Dr.Lone

Dr.Lone Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr.Lone, Medical and health, 75st, Bet 27x28, Mandalay.

တိုင်းရင်းဆေးရဲ့ အားသာချက်များဆိုရင် အရင်ဆုံး ပြေးမြင်မိတာက …- အပင်၊ ပန်း၊ အမြစ် … စသည့် သဘာဝပစ္စည်းများမှ ထုတ်လုပ်ထားခြ...
21/08/2025

တိုင်းရင်းဆေးရဲ့ အားသာချက်များဆိုရင် အရင်ဆုံး ပြေးမြင်မိတာက …

- အပင်၊ ပန်း၊ အမြစ် … စသည့် သဘာဝပစ္စည်းများမှ ထုတ်လုပ်ထားခြင်း ဖြစ်တဲ့အတွက် စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ခြင်းလား ..?

- သဘာဝပါဝင်ပစ္စည်းများကို အခြေခံ ထုတ်လုပ်ထားတဲ့အတွက် ဘေးထွက်ဆိုးကျိုးနည်းပါးခြင်းလား …?

- နိုင်ငံတွင်းမှာပဲ ရရှိနိုင်တဲ့ သဘာဝပါဝင်ပစ္စည်းများကိုသာ အများဆုံးအသုံးပြုထားတဲ့အတွက် ကုန်ကျစရိတ် သက်သာပြီး လူတိုင်း အသုံးပြုနိုင်ခြင်းလား …?

- တိုင်းရင်းသားများရဲ့ ယဉ်ကျေးမှု၊ ရိုးရာအမွေအနှစ်နဲ့ သဘာဝပတ်ဝန်းကျင်အပေါ် အခြေခံထားတဲ့ ရှည်လျားတဲ့ သမိုင်းမှတ်တမ်းများ ရှိခြင်းလား …?

တိုင်းရင်းဆေးရဲ့ အားသာချက်လို့ ပြောလိုက်တာနဲ့ စိတ်ကူးထဲ ပေါ်လာတဲ့ ပထမဆုံးအချက်လေးကို အပန်းမကြီးရင် 𝗖𝗼𝗺𝗺𝗲𝗻𝘁 မှာ မန့်ခဲ့ဦးနော် … 👇🏻📨

#ဒေါက်တာလုံး #တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #အားသာချက်

ကျီးပေါင်းရောဂါဟာ အလွယ်ပြောရမယ်ဆိုရင် အသက်အရွယ် ကြီးမြင့်လာတာနဲ့အမျှ အရိုးပွ၊ အရိုးကျွံ၊ အရိုးပြားတာနဲ့ လှုပ်ရှားမှုနည်း...
13/08/2025

ကျီးပေါင်းရောဂါဟာ အလွယ်ပြောရမယ်ဆိုရင် အသက်အရွယ် ကြီးမြင့်လာတာနဲ့အမျှ အရိုးပွ၊ အရိုးကျွံ၊ အရိုးပြားတာနဲ့ လှုပ်ရှားမှုနည်းပါးလို့ အရိုးအဆစ်တွေ မာတောင့်လာတာ၊ အရိုးမှာ အနည်ထိုင်ရာကနေ အတက်ထွက်လာတာမျိုးကို ခေါ်တာပါ

ကျီးပေါင်းရောဂါ ခံစားနေရပြီဆိုရင် ...

- ခန္ဓာကိုယ်ရဲ့ အရိုးအဆစ်နေရာတိုင်းကို ပုံမှန်လှုပ်ရှားမှု ရှိအောင် လေ့ကျင့်ခန်း လုပ်ပါ
- နာတဲ့နေရာတွေကို ရေခဲကပ်တာ၊ ရေနွေးကပ်တာမျိုး လုပ်ပေးပါ
- ပရုတ်ဆီတို့၊ ဒဏ်ကျေလိမ်းဆေးတို့လို့ အကိုက်အခဲပျောက်ဆေး လူးတာ၊ ဒေါက်တာလုံးက ထုတ်လုပ်ထားတဲ့ ဒဏ်ကျေကပ်ဆေး ကပ်ပေးတာမျိုးတို့ကိုလည်း ပြုလုပ်နိုင်ပါတယ်

ဒေါက်တာလုံးဒဏ်ကျေကပ်ဆေးဟာဆိုရင်

ငရုတ်ကောင်း၊ ပိတ်ချင်းသီး၊ ချင်း၊ ကြောင်ပန်း၊ မိဿလင်၊ သက်ရင်းကြီး၊ သစ်ကြံပိုး၊ ပရုတ်အေး အစရှိတဲ့ အစွမ်းထက်မြန်မာ့ဆေးဖက်ဝင် သစ်ဥသစ်ဖုများနဲ့ စီမံဖော်စပ်ထားတဲ့အတွက် ကပ်လိုက်တာနဲ့ သိသာတဲ့ ပျောက်ကင်းသက်သာမှုကို ရရှိစေပါတယ်

နေရာမယူ၊ စတိုင်လ်ကျတဲ့ ကပ်ခွာလေး ဖြစ်လို့ ဘယ်နေရာကိုပဲဖြစ်ဖြစ် အလွယ်တကူလည်း သယ်ဆောင်သွားနိုင်ပါတယ်

အထုပ်ကြီး တစ်ထုပ်မှာ အထုပ်သေး ဆယ်ထုပ်တောင် ပါဝင်ပြီး ဈေးနှုန်း အလွန်သက်သာလို့ လူတိုင်း၊ အိမ်တိုင်း အကြိုက်တွေ့ သုံးစွဲကြတဲ့ ကျီးပေါင်းအတွက် အကောင်းဆုံး ဒေါက်တာလုံးဒဏ်ကျေကပ်ဆေးလေးကို အခုပဲ နီးစပ်ရာ ဆေးဆိုင်ကနေ မြန်မြန်လေး ဝယ်သုံးကြည့်လိုက်နော် ... 💜

#ဒေါက်တာလုံး #ဒဏ်ကျေကပ်ဆေး #ကပ်ခွာ #မြန်မာ့တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

ဒီနေ့တော့ အားလုံးအတွက် ပေါ့ပေါ့ပါးပါး မေးခွန်းလေး တစ်ခုလောက် မေးချင်လို့ပါ …💜အသုံးပြုရတာ သက်သောင့်သက်သာ ရှိပြီး အစွမ်းထက...
04/08/2025

ဒီနေ့တော့ အားလုံးအတွက် ပေါ့ပေါ့ပါးပါး မေးခွန်းလေး တစ်ခုလောက် မေးချင်လို့ပါ …💜

အသုံးပြုရတာ သက်သောင့်သက်သာ ရှိပြီး အစွမ်းထက်လွန်းလို့ တစ်ခါသုံးဖူးသူတိုင်း ထပ်ခါထပ်ခါ မေးဝယ်ရတဲ့ Dr.Lone ဒဏ်ကျေကပ်ဆေးလေးကို

✅ Facebook ကနေ စပြီး မြင်ဖူးတာလား?
🥰 သူများ ညွှန်းလွန်းလို့ သုံးကြည့်ဖူးတာလား?
✨ ဒါမှမဟုတ် ဆေးဆိုင်တွေမှာ မြင်နေရလို့ သိသွားတာလား?

အပန်းမကြီးဘူးဆိုရင် Dr.Lone ဒဏ်ကျေကပ်ဆေးလေးကို ဘယ်ကနေ စပြီး ဘယ်လို သိခဲ့တာလဲဆိုတာ Comment မှာ မျှဝေပေးခဲ့ဦးနော် …👇💬

#ဒေါက်တာလုံး #တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #ဒဏ်ကျေကပ်ဆေး

မိုးရာသီဆိုတာ ရောဂါဝေဒနာတွေ အဖြစ်များလေ့ရှိတဲ့ကာလဆိုတာတော့ အားလုံးလည်း သိထားပြီးသား ဖြစ်ကြမှာပါနော် ... 😥😥ဒီနေ့မှာတော့ D...
27/07/2025

မိုးရာသီဆိုတာ ရောဂါဝေဒနာတွေ အဖြစ်များလေ့ရှိတဲ့ကာလဆိုတာတော့ အားလုံးလည်း သိထားပြီးသား ဖြစ်ကြမှာပါနော် ... 😥😥

ဒီနေ့မှာတော့ Dr.Lone က မိုးရာသီမှာ ကလေးငယ်လေးတွေ အဖြစ်များလေ့ရှိတဲ့‌ရောဂါတွေအကြောင်း ပြောပြပေးချင်ပါတယ်

ပတ်ဝန်းကျင်က စိုစွတ်ပြီး ခြင်တွေလည်း ပေါတဲ့ အခုလို ⛈️ မိုးရာသီကာလမှာဆိုရင်

- တစ်ယောက်နဲ့တစ်ယောက် သိပ်ကိုမှ ကူးစက်လွယ်တဲ့ ရာသီတုပ်ကွေး
- မသန့်ရှင်းတဲ့ ရေနဲ့ အစားအသောက်တွေကြောင့် ဖြစ်တတ်တဲ့ ဝမ်းပျက်ဝမ်းလျှော
- ကလေးငယ်လေးတွေမှာ အဖြစ်များလေ့ရှိတဲ့ ရေကျောက်
- ခြင်တွေကြောင့် ဖြစ်ရတဲ့ သွေးလွန်တုပ်ကွေးရောဂါ ... အစရှိတဲ့ ရောဂါတွေသိပ်ကို အဖြစ်များလှပါတယ်

ဒီလိုကူးစက်ရောဂါတွေ အဖြစ်များလှတဲ့ အခုလိုရာသီကာလမှာ မိမိရဲ့ရင်သွေးငယ်လေးတွေကို အာဟာရပြည့်ဝအောင် ဂရုတစိုက် ကျွေးမွေးရင်း ခြင်မကိုက်မခံရအောင် အထူးသတိပြုကာကွယ်ရင်းနဲ့ ရောဂါဝေဒနာတွေ မဖြစ်ပွားအောင် အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်လိုက်ကြရအောင်နော် ... 🤗🤗

#ဒေါက်တာလုံး #တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #ကလေးငယ် #ကူးစက်ရောဂါ #မိုးရာသီ

အခုလို 📱 ဖုန်းတွေ၊ 💻 ကွန်ပျူတာတွေက အလုပ်လုပ်ရတဲ့အချိန်မှာသာမက အပန်းဖြေတဲ့နေရာမှာပါ နေရာယူလာပြီဖြစ်တဲ့ Social Media ခေတ်က...
30/05/2025

အခုလို 📱 ဖုန်းတွေ၊ 💻 ကွန်ပျူတာတွေက အလုပ်လုပ်ရတဲ့အချိန်မှာသာမက အပန်းဖြေတဲ့နေရာမှာပါ နေရာယူလာပြီဖြစ်တဲ့ Social Media ခေတ်ကြီးထဲမှာ ဇက်ကြောတက်တာ၊ အညောင်းမိတာတို့ဆိုတာ အသက်အရွယ်မရွေး လူတိုင်း ခံစားရတတ်တဲ့ ပြဿနာတစ်ခုပါပဲ

ဒီလို အသက်အရွယ်၊ ကျား/မ မရွေး ခံစားရတတ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုနဲ့ အမြဲတမ်း အတူယှဉ်တွဲနေထိုင်သွားဖို့အတွက်ဆိုရင် Dr.Lone ဒဏ်ကျေကပ်ဆေးကို မဖြစ်မနေ လိုအပ်ပါလိမ့်မယ်

ဘာလို့လဲဆိုရင် Dr.Lone ဒဏ်ကျေကပ်ဆေးဟာ အသုံးပြုရတဲ့ နေရာမှာ သက်သောင့်သက်သာရှိပြီး အဆင်ပြေလွယ်ကူစေဖို့အတွက် ဦးစားပေးထုတ်လုပ်ထားလို့ပါပဲ ✅

နေရာမယူ၊ စိတ်မရှုပ်စေရမယ့်ပုံစံနဲ့ နေ့စဉ်ဘဝမှာ သက်သောင့်သက်သာရှိစေမယ့်အပြင် Packaging ကအစ အထာကျခေတ်မီနေပါသေးတယ် 🤩

အညွှန်းကောင်းတဲ့ ဒဏ်ကျေကပ်ဆေးကို စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်လည်း အထုပ်သေးဆယ်ထုပ်ပါ အထုပ်ကြီးတစ်ထုပ်ကိုမှ မြန်မာကျပ်ငွေ လေးထောင်ကျော်ပဲ ကျသင့်ပါတယ် 🤑

အရိုးကျီးပေါင်းတက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ ထိခိုက်ဒဏ်နာဖြစ်ခြင်းတို့အတွက် တစ်ခါသုံးဖူးသူတိုင်း ထပ်ခါထပ်ခါ မေးဝယ်ကြတဲ့ Dr.Lone ဒဏ်ကျေကပ်ဆေးကို Page Messenger ကနေသော်လည်းကောင်း၊ အမြို့မြို့အနယ်နယ်မှာ ရှိတဲ့ ဆေးဆိုင်၊ စတိုးဆိုင်များမှာလည်းကောင်း မေးမြန်းဝယ်ယူနိုင်ပါတယ်ရှင် ... 🤗💜

သုံးဖူးသူတွေကလည်း Dr.Lone ဒဏ်ကျေကပ်ဆေးအကြောင်း Comment မှာ ပြောပြခဲ့ဦးနော် ... 💬💜

#ဒေါက်တာလုံး #ဒဏ်ကျေကပ်ဆေး #‌ဇက်ကြောတက် #အရိုးကျီးပေါင်း

တဖြည်းဖြည်းနဲ့ 🥶 အေးလာတော့မယ့်အချိန် ရောက်ပြီဆိုတော့ ဒူးနာ၊ ခါးနာ အစရှိတဲ့ ဝေဒနာတွေကလည်း ခံစားရ ပိုဆိုးလာတတ်ပါတယ်ဒူးနာခြ...
21/05/2025

တဖြည်းဖြည်းနဲ့ 🥶 အေးလာတော့မယ့်အချိန် ရောက်ပြီဆိုတော့ ဒူးနာ၊ ခါးနာ အစရှိတဲ့ ဝေဒနာတွေကလည်း ခံစားရ ပိုဆိုးလာတတ်ပါတယ်

ဒူးနာခြင်း၊ ခါးနာခြင်းဆိုတာ အခုခေတ်မှာ အသက်အရွယ်မရွေး ကြုံတွေ့ရတတ်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပြီး နေ့စဉ်လှုပ်ရှားသွားလာနေရတဲ့ လူနေမှုဘဝကိုလည်း ထိခိုက်စေပါတယ်

ဒီ Post မှာတော့ ဒူးနာ၊ ခါးနာတတ်တဲ့သူတွေအတွက် အသုံးဝင်စေမယ့်အချက်လေးတွေ မျှဝေပေးချင်ပါတယ်

ဒူးနာ၊ ခါးနာခြင်းဆိုတာ …

- အလေးအပင်ပစ္စည်းများ မသယ်ရာတွင် စနစ်မကျခြင်း
- ထိမိ၊ ခိုက်မိခြင်း
- အားကစားလှုပ်ရှားမှု စနစ်မကျခြင်း
- အထိုင်များခြင်း … စတဲ့ အချက်တွေကြောင့် အများဆုံး အဖြစ်များပါတယ်

ဒူးနာ၊ ခါးနာတတ်တဲ့သူတွေ အများဆုံး ပြုလုပ်တတ်တဲ့ အမှားတစ်ခုကတော့ အနင်း၊ အနှိပ် ခံတာပါပဲ
ဒူးနာ၊ ခါးနာတတ်တဲ့သူတွေက အနင်း၊ အနှိပ်မခံသင့်ပါဘူး

အိပ်ရင်လည်း မွေ့ယာနဲ့ မအိပ်သင့်ပါဘူး

နောက်ဆုံးအချက်ကတော့ ဒူးနာ၊ ခါးနာတတ်တဲ့သူတွေက ဝမ်းမချုပ်စေဖို့လည်း သတိထားရပါမယ်

ဒီလိုအချက်တွေက မခက်ခဲပေမဲ့ တကယ်တမ်း လိုက်နာပြီး ပြုလုပ်ဖို့ကိုတော့
ခဲယဉ်းကြပါတယ်

ဒူးနာ၊ ခါးနာခြင်း ပျောက်ကင်းသက်သာစေဖို့အတွက် ဒီလိုအချက်တွေကို နေ့စဉ်မှန်မှန် မ‌မေ့မလျော့ ကျင့်သုံးရင်းနဲ့ အကယ်၍များ မသက်သာဘူးဆိုရင်တော့ တတ်ကျွမ်းတဲ့ပညာရှင်များနဲ့သာ ကုသမှုခံယူဖို့ကို တိုက်တွန်းလိုက်ရပါတယ်ရှင် ... 🤗💜

#ဒေါက်တာလုံး #တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #ဒူးနာခါးနာရခြင်းအကြောင်း #ဆောင်ရန် #ရှောင်ရန်

✨ Happy Friday မှာ အားလုံးပျော်စေမယ့် ရင်ခုန်စိတ်လှုပ်ရှားစရာအစီအစဉ်လေး စီစဉ်ထားပါတယ်Dr.Lone ရဲ့ Product နှစ်မျိုးဖြစ်တဲ...
16/05/2025

✨ Happy Friday မှာ အားလုံးပျော်စေမယ့် ရင်ခုန်စိတ်လှုပ်ရှားစရာအစီအစဉ်လေး စီစဉ်ထားပါတယ်

Dr.Lone ရဲ့ Product နှစ်မျိုးဖြစ်တဲ့ ဒဏ်ကျေကပ်ဆေး (Analgesic Patch) နဲ့ နံ့သာဖြူလိမ်းဆေး နှစ်မျိုးကို အသုံးပြုဖူးတဲ့သူတွေက 📩 Comment မှာ ဘာကြောင့် ကြိုက်ရတယ်ဆိုတဲ့ Review လေး ရေးပေးသွားရုံပါပဲ

ပါဝင်ကံစမ်းမယ့်သူက
- Dr.Lone page ကို Like လုပ်ထားရမယ်
- အခု Giveaway Post လေးကို Like လုပ်ပြီး ကိုယ့်ရဲ့ Wall ထဲမှာ Share ထားပေးရမယ်
- နောက်ဆုံးအနေနဲ့ကတော့ အပေါ်မှာ ပြောထားသလို ဒီ Post ရဲ့ Comment မှာ ကိုယ်သုံးဖူးတဲ့ Dr.Lone Product လေးရဲ့ Review ကို ရေးပေးရမယ်

ဒါဆိုရင်တော့ Dr.Lone ရဲ့ တစ်ယောက်တည်းကို ဖုန်းဘေလ်တစ်သောင်းကျပ်တိတိ မဲဖောက်ပေးသွားမယ့် Review ရေးရင်း ဖုန်းဘေလ်ယူ Giveaway အစီအစဉ်မှာ ပါဝင်နိုင်ပါပြီရှင် ... ✨💜

အပေါ်ကအချက်တွေနဲ့ ပြည့်စုံတဲ့သူကိုပဲ ရွေးချယ်ပေးသွားမှာမို့ စည်းကမ်းချက်လေးတွေကို ပြည့်ပြည့်စုံစုံ လုပ်ဖို့တော့ လိုတယ်နော် ‼️

လာမယ့် တနင်္လာနေ့မှာ ကံထူးရှင်လေးကို ကြေညာပေးသွားမှာမို့ Page ကို စောင့်ကြည့်ထားဖို့ မမေ့နဲ့နော်

အားလုံးပဲ ကံထူးရှင် ဖြစ်နိုင်ကြပါစေရှင် ... ✨💜

#ဒေါက်တာလုံး #တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #ဒဏ်ကျေကပ်ဆေး #နံ့သာဖြူလိမ်းဆေး

ဒီကနေ့ဟာ မြတ်စွာဘုရားရှင် ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံတော်မူတယ်ဆိုတဲ့ နေ့ထူးရက်မြတ် 🙏 ကဆုန်လပြည့်နေ့လည်း ဖြစ်သလို Int...
11/05/2025

ဒီကနေ့ဟာ မြတ်စွာဘုရားရှင် ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံတော်မူတယ်ဆိုတဲ့ နေ့ထူးရက်မြတ် 🙏 ကဆုန်လပြည့်နေ့လည်း ဖြစ်သလို International Mother's Day လည်း ဖြစ်ပါသေးတယ်

ဒီလို ✨ အင်မတန်ထူးခြားမွန်မြတ်တဲ့နေ့မှာ မဖြစ်မနေ ပြုလုပ်သင့်တဲ့ အလှူ (၇) မျိုး ရှိတယ်လို့ သိရပါတယ်

(၁) ရေသပ္ပာယ်ခြင်း

မြတ်စွာဘုရား သီတင်းသုံးတော်မူတဲ့ ဘုရား၊ ကျောင်းကန်၊ စေတီ၊ ဆင်းတုတော်တို့ကို အမွှေးနံ့သာရေစင်တို့ဖြင့် ရေသပ္ပာယ်ခြင်း၊ ရောင်ခြည်တော်ဖွင့်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်

(၂) ဆွမ်းကပ်ခြင်း

ဆွမ်း၊ ရေချမ်း၊ ခဲဘွယ်‌ဘောဇဥ်အစုစုတို့ကို ကပ်လှူ‌နိုင်ပါတယ်

(၃) ရွတ်ဖတ်ပူဇော်ခြင်း

သီလခံယူ နတ်ပင့်ပြီး ပရိတ်ပဌာန်း၊ မဟာသမယသုတ် အစရှိသည်တို့ကို ရွတ်ဖတ်ပူဇော်နိုင်ပါတယ်

(၄) ပံ့သကူပစ်ခြင်း

ပိုက်ဆံလေးများ သေချာထုတ်ပိုးပြီး ဖြစ်စေ၊ အစားအသောက်၊ အဝတ်အထည် အစရှိသည်တို့ကို သေချာထုတ်ပိုးကာ မည်သူမည်ဝါ ပုဂ္ဂိုလ်စွဲ မပါဘဲ ထိုက်ထန်သူများ ရရှိစေရန် လှူဒါန်းပေးခြင်းတို့ ပြုလုပ်နိုင်ပါတယ်

(၅) ဇီဝိတဒါနပြုခြင်း

ငှက်လွှတ်ခြင်း၊ ငါးလွှတ်ခြင်း၊ လိပ်လွှတ်ခြင်း … အစရှိတဲ့ ကုသိုလ်ကောင်းမှုမျိုးကို ပြုလုပ်နိုင်ပါတယ်

(၆) မိဘတို့အားကျွေးမွေးပြုစုခြင်း

ဒီနေ့ဟာ ကဆုန်လပြည့်ဗုဒ္ဓနေ့လည်း ဖြစ်သလို တစ်နှစ်မှာ တစ်ခါကျရောက်တဲ့ Mother's Day လည်း ဖြစ်တာမို့ ဒီလိုနေ့လေးမှာ ပုံမှန်ထက် အာရုံစိုက်တာ ကိုယ့်ရဲ့မိခင်၊ ဖခင်တို့ကို အချိန်တစ်ခုပေးပြီး ကျွေးမွေးပြုစုစောင့်ရှောက်သင့်ပါတယ်

(၇) ဆီမီး၊ အမွှေးတိုင်ကပ်လှူခြင်း
ဆီမီး၊ အမွှေးတိုင်များ ကပ်လှူကာ ကုသိုလ်ပြုနိုင်ပါတယ်

ဒါတွေကတော့ နေ့ထူးနေ့မြတ်တစ်ခုဖြစ်တဲ့ ကဆုန်လပြည့်နေ့မှာ ✨🙏 ကုသိုလ်အထူးတွေ ရရှိစေဖို့အတွက် ပြုလုပ်နိုင်တဲ့ ကုသိုလ် (၇) မျိုး ဖြစ်ပါတယ်

ဒီလိုနေ့လေးမှာ ကုသိုလ်ကောင်းမှုတွေ မမေ့မလျော့ ပြုလုပ်ရင်း ကောင်းကျိုးလိုအင်ဆန္ဒတွေ မှန်သမျှ ပြည့်ဝကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🙏🙏

#ဒေါက်တာလုံး #တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #ကဆုန်လပြည့်နေ့ #မဖြစ်မနေပြုလုပ်သင့်သောအလှူ

🪵 နံ့သာဖြူဆိုတာ မြန်မာလူမျိုးတို့နဲ့ မစိမ်းတဲ့အရာတစ်ခုပါကလေးဘဝမှာ အပူရှပ်တော့လည်း နံ့သာဖြူ လိမ်းရတယ်လူငယ်ဘဝမှာ ရေမွှေး၊ ...
08/05/2025

🪵 နံ့သာဖြူဆိုတာ မြန်မာလူမျိုးတို့နဲ့ မစိမ်းတဲ့အရာတစ်ခုပါ

ကလေးဘဝမှာ အပူရှပ်တော့လည်း နံ့သာဖြူ လိမ်းရတယ်
လူငယ်ဘဝမှာ ရေမွှေး၊ အမွှေးနံ့သာလေးတွေ အသုံးပြုဖြစ်တော့လည်း နံ့သာဖြူနံ့လေး ကြိုက်ကြတယ်
ဖိုးဖိုး၊ ဖွားဖွား အရွယ်ရောက်လာတော့လည်း ရင်အေးစေတဲ့မွှေးရနံ့လေးတွေနဲ့ နံ့သာဖြူလိမ်းဆေးလေးတွေ အသုံးပြုကြတယ်
ဒါကြောင့်ပဲ နံ့သာဖြူဆိုတာ မြန်မာလူမျိုးတိုင်းနဲ့ မစိမ်းတဲ့အရာတစ်ခု ဖြစ်နေရတာပေါ့ 🙆

နံ့သာဖြူဟာဆိုရင် အပူကို နိုင်တယ်၊ နှလုံးခုန်မူးမော်တာတွေ သက်သာစေတယ်၊ ဖျားနာနေတဲ့အချိန်လိမ်းရင် အပူကျစေတယ်

နေ့စဉ်ပုံမှန် သွေးလူးပေးခြင်းဖြင့် ချွေးထွက်များခြင်း၊ ချွေးနံ့ဆိုးခြင်းတို့ကို သက်သာစေတယ်

အဆစ်ရောင်ကိုက်ခြင်း၊ ဒူးနာခြင်း၊ ခါးနာခြင်း၊ ဇက်ကြောတက်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်းနဲ့ ထုံကျဉ်ခြင်းတို့မှာ ပရုတ်ဆီ မလိမ်းချင်ဘူးဆိုရင် နံ့သာဖြူ လိမ်းနိုင်တယ်

လေးဖက်နာနဲ့လေငန်းရောဂါတို့ကိုလည်း သက်သာပျောက်ကင်းစေနိုင်တယ်

ဒီလို ဖိုးဖိုး၊ ဖွားဖွားတွေတင် မဟုတ်ဘဲ အသက်အရွယ်မရွေး ကြိုက်နှစ်သက်ပြီး အစွမ်းသတ္တိများနဲ့ ပြည့်စုံလှတဲ့ နံ့သာဖြူလိမ်းဆေးကို ဒေါက်တာလုံးက လူတိုင်း၊ အိမ်တိုင်း အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်အောင် ထုတ်လုပ်ထားပါတယ် ✅✅

ကိုယ်နဲ့မကွာ သယ်ဆောင်သွားနိုင်ပြီး ဆေးစွမ်းထက်လို့ သုံးဖူးသူတိုင်း 😍 အကြိုက်တွေ့စေမယ့် ဒေါက်တာလုံး နံ့သာဖြူလိမ်းဆေးဘူးများကို အမြို့မြို့အနယ်နယ်ရှိ ဆေးဆိုင်၊ စတိုးဆိုင်များတွင်သာမက Page Messenger မှလည်း အလွယ်တကူ Order တင် မှာယူနိုင်ပါပြီ ... 🤗💜

#ဒေါက်တာလုံး #တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #နံ့သာဖြူလိမ်းဆေး

Dr.Lone ရဲ့ Product လေးတွေကို ဘယ်နေရာ၊ ဘယ်ဒေသကဖြစ်ဖြစ် နှစ်နှစ်ခြိုက်ခြိုက် အမြဲတမ်း မမေ့လျော့ မှာယူအားပေးကြတဲ့ Customer...
02/05/2025

Dr.Lone ရဲ့ Product လေးတွေကို ဘယ်နေရာ၊ ဘယ်ဒေသကဖြစ်ဖြစ် နှစ်နှစ်ခြိုက်ခြိုက် အမြဲတမ်း မမေ့လျော့ မှာယူအားပေးကြတဲ့ Customer များအတွက် အမြို့မြို့အနယ်နယ်မှာ ရှိတဲ့ ဆေးဆိုင်၊ စတိုးဆိုင်တိုင်းမှာ ဝယ်ယူနိုင်ရုံသာမက ကားဂိတ်ရှိတဲ့နေရာတိုင်း၊ အမြန်ချောပို့ ရောက်တဲ့နေရာတိုင်းကိုလည်း ပို့ဆောင်ပေးနေတဲ့အကြောင်းလေး အ‌‌သိပေးအကြောင်းကြားပေးတာပါရှင် ... 💜

တစ်ဘူးမှစ လက်လီ/ လက်ကား Page Messenger ကနေသော်လည်းကောင်း၊ ဖုန်းနံပါတ် 09402605040 တို့မှလည်းကောင်း ဈေးနှုန်းသက်သာလွယ်ကူစွာ ဝယ်ယူအားပေးနိုင်ပါပြီ 🤗🤗

#ဒေါက်တာလုံး #တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #လက်လီလက်ကား

မေလ (၁) ရက်နေ့မှာ ကျရောက်တဲ့ International Labour Day အား ကမ္ဘာတစ်ဝှမ်းမှ အလုပ်သမားများအား လေးစားဂုဏ်ပြုရင်း ကြိုဆိုလိုက...
01/05/2025

မေလ (၁) ရက်နေ့မှာ ကျရောက်တဲ့ International Labour Day အား ကမ္ဘာတစ်ဝှမ်းမှ အလုပ်သမားများအား လေးစားဂုဏ်ပြုရင်း ကြိုဆိုလိုက်ပါတယ်ရှင် ... 💜

#ဒေါက်တာလုံး

ဒီရက်ပိုင်း ရာသီဥတုက 🌞 တော်တော်ကို ပူလာတာနဲ့အမျှ အပူရှပ်တာတွေလည်း အရမ်းကို အဖြစ်များလာကြပါတယ်အပူရှပ်တယ်ဆိုတာ ခန္ဓာကိုယ်က...
26/04/2025

ဒီရက်ပိုင်း ရာသီဥတုက 🌞 တော်တော်ကို ပူလာတာနဲ့အမျှ အပူရှပ်တာတွေလည်း အရမ်းကို အဖြစ်များလာကြပါတယ်

အပူရှပ်တယ်ဆိုတာ ခန္ဓာကိုယ်က အပူချိန်ကို မထိန်းချုပ်နိုင်တော့တဲ့အခါ ကိုယ်အပူချိန် မြန်မြန်တက်ပြီး ချွေးမထွက်နိုင်တော့တာကို ခေါ်တာပါ

အပူရှပ်ခြင်းဟာ လူကြီး၊ လူငယ်မရွေး ဖြစ်ပွားနိုင်ပြီး အသက်ပါ ဆုံးရှုံးနိုင်တဲ့အထိ အန္တရာယ်ရှိတာမို့လို့ အပူရှပ်ခြင်းလက္ခဏာတွေကိုလည်း သိထားဖို့ လိုအပ်ပါတယ်

အပူရှပ်ခြင်းလက္ခဏာတွေကတော့ ...

- ကိုယ်အပူချိန် အလွန်မြင့်မားခြင်း
- အသားများ နီရဲခြောက်သွေ့ခြင်း
- ခေါင်းမူး၊ ခေါင်းကိုက်ခြင်း
- ပျို့အန်ခြင်း
- သတိမကပ်ခြင်းတို့ပဲ ဖြစ်ပါတယ်

ဒါဆိုရင် အပူရှပ်တဲ့လက္ခဏာတွေကို သိသွားပြီဆိုတော့ ဒီလက္ခဏာတွေကို ခံစားနေရပြီဆိုရင် မပေါ့ဆသင့်ဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေဆီ အမြန်ဆုံးသွားရောက်ကုသမှု ခံယူသင့်ပါတယ်နော် ... ✅✅

#ဒေါက်တာလုံး #အပူရှပ်ခြင်းလက္ခဏာ

Address

75st, Bet 27x28
Mandalay

Website

Alerts

Be the first to know and let us send you an email when Dr.Lone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram