Ask a Doctor- Online ကျန်းမာရေးဝန်ဆောင်မှု

  • Home
  • Myanmar
  • Mandalay
  • Ask a Doctor- Online ကျန်းမာရေးဝန်ဆောင်မှု

Ask a Doctor- Online ကျန်းမာရေးဝန်ဆောင်မှု လူကြီးမင်း၏ ကျန်းမားရေးပြသနာများကို
page messenger မှတစ်ဆင့်ဆက်သွယ်ဆွေးနွေးနိုင်ပါပြီ။

မဂ်လာပါ။Ask a Doctor -Online ကျန်းမာရေး ဆွေးနွေးမှု အစီစဥ်မှ လူနာ၏ ကိုယ်ရေးမှတ်တမ်း ၊ရောဂါမှတ်တမ်းများလုံခြုံမှု အတွက် ရာနှုန်းပြည့်
အာမခံပါသည်။

23/03/2022
20/07/2021

ကျွန်တော်တို့ကုတဲ့ လူနာတွေ
ပြန်ကောင်းလာတယ်လို့
ဝမ်းသာအားရ လာပြောကြတော့
ကျွန်တော်တို့လဲ ထပ်တူထပ်မျှ
ဝမ်းသာရပါတယ်။

Messager က ဆက်ပြီးဖြေပေးနေပါတယ်ဗျ။

19/07/2021

လတ်တလော ဖြစ်ပေါ်လာသော
လုံခြုံရေး အခြေအနေများကြောင့်
လူနာများအား ဖုန်းဖြင့် လက်ခံဖြေကြားခြင်း
အိမ်တိုင်ရာရောက် လိုက်လံကုသခြင်းများ
ပြုလုပ်နိုင်မည် မဟုတ်တော့ပါ။

အခမဲ့ Test kit များ ဆေးဝါးများ
ထောက်ပံ့လှူဒါန်းခြင်းကိုလည်း
ခေတ္တရပ်နားထားမည်ဖြစ်ပါသည်။

အောက်စီဂျင်လိုအပ်နေတဲ့လူနာတွေအများကြီးရှိပါတယိသူတို့အတွက် အောက်စီဂျင်ရနိုင်မယ့်နေရာနဲ့ ဖုန်းနံပါတ်တွေကိုcomment မှာ မန့်...
16/07/2021

အောက်စီဂျင်လိုအပ်နေတဲ့
လူနာတွေအများကြီးရှိပါတယိ

သူတို့အတွက် အောက်စီဂျင်ရနိုင်မယ့်
နေရာနဲ့ ဖုန်းနံပါတ်တွေကို
comment မှာ မန့်ခဲ့ပေးကြပါဦး

သင့် Comment တစ်ခုက လူ့အသက်တွေကို
ကယ်တင်နိုင်ပါတယ်

#17 july

🦠 ဗိုင်းရက်စ်ပိုးကြောင့်ဖျားခြင်း 🤒(ကိုဗစ်သည် ကိုရိုနာဗိုင်းရက်စ်ပိုးကြောင့်ဖြစ်သည်။)ကိုယ်အပူချိန်တက်ခြင်းကို ဖျားတယ်ဆို...
16/07/2021

🦠 ဗိုင်းရက်စ်ပိုးကြောင့်ဖျားခြင်း 🤒
(ကိုဗစ်သည် ကိုရိုနာဗိုင်းရက်စ်ပိုးကြောင့်ဖြစ်သည်။)

ကိုယ်အပူချိန်တက်ခြင်းကို ဖျားတယ်ဆိုပြီး‌ ‌ခေါ်ပါတယ်။
ခေါင်းတွေကိုက်ခဲတာ ခန္ဓာကိုယ်တစ်ခုလုံးနာကျင်ကိုက်ခဲတာ
အစားစားချင်စိတ်မရှိတာ ဒါတွေကို
ဗိုင်းရက်စ်ပိုးကြောင့်ဖျားရင်ခံစားရတတ်ပါတယ်။

‼️လုပ်ရန်
ဖျားရင် ရေချိုးပေးလို့ရပါတယ်။ ရေပတ်ဝတ်တင်/ရေပတ်ဝတ်တိုက်တာတွေ လုပ်လို့ရပါတယ်။အပူတွေကို မြန်မြန်ကုန် မြန်မြန်ကျစေဖို့ပါ။
Paracetamol ပါရာစီတမောဆေး ကို ဆရာဝန် ညွှန်ကြားချက်အတိုင်း သောက်ပေးပါ။အဖျားကျခေါင်းကိုက်တာနာကျင်ကိုက်ခဲတာတွေကိုအထိုက်အလျောက်သက်သာစေပါတယ်။
အစာစားချင်စိတ်မရှိလည်း ကြိုးစားပြီးစားပါ။
ပါးစပ်ခံတွင်း သန့်ရှင်းရေး ပိုပြီးလုပ်ပေးပါ။

❌မလုပ်ဖို့တွေပါ။
ဖျားရင် အနွေးထည်အထူကြီးဝတ် စောင်အထူကြီးတွေခြုံပြီး အပူတွေကို ထိန်းမထားပါနဲ့။ဖျားလို့ ရေမချိုးတာ ဖျားလို့ အစာမစားတာတွေက လူနာကိုပိုပြီး ပင်ပန်းစေပါတယ်။
ဖျာတဲ့သူကို ရက်ရက်စက်စက် အစာမကျွေးဘဲ မနေရ။
ဖျားတိုင်း ပိုးသတ်ဆေး သောက်ဖို့မလိုပါ။တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး လိုအပ်မှသာ ပိုးသတ်ဆေးသောက်ဖို့လိုအပ်မှာပါ။

အားလုံးကျန်းမာကြပါစေ။

ပုံမှန်ကိုယ်အပူချိန်သည် 98.6'F (37'C)ဖြစ်ပါသည်။
🔥 98.6'F (37'C)ထက်များလျှင် ဖျားသည်ဟုပြောနိုင်ပါပြီ။

နေကောင်းဖို့ အရည်များများသောက်ပါ။အာဟာရပြည့်ဝအောင် အားရှိအောင် စားပါ။(ကြက်ဥ/ကြက်ပြုတ်ရည် အပြင် ငါးပြုတ်ဟင်းရည် ပဲဟင်းချို...
15/07/2021

နေကောင်းဖို့ အရည်များများသောက်ပါ။
အာဟာရပြည့်ဝအောင် အားရှိအောင် စားပါ။
(ကြက်ဥ/ကြက်ပြုတ်ရည် အပြင် ငါးပြုတ်ဟင်းရည် ပဲဟင်းချို -အသား၊ငါး၊ပဲ၊ဥ အကုန်လုံး အသားဓါတ်ပြည့်ဝပါတယ်။
အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ သစ်သီးဝလံတွေပါ စားပေးပါ။
ချဉ်တဲ့အသီးလေးတွေ စားပေးပါ ဗစ်တာမင်-စီ ရပါတယ်။)
‌အိပ်ရေးဝဝအိပ်ပါ။ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပါ။

ကိုယ်ခံအားပြည့်ဖို့ စားကြပါစို့။

Oxygen ရရှိနိုင်မည့် နေရာလေးတွေ နဲ့ဖုန်းနံပါတ်လေးတွေကိုComment မန့်သွားပေးခြင်းဖြင့်လူ့အသက်တွေကို ကယ်တင်ပါ
13/07/2021

Oxygen ရရှိနိုင်မည့် နေရာလေးတွေ နဲ့
ဖုန်းနံပါတ်လေးတွေကို
Comment မန့်သွားပေးခြင်းဖြင့်
လူ့အသက်တွေကို ကယ်တင်ပါ

ကလေး ကိုဗစ်(Professor Saw Win)ကလေးအထူးကုဆရာဝန်ကြီး***********************************************အခုတလော ကိုဗစ်ဖြစ်တဲ့ကလ...
13/07/2021

ကလေး ကိုဗစ်
(Professor Saw Win)
ကလေးအထူးကုဆရာဝန်ကြီး
***********************************************

အခုတလော ကိုဗစ်ဖြစ်တဲ့ကလေးတွေ များ လာပါတယ် တအိမ်ထဲက ဖြစ်နေတဲ့ လူကြီးတွေဆီက ကူးတာပါ

ကလေးမှာ ပိုဗစ်က ပြင်းထန်လေ့မရှိပါ သာမာန် တုပ်ကွေးလိုပဲပြီးသွားပါမယ်
( ရှားရှားပါးပါး ပြင်းထန်တာရှိပါတယ် တေါ်တေါ်ရှားပါတယ် အဖျာကြီးပြီးရက်ကြာရင် စဉ်းစားရပါမယ်)

ဖျားရင်/ ကိုက်ခဲရင် ( ငိုနေ / ဂျီကျနေ ) ရင်ပါရာစီတမောတိုက်ပါ
ယေဘူယျအားဖြင့် ၁၅ မီလီဂရမ် / ကီလိုဂရမ် ကိုယ်အလေးချိန်နဲ့ ၄-၆ နာရီ တခါ တိုက်လို့ရပါတယ် ပုံမှန်တိုက်ဖို့မလိုပါဘူး တိုက်ပြီး ချွေးထွက်လါရင် ပြောင်အေါင် မသုတ်ပါနဲ့ အင်္ကျီမလဲပါနဲ့ ချွေးကအငွေ့ပျံဖို့လိုတဲ့အပူ ကို ခန္တာကိုယ်ကစုပ်ယူ ခြင်းဖြင့် အပူချိန်ကိုကျစေတာပါ

၁နှစ်အေါက် ( အစက်ချဆေး Drop )
Biogesic drop / Babygesic drop / Napa drop / အလားတူတွေရှိပါတယ်
100 mg / ml ပါပါတယ်
၆ နာရီ တခါလိုရင်တိုက်နိုင်ပါတယ်

၁နှစ်က ၅ နှစ်
အရည် (Syrup or suspension) တွေရှိပါတယ်
120/ 5ml နဲ့ 250 / 5 ml ဆိုပြီး၂ မျိုးရှိပါတယ်
၄-၆ နာရီ တခါ တိုက်နိုင်ပါတယ်
Biogesic / Progesic / Sara / Napa စသည်ဖြင့်တံဆိပ်မျိုးစုံ ရှိပါတယ် အကုန်အတူတူပါပဲ

၅ နှစ် အထက်
ဆေးပြားသေါက်တာ ပိုဈေးသက်သာပါတယ်
တပြား ၅၀၀ မီလီဂရမ်ပါတယ်
တံဆိပ်မျိုးစုံရှိပါတယ် အကုန်အတူတူပါပဲ
၁၀-၁၅ မီလီဂရမ် / ကေဂျီနဲ့ တွက်ပြီးတိုက်ပါ
ကိုယ်အလေးချိန် ဘယ်လေါက်ရှိရှိ အများဆုံးတခါသေါက် ၂ ပြားထက်ပိုမသေါက်သင့်ပါ

နှာစေး နှာခေါင်းပိတ်ရင်
Cetrizine syrup ( Cetrine/ Adezio/ Ormist /
အလားတူတွေရှိပါတယ်
5 mg / 5 ml. 1ml မှာ 1 mg ပါပါတယ်
၂နှစ်အေါက်အတွက် ကလေးပမာဏ မဖေါ်ပြထားပါ
မိမိအ​ေနနဲ့ ပေးလေ့ရှိတာကတော့
၆ လအေါက် - 1 ml ၂ ကြိမ်
၆လ နဲ့ ၁နှစ်ကြား - 1.5 ml ၂ ကြိမ်
၁နှစ် နဲ့ ၅ နှစ် ကြား - 2.5 ml ၂ ကြိမ်

ဆေးပြား 10 mg /tab ဆိုရင်
၁-၃ နှစ်ကြား တစိတ် ၁/၄ ၂ ကြိမ်
၃-၅ နှစ်ကြား ၁/၃ ၂ကြိမ်
၅ နှစ် အထက် ၁/၂ ၂ ကြိမ် ပေးပါတယ်

နှာခေါင်းအခြောက်ပိတ်ရင်
ဆားရည် (Physiodose or Seawater spray ) တွေကို မကြာခဏ ထည့်ပေးနိုင်ပါတယ်
ဝယ်မရရင် - ရေသန့်၁ဖန်ခွက် မှာ ဆားသန့်သန့် လဖက်စားဇွန်းတဝက်နဲ့ ထည့်ဖျော် လို့ရပါတယ်

ဝမ်း သွားရင်
အရေးအကြီးဆုံးက ဓါတ်ဆားရည်ပါ
ရိုးရိုး အရသာမပါ - MPF
လိမ္မော်အရသာ - Pharolit / Peditral/ Electral / Electrorush ( ဖျော်ပြီးသား) မျိုးစုံရှိပါတယ်
အညွှန်းအတိုင်းဖျော်ပါ
ဆေးလိုမ​ေသါက်ရပါ ရေဆာ တိုင်းရေအစားသေါက်ရပါမယ်
ဓါတ်ဆားရည် မသေါက်ပါက အုန်းစိမ်းရည် / ဆန်ပြုတ်ကျဲကျဲ ဆားခတ် သေါက်နိုင်ပါတယ်

အံရင်

Domperidone အအံပျောက်ဆေး တကြိမ် သေါက်လို့ရပါတယ်
အစက်ချဆေး ဆို ရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / 5 ကေဂျီ နဲ့ တွက်လို့ရပါတယ်
( Voneta/ Deflux / စသည်ဖြင့် )
အရည် ဆိုရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / ကေဂျီ နဲ့တွက်လို့ရတယ်
( Motilium syrup/ Cosy စသည်ဖြင့် )
ဆက်တိုက်အံ ဘာ မှမဝင်ရင်ဆေးရုံတက်ရပါမယ်

မိခင် ကိုဗစ်ဖြစ်ရင်လည်းနို့စို့ ကလေးငယ်ကို မိခင်နို့ဆက်တိုက်လို့ရပါတယ်
ကလေးနို့မတိုက်မီ လက်ဆေးပါ မိခင် မတ်စ်တပ်ပါ မျက်နှာအုပ် (face shield ) ပါတတ်ပါ

ကလေး ကိုဗစ် ဖြစ် ရင် လူကြီးတွေကို ကူးနိုင်ပါတယ် အထူးသဖြင့် အဖိုးအဖွားတွေ ကိုကူးရင် သူတို့မှာ အသက်အန္တရာယ်ရှိပါတယ် သတိ အရမ်းထားဖို့လိုပါတယ်

အောက်စီဂျင် တိုင်းသည့် စက်(Pulse Oximeter)ဝယ်ယူရရှိနိုင်မည့် ဖုန်းနံပါတ်များ****************************1-097720818142-0...
13/07/2021

အောက်စီဂျင် တိုင်းသည့် စက်
(Pulse Oximeter)
ဝယ်ယူရရှိနိုင်မည့် ဖုန်းနံပါတ်များ
****************************

1-09772081814

2-09962038301

3-09762417571

4-09966153079

5-09978725773

6-09796967144

7-09448377125

8-09955659590

တခြား ဝယ်ယူရရှိနိုင်မည့်
ဖုန်းနံပါတ်များကို comment တွင်
ရေးပေးခြင်းဖြင့် အချင်းချင်း ကူညီကြပါ။

ကိုဗစ်လူနာကို အောက်စီဂျင် ပေးရာတွင်သတိပြုရန်
11/07/2021

ကိုဗစ်လူနာကို အောက်စီဂျင် ပေးရာတွင်
သတိပြုရန်

အသက်ရှူလေ့ကျင့်ခန်း ဆိုသည်မှာ🫁 အဆုတ်၏ အသက်ရှူလုပ်ငန်း ပိုမိုကောင်းမွန်စေရန်ခန္ဓာကိုယ်အနေအထား မကြာခဏ ပြောင်းလဲပေးပြီးအသက်...
10/07/2021

အသက်ရှူလေ့ကျင့်ခန်း ဆိုသည်မှာ
🫁 အဆုတ်၏ အသက်ရှူလုပ်ငန်း ပိုမိုကောင်းမွန်စေရန်
ခန္ဓာကိုယ်အနေအထား မကြာခဏ ပြောင်းလဲပေးပြီး
အသက်ရှူခြင်း ဖြစ်ပါတယ်။

ဝမ်းလျားမှောက်အနေအထားဖြင့် အသက်ရှူရန် မျက်နှာကိုဘေးတစ်ဖက်လှည့်ထားပါ။ လေကို ရှူသွင်းရှူထုတ် လုပ်ပါ။
ညာဘက်စောင်း ၊ ဘယ်ဘက်စောင်း အစရှိသဖြင့် ခန္ဓာကိုယ်အနေအထားပြောင်းပေးပါ။ကြိုးစားပြုလုပ်ပေးစေလိုပါတယ်။
အလွယ်ကူဆုံးပုံစံဖြင့်သာ ရှင်းပြပေးထားပါတယ်ဗျ။

အားလုံးဘေးကင်းစွာ ကျော်ဖြတ်နိုင်ကြပါစေ။

ကိုဗစ်-၁၉ ရောဂါလက္ခဏာများ အဖြစ်များသောရောဂါလက္ခဏာများ    • အဖျားကြီးခြင်း (≥100 F)    • ချောင်းခြောက်ဆိုးခြင်း    • အားအ...
10/07/2021

ကိုဗစ်-၁၉ ရောဂါလက္ခဏာများ

အဖြစ်များသောရောဂါလက္ခဏာများ

• အဖျားကြီးခြင်း (≥100 F)
• ချောင်းခြောက်ဆိုးခြင်း
• အားအင်ကုန်ခမ်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း
• အသက်ရှုကြပ်ခြင်း
• ဝမ်းပျက်ဝမ်းလျှောခြင်း
• အနံ့မရခြင်း၊ အရသာ မရခြင်း
အချို့လူနာများတွင်
• သလိပ်ထွက်ခြင်း
• မောခြင်း
• လည်ချောင်းနာခြင်း
• ခေါင်းကိုက်ခြင်း
• အန်ခြင်း
• မျက်လုံးနီရဲခြင်း
• ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ခြင်း
• အရေပြားတွင် အနီကွက်များထွက်ခြင်း

(ရောဂါလက္ခဏာမပြသည့် COVID-19 ရောဂါပိုးရှိသောလူနာများလည်း ရှိနိုင်ပါသည်။)

• ရောဂါပိုး ဝင်ရောက်ချိန်မှ ရောဂါလက္ခဏာ ပြသော အချိန်အထိ (၁)ရက်မှ (၁၄)ရက်အထိ ကြာတတ်ပြီး အများစုမှာ (၄-၅) ရက်အတွင်း လက္ခဏာ ပြတတ်ပါသည်။
• အအေးမိ တုပ်ကွေး‌ရောဂါနှင့် COVID-19 ရောဂါ လက္ခဏာ များမှာ အများစု တူညီပါသည်။ ခွဲခြားရန် အလွန်ခက်ပါသည်။ ဖြစ်ကာစတွင် ဖျားခြင်း၊ နှာစေး ချောင်းဆိုးခြင်းများ ရှိနိုင် သော်လည်း COVID-19 ရောဂါတွင် အဖျားကြီးခြင်း၊ ချောင်းခြောက်ဆိုးခြင်း နှင့် အသက်ရှုကြပ်ခြင်း လက္ခဏာများမှာ ပိုမိုတွေ့ရှိ ရတတ်ပါသည်။

09/07/2021

ကိုဗစ်တတိယလှိုင်းပြင်းထန်လာချိန် အိမ်မှာ မိသားစု​တွေ ​
နေမ​ကောင်းဖြစ်ပြီး
​ဆေးရုံ ​ဆေးခန်းမသွားရဲဖြစ်​နေလျှင် messenger က​နေ ​အခမဲ့မေးမြန်းတိုင်ပင်နိုင်ပါတယ်

*** သင့်အိမ်တွင် ကို​ဗစ်-၁၉ သံသယလူနာ (သို့မဟုတ်) အတည်ပြုလူနာ ရှိခဲ့လျှင် ***၁။ လူနာကို သီးခြားနေစေခြင်း- သီးသန့်အခန်း (သ...
05/07/2021

*** သင့်အိမ်တွင် ကို​ဗစ်-၁၉ သံသယလူနာ (သို့မဟုတ်) အတည်ပြုလူနာ ရှိခဲ့လျှင် ***

၁။ လူနာကို သီးခြားနေစေခြင်း

- သီးသန့်အခန်း (သို့မဟုတ်) သီးခြားနေရာတစ်ခု ပြင်ဆင်ထားရှိပါ။ အခြားအိမ်သားများနှင့် ခပ်ဝေးဝေးမှာ ထားရှိပါ။
- လေဝင်လေထွက် ကောင်းမွန်စေရန် ပြတင်းတံခါးများကို မကြာခဏ ဖွင့်ထားပါ။

၂။ ရောဂါပိုး ကူးစက်နိုင်ခြေကို လျှော့ချခြင်း

- အတူနေမိသားစုထဲမှ လူနာကို အနီးကပ်ပြုစုမည့်သူကို ရွေးချယ်ပါ (နာတာရှည်ရောဂါအခံရှိသူ၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်နှင့် အပြင်သို့ မကြာခဏထွက်သူ မဖြစ်စေရ)။
- လူနာနှင့် တစ်ခန်းတည်းတွင် ရှိနေပါက ခွဲစိတ်ခန်းသုံး Mask ကို သေချာတပ်ထားပါ။
- လူနာအတွက် ဇွန်း၊ ပန်းကန်ခွက်ယောက်များ၊ အိပ်ယာခင်း၊ စောင်နှင့် ခေါင်းအုံးများကို သီးခြားသတ်မှတ်ပေးပါ။
- လူနာ ကိုင်တွယ်ထိတွေ့လေ့ရှိသော အရာဝတ္ထုမျက်နှာပြင်များကို မကြာခဏ ပိုးသတ်သန့်စင်ပါ။

၃။ လူနာကို ပြုစုခြင်း

- လူနာ၏ ရောဂါလက္ခဏာများကို ပုံမှန်ဆန်းစစ်ပါ။
- ရောဂါ ပြင်းထန်စွာ ခံစားရနိုင်ခြေရှိသော လူနာများ (နာတာရှည်ရောဂါအခံရှိသူ၊ သက်ကြီးရွယ်အိုနှင့် ကိုယ်ဝန်ဆောင်) ကို အထူးဂရုစိုက် စောင့်ရှောက်ပါ။
- လူနာကို ကောင်းမွန်စွာ အနားယူစေပြီး ရေဓာတ်ပြည့်ဝနေစေရန် ဂရုပြုပါ။

လူနာတွင် အန္တရာယ်လက္ခဏာများဖြစ်သော

(က) အသက်ရှူရခက်ခဲခြင်း၊
(ခ) စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊
(ဂ) စကား မပြောနိုင်ခြင်း/ လှုပ်ရှားမှု မရှိခြင်း၊
(ဃ) ရင်ဘတ်အောင့်ခြင်း တို့အနက် တစ်ခုခု ခံစားရပါက

နီးစပ်ရာဆရာဝန် (သို့မဟုတ်) ဆေးခန်းသို့ ဆက်သွယ်ပါ။

ကျန်းမာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
(ဇူလိုင်လ၊ ၂၀၂၁ ခုနှစ်)

-------------------------
NUG ကျန်းမာရေးဝန်ကြီးဌာန၏ Website-
https://moh.nugmyanmar.org

NUG ကျန်းမာရေးဝန်ကြီးဌာန၏ page-
https://facebook.com/MoHNUGMyanmar

NUG MOH တယ်လီကျန်းမာဆေးခန်းတွင် အကြံဉာဏ်နှင့် ကုသမှုခံယူရန်-
https://facebook.com/telehealthmm

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ မှန်ကန်သော သိကောင်းစရာဗဟုသုတများ သိရှိမေးမြန်းနိုင်ရန်-
https://facebook.com/ckcmohnugmm

Address

Mandalay

Alerts

Be the first to know and let us send you an email when Ask a Doctor- Online ကျန်းမာရေးဝန်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category