Myat Thu Kha Health Care Service

Myat Thu Kha Health Care Service Health Care Service

အပတ်စဉ်၂ သင်တန်းသားများရဲ့ ရှေ့ဦးသူနာပြုစုခြင်း သင်ခန်းစာအား သင်ယူခြင်း လက်တွေ့လေ့ကျင့်နေကြခြင်း ဖြစ်ပါတယ်
26/08/2025

အပတ်စဉ်၂ သင်တန်းသားများရဲ့ ရှေ့ဦးသူနာပြုစုခြင်း သင်ခန်းစာအား သင်ယူခြင်း လက်တွေ့လေ့ကျင့်နေကြခြင်း ဖြစ်ပါတယ်

မြတ်သုခ ကျန်းမာရေး ဝန်ဆောင်မှု သင်တန်းမှ သင်တန်းသားများအား အရိုးကျိုးလူနာတွေ့လျှင် အရေးပေါ်ပတ်တီးစည်းနည်း သွေးထွက်ထိခိုက...
23/08/2025

မြတ်သုခ ကျန်းမာရေး ဝန်ဆောင်မှု သင်တန်းမှ သင်တန်းသားများအား
အရိုးကျိုးလူနာတွေ့လျှင် အရေးပေါ်ပတ်တီးစည်းနည်း သွေးထွက်ထိခိုကိဒဏ်ရာရလျှင် ပတ်တီးစည်းနည်းများ သင်ကြားပေးနေခြင်းပါ
အရေးပေါ်ပြုစုစောင့်ရှောကိပြီး ဆေးရံကို အချိန်မှီလွှဲပေးရမှာ သူနာပြု အကူ သင်တန်းသားများအတွက် အရေးကြီးဆုံးပါ
သင်တန်းနည်းပြ ဆရာမှာ ဆရာ အောင်မင်းဦးစြ်ပါတယ်

ကင်ဆာနဲ့ပတ်သက်သော ဗဟုသုတရဖွယ် စာအုပ်လေး တစ်အုပ်
17/08/2025

ကင်ဆာနဲ့ပတ်သက်သော ဗဟုသုတရဖွယ် စာအုပ်လေး တစ်အုပ်

သက်ရှည် ကျန်းမာ ပျော်ရွင်ချမ်းမြေ့စေဖို့ အစပျိုးနေသော ရောဂါများ၊ ပုန်းလျှိုးကွယ်နေသောရောဂါများ၊ပုံမှန်မဟုတ်သော အခြေအနေတွ...
12/08/2025

သက်ရှည် ကျန်းမာ ပျော်ရွင်ချမ်းမြေ့စေဖို့ အစပျိုးနေသော ရောဂါများ၊
ပုန်းလျှိုးကွယ်နေသောရောဂါများ၊
ပုံမှန်မဟုတ်သော အခြေအနေတွေကို
စောစီးစွာတွေ့ရှိဖို့ လိုအပ်ပါတယ်
စောစီးစွာတွေ့ရှိရတဲ့ အတွက်ကြောင့် ကုသရလွယ်ကူခြင်း၊သက်သာပျောက်ကင်းရန်လွယ်ကူခြင်း၊နောက်ဆက်တွဲရောဂါမဝင်အောင် ကာကွယ် တားဆီးပေးခြင်း စေသာ အကျိုးတရားများကို ရရှိပါလိမ့်မည်

ထိုကြောင့် လူတိုင်း လူတိုင်း အသက်40ကျော်လာလျှင် ပုံမှန် ကျန်းမာရေးMedical check up စစ်ဆေးမှုကို ပြုလုပ်သင့်ပါသည်
ပြုလုပ်ရမည့် စစ်ဆေးမှုများမှာ
အ​​ေ​ခြခံစစ်ဆေးမှုများ
ဆီးချိုရောဂါအတွက်စစ်ဆေးမှုများ
နှလုံးရောဂါအတွက် စစ်ဆေးမှုများ
အသည်းရောဂါအတွက် စစ်ဆေးမှုများ
ကျောက်ကပ်ရောဂါအတွက် စစ်ဆေးမှုများ
ရောဂါပိုး စစ်ဆေးမှုများ
အရိုးအဆစ်ရောဂါများအတွက် စစ်ဆေးမှုများ
ကင်ဆာရောဂါအတွက် စစ်ဆေးမှုများ
သိုင်းရွိုက်ရောဂါအတွက်စစ်ဆေးမှုများ တို့ကို
ပြုလုပ်သင့်ပါတယ် လို့ အကြံပြု ရေးသားလိုက်ရပါတယ်

ထပ်မံအသေးစိတ်သိရှိလိုလျှင် မြတ်သုခကျန်းမာရေးဝန်ဆောင် ထံတွင် မေးမြန်းစုံစမ်းနိုင်ပါတယ်
မကွေး
ရန်ပါယ်စျေး မြောက်ဘက်
09799367899

ဒုတိယအသုတ် သူနာပြုအကူသင်တန်းကြိုးကြိုးစားစား သင်ယူနေကြသော သင်တန်းသားများရှေ့သို့ပါ ကလေးတို့ရေ
06/08/2025

ဒုတိယအသုတ် သူနာပြုအကူသင်တန်း
ကြိုးကြိုးစားစား သင်ယူနေကြသော သင်တန်းသားများ
ရှေ့သို့ပါ ကလေးတို့ရေ

အရေးပေါ်ထိတ်လန့်သောအခြေအနေနှင့် တွေ့ကြုံခဲ့ရသော ကလေးငယ်တစ်ဦးတွင် ပုံမှန်မဟုတ်သော အခြေအနေတွေ ရှိနိုင်ပါတယ် မိဘများ သိထား...
28/07/2025

အရေးပေါ်ထိတ်လန့်သောအခြေအနေနှင့် တွေ့ကြုံခဲ့ရသော ကလေးငယ်တစ်ဦးတွင် ပုံမှန်မဟုတ်သော အခြေအနေတွေ ရှိနိုင်ပါတယ် မိဘများ သိထားသင့်ပါတယ်
ကြိုတင်ပြင်ဆင်ထားဖို့လည်း လို့အပ်ပါတယ်
UNICEPမှ ဖြန့်ဝေထားသော ပညာပေးရုပ်ပုံကားချပ်များအား လေ့လာဖတ်ရှူ ကာကွယ်နိုင်ကြရန် စုစည်းတင်ပြအပ်ပါတယ်

Myat Thu Kha Health Careမှာ တက်ရောက်နေကြသော သင်တန်းသားများရဲ့ လက်တွေ့ ဖြေဆိုမှုများ ကြုိးစားကြလို့ဝမ်းမြောက်ရပါတယ်အခုတော...
09/07/2025

Myat Thu Kha Health Careမှာ တက်ရောက်နေကြသော သင်တန်းသားများရဲ့ လက်တွေ့ ဖြေဆိုမှုများ
ကြုိးစားကြလို့ဝမ်းမြောက်ရပါတယ်
အခုတော့ အလုပ်နေရာအသီးသီးသို့ တာဝန်ထမ်းဆောင်နေကြပြီ

🙏အားလုံးပဲ မင်္ဂလာပါရှင့်🙏📸 ယခုအခါမှာဆိုရင်တော့ ကျွန်မတို့ မြတ်သုခကျန်းမာရေးဝန်ဆောင်မှုမှ သူနာပြုအကူသင်တန်း (အပတ်စဉ် - ၁...
27/06/2025

🙏အားလုံးပဲ မင်္ဂလာပါရှင့်🙏

📸 ယခုအခါမှာဆိုရင်တော့ ကျွန်မတို့ မြတ်သုခကျန်းမာရေးဝန်ဆောင်မှုမှ သူနာပြုအကူသင်တန်း (အပတ်စဉ် - ၁) ရဲ့ သင်တန်းသား/သူများ၏ စာတွေ့စစ်‌ဆေးခြင်း ပုံရိပ်လေးတွေကို မျှဝေပေးချင်ပါတယ်ရှင့်🙌

🎉 အခုလို စာတွေ့သင်ခန်းစာများနဲ့ စာတွေ့စစ်ဆေးခြင်းများအောင်မြင်ပြီး အလုပ်ခွင်အတွင်း အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်နေကြတဲ့ သူနာပြုအကူ သင်တန်းသားများ — စဉ်ဆက်မပြတ် ကြိုးစားအားထုတ်မှုကြောင့် အောင်မြင်မှုတစ်ခုကို ရရှိလာကြပြီဖြစ်ပါတယ်။ 🏥

📚 Myat Thu Kha Health Care Service မှ သင်ကြားပို့ချသော သူနာပြုအကူသင်တန်းမှ သင်တန်းသားများသည် သင်ခန်းစာများအားလုံးကို အောင်မြင်စွာ ပြီးဆုံးသွားပြီး ယခုအခါ စိတ်အားထက်သန်စွာဖြင့် စာတွေ့စစ်ဆေးခြင်းကို ဖြေဆိုနေပြီ ဖြစ်ပါတယ်ရှင့်။

📷 ဓာတ်ပုံအတွင်းတွင် မြင်တွေ့ရသည့်အတိုင်း သင်ကြားခဲ့သော သင်ခန်းစာများကို အသုံးချပြီး ကြိုးစားအားထုတ်ကာ စာ‌တွေ့စစ်ဆေးခြင်းကို ဖြေဆိုနေကြပြီ ဖြစ်ပါတယ်ရှင့်။

💪 ကျွန်ုပ်တို့ Myat Thu Kha Health Care Service သည်—

🔹 လူငယ်များအတွက် ကျွမ်းကျင်သင်တန်းများ စဥ်ဆက်မပြတ်ဖွင့်လှစ်ခြင်း

🔹 သင်တန်းပြီးဆုံးပါက အလုပ်အကိုင် ချိတ်ဆက်ပေးခြင်း

🔹 Soft Skills & Practical Skills များ ထည့်သွင်းသင်ကြားခြင်း

🔹 ဆရာဝန်/ Matron/ တာဝန်ခံသူနာပြုများမှ တာဝန်ယူသင်ကြားခြင်း

🔹 Certificate ထုတ်ပေးခြင်း
တို့ဖြင့် လူငယ်များ၏ အနာဂတ်တက်လမ်းများပွင့်အောင် အထောက်အကူပြုနေပါသည်။

✨ သင်တန်းသား/သူများ၏အောင်မြင်မှုများသည် ကျွန်ုပ်တို့အဖွဲ့၏ ဂုဏ်ယူစရာဖြစ်ပါသည်။ သင်တန်းတက်လိုသူများအတွက် နောက်ထပ်အခွင့့််အလမ်းများကိုလည်း မကြာမီမှာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။ 🎓

📞 စုံစမ်းမေးမြန်းရန်

Myat Thu Kha Health Care Service
📍 ၂၇၈၊ ရန်ပယ် ၂၄ လမ်း၊ မကွေးမြို့

📱 09-799367899

📩 Page Messenger မှလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

(လူငယ်များရဲ့ အနာဂတ်တောက်ပဖို့အတွက် ခိုင်မာသော အခြေခံအုတ်မြစ်တည်ဆောက်ပေးနေတဲ့)

⭐️ Myat Thu Kha Health Care Service ⭐️

🙏အားလုံးပဲ မင်္ဂလာပါရှင့်🙏📸 ယခုအခါမှာဆိုရင်တော့ ကျွန်မတို့ မြတ်သုခကျန်းမာရေးဝန်ဆောင်မှုမှ သင်တန်းသား/သူများ၏ အောင်မြင်မှ...
22/06/2025

🙏အားလုံးပဲ မင်္ဂလာပါရှင့်🙏
📸 ယခုအခါမှာဆိုရင်တော့ ကျွန်မတို့ မြတ်သုခကျန်းမာရေးဝန်ဆောင်မှုမှ သင်တန်းသား/သူများ၏ အောင်မြင်မှုများကို မျှဝေပေးချင်ပါတယ်ရှင့်! 🙌
🎉 အခုလို စာတွေ့သင်ခန်းစာများနဲ့ စာတွေ့စစ်ဆေးခြင်းများအောင်မြင်ပြီး အလုပ်ခွင်အတွင်း အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်နေကြတဲ့ သူနာပြုအကူ သင်တန်းသားများ — စဉ်ဆက်မပြတ် ကြိုးစားအားထုတ်မှုကြောင့် အောင်မြင်မှုတစ်ခုကို ရရှိလာကြပြီဖြစ်ပါတယ်။ 🏥
📚 Myat Thu Kha Health Care Service မှ သင်ကြားပို့ချသော သူနာပြုအကူနှင့် ဆေးဝါးကျွမ်းကျင်သင်တန်းမှ သင်တန်းသားများသည် Soft Skills Training + လက်တွေ့ကျသင်တန်းများ ကို အောင်မြင်စွာ ပြီးဆုံးသွားပြီး ယခုအခါ စိတ်အားထက်သန်စွာ အလုပ်သင်အဖြစ် တာဝန်ယူဆောင်ရွက်နေကြပါပြီ။
📷 ဓာတ်ပုံအတွင်းတွင် မြင်တွေ့ရသည့်အတိုင်း သင်ကြားခဲ့သော လေ့ကျင့်မှုများကို လုပ်ငန်းခွင်အတွင်း အသုံးချပြီး ကြိုးစားအားထုတ်နေကြပြီ ဖြစ်ပါတယ်ရှင့်။
💪 ကျွန်ုပ်တို့ Myat Thu Kha Health Care Service သည်—
🔹 လူငယ်များအတွက် ကျွမ်းကျင်သင်တန်းများ စဥ်ဆက်မပြတ်ဖွင့်လှစ်ခြင်း
🔹 သင်တန်းပြီးဆုံးပါက အလုပ်အကိုင် ချိတ်ဆက်ပေးခြင်း
🔹 Soft Skills & Practical Skills များ ထည့်သွင်းသင်ကြားခြင်း
🔹 ဆရာဝန်/ Matron/ တာဝန်ခံသူနာပြုများမှ တာဝန်ယူသင်ကြားခြင်း
🔹 Certificate ထုတ်ပေးခြင်း
တို့ဖြင့် လူငယ်များ၏ အနာဂတ်တက်လမ်းများပွင့်အောင် အထောက်အကူပြုနေပါသည်။
✨ သင်တန်းသား/သူများ၏အောင်မြင်မှုများသည် ကျွန်ုပ်တို့အဖွဲ့၏ ဂုဏ်ယူစရာဖြစ်ပါသည်။ သင်တန်းတက်လိုသူများအတွက် နောက်ထပ်အခွင့့််အလမ်းများကိုလည်း မကြာမီမှာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။ 🎓
📞 စုံစမ်းမေးမြန်းရန်
Myat Thu Kha Health Care Service
📍 ၂၇၈၊ ရန်ပယ် ၂၄ လမ်း၊ မကွေးမြို့
📱 09-799367899
📩 Page Messenger မှလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
(လူငယ်များရဲ့ အနာဂတ်တောက်ပဖို့အတွက် ခိုင်မာသော အခြေခံအုတ်မြစ်တည်ဆောက်ပေးနေတဲ့)
⭐️ Myat Thu Kha Health Care Service ⭐️

🙏အားလုံးပဲ မင်္ဂလာပါရှင့်🙏👉Myat Thu Kha Health Care Service မှသူနာပြုအကူ နှင့် ဆေးဝါးကျွမ်းကျင် သင်တန်းသားများကို လုပ်ငန...
21/06/2025

🙏အားလုံးပဲ မင်္ဂလာပါရှင့်🙏

👉Myat Thu Kha Health Care Service မှ
သူနာပြုအကူ နှင့် ဆေးဝါးကျွမ်းကျင် သင်တန်းသားများကို လုပ်ငန်းခွင်တွင်အသုံးချနိုင်ရန် Soft Skills Training ပေးနေတဲ့ပုံရိပ်လေးတွေကို ‌ဖော်ပြချင်ပါတယ်ရှင့်👈

🛑Myat Thu Kha Health Care Service နှင့် S4E တို့ ပူးပေါင်းလက်တွဲ၍
လူငယ်များအတွက်သက်မွေးဝမ်းကြောင်းဆိုင်ရာကျွမ်းကျင်သင်တန်းများပေးခြင်း၊ အလုပ်ကိုင်ခွင့်လမ်းများရရှိစေခြင်း၊ ကျွမ်းကျင်တက်မြောက်သည်ထိလေ့ကျင့်သင်ကြားပေးခြင်း၊ သင်တန်းပြီးဆုံးပါက အလုပ်အကိုင်ရရှိစေရန်ချိတ်ဆက်ပေးခြင်းတို့ကိုလုပ်ဆောင်နေလျက်ရှိပြီး🛑

💁အခုဆိုရင်ဖြင့် သူနာပြုအကူ နှင့် ဆေးဝါးကျွမ်းကျင် သင်တန်း ရဲ့ ပထမဆုံးအတန်းဆင်းကြတော့မည် ဖြစ်ပြီး သင်တန်းသား/သူ များကို လုပ်ငန်းခွင်တွင်အသုံးချနိုင်ရန် Soft Skills Training ကိုပေးခဲ့ခြင်းဖြစ်ပါတယ်ရှင့်👩‍🎓

📚ကျွန်မတို့ Myat Thu Kha Health Care Service မှ နောက်ထပ်သင်တန်းများစွာကိုလည်း ဆက်လက်ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်ရှင့်📚

👨‍🏫 သူနာပြုအကူသင်တန်းတွင် သင်ကြားပေးမည့် သင်ခန်းစာများမှာ -

📚 ခန္ဓာဗေဒ နှင့် ဇီဝကမ္မဖြစ်စဉ်များ
📚 ရှေးဦးသူနာပြုစုနည်းများ
📚 သူနာပြုအကူလုပ်ငန်းများ
📚 အရေးပေါ်အသက်ကယ်နည်းများ
📚 သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်နည်းများ
📚 မွေးကင်းစမှစ၍ ကလေးသူငယ်ပြုစု စောင့်ရှောက်နည်းများ
📚 ကိုယ်ဝန်ဆောင်မိခင်နှင့် သားဖွားမိခင်များအား စောင့်ရှောက်နည်းများ
📚 လူနာရွေ့ပြောင်းနည်း၊ အိပ်ယာခင်းလဲလှယ်နည်းများ၊ ရေပတ်တိုက်နည်းများ
📚 အနာဆေးကြောသန့်စင်နည်း
📚 နှာခေါင်းပိုက်ထည့်နည်း၊ နှာခေါင်းပိုက်မှ အစာထည့်နည်း
📚 ဆီးပိုက်ထည့်နည်းနှင့် ဆီးအိတ်လဲလှယ်နည်းများ
📚 Suction စက်များဖြင့် ချွဲ၊ သလိပ်၊ အညစ်အကြေးများစုပ်နည်း
📚 သွေးတွင်းအောက်ဆီဂျင်တိုင်းတာနည်း
📚 ပန်းနာရင်ကျပ်လူနာများအတွက် Nebulizer အသုံးပြုပုံ
📚 ဆီးချိုရှိ၊ မရှိစမ်းသပ်နည်း
📚 ကိုယ်ဝန်ရှိ၊ မရှိ စစ်နည်း
📚 သွေးဖောက်နည်းများ
📚 အရေးပေါ်ဆေးထိုးနည်းများ
📚 ပုလင်းချိတ်နည်းများ
📚 အာဟာရအကြောင်းများ
📚 Environmental Sanitation (ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်းများ)
📚 အခြေခံဆေးဝါးများအကြောင်း
📚 အဖြစ်များသောရောဂါများအကြောင်း (Common Disease)
📚 ခွဲစိတ်ခန်းတွင်း လုပ်ငန်းများနှင့် ပိုးသတ်ခြင်းလုပ်ငန်းများ စသည်တို့ကို
👨‍🏫 အတွေ့အကြုံရှိသော ဆရာဝန်များ၊ သူနာပြုအုပ်ဆရာမကြီး (Matron) သူနာပြုဆရာမများမှ သင်ကြားပို့ချမည်ဖြစ်သည်။ 👨‍🏫

သင်ခန်းစာများကို စာတွေ့၊ လက်တွေသင်ကြားပေးမည့်အပြင် သင်တန်းပြီးဆုံးပါက စာတွေ့၊ လက်တွေ့ စာမေးပွဲများ ဖြေဆိုပြီး အောင်မြင်ပါက သင်တန်းပြီးဆုံးကြောင်း Certificate ပေးအပ်သွားမည်ဖြစ်ပါသည်။

🧑‍⚕️သင်တန်းပြီးဆုံးပါက ဆေးရုံ၊ ဆေးခန်း၊ ဆေးဆိုင်များတွင် အလုပ်အကိုင်ရရှိစေရန် စီစဉ်ပေးမည်ဖြစ်ပါသည်။ 🧑‍⚕️

👉 သင်တန်းတက်ရောက်ရန်လိုအပ်ချက်များ 👈
📌 ပညာအရည်အချင်း အနည်းဆုံး ၈ တန်းအောင်မှစ၍ တက်ရောက်နိုင်ပါသည်။
📌 အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းဖြစ်ရပါသည်။
📌 သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရပါမည်။
📌 စည်းကမ်းလိုက်နာနိုင်သူဖြစ်ရပါမည်။

🗓️ သူနာပြုအကူသင်တန်း - ၂ လ

👉 သင်တန်းကြေး 👈

💰 သူနာပြုအကူသင်တန်း - ၃၀၀၀၀၀ ကျပ်
💰 ဆေးဝါးကျွမ်းကျင်သင်တန်း - ၃၀၀၀၀၀ ကျပ်

👉 ထပ်မံဖွင့်လှစ်မည့်သင်တန်းများတက်ရောက်လိုပါက မိမိတို့သိရှိလိုသည်များအား-

⭐ မြတ်သုခ ကျန်းမာရေးဝန်ဆောင်မှု ⭐

☎️ Ph: 09-799367899
🏥 278၊ ရန်ပယ် ၂၄ လမ်း၊ မကွေးမြို့ သို့ လူကိုယ်တိုင် (သို့) ဖုန်းဆက်၍ဖြစ်စေ Page Messenger မှဖြစ်စေ မေးမြန်းစုံစမ်းနိုင်ပါသည်။

(လူငယ်များရဲ့ အနာဂတ်တောက်ပရန် ရည်သန်လျက်)
⭐ Myat Thu Kha Health Care Service ⭐

မြတ်သုခကျန်းမာရေးဝန်ဆောင်မှုသင်တန်းမှ ကျောင်းသူလေးများအေးချမ်းမေတ္တာဆေးရုံ၌ လက်တွေ့သင်တန်းဆင်းကာ ပညာသင်ယူနေကြပြီကြုိးစား...
07/06/2025

မြတ်သုခကျန်းမာရေးဝန်ဆောင်မှုသင်တန်းမှ ကျောင်းသူလေးများ
အေးချမ်းမေတ္တာဆေးရုံ၌ လက်တွေ့သင်တန်းဆင်းကာ ပညာသင်ယူနေကြပြီ
ကြုိးစားကြလို့ ဝမ်းမြောက်ရပါတယ်

မိုးရာသီရောက်လာပြီဖြစ်၍ ခြင်နဲ့ပတ်သက်သောရောဂါများ ဥပမာ သွေးလွန်တုပ်ကွေးဖြစ်တတ်သဖြင့် ခြင်ကိုက်မခံရအောင် နေထိုင်ရပါမည် ဘေ...
31/05/2025

မိုးရာသီရောက်လာပြီဖြစ်၍ ခြင်နဲ့ပတ်သက်သောရောဂါများ ဥပမာ သွေးလွန်တုပ်ကွေးဖြစ်တတ်သဖြင့် ခြင်ကိုက်မခံရအောင် နေထိုင်ရပါမည် ဘောင်းဘီရှည် လက်ရှည်ဝတ်ဆင်ရမည် ခြင်ထောင်ထောင်၍ နေရမည်
ခြင်ပေါက်ပွားသော နေရာမဖြစ်အောင် ပြုလုပ်ရပါမည် ပန်းအိုးများ ရေနေတိုင်းလဲရမည် ရေအိုးများကို အဖုံးဖုံးထားရမည် ရေဝပ်သောနေရာမဖြစ်အောင်ပြုလုပ်ရမည်

ကလေးများ ကျန်းမာပျော်ရွင်ပါစေ

Address

No278, Yanpal 24 Street
Magway
04011

Website

Alerts

Be the first to know and let us send you an email when Myat Thu Kha Health Care Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram