Home Care Service ,Magway

Home Care Service ,Magway မကွေးမြို့နယ် အတွင်း Family Home care အတွက် စိတ်ချ ယုံကြည်ပြီး
စုံစမ်းမေးမြန်းနိုင်ပါသည် ။

Dengue Fever
19/05/2025

Dengue Fever

 #ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)၁။ ရာသီမလာတော့ပါ၊ ဒါပေမဲ့ ပေါင်းစပ်ပြီးသား မျိုးဥက သားအိမ် အတွင်းဆုံးလွှာကို လာပြီး တွယ်ကပ...
15/07/2023

#ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)

၁။ ရာသီမလာတော့ပါ၊ ဒါပေမဲ့ ပေါင်းစပ်ပြီးသား မျိုးဥက သားအိမ် အတွင်းဆုံးလွှာကို လာပြီး တွယ်ကပ်ချိန်မှာ သွေးနဲနဲ စွန်းမယ်။ ဆီးစပ်နေရာကလဲ နာတာ ခံစားရနိုင်တယ်။ ရာသီလာလို့ နာတာနဲ့ ကိုယ်ဝန်ရှိလို့ နာတာ ခွဲခြားတတ်ရမယ်။ မျိုးဥထွက်ချိန်ဆိုတာ (လလည်ရက်) နဲ့ ၆-၁ဝ ရက်မှာဖြစ်တယ်။

၂။ ကိုယ့်ကိုယ်ကို ကိုယ်ဝန်ရှိနေတယ်လို့ ထင်ခြင်း။ ဆိုလိုတာက စိတ်က အသိပေးသလို၊ သိလာသလို ဖြစ်တာကို ပြောတာပါ။

၃။ ပျို့-အန်ခြင်း၊ အစားမစားချင်ဖြစ်လာခြင်း။

၄။ အတူနေချင်စိတ် ပြောင်းလဲလာခြင်း။

၅။ ရင်သားနာခြင်း။

၆။ ရင်သား ပိုကြီးထွားလာခြင်း။

၇။ ရင်သား အရောင်ရင့်အဝိုင်းမှာ အသီးငယ်လေးတွေ ထွက်လာခြင်း၊ ရှိပြီးသားတွေက ပိုပြီး သိသာလာခြင်း။

၈။ ညှစ်ရင် နို့ရည်ကြည် နဲနဲ ထွက်နိုင်ခြင်း။

၉။ ဆီးခဏခဏသွားရခြင်း၊ ကိုယ်ဝန်ဆောင် အများစုက ၆-၈ ပါတ်မှာ ဖြစ်ကြတယ်။ ဆီးလမ်းပိုးဝင်တာ၊ ဆီးချိုရောဂါ နဲ့ ဆီးသွားစေတဲ့ဆေးတွေကြောင့်လဲ အဲလို ဆီးခဏခဏသွားချင်တာနဲ့ ခွဲခြားရမယ်။

၁ဝ။ ချင်ခြင်းတပ်ခြင်း။

၁၁။ အားကုန်ခြင်း။

၁၂။ အသားအရေပြောင်းလဲလာခြင်း။

၁၃။ မတ်တပ်ရပ်လိုက်ရင် ခေါင်းမူးမယ်၊ သတိလစ်ချင်သလိုဖြစ်မယ်။

၁၄။ ဆီး-သွေးစစ်လျှင် အပေါင်းပြခြင်း၊ အရောင် ၂ ကြောင်း ပေါ်ခြင်း။

၁၅။ ဗိုက်ထဲက ကလေးလှုပ်တာကို သိနေခြင်း အများဆုံးက ၂ဝ ပါတ်ကျော်မှသာ သိတယ်။၊ ၁၃-၂၅ ပါတ်အထိလဲ ဖြစ်နိုင်တယ်။

၁၆။ ဗိုက်ကြော စသည်ပြတ်ခြင်း (နောက်ပိုင်းမှသာဖြစ်တယ်)။

၁၇။ ဓါတ်မှန်ရိုက်ရင် မြင်ရခြင်း။

၁၈။ (အာလ်ထွာဆောင်း) ရိုက်လျှင်တွေ့ရခြင်း၊ ကိုယ်ဝန် ၄ ပါတ်ခွဲမှာ Gestational sac မြင်ရပြီ။ Yolk sac ကို ၅ ပါတ်၊ Embryo ကို ၅ ပါတ်ခွဲမှာမြင်ရပြီ။

၁၉။ ကလေးနှလုံးခုန်သံ နားထောင်၍ရခြင်း၊ Doppler ကရိယာနဲ့နားထောင်ရင် ၈-၁ဝ ပါတ်အထိ မကြားနိုင်သေးပါ။ ၁၂-၁၄ ပါတ်ရောက်မှသာ ကြားရတာများတယ်။ စကြားရချိန်မယ် တမိနစ်ကို ၁၈ဝ အထိမြန်တယ်။ နောက်ပိုင်း ပုံမှန် ၁၂ဝ-၁၆ဝ အထိရှိတယ်။ (အာလ်ထွာဆောင်း) နဲ့စမ်းရင် ၆ ပါတ်မှာ ၉ဝ-၁၁ဝ၊ ၉ ပါတ်မှာ ၁၄ဝ-၁၇ဝ၊

၂ဝ။ သားအိမ်ကြီးလာခြင်း၊ ကိုယ်ဝန် ၁၂ ပါတ်ကစပြီး ဆီးစပ်နေရာကနေ သားအိမ်အမြင့်ကို လက်နဲ့စမ်းလို့ရပြီ။

သိပ်မသိသာတဲ့၊ လူတိုင်းဖြစ်ချင်မှဖြစ်မဲ့ အချက်တွေကတော့ -
ခေါင်းကိုက်တာ၊ စိတ်မူပြောင်းခြင်း၊ စိတ်တိုခြင်း၊ (ဒီအချက်တွေဟာ ရာသီမလာခင်ဖြစ်ချင်တာတွေနဲ့ အတူတူဖြစ်တယ်။) ဝမ်းချုပ်တာ Progesterone ကြောင့်ဖြစ်တယ်။ ဒီဟော်မုန်းက အစာကိုအောက်ဆင်းတာ နှေးစေတယ်။ (ဗဂျိုင်းနား) နံရံတွေက ပိုထူလာတယ်။ (ဗဂျိုင်းနား) ပိုပြီးစိုတာ၊ ဖြူတဲ့ နို့လိုဆင်းတယ်။ ကိုယ်ဝန်ရှိနေတဲ့ကာလ တလျှောက်လုံးမှာလဲ အဲလိုရှိနေနိုင်တယ်။ ဆေးကုစရာ မလိုပါ။ ဒါပေမဲ့ အနံ့ဆိုးလာရင်၊ ယားယံလာရင်၊ ဆင်းတာက အရောင် ပြောင်းလာရင်တော့ ဆေးစစ်ပြီး ကူသမှုခံယူရမယ်။

■■■ ကိုယ်ဝန်ရှိ-မရှိ စမ်းသပ်ခြင်း

Urine Pregnancy Test ဆီးစစ်နည်းကို သိပ်စောစောစမ်းရင် ကိုယ်ဝန်ရှိနေပေမဲ့ အနုတ်ပြနိုင်တယ်။ ရာသီလာရမဲ့ရက်ထက် တစ်ပါတ်နေလို့ မလာသေးရင် စမ်းပါ။ ကိုယ်ဝန်ရှိမယ် ထင်ပေမဲ့ အနုတ်ပြနေရင် နောက်တစ်ပါတ် အကြာမှာ တစ်ခါထပ်စမ်းပါ။ မနက်ခင်းသွား ဆီးကို စစ်ပါ။ ရေလဲ မသောက်သေးဘဲ ၄ နာရီလောက် ဆီးအောင့်ထားပြီး သွားတဲ့ဆီးလဲ ရတယ်။ ကိုယ်ဝန် ၄-၅ ပတ်ရှိနေသူဆိုရင် ဘယ်အချိန်သွားတဲ့ဆီးဖြစ်ဖြစ်ရတယ်။

ဆီးစစ်ရမဲ့ရက်ဆိုတာ မ-မျိုးဥထွက်ချိန် (လလည်ရက်) ရဲ့နောက် ၆-၁၂ ရက်မှာဖြစ်တယ်။ ဒီထက်စောပြီး ဘယ်နည်းနဲ့ စမ်းစမ်း မသိနိုင်ဘူး။ မ-မျိုးဥက ပုံမှန် ၁၄ ရက်မှာ ထွက်ပေမဲ့ နောက်ကျနေသူတွေဆိုရင် မတူနိုင်ဘူး။ ကိုယ်ဝန် ရှိ-မရှိ စမ်းတယ်ဆိုတာ တိကျဘို့ရာ ဘယ်ရက်မှာ အတူနေခဲ့သလဲဆိုတာထက် ဘယ်ရက်မှာ မျိုးဥထွက်သလဲက အရေးပါတယ်။

အကယ်၍ မိမိမှာ ကိုယ်ဝန်ရှိတာ သေချာသွားပြီဆိုရင် တော့ကျွန်တော်တို့ Online Doctor ထံ ဆက်သွယ်ပြီး

# ကိုယိဝန်ဆောင်ကာလ လစဉ် စောင့်ရှောက်မှု ပေခြင်း
# ကိုယ်ဝန်ဆောင်စဉ် ကိုယ်ဝန်ဆောင်မိခင် ကာကွယ်ဆေးထိုးခြင်း တို့ကို
အိမ်ရောက် ဝန်ဆောင်မှု ရယူနိုင်မှာ ဖြစ်ပါကြောင်း သတင်ကောင်း ပါးလိုက်ပါရစေ ။👍👍
အသေးစိတ်သိရှိလိုပါက CB သို့မဟုတ် page ph no ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော် ။🤟🤟🤟


ယခုရက်ပိုင်း မြန်မာနိုင်ငံမှာအဖြစ်များနေတဲ့ 𝘽𝙧𝙤𝙣𝙘𝙝𝙞𝙩𝙞𝙨 ခေါ်  အဆုတ်လေပြွန်ရောင်ရောဂါ ဟာ ကလေးတွေရဲ့အသက်အန္တရာယ်ကိုခြိမ်းခြ...
14/07/2023

ယခုရက်ပိုင်း မြန်မာနိုင်ငံမှာအဖြစ်များနေတဲ့ 𝘽𝙧𝙤𝙣𝙘𝙝𝙞𝙩𝙞𝙨 ခေါ် အဆုတ်လေပြွန်ရောင်ရောဂါ ဟာ ကလေးတွေရဲ့အသက်အန္တရာယ်ကိုခြိမ်းခြောက်လာတဲ့အတွက် မိဘများရဲ့စိုးရိမ်ပူပန်မှုဟာ တစ်ဟုန်ထိုးမြင့်တက်လျက်ရှိပါတယ် 😰😰
ဒီလိုအချိန်မှာမိမိရဲ့ သားသားမီးမီးတို့ကိုရောဂါကာကွယ်မှုများအသေအချာပြုလုပ်ပေးထားဖို့လိုအပ်သလို အာဟာရပြည့်ဝမျှတတဲ့ အစားအစာတွေနဲ့ ကိုယ်ခံအားမြှင့်တင်ထားဖို့ကလည်း အလွန်အရေးကြီးပါတယ် 💌💌
အဆုတ်လေပြွန်ရောင်ရောဂါဟာ 𝒗𝒊𝒓𝒖𝒔 ကြောင့်သာမက ဘဲ 𝒃𝒂𝒄𝒕𝒆𝒓𝒊𝒂 ရောကြောင့်ပါ ဖြစ်တတ်ပါတယ် 🦠🦠
တချို့ကျောင်းတွေမှာ ကလေးတော်တော်များများ ကူးစက်ခံနေရတာဆိုတော့ virus ဖြစ်ဖို့များပါတယ် ၊ အခုကမိုးရာသီဖြစ်တဲ့အတွက် ရာသီတုပ်ကွေးရဲ့နောက်ဆက်တွဲ ကိုယ်ခံအားကျပြီးတော့ 𝑺𝒆𝒄𝒐𝒏𝒅𝒂𝒓𝒚 𝒃𝒂𝒄𝒕𝒆𝒓𝒊𝒂 𝒊𝒏𝒇𝒆𝒄𝒕𝒊𝒐𝒏 ကြောင့်လည်း bronchitis လို့ခေါ်တဲ့ လေပြွန်ရောင်ရောဂါရတတ်ပါတယ် 😔😔
ဒါကလည်းကလေးမှမဟုတ်ပါဘူး၊ မည်သည့်အသက်အရွယ် မဆိုဖြစ်တတ်ပါတယ်
ကိုယ်ခံအားနည်းတဲ့သူတွေဖြစ်တဲ့ ကလေးနဲ့ သက်ကြီးရွယ်အိုတွေမှာပိုပြီးဆိုးတတ်ပါတယ် 👴👶
ရောဂါလက္ခဏာတွေအများကြီးရှိပေမယ့် အဖျားကြီးတာရယ် ၊ ချောင်းဆိုးတာရယ်က ပိုပြီးခံရခက်နေတတ်ပါတယ် 🤒😷
ကလေးတွေမှာဆိုရင် ချောင်းဆိုးတာနဲ့ အန်တာပါ ပူးတွဲပါလာတတ်လို့ အစားမစားနိုင်ဖြစ်ပြီး weight ကျသွားတတ်ပါတယ် 🤮🤢
နဂိုကတည်းက အစားနည်းတတ်တဲ့ ကလေးတွေမှာဆိုရင်ပိုပြီးဆိုးတတ်ပါတယ် 😞😞
ဒီလိုအချိန်တွေမှာ ကလေးတွေကိုသိပ်ပြီးအတင်းမကျွေးပါနဲ့ 🧏‍♀️🧏‍♀️
မစားဘူးဆိုပြီးလည်း မကျွေးဘဲမနေပါနဲ့ 🧏‍♀️🧏‍♀️
ကလေးရဲ့ကိုယ်ခံအားပိုကျသွားပြီး ၊ နောက်ထပ်ပိုးတွေခန္ဓာကိုယ်ထဲဝင်ရောက်မှုမှာ များလာနိုင်ပါတယ် ( 𝑷𝒓𝒐𝒏𝒆 𝒕𝒐 𝒊𝒏𝒇𝒆𝒄𝒕𝒊𝒐𝒏) ကိုဆိုလိုတာပါ 🤕🤕
မေမေ တွေစိတ်မပူရအောင် အောက်ဖေါ်ပြပါ အစားအစာတွေကို ဖြည်းဖြည်းချင်းကျွေးပါလို့တော့အကြံပေးပါရစေ-
(1) ကြက်ဥ တရက် ၂ လုံး - အကာချက် (သို့မဟုတ်) ပူတင်းပုံစံမျိုး 🥚🍳
(2) အသား / ငါး ဆွပ်ပြုတ် - 🫕🫕
(3) ကြက်ပေါင်းရည် 🍗🍗
(4) ပြောင်းဖူး ရည် (corn soup) 🌽🌽
(5) သာကူကြို 🍵🍵
(6) ဒိန်ချဉ်
(7) cereal/ Oat / ဆန်ပြုတ်/ မြူစွမ် 🍚
(8) တမင်းရည်နဲ့ နို့မှုန့်
(9) နို့ / formula milk 🍼🥛
(10) အသီးဖျော်ရည် 🍊🍓🍏
(11) ကလေးသောက် ငှက်သိုက်
စသည်တို့ဖြစ်ပါတယ်

တနေ့မှာအစာကိုနည်းနည်းနဲ့ အကြိမ်များများ ၅ ကြိမ်မှ၆ ကြိမ် - တခါကျွေးရင် အနည်းဆုံး 𝟏𝟎𝟎 𝐦𝐥 / 𝟏𝟎𝟎 𝐠𝐦 ကျွေးပါ ။ သုံးလေးရက်လောက်ကြာလာလျှင် ပုံမှန် အစာတွေ ပြန်ပြီးစားလာတတ်ပါတယ် ။ 𝒑𝒓𝒐𝒃𝒊𝒐𝒕𝒊𝒄 𝒔𝒖𝒑𝒑𝒍𝒆𝒎𝒆𝒏𝒕𝒔 ၊ 𝒎𝒖𝒍𝒕𝒊𝒗𝒊𝒕𝒂𝒎𝒊𝒏 တွေကိုတော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန် ၊ ကျမတို့လိုအာဟာရဆရာဝန်များနဲ့ တိုင်ပင်ပြီးကျွေးသင့်ပါတယ်လို့တော့ အကြံပြုလိုက်ပါတယ်ရှင့် 👩‍⚕️👩‍⚕️




သွေးလွန်တုပ်ကွေး အနှစ် ချုပ် သွေးလွန်တုပ်ကွေး ဖြစ် နိုင် သည် ဟုသတ်မှတ် ခြင်း (propable dengue ) ဖျား ခြင်း နှင့် အောက်ပါ...
14/07/2023

သွေးလွန်တုပ်ကွေး အနှစ် ချုပ်

သွေးလွန်တုပ်ကွေး ဖြစ် နိုင် သည် ဟုသတ်မှတ် ခြင်း (propable dengue )

ဖျား ခြင်း နှင့် အောက်ပါ အချက် များ ထဲ မှ ၂ချက် ရှိ လျှင်

(၁)အော့အန်ခြင်း
(၂)အရေပြား ပေါ် တွင် အပိန့်ထွက်ခြင်း rash
(၃)ကိုယ်လက် ကိုက်ခဲခြင်း
(၄)သွေးပေါင်ချိန်တိုင်းကိရိယာဖြင့် စမ်းသပ်ရာတွင် + ဖြစ်ခြင်း Hess Test
(၅)သွေးဖြူဉနည်း ခြင်း leukopenia
(၆)အန္တရာယ် လက္ခဏာ တခုခု ရှိ ခြင်း
(၇)နှာခေါင်းသွေးလျှံခြင်း၊ကော်ဖီနှစ်ရောင်အန်ခြင်း

အလွယ်ဆိုရင်တော့ အဖျား ကြီး ပြီး မလန်းဆန်းလျှင်၊မှိန်းလျှင် အစားအသောက် ပျက်လျင် ဖြစ်နိုင်တယ်လို့ မှတ်ရပါ မယ်

အန္တရာယ်လက္ခဏာ များ

(၁)ဝမ်း ဗိုက်နာ ခြင်း ၊ ဖိလျှင် နာ ခြင်း
(၂)ဆက်တိုက်အန်ခြင်း
(၃) အဆုတ်၊နှလုံး၊ဝမ်းဗိုက်တို့တွင် အရည်စုခြင်း
(၄) မှိန်းခြင်း (သို့မဟုတ်)ကယောင်ကတမ်းဖြစ်ခြင်း
(၅) အသည်း (၂ )စင်တီမီတာထက် ကြီးခြင်း
(၆)သွေးဖြူဥ ကျလာ ခြင်း ၊သွေးပြစ်နှုန်းpcv တက်လာခြင်း

ဆေးရုံတက်သင့်သော လူနာများ

(၁)အန္တရာယ်လက္ခဏာတစ်ခုခုရှိခြင်း
(၂)တစ်နှစ်အောက် ကလေး
(၃)အဝလွန်သောသူ
(၄)အခြားရောဂါရှိသောသူ (ဥပမာ Thalassaemia ရောဂါရှိသူ )
(၅)ဆေးရုံနှင့်ဝေးသောသူ

သွေးလွန်တုပ်ကွေးထောင်ချောက်
အရေး ကြီးသည့် သွေး လန့် ခြင်း မဖြစ်မီတွင် အဖျားကျသွားတတ်သည်။ နေကောင်းသွားပြီ ဟု မှားယွင်းစွာယူဆတတ်သည်။
အဖျားကျပြီး မလန်းဆန်းလျှင် မှိန်းလျှင် ကယောင်ကတမ်း ဖြစ်လျှင် မူးဝေအော့အန်လျှင် ဆေးရုံသ်ို့ အမြန်သွားရပါမည်။
စားသောက်၊ဆော့ကစားနေလျှင် မစိုးရိမ်ရပါ။

သွေး လွန် တုပ် ကွေး အန္တရာယ်ကင်း ဂါ ထာ

ရာသီတိုင်းတွင် ဖျားနာ လျှင်
သွေးလွန် တုပ် ကွေး မှတ်
အဖျားကျစဉ် မလန်းလျှင်
အစဉ်သတိချပ်။

မိမိတို့ရဲ့ သားသားမီးမီးလေးတွေကို သွေလွန်တုပ်ကွေး သံသယရှိပါက အိမ်တိုင်ရာရောက် online doctor ကို ဆက်သွယ်ပြီး သွေးဖောက်စစ်ဆေးမှု ပြုလုပ်နိုင်ပါတယ်နော် ။
Crd...

#ရာသီတုပ်‌ကွေး #သွေးလွန်တုပ်ကွေး

ဖေဖေ မေမေတို့ရေ အခုတလော ကလေးတွေအဖြစ်များနေတဲ့ လေပြွန်ယောင်၊ အဆုတ်ယောင် …ဖျားကြတာနဲ့ ပတ်သက်ပြီးတော့‌ ဖေဖေမေမေတို့အတွက်ပြေ...
13/07/2023

ဖေဖေ မေမေတို့ရေ အခုတလော ကလေးတွေအဖြစ်များနေတဲ့ လေပြွန်ယောင်၊ အဆုတ်ယောင် …ဖျားကြတာနဲ့ ပတ်သက်ပြီးတော့‌ ဖေဖေမေမေတို့အတွက်ပြောပြချင်ပါတယ်…။❤️❤️❤️

ယေဘူယျလက္ခဏာတွေကတော့…🤒🤒

🌡️🌡️🌡️အဖျားက ၁၀၂ / ၁၀၃ လောက်ထိရှိလာတတ်ပါတယ်၊
ပြီးတော့….ချောင်းဆက်တိုက်ဆိုးမယ်၊
ချောင်းဆိုးလွန်းပြီးရံဖန်ရံခါချွဲအန်မယ်၊
အသက်ရှူမြန်ပြီးပုံမှန်မဟုတ်တဲ့အသံကြားရမယ်၊
အသက်ရှူကျပ်တဲ့လက္ခဏာတွေရှိပြီး
အသက်ငယ်တဲ့ကလေးတွေမှာ နို့မစို့နိုင်တာ၊ အသက်ရှုမဝသဖြင့်ဂျီကျတာတွေ တွေ့ရတတ်ပါတယ်…။

📣📣📣အဲဒီတော့ သူတို့လေးတွေဖျားနာခဲ့ရင် လိုက်နာရန် အချက် ၉ချက်ရှိပါတယ်။
အဲ့ဒါတွေက…..

🍱🥗🥪🍗၁။ အစားကောင်းကောင်းဝင်အောင်ကျွေးပါ…။
-နေမကောင်းတိုင်းအမြဲဆန်ပြုတ်တိုက်စရာ (လုံးဝ) မလိုပါ၊ ကလေးတွေ က ဆန်ပြုတ်မကြိုက်ပါ၊ အားရှိတဲ့ အစားအစာ (ထမင်း၊ကြက်ကြော်၊ကြေးအိုး၊)သန့်ရှင်းလတ်ဆတ်ပူနွေးရင် အကုန်ကျွေးပါ၊ ကြက်ပေါင်းရည်တိုက်ရုံနဲ့ အားမရှိပါ ကြက်သားစားမှ အားရှိမှာပါ ကြက်ပေါင်းနဲ့စွပ်ပြုတ်ထဲက အသားကို
ဝင်အောင်ကျွေးပါ…။

😴💤🛌၂။ ကောင်းကောင်းအိပ်ပါစေ…။
ဖျားတဲ့ကလေး ၊ချောင်းဆိုးပျောက်ဆေးတိုက်ထားတဲ့ကလေးက အိပ်ရေးဝဖို့ လိုအပ်ပါတယ်၊ ကလေးအိပ်တာနဲ့ မှိန်းတာ မတူပါဘူး​၊ မှိန်းတယ်ဆိုတာ ဆီးမသွား၊ရေမသောက်၊ ဓါတ်ဆားမဝင်၊ နိုမစို့၊ ခြေ လက်အေးတာမျိုးပါ...(မှိန်းတဲ့လက္ခဏာ မရှိရင် အိပ်နိုင်တာ ကောင်းတာပါ....)။

🥱 🥱🥱၃။ ကောင်းကောင်းနားပါစေ…။
ဒီရာသီမှာ ဖျားတဲ့ကလေးက ၁ပတ်လောက်အထိ အနားယူဖို့လိုပါတယ်၊ ဒါမှ ကိုယ်ခံအားကောင်းပီး အပြည်အဝနလန်ထ နိုင်မှာပါ၊ ဒီလိုအနားယူခြင်းဖြင့်
တခြားကလေးငယ်တွေကို ရောဂါကူးစက်ခြင်းမှ ကာကွယ်ရာလည်း ရောက်ပါတယ်။ ကျောင်းတာဝန်ခံတွေ နဲ့ဆွေးနွေးပြီးလိုအပ်တဲ့ရက်အတိုင်း ကလေးတွေကို ခွင့်ယူလို့ရအောင် စီစဥ် ပေးပါ…။

💊 💊💊၄။ဆေးနဲ့ ဓါတ်ဆားဝင်အောင်တိုက်ပါ၊ ရှူဆေးကိုစနစ်တကျ ရှူပါ။
ဆေးကြောက်တာကလေးသဘာဝပါ၊ ဝင်အောင်တိုက်ရမှာ မိဘတာဝန်မို့ နည်းမျိုးစုံနဲ့ ဆေးဝင်အောင်ကြိုးစားပါ၊ ကိုယ့်ကလေးရဲ့ ဆေးသောက်တဲ့အခြေအနေကိုလည်း ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ…။

💧💧💧၅။နှာခေါင်းပိတ်လျှင် နှာခေါင်းအတွင်းသို့ဆားရည် အစက်ချပေးပါ၊ ကလေးငယ်များတွင် နှာခေါင်းအတွင်းမှ နှပ်ချေးနင့်ချွဲများ စနစ်တကျစုပ်ပေးပါ၊ ကလေးအကြီးများတွင် ရေနွေးငွေ့ပေးရှူပါ…။

😮‍💨🫁😮‍💨၆။ရင်ကျပ်လျှင် အနံ့မျိုးစုံ ၊
အမှုန်၊ ဖုန် မျိုးစုံရှောင်ပါ။ ကလေးငယ်များကို သနပ်ခါး၊ ပေါင်ဒါ လုံးဝ လိမ်းမပေးရပါ…။

👩‍⚕️👩‍⚕️👩‍⚕️၇။ဆေးခန်းပြချိန်တွင် ဆောင်ရန် ရှောင်ရန်နှင့် အရေးကြီး လက္ခဏာများကို ဆရာဝန်အား သေချာမေးပါ၊ ဆရာဝန်ညွှန်ကြားချက်များကိုလည်း စနစ်တကျသေချာလိုက်နာပါ…။

🧽🚿🛁၈။အဖျားကြီးလျှင် ရေပတ်တိုက်ပါ၊ ကိုယ်ပူကျဆေးကို သတ်မှတ်ချက်ထက် ခဏခဏ ပိုမတိုက်ရပါ…။

🚨🚨🚨၉။ အရေးကြီးလက္ခဏာ စောင့်ကြည့်ပါ...

-ကလေးမှိန်းလျှင်
-အသက်ရှူမြန်၊ရင်ဘတ်ချိုင့်၊နို့မစို့နိုင်၊ရေမသောက်နိုင်အောင်မောလျှင်
-အဖျားကြီးပီး ဆီးသွားနည်းလျှင်၊ ကလေးတက်လျှင်
-အဖျားကျပီး မလန်းလျှင်၊ခြေလက်အေးစက်ပီးမှိန်းလျှင်

အရေးကြီးလက္ခဏာများရှိလျှင်နီးစပ်ရာဆေးရုံ အမြန်သွားရပါမယ်...။

😷😷ကာကွယ်ဖို့ကတော့😷😷

💪💪💪၁။ကလေးတွေမှာ အရေးကြီးဆုံးက ကိုယ်ခံစွမ်းအားပါ၊ ဒါကြောင့် အာဟာရစုံလင်အောင်ကျွေးပါ၊ အထူးသဖြင့် အသားဓါတ်များများကျွေးပါ…။

💦💦💦၂။ရေများများတိုက်ပါ၊ စွပ်ပြုတ်တိုက်ပါ...။

💤💤💤၃။အိပ် ရေးဝဝအိပ်ခိုင်းပါ၊ တနေ့ကို ၈နာရီပြည့်အောင် အိပ်ပါ၊ ညကို ၁၀နာရီထက်နောက်မကျဘဲ အိပ်ယာဝင်ခိုင်းပါ...။

👬👯‍♀️🧍🏼‍♀️၄။မလိုအပ်ဘဲ လူထူထပ်သောနေရာမသွားရပါ(အထူးသဖြင့် ကလေးကစားကွင်း)။

😷😷😷၅။အပြင်သွားရင် နှာခေါင်းစည်းတပ်ပေးပါ၊ လက်သေချာဆေးတဲ့အကျင့်လုပ်ပေးပါ၊ လူကြီးတွေကိုယ်တိုင်လည်း အပြင်သွားရင် နှာခေါင်းစည်း သေချာတပ်ပါ...။

🍟🍦🥤၆။အချို၊ဆီကြော်၊အအေးနဲ့ လေဖောင်းမုန့်တွေလျှော့ကျွေးပါ...။

💉💉💉၇။ရာသီတုပ်ကွေးကာကွယ်ဆေး၊ကိုဗစ်ကာကွယ် ဆေးများ ထိုးထားပေးပါ…။

👩‍👦👶👩‍👦၈။အပြင်က ပြန်လာတဲ့လူကြီးများကို ရေချိုးအဝတ်လဲခိုင်းပြီးမှ ကလေးငယ်လေးကို ချီခွင့်ပြုပါ…။

😷✋🫷၉။အိမ်မှာ ဖျားတဲ့သူရှိရင်
နှာခေါင်းစည်းတပ်ခိုင်းပါ၊ ကလေးနဲ့ ခပ်ခွါခွါနေခိုင်းပါ...။

မိုးရာသီမို့ အဆုတ်ယောင်ရောဂါအပြင် သွေးလွန်တုပ်ကွေးရောဂါလည်း သတိပြုစေချင်ပါတယ်‌ ဖေဖေမေမေတို့ရေ၊ ဒါကြောင့် ၃ရက်ထိဖျားရင်သွေးလွန်တုပ်ကွေးလက္ခ ဏာ စမ်းသပ်ဖို့လဲ Online Doctor 24 hr Clinic ကို ဆက်သွယ်ပြီး အိမ်အရောက် ကုသမှုပြုလုပ်နိုင်ပါတယ်နော်…။

🥰သားသားမီးမီးတို့ အတွက် ရာသီ တုပ်ကွေး ကာကွယ်ဆေးကိုလည်း အိမ် အရောက် လာရောက်ထိုးနှံပေးပါတယ်‌ေနာ် ဖေဖေမေမေတို့ရေ ။

မိသားစုအားလုံးကျန်းမာပျော်ရွှင်ကြပါစေ…။🙏🙏🙏

#ကလေးကျန်းမာရေး
#အဆုတ်ယောင်ရောဂါ
#ရာသီတုပ်ကွေးကာကွယ်ဆေး
Post . Crd
Photo -Crd

မိမိ နှင့် မိမိ မိသားစုအတွက် ယုံကြည်အားကိုးရာ Online Doctor (မကွေး )  Doctor တွင် လတ်တလော ရရှိနိုင်သော ဝန်ဆောင်မှုများ၁/...
13/07/2023

မိမိ နှင့် မိမိ မိသားစုအတွက်
ယုံကြည်အားကိုးရာ Online Doctor (မကွေး )

Doctor တွင် လတ်တလော ရရှိနိုင်သော ဝန်ဆောင်မှုများ

၁/ မိမိနှင့် မိမိ မိသားစု ကျန်မာရေးအတွက် အိမ် အရောက် ဝန်ဆောင်မှု ပေးခြင်း
လိုအပ်ပါက အထူးကုဆရာဝန်ကြီးများနှင့် ချိတ်ဆက်၍
ကုသပေးခြင်း

၂/ လတ်တလောဖြစ်ပွားနေသော အဆုတ်ရောင်ရောဂါအတွက် အထိုက် အသင့် ကာကွယ်မှုပေးသော ရာသီတုပ်ကွေး ကာကွယ်ဆေး 💉💉💉
အိမ်အရောက် ထိုးပေးခြင်း
အခြားသော ကာကွယ်ဆေးများ 💉 💉💉
လည်း ထိုးနှံပေးပါသည် ။

၃/ လက်မောင်းအတွင်း သာဆက်ခြား ပစ္စည်း
အိမ် အရောက်ထည့်ပေးခြင်း

၄/ သွေးတိုးရောဂါ ဆီးချို ရောဂါ နှလုံးရောဂါများအတွက် အိမ်အရောက် စစ်ဆေးကုသပေးခြင်း

Overall medical checkup ပြုလိုသူများ အတွက်လည်း အိမ် အရောက်ဝန်ဆောင်မှု ပေးပါသည် ။

လတ်တလောတွင် မကွေးမြို့ အတွင်း သာ ကျန်းမာရေး ဝန်ဆောင်မှု ရရှိနိုင်မည် ဖြစ်ပါသည် ။
ည ၁၀ နာရီ နှင့် မနက် ၆ နာရီ အကြား လတ်တလော
ဝန်ဆောင်မှု မရရှိနိုင်သေးပါ ။

အသေးစိတ် သိရှိလိုပါ page messenger သို့မဟုတ်
Page phone သို့ ဆက်သွယ်မေးမြန်းနိုင်မည် ဖြစ်ပါသည် ။

09 250722582 ...

Photo crd ....

Address

Magway

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Home Care Service ,Magway posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share