတ် လေဖြတ်ခြင်းကဲ့သို့ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာသည်အထိ ၎င်းတို့၏ အခြေအနေကို သတိမပြုမိနိုင်ပေ။
#သွေးတိုးရောဂါကို စီမံခန့်ခွဲရာတွင် လူနေမှုပုံစံပြောင်းလဲခြင်း နှင့် အချို့သောကိစ္စများတွင် ဆေးဝါးများ ပါဝင်သည်။
#ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာ- သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များနှင့် ပရိုတင်းဓာတ်များ ကြွယ်ဝသောအစားအစာကိုစားခြင်း၊
ဆိုဒီယမ် (ဆား)၊ ပြည့်ဝဆီများနှင့် ပြုပြင်ထားသောအစားအစာများကို ကန့်သတ်ထားခြင်းဖြင့် သွေးဖိအားကို လျှော့ချနိုင်သည်။
#ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း- ခပ်သွက်သွက် လမ်းလျှောက်ခြင်း၊ ရေကူးခြင်း သို့မဟုတ် စက်ဘီးစီးခြင်းကဲ့သို့ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းက သွေးဖိအားကို လျော့ကျစေပြီး နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး အလုံးစုံကို တိုးတက်ကောင်းမွန်စေပါသည်။
#ကိုယ်အလေးချိန်ထိန်းခြင်း- အစားအသောက်နှင့် လေ့ကျင့်ခန်း ပေါင်းစပ်ခြင်းဖြင့် ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းရန်မှာ သွေးပေါင်ချိန်ကို ထိန်းချုပ်ရန်အတွက် မရှိမဖြစ် လိုအပ်ပါသည်။
#အရက်နှင့်ကဖိန်းဓာတ်ကိုကန့်သတ်ခြင်း- အရက်အလွန်အကျွံသောက်ခြင်းနှင့် ကဖင်းဓာတ်များ စားသုံးခြင်းသည် သွေးပေါင်ချိန်ကို တိုးစေနိုင်သောကြောင့် ဤအရာများကို မျှတစွာ စားသုံးရန် အရေးကြီးပါသည်။
#စိတ်ဖိစီးမှုကိုလျော့ချခြင်း- အသက်ပြင်းပြင်းရှူခြင်း၊ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းနှင့် ကြွက်သားများကို ပြေလျော့စေခြင်းကဲ့သို့သော နည်းစနစ်များသည် စိတ်ဖိစီးမှုကို လျော့ကျစေပြီး သွေးပေါင်ချိန်ကို လျှော့ချပေးနိုင်ပါသည်။
#ဆေးဝါးကုသခြင်း- အလယ်အလတ်မှ ပြင်းထန်သော သွေးတိုးရောဂါ ဖြစ်ပွားမှု သို့မဟုတ် လူနေမှုပုံစံ ပြောင်းလဲခြင်း တစ်ခုတည်း မလုံလောက်သောအခါ၊ ဆရာဝန်များသည် သွေးပေါင်ချိန်ကို လျှော့ချရန် ဆေးဝါးများ ညွှန်ကြားနိုင်သည်။
#သွေးပေါင်ချိန်ကိုပုံမှန်စောင့်ကြည့်ခြင်းနှင့်ပုံမှန်ဆေးစစ်ခြင်းများသည် သွေးတိုးရောဂါကို ထိထိရောက်ရောက် စီမံခန့်ခွဲရန်နှင့် နောက်ဆက်တွဲဖြစ်နိုင်ခြေကို လျှော့ချရန်အတွက် အရေးကြီးပါသည်။ ထို့အပြင် ကျန်းမာသော နေထိုင်မှုပုံစံကို ကျင့်သုံးခြင်းသည် သွေးပေါင်ချိန်ကို ထိန်းညှိပေးရုံသာမက အလုံးစုံကျန်းမာရေးနှင့် သုခကိုလည်း အကျိုးပြုနိုင်သည်။
ဤကဲ့သို့သောကျန်းမာရေးဗဟုသုတများကို သိရှိနိုင်စေရန် မေယုမော် page ကို like & follow လုပ်ထားပေးပါရှင်။
သူငယ်ချင်းတွေလည်းသိရှိစေရန် share ပေးဖို့လည်းမမေ့နဲ့နော်

#မေယုမော်ဆေးဆိုင်

နယ်ဝေးဆေးအမှာလေးတွေသေချာထုတ်ပိုးပြင်ဆင်ပြီးဂိတ်ချပေးလိုက်ပါပြီရှင်မေယုမော်ကိုအဆင်အမြဲအားပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ...
21/12/2024

နယ်ဝေးဆေးအမှာလေးတွေ
သေချာထုတ်ပိုးပြင်ဆင်ပြီး
ဂိတ်ချပေးလိုက်ပါပြီရှင်
မေယုမော်ကိုအဆင်အမြဲအားပေးတဲ့အတွက်
ကျေးဇူးအထူးတင်ရှိပါတယ်ရှင်

မင်္ဂလာညချမ်းလေးပါရှင်ပစ္စည်းပြတ်နေတာလေး ပြန်ရလာလို့ချစ်သောတို့ကို သတင်းကောင်းလေးလာပေးတာပါရှင်ပစ္စည်းရှိတုန်းလေး အမီလာခဲ...
20/12/2024

မင်္ဂလာညချမ်းလေးပါရှင်
ပစ္စည်းပြတ်နေတာလေး ပြန်ရလာလို့
ချစ်သောတို့ကို
သတင်းကောင်းလေးလာပေးတာပါရှင်
ပစ္စည်းရှိတုန်းလေး အမီလာခဲ့နော်

 #ချောင်းဆိုးခြင်း၇မျိုးနှင့် သူတို့၏ ဆိုလိုရင်းအဖြစ်များသော ချောင်းဆိုးခြင်း အမျိုးအစား ၇ မျိုးနှင့် သင်သိသင့်သော အကြော...
17/12/2024

#ချောင်းဆိုးခြင်း၇မျိုးနှင့် သူတို့၏ ဆိုလိုရင်း
အဖြစ်များသော ချောင်းဆိုးခြင်း အမျိုးအစား ၇ မျိုးနှင့် သင်သိသင့်သော အကြောင်းများကို အောက်တွင် ဖော်ပြထားသည်။

#ချွဲထွက်ပြီးချောင်းဆိုးခြင်း။ အဖြစ်များသော အကြောင်းရင်းမှာ လေပြွန်ရောင်ပြီး အချွဲအကျိများ ထွက်ခြင်းကြောင့် ဖြစ်သည်။ ရောဂါလက္ခဏာသည် ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး အအေးမိပြီးနောက် ပိုဆိုးနိုင်သည်။

#ဆေးလိပ်သောက်သူများချောင်းဆိုးခြင်း။ ၎င်းသည် COPD ဟုခေါ်သော နာတာရှည်လေပြွန်ကျဉ်း အဆုတ်ပွရောဂါ၏ အသိများသော လက္ခဏာတစ်ခု ဖြစ်သည်။ COPD တွင် အသက်ရှူလမ်းကြောင်းများ ကျဉ်းပြီး အသက်ရှူရခက်ပါသည်။ COPD နှင့်ဆိုင်သော အခြား လက္ခဏာများမှာ ရင်ကျပ်ခြင်း၊ အသက်ရှူရာတွင် တရွှီရွှီမြည်ခြင်း၊ အသက်ရှူ မြန်ခြင်းတို့ ဖြစ်ပါသည်။

#ခံတွင်းချဉ်ပြီးချောင်းဆိုးခြင်း ။ ပါးစပ်ထဲတွင် ချဉ်သောအရသာ ဖြစ်ပြီး ၂ လကျော်ကြာ ဆိုးသောချောင်းသည် GERD ( စားချဉ့်ပြန်ရောဂါ) ၏ လက္ခဏာတစ်ခု ဖြစ်ပါသည်။ ၎င်းသည် အစာခြေရည်က လည်ချောင်းထဲသို့ ဆန်တက်လာသောအခါတွင် ဖြစ်ပွားတတ်ပါသည်။

#ညဘက်တွင်ချောင်းခြောက်ဆိုးခြင်း။ ချွဲမထွက်ဘဲ ညဘက်တွင် အချိန်အတန်ကြာ ချောင်းဆိုးခြင်းသည် ပန်းနာ ရင်ကျပ်၏ လက္ခဏာတစ်ခု ဖြစ်နိုင်ပါသည်။ လူအများစု တွင် ပန်းနာရင်ကျပ်ကြောင့် ဖြစ်သော လက္ခဏာများ မှာ အသက်ရှူရကျပ်ခြင်း၊ အသက်ရှူရာတွင် တရွှီရွှီ မြည်ခြင်း၊ အသက်ရှူ မြန်ခြင်းတို့ ဖြစ်သည်။

#ချောင်းဆိုးသွေးပါခြင်း။ ချောင်းဆိုးခြင်းသည် အဆုတ် သို့မဟုတ် အသက်ရှူလမ်းကြောင်း၏ လက္ခဏာတစ်ခုဖြစ်ပါသည်။ ချောင်းတွင် သွေးပါပါက ၎င်းသည် အန္တရာယ်ရှိသော ရောဂါတစ်ခု၏ လက္ခဏာ ဖြစ်နိုင်သည်။ ဥပမာ- အဆုတ်ကင်ဆာ

#အအေးမိသောလက္ခဏာများနှင့်ချောင်းဆိုးခြင်း။ ဤချောင်းဆိုးခြင်းသည် ရာသီဥတု အပြောင်းအလဲကြောင့် အအေးမိပြီး ချောင်းဆိုးခြင်းဖြစ်ပါသည်။ နှာရည်ယိုခြင်း၊ ခန္ဓာကိုယ် ကိုက်ခဲခြင်း၊ လည်ချောင်း နာခြင်းတို့နှင့် တွဲ၍ ဖြစ်တတ်ပါသည်။ များသောအားဖြင့် ချောင်းခြောက်ဆိုးပါသည်။

#အဖျားတက်ပြီးချွဲပါချောင်းဆိုးခြင်း။ ၎င်းသည် အဆုတ်ရောင်ရောဂါ၏ လက္ခဏာတစ်ခု ဖြစ်သည်။ အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ အသက်ရှူ မြန်ခြင်း တို့နှင့် တွဲပြီး တွေ့ရတတ်သည်။ သလိပ်သည် အစိမ်းရောင်၊ အဝါရောင် သို့မဟုတ် သွေးရောင် ဖြစ်နိုင်သည်။
ရက်အတော်ကြာသည်အထိ ချောင်းဆိုးမပျောက်ပါက ဆရာဝန်နှင့် သေချာပြ၍
လုံလောက်သောကုသမှုခံယူသင့်ပါသည်။

#မေယုမော်
#မကွေးမြို့ဆေးမျိုးစုံဆိုင်

နေ့စဥ်နေ့တိုင်းပို့နေရတဲ့နယ်ဝေးဆေးအော်ဒါလေးတွေအတွက်ဝယ်ယူအားပေးကြတဲ့ချစ်သောလေးတွေရောင်းပန်းသာလို့ ဝယ်ပန်းလှကြပါစေ။ဆေးဝယ်မ...
16/12/2024

နေ့စဥ်နေ့တိုင်းပို့နေရတဲ့
နယ်ဝေးဆေးအော်ဒါလေးတွေအတွက်
ဝယ်ယူအားပေးကြတဲ့
ချစ်သောလေးတွေ
ရောင်းပန်းသာလို့ ဝယ်ပန်းလှကြပါစေ။
ဆေးဝယ်မယ်ဆို
မေယုမော်ဆေးဆိုင် လေးကို
အမြဲသတိရပေးနော်......

မင်္ဂလာပါရှင် #ဆီးချိုသွေးချိုရောဂါခံစားနေရပြီဆိုရင်သမားတော်နဲ့သေချာပုံမှန်ပြဖို့လိုအပ်သလိုဆေးလည်းပုံမှန်သောက်ဖို့လိုအပ်...
16/12/2024

မင်္ဂလာပါရှင်
#ဆီးချိုသွေးချိုရောဂါခံစားနေရပြီဆိုရင်
သမားတော်နဲ့သေချာပုံမှန်ပြဖို့လိုအပ်သလို

ဆေးလည်းပုံမှန်သောက်ဖို့လိုအပ်ပါတယ်ရှင်

ဆေးဝယ်ယူရာမှာလည်း
အမျိုးအစားတူပြီး ကုမ္ပဏီမတူတဲ့
ဆေးအမျိုးပေါင်းများစွာရှိနေတာကို
သိထားသင့်ပါတယ်ရှင်

ကိုယ်သောက်နေကျဆေးရဲ့
မူရင်းနာမည်
ဆေးပမာဏ
သောက်ရမယ့်အကြိမ်အရေအတွက်
ဆေးကိုချိုးသောက်လို့ရ /မရ
အစာမစားခင်/အစာစားပြိီးသောက်ရန်......အစရှိသဖြင့် ဆေးနဲ့ပတ်သတ်တဲ့အကြောင်းအရာများကို ကိုယ်တိုင်သိထားတာပိုကောင်းပါတယ်ရှင်

ဆီးချိုသွေးချို တက်ခြင်း ကျခြင်းရဲ့
ရောဂါလက္ခဏာများကိုလည်း
ကိုယ်တိုင်သိထားသင့်ပါတယ်ရှင်

မိမိအိမ်မှာ ဆီးချိုတိုင်းကိရိယာဝယ်ထားပြီး
ပုံမှန်စစ်ဆေးခြင်း ၊ မှတ်တမ်းဖြင့်မှတ်ထားခြင်းများလည်း ဆောင်ရွက်သင့်ပါတယ်ရှင်။

ဆီးချိုသွေးချိုတက်လွန်းခြင်းက
အန္တရာယ်ရှိနိုင်သလို
အရမ်းကျသွားခြင်းကလည်း
အသက်အန္တရာယ်ရှိနိုင်တာမို့
ဆရာဝန်ညွှန်ကြားချက်များကို
သေချာလိုက်နာဆောင်ရွက်ဖို့
အရမ်းအရေးကြီးပါတယ်ရှင်။

#မေယုမော်ဆေးဆိုင်
#မကွေးမြို့။

မေယုမော်ဆေးဆိုင်လေးကိုအားပေးကြသူအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ရှင်အမှာပစ္စည်းလေးတွေကို သေချာထုတ်ပိုးပြင်ဆင်ပြီးပို့ပေးလို...
13/12/2024

မေယုမော်ဆေးဆိုင်လေးကို
အားပေးကြသူအားလုံး
ကျေးဇူးအထူးတင်ရှိပါတယ်ရှင်

အမှာပစ္စည်းလေးတွေကို
သေချာထုတ်ပိုးပြင်ဆင်ပြီး
ပို့ပေးလိုက်ပါပြီရှင်

မင်္ဂလာပါရှင်ရာသီအကူးအပြောင်းမှာဖြစ်လေ့ရှိသောရာသီတုတ်ကွေးဖြစ်ခြင်းအအေးမိ ၊ နှာစေး  ၊ နှာရည်ယို၊ နှာပိတ်ဖျားနာခြင်း၊ကိုယ်...
07/12/2024

မင်္ဂလာပါရှင်
ရာသီအကူးအပြောင်းမှာဖြစ်လေ့ရှိသော
ရာသီတုတ်ကွေးဖြစ်ခြင်း
အအေးမိ ၊ နှာစေး ၊ နှာရည်ယို၊ နှာပိတ်
ဖျားနာခြင်း၊
ကိုယ်လက်ကိုက်ခဲခြင်း ၊
ခေါင်းကိုက်ခြင်း တွေဟာ မကြာခဏ
ဖြစ်တတ်တာမို့
ကြိုတင်ကာကွယ်ထားဖို့
လိုသလို
ရုတ်တရက်ဖြစ်လာရင် သောက်ရန်အတွက်
အိမ်သုံးဆေးဝါးလေးတွေလည်း
ဆောင်ထားဖို့လိုအပ်ပါတယ်ရှင်
ဆေးဝါးအစုံအလင် တစ်နေရာတည်းမှာ
အမြန်ဆုံးဝယ်ယူရရှိနိုင်ပါတယ်ရှင်။

မေယုမော် ( ၁ )
သင်ကြားရေးဆေးရုံကြီးရှေ့
မကွေးမြို့။

မေယုမော် ( ၂ )
အ.ထ.က ( ၁ )လမ်း
ရန်ကင်းစျေးအရှေ့ဘက်
မကွေးမြို့။

Address

အထက ၁လမ်း၊ရန်ကင်းစျေးအရှေ့ဘက်၊မကွေးမြို့။
Magway

Telephone

+959762809291

Website

Alerts

Be the first to know and let us send you an email when May Yu Maw Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to May Yu Maw Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram