30/12/2025
2️⃣0️⃣2️⃣5️⃣ မှာ ဆရာ ကြုံခဲ့ရတဲ့ အောင်မြင်ရှုံးနိမ့်မှုတွေကို လည်ပြန်ကြည့်ထားတဲ့ Review သုံးသပ်ချက်လေးပါ.. 💝
🩷 Springer Nature က ထုတ်တဲ့ ဆေးစာအုပ်မှာ Book chapter (Ultrasound Definition in Rheumatology) တခု ပါဝင်ရေးသားနိုင်ခဲ့..
🩷 2025 ခုနှစ်အတွင်း International သုတေသနစာတမ်း ၇ခု ထွက်နိုင်ခဲ့ရာမှာ..Nature Review Disease Primer စတဲ့ General Medicine မှာ ကမ္ဘာ့အဆင့် ၄ သတ်မှတ်ခံရတဲ့ ဂျာနယ်လည်း စာတမ်းတခု ပါဝင်ခဲ့..
🩷 2025 ခုနှစ်ရဲ့ မြန်မာနိုင်ငံရှိ သုတေသနပညာရှင်များစာရင်း (AD Scientific Index- Ranking for Myanmar) မှာ မြန်မာနိုင်ငံရှိ တက္ကသိုလ်အားလုံးအနက်မှ ပထမနေရာကို ၄ နှစ်ဆက်တိုက် ထိန်းထားခဲ့..
🩷 Royal College of Physicians (London)က ဆေးပညာရပ်ဆိုင်ရာ စွမ်းဆောင်မှုများအတွက် Fellowship diploma FRCP (London) ချီးမြှင့်ခဲ့…
🩷Australasian (Aussie + New Zealand) Society of Ultrasound in Medicine ( ASUM) က တီဗွီဓာတ်မှန်သုံးဆေးသွင်းကုထုံးစာတမ်းအတွက် Excellency Award ချီးမြှင့်ခဲ့..
🩷 Aussie က လူနာပေါင်း ၄၀၀ နီးပါး ပါဝင်တဲ့ Stem cell သုတေသနကြီးအတွက် MRI သံလိုက်ဓာတ်မှန်များ တာဝန်ခံ စိစစ်ဖတ်ရှုပေးခဲ့..
🔸️ Evidence-based Clinical Excellence ကို အခြေပြုပြီး၊ Aussie က Consultation interval (လူနာနဲ့ တိုင်ပင်ဆွေးနွေးမှု ကြာချိန်) စံနှုန်းအတိုင်း…လူနာတယောက် နာရီဝက်ခန့်နဲ့ တနေ့ လူနာ ၁၂ ယောက်နှုန်း… တနှစ်အတွင်း ကျီးပေါင်းခါးနာမိတ်ဆွေပေါင်း သုံးထောင်ခန့် သေချာကြည့်ပေးနိုင်ခဲ့..
🔸️အကြောအဆစ်လူနာတွေအတွက် ultrasound guided interventions ပေါင်း တထောင်ကျော်ခန့်ကို စနစ်တကျ ကုသမှုပေးခဲ့…
🔸️ လူသားဆရာဝန်တယောက်မို့ ၁၀၀% ပျောက်ကင်းကျေနပ်အောင်မလုပ်နိုင်ခဲ့တောင် အများစုအတွက် အဆင်ပြေခဲ့မယ်လို့ ယုံကြည်မိ…
🔹 2025မှာ Sydney University ရဲ့ Honorary Senior Lecturer (Equivalent to Associate Professor in USA Promotion System) စတင် ဖြစ်ခဲ့..
🔹University of Medicine Mandalay အကြောအဆစ်အထူးကုပညာဌာနမှာ MSc Same batch များနဲ့အတူ Associate Professor ဖြစ်ခဲ့.. (Service year ကိုသာ အခြေပြုတာမို့ ထူးခြားစွမ်းဆောင်မှုများအတွက် အမှတ်မရပါဘူး)
🔹2025 မှာ University of Sydney က PhD ကျောင်းသား တယောက်၊ University of Medicine, Mandalay က PhD ကျောင်းသား ၃ ယောက်၊ Master ကျောင်းသား တစ်ယောက်ကို Thesis ကျမ်းအတွက် ကြီးကြပ်သုတေသနပြုခဲ့..
🔺 International စာတမ်း ၁၀ စောင်ကို peer-review အကဲဖြတ်စိစစ်ပေးခဲ့…အချိန်မအားလပ်လို့ မနှစ်ကထက် နည်းသွားပါတယ်..
🔺 အချိန် အခက်အခဲကြောင့် စာတမ်း ၁၀၀ ကျော်ခန့်ကို စိစစ်ပေးဖို့ ငြင်းပယ်ခဲ့တယ်..
travel for academic conference by travel award
🔶 Internaltional Conference အနေနဲ့ ကမ္ဘာကျီးပေါင်းပညာရှင်များအဖွဲ့ချုပ် (OARSI) က Korea မှာလုပ်တဲ့ အစည်းအဝေးကို လူနည်းစုသာ ရရှိတဲ့ ၄င်းအဖွဲ့အစည်းရဲ့ Travel support award ဆုနဲ့ တက်ရောက်ခဲ့…
#လူ့ဘဝထုံးစံအတိုင်း ဖြစ်ချင်တာတွေ မဖြစ်ခဲ့တာလည်း ရှိခဲ့တာပေါ့..
🔺ASUM ကပေးတဲ့ Excellency Award နဲ့ Edinburgh က ပေးတဲ့ FRCP (Edin) တို့ကို လူကိုယ်တိုင်တက်ရောက်ပြီး မရယူနိုင်ခဲ့ပါဘူး..
🔺မနက်မိုးလင်းကနေ မိုးချုပ် ညဉ့်နက်အထိ အလုပ်လုပ်ရလို့ Quality of Life ဆိုတာ ဟိုးအောက်ဆုံးမှာ..
🔺မိတ်ဆွေ အပေါင်းအသင်းတွေအပေါ် အချိန်မပေးနိုင်တာမို့ ပျော်ရွှင်မှုတွေ ပါးလျလာတာ..
⚠️ ဘာပဲဖြစ်ဖြစ်လေ.. အောင်မြင်မှု ကျရှုံးမှု ပျော်ရွှင်မှု ဝမ်းနည်းမှုဆိုတာတွေဟာ.. အရာရာ တခဏသာပဲမို့..
2️⃣0️⃣2️⃣6️⃣ မှာ အကောင်းဆုံးတွေကို မျှော်လင့်ရင်း…
🫶Welcome to Happy New Year.. 2️⃣0️⃣2️⃣6️⃣
Cheers… 🥂
ခင်မင်လျက်.. 💝
#ဒေါက်တာဝင်းမင်းဦး
တွဲဘက်ပါမောက္ခ၊ အကြောအဆစ်အထူးကုပညာဌာန၊ ဆေးတက္ကသိုလ်-မန္တလေး
နိုင်ငံတကာ ကျီးပေါင်းခါးနာကျွမ်းကျင်သူ
MBBS; MMedSc (Rehab Medicine); RhMSUS (USA); SCE (Rheu); PhD (Sydney Uni); FRCP (Edin); FRCP (London);
Clinical fellowship in Rheu/ MSK Imaging (Australia);
Osteoarthritis expert (WHO)
Awardee of Excellency in Ultrasound (ASUM)