20/04/2025
#မင်းကွတ်သီးရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ
မင်းကွတ်သီးဟာ ချိုချိုချဉ်ချဉ် အရသာရှိတာကြောင့်တော်တော်များများက အအီပြေစေတဲ့ အသီးအဖြစ် စားကြပါတယ်။နောက်တစ်ခုကတော့ ဒူးရင်းသီးနဲ့ မင်းကွတ်သီးဟာ ပေါ်တဲ့ရာသီချင်း တူတာကြောင့် ဒူးရင်းသီး စားပြီး အီတယ်ဆိုရင် မင်းကွတ်သီး ချဉ်ချဉ်လေး တွဲဖက်ပြီး စားသုံးကြပါတယ်။
🧑⚕️ကယ်လိုရီနည်းခြင်း
မင်းကွတ်သီးမှာ ကယ်လိုရီပါဝင်မှုက အရမ်းကိုနည်းပါးပါတယ်။ မင်းကွတ်သီး (၁၀၀)ဂရမ်မှာမှ (၆၃) ကယ်လိုရီပဲ ပါဝင်တာပါ။
ခန္ဓာကိုယ် အလေးချိန်လျော့ကျဖို့ ကြိုးစားနေတယ်ဆိုရင်တော့ မင်းကွတ်သီးလေး စားသုံးပေးနိုင်ပါတယ်။
🧑⚕️ဗီတာမင်စီ ပါဝင်ခြင်း
မင်းကွတ်သီးမှာ ဗီတာမင်စီပါဝင်ခြင်းဟာ အအေးမိဖျားနာခြင်းလိုမျိုးပြင်ပကနေ ပိုးမွှားတွေ ဝင်ရောက်ခြင်းကြောင့် ဖျားနာတာမျိုး မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။
ဗီတာမင် စီပါဝင်တဲ့ အသီးအနှံတွေ စားသုံးခြင်းဟာရောဂါတွေကို တားဆီးပေးနိုင်ပြီး ခန္ဓာကိုယ်ထဲမှာ ဆဲလ်အသစ်တွေပေါ်ပေါက်လာစေဖို့အတွက် အထောက်အကူပြုပါတယ်။
ဒါ့အပြင် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်အဖြစ်လည်း တာဝန်ထမ်းဆောင်နိုင်ပါတယ်။
🧑⚕️သွေးလည်ပတ်မှုကောင်းမွန်စေခြင်း
မင်းကွတ်သီး ပုံမှန်လေး စားပေးမယ်ဆိုရင်သွေးနီဥဆဲလ်တွေကောင်းမွန်စေပြီးသွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
ဒါ့အပြင် ရင်ဘတ်အောင့်ခြင်း၊ နှလုံးနာကျင်ခြင်း၊ ကိုလက်စထရောမြင့်မားခြင်းလိုမျိုးသွေးလည်ပတ်မှုနဲ့ ဆိုင်တဲ့ရောဂါတွေ မဖြစ်စေဖို့အတွက် အထောက်အကူပြုပါတယ်။
မျက်လုံးတဝိုက်သွေးလည်ပတ်မှုလည်းကောင်းမွန်စေတာကြောင့် အမြင်အာရုံလည်း တိုးတက်ကောင်းမွန်စေပါသေးတယ်။
🧑⚕️ကင်ဆာဖြစ်ပွားမှုကိုလျှော့ချပေးခြင်း
မင်းကွတ်သီးမှာ ဓါတ်တိုးဆန့်ကျင်မှုတွေ ပါဝင်တာက နှလုံးနဲ့ဆက်စပ်တဲ့ရောဂါအပြင် ကင်ဆာရောဂါဖြစ်ပွားမှုကိုပါလျှော့ကျစေပါတယ်။
ဒီလိုမျိုး ဓါတ်တိုးဆန့်ကျင်မှုတွေ ပါဝင်ခြင်းဟာ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ free radicalsတွေ ခန္ဓါကိုယ်ထဲကနေလျှော့နည်းသွားအောင် အကျိုးပြုပါတယ်။
🧑⚕️ဓမ္မတာမှန်ခြင်း
မင်းကွတ်သီး စားသုံးခြင်းဟာ အမျိုးသမီးတွေအတွက် အထူးသင့်တော်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ဓမ္မတာ ပုံမှန်ဖြစ်ဖို့ ကူညီပေးနိုင်တာကြောင့်ပါ။
မင်းကွတ်သီးဟာ ရာသီမလာခင်မှာဖြစ်တတ်တဲ့ ဗိုက်အောင့်ခြင်း၊ စိတ်တိုလွယ်ခြင်းစတဲ့ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။
🧑⚕️သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးခြင်း
ဆီးချိုရောဂါဟာ ကမ္ဘာတစ်ဝန်းမှာ နှလုံးရောဂါပြီးနောက် အဖြစ်အများဆုံးရောဂါပါ။
မင်းကွတ်သီးဟာသွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးတာကြောင့် ဆီးချို အရမ်းတက်တာမျိုး မရှိနိုင်ပါဘူး။
🧑⚕️အသားအရေပြဿနာတွေ ရှင်းပေးခြင်း
မင်းကွတ်သီးမှာ ဘက်တီးရီးယားတွေကို ဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိတွေ အများကြီး ပါဝင်ပါတယ်။
ဝက်ခြံ၊ အသားအရေ မညီညာခြင်း၊ အဆီပြန်လွန်ခြင်းနဲ့ အသားအရေခြောက်သွေ့ခြင်းစတဲ့ အသားအရေပြဿနာတွေကို မင်းကွတ်သီး စားခြင်းဖြင့် ကုသနိုင်ပါတယ်။
🧑⚕️ဆဲလ်သေတွေ ဖယ်ရှားခြင်း
မျက်နှာမှာ ဆဲလ်သေတွေ ရှိနေမယ်ဆိုရင်ချောမွေ့ပြောင်လက်တဲ့ မျက်နှာလေး ပိုင်ဆိုင်ရမှာ မဟုတ်ပါဘူး။
မင်းကွတ်သီးမှာXanthoneဒြပ်ပေါင်းတစ်မျိုး ပါရှိပြီး ဆဲလ်သေတွေ ဖယ်ရှားခြင်းနဲ့ ဆဲလ်အသစ်ပြန်လည်ဖြစ်တည်ဖို့ ကူညီပေးနိုင်ပါတယ်။
#ဒေါက်တာထက်အာကာ
#ကျန်းမာရေးဗဟုသုတ
#မင်းကွတ်သီး