ManaungTownship Public Health Department

  • Home
  • ManaungTownship Public Health Department

ManaungTownship Public Health Department Government Hospital

25/07/2024

မာန်အောင်မြို့နယ်အတွင်းရှိမိဘပြည်သူများထံသို့အသိပေးကြေညာခြင်း

၂၅-၇-၂၀၂၄

မာန်အောင်မြို့နယ်ဆေးရုံတွင်ယခုလက်ရှိအချိန်၌သွေးသွင်းရန်လိုအပ်သည့်လူနာများပြားလာခြင်းကြောင့် ယခင်လက်ကျန်သွေးအိတ် (Blood Bag) များအားလုံးအသုံးပြုလိုက်ရပြီး သွေးအိတ်များအားလုံးပြတ်လပ်သွားခဲ့ပြီဖြစ်ပါသည်။
သို့ဖြစ်ပါ၍ မာန်အောင်မြို့နယ်အတွင်းရှိဒေသခံမိဘများကိုယခုကဲ့သို့လမ်းခရီးကြန့်ကြာမူအခြေအနေများတွင်အရေးပေါ်သွေးသွင်းရန်လိုအပ်သည့်လူနာများကိုမြို့နယ်ပြည်သူ့ဆေးရုံအနေဖြင့်သွေးသွင်းကုသမူ၊၀န်ဆောင်မူများကိုဆက်လက်ဆောင်ရွက်ပေးနိုင်တော့မည်မဟုတ်ကြောင်းညိုးငယ်စွာဖြင့်အသိပေးကြေညာအပ်ပါသည်။
(မှတ်ချက်၊ မိဘပြည်သူများအနေဖြင့်ထိခိုက်ဒဏ်ရာများအတတ်နိုင်ဆုံး၊မရရှိကြစေဖို့ဂရုပြုနေထိုင်ပေးကြပါရန်လေးစားစွာဖြင့်ပန်ကြားအပ်ပါသည်။)

သတင်းပြန်ကြားရေး
မြို့နယ်ပြည်သူ့ဆေးရုံ
ရခိုင်ပြည်နယ်၊မာန်အောင်မြို့

၂၀၂၃ ခုနှစ်၊ ၃၁ ရက်နေ့၌ မာန်အောင်မြို့နယ်၊ မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာဦးစောမင်း နှင့် ဇနီးမိသားစုမှ မြို့သစ်ရပ...
31/12/2023

၂၀၂၃ ခုနှစ်၊ ၃၁ ရက်နေ့၌ မာန်အောင်မြို့နယ်၊ မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာဦးစောမင်း နှင့် ဇနီးမိသားစုမှ မြို့သစ်ရပ်ကွက်မှ ခက်ခဲချို့တဲ့သည့် အိမ်ထောင်စု ၁၄၅ စု နှင့် အောက်ခြေကျန်းမာရေး ဝန်ထမ်း ၃၀ ဦး၊ စုစုပေါင်း ၁၇၅ ဦးအား ဆန်၊ ဆီ၊ ဆားများကို တတ်နိုင်သလောက် လှူဒါန်းခဲ့ပါသည်။

(၁၇)ကြိမ်မြောက်ကျန်းမာရေး၀န်ထမ်းမိသားစုဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားမှတ်တမ်းများ------------------------------------မ...
12/11/2023

(၁၇)ကြိမ်မြောက်ကျန်းမာရေး၀န်ထမ်းမိသားစုဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားမှတ်တမ်းများ
------------------------------------

မြန်မာသက္ကရာဇ်-၁၃၈၅ခု၊သီတင်းကျွတ်လကွယ်နေ့
ခရစ်နှစ်-၂၀၂၃ခုနှစ်၊နို၀င်ဘာလ(၁၂)ရက်
ဓမ္မဝိဇယရွှေကျင်ကျောင်းတိုက်၊နတ်ပြင်ကျေးရွာ၊မာန်အောင်မြို့နယ်။

သတင်းပြန်ကြားရေး
မြို့နယ်ကျန်းမာရေးဦးစီးဌာန
မာန်အောင်မြို့၊ရခိုင်ပြည်နယ်။

ဇိုင်ပင်ကျေးလက်ကျန်းမာရေးဌာနခွဲ(စံကိုက်အဆောက်အဦး)ဆောက်လုပ်နေမူနှင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မူလုပ်ငန်းများ‌‌ ဆောင်ရ...
08/11/2023

ဇိုင်ပင်ကျေးလက်ကျန်းမာရေးဌာနခွဲ(စံကိုက်အဆောက်အဦး)ဆောက်လုပ်နေမူနှင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မူလုပ်ငန်းများ‌‌ ဆောင်ရွက်ထားရှိမူအခြေအနေကိုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှမြို့နယ်ဆရာ၀န်ကြီးနှင့်ဌာနအကြီးအကဲအဖွဲ့တို့၏ Supportive Supervisionမှတ်တမ်း။
-------------------------------------
၈-၁၁-၂၀၂၃

ယနေ့၈-၁၁-၂၀၂၃ နေ့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာ၀န်ကြီးဒေါက်တာဦးစောမင်းဦးဆောင်၍ ဒေါ်တင်တင်ခိုင်(ဦးစီးအရာရှိ)၊ ဦးမောင်၀င်း(မြို့မ၊ကျန်းမာရေးမှူး)၊ဒေါ်ညိုညို(မြို့မကျန်းမာရေးမှူး)တို့သည် ဇိုင်ပင်ကျေးရွာ၊ဇိုင်ပင်ကျေးလက်ကျန်းမာရေးဌာနခွဲကိုယခုဘဏ္ဍာရေးနှစ်အတွင်းခွင့်ပြုချက်အရ ဆောက်လုပ်‌ရေးအင်ဂျင်နီယာများ၏ စံ‌ကိုက်ကျေးလက်ကျန်းမာရေးဌာနခွဲအဖြစ် ဆေးခန်းနှင့်၀န်ထမ်းအိမ်ရာဆောက်လုပ်နေမှုအခြေအနေကိုသွားရောက် ကြီးကြပ်စစ်ဆေးခြင်း၊ ဌာန၏တာ၀န်ကျသားဖွားဆရာမ၊ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)တို့၏ ပြည်သူ့ကျန်းမာရေး‌ စောင့်‌ ရှောက်မူလုပ်ငန်းဆိုင်ရာလုပ်ဆောင်မူအခြေအနေများ၊ စီမံချက်ဆန်းစစ်၊လချုပ်ပုံစံများပြုစု၊စီစဥ်ဆောင်ရွက်ထားရှိမူအခြေအနေများကိုSupportive Supervision များသွား‌ ရောက်ကာကွင်းဆင်းပြုလုပ်ခဲ့ကြပါသည်။

သတင်းပြန်ကြားရေး
မြို့နယ်ကျန်းမာရေးဦးစီးဌာန
မာန်အောင်မြို့၊ရခိုင်ပြည်နယ်။

(၁၇)ကြိမ်မြောက်ကျန်းမာရေး၀န်ထမ်းမိသားစုဘုံကထိန်ပွဲတော်ပြုလုပ်ရန်ကြိုတင်ပြင်ဆင်နေမူများကိုမြို့နယ်ဆရာ၀န်ကြီးနှင့်ဌာနအကြီး...
02/11/2023

(၁၇)ကြိမ်မြောက်ကျန်းမာရေး၀န်ထမ်းမိသားစုဘုံကထိန်ပွဲတော်ပြုလုပ်ရန်ကြိုတင်ပြင်ဆင်နေမူများကိုမြို့နယ်ဆရာ၀န်ကြီးနှင့်ဌာနအကြီးအကဲများသွားရောက်၍ကြည့်ရူခြင်းမှတ်တမ်း
-----------------------------------

(၂-၁၁-၂၀၂၃)
ကြာသပတေးနေ့

မြန်မာသက္ကရာဇ်၊၁၃၈၅ခု၊သီတင်း ကျွတ်လကွယ်နေ့၊ ခရစ်နှစ်၊၂၀၂၃ခုနှစ်၊နို၀င်ဘာလ(၁၂)ရက်နေ့တွင် မာန်အောင်မြို့နယ်၊နတ်ပြင်ကျေးရွာ ဓမ္မဝိဇယရွှေကျင်ကျောင်းတိုက်၌ဆင်ယင်ကျင်းပပြုလုပ်သွားမည့်(၁၇)ကြိမ် မြောက်ကျန်းမာရေး၀န်ထမ်းမိသားစုဘုံကထိန်အခမ်းအနားအတွက်ကြိုတင်ပြင်ဆင်ထားရှိမူများနှင့်လှူဒါန်းထားရှိသည့်အဆောက် အဦးများပြီးစီးမူကိုကြည့်ရှုခြင်း၊ ကျေးရွာလူကြီးမိဘများနှင့်တွေ့ဆုံမိတ်ဆက်စကားပြောကြားခြင်းများကိုယနေ့(၂-၁၁-၂၀၂၃)ရက်နေ့နံနက်ပိုင်းအချိန်တွင်မြို့နယ်ဆရာ၀န်ကြီးဒေါက်တာဦးစောမင်းနှင့်ဌာနအကြီးအကဲများကကွင်းဆင်းကာသွားရောက်လုပ်ဆောင်ခဲ့ကြပါသည်။

သတင်းပြန်ကြားရေး
မြို့နယ်ကျန်းမာရေးဦးစီးဌာန
ရခိုင်ပြည်နယ်၊မာန်အောင်မြို့။

စေတနာရှင်အလှူရှင်များ၏မာန်အောင်မြို့နယ်ပြည်သူ့ဆေးရုံသို့ဆေးဝါးထောက်ပံ့ငွေနှင့်ECG စက်လှူဒါန်းမှုမှတ်တမ်း----------------...
19/10/2023

စေတနာရှင်အလှူရှင်များ၏မာန်အောင်မြို့နယ်ပြည်သူ့ဆေးရုံသို့ဆေးဝါးထောက်ပံ့ငွေနှင့်ECG စက်လှူဒါန်းမှုမှတ်တမ်း
-------------------------------------
(၁၉-၁၀-၂၀၂၃)
----------------

မာန်အောင်မြို့နယ်ပြည်သူ့ဆေးရုံတွင်တစ်နှစ်အတွင်းနွမ်းပါးလူနာ(၇၆)ဦးအတွက်ဆေးဝါး‌ပံ့အလှူငွေ အား
ကိုမောင်မောင်+မစောယုမာ
(ရွှေမြတ်မင်း ရွှေထည်ထုတ်လုပ်
ဖြန့်ချီ‌ ရေး)မှလာရောက်၍လှူဒါန်းသွားခဲ့ပါသည်။

ထို့အပြင် မြို့နယ်ပြည်သူ့ဆေးရုံတွင်လိုအပ်နေသည့်ECG စက် တစ်လုံး (ကာလတန်ဖိုး-၁၅သိန်းခန့်)အား
ကိုမောင်မောင်+မစောယုမာ
(ရွှေမြတ်မင်း ရွှေထည်ထုတ်လုပ်ဖြန့်ချီ‌ ရေး)မှ စေတနာတရားထက်သန်စွာဖြင့်ထပ်မံ၍‌လှူဒါန်းသွားခဲ့ပါသည်။

(ဤကဲ့သို့လိုအပ်သောနေရာများတွင်လှူဒါန်းထားရှိသည့်ကိုမောင်မောင်+မစောယုမာ(ရွှေမြတ်မင်း ရွှေထည်ထုတ်လုပ်ဖြန့်ချီ‌ ရေး)အလှူရှင်မိသားစုအား မာန်အောင်မြို့နယ်ပြည်သူ့ဆေးရုံမှဆရာ၀န်ကြီးနှင့်၀န်ထမ်းများမှသာဓုခေါ်ဆိုအပ်ပါသည်။)

သတင်းပြန်ကြားရေး
မြို့နယ်ကျန်းမာရေးဦးစီးဌာန
ရခိုင်ပြည်နယ်၊မာန်အောင်မြို့။

လူနာဧည့်သည်နှင့် ဧည့်သည်စောင့်များ နားနေ နိုင်ရေးအတွက် ထိုင်ခုံများ လှူဒါန်းလိုသော စေတနာရှင် အလှူရှင်များ ရှိပါက ဆေးရုံဖ...
17/10/2023

လူနာဧည့်သည်နှင့် ဧည့်သည်စောင့်များ နားနေ နိုင်ရေးအတွက် ထိုင်ခုံများ လှူဒါန်းလိုသော စေတနာရှင် အလှူရှင်များ ရှိပါက ဆေးရုံဖုန်းကို ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း မေတ္တာရပ်ခံ ပန်ကြားလိုပါသည်။

ဆေးရုံဖုန်း Reception Phone no:
09451727711

နှစ်ပေါင်း ၃၀ နီးပါး ခွဲခန်းဟောင်းမှသည် ခွဲခန်းသစ်၊ စက်ကိရိယာအသစ်၊ ခွဲစိပ်ခုံသစ် ဆီသို့။
05/10/2023

နှစ်ပေါင်း ၃၀ နီးပါး ခွဲခန်းဟောင်းမှသည် ခွဲခန်းသစ်၊ စက်ကိရိယာအသစ်၊ ခွဲစိပ်ခုံသစ် ဆီသို့။

အောင်တိုဘာလ ၁ ရက်နေ့ တွင် ကျရောက်သည့်အ​ပြည်ပြည်ဆိုင်ရာ ဘိုးဘွားများနေ့ ကို ဂုဏ်ပြုအားဖြင့် မာန်အောင်ပြည်သူ့ဆေးရုံမှ ကျန်...
04/10/2023

အောင်တိုဘာလ ၁ ရက်နေ့ တွင် ကျရောက်သည့်
အ​ပြည်ပြည်ဆိုင်ရာ ဘိုးဘွားများနေ့ ကို ဂုဏ်ပြုအားဖြင့် မာန်အောင်ပြည်သူ့ဆေးရုံမှ ကျန်းမာရေး ဝန်ထမ်းများမှ မာန်အောင်ဘိုးဘွားရိပ်သာ၌ အခြေခံကျန်းမာရေးစောင်ရှောက်မှုလုပ်ဆောင်ခဲ့ပါသည်။

အောင်ဆီဂျင် စက်ရုံ ယာယီချွတ်ယွင်းမှုကြောင့် မာန်အောင်ပြည်သူ ဆေးရုံ ၌ တက်ရောက်ကုသနေသည့် လူနာများအတွက် အောင်ဆီဂျင် အခက်အခဲ...
23/09/2023

အောင်ဆီဂျင် စက်ရုံ ယာယီချွတ်ယွင်းမှုကြောင့် မာန်အောင်ပြည်သူ ဆေးရုံ ၌ တက်ရောက်ကုသနေသည့် လူနာများအတွက် အောင်ဆီဂျင် အခက်အခဲ ရှိနေပါဦးမည်။ လတ်တလော၌ ဒီဇယ်မီးစက်နိုး၍ Air Concentrator နှင့်ပေးနေရဦးမည်။ ဖြစ်​ကြောင်း အသိပေးတင်ပြအပ်ပါသည်။

https://m.facebook.com/story.php?story_fbid=280572604780887&id=100084844470662&mibextid=Nif5oz

မာန်အောင်မြို့နယ်၊ အခြေခံပညာကျောင်းများတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး၊ကျောင်းအ...
19/09/2023

မာန်အောင်မြို့နယ်၊ အခြေခံပညာကျောင်းများတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး၊ကျောင်းအခြေပြုထိုးနှံပေးနေမူမှတ်တမ်း
-------------------------------------

(ဒုတိယနေ့)

၁၉-၉-၂၀၂၃

နေရာ -မြို့မမိခင်ကလေး၊ကျေးလက်ကျန်းမာရေးဌာနအပိုင်အခြေခံပညာကျောင်းများ

သတင်းပြန်ကြားရေး
မြို့နယ်ကျန်းမာရေးဦးစီးဌာန
ရခိုင်ပြည်နယ်၊မာန်အောင်မြို့။

သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး၊ကျောင်းအခြေပြုထိုးနှံပေးနေမူအပေါ်မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တ...
18/09/2023

သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး၊ကျောင်းအခြေပြုထိုးနှံပေးနေမူအပေါ်မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာဦးစောမင်းမှကွင်းဆင်းကြီးကြပ်ပေးနေမူမှတ်တမ်း
------------------------------------

၁၈-၉-၂၀၂၃

နေရာ- အထက(ခွဲ)ဈေးတန်း

သတင်းပြန်ကြားရေး
မြို့နယ်ကျန်းမာရေးဦးစီးဌာန
ရခိုင်ပြည်နယ်၊မာန်အောင်မြို့။

Address


Telephone

+959451727711

Website

Alerts

Be the first to know and let us send you an email when ManaungTownship Public Health Department posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ManaungTownship Public Health Department:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram