အေးချမ်းမေတ္တာ Aye Chan Myitta Medical Center

  • Home
  • Myanmar
  • Magway
  • အေးချမ်းမေတ္တာ Aye Chan Myitta Medical Center

အေးချမ်းမေတ္တာ Aye Chan Myitta Medical Center Welcome to Aye Chan Myitta Hospital 🏥

၁၆-၈-၂၀၂၅ကင်ဆာအထူးကုဆရာဝန်ကြီး တွဲဖက်ပါမောက္ခဒေါက်တာသော်တာပပထွန်း ရေးသားပြုစု ထုတ်ဝေသော * ကျွန်မ နှင့် ကင်ဆာ *စာအုပ် လက်...
16/08/2025

၁၆-၈-၂၀၂၅
ကင်ဆာအထူးကုဆရာဝန်ကြီး
တွဲဖက်ပါမောက္ခဒေါက်တာသော်တာပပထွန်း ရေးသားပြုစု ထုတ်ဝေသော
* ကျွန်မ နှင့် ကင်ဆာ *စာအုပ် လက်မှတ်ရေးထိုးပွဲလေးကို
အေးချမ်းမေတ္တာဆေးရုံမှာ ပြုလုပ်ခဲ့ပါသည်
ဆေးရုံ ဒါရိုက်တာ အဖွဲ့ ဝင်များဖြစ်ကြသော ဒေါက်တာနီလာဝင်း ဒေါက်တာနှင်းဝေဝေ သမီးလေး ရွှေသွန်းတို့မှ ဂုဏ်ပြု ပန်းစည်း ပန်းခြင်းများ ပေးအပ်ခဲ့ပါသည်
ဆရာမကြီးမှ စာအုပ်ထုတ်ဝေရသော အကြောင်းအရာရည်ရွယ်ချက်များ ရှင်းပြပြီး
စာအုပ်များ လက်မှတ်ရေးထိုးခဲ့ပါတယ်

ယခုပွဲလေးတွင် ဆရာမကြီး၏ လူနာများမှလည်း တက်ရောက် နားထောင်ခဲ့ကြပါသည်

ကျမတို့ ဆေးရုံ အုပ်ချုပ်ရေး အဖွဲ့နှင့် ဆေးရုံ မိသားစုများမှ
ရှေ့ဆက်၍ ကင်ဆာနှင့် ပတ်သက်သော ဗဟုသုတ ဖြစ်ဖွယ် စာအုပ်များ ဆက်လက်ရေးသားရန် တောင်းဆို ခဲ့ပါသည်
ဆရာမကြီး၏ စာအုပ်အား အေးချမ်းမေတ္တာဆေးရုံတွင် ဖတ်ရှုနိုင်ပါပြီ

Job Vacancy Announcement!အေးချမ်းမေတ္တာဆေးရုံနဲ့အတူလက်တွဲလုပ်ဆောင်နိုင်ရန်အောက်ပါရာထူးနေရာမှာလစ်လပ်လျက်ရှိပါသည်။Lab  tea...
12/05/2025

Job Vacancy Announcement!

အေးချမ်းမေတ္တာဆေးရုံနဲ့အတူလက်တွဲလုပ်ဆောင်နိုင်ရန်
အောက်ပါရာထူးနေရာမှာလစ်လပ်လျက်ရှိပါသည်။

Lab teachnician - (၁) ဦး

Security _ ကျား ( ၁ ) ဦး

Reception - မ ( ၁ ) ဦး

General worker - ကျား/မ (၁ ) ဦး

စိတ်ဝင်စားသူများ CV form နှင့် တကွ အေးချမ်းမေတ္တာဆေးရုံတွင် လာရောက်လျှောက်ထား နိုင်ပါသည်။

▶️အသင်းအဖွဲ့နှင့်လုပ်ဆောင်နိုင်သူ ၊ ရေရှည်လက်တွဲနိုင်သူ ဦးစားပေးမည်ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုသည်တို့ကို အောက်ပါလိပ်စာအတိုင်းစုံစမ်းမေးမြန်းနိုင်ပါသည်။
📍အမှတ်၂၇၇၊ ၂၄လမ်း၊ ရန်ပယ်စျေးမြောက်ဘက်၊မကွေးမြို့။
☎ ဖုန်း – 09408799922 , 09751522562, 09796662466

မြန်မာ့နှစ်သစ်ကူးအချိန်ခါသမယမှာ လူသားအားလုံးဘေးရန်ကင်းကွာပြီး ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာပါစေကြောင်း အေးချမ်းမေတ္တာ မ...
13/04/2025

မြန်မာ့နှစ်သစ်ကူးအချိန်ခါသမယမှာ လူသားအားလုံးဘေးရန်ကင်းကွာပြီး ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာပါစေကြောင်း အေးချမ်းမေတ္တာ မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်……

💦Happy Myanmar New Year💦

အေးချမ်းမေတ္တာဆေးရုံဖွင့်လှစ်ခြင်း (၁)နှစ်ပြည့် နှင့် မြန်မာနှစ်သစ်ကူးအထိမ်းအမှတ် promotion အစီအစဉ်အသက်(၅) နှစ်အောက် ကလေ...
15/03/2025

အေးချမ်းမေတ္တာဆေးရုံဖွင့်လှစ်ခြင်း (၁)နှစ်ပြည့် နှင့် မြန်မာနှစ်သစ်ကူးအထိမ်းအမှတ် promotion အစီအစဉ်

အသက်(၅) နှစ်အောက် ကလေးများကို ၂၀၂၅ ခုနှစ် မတ်လနှင့် ဧပြီလ (၂)လအတွင်းဆေးရုံဖွင့်လှစ်ခြင်းတစ်နှစ်ပြည့်နှင့် မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှူ ကုသိုလ်ပြုလုပ်သွားမှာဖြစ်ပါသဖြင့် လိုအပ်ပါကအောက်ပါလိပ်စာအတိုင်းလာရောက်ကုသမှူခံယူနိုင်ပါသည်ရှင်….

📍လိပ်စာ - အမှတ်၂၇၇၊ ၂၄လမ်း၊ ရန်ပယ်စျေးမြောက်ဘက်၊မကွေးမြို့။
☎ ဖုန်း – 09408799922
09785598668

01/01/2025

လူကြီးမင်းများအားလုံး ကျန်းမာဘေးကင်း စိတ်အေးချမ်းခြင်းများစွာနှင့် ပြည့်စုံပါစေကြောင်း အေးချမ်းမေတ္တာမိသားစုမှ နှစ်သစ်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်…..

အေးချမ်းမေတ္တာဆေးရုံ
လိပ်စာ - အမှတ်၂၇၇၊ ၂၄လမ်း၊ ရန်ပယ်စျေးမြောက်ဘက်၊မကွေးမြို့။
ဖုန်း – 09408799922 , 09785598668
ကျန်းမာရေးနှင့်ပတ်သက်သော ဝန်ဆောင်မှူများအတွက် အသေးစိတ်သိလိုသည်များကို ဖုန်းဆက်၍မေးမြန်းစုံစမ်းနိုင်ပါသည်။

ကျန်းမာစွာအသက်ရှင်နေထိုင်နည်းများယခုလိုအဖက်ဖက်မှဖွင့်ဖြိုးတိုးတက်နေသော ၂၁ ရာစုတွင် လူသားမျိုးနွယ်များက်ိုခြောက်လှန့်နေသေ...
07/12/2024

ကျန်းမာစွာအသက်ရှင်နေထိုင်နည်းများ

ယခုလိုအဖက်ဖက်မှဖွင့်ဖြိုးတိုးတက်နေသော ၂၁ ရာစုတွင် လူသားမျိုးနွယ်များက်ိုခြောက်လှန့်နေသော ရောဂါများစွာရှိပါသည်။
အထူးသဖြင့် ကင်ဆာရောဂါများ၊ကူးစက်ရောဂါများ(ဥပမာ တီဘီရောဂါ HIV ရောဂါ) နာတာရှည်ရောဂါများ(သွေးတိုး ဆီးချို ကျောက်ကပ်ရောဂါ) ၏အဖြစ်နှုန်းသည် နိုင်ငံအမျိုးမျိုးပေါ်မူတည်၍ နှစ်စဉ်တိုးပွားလျက်ရှိပါသည်။

သို့ဖြစ်ပါ၍ ဤရောဂါဖြစ်နှုန်းများကိုလျှော့ချနိုင်ရန် လူတိုင်းအောက်ပါအချက်များကိုလိုက်နာရန်အရေးကြီးပါသည်။

၁။ အာဟာရပြည့်ဝသောအစားအစာများကိုစနစ်တကျစားသုံးရန် 🥗
အာဟာရပြည့်ဝ၍ သန့်ရှင်းလတ်ဆက်သောအစားအစာများကိုစားသုံးပါ၊ အချိုနှင့်အငံ များသောအစားအစာများ နှင့် အဆင့်ဆင့်ဖန်တီးထုတ်လုပ်ထားသောအစာများ (highly processed food) ကိုချင့်ချိန်စားသုံးရန်၊

၂။ ကျန်းမာသောကိုယ်အလေးချိန်ထိန်းရန် ⚖️
WHO အဖွဲ့အစီးမှ သတ်မှတ်ထားသော လူတစ်ဦးရှိရမည့် သက်ဆိုင်ရာအရပ်အလိုက်ရှိရမည့် ပုံမှန်အလေးချိန်တွင်ထိန်းထားရန်အလွန်အရေးကြီးပါသည်။ (BMI 18.5 – 24.9)

၃။ အိပ်ရေးဝဝအိပ်စက်အနားယူရန် 🛌
လူတစ်ဦးသည် နေ့စဉ်ပျမ်းမျှအိပ်ချိန် ၇-၈ နာရီအတွင်းရှိရပါမည်။

၄။ ဆေးလိပ်ဖြတ်ရန် 🚭

၅။ အရက်ဘီယာလျှော့သောက်ရန် 🥃

၆။ လေ့ကျင့်ခန်းပုံမှန်လုပ်ရန် 🏋️
နေ.စဉ်အနည်းဆုံး နာရီဝက်(၃၀မိနစ်)ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် နှလုံးကျန်းမာရေးအတွက်များစွာအထောက်ကူပြုရုံသာမက အခြားကျန်းမာရေးကောင်းကျိုးများစွာရရှိနိုင်ပါသည်။

၇။ ပုံမှန်ကျန်းမာရေးစစ်ဆေးမှူများပြုလုပ်ရန် (regular medical check up) 📋
ကျန်းမာရေးစစ်ဆေးမှူ (medical ckeck up) များပုံမှန်ရယူခြင်းဖြင့် ရောဂါအကြိုအဆင့်များကိုအချိန်မီသိရှိကုသနိုင်ပြီး သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်း၏အကြံပြုချက်ဖြင့်ရောဂါများကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။

ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမှန်ကောင်းမွန်သောကျန်းမာရေးစောင့်ရှောက်ခြင်းတစ်မျိုးဖြစ်ပါသည်။

လူကြီးမင်းတို့အနေဖြင့် medical ckeck up များကို သက်ဆိုင်ရာကျွမ်းကျင်ဆရာဝန်များနှင့်တိုင်ပင်၍ ချိုသာကောင်းမွန်သော ကျန်းမာရေးဝန်ဆောင်မှုများကို အေးချမ်းမေတ္တာဆေးရုံတွင် ရရှိနိုင်ပါသည်။

📍ဆက်သွယ်ရန်လိပ်စာ - အမှတ်၂၇၇၊ ၂၄လမ်း၊ ရန်ပယ်စျေးမြောက်ဘက်၊မကွေးမြို့။
☎ ဆက်သွယ်ရန်ဖုန်း – 09408799922 , 09785598668
အသေးစိတ်သိလိုသည်များကို ဖုန်းဆက်၍မေးမြန်းစုံစမ်းနိုင်ပါသည်။

𝐖𝐨𝐫𝐥𝐝 𝐀𝐈𝐃𝐒 𝐃𝐚𝐲ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေးနေ့Take the Rights Path: My Health, My Right!” 🎗နှစ်စဉ် ဒီဇင်ဘာလ ၁ ...
01/12/2024

𝐖𝐨𝐫𝐥𝐝 𝐀𝐈𝐃𝐒 𝐃𝐚𝐲
ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေးနေ့

Take the Rights Path: My Health, My Right!”

🎗နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့သည် World AIDS Day “ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေးနေ့” ဖြစ်ပါသည်။

2024ခုနှစ်၏ဆောင်ပုဒ်ဖြစ်သည့် “Take the Rights Path: My Health, My Right!”အတိုင်း HIV/AIDS ရောဂါရှိသူများသည် လူသားတိုင်း၏အခြေခံလူ့အခွင့်အရေးဖြစ်တဲ့ကျန်းမာရေးဝန်ဆောင်မှူများနှင့် အရည်သွေးပြည့်မီတဲ့ကျန်းမာရေးစောင့်လျှောက်မှူများကိုရရှိကာ အများ၏နှိမ့်ချခွဲခြားဆက်ဆံမှူများမှ ကာကွယ်စောင့်လျှောက်မှူများကို ရရှိနိုင်ခွင့်အပြည့်ရှိပါသည်။

The world can end AIDS_if everyone’s rights are protected!

HIV/AIDS ရောဂါကိုစိတ်ဓာတ်ကြံ့ခိုင်စွာစနစ်တကျခံယူနိုင်ပြီး ခွဲခြားနှိမ့်ချဆက်ဆံမှူများမှကင်းဝေးကာ ကျန်းမာစိတ်ချမ်းသာပါစေကြောင်း အေးချမ်းမေတ္တာဆေးရုံမှ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

အေးချမ်းမေတ္တာဆေးရုံတွင် HIV/AIDS ရောဂါအပါအဝင် အခြားကူးဆက်ရောဂါများကို သက်ဆိုင်ရာ ကျွမ်းကျင်သမားတော် ဆရာဝန်များနှင့် ကျန်းမာရေးစောင့်လျှောက်မှူရရှိနိုင်ပြီဖြစ်ပါသည်။

📍ဆက်သွယ်ရန်လိပ်စာ - အမှတ်၂၇၇၊ ၂၄လမ်း၊ ရန်ပယ်စျေးမြောက်ဘက်၊မကွေးမြို့။
☎ ဆက်သွယ်ရန်ဖုန်း – 09408799922 , 09751522562
အသေးစိတ်သိလိုသည်များကို ဖုန်းဆက်၍မေးမြန်းစုံစမ်းနိုင်ပါသည်။


Job Vacancy Announcement!အေးချမ်းမေတ္တာဆေးရုံနဲ့အတူလက်တွဲလုပ်ဆောင်နိုင်ရန်အောက်ပါရာထူးနေရာမှာလစ်လပ်လျက်ရှိပါသည်။Runner  ...
28/11/2024

Job Vacancy Announcement!
အေးချမ်းမေတ္တာဆေးရုံနဲ့အတူလက်တွဲလုပ်ဆောင်နိုင်ရန်
အောက်ပါရာထူးနေရာမှာလစ်လပ်လျက်ရှိပါသည်။

Runner - ကျား (၁ယောက်)

ခံစားနိုင်သော အကျိုးခံစားခွင့်များ
*️⃣Basic salary + ၆ လပြည့်အကျိုးခံစားခွင့်
*️⃣နှစ်တိုးခံစားခွင့်

စိတ်ဝင်စားသူများ CV form နှင့် တကွ အေးချမ်းမေတ္တာဆေးရုံတွင် လာရောက်လျှောက်ထား နိုင်ပါသည်။

လျှောက်ထားရန်လိုအပ်ချက်များ

-အသက်(၁၈-၃၀နှစ်)အတွင်းဖြစ်ရမည်။
-အခြေခံပညာအလယ်တန်းအောင်မြင်ထားသူဖြစ်ရမည်။
-ယာဉ်မောင်းလိုင်စင်ရှိရမည်။
-မကွေးမြို့အတွင်းကျွမ်းကျင်စွာ သွားလာတတ်သူဖြစ်ရမည်။
-ရုံးပြင်ပသို့ သွားရောက်လုပ်ဆောင်ရသောကိစ္စရပ်များတွင် တိကျစွာလိုက်နာ ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
-အသင်းအဖွဲ့နှင့်လုပ်ဆောင်နိုင်သူ ၊ ရေရှည်လက်တွဲနိုင်သူ ဦးစားပေးမည်ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုသည်တို့ကို အောက်ပါလိပ်စာအတိုင်းစုံစမ်းမေးမြန်းနိုင်ပါသည်။
📍အမှတ်၂၇၇၊ ၂၄လမ်း၊ ရန်ပယ်စျေးမြောက်ဘက်၊မကွေးမြို့။
☎ ဖုန်း – 09408799922 , 09751522562, 09796662466

ရာသီတုပ်ကွေးရောဂါအကြောင်းသိကောင်းစရာရာသီတုပ်ကွေးရောဂါသည် influenza virus ကြောင့်ဖြစ်ပေါ်သော ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ...
19/11/2024

ရာသီတုပ်ကွေးရောဂါအကြောင်းသိကောင်းစရာ

ရာသီတုပ်ကွေးရောဂါသည် influenza virus ကြောင့်ဖြစ်ပေါ်သော ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ရာသီအပြာင်းအလဲကာလတွင် အဖြစ်များပါသည်။

ရာသီတုပ်ကွေးရောဂါ၏ရောဂါလက္ခဏာများ
-ဖျားနာခြင်း
-ချောင်းဆိုးခြင်း
-လည်ပင်းနာခြင်း
-ခေါင်းကိုက်ခြင်း
-နှာစေးခြင်း
-ကိုယ်လက်နာကျဉ်ခြင်း
-ပျ်ို့အန်ခြင်း
-ဝမ်းလျှောခြင်း

ရောဂါစတင်ကူးစက်ခံရသည့်အချိန်မှစ၍ ၁ ရက်မှ ၄ ရက်အတွင်းရောဂါလက္ခဏာများစတင်ခံစားရတတ်ပါသည်။ လူအချို့တွင် သာမန်တုပ်ကွေးအဆင့်သာဖြစ်တတ်သော်လည်း လူတချို့တွင် နောက်ဆက်တွဲအနေဖြင့် ပြင်းထန်အဆုတ်ယောင်ခြင်း ဆေးရုံတက်ရခြင်း အသက်အန္တရာယ်ရှိခြင်းတို့ထိဖြစ်တတ်ပါသည်။

ရာသီတုပ်ကွေးရောဂါကူးစက်ပျံ့နှံ့နိုင်သောနည်းလမ်းများ
🔺ရောဂါရှိသူ၏ နှာချေ ချောင်းဆိုးခြင်းမှ ထွက်လာသော သေးငယ်သောအမှုန်များကိုရှူရှိုက်မိခြင်း…..
🔺ရောဂါရှိပ်ိုး ကပ်ငြိနေသော နေရာ(ဥပမာ-လက်)ကို ထိတွေ့ကိုင်တွယ်မိခြင်း….

ရာသီတုပ်ကွေးရောဂါကို ကာကွယ်ရန်နည်းလမ်းများ

✅နှာချေ ချောင်းဆိုးသည့်အခါ ပါးစပ်နှင့်နှာခေါင်းက်ိုအုပ်၍ဆိုးခြင်း
✅Mask (နှာခေါင်းစီး) စနစ်တကျဝတ်ဆင်ခြင်း
✅မသန့်ရှင်းသောလက်ဖြင့် မျက်နှာကိုထိတွေ့ခြင်းမှရှောင်ကျဉ်ရန်
✅လက်က်ိုစနစ်တကျသန့်ရှင်းအောင်မကြာခဏဆေးကြောခြင်း
✅လူထူထပ်သောနေရာများက်ိုတတ်နိုင်သမျှရှောင်ခြင်း
✅ကိုယ်ခံအားကောင်းစေရန် သန့်ရှင်း၍အာဟာရရှိသော အစားအသောက်များကို မျှတစွာစားသုံးခြင်း
✅အရည်များများသောက်ခြင်း
✅ကောင်းစွာအိပ်စက်အနားယူခြင်း
✅နှစ်စဉ် ရာသီတုပ်ကွေးကာကွယ်ဆေးထိုးနှံခြင်း

ရာသီတုပ်ကွေးရောဂါကာကွယ်ဆေးထိုးနှံခြင်းဖြင့်ရောဂါဖြစ်ပွါးမှုကို ကာကွယ်ပေးနိုင်ရုံသာမက ရောဂါဖြစ်လာပါက ရောဂါပြင်းထန်မှူကိုလဲ ထိရောက်စွာလျှော့ချပေးနိုင်ပါသည်။

ရာသိီတုပ်ကွေးကာကွယ်ဆေးသည်အောက်ပါလူများတွင်ဦးစားပေးထိုးနှံသင့်ပါသည်။
-ကိုယ်ဝန်ဆောင်မိခင်များ
-အသက် ၆ လမှ ၅ နှစ် ကလေးငယ်များ
-သက်ကြီးရွယ်အိုများ
-နာတာရှည်ရောဂါရှိသူများ
-ကျန်းမာရေးဝန်ထမ်းများ

ရာသီတုပ်ကွေးကာကွယ်ဆေးများကို အေးချမ်းမေတ္တာဆေးရုံတွင် စနစ်တကျ ထိုးနှံနိုင်ပါသည်။
ရောဂါလက္ခဏာများခံစားရပါက ကျွမ်းကျင်ဆရာဝန်များဖြင့် လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

📍ဆက်သွယ်ရန်လိပ်စာ - အမှတ်၂၇၇၊ ၂၄လမ်း၊ ရန်ပယ်စျေးမြောက်ဘက်၊မကွေးမြို့။

☎ ဆက်သွယ်ရန်ဖုန်း – 09408799922 , 09751522562

Job Vacancy Announcement☑️We're hiring! အေးချမ်းမေတ္တာဆေးရုံနှင့်လက်တွဲ တာဝန်ထမ်းဆောင်ရန်➡️  ကျွမ်းကျင်သူနာပြု (၂) ဦး🌟Op...
20/05/2024

Job Vacancy Announcement

☑️We're hiring!

အေးချမ်းမေတ္တာဆေးရုံနှင့်လက်တွဲ တာဝန်ထမ်းဆောင်ရန်

➡️ ကျွမ်းကျင်သူနာပြု (၂) ဦး
🌟Operation theater တွင် တာဝန်ထမ်းဆောင်ရန် Nurse တစ်ဦး (TN/SN)
🌟Ward + OPD တွင် တာဝန်ထမ်းဆောင်ရန် Trained Nurse တစ်ဦး

Requirements
- သက်တမ်းရှိသူနာပြုလိုင်စင်ကိုင်ဆောင်ထားသူဖြစ်ရမည်။
- လုပ်သက် အနည်းဆုံး (၂) နှစ် ရှိသူဖြစ်ရမည်။
📣အေးချမ်းမေတ္တာဆေးရုံအဖွဲ့သားများနှင့် ရေရှည်လက်တွဲနိုင်သူကိုဦးစားပေးမည်။
📣ဂျူတီများကို အတတ်နိုင်ဆုံးညှိနှိုင်းပြီး သတ်မှတ်ထားသော Duty Roster အတိုင်းဆင်းပေးနိုင်သူများကိုဦးစားပေးမည်။

Deadline - 28.5.24

********************************************
စိတ်ပါဝင်စား၍ လျှောက်ထားလိုသူများသည် အောက်ဖော်ပြပါ စာရွက်စာတမ်းများ ပူးတွဲတင်ပြ၍ deadline မတိုင်မီလျှောက်ထားနိုင်ပါသည်။

✅သက်ဆိုင်ရာဘွဲ့လက်မှတ်မိတ္တူ။
✅နှစ်လအတွင်းရိုက်ကူးထားသော တစ်လက်မပတ်လည်ရောင်စုံဓာတ်ပုံ (၂)ပုံ။
✅သက်ဆိုင်ရာပညာအရည်အချင်း နှင့် ပက်သက်သည့်အထောက်အထားများ။
✅ မှတ်ပုံတင်မိတ္တူ
✅ လျှောက်ထားလိုသူ၏လက်ရှိရာထူးနှင့် မျှော်မှန်းလစာ

📍ဆက်သွယ်ရန်လိပ်စာ - အမှတ်၂၇၇၊ ၂၄လမ်း၊ ရန်ပယ်စျေးမြောက်ဘက်၊မကွေးမြို့။

☎ ဆက်သွယ်ရန်ဖုန်း – 09408799922 , 09751522562

အသေးစိတ်သိလိုသည်များကို ဖုန်းဆက်၍မေးမြန်းစုံစမ်းနိုင်ပါသည်။

--------------------------------

Address

အမှတ်(၂၇၇)၊ ၂၄လမ်း၊ ရန်ပယ်စျေးမြောက်ဘက်၊ မကွေးမြို့
Magway

Telephone

+959408799922

Website

Alerts

Be the first to know and let us send you an email when အေးချမ်းမေတ္တာ Aye Chan Myitta Medical Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram