ကွန်ချာတိုင်းရင်းဆေး - Kun Cha Tain: Jin: Hsei:

ကွန်ချာတိုင်းရင်းဆေး - Kun Cha Tain: Jin: Hsei: ကွန်ချာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ မြန်မာဆေးမျိုးစုံ နှင့် ပရဆေးကုန်ကြမ်းရောင်းဝယ်ရေး

 #ဟင်္သာပြဒါးအနီ
11/07/2025

#ဟင်္သာပြဒါးအနီ

 #ဒိုဘာလာသကြားခဲ
03/07/2025

#ဒိုဘာလာသကြားခဲ

Credit:အသက်ရှည်နုပျိုစေဖို့ ဗီတာမင်များရဲ့အရေးပါပုံဗီတာမင်များကို မြန်မာတို့က သက်စောင့်ဆေးဟုလည်း တင်စားခေါ်ဝေါ်လေ့ရှိသည်...
30/06/2025

Credit:
အသက်ရှည်နုပျိုစေဖို့ ဗီတာမင်များရဲ့အရေးပါပုံ

ဗီတာမင်များကို မြန်မာတို့က သက်စောင့်ဆေးဟုလည်း တင်စားခေါ်ဝေါ်လေ့ရှိသည်။ ဗီတာမင် အမျိုးအစား များစွာရှိရာ အဓိကအနေနှင့် ရေတွင်ပျော်ဝင်သော ဗီတာမင်များ (Water-soluble vitamins) နှင့် ဆီတွင်ပျော်ဝင်သော ဗီတာမင်များ (Fat-soluble vitamins) ဟူ၍ အုပ်စု (၂) ခုခွဲထားသည်။ အဆိုပါ ဗီတာမင်များအားလုံးသည်ရှိသင့်သည့် ပမာဏအတိုင်းရှိပါမှ ကျန်းမာပြီးအသက်ရှည်နိုင်မည်ဖြစ်သည်။ ဗီတာမင်တစ်မျိုးသည် ရှိသင့်သည့်ပမာဏအောက် လျော့နည်းနေပါက အဆိုပါဗီတာမင် ချိုတဲ့သည့် ရောဂါလက္ခဏာများကို တွေ့ရှိခံစားရပေလိမ့်မည်။ ထိုအခါ အဆိုပါဗီတာမင်ကို ပြန်လည်ဖြည့်တင်းပေးပါမှ အဆိုပါရောဂါလက္ခဏာများ သက်သာပျောက်ကင်းသွားမည်ဖြစ်ပြီး အဆိုပါဗီတာမင် ချို့တဲ့မှန်းမသိဘဲ အခြားရောဂါထင်ပြီး ဆေးကုနေပါက အနာတခြား ဆေးတခြားဖြစ်ကာ ရောဂါလည်းသက်သာမည် မဟုတ်ပေ။ ဥပမာအားဖြင့် သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ အစားနည်းသူများသည် ဗီတာမင်စီ ချို့တဲ့နေတတ်ပါသည်။

ထိုအခါ ဗီတာမင်စီ ချို့တဲ့သည့်လက္ခဏာဖြစ်သော သွားဖုံး၌သွေးထွက်ခြင်း၊ အရေပြား၌ အညိုရောင်အကွက်များ ပေါ်လာတတ်ခြင်း၊ အနာကျက်နှေးခြင်း အစရှိသည့်လက္ခဏာများ ကြုံတွေ့ရလေ့ရှိသည်။ အဆိုပါလူနာများကို ဗီတာမင်စြွီကယ်ဝသည့် ချဉ်ပြီးအရည်ရွှမ်း သော သစ်သီးများစားစေခြင်း သို့မဟုတ် ဗီတာမင်စီဆေးပြားများ သောက်စေခြင်းဖြင့် အဆိုပါ ရောဂါလက္ခဏာများ ခဏအတွင်း သက်သာပျောက်ကင်းသွားပေလိမ့်မည်။ ထို့ကြောင့် ဗီတာမင်အားလုံးသည် ကျန်းမာရေးအတွက် လွန်စွာမှ အရေးပါလှသည်။ အသက်ရှည်လိုသူများအနေနှင့် မိမိ၏ခန္ဓာကိုယ်တွင်း၌ ဗီတာမင်များ ပြည့်ဝစွာရှိနေဖို့ အရေးကြီးလှပါသည်။

အဆိုပါဗီတာမင်များသည် ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်၌ နေ့စဉ်အသုံးပြုနေရသဖြင့် နေ့စဉ်လိုအပ်လျက် ရှိနေပါသည်။ အချို့သော ဗီတာမင်များမှာ ခန္ဓာကိုယ်တွင်း သိုလှောင်ထားနိုင်သဖြင့် တစ်ခါတည်းများများစားထားလျှင် နောက်ရက်များတွင် မစား ဖြစ်ပါကလည်း ပြဿနာမရှိပေ။ အထူးသဖြင့် ဆီ၌ပျော်ဝင်သော ဗီတာမင်များသည် ခန္ဓာကိုယ်အတွင်းရှိ အဆီများ၌ပျော်ဝင်လျက် သိုလှောင်ထားနိုင်သည်။ အချို့သော ဗီတာမင်များကို အသည်း၌ သိုလှောင်ထားနိုင်သည်။ သို့ရာတွင် အချို့သောဗီတာမင်များ (ဥပမာ ဗီတာမင်ဘီအုပ်စုနှင့် ဗီတာမင်စီ) မှာမူ ခန္ဓာကိုယ်တွင်း၌ သိုလှောင်ထားနိုင်ခြင်းမရှိ၍ နေ့စဉ်စားသောက်နေသည့် အစားအစာတွင် ပုံမှန်ပါဝင်နေရန် လိုအပ်ပါသည်။ ဤနေရာတွင် အရေးကြီးသည့်အချက်တစ်ခုကို တင်ပြလိုပါသည်။ လူတို့ နေ့စဉ်သွားလာ လှုပ်ရှားဖို့နှင့် ကျန်းမာစေဖိို့ လိုအပ်သောဗီတာမင်ပမာဏနှင့် အသက်ရှည်စေရန်လိုအပ်သည့် ဗီတာမင်ပမာဏမှာ ကွာခြားမှုရှိသည် ဆိုသည့်အချက်ဖြစ်ပါသည်။ ဥပမာအားဖြင့် ဗီတာမင်စီသည် နေ့စဉ်လိုအပ်ချက်မှာ ၇၅-၉ဝ မီလီဂရမ်သာဖြစ်သော်လည်း အသက် ရှည်စေရန်အတွက် အင်တီအောက်ဆီဒင့်အာနိသင် ရရှိဖို့လိုအပ်ရာ တစ်နေ့လျှင် ၁၀၀၀-၂၀၀၀ မီလီဂရမ်အထိ လိုအပ်မည်ဖြစ်ပါသည်။ အခြားသော ဗီတာမင်များမှာလည်း ထိုနည်းအတူတူ ဖြစ်ပါသည်။ အချို့သော ဗီတာမင်များမှာ လိုသည်ထက် ပို၍စားသုံးပါက ခန္ဓာကိုယ်ကို အဆိပ်အတောက် ဖြစ်စေနိုင်ပါသည်။ အထူးသဖြင့် ဆီ၌ပျော်ဝင်သော ဗီတာမင်များသည် ခန္ဓာကိုယ်က ပိုလျှံနေသော ပမာဏကို စွန့်ထုတ်နိုင်ခြင်း မရှိ၍ ကျန်းမာရေးပြဿနာ ပေးနိုင်ပါသည်။ အဆိုပါ ဗီတာမင်များ၏ ပုံမှန်ကျန်းမာရေးအတွက် နေ့စဉ်လိုအပ်သည့် ပမာဏနှင့် အသက်ရှည်နုပျိုစေရန် လိုအပ်သည့် ပမာဏတို့ကို အောက်ပါဇယားတွင် ဖော်ပြထားပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)
"ဇရာကိုအန်တုခြင်း" စာအုပ်မှ ထုတ်နုတ်ဖော်ပြပါသည်။

သိန္ဓောဆားသည် တွင်းထွက်ပစ္စည်းဖြစ်၏၊ ပန်ဂျပ်နယ်တွင် သိန္ဓောဆားတွင်းများရှိ၏၊ သိန္ဓောဆားသည် ၂ မျိုးရှိ၏၊ ၁-အဖြူ ၊ ၂ - အနီ...
24/06/2025

သိန္ဓောဆားသည် တွင်းထွက်ပစ္စည်းဖြစ်၏၊ ပန်ဂျပ်နယ်တွင် သိန္ဓောဆားတွင်းများရှိ၏၊ သိန္ဓောဆားသည် ၂ မျိုးရှိ၏၊ ၁-အဖြူ ၊ ၂ - အနီရောင်သန်းသောအဖြူဖြစ်၏။ အာယုဗ္ဗေဒကျမ်းများတွင် သိန္ဓောဆားကိုစားရန်အတွက် အမြတ်တနိုးထား၏။
သိန္ဓောဆား၏ အကျိုးကျေးဇူးများ
သိန္ဓောဆားသည် အနည်းငယ်ချို၏၊ အေးသောသတ္တိရှိ၏။ နှုတ်ကိုမြိန်စေတတ်၏။ ဝမ်းမီးကိုတောက်စေတတ်၏။ သုက် ဓာတ်ကိုအားပေး၏၊ မျက်စိရောဂါအတွက် အကျိုးပြု၏။ ပူခြင်းကိုမပြုတတ်၊ နှလုံးလျှင်မြန်ပေါ့ပါးခြင်း, ပြေပြစ်ခြင်း, ရောဂါကင်းခြင်း အကြောင်းတွင် ဆားအလုံးစုံတိုထက် အကောင်းဆုံးဖြစ်၏၊ ဝမ်းချုပ်ခြင်း, မျက်စိရောဂါ နှလုံးရောဂါ, အနာပေါက်ရောဂါ, လေ, သည်းခြေ, သလိပ်, ဤသုံးပါး သော ဒေါသတ္တိကိုဖျက်ဆီးတတ်၏ ၊ (ချုံ့း၍ပြန်ဆိုထားသည်)
#သိန္ဓောခဲ
#သိန္ဓောမှုန့်

ဆားပုပ်ခဲက-ဆားပုပ်ခဲက တွင်းထွက်ဆားပါ။ တွင်းထွက်ဆားက သွေးမတိုးပါ။-ဝမ်းပျော့စေတယ်-လေထိုး လေအောင့် သက်သာစေတယ်-ဆီး၊ဝမ်း၊သွေး...
23/06/2025

ဆားပုပ်ခဲက
-ဆားပုပ်ခဲက တွင်းထွက်ဆားပါ။ တွင်းထွက်ဆားက သွေးမတိုးပါ။
-ဝမ်းပျော့စေတယ်
-လေထိုး လေအောင့် သက်သာစေတယ်
-ဆီး၊ဝမ်း၊သွေး၊လေအတွက် အကျိုးပြုစေတယ်

ဝိနည်းတော်တွေနဲ့ညီသလား?
ဝိနည်း မဟာဝါ ပါဠိတော်-ဒု
၅-စမ္မက္ခန္ဓက
၁၆၁-အမြစ်စသောဆေး
၂၆၃။နာဖျားသော ရဟန်းတို့သည် ဆားဖြစ်သော ဆေးတို့ကို အလိုရှိကုန်၏။ပ။ ရဟန်းတို့ ပင်လယ်ဆား ဆားပုပ် သိန္ဓောစား တွင်းထွက်ဆား ချက်ဆား ဟူသော ဆားဆေးတို့ကိုလည်းကောင်း၊ ထိုမှတစ်ပါး ခဲဖွယ်ဘောဇဉ် အရာမမြောက်သော ဆေးတို့ကိုလည်းကောင်း၊ အကပ်ခံ၍ အသက် ထက်ဆုံး ဆောင်ထားစိမ့်သောငှါလည်းကောင်း၊ အနာဟူသော အကြောင်းရှိသော် သုံးဆောင်စိမ့်သောငှါ့လည်းကောင်း ခွင့်ပြု၏၊ အနာဟူသော အကြောင်းမရှိဘဲ သုံးဆောင်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။

#ဆားပုပ်ခဲ
#ဆားပုပ်မှုန့်

တိုင်းရင်းဆေးကို ချစ်သော်လည်း အရမ်းမဲ့ မသုံးစွဲသင့်ပါမည်သည့်ဆေးဝါးမဆို ဘေးဥပါဒ်နှင့် မကင်းပါ။ အနောက်တိုင်း ဆေးဝါးများတွင...
18/06/2025

တိုင်းရင်းဆေးကို ချစ်သော်လည်း အရမ်းမဲ့ မသုံးစွဲသင့်ပါ

မည်သည့်ဆေးဝါးမဆို ဘေးဥပါဒ်နှင့် မကင်းပါ။ အနောက်တိုင်း ဆေးဝါးများတွင် ကောင်းကျိုးနှင့် ယှဉ်တွဲ၍ မလိုလားအပ်သော ဘေးဥပါဒ်များရှိကြောင်း လူအတော်တော်များများ သိပြီးဖြစ်ကြပါသည်။ ဥပ မာအားဖြင့် အကိုက်အခဲပျောက် ဆေးများသုံးစွဲခြင်း လွန်ကဲလျှင် အစာအိမ်သွေးကြောများ ပေါက်တတ် ကြောင်းကို ဆေးပညာရှင်များက အမြဲသတိပေးနကြပါသည်။
တိုင်းရင်းဆေးဝါးများသည်လည်း ထိုကဲ့သို့ ကောင်းကျိုးနှင့် ယှဉ်တွဲ၍ မလိုလားအပ်သော ဘေးဥ ပါဒ်များ ရှိကြောင်းကိုမူ သိသူ အလွန်နည်းပါးလှသည်။ မြန်မာဆေးပဲ ဘာမှအန္တရာယ် မရှိပါဘူးဟု ပြောကြ ကာ ထင်သလိုစားသုံးကြ၊ ထင်သလို ကြော်ငြာရောင်းချတတ်ကြပါသည်။
အမှန်မှာ တိုင်းရင်းဆေးတွင်လည်း တတ်ကျွမ်းသည့်ဆရာ ပညာရှင်များနှင့် မတိုင်ပင်ဘဲ သုံးစွဲလျှင် ဒုက္ခပေးတတ်သော ဘေးဥပါဒ်များ ရှိပါသည်။
ထို့ကြောင့်ပင် တိုင်းရင်းဆေးသိပ္ပံ (မန္တလေး)တွင် သင်ကြားပေးနေသော ပညာရပ်များထဲမှ “ဆေး ပညာဥပဒေသ” ပညာရပ်တွင် ရောဂါတစ်ခုကို ပျောက်ကင်းစေပြီး အခြားရောဂါတစ်ခုကို ဆင့်ပွားမဖြစ်စေ မည့် ကုထုံးကိုသာ မှန်ကန်ကောင်းမွန်သော ကုထုံးအဖြစ် ဆရာလောင်းများကို သင်ကြားပေးလျက် ရှိပါ သည်။

ရောဂါတစ်ခု ပျောက်ကင်းပြီး ပေးသောဆေးကြောင့် အခြားရောဂါတစ်ခု ပြောင်းလဲဆင့်ပွား
ပေါ် ပေါက်လာလျှင် ၄င်းကုထုံးကို မစင်
ကြယ်သော ကုထုံးဟု ခေါ်ဆိုပါသည်။

စာရေးသူ၏ ဆေးကုသက်တမ်းအတွင်း တွေ့ကြုံရဖူးသော အတွေ့အကြုံများမှ အချို့ကို ဖော်ပြလို ပါသည်။

တစ်နေ့တွင် တိုင်းရင်းဆေးကို ယုံကြည်သုံးစွဲသူ ပုဂ္ဂိုလ်တစ်ဦး တိုင်းရင်းဆေးခန်းသို့ ရောက်လာပါ သည်။ ထိုသူ လာရောက်ပြသသော ရောဂါမှာ လေပွပြီး အစားမစားချင်သော ရောဂါဖြစ်သည်။ မကြာခဏ လည်း ကြို့ထိုး တတ်သည်ဟု ဆိုပါသည်။
သူသည် အသက် လေးဆယ်ကျော်ရုံမျှ ရှိသေးသော်လည်း ဆံပင်များ ကွက်ကျားဖြူလျက် ရှိနေ သည်။ တိုင်းရင်းနည်းဖြင့် သူ့လက်ကို သွေးစမ်းကြည့်သောအခါ “လေပူသွေး” (လေပူသွေးဆိုသည်မှာ လက်ကောက်ဝတ် သွေးကိုစမ်းကြည့်ရာတွင် သွေးလုံးပွပြီး အလုံးလိုက် စောင့်တိုးနေသော သွေးမျိုးဖြစ် သည်။) သွေးရှိနေကြောင်း တွေ့ရသည်။ ထို့ကြောင့် သူ၏ရောဂါဖြစ်ပုံ နောက်ကြောင်းကိုပါ စစ်တမ်းထုတ် ကြည့်သောအခါ အောက်ပါအတိုင်း သိရှိရ ပါသည်။

သူသည် လွန်ခဲ့သော ခြောက်လခန့်မှစ၍ နနွင်းခါး ဆေးလုံးများကို နေ့စဉ် စားသုံးခဲ့သည်ဟု ဆိုပါ သည်။ သွေးတိုးနှင့် လေငန်းရောဂါများ ကာကွယ်သည် ဆိုသဖြင့် သူတို့မျိုးရိုးတွင် ၄င်းရောဂါများ ဖြစ်ခဲ့ဖူး သူများရှိသဖြင့် စိုးရိမ်ပြီး ကာကွယ်သည့်အနေဖြင့် နနွင်းခါး ဆေးလုံးများကို နေ့စဉ် စားသုံးခဲ့သည်ဟု ပြောပြ ပါသည်။ သူသည် နနွင်းခါးစစ်စစ်ကို ပရဆေးဆိုင်များတွင် ရှာ၍ဝယ်ယူပြီး သေချာအောင် ရေဆေး သန့်စင် သည်။ မှိုမတတ်အောင်ဖြစ်သည်။ ထို့နောက် နေလှန်းအခြောက်ခံသည်။ ပြီးမှ အမှုန့်ကြိတ်စက်သို့ ပို့ပြီး အ မှုန့်ကြိတ်သည်။ ထိုအမှုန့်ကို ပျားရည်ဖြင့်တေပြီး ရွေးကြီးစေ့ခန့် စေးလုံးများ ပြုလုပ်ကာ နေပြပြီး ဖန်ပုလင်း တွင် လေလုံအောင် ထည့်ထားသည်ဟု ဆိုသည်။ ထိုဆေးလုံးကို သုံးလုံးမှ စစားပြီး ငါးလုံးအထိ တိုးကာ ထမင်းစားပြီးတိုင်း တစ်နေ့နှစ်ကြိမ် စားသည်ဟုဆိုသည်။ စားကာစလများတွင် အစာကြေပြီး ရင်ချောင်၊ လေလည်သဖြင့် မိမိနှင့် သင့်သည့်ဆေးဟု စွဲစားခဲ့သည်ဟု ဆိုသည်။

ထိုသို့ စားသုံးပြီး သုံးလကျော်အကြာမှ စ၍ သူ့ဆံပင်များ စ၍ ဖြူလာခဲ့သည်။ အစားပျက်၍ လေပွ လာသည်။ ရုံး၌ အလုပ်လုပ်ရာတွင် နေ့လယ်ချိန်ရောက်လျှင် ဇက်ကြောတက်ပြီး မျက်စိများ မှုန်လာသည်။ ထိုအချိန်အထိ နနွင်းခါးစားသုံးမှု မတည့်သောကြောင့် ဖြစ်သည်ဟု သူကမထင်။ ရုံးအလုပ်များ၍ ဖြစ်သည် ဟုသာထင်ပြီး ဆက်လက် စားသုံးခဲ့သည်ဟု ဆိုပါသည်။
တိုင်းရင်းဆေးပညာ အလိုအားဖြင့် နနွင်းခါးသည် ပူခါးအရသာရှိပြီး ဓာတ်လောင်ကျွမ်းမှု အား ကောင်းစေသော “တေဇောဝါယောဂိုဏ်း” ဆေးမျိုးဖြစ်ပါသည်။ ၄င်းသည် ဓာတ်လောင်ကျွမ်းမှု ပေးသော ဆေးမျိုးဖြစ်သဖြင့် ခန္ဓာကိုယ်တွင်းရှိ မကြေညက်ခြင်းနှင့် ပိတ်ဆို့မှုများကို ရှင်းလင်းစေနိုင်ပါသည်။

သွေးတွင်းရှိ အဆီဓာတ်များကိုလည်း ကြေစေနိုင်သဖြင့် သွေးတိုးလည်း ကျစေနိုင်ပါသည်။ သို့ သော် စနစ်တကျ စားသုံးရန် လိုအပ်ပါသည်။ လိုသည်ထက်ပိုလျှင် ဘေးဥပါဒ် ဖြစ်စေနိုင်ပါသည်။
ခန္ဓာကိုယ်တွင် တေဇောဝါယော ဓာတ်ခံအား ကောင်းနေသူများ၊ တစ်နည်းအားဖြင့် အပူနှင့် လေပူ ဓာတ် လွန်ကဲနေသူများသည် နနွင်းခါးနှင့် မတည့်ပါ။ သူများ ပြောသံကြားနှင့် စားသုံးမိရာမှ များလာသော အခါ မူလဓာတ်ခံ အပူဓာတ်နှင့် နနွင်းခါးမှ တေဇော ဝါယောဓာတ်တို့ ပေါင်းမိကာ မီးလောင်ရာတွင် လေပင့် သကဲ့သို့ဖြစ်ပြီး ဓာတ်လောင်ကျွမ်းမှု လွန်ကဲ၍ အပူခိုးများ အထက်သို့ ရိုက်သဖြင့် မျက်စိမှုန်ခြင်း၊ ဇက်ကြော တက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဆံပင်ဖြူခြင်း စသော တေဇောဓာတ် လောင်ကျွမ်းသော လက္ခဏာများ ပေါ်ပေါက်လာပါလိမ့်မည်။
အမှန်အားဖြင့် နနွင်းခါး စားသုံးရန် သင့်သူများမှာ အဆီဓာတ်များပြီး လူဝဖြိုးမှု လွန်ကဲလာသူများ၊ သီတ အအေးဓာတ်အဖွဲ့ လွန်ကဲပြီး အကြောတွင် ပိတ်ဆို့မှုရှိသူများ၊ သွေးအတွင်း အဆီဓာတ် ပိတ်ဆို့ပြီး သွေးတိုးလက္ခဏာ ပြလာသူများ၊ ဆီးချိုရောဂါ ရှိနေသူများ မွေးညင်းပေါက်များ အာကာသပိတ်၍ ချွေးမ ထွက်သူများသာ စားသုံးသင့် သော ဆေးမျိုးဖြစ်ပါသည်။

တစ်ခေတ်တစ်ခါက တိုင်းရင်းဆေး ကြော်ငြာများတွင် ပိန်ဆေးဟု ကြော်ငြာရောင်းချရာ စားသုံးသူ များခဲ့သည်။ နောက်ပိုင်းတွင် ပိန်ဆေးမဟုတ်တော့ “အဆီကျဆေး”ဟု ပြောင်းသုံးလာသည်။ အနောက် တိုင်း ဆရာဝန်များက ဝလာခြင်း၏ ပြစ်ချက်မှာ မကောင်းသော Cholesterol (ကိုလက်စတီရော)ဟု ဖော်ပြ လာကြသည်။ ကိုလက်စတီရောသည် အဆီဖြစ်သဖြင့် အဆီကျဆေးဟု သုံးစွဲသည်ကိုလိုက်ပြီး အဆီကျ ဆေး (သို့မဟုတ်) အဆီကျပိန်ဆေးဟု သုံးစွဲလာကြခြင်း ဖြစ်သည်။
ပိန်ဆေးဟု ကြော်ငြာရောင်းချနေကြသော ဆေးများမှာ နနွင်းခါးနှင့် ဆင်တုံးမနွယ်ကို အဓိကထား ၍ ဖော်စပ်ထားသော ဆေးကများသည်။ အချို့ဆေးများတွင် ဝမ်းသွားလျှင် ပိန်သည်ဟု ယူဆသဖြင့် ဝမ်း သွားလွယ်ကူစေသော ပွေးကိုင်းနှင့် မင်းကိုကာလို ပရဆေးပစ္စည်းများ ထည့်လာကြသည်။ ထို့ထက် ဆိုး သည်မှာ အူလှိုင်းတွန့်လှုပ်ရှားမှု လွန်ကဲစေသည့် ကနခိုစေ့ကိုထည့်၍ ဖော်စပ်ခြင်းဖြစ်သည်။ ရေရှည်စွဲ၍ သောက်သုံးသင့်သော ဆေးမျိုးမဟုတ်ပါ။ ကနခိုသည် ရှေးကပင် သမားကိုင်ဆေး ဖြစ်ပါသည်။ လူနာ အတွက် ပေးရန်လိုအပ်လျှင် ကနခိုကို အခိုးသတ်ပြီးမှ သမားအတိုင်းအဆဖြင့် ပေးကုပါသည်။ ရေရှည်စွဲ မစားခိုင်းပါ။ အဖျက်ဆေးချက်ဖြစ်သဖြင့် ရောဂါကို တိုက်ဖျက်သည့်အခါသာ သုံးစွဲရပါသည်။ အရမ်းမဲ့မ စားသုံးသင့်ပါ။ စားသုံးလိုလျှင်လည်း ကျွမ်းကျင်သော တိုင်းရင်းဆေး ပညာရှင်များနှင့်သာ တိုင်ပင်၍ အချိန် ကာလ အတိုင်းအတာဖြင့်သာ စားသုံးသင့်ပါသည်။
အခြားတိုင်းရင်းဆေးပစ္စည်း ဆေးဝါးများတွင်လည်း ဤနည်းတိုင်းပင် ဖြစ်ပါသည်။ ကြက်သွန်ဖြူနှင့် ပျားရည် အစားများ၍ ဒုက္ခရောက်သူများလည်း တွေ့ဖူးပါသည်။ ဆီးကောင်းသည်၊ ကျောက်ကျသည်ဟု ဆို ကာ မလိုအပ်ဘဲ သံမနိုင်ကျောက်မနိုင် ရွက်များကို နေ့စဉ်ကျိုသောက်ရာမှ ဆီးသွားလွန်ကဲပြီး ကျောက် ကပ် ထိခိုက်ရောဂါ ရသူများလည်း ကြုံတွေ့ဖူးပါသည်။

အစွမ်းထက်သော ဆေးပင်ဆေးမြစ်များကို မလို အပ်ဘဲ မသောက်သင့်ပါ။ ဆီးချို၊ သွေးချိုရောဂါအတွက် မဟော်ဂနီစေ့ အစားများပြီး ကျောက်ကပ် ထိခိုက် သွားသူ ဣဿရမူလီဆေး စားပြီး ကျောက်ကပ် အဆိပ်ဖြစ်သူများ ရှိပါသည်။ ကျောက်ကပ်သည် လိုသည် ထက်ပို၍
အလုပ်လုပ်ရလျှင် ပျက်စီးတတ်ပါသည်။

အချို့လူများသည် ရောင်းတန်းဆေးများက ကြော်ငြာထားသည်များကို အကောင်းထင်ကာ ဝယ်ယူ စားသုံးရာမှ မပျောက်ကင်းဘဲ ရောဂါကုသချိန် နောက်ကျပြီးမှ သက်ဆိုင်ရာ ဆေးရုံသို့ ရောက်သဖြင့် ကုမရ တော့ဘဲ ဆုံးရှုံးသွားသည်များလည်း ရှိသည်။ အချို့မှာ ဆေးယုံကြည်မှု လွန်ကဲ၍ အနာလိမ်းဆေးကိုပင် သောက်ဆေးအဖြစ် သုံးစွဲလာသည်ကို တွေ့ရပါသည်။ မှားယွင်းသော သုံးစွဲမှု ဖြစ်ပါသည်။

တိုင်းရင်းဆေး၏ ပညာရပ်များမှာ များစွာကျယ်ဝန်း နက်ရှိုင်းပါသည်။ လူတစ်ဦးနှင့်တစ်ဦး မူလ ဓာတ်ခံချင်း မတူကြပါ။ ဆေးတစ်မျိုးသည် လူတစ်ဦး၏ ရောဂါကို ပျောက်ကင်းစေသော်လည်း အခြားတစ် ဦး၏ အမျိုးတူရောဂါကို မပျောက်စေနိုင်သော ဘုတ်သဘောတရားများ ရှိပါသည်။

ဆေးပင်နှင့် ဆေးပစ္စည်းအာနိသင် ပညာရပ်များမှာလည်း များစွာ နက်နဲကျယ်ဝန်းသည်။ ဆေးတစ် မယ်တည်းနှင့် ပျောက်နိုင်သော ရောဂါများရှိသလို ဆေးမယ်များစွာနှင့် ပေါင်းစပ်ကုမှ ပျောက်ကင်းနိုင်သည် များလည်း ရှိသည်။

ရောဂါသိ ဆေးရှိပြီးသည့်တိုင်အောင် ရောဂါရောက်ကြောင်း ဖြစ်သည့် ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့နှင့် ညှိနှိုင်းဆန်းစစ် ကုသပေးနိုင်သည့် ဆရာမှသာ ရောဂါကို စင်ကြယ်အောင် ကုသနိုင်သည်။
ထို့ကြောင့် ရောဂါဖြစ်လာလျှင် မိမိထင်ရာ ဆေးမြီးတိုများ၊ ရောင်းတန်းဆေးများဖြင့် လက်တဲ့စမ်း၍ ပျောက်နိုးနိုး ကုသခြင်းမျိုး မပြုလုပ်သင့်ကြပေ။

တိုင်းရင်းဆေးဝါးများနှင့် ပတ်သက်၍ အချုပ်အားဖြင့် တင်ပြလိုသည်မှာ မည်သည့် တိုင်းရင်းဆေးမ ဆိုသူများပြောသံကြားနှင့် လည်းကောင်း၊ ကြော်ငြာဖတ်၍ လည်းကောင်း အရမ်းမဲ့ မသုံးစွဲကြပါနှင့်။ အချို့ ကြော်ငြာများသည် ကြော်ငြာသဘောအရ စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်အောင် ပိုပိုသာသာ ပြော၍ ကြော်ငြာခြင်းမျိုးလည်း ရှိပါသည်။ တစ်ကယ်တမ်း သုံးစွဲသောအခါ နောက်ဆက်တွဲ ဆိုးကျိုးရှိနေတတ်ပါ သည်။ အချို့ဆေးများမှာ သုတေသန မရှိသော ဆေးများဖြစ်ပါသည်။

ယခုအခါ ရန်ကုန်နှင့် မန္တလေးမြို့များတွင် တိုင်းရင်းဆေးရုံနှစ်ရုံနှင့် မြို့နယ်များစွာတွင်လည်း ကျန်းမာရေးဦးစီးဌာန တိုင်းရင်းဆေးပေးခန်းများ ရှိနေပြီး တိုင်းရင်းဆေးရုံများလည်း တိုးတတ်ပေါ်ပေါက် လာပြီး ယခုနှစ်ပိုင်းအတွင်း ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့ကြီး(၃)မြို့တွင် ကုတင်(၁၀၀)ဆန့် တိုင်း ရင်းဆေးရုံကြီးများ ပေါ်ထွက်လာပြီဖြစ်ရာ တိုင်းရင်းဆေးပညာ တတ်ကျွမ်းနားလည်သည့် သမားတော်များ၊ ဆရာများနှင့် တိုင်ပင်ကုသခြင်းသာ အကောင်းဆုံးဖြစ်သည်။ ရှေးက တိုင်းရင်းဆေးပညာ ဒီပလိုမာဘွဲ့ရ များသာ ရှိခဲ့သော်လည်း တိုင်းရင်းဆေး တက္ကသိုလ်ကြီး ပေါ်ပေါက်လာပြီးနောက် အဆင့်တန်းမှီ BMTM ဘွဲ့ ရများ MMTM ဘွဲ့လွန်များအထိ ပေါ်ထွက်လာပြီ ဖြစ်ပါသည်။ တိုင်းရင်းဆေး တက္ကသိုလ်ဆင်း ဆရာများ သည် တိုင်းရင်းဆေး ဆရာဝန်များ ဖြစ်ပါသည်။

တိုင်းရင်းဆေးဖြင့် ရှေးမြန်မာလူမျိုး ဘိုးဘေးများ သက်ရှည်ကျန်းမာ ခဲ့ကြသည်ဖြစ်ရာ ရိုးရာဆေး ကိုလက်မလွှတ်သင့်ပါ။ လက်ရှိလည်း အားပေးနေကြပါသည်။ အချို့လည်း မဖြစ်မနေ အနောက်တိုင်း ဆေးဖြင့် ကုသနေရင်း တစ်ဖက်မှ မြန်မာဆေးသုံးစွဲခြင်း ဆေးနည်းတို(ဆေးမြီးတို)နှင့် ကုသခြင်းများ ပြုလုပ်နေကြပါသည်။ ကင်ဆာကဲ့သို့ အဆင့်မြင့်ရောဂါများပင် ဆေးမြီးတိုနှင့် ပျောက်ကင်းသွားသူများကို လည်း လက်တွေ့ တွေ့ရပါသည်။ သို့သော် ဆေးတိုင်းမဟုတ်ပါ။ လူတိုင်းမဟုတ်ပါ။ အနောက်တိုင်းဆေး ဖြစ်စေ တိုင်းရင်းဆေး ဖြစ်စေ“သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေး” “တန်ဆေး၊ လွန်ဘေး” ဟူသော ဆိုရိုးများကိုလည်း အမြဲမမေ့ကြပါနှင့်ဟု သတိပေး ရေးသားတင်ပြလိုက်ရပါသည်။
Credit:ကြည်လွင်မြင့်(မုဒြာ)

ကြည်လွင်မြင့် (မုဒြာ)

(၆)လပိုင်းတွင် နှင်းသီးများ သီးနေသည်ကိုတွေ့ရLocation>Mdy အန်တီလှအိမ်Credit👉ရာသီစာ ဆေးဖက်ဝင်နှင်းသီးအကြောင်း သိကောင်းစရာခ...
11/06/2025

(၆)လပိုင်းတွင် နှင်းသီးများ သီးနေသည်ကိုတွေ့ရ
Location>Mdy အန်တီလှအိမ်
Credit👉

ရာသီစာ ဆေးဖက်ဝင်နှင်းသီးအကြောင်း သိကောင်းစရာ
ခေါင်းလောင်းပုံသဏ္ဌာန် အနီရောင်အသီးကို နှင်းသီးဟုခေါ်ကြသည်။ နှင်းသီးဟု ဆိုသော်လည်း နှင်းကျသည့် ဆောင်းရာသီတွင်သာ အသီးသီးခြင်းမဟုတ်ဘဲ ဆောင်းအကုန်နွေအကူးနှင့် မိုးဦးကျ ချိန်တို့တွင်လည်း သီးလေ့ရှိသော ရာသီစာသီးနှံတစ်မျိုး ဖြစ်သည်။ အင်္ဂလိပ်အမည်မှာ Rose Apple သို့မဟုတ် Plum Rose သို့မဟုတ် Malay Apple ဟု အမျိုးမျိုးခေါ်ဆိုကြသည်။
နှင်းသီးသည် ချိုမြမြအရသာရှိသည်။ အရည်ရွှမ်းသဖြင့် ရေငတ်လည်းပြေစေသည်။ ဈေးနှုန်းသက်သာ သဖြင့် နှင်းသီးပေါ်ချိန်ရောက်သောအခါ လူအများစုက ပန်းသီးအစား နှင်းသီးကိုသာ ရွေးချယ်စား ကြသည်။ အခွံရဲရဲနီလေ ပိုချိုလေဖြစ်သည်။ အပေါ်ယံ အခွံမာတင်းနေသော အသီးများက လတ်ဆတ် မှုရှိသဖြင့် အရည်ပိုရွှမ်းသည်။ နှင်းသီးကို ပြည်တွင်း၌သရေစာသစ်သီးအဖြစ် စားသုံးလေ့ရှိကြပြီး တခြား နိုင်ငံများ၌ နှင်းသီးကို အချိုရည်၊ ယို၊ ဂျယ်လီအဖြစ် ပြုလုပ်စားသုံးကြသည်။
ဧရာဝတီတိုင်းဒေသကြီးမှထွက်ရှိသော နှင်းသီးသည် အရွယ်အစားကြီးမားသည့်အလျောက် အရသာ လည်း ပိုကောင်းသည်။ ဧရာဝတီတိုင်းဒေသကြီး၌ နှင်းသီးကို စီးပွားဖြစ်စိုက်ပျိုးကြပြီး ဒေသခံများက နှင်းပန်းသီးဟု တင်စားခေါ်ဝေါ်ကြသည်။
နှင်းသီးကို သိပ္ပံနည်းကျဓာတ်ခွဲ စမ်းသပ်ကြည့်ရာ ၁၀၀ ဂရမ်အလေးချိန်ရှိသော နှင်းသီးထဲတွင် ရေဓာတ် ၉၃ ဂရမ်၊ ခွန်အား ၂၄ ကယ်လိုရီ၊ ပရိုတင်း သုညဒသမ ၆ ဂရမ်၊ Lipid အဆီဓာတ် သုည ဒသမ ၃ ဂရမ်၊ ကစီဓာတ် ၅ ဒသမ ၇ ဂရမ်၊ ကယ်လ်စီယမ်၂၉ မီလီဂရမ်၊ သံဓာတ် သုည ဒသမ ၀၇ မီလီဂရမ်၊မဂ္ဂနီစီယမ် ၅ မီလီဂရမ်၊ မီးစုန်း ၈ မီလီဂရမ်၊ ပိုတက်စီယမ် ၁၂၃ မီလီဂရမ်၊ ဇင့် သုည ဒသမ ၀၆ မီလီဂရမ်၊ ဗီတာမင်စီ(အက်စ်ကောဘစ်အက်စစ်) ၂၂ဒသမ ၃ မီလီဂရမ် စသည်တို့ အသီးသီးပါရှိကြောင်း သိရသည်။
- နှင်းသီးသည် ကယ်လိုရီနည်းပါးခြင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပေါကြွယ်ဝခြင်း၊ ဗီတာမင်စီ ဓာတ်များ ကြွယ်ဝစွာပါရှိခြင်းတို့ကြောင့် ကျန်းမာရေးကို လွန်စွာအထောက်အကူပြုပေးနိုင်သည်။
- အမျိုးသားများ ဆီးကျိတ်ကင်ဆာဖြစ်စေမည့်အခွင့်အလမ်းကို နည်းပါးစေသည်။
- အမျိုးသမီးများ ရင်သားကင်ဆာမဖြစ်အောင်ကြိုတင်ကာကွယ်ပေးနိုင်သည်။
- တစ်နေ့လျှင် နှင်းသီးသုံးလုံးကို ရက်သတ္တပတ်တိတိ စားပေးခြင်းဖြင့် သွေးထဲရှိ ကိုလက်စထရော ကို ၁၉ ရာခိုင်နှုန်းမျှ လျှော့ချပေးနိုင်သည်။
- နှင်းသီးတွင် ဆိုဒီယမ်ဓာတ် လုံးဝမပါရှိခြင်း၊ ဗီတာမင်စီ ပေါကြွယ်ဝခြင်းတို့ကြောင့် သွေးတိုး ရောဂါရှိသူများကို လွန်စွာကောင်းကျိုး ပြုပေးနိုင်သည်။
- နှင်းသီးမှည့်မှည့် နီနီရဲရဲလေးများက အရသာချိုမြသော်လည်း ဂလူးကို့စ်ဓာတ်မပါရှိပေ။ ထို့ပြင် နှင်းသီးစားခြင်းက ပန်ကရိယကို ကောင်းကျိုးပြုသဖြင့် ဆီးချိုရောဂါသည်များအတွက် အထူး သင့်လျော်သည်။
- အဆီဓာတ်မပါခြင်း၊ ကယ်လိုရီနည်းပါးခြင်း၊ ရေဓာတ်ကြွယ်ဝစွာပါရှိခြင်းတို့ကြောင့် နှင်းသီးစား၍ ကိုယ်အလေးချိန် မတက်အောင် ထိန်းထားနိုင်သည်။
- အိန္ဒိယနိုင်ငံတွင် နှင်းသီးအပင်၏ အရွက်ကို ပေါင်းခံပြီး ရေမွှေးရနံ့အဖြစ် အသုံးပြုကြသည်။
- နှလုံးရောဂါအမျိုးမျိုးနှင့် နှလုံးသွေးကြောဆိုင်ရာ ဝေဒနာရှင်များအတွက် အထူးသင့်လျော်သော သစ်သီးဖြစ်သည်။ ထို့ပြင် ရုတ်တရက် နှလုံးဖောက်ခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။
- အစာအိမ်နှင့် အစာခြေစနစ်ကို ကောင်းမွန်စေသည်။
- မကြာခဏ ဝမ်းချုပ်တတ်သူများ စားသုံးသင့်သည်။
- ဆီးရွှင်စေပြီး ဆီးလမ်းကြောင်းပိုးဝင်ခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။ ထို့ပြင် အမျိုးသားများ ဖြစ်တတ်သော ဆီးကျိတ်ကင်ဆာမှလည်းကာကွယ်ပေးနိုင်သည်။
- အသည်းနှင့် ကျောက်ကပ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သည်။
- တစ်နေ့ နှင်းသီးငါးလုံးစားပေးခြင်းဖြင့် အရွယ်ရောက်ပြီးသူ လူတစ်ယောက် တစ်နေ့တာ ကယ်လ်စီယမ် လိုအပ်ချက်ပမာဏကို အပြည့်အဝရရှိနိုင်သည်။
- ဗီတာမင်စီပေါကြွယ်ဝသော သစ်သီးဖြစ်၍ ကိုယ်ခံစွမ်းအား ကောင်းစေသည်။ ရာသီဥတု အပြောင်းအလဲတွင် နှင်းသီးများများစားပေးခြင်းဖြင့် တုပ်ကွေး၊ ချောင်းဆိုး စသည့် ရာသီဖျားနာ ကူးစက်ရောဂါတို့ အလွယ်တကူမဖြစ်စေနိုင်ပါ။
- ကိုယ်ဝန်ဆောင်များ နှင်းသီးစားပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်း ရေဓာတ်လျော့ပါးမှုမှ ကာကွယ်ရာ ရောက်သည်။
- အသားအရေကြည်လင်စေသည်။
- ဆံသားကျန်းမာရေးအတွက်လည်း ကောင်းကျိုးပြုပေးနိုင်သည်။
အချုပ်အားဖြင့်ဆိုသော် နှင်းသီးစားမိ၍ ဓာတ်မတည့်ဝေဒနာ ပြဿနာများ မဖြစ်နိုင်ပေ။ ဘေးထွက် ဆိုးကျိုးကင်းသော သစ်သီးဖြစ်၍ အရွယ်သုံးပါးမရွေး စားသုံးနိုင်သည်။ နှင်းသီးကို မြန်မာ့ဆေးကျမ်းတွင် အပူငြိမ်းသော အအေးစာအသီးဟုလည်း ဖော်ပြထားရာ နေပူဒဏ်ကိုကာကွယ်ရန် ရာသီစာသစ်သီး အဖြစ် စားသုံးသင့်သည်။
အထူးသဖြင့် ခုခံအားကိုတိုးပွားစေပြီး အလွယ်တကူ ဖျားနာခြင်းမှ ကာကွယ်ပေးသဖြင့် ရာသီကူး ပြောင်းစ မိုးဦးကျတွင် ဖြစ်ပွားတတ်သော အအေးမိတုပ်ကွေးရောဂါများ မဖြစ်အောင် ကြိုတင် ကာကွယ်သည့်အနေဖြင့် နှင်းသီးစားသုံးသင့်သည်။ သို့ပါ၍ အရသာလည်းရှိပြီး ဈေးနှုန်းချိုသာသည့် အပြင် ကျန်းမာရေးအတွက် ဆေးဖက်ဝင်လှသော ရာသီစာနှင်းသီးကို စားသုံးကြစေလိုကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။
ပေါက်ပေါက်
ကျန်းမာရေး

(၅)လပိုင်းမှာ စိန်ပန်းတွေလှိုင်လှိုင်ပွင့်တယ်Location 👉Mdy မြဝတီမင်းကြီးလမ်းဆေးဖက်ဝင်  #စိန်ပန်းပွင့် နှင့် သုပ်စားနည်းဇ...
03/06/2025

(၅)လပိုင်းမှာ စိန်ပန်းတွေလှိုင်လှိုင်ပွင့်တယ်
Location 👉Mdy မြဝတီမင်းကြီးလမ်း

ဆေးဖက်ဝင် #စိန်ပန်းပွင့် နှင့် သုပ်စားနည်း

ဇမ်ဘီယာတွင် အခေါက်ကို ရိုးရာအဖျားပျောက်ဆေးအဖြစ် အသုံးပြုသည်။

အစေ့များကို ဆီးကျိတ်ရောဂါတွင် အသုံးပြုကြသည်။

ကင်းမြီးကောက်ကိုက်ပါက
အရွက်များကို လှော်ထောင်း၍ အဝတ်ဖြင့်ထုပ်ပြီး ရှူပေးနိုင်သည်။

ပန်းပွင့်ပြုတ်ရည်ကိုလေပြွန်ရောင်ခြင်း ပန်းနာရင်ကျပ်နှင့် ငှက်ဖျားရောဂါများတွင် အသုံးပြုသည်။

အစေ့များကို Madagascar တွင် သရေစာအဖြစ် အစိမ်းစားကြသည်။

ထိုင်းနိုင်ငံတွင် စိန်ပန်းစေ့
ကို အစိမ်းလိုက် စားသုံကြသည်။

အသီးတောင့်နုနုလေးတွေဟာ
ပရိုတင်းကြွယ်ဝတာကြောင့်
စားသုံးသင့်တဲ့ သရေစာတမျိုးဖြစ်ပါတယ်။

အရှင်နာဂသိန်ပုံပြဆေးအဘိဓာန်တွင်
ပူသောသတ္တိရှိသည်။လေသလိပ်ကိုနိုင်သည်။ ထိုးအောင့်၊အစာမကြေ၊လေပြည့်၊မျက်စိရောဂါတို့ကို သက်သာပျောက်ကင်းစေသည်

အစေ့မှရသောအဆီကိုပိုးသတ် မှို သတ်သောဆပ်ပြာဆီအဖြစ် ထုတ်လုပ် သည်။အစေ့ဆီဖြင့်ထုတ်လုပ်သော ကိတ်မုန့်သည် သားသမီးကို ရစေနိုင်ကြောင်းဆိုသည်။

အစေ့မှုန့်သည်သွေးတွင်းရှိအညစ်အကြေးများကို သန့်စင်ပေးနိုင်သောအာနိသင်ရှိသည်။

နားကိုက်ခြင်းကိုသက်သာစေသည်။
အရွက်သည် အရေပြားရောဂါကိုပျောက်စေသည်။

အရွက်ကို စားပေးပါက သံပိုးကိုကျစေသည်။

အပွင့်နှင့်အခေါက်ကို အစာအိမ်ပျောက်ဆေး အဖွစျိသုံးသညျ။

အပွင့်ကို ပြုတ်စားခြင်း၊တို့စား၊သုပ်စားခြင်းဖြင့်
အိပ်ပျော်မှုကိုဖြစ်စေပါသည်။

စိန်ပန်းရွက်သည် သွေးတွင်းရှိအချို့ဓာတ်များကို ကျဆင်းစေ၍ သွေးကျရောဂါရှိသူတို့ စားရန် မသင့်ပေ။

အောက်ဖော်ပြပါ နေရာတွင်လဲ စိန်ပန်းပင်၏ဂုဏ်သတ္တိအလိုက်စမ်းသပ်ထားမှုများကို လေ့လာနိုင်သည်။
http://www.stuartxchange.com/FireTree.html

စိန်ပန်း ကို စားသုံးခြင်းသည် သွေးတွင်းသကြားဓာတ်ကို
အလျင်အမြန်လျော့ကျစေသဖြင့် သတိထားသင့်သည်။

စိန်ပန်းပွင့်လက်သုပ် သုပ်နည်း
************************
စိန်ပန်းပွင့်ကိုပြုတ်ပါ ။ ရေညှစ်ပါ ရေပြန်ဆေးပါ ။
ရေထပ်ညှစ်ပါ။ ပါးပါးလှီး ၍ နှစ်ပြန်ကြော် +ပုဇွန်ခြောက် ထောင်း၊ ငရုပ်သီးစိမ်း၊ ကြက်သွန်နီ၊ ငံပြာရည်ကြော်နဲနဲ
ပဲမှုန့်၊ ကြက်သွန်ဖြူ ဆီချက် ၊ သံပုရာသီးနှင့် ရော၍သုပ်ပါ။

အရသာရှိရှိ မွှေးမွှေးကြိုင်ကြိုင် စိန်ပန်းသုပ်လေးပေါ့ ခင်မျာ
မှတ်ချက်... မပြုတ်ခင် ပန်းမှာ ပဲသီးများကဲ့သို့ အနံရှိပြီး
ပြုတ်ပြီးတစ်ခါညှစ်ရေပြန်ဆေးပြီးတစ်ခါညှစ်သောအခါ အမွှေးနံ့ထွက်လာပါသည်။

..

03/06/2025

ဝန်ဆောင်မှု
#ကွန်ချာတိုင်းရင်းဆေး
#ဆေးထောင်းခြင်းအနုပညာ

23/01/2025

အစွမ်းထက်တဲ့ ဘုတလက်စေ့

 ်ကြည့်လိုက်ပါ သင်အလိုရှိရာရောက်ရှိသွားပါလိမ့်မည်🥰ယခု QR Code အား ကင်မရာဖွင့်ပြီး Scanဖတ်သူများအားလုံး ဘေးရန်ကင်းပြီး ကျ...
13/07/2024

်ကြည့်လိုက်ပါ သင်အလိုရှိရာရောက်ရှိသွားပါလိမ့်မည်🥰

ယခု QR Code အား ကင်မရာဖွင့်ပြီး Scanဖတ်သူများအားလုံး ဘေးရန်ကင်းပြီး ကျန်းမာချမ်းသာကြပါစေစ
Scanမဖတ်သူများလည်းရွင်လန်းချမ်းမြေ့ကြပါစေ🥰

အညွန့်ပန်း လှူခြင်းအင်္ဂဝိဇ္ဇာပညာက ပညက် သိပ့်အားပြုတယ်၊တချို့ အညွန့်ပန်း လှူပြီး မထူးခြားသူတွေရှိတယ် အဲထဲ မှ တချို့ အဝှက...
19/01/2024

အညွန့်ပန်း လှူခြင်း

အင်္ဂဝိဇ္ဇာပညာက ပညက် သိပ့်အားပြုတယ်၊တချို့ အညွန့်ပန်း လှူပြီး မထူးခြားသူတွေရှိတယ် အဲထဲ မှ တချို့ အဝှက်ဟာ အညွန့်းလှူတာ မှားနေမှန်းသိခဲ့ရတယ်၊ ဆိုပါဆို့ တနင်္ဂနွေ သားသမီးတယောက်သည်
သူ့ရဲ့အညွန့်ပန်းဖြစ်တဲ့ ဂန့်ဂေါ်ညွန့်ကို အင်္ဂါနေ့ 10နာရီကနေ 12:30အတွင်း ကပ်လှူတယ်

၂ အညွန့်ပန်း

၁ နေ့သား
၄ အခါ

၃ နေ့
ဒါပင်မဲ့ သူကမွေးနံ တနင်္ဂနွေသားဖြစ်ပြီး နာမည်က သူသူဆိုရင် သွားပြီ အညွန့်ပန်းလှူ၍လည်း ဘာမှထူးခြားမည် မဟုတ်တော့။



၆ သူသူ
၂ ဂန့်ဂေါ်


လှူသည့် အချိန်အခါသည်



၄ အခါ


၆ သူသူ
ကဲဘယ်ထူးတော့မလဲ အဲ့မှားတာဘဲ၊ အင်္ဂဝိဇ္ဇာပညာက ပညက်သိပ့်အရေးကြီးတယ်၊ဒါပင်မဲ့ ပညက်လောက်မဟုတ်ဘူး၊တနင်္ဂနွေသမီး သူသူ အမည်ရှိကောင်မလေးသည် သူ့ရဲ့အညွန့်ပန်း ဂန့်ဂေါ်ကို အင်္ဂါနေ့ ဗုဒ္ဓဟူး အခါတွင် လှူလိုက်တဲ့အခါ သူသူ သောကြာ အမည်ရှင်ဖြစ်သည့်အတွက် စတုရန်းပန်းမွေးနံ တြိရန်း ရောက်သည့်အခါတွင် လှူလိုက်သည့်အခါ မထူးခြားတော့ပေ အဲ့တော့ အင်္ဂဝိဇ္ဇာအညွန့်ပန်း အခြားဓတ်ဆင်တဲ့အခါ နာမည်အတိကြကြည့်ရတယ်၊ တခါခါ မွေးနံပါအပြစ်လွတ်အောင်စီရင်ရတယ်၊
အညွန့်ပန်းလှူ
တနင်္ဂနွေ ကံကော်၁၅ညွန့် အင်္ဂါနေ့ ၁၀ခွဲ ၁၂အတွင်းလှူ
တနင်္လါ ဇွန်၈ညွန့် ဗုဒ္ဓဟူးနေ့ 10ခွဲ 12အတွင်းလှူ
အင်္ဂါ ရွတ်လှ ၁၇ညွန့် ကြာသာပတေးနေ့ 10ခွဲ 12အတွင်းလှူ
ဗုဒ္ဓဟူး မေမြို့၁၉ပန်း သောကြာနေ့ 10ခွဲ 12အတွင်းလှူ
ကြာသာပတေး သီး၂၁ညွန့် စနေနေ့ 10ခွဲ12အတွင်းလှူ
သောကြာ ဒါန်း၁၀ညွန့် တနင်္ဂနွေနေ့ 10ခွဲ 12အတွင်းလှူ
စနေ အုန်း၆ညွန့် တနင်္လါနေ့ 10ခွဲ12အတွင်းလှူ

#ဆရာမင်းဘို

Address

Coner Of 55&116 Street, MyaYaeNandar Market, ChanMyaTharSi Township
Mandalay City
-

Telephone

+9592024520

Website

Alerts

Be the first to know and let us send you an email when ကွန်ချာတိုင်းရင်းဆေး - Kun Cha Tain: Jin: Hsei: posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ကွန်ချာတိုင်းရင်းဆေး - Kun Cha Tain: Jin: Hsei::

Share