Family Clinic & Diagnostic Center

Family Clinic & Diagnostic Center ကျန်းမာသုခနှင့် ပြည့်စုံကြပါစေ

Glucerna 850G ဗူးကြီး Glucerna 400G ဗူးသေး ပြန်ရောက်ပါတယ် ခင်ဗျား😊
13/06/2024

Glucerna 850G ဗူးကြီး
Glucerna 400G ဗူးသေး
ပြန်ရောက်ပါတယ် ခင်ဗျား😊

19/01/2024

🔆🔆🔆 Join Our Team ! 🔆🔆🔆
🔸🔸🔸 အလုပ်ခေါ်စာ 🔸🔸🔸

မင်္ဂလာဆေးရုံတွင် တာဝန်ထမ်းဆောင်ရန် အောက်ဖော်ပြပါ ရာထူးများအတွက် ဝန်ထမ်းများ အလိုရှိပါသည်။

1.Medical Officer - (၈)ဦး
M.B.,B.S Degree Holder
မြန်မာနိုင်ငံ ဆေးကောင်စီ (Myanmar Medical Council) ၏သက်တမ်းရှိ အထွေထွေဆေးကုသခွင့်လိုင်စင် (General Medical License) ရှိထားသူဖြစ်ရမည်။

2. OT Nurse - (၅)ဦး
B.N.Sc (Generic)/Diploma in Nursing
မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီမှ ထုတ်ပေးသော သက်တမ်းရှိ သူနာပြုနှင့် သားဖွားလိုင်စင် ကိုင်ဆောင်ထားသူ ဖြစ်ရမည်။

3. Marketing Officer – (၁)ဦး
ကျန်းမာရေးနှင့်ပတ်သတ်သော ဘွဲ့ရသူဖြစ်ရပါမည်။
ဆေးရုံဆေးခန်းလုပ်ငန်းနယ်ပယ်တွင် အတွေ့အကြုံရှိသူ ဦးစားပေးမည်။
အများနှင့် ပေါင်းသင်းဆက်ဆံနိုင်သည့်အရည်အချင်းရှိပြီး သတ်မှတ်ချိန်အတွင်း လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်နိုင်သူဖြစ်ရပါမည်။

4. Nurse (or) Midwife – (၅)ဦး
B.N.Sc (Generic)/Diploma in Nursing
မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီမှ ထုတ်ပေးသော သက်တမ်းရှိ သူနာပြုနှင့် သားဖွားလိုင်စင် ကိုင်ဆောင်ထားသူ ဖြစ်ရမည်။

5. Medical Imaging Technologist – (၅)ဦး
B.Med.Tech (Medical Imaging) ဘွဲ့ရဖြစ်ရပါမည်။
ဆေးရုံဆေးခန်းလုပ်ငန်းနယ်ပယ်တွင် အတွေ့အကြုံရှိသူ ဦးစားပေးမည်။

6. Medical Laboratory Technologist – (၅)ဦး
B.Med.Tech (Laboratory) ဘွဲ့ရဖြစ်ရပါမည်။
ဆေးရုံဆေးခန်းလုပ်ငန်းနယ်ပယ်တွင် အတွေ့အကြုံရှိသူ ဦးစားပေးမည်။

7. Phlebotomist – (၅)ဦး
တက္ကသိုလ်တခုခုမှ ဘွဲ့ရသူဖြစ်ရမည်။
ဆေးရုံဆေးခန်းလုပ်ငန်းနယ်ပယ်တွင် အတွေ့အကြုံ (၂)နှစ်ရှိသူဖြစ်ရပါမည်။

8. M&E Service and Operator – (၄)ဦး
AGTI (or) BE (or) တက္ကသိုလ်တခုခုမှ ဘွဲ့ရသူဖြစ်ရမည်။
သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်တွင် အတွေ့အကြုံရှိသူဦးစားပေးမည်။

9. Jr. Purchase Accountant – (၂)ဦး
တက္ကသိုလ်တခုခုမှ ဘွဲ့ရသူဖြစ်ရမည်။
LCCI Level I, II နှင့် Basic Microsoft Office Certificate ရရှိပြီးသူဖြစ်ရပါမည်။
ဆေးရုံဆေးခန်းလုပ်ငန်းနယ်ပယ်တွင် အတွေ့အကြုံ (၂)နှစ်ရှိသူဖြစ်ရပါမည်။

10. Housekeeping Supervisor – (၃)ဦး
တက္ကသိုလ်တခုခုမှ ဘွဲ့ရသူဖြစ်ရမည်။
မိမိလက်အောက်ဝန်ထမ်းများအား စီမံခန့်ခွဲနိုင်သူဖြစ်ရပါမည်။
ဆေးရုံဆေးခန်းလုပ်ငန်းနယ်ပယ်တွင် အတွေ့အကြုံ (၁)နှစ်ရှိသူဖြစ်ရပါမည်။
Computer (Microsoft Office Word, Excel) တတ်မြောက်ရပါမည်။

11. Customer Relation Staff – (၁၂)ဦး
တက္ကသိုလ်တခုခုမှ ဘွဲ့ရသူဖြစ်ရမည်။
Computer (Microsoft Office Word, Excel) တတ်မြောက်ရပါမည်။
English (or) Chinese ဘာသာစကား တတ်မြောက်သူများအား ဦးစားပေးမည်။
ဆေးရုံဆေးခန်းလုပ်ငန်းနယ်ပယ်တွင် အတွေ့အကြုံရှိသူများကို ဦးစားပေးမည်။

12. Office Driver – (၂)ဦး
အတန်းပညာအထက်တန်းအောင်မြင်ပြီးသူ ဖြစ်ရပါမည်။
ယာဉ်မောင်းလိုင်စင်ရှိရပါမည်။
ယာဉ်မောင်းအတွေ့အကြုံအနည်းဆုံး (၃)နှစ်ရှိရပါမည်။

13. General Worker (Runner) – (၁)ဦး
အတန်းပညာအထက်တန်းအောင်မြင်ပြီးသူ ဖြစ်ရပါမည်။
ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်ရှိရပါမည်။

14. Jr Housekeeping Attendant – (၁၇)ဦး
အတန်းပညာအထက်တန်းအဆင့်ရှိရပါမည်။
ကျန်းမာသန်စွမ်းရပါမည်။
ဆေးရုံဆေးခန်းလုပ်ငန်းနယ်ပယ်တွင် အတွေ့အကြုံရှိသူများကို ဦးစားပေးမည်။

15. Store Helper – (၁)ဦး
အတန်းပညာအထက်တန်းအဆင့်ရှိရပါမည်။
ကျန်းမာသန်စွမ်းရပါမည်။
ဆေးရုံဆေးခန်းလုပ်ငန်းနယ်ပယ်တွင် အတွေ့အကြုံရှိသူများကို ဦးစားပေးမည်။

လျှောက်ထားလိုသူများသည် hr@mingalarhospitals.com သို့ အီးမေးလ်ပေးပို့လျှောက်ထားနိုင်ပြီး၊ လူကိုယ်တိုင်လာရောက်လျှောက်ထားလိုသူများသည် မင်္ဂလာဆေးရုံ HR ဌာနသို့လာရောက်လျှောက်ထားနိုင်ပါသည်။ တခြား သိရှိလိုသောအကြောင်းအရာများ ရှိပါက အောက်ပါဖုန်းနံပါတ်သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။

📲09-791977008

အောက်ပါအချက်အလက်များကို ပူးတွဲ၍ တင်ပေးပါရန်။
(၁) ကိုယ်ရေးရာဇဝင် အကျဉ်း (CV) – (၁) စောင်
(၂) နှစ်လအတွင်း ရိုက်ကူးထားသော ဓာတ်ပုံ - (၁)ပုံ ပတ်စ်ပို့ဓာတ်ပုံ
(၃) နိုင်ငံသားစီစစ်ရေးကဒ် မိတ္တူ - (၁) စောင်
(၄) အိမ်ထောင်စုဇယား မိတ္တူ - (၁) စောင်
(၅) ပညာအရည်အချင်း မိတ္တူ - (၁) စောင်

မင်္ဂလာဆေးရုံ
58 လမ်း၊ 42x43 ကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး။

ပျော်ရွှင်စရာ ခရစ္စမတ်အချိန်အခါ ဖြစ်ကြပါစေမိသားစု ဆေးခန်း မှဆုမွန်ကောင်း တောင်းအပ်ပါသည်။19လမ်း 82*83ကြား အောင်မြေသာစံမြိ...
25/12/2023

ပျော်ရွှင်စရာ ခရစ္စမတ်အချိန်အခါ ဖြစ်ကြပါစေ

မိသားစု ဆေးခန်း မှ
ဆုမွန်ကောင်း တောင်းအပ်ပါသည်။
19လမ်း 82*83ကြား
အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။
09-789330077
09-259330077

{ ဝန်ထမ်းအလိုရှိသည်}=======================↙️ Nurse Aid - ကျား/မ- (1) Post 📌 အသက်(၁၈)နှစ် မှ (၃၅)နှစ်အတွင်း လျှောက် ထား ...
19/12/2023

{ ဝန်ထမ်းအလိုရှိသည်}
=======================

↙️ Nurse Aid - ကျား/မ- (1) Post

📌 အသက်(၁၈)နှစ် မှ (၃၅)နှစ်အတွင်း လျှောက် ထား
နိုင်သည်။
📌 လုပ်ငန်းအတွေ့ကြုံမရှိသူများလည်း လျှောက် ထား
နိုင်သည်။

စိတ်ဝင်စားပါက အောက်ပါ Phone , Viber or Cbတွင် အသေးစိတ် ဆက်သွယ် မေးမြန်းနိုင်ပါသည်။

☎️ 09-789330077 (Viber)

☎️ 09-259330077 (Phone Only)

Job Location ↩️
မိသားစုဆေးခန်း
၁၉ လမ်း ၊ ၈၂ နှင့် ၈၃ ကြား ၊ အောင်မြေသာစံမြို့နယ် ၊ မန္တလေးမြို့။

🗣️ နေ့စဉ် ၁ရက် ၁လုံး သန္ဓေတားဆေးသောက်နေသော အမျိုးသမီးများအတွက် သတင်းကောင်း 👩🏻🤗Zinnia F ဆေးများကို Family Clinic & Diagno...
05/12/2023

🗣️ နေ့စဉ် ၁ရက် ၁လုံး သန္ဓေတားဆေးသောက်နေသော အမျိုးသမီးများအတွက် သတင်းကောင်း 👩🏻

🤗Zinnia F ဆေးများကို Family Clinic & Diagnostic Center တွင် အခမဲ့ လာရောက်ထုတ်ယူနိုင်ပါကြောင်း သီတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျ🤗

💁🏻‍♀️ Zinnia F ဆေးမှာ Mylan Lab Ltd. India မှ ထုတ်လုပ်ပြီး အရည်အသွေးပြည့်မှီသော Okay နှင့် စိတ်ချ ဆေးများကဲ့သို့ အာနိသင်ပြည့်ဝသော စိတ်ချရသော ကိုယ်ဝန်တားဆေး ဖြစ်ပါသည်။ 💯

❓ယခု မှ စတင်သုံးစွဲမည့် အမျိုးသမီးငယ်များလည်းကိုယ်ဝန်တားခြင်းနှင့် ပတ်သတ်၍ မိမိနှင့် သင့်တော်သည့် နည်းလမ်း ရွေးချယ်နိုင်ရန် ပွင့်လင်းစွာ မေးမြန်းတိုင်ပင်နိုင်ပါသည်။

🙋🏻‍♀️ ပုံမှန်ကိုယ်ဝန်တားဆေး သောက်ဆေး ထိုးဆေးများနှင့်အရေးပေါ်ကိုယ်ဝန်တားဆေးများ အကြောင်း ဘေးထွက်ဆိုးကျိုးများ သိလိုပါက လည်း ရှင်းပြပေးပါမည်။

📌 Exp Date - 2024/5

💊 ၁ဦးစာလျှင် ၃လစာ ထုတ်ပေးပါမည် 💊

📍၁၉ လမ်း ၊ ၈၂ နှင့် ၈၃ ကြား ၊ မိသားစုဆေးခန်း

☎️09-789330077

☎️09-259330077

#မိသားစုဆေးခန်း
#သ‌န္ဓေတားဆေး
#အခမဲ့

19/10/2023

သူနာပြုအကူ တစ်ဦး
အလိုရှိပါသည်
လျှောက်ထားရန်
ဆေးခန်းဖွင့်ချိန်
မနက် 8:00am-12:00pm
နေ့လယ်3:00pn-7:00pm

04/07/2023

July လမှ စတင်၍ ကျွန်တော်တို့ Family Clinic and Diagnosis Center မှာ အာဟာရအထူးကုဆရာဝန်နှင့် ပြသနိုင်ပါပြီ။

🐝 ဝိတ်ချချင်သူများ၊ ဝိတ်တင်ချင်သူများ
🐝 ဆီးချိုဝေဒနာရှင်များ၊ သွေးတိုးဝေဒနာရှင်များ
🐝 အကြောင်းအမျိုးမျိုးကြောင့် နှာခေါင်းပိုက်ထည့်ထားရသူများ (နှာခေါင်းပိုက်အာဟာရ)
🐝 အာဟာရချို့တဲ့နေသူများ
🐝 အစာအိမ် အူလမ်းကြောင်းနှင့် ပတ်သက်သော ရောဂါရှိသူများ
🐝 ကိုယ်ဝန်ဆောင် မိခင်များ (ကိုယ်ဝန်ဆောင် အာဟာရ)၊ နို့တိုက်မိခင်များ
🐝 ကလေး အသက် (၆) လမှစ၍ အသက်အရွယ် အပိုင်းအခြားအလိုက် ပြီးပြည့်စုံသော အာဟာရကို ရရှိစေချင်သော မိဘများ
🐝 အသက်အရွယ် ကြီးရင့်သော အဘိုးအဘွား အဖေအမေတို့အတွက် ပြီးပြည့်စုံသော အာဟာရကို ရရှိစေချင်သော လူနာရှင်များ
🐝 ကင်ဆာဝေဒနာရှင်များ
🐝 Gym ကစားသူများ၊ အားကစားသမားများ
နှင့် အာဟာရနှင့် သက်ဆိုင်သော ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဝေဒနာများကို ဆွေးနွေးနိုင်ပါပြီ။

Booking ယူရန်

🏥 မိသားစု အထူးကုဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေး
📌 ၁၉ လမ်း၊ ၈၂ x ၈၃ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့
☎️ 09 789330077, 09 259330077

ကျန်းမာသုခနှင့် ပြည့်စုံကြပါစေ

ပတ်၀န်းကျင်မှာ နှာတရွှီးရွှီး၊ ချောင်းတဟွတ်ဟွတ်နဲ့ လူတွေရှိနေပြီဆို သတိထားပါတော့ ....သင့်အလှည့်ရောက်လာနိုင်ပါတယ် ...ဒါတွ...
01/05/2023

ပတ်၀န်းကျင်မှာ နှာတရွှီးရွှီး၊ ချောင်းတဟွတ်ဟွတ်နဲ့ လူတွေရှိနေပြီဆို သတိထားပါတော့ ....
သင့်အလှည့်ရောက်လာနိုင်ပါတယ် ...
ဒါတွေဟာ ရာသီတုပ်ကွေးရောဂါလက္ခဏာတွေဖြစ်ပြီး သင့်ကိုလည်းကူးစက်နိုင်လို့ပါ ...
ရာသီတုပ်ကွေးကိုကာကွယ်ဖို့ အထိရောက်ဆုံးက ရာသီတုပ်ကွေးကာကွယ်ဆေးထိုးနှံခြင်းပါ ...
အချိန်မဆွဲပါနှင့် .... ကြိုတင်ကာကွယ်ခြင်းဖြင့် ရာသီတုပ်ကွေးကို လက်ဦးမှုရယူပါ ....

🏥 မိသားစု အထူးကုဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေး
📌 ၁၉ လမ်း၊ ၈၂ x ၈၃ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့
☎️ 09 789330077, 09 259330077

နိုဝင်ဘာ ၁၄ရက်ဟာ ကမ္ဘာ့ဆီးချိုနေ့ဖြစ်ပါတယ်။၂၀၂၂ ရဲ့ ဆောင်ပုဒ်ကတော့ 'အနာဂတ်ကိုကာကွယ်ဖို့ ဆီးချိုပညာပေးကြစို့' ဖြစ်ပါတယ်(က...
14/11/2022

နိုဝင်ဘာ ၁၄ရက်ဟာ ကမ္ဘာ့ဆီးချိုနေ့ဖြစ်ပါတယ်။

၂၀၂၂ ရဲ့ ဆောင်ပုဒ်ကတော့
'အနာဂတ်ကိုကာကွယ်ဖို့ ဆီးချိုပညာပေးကြစို့'
ဖြစ်ပါတယ်
(ကိုယ့်ဖာသာဘာသာပြန်ထားတာပါ)

၂၀၃၀မှာ လူ၉ယောက်မှာ ၁ယောက်ဟာ ဆီးချိုရောဂါဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းတွက်ချက်မှုတွေရှိပါတယ်။
(မြန်မာနိုင်ငံဟာ ခုလတ်ရှိမှာ လူ ၁၁ယောက်မှာ ၁ယောက်နှုန်းလောက်ဆီးချိုဖြစ်နေပါတယ်)

ဆီးချိုကုသရာမှာ ၉၀%ဟာ လူနာပေါ်မှာမူတည်နေတာမို့လို့ ဆီးချိုနဲ့ပက်သက်တဲ့ ဗဟုသုတရှိဖို့ကအရမ်းကိုအရေးကြီးလှပါတယ်။

ဒါကြောင့် ဒီနှစ် ဆောင်ပုဒ်လေးက
Diabetes: Education to protect tomorrow
ဆိုတာပြောရင်း........

🚫 သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန် 👉 ခြင်နှင့် ပိုး‌လောက်လန်းများကို နှိမ်နင်းပါ👉 အိမ်ကိုခြင်လုံဇကာတပ်ပါ/ ခြင်ထောင်ဖြင့်သ...
27/07/2022

🚫 သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန်

👉 ခြင်နှင့် ပိုး‌လောက်လန်းများကို နှိမ်နင်းပါ
👉 အိမ်ကိုခြင်လုံဇကာတပ်ပါ/ ခြင်ထောင်ဖြင့်သေချာအိပ်ပါ
👉 ကလေးများကို လုံခြုံစွာ၀တ်ဆင်ပေးပါ
👉 ဖုံး၊ သွန်၊ လဲ၊ စစ် ကို သေချာစွာ ကျင့်သုံးပါ

❗ခြင်ဆေးခွေထွန်းခြင်းသည် ခြင်ရန်ကိုကာကွယ်ပေးသော်လည်း အသက်ရှုလမ်း‌ကြောင်းဆိုင်ရာ ပြဿနာများ (အထူးသဖြင့် ကလေးငယ်များတွင်) ဖြစ်ပွားစေနိုင်သဖြင့် ခြင်အန္တရာယ်ကာကွယ်ရန်ရေရှည် သုံးခြင်းမှရှောင်ကြဉ်သင့်ပါသည်။
❗ဖုံး၊ သွန်၊ လဲ၊ စစ် သည် ခြင်မဖြစ်မီ ပိုးလောက်လန်းဘ၀ကတည်းက သုတ်သင်ရှင်လင်းခြင်းဖြစ်ပြီး ခြင်များမပေါက်ဖွားစေရန် ကာကွယ်ပေးခြင်းလည်းဖြစ်၍ အလေးထားလုပ်ဆောင်သင့်ပါသည်။

မိသားစု အထူးကုဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေး
၁၉ လမ်း၊ ၈၂ x ၈၃ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့
09 789330077, 09 259330077

ဆေးပညာအရ တစ်ပတ်အတွင်း ၀မ်းသွားသည့်အကြိမ်ရေ (၃) ကြိမ်အောက်လျော့နည်းပါက ၀မ်းချုပ်သည်ဟု သတ်မှတ်ပါသည်။ သို့သော် ပုံမှန်၀မ်းသ...
14/07/2022

ဆေးပညာအရ တစ်ပတ်အတွင်း ၀မ်းသွားသည့်အကြိမ်ရေ (၃) ကြိမ်အောက်လျော့နည်းပါက ၀မ်းချုပ်သည်ဟု သတ်မှတ်ပါသည်။ သို့သော် ပုံမှန်၀မ်းသွားနေကြအကြိမ်ရေထက် လျော့နည်းခြင်း၊ ၀မ်းကျန်သလိုခံစားရခြင်း၊ ၀မ်းသွားရခက်ခြင်းတို့ ဖြစ်ပါကလည်း ၀မ်းချုပ်သည်ဟု ခေါ်ဆိုလေ့ရှိကြပါသည်။
၀မ်းချုပ်ရသည့် အကြောင်းအရင်းများစွာရှိသည့်အနက် အဖြစ်များသည့်အကြောင်းများမှာ
- မှန်ကန်သည့်စားသောက်မှုပုံစံမရှိခြင်း
(ရေသောက်နည်းခြင်း ၊အမျှင်ဓါတ်စားသုံးမှုနည်းခြင်း )
- လှုပ်ရှားမှု/လေ့ကျင့်ခန်းနည်းခြင်း
- စိတ်ဖိစီးမှုများခြင်း
- ကိုယ်၀န်ဆောင်နေခြင်း
- ဆေး၀ါးတချို့၏ဘေးထွက်ဆိုးကျိုး စသည်တို့ဖြစ်ပါသည်
၀မ်းချုပ်ပါက ၀မ်းနှုတ်ဆေးသောက်ခြင်းထက် အစားအစာနှင့်နေထိုင်မှုပုံစံပြောင်းလဲခြင်း တို့ကို အရင်ဆုံး လုပ်ဆောင်ကြည့်သင့်ပါသည်။

မိသားစု အထူးကုဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေး
၁၉ လမ်း၊ ၈၂ x ၈၃ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့
09 789330077, 09 259330077

Address

19th Street, Between 82nd 83rd Streets, Aung Myay Thar Zan Township
Mandale
050101

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Telephone

+959789330077

Website

Alerts

Be the first to know and let us send you an email when Family Clinic & Diagnostic Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Family Clinic & Diagnostic Center:

Share

Category