04/07/2025
ဖြည့်စွက်စာသောက်နေတဲ့သူတွေဖြည့်စွတ်စာကြောင့်ကျောက်ကပ်ထိခိုက်ပျက်စီးသွားနိုင်ပါသလား?။
-
ဖြည့်စွက်စာကိုအယုံအကြည်မရှိပဲ၊(Drugs)တွေကိုသာအဓိကထားသုံးစွဲနေကြတဲ့လူတွေ၊အထူးသဖြင့်(Drugs)ဆရာဝန်တွေကဖြည့်စွတ်စာသောက်နေသူတွေကိုဖြည့်စွတ်စာသောက်ရင်ကျောက်ကပ်တွေပျက်စီးသွားမယ်ဆိုပြီးတော့အထိတ်တလှန့်ဖြစ်အောင်ခြိမ်းခြောက်ကြတာတွေကိုကျွန်တော်မကြာခဏကြားနေရပါတယ်။
-
ဒီကိစ္စဟာအရေးကြီးတဲ့ကိစ္စဖြစ်လာပါတယ်။ဘာကြောင့်လဲဆိုတော့ဖြည့်စွက်စာသောက်နေတဲ့လူတွေကိုစိတ်ဓါတ်ပျက်ပြားပြီး၊ကျန်းမာရေးနဲ့ပါတ်သက်လို့ကောင်းကျိုးတွေဆုတ်ယုတ်အောင်(Drugs)သမားတွေကအမြဲတန်းမဟုတ်မမှန်ပြောဆိုနေတာတွေကိုအမှန်တရားနဲ့ပြန်လည်လက်တုန့်ပြန်ဖို့အချိန်ရောက်လာပါပြီ။
-
လောကမှာလူရယ်လို့ဖြစ်လာရင်၊အကြောင်းအကျိုးကိုခွဲခြားသိတတ်တဲ့ပညာမျိုးရှိရပါမယ်။အကြောင်းအကျိုးကိုသေချာနားမလည်ပဲကျောင်းကသင်ထားတဲ့အတိုင်းအလွတ်ကျက်မှတ်ပြီးဘွဲ့ရလာတယ်တယ်ဆိုရင်တော့အဲဒီလူဟာတိရိစ္ဆာန်နဲ့ဘာမှမကွာခြားတော့ပါဘူး။ဘာကြောင့်လဲဆိုတော့တိရိစ္ဆာန်ဆိုတာသင်ပေးရင်တတ်နိုင်ပါတယ်။ဒါပေမယ့်ဘယ်တိရိစ္ဆာန်ကမှအကြောင်းအကျိုးသဘောတရားတွေကိုနားမလည်နိုင်ကြပါဘူး။
-
လောကမှာအကြောင်း၊အကျိုးတရားတွေကိုအခြေခံပြီးပြောမှသာအမှန်ဖြစ်တယ်။အကြောင်း၊အကျိုးနဲ့သေချာရှင်းပြလို့မှလက်မခံဘူးဆိုတဲ့လူတွေကြတော့တိရိစ္ဆာန်တွေနဲ့ဘာကွာခြားတော့မှာလဲ?။ဖြည့်စွတ်စာကြောင့်ကျောက်ကပ်ထိခိုက်သလား၊မထိခိုက်ဘူးလားဆိုတာကိုနားလည်ဖို့ဆိုရင်အောက်ပါအချက်တွေကိုတစ်ချက်ခြင်းသေချာနားလည်ဖို့လိုပါတယ်။
-
၁။ဖြည့်စွက်စာဆိုတာဘာလဲ?။
-
၂။လူတွေဘာအတွက်ကြောင့်ဖြည့်စွက်စာတွေသောက်နေကြတာလဲ?။
-
၃။(Functional Medicine)ဆိုတာကကောဘာလဲ?။
-
၄။ဓါတုဗေဒဆေး(Drug)နဲ့ဖြည့်စွတ်စာ(Supplement)ဘာကွာခြားသလဲ?။
-
၅။ကျောက်ကပ်ပျက်စီးစေနိုင်တဲ့အဓိကအကြောင်းတရားတွေကဘာတွေလဲ?။
-
၆။ကျောက်ကပ်မပျက်စီးအောင်ဘယ်လိုကာကွယ်စောင့်ရှောက်ကြမလဲ?။
-
ဒီအချက်တွေကိုနားလည်သွားပြီဆိုရင်ကိုယ်ပိုင်ဉာဏ်နဲ့အကြောင်းအကျိုးတွေကိုသေချာသိသွားပြီဖြစ်လို့၊သူများပါးစပ်ဖျားလမ်းမဆုံးတော့သလို၊မသိသေးတဲ့လူတွေကိုလဲပြန်ပြီးမျှဝေပေးလို့ရပါတယ်။
-------------------------------
၁။ #ဖြည့်စွက်စာဆိုတာဘာလဲ?။
-
ဖြည့်စွက်စာဆိုတာတစ်ခြားမဟုတ်ပါဘူး၊နေ့စဉ်မရှိမဖြစ်လိုအပ်နေတဲ့(အဟာရ)တွေကိုခေါ်တာပါပဲ။နံမယ်ကိုက(ဖြည့်စွက်)ဆိုတဲ့အတိုင်းအစားအသောက်ကနေလုံလုံလောက်လောက်မရရှိနိုင်တဲ့အတွက်ဖြည့်စွက်ပေးနေရတဲ့သဘောပါ။ဖြည့်စွက်အဟာရတွေမှာဘာတွေပါသလဲဆိုတော့၊သဘာဝ(Vitamins)တွေ၊သဘာဝ(Minerals)တွေ၊သဘာဝ(Antioxidants)တွေ၊သဘာဝ(Anti-inflammatory)ဓါတ်ပေါင်းတွေ၊သဘာဝ(Anti-cancer)ဓါတ်ပေါင်းတွေစသည်ဖြင့်၊အကောင်းတွေဒီထက်မကအမျိုးမျိုးပါဝင်နေပါတယ်။
----------------------
၂။လူတွေဘာအတွက်ကြောင့်ဖြည့်စွက်စာတွေသောက်နေကြရတာလဲ?။
-
ဖြည့်စွက်စာတွေကိုယုံကြည်သုံးစွဲနေသူတွေဆိုတာမြတ်စွာဘုရားဟောထားတဲ့အတိုင်း၊ကျန်းမာဖို့အတွက်(ကံ၊စိတ်၊ဥတု၊အဟာရ)ဆိုတဲ့အကြောင်းတရား(၄)ပါးဟာအရေးအကြီးတယ်ဆိုတာကိုလက်ခံ၊ယုံကြည်၊ကျင့်သုံးနေၾကသူတွေလို့ဆိုနိုင်ပါတယ်။မြတ်စွာဘုရားဟောထားတဲ့အကြောင်းတရားလေးပါးထဲမှာမှ(ဧကောဓမ္မောအဟာရော)ဆိုတဲ့အတိုင်း၊အဟာရဆိုတဲ့အကြောင်းတရားဟာအလွန်အရေးကြီးသလို၊ကိုယ်တိုင်လဲပြုပြင်ယူလို့ရနိုင်ပါတယ်။ဒါကြာင့်ဖြည့်စွက်စာတွေသောက်နေကြတာဖြစ်တယ်။
-------------------
၃။(Functional Medicine)ဆိုတာကကောဘာလဲ?။
-
(Functional Medicine)ဆိုတာကတော့တိုတိုပြောရရင်(အကျိုးအကြောင်းဆက်စပ်တဲ့သဘာဝဆေးပညာ)လို့အဓိပ္ပါယ်ရပါတယ်။ဘာကြောင့်ဒီလိုပြောရသလဲဆိုရင်ရောဂါတစ်ခုဖြစ်လာပြီဆိုရင်၊အဲဒီရောဂါရဲ့အပေါ်ယံလက္ခဏာ(symptoms)တွေကို(Drugs)တွေနဲ့အလွယ်မကုပဲ၊အဲဒီရောဂါဖြစ်ပေါ်လာရတဲ့အကြောင်းတရားဇစ်မြစ်တွေကိုသေချာလေ့လာရှာဖွေပြီးတော့မှသဘာဝနည်းနဲ့အကြောင်းတရားတွေကိုပြန်လည်ပြုပြင်ကုသပေးရတဲ့ဆေးပညာမျိုးဖြစ်နေလို့ပါပဲ။
-
လက်တွေ့မှာအမှန်တစ်ကယ်ကျန်းမာသွားတာနဲ့အပေါ်ယံရောဂါလက္ခာလေးတွေခဏဖျောက်ထားပေးတာဟာ(လုံးဝ)မတူပါဘူး။ဥပမာအားဖြင့်သွေးတိုးသမားတွေကိုသွေးကျဆေး(Drug)လေးတိုက်ပြီးခဏထိန်းထားတာတို့၊ဆီးချိုသမားတွေကိုဆီးချိုကျအောင်(Drug)လေးနဲ့ခဏထိန်းထားတာတို့ဆိုတာဟာတစ်ကယ်တော့ရောဂါရဲ့အပေါ်ယံလက္ခာလေးကိုပဲယာယီထိန်းထားလိုက်တာပါ။တစ်ကယ့်ရောဂါအစစ်ကတော့တစ်နေ့တစ်ခြားပိုပိုပြီးဆိုးလာစေပါတယ်။
-
ရောဂါတစ်ကယ်ပျောက်ပြီးကျန်းမာချင်တယ်ဆိုရင်တော့အဲဒီရောဂါတွေဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့တစ်ကယ့်ရောဂါရဲ့ဇစ်မြစ်ဖြစ်တဲ့အကြောင်းတရားတွေကိုရှာဖွေပြီးပြုပြင်ပေးနိုင်တော့မှသာလျှင်ဒီရောဂါတစ်သက်လုံးပြန်မဖြစ်အောင်ပျောက်ကင်းသွားမှာဖြစ်ပါတယ်။(Functional medicine)ကိုလက်ခံကျင့်သုံးနေတဲ့ဆရာဝန်တွေဟာသဘာဝအကြောင်းတရားကိုရှာဖွေပြီးပြုပြင်ပေးတာဖြစ်လို့သူတို့တွေကိုသဘာဝသမားတော်တွေလို့ခေါ်နိုင်ပါတယ်။
-
အဟာရပညာ(Nutrition)ကိုလဲသေချာနားမလည်၊(Biochemistry)လဲစာမကျေခဲ့၊ကျန်းမာရေးအကြောင်းလဲသေချာမသိ၊သူတို့ကိုယ်တိုင်လဲကျန်းမာအောင်မနေထိုင်မစားသောက်တတ်ကြပဲ၊မိုးလင်းကနေမိုးချုပ်အထိ(Drugs)တွေကိုပဲသုံးပြီးအပေါ်ယံလက္ခဏာတွေကိုထိုင်ကုနေကြတဲ့သူတွေဟာတစ်ကယ်တော့သမားတော်တွေမဟုတ်ကြပါဘူး။ဓါတုဗေဒဆေး(Drugs)တွေကိုပဲအမြဲအားကိုးပြီးကုနေကြတဲ့အတွက်(ဆေးသမား)တွေပါပဲ။
-----------------------
၄။ဓါတုဗေဒဆေး(Drug)နဲ့ဖြည့်စွက်စာ(Supplement)ဘာကွာခြားသလဲ?။
-
ဒီအချက်ဟာသိပ်အရေးကြီးပါတယ်။မြန်မာပြည်ကလူအများစုကဓါတုဗေဒဆေး(Drug)နဲ့ဖြည့်စွက်စာ(Supplement)ဆိုတာ(လုံးဝ)မတူဘူး၊တစ်ခြားစီပဲဆိုတာကိုမသိကြပါဘူး။အတူတူလို့ပဲထင်နေကြပါတယ်။
-
သေချာနားလည်အောင်ရှင်းပြရမယ်ဆိုရင်၊(USA)လိုနိုင်ငံမျိုးမှာလူ့အသက်ကိုအလွန်တန်ဖိုးထားပါတယ်။(USA)မှာတန်ဖိုးအကြီးဆုံးကလူပါပဲ။မြန်မာနိုင်ငံမှာကတော့လူ့အသက်တစ်ချောင်းကိုအမျိုးအစားကောင်းတဲ့ခွေးတစ်ကောင်လောက်တောင်တန်ဖိုးမထားကြပါဘူး။မယုံရင်(USA)ကိုအလည်လာပြီးလမ်းဖြတ်ကူးကြည့်လိုက်ပါ။ခင်ဗျားဖြတ်ကူးတော့မယ်ဆိုတာနဲ့ကားတွေအားလုံးတရိုတသေနဲ့ရပ်ပေးပါလိမ့်မယ်။မြန်မာပြည်မှာတော့ဒီပုံစံသွားမလုပ်ပါနဲ့အသက်အန္တရာယ်ရှိပါတယ်။
-
မြန်မာပြည်မှာတန်ဖိုးအနည်းဆုံးကလူ့အသက်တစ်ချောင်းပါပဲ။ဆရာဝန်အမှားကြောင့်သေသွားတဲ့လူတွေရေတွက်လို့မရနိုင်ပါဘူး။ဘာမှပြန်လုပ်လို့မရပါဘူး။လူ့အသက်တစ်ချောင်းဟာဆရာဝန်ရဲ့ဆေးထိုးအပ်တစ်ချောင်းလောက်တောင်တန်ဖိုးမရှိပါဘူး။ဒီလိုပြောလို့စိတ်ဆိုးလဲမတတ်နိုင်ဘူး။ဒါဟာလက်တွေ့ဖြစ်နေတဲ့အမှန်တရားပါပဲ။
-
လူ့အသက်ကိုသိပ်တန်ဖိုးထားတဲ့(USA)လိုနိုင်ငံမျိုးမှာ၊ဓါတုဗေဒဆေး(Drug)တွေနဲ့ပါတ်သက်လို့အလွန်တင်းကြပ်တဲ့စည်းမျဉ်းဥပဒေ(Regulation)တွေအများကြီးသတ်မှတ်ထားပါတယ်။ဖြည့်စွတ်စာ(Supplement)နဲ့ပါတ်သက်လို့ဘာမှတင်းကြပ်တဲ့ဥပဒေ(Regulation)တွေသတ်မှတ်မထားပါဘူး။အစားအသောက်(Food)ရောင်းမယ်ဆိုရင်တောင်(Regulation)တွေကဖြည့်စွတ်စာထက်ပိုပြီးတောင်တင်းကြပ်နေပါသေးတယ်။
-
လူ့အသက်တွေကိုသိပ်တန်ဖိုးထားတဲ့နိုင်ငံတွေမှာ၊ဘာကြောင့်ဖြည့်စွက်စာ(Supplement)နဲ့ပါတ်သက်လို့စည်းကမ်းတွေတင်းကြပ်မထားရသလဲဆိုတာကတော့သိပ်ရှင်းပါတယ်။(Drugs)တွေဆိုတာအလွန်အန္တရာယ်များပြီး၊(Supplements)တွေဆိုတာကတော့အန္တရာယ်လုံးဝမရှိလို့ပါပဲ။အရှင်းဆုံးပြောရမယ်ဆိုရင်၊အစားအသောက်(Food)တွေဆိုတာတောင်မလတ်ဆတ်ရင်အန္တရာယ်ဖြစ်နိုင်ပါသေးတယ်။ဖြည့်စွက်စာတွေဆိုတာ(Food)တွေထက်တောင်ပိုပြီးအန္တရာယ်ကင်းပါတယ်။
-
လူ့အသက်ကိုသိပ်ပြီးတန်ဖိုးထားတဲ့(USA)လိုနိုင်ငံမျိုးနဲ့လူ့အသက်ကိုလုံးဝတန်ဖိုးမထားတဲ့မြန်မာနိုင်ငံဘာကွာခြားသလဲဆိုတော့၊မြန်မာနိုင်ငံမှာဓါတုဗေဒဆေး(Drug)တွေနဲ့ပါတ်သက်လို့ဘာမှစည်းမျဉ်းဥပဒေ(Regulation)တွေမရှိပါဘူး။အန္တရာယ်သိပ်များတဲ့ဓါတုဗေဒဆေး(Drug)တွေကိုလမ်းဘေးဆေးဆိုင်တွေနဲ့ကွမ်းယာဆိုင်တွေမှာတောင်၊လူတိုင်း၊ခလေးကအစသွားပြီးလွယ်လွယ်ကူကူဝယ်ယူလို့ရနိုင်ပါတယ်။
-
ဥပမာပြောရရင်(Antibiotics)ဆေးတွေကိုလမ်းဘေးဆေးဆိုင်တွေမှာလူတိုင်းဝယ်လို့ရနေပါတယ်။(USA)မှာ(Antibiotics)တွေကိုလမ်းဘေးမှာသွားပြီးချရောင်းမယ်ဆိုရင်တော့ရောင်းသူဟာရာဇဝတ်မှု့နဲ့ထောင်ကျသွားမှာသေချာပါတယ်။(USA)မှာဓါတုဗေဒဆေးကိုတရားမဝင်ရောင်းဝယ်မယ်ဆိုရင်လက်နက်ရောင်းဝယ်မှု့ထက်ပိုပြီးအမှု့ကြီးပါတယ်။လက်နက်တောင်လွယ်လွယ်ကူကူရောင်းဝယ်လို့ရပါတယ်၊ဓါတုဗေဒဆေးတွေကိုၾကတော့(အဆိပ်)ဖြစ်နေလို့အလွန်တင်းကြပ်ထားပါတယ်။
-
မြန်မာပြည်ကလူအများစုရဲ့အားနည်းချက်ကတော့ငယ်ငယ်လေးကတည်းကဓါတုဗေဒဆေး(Drug)တွေကိုလမ်းဘေးကွမ်းယာဆိုင်ကညွန်တဲ့အတိုင်းဝယ်ပြီးပဲကြီးလှော်ဝါးသလိုထိုင်ဝါးလာကြတော့၊သူတို့အတွက်(Drug)နဲ့(Supplement)မတူဘူးဆိုတာကိုအခုအချိန်ထိသေချာခွဲခြားပြီးနားလည်ကြပုံမပေၚပါဘူး။
-
မြန်မာလူမျိုးတွေရဲ့အဖြစ်က(Drugs)တွေကိုကြတော့လမ်းဘေးဆေးဆိုင်ကနေထင်သလိုဝယ်၊ထင်သလိုသောက်နေကြပြီး၊(Supplements)တွေကိုကြတော့သုံးရမှာကြောက်နေကြတယ်ဆိုတော့၊ဘာနဲ့သွားတူသလဲဆိုရင်ငရဲကလာပြီး၊ရေနွေးနဲ့ရေချိုးရမှာကိုတော့ကြောက်နေသလိုဖြစ်နေပါတယ်။
------------------
၅။ကျောက်ကပ်ပျက်စီးစေနိုင်တဲ့အဓိကအကြောင်းတရားတွေကဘာတွေလဲ?။
-
အဓိကအကျဆုံး(၁၀)ချက်ကိုပဲရွေးပြောပါမယ်။နောက်ဆုံးအချက်ကတော့အားလုံးထဲမှာအရေးအကြီးဆုံးပါပဲ။
-
1. Diabetes.
ဆီးချိုရောဂါအခံရှိနေသူဟာကျောက်ကပ်ပျက်စီးလွယ်ပါတယ်။သွေးထဲမှာသကြားဓါတ်များနေရင်၊အဲဒီသကြားဓါတ်ကြောင့်ကျောက်ကပ်တွေကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။
-
2. High blood pressure.
သွေးတို့းရောဂါအခံရှိနေသူတွေလဲကျောက်ကပ်ပျက်စီးဖို့လွယ်ကူပါတယ်။သွေးဖိအားများနေရင်လဲ၊အဲဒီသွေးဖိအားကြောင့်ကျောက်ကပ်တွေကိုပျက်စီးစေနိုင်တာပါပဲ။
-
3. Infections.
(Infections)တစ်ခုခုရှိနေရင်လဲအဲဒီ(Infections)ကြောင့်ကျောက်ကပ်ပျက်စီးစေနိုင်တာပါပဲ။အထူးသဖြင့်ဆီးလမ်းကြောင်းမှာဖြစ်တတ်တဲ့ရောဂါ၊ပိုးမွှားတွေကြောင့်လဲကျောက်ကပ်တွေပျက်စီးစေနိုင်ပါတယ်။
-
4. Autoimmune Diseases.
(Autoimmune)ရောဂါသမားတွေကလဲ၊မိမိရဲ့(Immune system)ကကျောက်ကပ်တွေကိုပြန်ပြီးတိုက်ခိုက်ဖျက်ဆီးနိုင်လို့၊(Autoimmune)ရောဂါတွေကြောင့်လဲကျောက်ကပ်ထိခိုက်ပျက်စီးဖို့လွယ်ကူပါတယ်။
-
5. Inherited genetic kidney disease.
မွေးကတည်းကပါလာတဲ့ကျောက်ကပ်ရောဂါဖြစ်စေ၊မွေးရာပါမျိုးရိုးဗီဇမှာတစ်ခုခုချွတ်ယွင်းပျက်စီးနေလို့ဖြစ်စေ၊ကျောက်ကပ်တွေကိုပျက်စီးစေနိုင်ပါတယ်။ဒီကိစ္စကတော့ဘယ်လိုမှပြုပြင်ပေးလို့မရနိုင်တဲ့ကံတရားပါပဲ။ဒါပေမယ့်အလွန်ဖြစ်ခဲပါတယ်။လူတစ်ထောင်မှာတစ်ယောက်တောင်မဖြစ်လိုပါဘူး။
-
6. Kidney stones, urinary tract obstructive or physical kidney injury.
ဆီးလမ်းကြောင်းကျောက်တည်ပြီးပိတ်ဆို့တာဖြစ်ဖြစ်၊ဆီးလမ်းကြောင်းမှာတစ်ခုခုပိတ်ဆို့တာဖြစ်ဖြစ်၊မတော်တဆထိခိုက်မှု့(accidents)ဖြစ်လို့ကျောက်ကပ်တွေကိုထိခိုက်သွားလို့ပဲဖြစ်ဖြစ်၊(accidents)ကြောင့်ဆီးလမ်းကြောင်းကိုထိခိုက်၊ပျက်စီး၊ပိတ်ဆို့သွားစေလို့ပဲဖြစ်ဖြစ်ကျောက်ကပ်တွေကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။
-
7. Blood pH drop.
အစားအသောက်ထဲကရနိုင်တဲ့(Alkaline Minerals)တွေဖြစ်ကြတဲ့၊(Calcium, Magnesium, Potassium)တွေချို့တဲ့လာပြီဆိုရင်သွေးထဲက(pH)တန်ဖိုး(Acid)ဖက်ရောက်သွားနိုင်ပါတယ်။ခန္ဓာကိုယ်ကအရိုးကနေ(Minerals)တွေပြန်ထုတ်သုံးပြီးသွေး(pH)ကိုပြန်ပြီးထိန်းသိမ်းပေးရပါတယ်။ခန္ဓာကိုယ်ထဲမှာဒီလိုအခြေအနေမျိုးတွေမကြာခဏဖြစ်နေမယ်ဆိုရင်ရေရှည်မှာကျောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။
-
8. Oxidative Stress, Inflammation, and Insulin Resistance.
(Oxidative Stress, Inflammation and Insulin Resistance)တွေကြောင့်ကျောက်ကပ်ပျက်စီးတာကတော့အဆန်းမဟုတ်ပါဘူး။ဒီအကြောင်းတွေကြောင့်ကျောက်ကပ်တစ်ခုတည်းပျက်စီးနိုင်တာမဟုတ်ပါဘူး။တစ်ခြားသောကိုယ်အင်္ဂါအစိတ်အပိုင်းအားလုံးအပြင်ခန္ဓာကိုယ်တစ်ခုလုံးကိုပါပျက်စီးသွားစေနိုင်ပါတယ်။
-
9. Nutrition Deficiency.
အစားအသောက်ဖြည့်စွတ်စာတွေထဲမှာကျောက်ကပ်ကိုကျန်းမာအောင်၊မပျက်စီးနိုင်အောင်ကာကွယ်စောင့်ရှောက်ပေးကြတဲ့သဘာဝ(Vitamins)အမျိုးမျိုးတွေ၊သဘာဝ(Minerals)အမျိုးမျိုးတွေ၊၊သဘာဝ(Antioxidants)အမျိုးမျိုးတွေ၊သဘာဝ(Anti-inflammatory)ဓါတ်ပေါင်းအမျိုးမျိုးတွေပါဝင်နေကြပါတယ်။အဆိုပါဓါတ်ပေါင်းတွေချို့တဲ့သွားမယ်ဆိုရင်လဲကျောက်ကပ်တင်မကပါဘူး၊ခန္ဓာကိုယ်တစ်ခုလုံးကိုထိခိုက်ပျက်စီးစေနိုင်တာပါပဲ။အစာအဟာရတွေချို့တဲ့တာကိုမဆိုပါနဲ့ဦး၊ရေသောက်နည်းရင်တောင်ကျောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။
-
10. Chemical Toxins, Drugs, and Medications.
ဒီနောက်ဆုံးအချက်ကတော့ကျောက်ကပ်ပျက်စီးစေတဲ့အကြောင်းရင်းတွေထဲကအဓိကအကျဆုံးအချက်ဖြစ်ပါတယ်။ဓါတုဗေဒအဆိပ်အတောက်တွေဆိုတာကတော့များသောအားဖြင့်တစ်ခြားနေရာကနေလာတာမဟုတ်ပါဘူး။ဆရာဝန်ပေးတဲ့ဓါတုဗေဒဆေး(Drugs)တွေနဲ့(medications)တွေ၊လမ်းဘေးကွမ်းယာဆိုင်၊ဆေးဆိုင်တွေကစပ်ပေးတဲ့စပ်ဆေးတွေ၊ဗမာတိုင်းရင်းဆေးဆရာတွေသူတို့ဆေးတွေထဲမှာမသိမသာရောပြီးထည့်ကြိတ်ထားတဲ့ဓါတုဗေဒဆေးတွေ၊လမ်းဘေးဆေးဆိုင်မှာလွယ်လွယ်ကူကူဝယ်ယူလို့ရတဲ့ဓါတုဗေဒဆေး(Drugs)တွေကြောင့်ပါပဲ။
-
ကျောက်ကပ်ပျက်စီးသွားရတဲ့မြန်မာလူမျိုးတွေထဲကအများစုကတော့ဒီအချက်ကြောင့်ပါပဲ။ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံဆိုတာဟာစည်းမဲ့ကမ်းမဲ့လမ်းဘေးကွမ်းယာဆိုင်တွေမှာတောင်ဓါတုဗေဒဆေး(Drugs)တွေကိုတရားဝင်ရောင်းလို့ရတဲ့နိုင်ငံတစ်နိုင်ငံဖြစ်နေလို့ပါပဲ။
-----------------------
၆။ ကျောက်ကပ်မပျက်စီးအောင်ဘယ်လိုကာကွယ်စောင့်ရှောက်ကြမလဲ?။
-
ဒါကတော့အရမ်းလွယ်သွားပါပြီ။ရောဂါဖြစ်ရတဲ့အကြောင်းရင်းအမှန်တွေကိုသေချာသိသွားပြီဆိုရင်၊အဆိုပါအကြောင်းတရားတွေကိုပြုပြင်ပေးလိုက်ရုံပါပဲ။ပြုပြင်ပေးရမယ့်အကြောင်းတရားတွေကမများပါဘူး။
-
(က။)ကျောက်ကပ်ပျက်စီးစေနိုင်တဲ့အဆိုပါရောဂါအမျိုးမျိုးတွေမဖြစ်အောင်နေထိုင်စားသောက်ဖို့လိုအပ်ပါတယ်။အဆိုပါရောဂါတွေဖြစ်ပြီးနေပြီဆိုရင်လဲမပျောက်ပျောက်အောင်ကုသဖို့လိုအပ်ပါတယ်။
-
(ခ)ကျောက်ကပ်ကိုအဆိပ်အတောက်ဖြစ်စေမယ့်၊ဓါတုဗေဒအဆိပ်အတောက်တွေ၊(Drugs)တွေနဲ့(medications)တွေကိုမလိုအပ်ရင်မသုံးစွဲပဲသဘာဝနည်းတွေ၊အဟာရဖြည့်စွတ်စာတွေ၊သဘာဝအစားအသောက်တွေနဲ့ရောဂါကင်းအောင်နေထိုင်စားသောက်တတ်ဖို့လဲလိုအပ်ပါတယ်။
-
(ဂ)ကျောက်ကပ်ကိုကျန်းမာအောင်၊မပျက်စီးရအောင်ကာကွယ်စောင့်ရှောက်ပေးကြတဲ့သဘာဝ(Vitamins)အမျိုးမျိုးတွေ၊သဘာဝ(Minerals)အမျိုးမျိုးတွေ၊၊သဘာဝ(Antioxidants)အမျိုးမျိုးတွေ၊သဘာဝ(Anti-inflammatory)ဓါတ်ပေါင်းအမျိုးမျိုးတွေမချို့တဲ့အောင်နေထိုင်စားသောက်ဖြည့်စွတ်ပေးဖို့လဲလိုအပ်ပါတယ်။ရေများများသောက်ပေးဖို့လဲလိုအပ်ပါတယ်။
-
ဒီလောက်ဆိုရင်(Drugs)ကကျောက်ကပ်ကိုပျက်စီးစေတဲ့အဓိကအချက်ဖြစ်ပြီး၊ဖြည့်စွတ်စာအဟာရဆိုတာကတော့ကျောက်ကပ်ကိုကာကွယ်စောင့်ရှောက်ပေးတယ်ဆိုတာဟာအကျိုးသင့်အကြောင်းသင့်၊လယ်ပြင်မှာဆင်သွားသလိုသေချာသိလိုက်ရပါပြီ။
-
ဖြည့်စွက်စာကိုဆေးညွန်းအတိုင်းသောက်မယ်ဆိုရင်၊တစ်နည်းအားဖြင့်တန်ဆေးလွန်ဘေးဆိုသည့်အတိုင်းအလွန်အကျွံမသောက်ဘူးဆိုရင်ကျောက်ကပ်ကိုလုံးဝမထိခိုက်စေနိုင်တဲ့အပြင်၊ကျောက်ကပ်တွေကိုပိုပြီးကျန်းမာအောင်တောင်အကျိုးပြုပါတယ်။စာလဲသိပ်ရှည်သွားပါပြီ။ဒီနေ့တော့ဒီလောက်ပါပဲ။
-
အားလုံးကျန်းမာ၍၊ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ။
Kelvin Albert Power
=======================
Credit
https://m.facebook.com/story.php?story_fbid=903345877608487&id=100037992495449&mibextid=Nif5oz
#ကျန်းမာရေးဗဟုသုတ
#ဖြည့်စွက်စာ