Htoo Pharmacy

  • Home
  • Htoo Pharmacy

Htoo Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htoo Pharmacy, Medical and health, 76th Street Between 4rd Street 7rd Street, .

ဝါဆိုလပြည့်နေ့ဓမ္မစကြာအခါတော်နေ့ အခါသမယတွင်ကိုယ်စိတ်နှလုံးရွှင်လန်းပြီးကုသိုလ်ဘာဝနာများ ပွားများနိုင်ကြပါစေကြောင်းထူးဆေး...
01/08/2023

ဝါဆိုလပြည့်နေ့
ဓမ္မစကြာအခါတော်နေ့ အခါသမယတွင်
ကိုယ်စိတ်နှလုံးရွှင်လန်းပြီး
ကုသိုလ်ဘာဝနာများ ပွားများနိုင်ကြပါစေကြောင်း
ထူးဆေးဆိုင်က တောင်းဆုပြုအပ်ပါသည်ရှင်..

#ဝါဆိုလပြည့်နေ့

ဆိုင်ဖွင့်လားမေးနေကြလို့ပါၡင့် ဒီနေ့နဲ့ မနက်ဖြန်ဖွင့်ပါတယ်ၡင့် ဆေးလိုရင် လာအားပေးနိုင်ပါတယ်ၡင့်
13/04/2023

ဆိုင်ဖွင့်လားမေးနေကြလို့ပါၡင့် ဒီနေ့နဲ့ မနက်ဖြန်ဖွင့်ပါတယ်ၡင့် ဆေးလိုရင် လာအားပေးနိုင်ပါတယ်ၡင့်

ပျားရည်နှင့် ကျန်းမာရေးပျားရည်ကို လူတိုင်းလိုလို မြင်ဖူး၊ စားဖူးကြမှာပါ။ ပျားရည်က တကယ် ဆေးဖက်ဝင်တယ်လို့ ကြားဖူးနားဝသိထား...
13/04/2023

ပျားရည်နှင့် ကျန်းမာရေး

ပျားရည်ကို လူတိုင်းလိုလို မြင်ဖူး၊ စားဖူးကြမှာပါ။ ပျားရည်က တကယ် ဆေးဖက်ဝင်တယ်လို့ ကြားဖူးနားဝသိထားကြပေမယ့် ပျားရည်၏
သမိုင်းကြောင်းနှင့် အကျိုးအာနိသင် အစုံကိုတော့ သိသူနည်းပါးပါလိမ့်မယ်။ ရှေးလူကြီးများက ပျားရည်ကို “ပန်းပေါင်းတစ်ထောင်” ဟု
ခေါ်ကြပါတယ်။ ပျားကောင်၏ ခြေချောင်းလေးများဖြင့် ပန်းဝတ်မှုန်များကို သယ်ဆောင်ကာပန်းတစ်ပွင့်မှတစ်ပွင့်ဆီသို့ကူးလူးပျံသန်း၍
ဝတ်မှုန်ချပေးလေ့ရှိပါတယ်။ ဒါ့ကြောင့် ကမ္ဘာပေါ်မှာပျားမရှိရင် ပန်းမျိုးပေါင်း ၁ဝဝဝ ခန့် ပျောက်သွားနိုင်သကဲ့သို့ ပန်းမျိုးတွေ ပျက်သုဉ်း
သွားရင်လည်း ပန်းဝတ်ရည် မရနိုင်တော့၍ ပျားမျိုးတွေ တုံးသွားနိုင်ပါတယ်။ သမိုင်းရာဇဝင်ကို လေ့လာကြည့်တဲ့အခါ ဟိုးရှေးနှစ်
၁၀ဝဝဝ ခန့်က စပိန်နိုင်ငံ ရှေးဟောင်း ကျောက်ဂူတစ်ခုရဲ့ နံရံပေါ်မှာ ကျောက်ခေတ် လူသားတစ်ဦးဟာ ပျားအုံမှ ပျားရည်ကို အာသာ
ငမ်းငမ်း စုပ်ယူစားသောက်နေပုံကို ရေးဆွဲဖော်ပြထားတာကို တွေ့ရှိရခြင်းဖြင့် ပျားရည်ကို လွန်ခဲ့တဲ့နှစ် ၁၀ဝဝဝမတိုင်မီကတည်းက လူ
သားတို့ စားသုံးလာကြပြီ ဖြစ်ကြောင်း မှတ်သားသိရှိ ရပါတယ်။ ပျားအုံဖွပ်ပြီး တစ်နှစ်အတွင်း ရှိနေတာကို “ပျားရည်အသစ်” လို့ခေါ်ပြီး၊
ထို ပျားရည်က လူကိုဝစေ၍ အသံကောင်းစေပါတယ်။

ပျားအုံဖွပ်ပြီး တစ်နှစ်ကျော်ကြာနေတာကိုတော့ “ပျားရည်အဟောင်း” လို့ခေါ်ပြီး ထိုပျားရည်က လူကို အဆီကျ အသားကျစ် ပိန်စေပါ
တယ်။ ဝမ်းချုပ်စေပါတယ်။ သွေးတိုးလေငန်းသမားများအတွက်ဆေးကောင်းတစ်ခွက်ပါဘဲ။ ကျောက်ခေတ်မှသည်ယနေ့အင်တာနက်
ခေတ် ရောက်သည့်တိုင်အောင် လူသားတို့အစွမ်းဖြင့် ပျားရည်ကဲ့သို့ သက်ရှည် ကျန်းမာစေသည့် အစားအစာမျိုးကို မတီထွင်ကြသေး
ပါဘူး။
ပျားရည်ကို တစ်ကြိမ်သောက်လျှင် လက်ဖက်ရည်ဇွန်း တစ်ဇွန်း (သို့မဟုတ်) နှစ်ဇွန်းထက် ပိုမသောက်သင့်ပေ။

(၁) အမျိုးသမီး
များ ဓမ္မတာ ရာသီလာချိန်၊ မီးဖွားပြီးစ၊ နို့ချိုတိုက်ချိန်များမှာလည်း ပျားရည်စားသင့်ပါတယ်။ (အထူးသဖြင့် မီးဖွားပြီးစ သွေးသားနုချိန်
မှာ ပျားရည်ကို အရက်နှင့်ရော၍ သောက်ပါ)။

(၂) အမျိုးသမီးများ သားအိမ်လည်တိုင် အနာဖြစ်ပြီး၊ မီးယပ်ဖြူဆင်းပါက ဝါဂွမ်းသန့်သန့်
ကို ပျားရည်ဆွတ်၍ ယောနိအတွင်း ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

(၃) ပျားရည်က ကလေးများကို အစာကြေစေနိုင်သကဲ့သို့လူကြီး
များ အတွက်လည်း အစာအိမ်ကို အားကောင်းစေပါတယ်။

(၄) အိပ်ယာထဲ နှစ်ရှည်လများ လဲနေရသဖြင့် အိပ်ယာခင်း အပူလောင်နာ
ခြင်းကို ပျားရည်လိမ်းပေးပါ။

(၅) မတ်ပဲကို ထောပတ်ဖြင့်ကြော်၍ ပျားရည်ဖြင့်စားပေးပါက သုတ်ပွားစေပါတယ်။ အသားအရေတွန့်ခြင်း၊
ဆံပင်ဖြူခြင်းမှ ကာကွယ်ပေးပါတယ်။

(၆) ကာမအား ကုန်ခန်းသူများ ပျားရည်ကို နေ့စဉ် နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် စားပေးပါ။

(၇)
အားကစားသမားများ သက်လုံကောင်းစေရန် ပျားရည်သောက်ပါ (သို့မဟုတ်) ပျားရည်ကို သံပုရာရည်နှင့်သောက်ပါ။

(၈)အိပ်မပျော်သူ
များ ညအိပ်ယာဝင်ချိန် သောက်ခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။

(၉) နှာစေး၊ ချောင်းဆိုးခြင်းအတွက်ပျားရည်ကို ရှောက်
(သို့မဟုတ်) သံပုရာရည် တို့ဖြင့် ဆတူရော၍ သောက်ပါ။

(၁၀) ကလေးငယ်များ ချွဲကျပ်၊ ရင်ကျပ်ဖြစ်လျှင် ပျားရည်ကို သံပုရာရည်ဖြင့်
ဆတူရော၍ တိုက်ပါ။

(၁၁) မီးလောင်ဒဏ်ရာ၊ အနာဆွေး၊ အနာဟောင်း၊ ထိခိုက်ရှနာ၊ အနာကြီး(နူနာ)များပေါ် ပျားရည်လိမ်းပေးခြင်း
ဖြင့် အနာမြန်မြန်ကျက်စေပါတယ်။

(၁၂) နှလုံးရောဂါရှိသူ၊ နှလုံးအားနည်း၍ မောပမ်းသူများ ပျားရည်စားပေးပါ။

(၁၃)အရိုးကျိုးအက်
ခြင်းအတွက် ပျားရည်စားပေးခြင်းဖြင့် အရိုးမြန်မြန် ဆက်စေပါတယ် ။

(၁၄) ဦးခေါင်းမှာအနာပေါက် (သို့မဟုတ်) ဒဏ်ရာရ၍ ဆံပင်
ကျွတ်ပြီး ပြန်မပေါက်ခဲ့သော် ပျားရည်လိမ်းပေးပါ။

(၁၅) ပျားရည်နှင့် အလှဆီရော၍ လိမ်းပေးပါက အသား အရေ စိုပြည်လှပစေပါ
တယ်။

(၁၆) အစာအိမ်နာဖြစ်၍ ဗိုက်နာအော့အန်ပါက ပျားရည်ကို အုန်းနို့နှင့်ရော၍ သောက်ပါ(သို့မဟုတ်) ဒိန်ချဉ်ကို ရေခဲမထည့်ဘဲ
ပျားရည်နှင့် ရောသောက်ပါ။

(၁၇) ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောခြင်းအတွက် ပျား ရည်အနည်းငယ်ကျွေးပါ။

(၁၈) ပျားရည်က
စိတ်ကို ထိန်းပေးနိုင်သော အစွမ်းသတ္တိရှိ၍ အိပ်ယာထဲ အပေါ့စွန့်တတ်သော ကလေးများကို ညအိပ်ယာဝင်ခါနီး ပျားရည်ကျွေးပေး
ခြင်းဖြင့် အပေါ့အပါးမသွားအောင် ဟန် ့တားနိုင်ပါတယ်။

(၁၉) ကလေးငယ်များ သူငယ်နာအကြောဆွဲ၍ သေလုမျောပါးဖြစ်နေလျှင်
ပျားရည်ကျွေးပေးခြင်းဖြင့် အသက်ချမ်းသာရာရနိုင်ပါတယ်။

(၂၀) ဝပြီးသွေးတိုးသူများက နနွင်းခါးကိုအမှုန့်ကြိတ်၍ ပျားရည်နှင့်စားပါ
(ပိန်ပြီးသွေးတိုးသူများ မစားရ)။

(၂၁) အစာမကြေ အော့အန်သူများ ပျားရည်ကို ဩဇာသီးဖြင့်စားပါ ။

(၂၂) တုတ်ကောင်၊ သန်ကောင်ရှိသော ကလေးငယ်များအား
နာနတ်သီးကို ပျားရည်ဖြင့် နယ်၍ ကျွေးပါ (သို ့မဟုတ်) ပျားရည် နှင့် အုန်းနို့ရောစပ်၍ တိုက်ပါ။

(၂၃) သွေးဝမ်းကျခြင်း၊ ဝမ်းပျက်ခြင်း
တို့အတွက် ပျားရည်ကို သီးသီးမှည့်ဖြင့် ရောခေါက်၍စားပါ။

(၂၄) ပျားရည် နေ့စဉ်စားခြင်းဖြင့် မျက်စိကောင်းစေပါတယ်။ အရွယ်တင်
နုပျိုနိုင်ပါတယ်။

#ပျားရည်အတုအစစ် ခွဲခြားနည်း
ပျားရည်ဟာ ရှားပါး၍ တန်ဖိုးကြီးတာကြောင့် ပျားရည်ဈေးကွက်မှာ အတုတွေရောင်းချလျက်ရှိနေပါတယ်။ ပျားရည်
အတုဟာ အရောင်၊ အနံ့၊ အရသာ၊ အာနိသင် အားလုံး အစစ်နှင့် ကွာခြားပါတယ်။ ပျားရည် စစ်စစ်၏ ဂုဏ်သတ္တိမှာ နှစ်ပေါင်းမည်
မျှကြာအောင် ထားသော်လည်း အရောင်ပြောင်း ယုံမှအပ မပုပ်မသိုး သဘာဝဓာတ် မပျက်ဘဲ မူလအရသာ အာနိသင်အတိုင်းရှိနေမြဲ
ပါဘဲ။
စစ်၊ မစစ်ကို သိလိုလျှင်

(က) ပျားရည်ကို ခွေးကျွေးကြည့်ပါ။ ခွေးမစားပါက ပျားရည်အစစ်ဖြစ်ပါတယ်။

(ခ) ဝါဂွမ်းကို ပျားရည်နှစ်
၍ မီးရှို့ကြည့်ပါ၊ မီးလောင်လျှင် ပျားရည်စစ်ပါတယ်။

(ဂ) ပျားကောင်ကို ဖမ်း၍ ပျားရည်ထဲနှစ်ကြည့်ပါ၊ အပေါ်သို့ကူးပြီး ပျံထွက်သွား
လျှင် ပျားရည်စစ်ပါတယ်။

(ဃ) ယမ်းမီးခြစ်ဆံခေါင်းကို ပျားရည်မှာစိမ်၍ မီးခြစ်ကြည့်ပါ၊ မီးလောင်လျှင် ပျားရည်စစ်ပါတယ်။

(င) ပျားရည် တစ်စက်၊ နှစ်စက်ကို ငှက်ပျောဖက်ပေါ် တင်ကြည့်ပါ။ လျှောမကျဘဲ လုံး၍တင်နေရင် ပျားရည်စစ်ပါတယ်။

(စ) ပျားရည်တစ်ဇွန်း
နှင့် နှမ်းဆီ တစ်ဇွန်းရော၍ ချိန်ကြည့်တဲ့အခါ၊ တစ်ဇွန်းသာရလျှင် ပျားရည်စစ်ပါတယ်။ (သို့သော် ထို အရောအနှောကို မစားရပါ)။

Ref : တောင်သူကြီးဂျာနယ်
#ပျားရည် #ကျန်းမာရေးဗဟုသုတ

သန်ချဆေးကိုဘယ်လိုသောက်ရမလဲ???ယခုလက်ရှိ စျေးကွက်ထဲမှာ သန်ချဆေးနှစ်မျိုးရှိပါတယ်  400mg   500mgဆိုပြီးရှိပါတယ်သူတို့နှစ်ခု...
20/11/2022

သန်ချဆေးကိုဘယ်လိုသောက်ရမလဲ???
ယခုလက်ရှိ စျေးကွက်ထဲမှာ သန်ချဆေးနှစ်မျိုးရှိပါတယ်
400mg
500mg
ဆိုပြီးရှိပါတယ်
သူတို့နှစ်ခုလုံးက သန်ချဆေးချင်းတူပါတယ်
ဒါပေမဲ့ ဘယ်သူတွေက ဘယ်ဆေးကိုသောက်ရမလဲဆိုတာကတော့ ကွာသွားပါတယ်
ကွာရတဲ့အကြောင်းအရင်းက ဆေးရဲ့ခန္ဓာကိုယ်ထဲ ပြန့်နှံ့ပုံမတူလို့ပဲဖြစ်ပါတယ်
Albendazole က သွေးကြောကနေတစ်ဆင့် တစ်ကိုယ်လုံးကို ပြန့်နှံပြီးအာနိသင်ရရှိနိုင်ပြီး
Mebendazloeကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းမှာသာပြန်နှံ့ ပါတယ်
သံကောင်တွေဆိုတာ လူတော်တော်များများက အူထဲမှာပဲရှိတတ်တယ်လို့ သိထားကြပါတယ်။ တကယ်တော့ လူအရေပြား၊ ဦးနှောက်၊ အသဲ၊ အဆုပ် လူတစ်ကိုယ်လုံးကို ရောက်နေတတ်ပါတယ်။ ဆံပင်နဲ့ ခြေသဲ လက်သဲ ပဲမရောက်နိုင်တာပါ။
အရေပြားထိသံကောင်းရောက်ရင်ပြည်တည်နာအကြီးကြီးတွေ၊ ပွေး၊ ဝဲ စသဖြင့် ဖြစ်တတ်ပါတယ်။ ဒါကြောင့် အူလမ်းကြောင်းထဲမှာပဲဆို Mebendazloeသောက်ရုံနဲ့ ရနိုင်ပေမဲ့ အစာအိမ်နဲ့အူလမ်းကြောင်းပြင်ပမှာသံကောင်ရှိနေရင်တော့ Albendazoleသောက်မှသာ သတ်နိုင်မှာဖြစ်ပါတယ်။

အဲ့ဒါကြောင့် သံချဆေးသောက်မယ်ဆို သာမှန်လူကြီး(၁၂ နှစ် အထက်) ဆိုရင် albendazoleကိုသောက်သင့်ပြီကလေးနဲ့ကိုယ်ဝန်ဆောင်ဆို Mebendazoleကိုသောက်သင့်ပါတယ်။
သို့သော် Albendazoleဆေးကိုတော့ (၂) နှစ်အောက် ကလေးနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေသောက်သုံးလို့ မရပါဘူး။ (၂)နှစ်အောက် ကလေးနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ Mebendazoleပဲသောက်သုံးရမှာဖြစ်ပါတယ်။
ကိုယ်ဝန်သုံးလမပြည့်ခင် မည်သည့်သံချဆေးမှသောက်သုံးလို့မရပါဘူး။

သန်ချဆေးကို နီးစပ်ရာဆေးဆိုင်မှာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်
ဆေးဝယ်လျင် ကလေးသန်ချဆေး or ကိုယ်ဝန်ဆောင်သန်ချဆေး or လူကြီးသန်ချဆေး ဆိုပြီးသေသေ ချာချာမေးဝယ်သင့်ပါတယ်။ ၂နှစ်အောက်ဆို 400mg သို့ 500mg တစ်ခြမ်းပဲ တိုက်ရမှာဖြစ်ပြီး ၂နှစ်အထက်ဆိုရင်တော့ တစ်လုံးသောက်လို့ရပါတယ်။

သန်ချဆေးလို့ပဲ အလွယ်ပြောပြီးကလေးတွေ ကိုယ်ဝန်ဆောင်တွေကို albendazoleတွေတိုက်မိနေရင် ဘာကြောင့်မှန်းမသိတဲ့ ပြဿနာတွေနဲ့ကြုံလာနိုင်ပါတယ်။

ဆေးသောက်နည်း
ညအိပ်ယာဝင် ဆေး၁လုံးကို ဝါးစားရပါမည်
Ref:Original uploader
ခုဆေးလေးကတော့ စျေးကွက်ထဲ ပြတ်တာ အတော်ကြာပြီဖြစ်တဲ့ လက်ရိ ရောက်ထားတဲ့ Mebendazoleဆေးလေးပဲ ဖြစ်ပါတယ်

ထူးဆေးဆိုင်
76လမ်း 6x7လမ်းကြား
09402512693

တန်ဆောင်တိုင်ဆုတောင်း 🌕🎆🎇🎆မြန်မာလူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့) 🌕🙏 အခါသမယ...
07/11/2022

တန်ဆောင်တိုင်ဆုတောင်း 🌕🎆🎇🎆

မြန်မာလူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့) 🌕🙏 အခါသမယမှာ မိဘပြည်သူ ညီအစ်ကို မောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများ နဲ့ ပြည့်စုံပြီး စီးပွားလာဘ် လာဘများလည်း ဒီရေအလား ကြီးပွားတိုးတက်ပါစေကြောင်း ထူးဆေးဆိုင်မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင့်.....🙏🙏🙏
ဆေးပေါင်းခတဲ့ ညချမ်းလေးဖြစ်ပါစေရှင့် 🙏🙏🙏

#တန်ဆောင်တိုင် #တန်ဆောင်မုန်းလပြည့်နေ့

25/09/2022

“ကမ္ဘာ့ဆေးဝါးပညာရှင်များနေ့ (World Pharmacists Day)”

🤗 ယနေ့ စက်တင်ဘာလ ၂၅ရက် ဟာဆိုရင်တော့ဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ ဆေးဝါးပညာရှင်များနေ့ (World Pharmacists Day 2022) ပဲဖြစ်ပါတယ်ရှင့်။

💊 ဆေးဝါးပညာရှင်များ၏ အခန်းကဏ္ဍများနှင့် တာဝန်ဝတ္တရားများ💊

✅ ဆေးဝါးပညာရှင်များသည် အဓိကအားဖြင့် အောက်ပါ အခန်းကဏ္ဍများတွင် အဓိကလုပ်ဆောင်၍ သက်ဆိုင်ရာ ကဏ္ဍအသီးသီးပေါ်မူတည်၍ speciality အသီးသီး၌ ရပ်တည်လျက်ရှိပါသည်။
✅ လူနာကိုတိုက်ရိုက် စောင့်ရှောက်မှုပေးရသော ဆေးရုံနှင့် ဆေးလက်တွေ့ပိုင်းဆိုင်ရာ အခန်းကဏ္ဍများ၊လူနာအား ကုသမှုပေးရန် လိုအပ်သော ဆေးဝါးများကို ဖော်စပ် ထုတ်လုပ် အရည်အသွေး မြှင့်တင်ခြင်းဆိုင်ရာ ကဏ္ဍများ၊ဆေးဝါးပညာအားသင်ကြားပေးခြင်းနှင့် တိုးမြှင့်ချဲ့ထွင်ရန်အတွက် လိုအပ်သော သုတေသနပြုခြင်းဆိုင်ရာ ကဏ္ဍများ၊ ဆေးဝါးနှင့်ဆိုင်သော မူဝါဒများ ရေးဆွဲခြင်း ကဏ္ဍများ၊ဆေးဝါးဆိုင်ရာ စီမံခန့်ခွဲခြင်းနှင့် စျေးကွက်မြှင့်တင်ခြင်းဆိုင်ရာ ကဏ္ဍများ အစရှိသော နေရာ အသီးသီးတွင် ရပ်တည်လျက်ရှိပါသည်။

💊 ဆေးဝါးပညာရှင်များ(Pharmacists)၏
ကျင့်ဝတ်💊
အဘယ = ဘေးဥပဒ် အန္တရာယ် ကင်းရှင်းစေခြင်း(Safety)
ဝိပါက = ဆေးအစွမ်းအာနိသင် မှန်ကန်ပြည့်ဝခြင်း(Quality)
ဂုဏ = အရည်အသွေး ပြည့်ဝစေခြင်း(Efficacy)
စသည်တို့သည် ဆေးဝါးပညာရှင်တစ်ဦး၏ ကျင့်ဝတ်များပင်ဖြစ်ပါသည်။

🤗 ယနေ့ကျရောက်သော ကမ္ဘာတစ်ဝှမ်းလုံးရှိ ကဏ္ဍအသီးသီး၌ တာဝန်ထမ်းဆောင်နေကြသော ဆေးဝါးပညာရှင်အပေါင်းကို ကြိုဆိုဂုဏ်ပြုပါတယ်ရှင့်😍။



💊🧪🌡 🎉🎈🎊



အခုလိုမျိုး အသက်မွေးဝမ်းကြောင်းမှာ အသုံးချရင်း Pharmacy ကျောင်းတော်ကြီးကို အောက်မေ့သတိရလျက်

T4(100) Montpellier လေးပြန်ရောက်ပါပြီရှင့်🤗🤗🤗🤗🤗T4(100) Montpellier ဆေးလေးကို ထူးဆေးဆိုင်မှာ လာဝယ်ယူလို့ ရပါပြီထူးဆေးဆိုင...
28/03/2022

T4(100) Montpellier လေးပြန်ရောက်ပါပြီရှင့်🤗🤗🤗🤗🤗

T4(100) Montpellier ဆေးလေးကို ထူးဆေးဆိုင်မှာ လာဝယ်ယူလို့ ရပါပြီ
ထူးဆေးဆိုင်
76လမ်း 4x7လမ်းကြား
09402512693
# T4(100) Montpellier

ခုလို အေးချမ်းတဲ့ ဆောင်းရာသီမှာ ကိုယ်လက်ကိုက်ခဲတာပဲဖြစ်ဖြစ် အမျိုးသမီးတွေ လစဉ်ကိုက်ခဲတာပဲဖြစ်ဖြစ် အသုံးတည့်တဲ့ ရေနွေးအိတ...
28/12/2021

ခုလို အေးချမ်းတဲ့ ဆောင်းရာသီမှာ ကိုယ်လက်ကိုက်ခဲတာပဲဖြစ်ဖြစ် အမျိုးသမီးတွေ လစဉ်ကိုက်ခဲတာပဲဖြစ်ဖြစ် အသုံးတည့်တဲ့ ရေနွေးအိတ်လေး ဆိုင်မှာ ရောက်နေပါပြီရှင့်
ထူးဆေးဆိုင်
76လမ်း 4x7ကြား 09402512693

ဆိုင်မှာ Ensureအရည်ဘူးလေးတွေ Ensureအထုပ်လေးတွေ ပြန်ရောက်နေပါပြီရှင့်ထူးဆေးဆိုင်76လမ်း 4x7ကြား09402512693
13/12/2021

ဆိုင်မှာ Ensureအရည်ဘူးလေးတွေ Ensureအထုပ်လေးတွေ ပြန်ရောက်နေပါပြီရှင့်
ထူးဆေးဆိုင်
76လမ်း 4x7ကြား
09402512693

🥕အဆီကျ ဗိုက်ချပ်လိုသူများ🥕ဝမ်းပျော့ပျော့သွားလိုသူများဟေသာအဆီကျလက်ဖက်ခြောက်လေးကို ညစာစားပီးတိုင်း 1️⃣နာရီခြားပီး တနေ့တထုပ...
12/12/2021

🥕အဆီကျ ဗိုက်ချပ်လိုသူများ

🥕ဝမ်းပျော့ပျော့သွားလိုသူများ

ဟေသာအဆီကျလက်ဖက်ခြောက်လေးကို ညစာစားပီးတိုင်း 1️⃣နာရီခြားပီး တနေ့တထုပ်ပုံမှန်သောက် 🥃🥃

အဆီကျ ဝမ်းမှန်ပီး ကျန်းမာလှပတဲ့ ခန္ဓာကိုယ်လေးပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်

၈ရက်စာတစ်ထုပ်ကို ၄၀၀၀ကျပ်ပါရှင်
ထူးဆေးဆိုင်
76လမ်း 4x7ကြား
09402512693

ဆိုင်မှာ ပြတ်နေတာကြာပြီဖြစ်တဲ့ Ensure vanillaလေးတွေ ပြန်‌ေရာက်ပါပြီရှင့်ထူးဆေးဆိုင်76လမ်း 4x7လမ်းကြား09402512693
06/12/2021

ဆိုင်မှာ ပြတ်နေတာကြာပြီဖြစ်တဲ့ Ensure vanillaလေးတွေ ပြန်‌ေရာက်ပါပြီရှင့်
ထူးဆေးဆိုင်
76လမ်း 4x7လမ်းကြား
09402512693

အကြာကြီး Stock Outဖြစ်‌နေတဲ့ Renovitအားဆေးလေး ပြန်ရောက်ပါပြီရှင့်76လမ်း 4x7လမ်းကြား09402512693
02/12/2021

အကြာကြီး Stock Outဖြစ်‌နေတဲ့ Renovitအားဆေးလေး ပြန်ရောက်ပါပြီရှင့်
76လမ်း 4x7လမ်းကြား
09402512693

Address

76th Street Between 4rd Street 7rd Street

Telephone

+959988346220

Website

Alerts

Be the first to know and let us send you an email when Htoo Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share