MDY HanuMan Thai တိုင်းရင်းဆေးကပ်ခွါ

  • Home
  • Myanmar
  • Mandalay
  • MDY HanuMan Thai တိုင်းရင်းဆေးကပ်ခွါ

MDY HanuMan Thai တိုင်းရင်းဆေးကပ်ခွါ ဟာနုမာန်ဆေးကပ်ခွါနဲ့လိမ်းဆေးအဆီ 09797163785

ခြေဖဝါးများထုံကျင်ကိုက်ခဲနေရင်……၁) အိပ်ခါနီးချိန်မှာ ရေနွေးဆားရည်စိမ်လုပ်ပေးနိုင်ပါတယ်။ ၂) အိပ်ခါနီးတိုင်းမှာ ခြေဖဝါးအပေ...
02/02/2025

ခြေဖဝါးများထုံကျင်ကိုက်ခဲနေရင်……

၁) အိပ်ခါနီးချိန်မှာ ရေနွေးဆားရည်စိမ်လုပ်ပေးနိုင်ပါတယ်။

၂) အိပ်ခါနီးတိုင်းမှာ ခြေဖဝါးအပေါ်အောက်ကို ၁၀-၁၅ မိနစ်ခန့် အသာယာ နှိပ်နယ်ပေးနိုင်ပါတယ်။

၃) ညအိပ်ခါနီးချိန်မှာ “ ဟာနုမာန် ” ကပ်ခွါ ကပ်အိပ်နိုင်ပါတယ်။


(ညအချိန်တွင် ဆီးသွားခြင်း)---------------------------------------* Nocturia ဆိုသည်မှာ ညအချိန်တွင် ဆီးသွားခြင်းသည် ဆီးအိမ...
01/02/2025

(ညအချိန်တွင် ဆီးသွားခြင်း)
---------------------------------------
* Nocturia ဆိုသည်မှာ ညအချိန်တွင် ဆီးသွားခြင်းသည် ဆီးအိမ်ကြောင့်မဟုတ်ဘဲ နှလုံးပျက်ကွက်ခြင်း၏ လက္ခဏာဖြစ်သည်။

Shivpuri ၏နာမည်ကြီးဆရာဝန် ဒေါက်တာ Bansal က nocturia သည် အမှန်တကယ်အားဖြင့် နှလုံးနှင့် ဦးနှောက်ဆီသို့ သွေးစီးဆင်းမှုပိတ်ဆို့ခြင်း၏ လက္ခဏာတစ်ခုဖြစ်ကြောင်း ရှင်းပြသည်။

အရွယ်ရောက်ပြီးသူများနှင့် သက်ကြီးရွယ်အိုများသည် ညဘက် မကြာခဏ အိပ်ရာထရသောကြောင့် ဆီးသွားခြင်းကို အများဆုံးခံစားရသည်။ သက်ကြီးရွယ်အိုများသည် အိပ်ရေးပျက်မည်ကို စိုးရိမ်သောကြောင့် ညအိပ်ရာမဝင်မီ ရေသောက်ရန် ရှက်တတ်ကြသည်။ ရေသောက်လျှင် ဆီးသွားရန် အဖန်ဖန်ထရမည်ဟု ထင်ကြသည်။ အိပ်ရာမဝင်မီ သို့မဟုတ် ညဘက် ဆီးသွားပြီးနောက် ရေမသောက်ခြင်းသည် အရွယ်ရောက်ပြီးသူများနှင့် သက်ကြီးရွယ်အိုများတွင် မကြာခဏ နှလုံးဖောက်ပြန်ခြင်း သို့မဟုတ် လေဖြတ်ခြင်းတို့ကို ဖြစ်စေသည့် အဓိကအကြောင်းအရင်းဖြစ်သည်။

အမှန်တော့ nocturia ဆိုသည်မှာ မကြာခဏ ဆီးသွားခြင်း သည် ဆီးအိမ်၏ လုပ်ဆောင်ချက် ပြဿနာ မဟုတ်ပေ။ အသက်ကြီးလာသည်နှင့်အမျှ နှလုံးသည် ခန္ဓာကိုယ်အောက်ပိုင်းမှ သွေးများကို မစို့နိုင်တော့သောကြောင့် အသက်ကြီးလာသောအခါတွင် နှလုံး၏လုပ်ဆောင်မှု ကျဆင်းလာခြင်းကြောင့်ဖြစ်သည်။

ထိုသို့သောအခြေအနေမျိုးတွင် ကျွန်ုပ်တို့သည် မတ်တပ်ရပ်နေသည့်အချိန်၌ သွေးစီးဆင်းမှုမှာ ပို၍ ကျဆင်းလာပါသည်။ နှလုံးအားနည်းပါက နှလုံးအတွင်း သွေးပမာဏ မလုံလောက်ဘဲ ခန္ဓာကိုယ်အောက်ပိုင်းရှိ ဖိအားများ တိုးလာပါသည်။ ထို့ကြောင့် အရွယ်ရောက်ပြီးသူများနှင့် သက်ကြီးရွယ်အိုများသည် နေ့ဘက်တွင် ခန္ဓာကိုယ်အောက်ပိုင်း၌ ရောင်ရမ်းလာကြသည်။ ညဘက်အိပ်တဲ့အခါ ခန္ဓာကိုယ်အောက်ပိုင်းဟာ ဖိအားကနေ သက်သာရာရတဲ့အတွက် တစ်ရှူးတွေထဲမှာ ရေအများကြီး သိုလှောင်ထားရပါတယ်။ ဒီရေက သွေးထဲကို ပြန်ဝင်လာတယ်။ ရေများလွန်းရင် ကျောက်ကပ်က ရေကို ခွဲထုတ်ပြီး ဆီးအိမ်ထဲက တွန်းထုတ်ဖို့ ပိုကြိုးစားရပါလိမ့်မယ်။ ဤသည်မှာ nocturia ၏အဓိကအကြောင်းရင်းများထဲမှတစ်ခုဖြစ်သည်။ ဒါကြောင့် အိပ်ရေးဝအောင်အိပ်ချိန်နဲ့ အိမ်သာပထမဆုံးအကြိမ်သွားတဲ့အခါ သုံးလေးနာရီလောက်ကြာတတ်ပါတယ်။ အဲဒီနောက်မှာတော့ သွေးထဲမှာ ရေတွေ တစ်ဖန်ပြန်တက်လာတဲ့အခါ၊ သုံးနာရီကြာပြီးနောက် အိမ်သာကို ပြန်သွားရပါမယ်။

အခု မေးစရာရှိလာတာက ဦးနှောက်လေဖြတ်ခြင်း ဒါမှမဟုတ် နှလုံးဖောက်ခြင်းရဲ့ အရေးကြီးတဲ့ အကြောင်းရင်းတစ်ခု ဘာကြောင့်ဖြစ်တာလဲ။
အဖြေကတော့ နှစ်ကြိမ်သုံးကြိမ် ဆီးသွားပြီးနောက် သွေးထဲမှာ ရေအလွန်နည်းပါတယ်။ အသက်ရှုခြင်းဖြင့်လည်း ခန္ဓာကိုယ်၏ရေဓာတ်ကို လျော့ကျစေသည်။ ၎င်းသည် သွေးများ ထူလာပြီး စေးကပ်လာကာ အိပ်နေစဉ် နှလုံးခုန်နှုန်း နှေးကွေးသွားစေသည်။ သွေးကြောများ ကျဉ်းလာပြီး သွေးစီးဆင်းမှု နှေးကွေးခြင်းကြောင့် သွေးကြောများ ပိတ်ဆို့သွားခြင်း...

အရွယ်ရောက်ပြီးသူများနှင့် သက်ကြီးရွယ်အိုများသည် နံနက် ၅ နာရီမှ ၆ နာရီအတွင်း နှလုံးဖောက်ခြင်း သို့မဟုတ် သွက်ချာပါဒဖြစ်တတ်သည့် အကြောင်းရင်းဖြစ်သည်။ ဤအခြေအနေတွင် သူတို့သည် အိပ်ပျော်ရင်း သေသွားကြသည်။

လူတိုင်းကို ပထမဆုံးပြောရမယ့်အချက်ကတော့ nocturia ဟာ ဆီးအိမ်ရဲ့ ချို့ယွင်းချက်မဟုတ်သလို အိုမင်းရင့်ရော်မှုပြဿနာလည်း ဖြစ်ပါတယ်။ နောက်တစ်ခုပြောချင်တာက အိပ်ရာမဝင်ခင်မှာ ကြက်သီးနွေးရေသောက်ပြီး ညဘက် ဆီးသွားတဲ့အခါ နောက်တစ်ကြိမ် ထပ်သောက်သင့်ပါတယ်။ nocturia ကိုမကြောက်ပါနဲ့။ ရေများများသောက်ပါ ရေမသောက်ရင် သေစေနိုင်ပါတယ်။

တတိယအချက်ကတော့ နှလုံးရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့အတွက် ပုံမှန်အချိန်အတွင်းမှာ လေ့ကျင့်ခန်း များများလုပ်သင့်ပါတယ်။ လူ၏ခန္ဓာကိုယ်သည် အလွန်အကျွံအသုံးပြုပါက ယိုယွင်းပျက်စီးသွားမည့်စက်မဟုတ်သော်လည်း ဆန့်ကျင်ဘက်အနေနှင့်၊ အသုံးပြုလေလေ၊ အားကောင်းလေလေဖြစ်သည်။ ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ အထူးသဖြင့် ကစီဓာတ်များသော အစားအစာများနှင့် အကြော်များ မစားပါနှင့်။

ဤဆောင်းပါးကို လူကြီးမင်း၏ သက်ကြီးရွယ်အို သူငယ်ချင်းများနှင့် မျှဝေပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ သက်ကြီးရွယ်အိုများအတွက် အလွန်အရေးကြီးပါသည်။ ဤသည်မှာ ကျန်းမာရေးပြဿနာနှင့်ပတ်သက်သည့် ဒေါက်တာဘန်းဆာ၏ စိတ်ဝင်စားစရာကောင်းပြီး ဗဟုသုတရဖွယ်ကောင်းသော ဆောင်းပါးတစ်ပုဒ်ဖြစ်သည်.. *Nocturia*။

Credit

သက်ကြီးရွယ်အိုများအတွက် အထူးရည်ညွှန်းထားသောကြောင့် ဖတ်မိစေရန် ကူးယူမျှဝေပေးလိုက်ပါသည်။...

31/01/2025

အခွင့်အလမ်းမြင်တဲ့သူတွေတော့pro;တွေယူကုန်ပြီ😍😍

သွေးတွေ သန့်စင်ပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့စားသင့်တဲ့ အစားအစာ(၇)မျိုးခန္ဓာ...
27/01/2025

သွေးတွေ သန့်စင်ပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့
စားသင့်တဲ့ အစားအစာ(၇)မျိုး

ခန္ဓာကိုယ်က အလုပ်တွေ အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ သွေးတွေကို လိုအပ်ပါတယ်။
သွေးမှာ ညစ်ပတ်တဲ့ သွေးရယ်လို့တော့ မရှိပါဘူး။ ဒါပေမယ့် သွေးဆဲလ်တွေ ကျန်းမာနေမှ သွေးနဲ့ ပတ်သက်တဲ့ ရောဂါတွေ ကင်းမှာ ဖြစ်ပါတယ်။

ကျောက်ကပ်နဲ့ ဘေလုံးက သွေးတွေကို သန့်စင်ပေးဖို့ အဓိက တာဝန် ယူထားကြပြီး ဒီအစိတ်အပိုင်းတွေကနေ သွေးတွေကို အကောင်းဆုံး သန့်စင်ပေးနိုင်ဖို့ အစားအသောက် အနေအထိုင်တွေကနေ
တဆင့် အားဖြည့်ပေးလို့ ရပါတယ်။

သွေးတွေ သန့်စင်ပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်း ဆောင်တာ တွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ဆိုရင်

✅✅✅သောက်ရေ

ရေက သဘာဝ အဆိပ်အတောက် ဖယ်ရှာပေးတဲ့အရာပါ။ ရေက ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်မှုကို ကောင်းစေပါတယ်။ အဆိပ်တွေကို ဆီးကနေတဆင့် စွန့်ထုတ်ပေးသလို ခန္ဓာကိုယ်အနှံ့ကို ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပို့ဆောင်ပေးပါသေးတယ်။

✅✅✅သံပုရာရည်

သံပုရာရည်က သွေးသန့်စေသလို အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ သံပုရည်မှာပါတဲ့ ဗီတာမင်စီက ဓာတ်တိုးဆန့်ကျင်သတ္တိရှိတာကြောင့် ဆဲလ်တွေကို ကျန်းမာစေပါတယ်။

သွေးထဲမှာ ဗိုင်းရပ်စ် အများစု မရှင်သန်နိုင်စေဖို့ လုပ်ဆာင်ပေးပြီး pathogens တွေကို ဖယ်ရှားပေးပါတယ်။ မနက်ခင်း အစားမစားခင် ရေနွေးထဲကို သံပုရည် ညှစ်ထည့်ပြီး သောက်ပေးတာက သွေးသန့်စေမှာပါ။

✅✅✅ပင်စိမ်း

ပင်စိမ်းက ဘက်တီးရီးယားကို တိုက်ဖျက်ပေးနိုင်သလို ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ပင်စိမ်းရဲ့ နောက်ထပ် အာနိသင်တစ်ခုက သွေးသန့်စေတာပါ။ အသည်းနဲ့ ကျောက်ကပ်က အဆိပ်အတောက်တွေကိုလည်း အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။

ပင်စိမ်းက ဆီးကနေတဆင့် သွေးထဲက အဆိပ်အတောက်တွေကို စွန့်ထုတ်ပေးပါတယ်။ ရေနွေးဆူဆူထဲကို ရေစင်အောင် ဆေးထားတဲ့ ပင်စိမ်းရွက် ၆ ရွက်ကနေ ၈ ရွက်လောက် ထည့်စိမ်ပြီး သောက်ပေးလို့ ရပါတယ်။

✅✅✅နနွင်း

နနွင်းက အနာကျက်စေနိုင်သလို သွေးတွေကိုလည် သန့်စင်ပေးနိုင်ပါတယ်။ သွေးနီဥဆဲလ်တွေကို ဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်ကို ကျန်းမာစေပါတယ်။

နို့ပူပူတစ်ခွက်ထဲကို နနွင်း လက်ဖက်ရည်ဇွန်း တဝက်စာထည့်ပြီး သောက်ပေးလို့ ရပါတယ်။

✅✅✅ပန်းဂေါ်ဖီစိမ်း

ဗီတာမင် C၊ omega-3 fatty acids၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ phosphorus၊ မဂ္ဂနိစ်တို့ ကြွယ်ဝတဲ့ ပန်းဂေါ်ဖီစိမ်းကလည်း သွေးတွင်း အဆိပ်
အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးပါတယ်။

✅✅✅ဘလူးဘယ်ရီ

ဘလူးဘယ်ရီသီးလေးတွေက သွေးသန့်ပေးသလို အသည်းကိုလည်း သန့်စင်ပေးပါတယ်။ အသည်းကင်ဆာဆဲလ်တွေ ဖြစ်မလာစေဖို့လည်း ဟန့်တားပေးပါတယ်။

✅✅✅ထန်းလျက်

ထန်းလျက်ကလည်း သွေးသန့်ပေးနိုင်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ သွေးကြောထဲက ‌သွေးထဲတွေကို ကူညီဖယ်ရှားပေးနိုင်တာကြောင့် သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။

ဒီအစားအစာတွေကတော့ သွေးသန့်စေတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။
⚠️⚠️⚠️သွေးသန့်စေတယ်ဆိုပေမဲ့ တန်ဆေး
လွန်ဘေး ဖြစ်နိုင်တာကြောင့် အလွန်အကျွံ မစားဖို့တော့ လိုပါတယ်။

; မူရင်း‌ေရးသားသူအား လေးစားလျက်
Crd

ဖြည့်စွက်စာတွေဝယ်မသောက်နိုင်လျှင်သော်လည်းကောင်း/ကျောက်ကပ်ထိမှာစိုး၍ဆေးအများကြီးမသောက်ချင်လျှင်သော်လည်းကောင်း  ဆရာမကြီး ဒ...
26/01/2025

ဖြည့်စွက်စာတွေဝယ်မသောက်နိုင်လျှင်
သော်လည်းကောင်း/ကျောက်ကပ်ထိမှာစိုး၍
ဆေးအများကြီးမသောက်ချင်လျှင်သော်လည်းကောင်း
ဆရာမကြီး ဒေါက်တာ ဒေါ်ခင်နွယ်ဝင်းက
(To A Better Health)
သဘာဝနည်းလေးတွေကို ဒီလို ပြောပြထားပါတယ်။

၁. Vitamin D အတွက် မနက်ခင်း နေရောင်ခြည်
ခံပေးပါ။ နေပူထဲမှာ နာရီဝက်လောက်နေပါ။
အိမ်အပြင်ထွက်ရမှာဖြစ်ပါတယ်။
အိမ်ထဲမှာနေပြီး လှမ်းမရပါ။
အိမ်ပြင်မှာUltra violet B ray
ရနိုင်လို့ ဖြစ်ပါတယ်။
Vitamin D ရဖို့ B ray လိုပါတယ်။
အိမ်ထဲမှာ ပြတင်းပေါက်ကနေတဆင့် ရသော
နေရောင်ခြည်မှာ A ray သာ ဖြစ်ပါတယ်။
B ray က ပြတင်းပေါက်ကို မဖောက်နိုင်ပါ။
A ray က Vitamin D မလုပ်နိုင်ပါ။

၂. အပြင်ထွက်ရင်း တလက်စတည်း မြေကြီးဓာတ်ကိုပါ
ယူလိုက်ပါ။ မြေကြီးမှာ electron ဓာတ်တွေ
အများကြီးရှိတာကတစ်ကြောင်း၊ သူတို့တွေက
ဝါယောဓာတ်တွေ ဖြစ်တာမို့ ရွေ့လျားနိုင်ပါတယ်။
များတဲ့နေရာကနေ နည်းတဲ့နေရာကို
ရွေ့လျားတတ်တာကြောင့် မြေကြီးကနေ
ခန္ဓာကိုယ်ထဲကိုဝင်နိုင်ပါတယ်။
စိုနေတဲ့မြက်ခင်းဆိုရင် အင်မတန်
သင့်တော်ပါတယ်။
အစိုဓာတ်ရှိရင် စီးဝင်ခြင်းဟာ ပိုပြီး
ထိရောက်ပါတယ်။
ဖိနပ် မစီးရပါ။ ဒီ electron ဓာတ်ဟာ ခန္ဓာကိုယ်
ယောင်ကိုင်းခြင်းကို သက်သာစေနိုင်ပါတယ်။
သဘာဝ antioxidants တွေ ဖြစ်ပြီး
သွေးကိုလည်းကျဲစေတတ်တာကြောင့်
လေဖြတ်ထားသူများ၊
နှလုံးသွေးကြောပိတ်သူများ အတွက်
အလွန်သင့်တော်ပါတယ်။

၃. D3 နဲ့ အတူသောက်ခိုင်းတဲ့ Vitamin K2 ကို
သဘာဝနည်းနဲ့ အရယူကြရအောင်။
- ရှမ်းတို့ဖူး (Natto)(Plant based MK7)
- ကလီစာဟင်း (Animal based MK4 )
- ကြက်ဥအနှစ် (Animal Based MK4)

၄. Probiotics အလှမ်း မမှီနိုင်ရင်
- ချဉ်ဖတ် စားပါ။
- ဒိန်ချဉ် စားပါ။
- ဗမာအချဉ်ရော၊ ရှမ်းချဉ်ရော အလွန်
ကောင်းပါတယ်။

၅. နနွင်းကို ( အုန်းဆီ/သံလွင်ဆီ ) နဲ့ သောက်ပါ။

၆. အသီးအနှံနှင့်အစိမ်းရောင်အရွက်များများစားပါ။

၇. အရိုးပြုတ်ရည် သောက်ပါ။
( ကြက်ရိုး၊ အမဲရိုး၊ ဆိတ်ရိုး..)

၈. ရှားစောင်းလက်ပတ် စားပါ။
အူလမ်းကြောင်းပြုပြင်ရေးအတွက်
ကောင်းပါတယ်။

၉. အုန်းရည် သောက်ပါ။
သတ္တုဓာတ်မျိုးစုံရမှာဖြစ်ပါတယ်။

၁၀. နွယ်ချိုက အူကျန်းမာရေးအတွက်
ကောင်းပါတယ်။

၁၁. ဆားခါးရေ စိမ်ပါ။ Magnesium
အလှမ်းမမှီသူများအတွက်ပါ။

၁၂. သစ်ကြားသီး စားပါ။
Plant based Omega3 ရပါတယ်။

၁၃. တတ်နိုင်ရင် တစ်ခါတရံ
အဆီများသော ငါး စားပါ။

၁၄. အချဉ်ဓာတ် VitaminC ရစေရန် ငရုတ်ပွသီး၊
သံပုရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး၊ လိမ္မော်သီး၊
ကျွဲကောသီး၊ မာလကာသီး၊ ကီဝီသီး၊
ဘယ်ရီသီးအမျိုးမျိုး၊ပန်းဂေါ်ဖီစိမ်း၊
ကင်ပွန်း ချဉ်ချဉ်ပေါင်ရွက် အစရှိသည်
တို့ကို စားသုံအာလူးနဲ့ကန်စွန်းဥတို့မှာလည်း ဓာတ်တွေပါဝင်ပါတယ် )

၁၅. Zinc ဇင့်ဓာတ်ရရှိစေရန် ပင်လယ်စာနဲ့
အနီရောင်အသားများ၊ ကြက်ဥ၊ နို့နှင့်နို့ထွက်
ပစ္စည်းများ၊ အုတ်ဂျုံ၊ ပဲအမျိုးမျိုး၊ မှို၊ ကညွတ်၊
ကိုက်လန်၊ ရုံးပတီသီး၊ ပန်းပွင့်စိမ်း၊ ဟင်းနုနယ်၊
ပြောင်းဖူးစသောဟင်းသီးအရွက်များနှင့်ကွာစေ့၊
ဖရုံစေ့ ကဲ့သို့သော အစေ့အဆန်များ စားသုံးပါ။

၁၆. Anti-viral အနေဖြင့် ဂျင်း၊ ကြက်သွန်နီ၊
ကြက်သွန်ဖြူ၊ နနွင်း၊သစ်ကြံပိုးများစားသုံးပေး၍
ရေနွေးကြမ်း green teaသောက်ပါ။
ရေများများသောက်ပါ။
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ နေ့စဉ်
အနည်းဆုံး ၁၅မိနစ် ပုံမှန် ပြုလုပ်ပါ။

💠 စိမ်းစားဥ or ပဲစိမ်းစားဥ 💠စိမ်းစားဥဆိုရင် ချိုအေးတဲ့အရသာလေးကို နှစ်သက်ကြပါတယ်။ ဒါပေမဲ့ အတော်များများရဲ့အတွေးမှာ စွဲနေအ...
26/01/2025

💠 စိမ်းစားဥ or ပဲစိမ်းစားဥ 💠

စိမ်းစားဥဆိုရင် ချိုအေးတဲ့အရသာလေးကို နှစ်သက်ကြပါတယ်။ ဒါပေမဲ့ အတော်များများရဲ့အတွေးမှာ စွဲနေအောင်နေရာယူထားတာက စိမ်းစားဥက မတည့်တာများတယ်ဆိုပြီး သိပ်မစားရဲကြတာပါ။

💠 အမှန်က သူ့ရဲ့အပင်တပင်လုံးမှာ စိမ်းစားဥက စားလို့ဘေးအကင်းဆုံးပါ။ အရွက်၊ အပွင့်၊ အပင်နွယ်တွေမှာက သဘာဝပိုးသတ်ဆေးအာနိသင်ရှိတဲ့ rotenone ပါလို့ အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။

💠 အရည်ရွှမ်းပြီး စားလို့ကောင်းတဲ့ စိမ်းစားဥဟာ အာဟာရဓါတ်တွေနဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေအပြည့်ပါနေတာလည်း စိမ်းစားဥကြိုက်သူတွေအတွက် ဆုလာဘ်တခုပါ။

💠 စိမ်းစားဥ အကြီးတလုံးမှာ ၄၉ ကယ်လိုရီ၊ အမျှင်ဓါတ် ၆ ဂရမ်၊ ပရိုတင်း ၁ ဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၁၁ ဂရမ်၊ သကြားဓါတ် ၂ဂရမ်၊ ဗီတာမင် C ၂ မီလီဂရမ်၊ ပိုတက်ဆီယမ် ၁၈၀ မီလီဂရမ်၊ မဂ္ဂနိစ် ၁ မီလီဂရမ်၊ သံဓါတ် ၇ မီလီဂရမ်၊ မဂ္ဂနီဆီယမ် ၄ မီလီဂရမ်၊ဖောလိတ် ၄ မိုက်ခရိုဂရမ် ပါဝင်ပါတယ်။

💠 အမျှင်ဓာတ်ကြွယ်ဝခြင်း

စိမ်းစားဥက အာလူးတို့၊ တရုတ်မုန်လာတို့နဲ့ယှဉ်ရင် ကစီဓာတ်၊ သကြားနဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ်တွေ ပိုနည်းပါတယ်။ သူ့မှာ အမျှင်ဓာတ်ပါဝင်မှုက မြင့်မားတာမို့ ပန်းကန်လုံးတလုံးစာပမာဏ စားမယ်ဆိုရင် တနေ့တာလိုအပ်တဲ့ အမျှင်ဓာတ် ၂၅ ရာခိုင်နှုန်းကို ရနိုင်ပါတယ်။

💠 Prebiotic ရရှိနိုင်ခြင်း

Prebiotic ဆိုတာ အူတွင်းအကျိုးပြုဘက်တီးရီးယားလေးတွေကို အားဖြည့်ထောက်ပံ့ပေးတဲ့ အမျှင်ဓာတ်တမျိုးဖြစ်ပါတယ်။ စိမ်းစားဥမှာ oligofructose inulin လို့ခေါ်တဲ့ prebiotic တမျိုး ပါဝင်ပါတယ်။ သူဟာ အစာခြေစနစ်က မချေဖျက်နိုင်တဲ့ အမျှင်ဓာတ်ဖြစ်ပြီး အူလမ်းကြောင်းထဲရောက်တဲ့အခါ အစာခြေစနစ်အင်္ဂါအစိတ်အပိုင်းတွေကို အကျိုးကျေးဇူးတွေ အများကြီးပေးနိုင်ပါတယ်။

💠 ကိုယ်အလေးချိန်နဲ့ သွေးတွင်းသကြားကို ထိန်းညှိပေးနိုင်ခြင်း

စိမ်းစားဥမှာ အမျှင်ဓာတ်များပြီး glycemic index ညွှန်းကိန်းနိမ့်တာမို့ ဆီးချိုသမားတွေ စားလို့ရတယ်၊ ကိုယ်အလေးချိန်ကျချင်တဲ့သူတွေလည်း စားလို့ရတယ်။ အမျှင်ဓာတ်များတဲ့ အစားအစာတွေက အစာစားချင်စိတ်ကို ထိန်းညှိရာမှာ အထောက်အကူပေးပါတယ်။

💠 ကိုယ်ခံအားရဲ့ လုပ်ဆောင်ချက်ကို ပိုကောင်းစေခြင်း

တန်ဖိုးရှိတဲ့ prebiotics တွေပါဝင်တဲ့ စိမ်းစားဥဟာ အစာခြေစနစ်နဲ့အူလမ်းကြောင်းအတွင်းက အကျိုးပြုဘက်တီးရီးယားလေးတွေအတွက် အားဖြည့်ပေးတာကြောင့် ရောဂါပိုးကာကွယ်နိုင်စွမ်းကို ပိုကောင်းစေပါတယ်။ ဗီတာမင်နှင့်သတ္တုဓာတ်များပါရှိသည့်ပြင်၊ ပြင်ပရောဂါကူးစက်ခြင်းမှ ကာကွယ်ပေးသော စိမ်းစားဥကို စားပေးခြင်းဖြင့် ကိုယ်ခံစွမ်း အားကို တိုးတက်မြင့်မားစေကြောင်း USDA မှအကြံပြုထားပါသည်။

💠 နှလုံးကျန်းမာစေခြင်း

စိမ်းစားဥမှာ ရေဓာတ်နဲ့ အာဟာရဓာတ်ပါဝင်မှုများတဲ့အပြင် နှလုံးသွေးကြောကျန်းမာရေးကို ပိုကောင်းစေပါတယ်။ ကိုလက်စထရောကိုလည်း ကျစေနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက သွေးကြောကျန်းမာရေးကို ကောင်းစေပြီး ရောင်ရမ်းမှုကို လျော့ကျစေတယ်၊ ကိုလက်စထရောမြင့်တက်ခြင်း၊ သွေးတိုး၊ ဆီးချိုတို့လို နာတာရှည်ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။ ကယ်လိုရီလုံး၀မပါရှိသောကြောင့် စိမ်းစားဥကိုစားပေးခြင်းဖြင့်၊ ကိုလက်စထရောပမာဏကိုမျှတစေကာ၊ နှလုံးရောဂါများအပြင်၊ နှလုံးရောဂါနှင့်စပ်လျဉ်းသည့် သွေးတိုးရောဂါတို့ကိုလဲ မဖြစ်စေပါ။

💠 အရိုးကျန်းမာရေးကို ထောက်ပံ့ပေးခြင်း

စိမ်းစားဥမှာပါတဲ့ oligofructose inulinဟာ သတ္တုဓာတ်ထိန်းထားနိုင်စွမ်းကို မြှင့်တင်ပေးပြီး အရိုးထုထည်လျော့ပါးမှုကို ကာကွယ်ပေးတယ်၊ ကယ်လ်စီယမ်တွေကို အရိုးထဲစုပ်ယူနိုင်စွမ်းမှာ ကူညီပေးတယ်။ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ မဂ္ဂနိစ်တို့လို အရေးပါတဲ့ဓာတ်တွေကို ထောက်ပံ့ပေးတယ်။ ဒါ့ကြောင့် အရိုးပွအရိုးပါးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။

💠 ဆီးချိုသမားများ စားသုံးနိုင်ခြင်း

စိမ်းစားဥထဲတွင်ပါရှိသော oligofructose inulin (ခေါ်) သဘာ၀အချိုအရသာ ကစီဓာတ်ပါရှိ၏။ ထိုအချိုဓာတ်ပါရှိသော စိမ်းစားဥကို သင့်တင့်မျှတသောပမာဏ စားသုံးပေးခြင်းဖြင့် ဆီးချို/ သွေးချိုရောဂါသည်များကို ဘေးဥပါဒ်မဖြစ်စေနိုင်ဘဲ အာသာပြေနှုတ်မြိန်စေပါသည်။

💠 ရာသီတုပ်ကွေးဖျားအတွက်သင့်တော်ခြင်း

ဗီတာမင်စီလုံလောက်စွာပါရှိသဖြင့် အအေးမိ၊ နှာစေး၊ ချောင်းဆိုးစသော ကူးစက်နာရာသီဖျားများအပြင်၊ အထူးသဖြင့် ကလေးငယ်များ ပန်းနာရင်ကြပ်ရောဂါကို လျော့ပါးသက်သာလာစေနိုင်ပါသည်။

💠 ကင်ဆာရောဂါမှကာကွယ်ခြင်း

စိမ်းစားဥထဲတွင်ပါရှိသော ဗီတာမင်စီက ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ်အစွမ်းထက်စေကာ၊ ခန္ဓာကိုယ်ထဲရှိ အန္တရာယ်ဖြစ်စေသော ဖရီးရယ်ဒီကယ်လ်များကို တိုက်ထုတ်ပေးနိုင်သောကြောင့် ကင်ဆာရောဂါမှ ကာကွယ်ပေးပါသည်။

💠 စိမ်းစားဥသည် ခန္ဓာကိုယ်ထဲရှိ ဆံချည်မျှင်သွေးကြောများကို အလွယ်တကူ မပျက်စီးစေဘဲ၊ ကျန်းမာသန်စွမ်းစေပါသည်။

💠 စိမ်းစားဥထဲတွင် Homocysteine (ခေါ်) အမိုင်နိုအက်ဆက်တစ်မျိုးပါရှိသည့်အတွက် စိမ်းစားဥပုံမှန်စားသုံးသောသူများသည် စိမ်းစားဥလုံး၀မစားသောသူများထက် ခန္ဓာကိုယ်ဇီ၀ကမ္မဖြစ်စဉ်ကို ၁၁ % ထိ တိုးတက်ကောင်းမွန်စေကြောင်း WHFoods မှ အတည်ပြုထားပါသည်။

💠 ရေငတ်ပြေစေပြီး ဆီးရွှင်စေခြင်း

စိမ်းစားဥထဲတွင် ရေဓာတ် ၈၆% မှ ၉၀% ထိ ကြွယ်၀စွာပါရှိသောကြောင့်၊ ရေငတ်ပြေစေကာ၊ ခန္ဓာကိုယ်တွင်း အပူရှိန်ကို လျော့ပါးသက်သာစေနိုင်ပါသည်။ ဆီးလဲ ရွှင်စေပါသည်။

💠 သွားကျန်းမာရေးအတွက်အထောက်အကူဖြစ်စေခြင်း

စိမ်းစားဥ၏ အလွန်ကြွပ်ဆပ်သောအသားများက သွားများတွင် အစွန်းအထင်းဖြစ်စေသောမော်လီကျူးများကို ကောင်းစွာ ချေဖျက်ပေးသဖြင့်၊ သွားများဖြူဖွေးသန့်စင်စေရုံသာမက၊ သွားကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်ပါသည်။

💠 အရေပြားကျန်းမာရေးကိုကောင်းမွန်စေခြင်း

ကိုယ်တွင်းကျန်းမာရေးအတွက်သာမက၊ ခန္ဓာကိုယ်အသားအရေကိုပါ ကောင်းကျိုးပြုစေနိုင်၏။ စိမ်းစားဥကို ပါးပါးလှီးပြီး မျက်နှာ အနှံ့ကပ်ပါ။ စိမ်းစားဥ၏ အအေးဓာတ်ပျောက်သွားသောအခါ မျက်နှာမှခွာပြီး၊ ရေစင်စင်ဆေးပေးရုံမျှဖြင့် မျက်နှာပေါ်ရှိဆဲလ် အသေများကို ဖယ်ရှားပေးပြီး ချွေးပေါက်များကိုပွင့်စေကာ၊ အသားအရေ ကြည်လင်သန့်စင်လာပါလိမ့်မည်။

🙅သတိပြုရန်။

🙅 စိမ်းစားဥ နှင့်နို့/ချောကလက်/ချိုချဉ်/သပွတ်သီး/ရှောက်သီး တို့ဖြင့်တွဲ၍မစားသင့်ပါ၊ အော့အန်တတ်ပါသည်။

🙅 စိမ်းစားဥသည် ရေခဲချောင်းနှင့်မတည့်ပါ။ ရင်ကြပ်စေပါသည်။

🙅 စိမ်းစာဥထဲတွင် ကျေညက်လွယ်သော အမျှင်ဓာတ်ပါရှိသော်လဲ၊ လိုအပ်သည်ထက် ပိုစားမိပါက၊ လေပွစေနိုင်သောကြောင့် ၀မ်းမီးညံ့သူများနှင့် သက်ကြီးရွယ်အိုတို့ မျှတရုံသာ စားပေးသင့်ပါသည်။

🙅 သဘာ၀အရ မြေကြီးထဲတွင် ဥဥသော အသီးဖြစ်သဖြင့်၊ ကပ်ပါးပိုးမွှားများအန္တရာယ်မှ ကင်းဝေးစေအောင် အခွံနွှာရုံသာမက၊ ရေစင်စင် ဆေးပြီးမှသာ စားသုံးသင့်ပါသည်။

မှတ်ချက်။
သန့်ရှင်းလတ်ဆတ်သောစိမ်းစားဥ၏ အင်္ဂါရပ်များမှာ-

💠 လက်ဖြင့်ကိုင်မြှောက်ကြည့်ပါက လေးလံနေ၏။
💠 အသီး၏ အပင်ကိုင်းသည်စိမ်းစိုနေရပါမည်။
💠 အခွံမခြောက်သင့်ပါ။

ယခုလို အေးမြ သောဆောင်းရာသီတွင် ခန္ဓာကိုယ်တွင်းအပူအောင်းကာ၊ လည်ချောင်းကွဲ အပူကန်ဖျားနားခြင်းကင်းဝေးအောင် ရေဓာတ်ကြွယ်ကာ ခန္ဓာကိုယ်တွင်းအေးမြစေသော စိမ်းစားဥကို ဟင်းလိုတမျိုး၊ သွားရည်စာလိုတဖုံ စားသုံးကြစေလိုပါကြောင်း။

ခုဆို အရမ်းတန်တဲ့pro; ရနေပါပြီရှင့်
26/01/2025

ခုဆို အရမ်းတန်တဲ့pro; ရနေပါပြီရှင့်

အရိုးပြုတ်ရည် ဆိုတာ သဘာဝကော်လာဂျင်ဟင်းရည်ပါ...အရိုး ၊ အဆစ်အတွက် ကောင်းတယ် အသားအရေတွန့်တာလျော့ပါးပြီးနုပျိုစေတယ်ကိုယ်ခံအာ...
21/01/2025

အရိုးပြုတ်ရည် ဆိုတာ သဘာဝကော်လာဂျင်ဟင်းရည်ပါ...
အရိုး ၊ အဆစ်အတွက် ကောင်းတယ်
အသားအရေတွန့်တာလျော့ပါးပြီးနုပျိုစေတယ်

ကိုယ်ခံအားကောင်းစေတယ်
ကြိုက်ရာ အရိုးကို ဂျင်းနဲ့ ၂နာရီ လောက် မီးအေးအေးနဲ့ ပြုတ်ပါ
ရလာတဲ့အရည်ကို သီးသန့်သောက်လည်းရပါတယ်

အရွက်၊ အသားစုံအောင်ထည့်သောက်လည်းရပါတယ်
တပတ် ၂ကြိမ် ၃ကြိမ် သောက်ပေးခြင်းဖြင့် ၁၀နှစ်လောက်တော့ နောက်ဆုတ်ထားနိုင်ပါတယ်...
ညနေခင်းစာ ထမင်းမစားဘဲ သောက်ပေးရင် ပိုကောင်းပါတယ်
Credit

ဟာနုမာန်ထုတ်လုပ်မှု (၈) နှစ်ပြည့် Anniversary အနေဖြင့် Big Promotion 🎉🎉 ဟာနုမာန်ထုတ်ကုန်ကို အစဉ်အမြဲဆက်တိုက်အားပေးခဲ့ပါသ...
21/01/2025

ဟာနုမာန်ထုတ်လုပ်မှု (၈) နှစ်ပြည့် Anniversary အနေဖြင့် Big Promotion 🎉🎉

ဟာနုမာန်ထုတ်ကုန်ကို အစဉ်အမြဲဆက်တိုက်အားပေးခဲ့ပါသော Customers များကို အထူးကျေးဇူးတင်ပါတယ်ရှင်

အခုလို အားပေးမှုတွေကြောင့်ပဲ “ Hanuman Brand ” က အခုချိန်ထိ ရပ်တည်လာနိုင်ခဲ့တာပါရှင်

ဒါကြောင့် အစဉ်အမြဲ အားပေးလာကြသော မိတ်ဟောင်းများတွက်အော အခုမှစတင်အသုံးပြုလိုသူများတွက်အော နှစ်သစ်အထူးအထူး Promotion လေးလုပ်ပေးထားပါတယ်ရှင်

ပုံမှန်စျေးနှုန်း
ကပ်ဆေး ၁ ဗူး - ၂၃၅၀၀ ကျပ်
လိမ်းဆေး ၁ ဗူး - ၂၃၅၀၀ ကျပ်

ယခု အထူး Promotion
ကပ်ဆေး ၁၀ ဗူး (သို့)
ကပ်ဆေး + လိမ်းဆေး ( ၂မျိုးပေါင်းယူလဲရ) - ၂၀၀၀၀၀ ကျပ် ( အပိုဆောင်း ၁ ဗူး ၂၃၅၀၀ တန် လက်ဆောင် )

#စျေးအရမ်းတန်ပြီမို့လက်သွက်ထားမှနော်😊




Ph;09797163785

နေမကောင်းလို့  ဆေ:သောက်လဲမပျောက်ဘဲ ညောင်းညာကို*က်ခဲနေတာ  ယူပစ်သလို ပျောက်နည်းလေး ဖတ်ရန်တမိနစ်______________အိမ်တွင်းကုထု...
20/01/2025

နေမကောင်းလို့ ဆေ:သောက်လဲမပျောက်ဘဲ ညောင်းညာကို*က်ခဲနေတာ ယူပစ်သလို ပျောက်နည်းလေး ဖတ်ရန်တမိနစ်
______________
အိမ်တွင်းကုထုံး တကယ်လက်တွေ့ ပါ
ပါဝင်ပစ္စည်း
ကြက်သွန်နီ ၂-လုံး
ကြက်သွန်ဖြူ ၁-လုံး
သံပုရာသီး ၂-လုံး
ဂျင်း ၂-တက်
ရှောက်ရွက်(သို့)သံပုရာရွက် ၁၀ ၁၅-ရွက်ခန့်
အားလုံးကို အိုးတစ်ခုမှာ ရောပြီး အိုးထဲ ရေတစ်ဝက်ကျော် ထည့်ပြီး ပြုတ်လိုက်ပါ။
ပွက်ပွက်ဆူလာတဲ့အခါ အိုးကို ညီတဲ့နေရာ မှာချ ဒူးထောင် ထိုင်ပြီး ၁၀-မိနစ်ခန့် စောင်ကို ခေါင်းမှ ခြေထိ တစ်ကိုယ်လုံး ခြုံထားပါ။
မသုံးတဲ့ အိုးကို ခြေခွထိုင်ပီး လုပ်ရင် ပိုကောင်းပါသည်။
ချွေးတွေ တစ်ကိုယ်လုံး ရေလောင်းထားသလို ချွေးထွက်လာပါမယ်။
တော်တော်ကို နေလို့ကောင်းသွားတယ်။ ညောင်းညာ ကို*က်ခဲတာ အကုန်ပျောက်။
မသွန်ပစ်ဘဲ ၅-ခါ ၆-ခါ လုပ်လို့ ရပါ တယ်။
ပူအောင် ပြန်နွှေးရမှာပါ... အဖျားပါ ပျောက်သွားတယ်။
ဆေ:သောက်တာ ကြာပြီ မပျောက်ဘူး
ခုမှ နေလို့ကောင်းသွားတော့တယ်။

MDY HanuMan Thai မှ ကျန်းမာရေးဗဟုသုတရစေရန်မျှဝေပါသည်


ရှားစောင်းလက်ပပ်နှင့်ပျောက်ကင်းသည့်ရောဂါများ ဖတ်ချိန်တမိနစ်__________________ကာမစိတ်ခမ်းခြောက်ရောဂါ မီးယပ်ပိန်မီးယပ်လွန်...
19/01/2025

ရှားစောင်းလက်ပပ်နှင့်ပျောက်ကင်းသည့်ရောဂါများ ဖတ်ချိန်တမိနစ်
__________________
ကာမစိတ်ခမ်းခြောက်ရောဂါ မီးယပ်ပိန်မီးယပ်လွန် မီးယပ်နည်း အဖြူဆင်း မစားချင်မသောက်ခြင်းဖြစ်ခြင်း
မူးဝေအော်အန်ခြင်း သန္ဓေပျက်ခြင်း ကျန်းမာပါလျက် သန္ဓေမတည်ခြင်း သားအိမ်အားနည်းခြင်း နို့ထွက်အားနည်းခြင်း မီးယပ်ဝေဒနာအမျိုးမျိုးနှင့် ယောင်္ကျားဒူလာ ရောဂါတို့ကို ပျောက်ကင်းပါသည်။

ဤရောဂါ အမျိုးမျိုးအတွက် ရှားစောင်းလက်ပပ်(၂၅)
ကျပ်သားကို ပျားရည်(၅၀)ကျပ်သားတွင် ထည့်၍စိမ်
ထားပြီး တစ်နေ့(၂)ဇွန်းခန့်စားပါ။ အားနည်းသူများ
သည် ရှားစောင်းလက်ပပ်ကို အခွံမနွှာဘဲ ရေစင်အောင် ဆေ:၍ နုတ်နုတ်စင်းပြီး ပျားရည်တွင်စိမ်ထားပါ။
(တစ်နည်း)ရှားစောင်းလက်ပပ် ပျားရည် ထောပတ် ထန်လျက် နွားနို့ ဤငါးမျိုးကို ဆတူရော၍ မြေအိုးနှင့်
ဖြစ်စေ ကြေးအိုးနှင့်ဖြစ်စေ အိုးသန့်သန့်နှင့် မတူးမခြစ်
အောင်ချက်ပါ။ နံနက်ည တနေ့နှစ်ဇွန်းခန့်စားပေးပါ။
(တစ်နည်း)ရှားစောင်းလက်ပပ် အနှစ်(၁)ပိဿာ ထန်း
လျက်(၅)ကျပ်သား ပျားရည်(၃၅)ကျပ်သား နွားနို့(၂၅)
ကျပ်သား ထောပတ်(၂၅)ကျပ်သား အားလုံးကို မတူးမ
ခြစ်အောင်ချက်၍ စမုန်မျိုးငါးပါးအသင့်အတင် ထည့်ပြီး
စားပါက ဆီး ဝမ်း သွေ: လေ ဓာတ်လေးပါး ညီမျှပါလိမ့်
မည်။
ရှားစောင်းလက်ပပ်ချက်ဆေ:
၁။ရှားစောင်းလက်ပပ်အတွင်းအနှစ်= ၂၅ ကျပ်သား
၂။ထန်းလျက် = ၅ ကျပ်သား
၃။ပျားရည် = ၅ ကျပ်သား
၄။ မန်ကျည့်မှည့် = ၅ ကျပ်သား
၅။ စမုန်မျိုး(၅)ပါး (၁)ပဲသားစီ = ၅ ပဲသား
အထက်ပါအချိုးအစားအတိုင်း မြေအိုးနှင့်မတူးမခြစ် အောင် ကျိုချက်ပြီး နံနက်လက်ဖက်ရည်ဇွန်းတစ်ဇွန်း
စားပါ။ မိန်းမ ယောင်္ကျား မည်သူမဆိုစားသုံးသင့်သည်။
ခန္ဓာကိုယ်ရှိ ဆီး ဝမ်း သွေ: လေ အချိုးညီညွတ်မျှတစေ
၍ လိုအပ်သည်ဓာတ်တို့ကို ပြည့်ဝစေ၍ ပိုသည်ဓာတ်
ကို ယုတ်လျော့စေပြီး ပါစက ဝမ်းမီးကိုတောက်စေ သည်။ ဤရှားစောင်းလက်ပပ်ဆေ:သည် ဖြစ်ပေါ်ဆဲ
ရောဂါ ဝေဒနာတို့ကို ပျောက်ကင်းစေပြီး မဖြစ်ပေါ်သေး သည့်ရောဂါဝေဒနာ တို့ကိုလည်း ကင်းဝေးကျန်းမာနိုင် သည်။ ယင်းဆေ:ကို အမျိုးသမီးများ မီးဖွားပြီး(၄၅)ရက် ကျော်မှ စားပါ။

crd

စပါးလင်ဆိုတာ ဒီလောက်ထိ စွမ်းပါတယ်+++++++++++++စပါးလင်ရေနွေးကြမ်း မကြာခနသောက်ဖြစ်ပါတယ် .. ရေနွေးဆူဆူ တစ်ဖန်ခွက်ထဲကို သကြာ...
18/01/2025

စပါးလင်ဆိုတာ ဒီလောက်ထိ စွမ်းပါတယ်
+++++++++++++
စပါးလင်ရေနွေးကြမ်း မကြာခနသောက်ဖြစ်ပါတယ် .. ရေနွေးဆူဆူ တစ်ဖန်ခွက်ထဲကို သကြားအနည်းငယ်နဲ့သန့်စင်ထားသော စပါးလင် ၁ချောင်းပါးပါးလှီးထည့်ပြီး , အဖုံးခနလောက် အုပ်ထားလိုက်ရုံပါပဲ .. အနေတော် ခပ်နွေးနွေး အနေအထားဖြစ်ရင် သောက်နိုင်ပါပြီ .. အရသာလည်း ကောင်းပါတယ် ..
စပါးလင်၏ ကောင်းကျိုးဂုဏ်သတ္တိ

စပါးလင်ဟာ ဗီတာမင်စီ၊ ဖောလစ်အက်စစ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ သံဓာတ်၊ထုံးဓာတ်၊ ပိုတက်ဆီယမ်၊ ဖော့စဖရပ်စ်စတာတွေကြွယ်ဝပြီး ဆေ:ဖက်ဝင်အစွမ်းသတ္တိတွေရှိပါတယ် .. အစာခြေလမ်းကြောင်းထဲမှာရှိတဲ့ မကောင်းတဲ့ဘက်တီးရီးယားနဲ့ ကပ်ပါးကောင်တွေကို ​ ေ.သစေပြီး အူမထဲက အကျိုးပြုဘက်တီးရီးယားတွေ ကို တိုးပွားစေနိုင်တာကြောင့် ကောင်းစွာ အစာချေဖျက်နိုင်ဖို့ အထောက်အကူပြုပါတယ် .. နောက်ပြီး ကိုလက်စထရောပမာဏကိုလည်း ထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ် ..

စပါးလင်ရဲ့ ပင်ကိုအစွမ်းသတ္တိအရအဆိ*ပ်အတောက်တွေ၊ ယူရစ်အက်စစ်နဲ့ မကောင်းတဲ့ကိုလက်စထရောတွေကို ဆီးသွားခြင်းဖြင့် စွန့်ထုတ်စေတာကြောင့် ကျောက်ကပ်အ တွက် ကောင်းကျိုး ပြုပါတယ် .. ပို:မွှားတွေနဲ့ မှိုရောဂါတွေကို ​.ေ.သစေနိုင်စွမ်းရှိတာကြောင့် စပါးလင်နဲ့ အအေးမိ၊ နှာစေး၊ တုပ်ကွေး၊ ဖျားနာတာတွေကို ကုသနိုင်ပါတယ် ..

က-င်ဆာရောဂါတွေကိုလည်း ကာကွယ်နိုင်စွမ်းရှိပြီး ခေါင်းကို-က်၊ ရင်ကျပ်၊လည်ချောင်းနာ၊ ချွေးထွက်လွန်၊ကိုယ်နံ့ဆိုးထွက်တာမျိုးဖြစ်ရင်လည်း စပါးလင်နှစ်ချောင်း၊ သုံးချောင်း ကို သစ်ကြံပိုးခေါက်၊ နနွင်းမှုန့်အနည်းငယ်နဲ့ဆူအောင် တည်ပြီး အရည်ကိုသောက် ပေးနိုင်ပါတယ် .. ကြွက်သားနာကျင်တာ၊ ဂေါက်ရောဂါ၊ အရိုးအဆစ်ရောင်ရမ်းနာနဲ့ အခြားသော အဆစ်အမြစ် နာကျင်တာတွေကို စပါးလင်ဆီလိမ်းပေးရင်သက်သာစေပါတယ် .. နို့တိုက်မိခင်တွေအတွက် ဆိုရင်လည်း နို့ထွက်အားကောင်းစေပြီး ရင်သွေ:ငယ်တွေကျန်းမာပြီး ရောဂါပိုးကူးစက်ခံရမှုတွေက ကာကွယ်ပေးပါတယ် ..

ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာကျန်းမာစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိစေကာ လန်းဆန်းတက်ကြွစေနိုင်တာကြောင့် စိတ်ကျဝေဒနာအတွက် အကောင်းဆုံးဆေ:တစ်ခုပါ .. ကိုယ်နံ့မကောင်းတာနဲ့ အရေပြားကျန်းမာရေးအတွက်လည်း အထောက်အကူ ပြုပါတယ် .. ခြေ လက် အသားအရေလှဖို့အတွက် စပါးလင်ဆီ လိမ်းမယ်ဆိုရင်တော့ ရေ (ဒါမှမဟုတ်) သံလွင်ဆီနဲ့ရောပြီးမှ လိမ်းဖို့အကြံပြုပါတယ် ..
.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏

အသက် ၄၀ အရွယ် ကစ၍ လုပ်သင့်သည့်အချက်များ■ နေ့တိုင်း နံနက်စာ မှန်မှန်စားပါ■ ၆ လလောက် ခန္ဓာကိုယ် သန်စွမ်းတဲ့ လေ့ကျင့်ခန်း လ...
18/01/2025

အသက် ၄၀ အရွယ် ကစ၍ လုပ်သင့်သည့်အချက်များ

■ နေ့တိုင်း နံနက်စာ မှန်မှန်စားပါ

■ ၆ လလောက် ခန္ဓာကိုယ် သန်စွမ်းတဲ့ လေ့ကျင့်ခန်း လုပ်ပါ -
နောက်ပိုင်းမှန်မှန်လမ်းလျှောက်ပါ။

■ ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီကို မှန်မှန်မှီဝဲပါ

■ စိတ်ဖိစီးမူကို ထိန်းချုပ်တတ်အောင် လေ့ကျင့်သင့်နေပါပြီ
ရောဂ၊ တရားထိုင်၊ အသပ်ရူသွင်း/ ထုတ်တဲ့ နည်းများလုပ်ပါ

■ငါး၊ ကြက်သား၊ အခွံမာစေ့များစားပေးရင်
လိုအပ်သည့် ပရိုတင်းဓာတ်ကို ရရှိမယ်
စိတ်ခံစားမူ အဆင့်မြင့်တက်စေ လန်းဆန်းစေတယ်။

■အဖော်နဲ့ ခရီးထွက်ပေးပါ

■သူငယ်ချင်းများနဲ့တွေ့ဆုံပြီး စိတ်ဖိစီးမူလျော့ပါ

■ ပုံမှန် ကျန်းမာရး စစ်ဆေးမူကို ခံယူပါ။
_______________________

အသက် ၄၅ နဲ့ ၆၀ ကြား ဖြစ်တတ်သောရောဂါ

* အရိုး *

● အရိုးတွေ ချောင်လာတယ်

● ဒူးနာတတ်တယ်

● ချဉ်ဆီခမ်းလို့ ဒူးချောင်တတ်တယ်

● ခါးဆစ်ရိုးတွေလည်း နာတတ်တယ်

●ချော်မလဲအောင် ဂရုစိုက်ပါ

● ဒူးကို ကွေးလိုက် ဆန့်လိုက် လုပ်ပေးခြင်းဖြင့် တဖြေးဖြေး နာခြင်းသက်သာလာမယ်။

* ကြွက်သား *

■ ကြွက်သား အားမရှိတာ
အမျိးသားက ၃ ပုံ ၁ ပုံ နဲ့
အမျိုးသမီးက တဝက်လောက် အဖြစ်များတယ် ။

■ ကြွက်သားဆိုတာ လက်မောင်းကြွက်သားနဲ့ ခြေသလုံးကြွက်သား ၂ မျိုးလုံးပါတယ်။

■ လေ့ကျင့်ခဏ်း လုပ်ခြင်းဖြင့် ကြွက်သားအားရှိအောင် လုပ်ပေးကြပါ။

* အကြော၊ အဆစ်

●အကြော အဆစ် နာတတ်တယ်

● ဝတဲ့ သူများ ပိုပြီး ဟိုနာ ဒီနားဖြစ်လွယ်တယ်
( အကြောအားဆေး သောက်ပေးပါ)

● ဦးနှောက် အာရုံကြောက ပိုမရေးကြီးတယ်

● အိပ်မပျော်တာများရင် ထိခိုက်သလို ခဏခဏ မေ့လွယ်တတ်တယ်။

* အတွင်းကလီစာများ *

▪~အသက်ကြီးလာတာနဲ့အမျှ ..
ကိုယ်တွင်းကလီစာတွေက တဖြေးဖြေး အားနည်းလာတယ်။

▪~ နှလုံး၊ ကျောက်ကပ်၊ သရက်ရွက်၊ သည်းခြေ၊ အသည်း
ညဖက် ဆီးခဏခဏ သွားတာနဲ့ ဆီးမခိုင်တာတွေ ဖြစ်တတ်တယ် ။

▪~ အများအားဖြင့်ယောက်ျားတွေက ၄၅ နှစ်ကျော်နဲ့
အမျိုးသမီးတွေကအသက် ၅၀ ကျော်တွေ အဖြစ်များတယ် ။

▪~ ဝမ်းချုပ်များခြင်း ဝမ်းသွားမကုန်ခြင်းနဲ့ အဆီ၊ အပူ၊ အစပ်များစားလို့ အူလမ်းကြောင်းမှ အညစ်အကြေးများရင် အူကင်ဆာ ဖြစ်လွယ်တယ် သတိထားကြပါ။

* နှလုံး *

နှလုံးစဖြစ်ရင်...
●အသက်ရူမဝခြင်း

●ရင်ဘတ်အောင့်ပြီး တချက် တချက် နာခြင်း

● ဘယ်ဘက်ပုခုံး ထုံကျဉ်နာပြီး ကြောကုန်း အပေါ်ဖက်လည်း ညောင်းပြီး အကြောတက် တတ်တယ်။

● အိပ်ရာထချိန် ဇက်ကြောတက်တတ် လည်ပင်းညောင်းတတ်တယ်။

● မျက်လုံး ၂ လုံးပေါ် ကန့်လန့်ဖြတ်စင်းတခု ထင်းကနဲ ပေါ်တတ်တယ်။

● နှလုံးမှာ ( အဓိကကြောက်ရတာ) သွေးကြော ၃ ချောင်းရှိတယ် အားလုံးပိတ်ရင် စက်တပ်ရတယ်။

●နှလုံးသွေးကြော စပိတ်တာနဲ့ အဲဒီလက္ခဏာတွေ ပြင်းထန်ရင် ဆေးရုံမှာ check သွားလုပ်ပါ။

● အဆီတွေလျော့စား လေ့ကျင့်ခန်းလုပ် ရေများများသောက်ကြပါ။

* အသည်း *

◆အသည်းပြဿနာဖြစ်ရင် ညာဖက် ဗိုက်ခေါက် အပေါ်ဘက်ကို နာကျင်တယ်

◆ညာခါး အနောက်ဖက် ညောင်းနာမယ်

◆ညာဖက်ပုခုံး ထုံကျင်ညောင်းနာ

◆ ညအိပ်ချိန် ခြေသလုံး ခဏခဏ ကြွက်တက်တတ်တယ်

◆ အသည်းမကောင်းရင် ည ကောင်းကောင်း အိပ်မပျော်ပါ

◆ ပါးစပ်ခါးပြီး သွားတိုက်ရင် သွေးထွက်လွယ်တယ်

◆အစာ အစားချင် / ခံတွင်းပျက်ပြီး နဲနဲလေးစားတာနဲ့ ဗိုက်ပြည့်လွယ်တယ်

◆ လမ်းနည်းနည်းလေးလျှောက်တာနဲ့ ခြေထောက်ညောင်းလွယ်တယ်

◆ တကိုယ်လုံး နူံးပြီးအားမရှိသလို ခံစားရတယ်

◆ ခြေမခိုင်ဘဲ ချော်လဲလွယ်တယ် / ခြေလိမ်တတ်တယ်

◆ အရက်သောက်များသူများက လျော့သောက်တာနဲ့ အရေပြားယားရင် သတိထားပါ

◆ အသည်းရောဂါ ပိုပြင်းထန်ရင် မျက်နှာအရောင် မွဲခြောက်ခြောက်နဲ့ မဲလာတယ်

◆ အရေပြား ခြောက်သွေ့ လာတယ်/ နှာခေါင်းထိပ်နီလာတယ်

◆ အသား၊လက်ဖဝါး၊မျက်လုံးအိမ်တွေ ဝါလာမယ်

◆ အသည်းစဖြစ်ချိန် တောရုံလက္ခဏာမပြဘူး
ပြတဲ့အချိန်ဆို သိတာနောက်ကျတာ များတယ်
( ခုပြောတာက Taiwan တရုတ်ဆေးနည်းပညာနဲ့ ကြည့်နည်းပါ)

* ကျောက်ကပ် *

¤ ကျောက်ကပ်ပြဿနာကတော့ ခါးနား ကြောနာ မလန်းဆန်းဘူး

¤ ခြေသလုံး ညောင်းလွယ်တယ် အားမရှိဘူး

¤ အသားအရေ ယားယံတတ်တယ်

¤ ဆီးသွားရင် အမြုပ်ထတယ် ဆီးမခိုင်ဘူး

¤ ခြေ လက် အေးတတ်တယ်

¤ ခြေထောက်တွေ ရောင်လာတတ်တယ်

¤ အိပ်မကောင်းဘူး / ခဏခဏနိုးတတ်တယ်

¤ အထိုင်အထ ကြာကြာ မလုပ်နိုင်ဘူး

¤ ခြေသည်းခွံတွေ ကြမ်းလာတယ်

¤ အထူးသဖြင့် ခြေမရဲ့ ခြေသည်းခွံ အရှည်နှေးလာမယ် - ကြမ်းပြီးထူလာတယ်

¤ အထူးသဖြင့် ဆီးချိုသမားတွေ သတိထားပါ -
အမြဲဆေးသောက်ပါ ဆီးချိုချိန်ပါ

¤ ကျောက်ကပ် ပျက်စီးလို့ သွေးအပေါ်မတက်နိုင်ရင်လည်း မူးတတ်တယ်

¤ သွေးပေါင်ကျလည်း မူးတတ်တယ် ကျောက်ကပ်ကို အထူးဂရုစိုက်ပါ

* သရက်ရွက် *

◆ သရက်ရွက် မကောင်းရင် ခေါင်းတခြမ်းကိုက်တတ်တယ်

◆ လည်ပင်း ဇက်ကြော တက်လွယ်တယ်

◆ ဝမ်းချုပ် ဝမ်းလျော ၂ မျိုးလုံးဖြစ်တတ်တယ်

◆ အစာချေဖျက်မူ ကောင်းအောင် လုပ်နိုင်ပြီး ဝမ်းမှန်ရင် ခေါင်းကိုက် ပျောက်လွယ်တယ်

◆ ခေါင်းကိုက်တိုင်း အကိုက်အခဲ ပျောက်ဆေး သိပ်မသောက်ပါနဲ့

◆ အကိုက်အခဲပျောက်ဆေးက အသောက်များရင် ကျောက်ကပ်နဲ့ အစာအိမ် အူလမ်းကြောင်းကို ထိပြီး သွေးယိုတတ်တယ်

◆ ဝမ်းသွား သွေးပါရင် သတိထားပါ
( သွေးရောင်နီတာက လိပ်ခေါင်းကြောင့်ဖြစ်နိုင်သလို သွေးရောင် မဲညစ်ညစ်ဆို အစာအိမ် အူလမ်း ကြောင်းရဲ့ နံရံပါး ( သို့ )ပေါက်ပြီး ဖြစ်တတ်တယ်။

◆ ကိုယ့်ဝမ်းသွားတိုင်း ကိုယ့်ဝမ်းပုံစံကိုအမြဲကြည့်ပါ
(ရှောကနဲ အဖြောင့်လိုက်သွားပြီး ဖင်မကပ်ရင်အကောင်းဆုံးပါ)
(ပြတ်တောင်း ပြတ်တောင်း ဆိတ်ချီးတုံးပုံဆို ဝမ်းမစင်ပါ)

◆တခါတလေ မနက်ရေနွေးသောက်လို့ မနက်ပိုင်း ဝေါကနဲ ပန်းတာမျိုးက အပူတွေထုတ်ပစ်တာ ကြောက်စရာမလို - ကောင်းတယ် -
(တရက်လုံး ပန်းရင်တော့ ဝမ်းလျောပြီ)

◆ အကောင်းဆုံးက နေ့တိုင်း ဝမ်းမှန်အောင်လုပ်ပါ ( စကားပုံရှိပါတယ် ဝမ်းတလုံး
ကောင်းရင် ခေါင်းမခဲဆိုတာ)

* အူမကြီး *

● အူမကြီးမကောင်းရင်ပါးစပ်ခါးပြီး တချိန်လုံးရေသောက်ချင် ရေငတ်တတ်တယ်

● နှာခေါင်းပိတ်တတ် နှာရည်ယိုတတ်တယ်

● သွားပိုးမစားပဲ သွားကိုက် သွားနာ ဖြစ်တတ်တယ်

● လည်ပင်းရောင် ဖောင်းတတ်တယ်

● တော်ရုံ အနည်းငယ်လေးတာတောင် အလေး မ , မ နိုင်ပါ

● ဝမ်းချုပ်ရင်လည်း သွားကိုက်တတ်တယ်
( အပူများတဲ့သဘော )

● ဝမ်းချုပ်ရင် ခါးလည်း တခါတလေ နာတတ်တယ်

● အူမကြီးက ဝမ်းနဲ့ဆိုင်တယ်

● ခုကမ္ဘာမှာ အူမကြီးကင်ဆာက နံပါတ် ၂ စွဲနေတယ်

● လူတွေက အစာတွေ စုံအာင်စားပြီး ဝမ်းအဖြစ် အညစ်အကြေးတွေကို မထုတ်ပစ်လို့
နဲနဲစီ အူနံရံမှာ ကပ်ပြီး ကြာတော့ အညစ်အကြေးကနေ ကင်ဆာဖြစ်သွားတယ်

●အစာအိမ်ကနေ အူနံရံပါး. အနာဖြစ်.ပြီးသွေးယိုလဲ ကြာရင်ကင်ဆာဖြစ်တတ်တယ်

●အစာအိမ်နဲ့ အူလမ်းကြောင်းက ဆက်နေတယ်
( အစာမခံပဲ ဗိုက်ဆာရင်စားပါ)

● အပိန်ကျင့်ပြီး အစာမစားတာလည်း မလုပ်ပါနဲ့

●အစာအိမ် အချဉ်ပေါက်ပြီး လည်ပြွန်ပေါ် ပြန်တက်တာလဲ အပူအစပ်ရှောင်ပါ

● နည်းနည်းချင်းနဲ့ အကြိမ်အရေအတွက် များများစားပါ
(တခါတည်းအများကြီးမစားပါနဲ့)

● တချို့ကျတော့ ဘယ်လောက်စားစား မဝ ဘူး- ပိန်ပိန်ပဲ ဒါမျိုးကကျန်းမာရင် ပြဿနာမရှိပါ။

● သို့သော် ဘယ်လောက်စားစား (သို့ ) မစားနိုင်ပဲ ပိန်ပိန်လာပြီး လက်ဆစ်တွေ ငေါထွက်လာရင် ဂေါက်ရောဂါနဲ့ အစာအိမ်က စုပ်ယူအား မကောင်းတော့ဘူး ဗီတာမင်မယူနိုင်တော့ဘူး။
( ဆရာဝန်နဲ့ သေချာပြပါ )

● ဂေါက်ရောဂါရှိရင် ဘီယာနဲ့မတဲ့ပါ

● ရေချိုးရင် မချော်တတ်တဲ့ဘိနပ်စီးပြီးချိုးပါ

● ခြေထောက်နဲ့ ကျောက်ပြား တိုက်ရိုက်ထိ အေးရင်လည်း အကြောချဉ် ကိုက်တတ်

● ချော်လဲကျလွယ်တယ်

● အသက်ကြီးရင် အရိုးတွေက weak ဖြစ်နေပြီး အရိုးအားဆေးစားပါ

● ချော်မလဲကျပါစေနဲ့

* အသက် ၄၀ အရွယ် * ကစ၍လုပ်သင့်သည့်အချက်များ

■ နေ့တိုင်း နံနက်စာ မှန်မှန်စားပါ

■ ၆ လလောက် ခန္ဓာကိုယ် သန်စွမ်းတဲ့ လေ့ကျင့်ခန်း လုပ်ပါ -
နောက်ပိုင်းမှန်မှန်လမ်းလျှောက်ပါ။

■ ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီကို မှန်မှန်မှီဝဲပါ

■ စိတ်ဖိစီးမူကို ထိန်းချုပ်တတ်အောင် လေ့ကျင့်သင့်နေပါပြီ
ရောဂ. တရားထိုင်. အသပ်ရူသွင်း/ ထုတ်တဲ့ နည်းများလုပ်ပါ

■ ငါး ကြက်သား အခွံမာစေ့များစားပေးရင် လိုအပ်သည့် ပရိုတင်းဓာတ်ကို ရရှိမယ် စိတ်ခံစားမူ အဆင့်မြင့်တက်စေ လန်းဆန်းစေတယ်။

■အဖော်နဲ့ ခရီးထွက်ပေးပါ

■သူငယ်ချင်းများနဲ့တွေ့ဆုံပြီး စိတ်ဖိစီးမူလျော့ပါ

■ပုံမှန် ကျန်းမာရး စစ်ဆေးမူကို ခံယူပါ။

* အသက်ကြီးသူများလိုက်နာရန် *

မျောက်လို လူပ်ရှား
ကြောင်လိုစား
နွားလိုရေသောက်
လိပ်လိုလျှောက်
တုတ်ထောက်မပျင်းနှင့် ..

●မျောက်လိုလူပ်ရှား -
အသက်ကြီးလာလျှင် လူပ်လူပ်ရှားရှားနေပါ လူပ်ရှားမူ မရှိပါက
အကြောများဆိုင်း၍ လူမမာဖြစ်တတ်သည်။

●ကြောင်လိုစား -
လူကြီးများက နည်းနည်းနဲ့ မကြာခဏအစာကို စားမှ အစာကို ကျေညက်စေနိုင်သည်။
တကြိမ်တည်း များစွာမစားရ။

●နွားလိုရေသောက် -
ဆီး ဝမ်းမှန် စေရန်အတွက် ရေကို များများသောက်ပေးပါ။

●လိပ်လိုလျှောက် -
အသက်ကြီးလျှင် အရိုးအဆစ်များ မသန်မာသည့်အတွက် သွားလာ
လူပ်ရှားလျှင် ချော်လဲ မကျအောင် ဖြေးဖြေးနှေးနှေး သွားလာပါ။

●တုတ်ထောက်မပျင်းနှင့် -
အရိုးအဆစ်များ မသန်မာအသက်ကြီးသူများ တုတ်ကောက်
ဆောင်ခြင်းသည် အားကိုးတခုဖြစ်သည် -
မိမိကိုယ်ကို လဲမကျအောင် တုတ်ကောက်က အကူရသည်။

credit - original

လိမ်းလို့အဆင်ပြေသလို ကပ်လို့လည်းရ✅✅Ph;09797163785
16/01/2025

လိမ်းလို့အဆင်ပြေသလို ကပ်လို့လည်းရ✅✅

Ph;09797163785

နှလုံးသွေးကြောကျဉ်းရောဂါသမားတွေစားသင့်တဲ့ အစားအစာများနှလုံးသွေးကြောကျဉ်းရောဂါသည် နှလုံး၏ အဓိက သွေးကြောများ ထိခိုက်ပျက်စီ...
16/01/2025

နှလုံးသွေးကြောကျဉ်းရောဂါသမားတွေစားသင့်တဲ့ အစားအစာများ

နှလုံးသွေးကြောကျဉ်းရောဂါသည် နှလုံး၏ အဓိက သွေးကြောများ ထိခိုက်ပျက်စီးခြင်း သို့မဟုတ် အဆိုပါ သွေးကြောများ ကျဉ်းသွားခြင်း၊ မာကျောခြင်း ၊ (အဆီစုပုံခြင်း အမျိုးအစားဖြစ်သော )plaque များ သွေးကြောနံရံတွင် စုပုံလာခြင်းကြောင့် ဖြစ်သည်။

နှလုံးသွေးကြောကျဉ်းရောဂါ၏ လက္ခဏာများသည် လူတစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်သည်။ အချို့လူများတွင် မည်သည့်လက္ခဏာမျှ မခံစားရပေ။လက္ခဏာများ ဖြစ်ပေါ်လာသောအခါတွင် ရင်ဘတ်တစ်ဝိုက်တွင် တင်းကျပ်ခြင်း၊ ပူလောင်ခြင်း ၊လေးလံခြင်း၊ နာကျင်မှုခြင်း၊စူးအောင့်ခြင်း

* ချွေးထွက်ခြင်း
* ကြွက်တက်ခြင်း
* ပျို့အန်ခြင်း
* အသက်ရှုကြပ်ခြင်း
များ ဖြစ်နိုင်သည်။

ရောဂါအတွက် အရှင်းပျောက်ကင်းမယ့် ကုသဆေးမရှိသော်လည်းရောဂါအခြေအနေကို ထိန်းပေးနိုင်၊သက်သာစေနိုင်သည့် လူနေမှုပုံစံများ၊ဆေးဝါးများရှိပါသည်။မှန်ကန်သောအာဟာရသည် ရောဂါလက္ခဏာများကို ထိန်းညှိပေးသည့် နည်းလမ်းတစ်ခုဖြစ်သည်။ တချို့အစားအစာများကို ရှောင်ကြဉ်ပြီး အချို့သော အစားအစာများကို စားသုံးရပါမည်။

နှလုံးသွေးကြောကျဉ်းရောဂါသည် မကုသပါကတဖြည်းဖြည်း ပိုဆိုးလာနိုင်တာကြောင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားဖို့ အရေးကြီးသည်။သွေးကြောများတွင် plaque များစုပုံနေခြင်းက နှလုံးဆီသို့ သွေးစီးဆင်းမှုကို လျော့ကျစေနိုင်ကာ ရင်ဘတ်အောင့်ခြင်းနဲ့ အသက်ရှုကြပ်ခြင်းစသည့် လက္ခဏာတွေကို ဖြစ်စေနိုင်သည်။မကုသဘဲထားပါက နှလုံးသွေးကြောကျဉ်းရောဂါသည် နှလုံးသွေးကြော ပိတ်ခြင်း သို့မဟုတ် ရုတ်တရက် နှလုံးခုန်ရပ်သွားနိုင်ကာ အသက်အန္တရာယ်ရှိနိုင်သည်။ဆေးဝါးသည် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်နိုင်သည်။ ဆရာဝန်သည် သွေးပေါင်ချိန်ကို လျှော့ချရန် beta-blocker နှင့် သင့်သွေးကြောများကို ကျယ်စေပြီး သွေးစီးဆင်းမှုကို ကောင်းမွန်စေရန် ဆေးဝါးများကို ညွှန်ကြားနိုင်ပါသည်။
ဆေးဝါးများအပြင်၊ အစားအသောက်

အပြောင်းအလဲများသည် ပိုမိုကောင်းမွန်သော ရလဒ်များကို ဖြစ်ပေါ်စေနိုင်သည်။ အစားအသောက်တွင် အောက်ပါတို့ကို ထည့်သွင်းရန်ကြိုးစားပါ။

၁။လတ်ဆတ်သောသစ်သီးများနှင့်ဟင်းသီးဟင်းရွက်များ
အပင်အခြေခံ အစားအစာများကို တိုးမြှင့်စားသုံးခြင်းသည် နှလုံးရောဂါကို သက်သာစေပြီး နှလုံးဖောက်ခြင်းနှင့် ရုတ်တရက် နှလုံးရပ်ခြင်းတို့ကို ကာကွယ်ပေးပါသည်။သစ်သီးနှင့်ဟင်းသီးဟင်းရွက်များ၌မ ဗီတာမင်၊အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို အထောက်အကူပြုပါသည်။ကယ်လိုရီနည်းသောကြောင့် ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းရန် ကူညီပေးနိုင်သည်။အမျှင်ဓာတ်များစွာပါဝင်တာကြောင့် သစ်သီးနှင့်ဟင်းသီးဟင်းရွက်တွေက ကိုလက်စထရောပမာဏကို လျှော့ချပေးပြီး နှလုံးကို ကာကွယ်ပေးနိုင်သည်။လတ်ဆတ်သော ဟင်းသီးဟင်းရွက် မရနိုင်ပါက ဆိုဒီယမ်နည်းသော စည်သွတ်ဘူးများကို ရွေးချယ်ပါ။ ပိုနေတဲ့ဆားတွေကို ဖယ်ထုတ်ဖို့ ဟင်းရွက်တွေကို မချက်ခင် ရေသေချာဆေးပါ။သကြားများများပါဝင်ပြီး ကယ်လိုရီအရေအတွက် များသော ဖျော်ရည်များကို ရှောင်ကြဉ်ပါ။
အရွယ်ရောက်ပြီးသူ အမျိုးသားရော အမျိုးသမီးပါ အသီးအနှံ 1 1/2 မှ 2 ခွက် (လက်ဖက်ရည်ပန်းကန်လုံး) နှင့် ဟင်းသီးဟင်းရွက် 2 1/2 မှ 3 ခွက်အထိ စားသင့်သည်။

၂။အစေ့အဆန်များ

အစေ့အဆန်များ စားသုံးခြင်းသည် နှလုံးကျန်းမာရေးကို အထောက်အကူပြုပြီး နှလုံးသွေးကြောကျဉ်းရောဂါ၏ ဆိုးကျိုးများကို လျှော့ချနိုင်သည်။အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကဲ့သို့ပင်၊ အစေ့အဆန်များသည် အာဟာရပြည့်ပြီး အမျှင်ဓာတ်၏ အကောင်းဆုံးအရင်းအမြစ်ဖြစ်သည်။ ထို့အတွက်ကြောင့် ကိုလက်စထရောပမာဏနှင့် သွေးဖိအားကို ထိန်းညှိပေးနိုင်သည်။

ရွေးချယ်မှုများတွင်-
* 100 ရာခိုင်နှုန်းအစေ့အဆန်ပေါင်မုန့်
* အမျှင်ဓာတ်များသော သီးနှံများ
* ဆန်လုံးညို
* အခွံမာသီးများ
* oatmeal တို့ပါဝင်သည်။

၃။ကျန်းမာသောအဆီ

နှလုံးသွေးကြောကျဉ်းရောဂါရှိလျှင် အဆီအားလုံး ရှောင်ရမည်ဟု ထင်နေတတ်ကြသည်။
အမှန်က ကျန်းမာရေးနှင့်ညီညွတ်သော အဆီတွေကို မျှတအောင်စားတာက နှလုံးကျန်းမာရေးအတွက် ကောင်းပါသည်။ကျန်းမာရေးနှင့်ညီညွတ်သည့် အဆီများက ကိုလက်စထရောကို လျော့ကျစေပြီး နှလုံးရောဂါနှင့် လေဖြတ်ခြင်းတွေကို ကာကွယ်ပေးနိုင်သည်။monosaturated fats နှင့် polyunsaturated fats တို့ ပါဝင်သည်။-

* သံလွင်ဆီ
* canola ဆီ
* နှမ်းကြတ်ဆီ
* ထောပတ်သီး
* အခွံမာသီးနှင့်အစေ့များ
* ကိုလက်စထရောကျစေသောမာဂျရင်း(ဟင်းရွက်ဆီ)

၄။အသားဓာတ်

ပရိုတိန်းစားသုံးခြင်းသည်ကျန်းမာရေးကို အထောက်အကူဖြစ်စေသည်။ သို့သော်လည်း အဆီနည်းသော ပရိုတင်းများကို ရွေးချယ်ပါ။

ကျန်းမာရေးနှင့် ညီညွတ်သော ရွေးချယ်မှုများတွင် ကိုလက်စထရောနှင့် triglyceride အဆင့်များကို လျှော့ချပေးသည့် အိုမီဂါ-၃ ဖက်တီးအက်ဆစ် ကြွယ်ဝသော ငါးအမျိုးအစားများ ပါဝင်သည်။ ၎င်းတွင် ဆော်လမွန်ငါး၊ ငါးသေတ္တာနှင့် အခြားငါးများ ပါဝင်သည်။

အခြားကျန်းမာသောပရိုတင်းအရင်းအမြစ်များ
*ပဲစေ့နှင့် ပဲအမျိုးမျိုး
* ကွကျဥ
* အဆီမပါ အသား
* အရေခွံမပါ ကြက်သား

နှလုံးသွေးကြောကျဉ်းရောဂါအတွက် ဘယ်လိုအစားအစာတွေကို ရှောင်သင့်လဲ။

နှလုံးသွေးကြောကျဉ်းရောဂါရှိနေပါက
*ကိုလက်စထရော
* သွေးပေါင်ချိန်နှင့်
*ကိုယ်အလေးချိန်ကို ထိန်းချုပ်ရန် အရေးကြီးသည်။

အဆီများပြီး ဆိုဒီယမ်များတဲ့ အစားအစာတွေကို ရှောင်ပါ။ ရှောင်ရန်အဆီများသော အစားအစာများ-

* ထောပတ်
* အဆီအနှစ်(ဟင်းအနှစ်)
* non-dairy creamers
* ထပ်ခါထပ်ခါကြော်သောအစားအစာများ
* ပြုပြင်ထားသောအသားများ
* pastries
* တရှည်ခံ အသားခြောက်များ
* အာလူးကြော်များ၊ ကွတ်ကီးများ၊ မုန့်များနှင့် ရေခဲမုန့်များကဲ့သို့သော အသင့်စား အစားအစာများ။

အထက်ဖော်ပြပါ အများစုသည် ဆိုဒီယမ်ဓာတ် မြင့်မားသောကြောင့် သွေးတိုးရောဂါကို ဖြစ်ပေါ်စေပြီး နှလုံးသွေးကြောကျဉ်းရောဂါကို ပိုမိုဆိုးရွားစေပါသည်။ ဆားလျှော့စားပါ။

အစားအသောက် ဆင်ခြင်ခြင်း၊ရွေးချယ်စားသုံးခြင်းက သွေးပေါင်ချိန်၊ ကိုလက်စထရောကို လျော့ကျစေပြီး အလုံးစုံကျန်းမာရေး တိုးတက်ကောင်းမွန်စေနိုင်သည်။နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း သို့မဟုတ် ရုတ်တရက် နှလုံးရပ်ခြင်းကဲ့သို့သော နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။

Crd
#ကျန်းမာရေးဆိုင်ရာအသိပညာဗဟုသုတ

Address

No. A2 66st Bet 67st , 38st Bet 39st Maharmyaing
Mandalay
05032

Alerts

Be the first to know and let us send you an email when MDY HanuMan Thai တိုင်းရင်းဆေးကပ်ခွါ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to MDY HanuMan Thai တိုင်းရင်းဆေးကပ်ခွါ:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram