
22/01/2025
"ပြည့်စုံ" တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး နှင့် "ပြည့်စုံ" အကြောအရိုးအဆစ်နှင့် အထွေထွေရောဂါ အထူးကု တိုင်းရင်းဆေးခန်း ဖွင့်လှစ်ထားခြင်းအား ကြော်ငြာခြင်း
⛔၂၀၂၄ ခုနှစ် ၁၀ လပိုင်းမှစ၍ ဈေးနှုန်းများ ပြောင်းလဲသတ်မှတ်ထားပါသဖြင့် ကြော်ငြာအား သေချာစွာဖတ်ပေးခြင်းနှင့် ဖုန်းဆက်မှာယူသည့်အခါ ဈေးနှုန်းများကို သေချာစွာမေးမြန်းခြင်း ပြုလုပ်ပေးကြပါရန်⛔
⛔ပြည့်စုံ-အမှတ်တံဆိပ် နှင့် BS-အမှတ်တံဆိပ် ဆေးများကို "ပြည့်စုံ"အထူးကု တိုင်းရင်းဆေးခန်းမှာ ရောင်းချပေးနေပါသဖြင့် ရန်ကုန်မြို့ရှိ မိတ်ဟောင်း မိတ်သစ် မိဘပြည်သူများ မည်သူမဆို လွယ်လင့်တကူ ဝင်ရောက်ဝယ်ယူ နိုင်ပါသည်⛔
⛔"ပြည့်စုံ"တိုင်းရင်းဆေးတိုက်သည် ယနေ့ထက်ထိ ပြည့်စုံ-အမှတ်တံဆိပ် ဆေး(၅)မျိုးနှင့် BS-အမှတ်တံဆိပ် ဆေး(၃)မျိုး ကိုသာ ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးထားပါသည်။ အသစ်ထပ်ထုတ်မည့် ဆေး(၇)မျိုး သည်လည်း ပြည့်စုံ-အမှတ်တံဆိပ် ဖြင့်သာ ထုတ်လုပ်ပါမည်။ တခြားမည်သည့် တံဆိပ်မှ ထုတ်လုပ်ခြင်း / ရောင်းချခြင်း မရှိပါသဖြင့် "ပြည့်စုံ" တိုင်းရင်းဆေးတိုက်မှာ ဝယ်ယူ၍ မရနိုင်ပါ⛔
🏥"ပြည့်စုံ"အကြော၊အရိုး၊အဆစ်နှင့်
အထွေထွေရောဂါ အထူးကုတိုင်းရင်းဆေးခန်း
⏰ဆေးခန်းဖွင့်ချိန်
နေ့စဉ် - နံနက်(၉)နာရီမှ ည(၇)နာရီအထိ
📌အမှတ်(၁၂၇)၊ ဦးချစ်မောင်လမ်း၊ မြလမ်းမှတ်တိုင်အနီး၊ ကျိုက္ကဆံရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️09-251585383 ☎️09-783013017
(ဖုန်းဆက်ပြီး booking ကြိုယူထားနိုင်ပါသည်) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~
`ပြည့်စုံ´တိုင်းရင်းဆေးတိုက်မှ ဆေးများသည် ကျန်းမာရေးဝန်ကြီးဌာန ၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ တိုင်းရင်းဆေးဝါး မှတ်ပုံတင် လက်မှတ်များ ရထားပြီး လိုင်စင်အမှတ်- ၁/၂၀၂၁၊ တဆထလ(၃၄၄၅) ဖြင့်ထုတ်လုပ်ထားသည်။
(1) Slim Body®•••TMR-015000(0323)
⚜️အဆီကျဗိုက်ချပ်ဆေး⚜️
ဘူးသေး = ၅၀၀၀ ကျပ် ဆေးပြား(၁၂၀)ပါ။
ဘူးကြီး = ၁၅၀၀၀ ကျပ် ဆေးပြား(၅၀၀)ပါ။
(2) Joint Flam®•••TMR-014603(0422)
⚜️ဒူးနာ-ခါးနာ-လေးဖက်နာ-
ကျီးပေါင်းသောက်ဆေး⚜️
ဘူးသေး = ၅၀၀၀ ကျပ် ဆေးပြား(၁၂၀)ပါ။
ဘူးကြီး = ၁၅၀၀၀ ကျပ် ဆေးပြား(၅၀၀)ပါ။
(3) The Flu®•••TMR-010693(0323)
⚜️ချောင်းဆိုး-ပန်းနာ-အဆုတ်နာ-
တုပ်ကွေးရောဂါသောက်ဆေး⚜️
ဘူးသေး = ၅၀၀၀ ကျပ် ဆေးပြား(၁၂၀)ပါ။
ဘူးကြီး = ၁၅၀၀၀ ကျပ် ဆေးပြား(၅၀၀)ပါ။
(4) Gesic Oil®•••TMR-014495(1121)
⚜️ဒူးနာ-ခါးနာ-လေးဖက်နာ-
ကျီးပေါင်းလိမ်းဆေး⚜️ ၅၀၀၀ ကျပ်
ဆေးရည်(၅၅) မီလီလီတာပါ။
(5) Gesic Balm®•••TMR-014495(1121)
⚜️ဘမ်းပရုတ်ဆီ⚜️ ၂၅၀၀ ကျပ်
ဆေးခရင်မ်(၁၈)ဂရမ်ပါ။
(6) Big Square®•••TMR-014518(1221)
⚜️နန်းလုံးကြိုင်အကြောလိမ်းဆေး⚜️ ၁၀၀၀၀ ကျပ်
ဆေးရည်(၅၀) မီလီလီတာပါ။ (၁၅ရက်စာ)
(7) Big Square®•••TMR-014588(0222)
⚜️(အမျိုးသား)အားတိုးဆေး⚜️ ၁၀၀၀၀ ကျပ်
ဆေးတောင့်(၃၀)ပါ။ (၁၅ရက်စာ)
(8) Big Square®•••TMR-014588(0222)
⚜️ဇီဝဇိုးငှက်သိုက်ယို⚜️ ၂၀၀၀၀ ကျပ်
ယို(၃၀၀)ဂရမ်ပါ။ (၁၅ရက်စာ)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
`ပြည့်စုံ´အမှတ်တံဆိပ်ဖြင့် အောက်ပါ ဆေး (၇)မျိုးကို အသစ်ထပ်မံ ထုတ်လုပ်ရောင်းချပါမည်။
စတင်ရောင်းချမည့် နေ့ရက်နှင့် ဈေးနှုန်းကို ပြန်လည် ကြော်ငြာပေးပါမည်။
(9) Hypo T®
⚜️သွေးတိုးကျဆေး⚜️
(10) Hypo G®
⚜️ဆီးချိုသွေးချိုကျဆေး⚜️
(11) Optic Lax®
⚜️မျက်စိကြည်ဝမ်းမှန်ဆေး⚜️
(12) Anti Plegia®
⚜️လေငန်းအထူးဆေး⚜️
(13) Detox Blood®
⚜️သွေးကြည်သွေးသန့်ဆေး⚜️
(14) Osteo Paste®
⚜️အရိုးဆက်အရွတ်အားဖြည့်စည်းဆေး⚜️
(15) Spondy Paste®
⚜️ကျီးပေါင်းအထူးစည်းဆေး⚜️
တိုင်းရင်းဆေးသမားတော် ဦးပြည့်စုံ
(B.M.T.M)(တဆ-၆၆၃၃)(တိုင်းရင်းဆေးတက္ကသိုလ်)
UTMAAဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
MTMPAတိုင်းရင်းဆေးဆရာအသင်းအဖွဲ့ဝင်
Founder "Pyae Sone" Pharmaceuticals
Founder "Pyae Sone" TM Clinic
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
🏭"ပြည့်စုံ" တိုင်းရင်းဆေးတိုက်
📌(၇၆)လမ်း၊ (၇)လမ်းနှင့် (၆)လမ်းကြား၊ ဘုရားငါးဆူဝင်းအတွင်း၊ အမရဌာနီအရှေ့ရပ်ကွက်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။
⏰ဆိုင်ဖွင့်ချိန် ~
မနက်(၉)နာရီ မှ ညနေ(၅)နာရီ အထိ
☎️ 09-761604160 ☎️ 09-788821777
(ရုံးချိန်မဟုတ်လျှင် ဖုန်းစက်ပိတ်ထားပါသည်)
⚜️အထက်ပါ ဖုန်း(၂)လုံးမှလွဲ၍ အခြားဖုန်းနံပါတ်များကိုခေါ်ပြီး ဆေးမှာယူခြင်း၊ မေးမြန်းခြင်း စာရင်းမသွင်းပါ/ အကျုံးမဝင်ပါ။
⚜️တစ်နိုင်ငံလုံးရှိမြို့များသို့ မန္တလေးမြို့ကနေ တိုက်ရိုက် အမြန်ချောနှင့် ပို့ဆောင်ပေးနေပါသည်။
⚜️Deli ပို့ခများကို ဖုန်းဆက်၍ မေးမြန်းပေးပါ။ ဈေးနှုန်းများ အပြောင်းအလဲရှိ၍ ဆေးမှာယူတော့မှ တွက်ချက်ပေးပါမည်။
⚜️ငွေကြိုလွဲစရာမလို ပစ္စည်းရောက်မှ ငွေရှင်းရမည်။ ကားဂိတ်မှတဆင့် ပို့ခိုင်းလျှင် ဆေးဖိုး+ပို့ခ ကြိုရှင်းပေးရပါမည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၁)အဆီကျဗိုက်ချပ်ဆေးအကြောင်း
~~~~~~~~~~~~~~~~~~
ဆေးတစ်ဖုံတွင်ပါဝင်သောဆေးပစ္စည်းများ
ဆေးပုလဲ၊ ကြက်သွန်ဖြူ၊ ဆီးဖြူသီး၊ ကြစုသီး၊ ဖန်ခါးသီး၊ ဆေးခါးကြီး၊ ကန့်ကလာ၊ ပွေးကိုင်းရွက်၊ ရှားစောင်းလက်ပတ်။
သုံးစွဲနိုင်သောရောဂါများ
အဝလွန်ခြင်း၊ ကိုလက်စထရောများနေခြင်း၊ သွေးကြောတွင်း အဆီများနေခြင်းကြောင့် နှလုံးသွေးကြောကျဉ်းခြင်း- သွေးတိုးခြင်း- ဆီးချိုတက်ခြင်း- အသည်းအဆီဖုံးခြင်း- နှလုံးအဆီဖုံးခြင်း၊ လေးလံထိုင်းမှိုင်း၍ ဆီး၊ ဝမ်း၊ လေချုပ်ခြင်း။
သုံးစွဲရန်ဆေးပမာဏ
ပေါင်(၁၆၀)အောက်- တစ်ခါသောက်(၅)ပြား၊ တစ်နေ့(၂)ကြိမ်
ပေါင်(၁၆၀)အထက် - တစ်ခါသောက်(၁၀)ပြား၊ တစ်နေ့(၂)ကြိမ်
အစာစားပြီးမှ ရေအေးနှင့်သောက်ပါ။
အထူးမှတ်ချက်
💊၁၂နှစ်အောက်ကလေး၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ မသောက်သုံးသင့်ပါ။
💊 အငန်ဓါတ်နှင့် အချိုဓါတ် လုံးဝမပါဝင်သည့်အတွက် သွေးတိုး၊ ဆီးချို၊ လေးဖက်နာသမားများပါ သောက်သုံးနိုင်သည်။
💊ဤဆေးသည် အစာစားချင်စိတ်ကို လျော့ချပေးပြီး စားသောက်လိုက်သမျှ အဆီအားလုံးကို ဝမ်းမှတဆင့် စွန့်ထုတ်ပေးသဖြင့် ဆေးသောက်နေစဉ်အတွင်း အရည်ရွမ်းသော အသီးအနှံများနှင့် ရေ ကိုသာများများ သောက်သုံးရန် လိုအပ်သည်။
-----------------------------------------
(၂)ဒူးနာ-ခါးနာ-လေးဖက်နာ-ကျီးပေါင်း သောက်ဆေးအကြောင်း
~~~~~~~~~~~~~~~~~~
ဆေးတစ်ဖုံတွင်ပါဝင်သောဆေးပစ္စည်းများ
တပင်တိုင်မြနန်း၊ ဆင်တုံးမနွယ်၊ ဆောင်းမေးခါး၊ ငဖုံးဆေး၊ တောင်မုရိုး၊ မုယားကြီး၊ ဣဿရမူလီ၊ နံနံစေ့၊ ကံ့ကော်ဝတ်ဆံ။
သုံးစွဲနိုင်သောရောဂါများ
ဒူးနာခြင်း၊ ခါးနာခြင်း၊ ဇက်ကြောတက်ခြင်း၊ အဆစ်များနာကျင် ကိုက်ခဲခြင်း၊ အရိုးကျီးပေါင်းရောဂါ၊ လေးဖက်နာအဆစ်ရောင်ရောဂါ၊ RA-Positive၊ A.S.O များခြင်း၊ Uric Acid များခြင်း။
သုံးစွဲရန်ဆေးပမာဏ
ဒူးနာ၊ ခါးနာ၊ ဇက်ကြောတက် -
တစ်ခါသောက်(၅)ပြား၊ တစ်နေ့(၂)ကြိမ်
လေးဖက်နာ၊ ကျီးပေါင်းရောဂါ -
တစ်ခါသောက်(၅)ပြား၊ တစ်နေ့(၃)ကြိမ်
အစာစားပြီး ရေအေးနှင့်သောက်ပါ။
အထူးမှတ်ချက်
💊၁၂နှစ်အောက်ကလေး၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ မသောက်သုံးသင့်ပါ။
💊အငန်ဓါတ်နှင့် အချိုဓါတ် လုံးဝမပါဝင်သည့်အတွက် သွေးတိုးနှင့် ဆီးချိုသမားများပါ သောက်သုံးနိုင်သည်။
💊Gesic Oil®(ဒူးနာ-ခါးနာ- လေးဖက်နာ- ကျီးပေါင်းလိမ်းဆေး)နှင့် တွဲသုံးလျှင် ပိုမိုသက်သာ ပျောက်ကင်းစေပါသည်။
-----------------------------------------
(၃)ချောင်းဆိုး-ပန်းနာ-အဆုတ်နာ
တုပ်ကွေးရောဂါသောက်ဆေးအကြောင်း
~~~~~~~~~~~~~~~~~~
ဆေးတစ်ဖုံတွင်ပါဝင်သောဆေးပစ္စည်းများ
ကွမ်းရွက်၊ ချင်းခြောက်၊ နနွင်း၊ ဆေးခါးကြီး၊ လောက်သေ၊ နွယ်ချို၊ တောင်မုရိုး၊ ဆီးဖြူသီး၊ နာနတ်ပွင့်။
သုံးစွဲနိုင်သောရောဂါများ
ချောင်းခြောက်ဆိုးခြင်း၊ သလိပ်ကပ်ချောင်းဆိုး၊ နှာစေးနှာပိတ်ခြင်း၊ လည်ချောင်းနာခြင်း၊ ပန်းနာရင်ကြပ်ခြင်း၊ နာတာရှည်အဆုတ်ရောင်ခြင်း၊ အဖျားရောဂါ အမျိုးမျိုးဖြစ်သော အအေးမိဖျားခြင်း၊ တုပ်ကွေးဖျားခြင်း၊ ချွေးငုပ်၍ ညောင်းညာကိုက်ခဲခြင်း။
သုံးစွဲရန်ဆေးပမာဏ
လူကြီး - တစ်ခါသောက်(၄-၅)ပြား၊ တစ်နေ့(၂)ကြိမ်
ကလေး - တစ်ခါသောက်(၂)ပြား၊ တစ်နေ့(၂)ကြိမ်
ရေအေးနှင့်သောက်ပါ။
{ချောင်းဆိုး ချွဲကြပ်လျှင် ဆေး(၂)ပြားငုံထားပါ}
အထူးမှတ်ချက်
💊ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ မသောက်သုံးသင့်ပါ။
💊 အငန်ဓါတ်နှင့် အချိုဓါတ် လုံးဝမပါဝင်သည့်အတွက် သွေးတိုး၊ ဆီးချို၊ လေးဖက်နာသမားများပါ သောက်သုံးနိုင်သည်။
💊ဆေးသောက်ပြီးလျှင် ရေများများသောက်ရန် လိုအပ်ပါသည်။ ချွေးထွက်များအောင် နေထိုင်ပါ။ ဆီးများများသွားရန် လိုအပ်သည်။ ဝမ်းမချုပ်စေရန် လိုအပ်သည်။
-----------------------------------------
(၄)ဒူးနာ-ခါးနာ-လေးဖက်နာ-ကျီးပေါင်း
လိမ်းဆေးအကြောင်း
~~~~~~~~~~~~~~~~~~
ဆေးတစ်ဖုံတွင်ပါဝင်သောဆေးပစ္စည်းများ
သက်ရင်းကြီး၊ ကြောင်ပန်းရွက်၊ လင်းနေ၊ လေးညှင်း၊ ကွမ်းရွက်၊ ယူကလစ်ဆီ၊ ပက်ပါးမင့်ဆီ၊ တေဇောဆီ၊ ပရုတ်၊ ပရုတ်အေး၊ နှမ်းဆီ။
သုံးစွဲနိုင်သောရောဂါများ
ကြွက်သားများ ညောင်းညာကိုက်ခဲခြင်း၊ အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်း၊ ဒူးနာခြင်း၊ ခါးနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ လက်ကပ်ခြင်း၊ အရိုးကျီးပေါင်းရောဂါ၊ လေငန်းရောဂါ၊ လေးဖက်နာ အဆစ်ရောင်ရောဂါ။
သုံးစွဲရန်ဆေးပမာဏ
တစ်နေ့လျှင် (၂)ကြိမ်မှ (၃)ကြိမ်အထိ အသားထဲစိမ့်ဝင်အောင် လိမ်းပေးပါ။ (ပြင်ပလိမ်းရန်အတွက်သာ)
-----------------------------------------
(၅)ဘမ်းပရုတ်ဆီအကြောင်း
~~~~~~~~~~~~~~~~~~
ဆေးတစ်ဖုံတွင်ပါဝင်သောဆေးပစ္စည်းများ
လေးညှင်းပွင့်၊ ဆေးပုလဲ၊ သက်ရင်းကြီး၊ လော်ပန်၊ မိဿလင်ဥ၊ ယူကလစ်ဆီ၊ ပက်ပါးမင့်ဆီ၊ ပရုတ်၊ ပရုတ်အေး၊ တေဇောဆီ၊ မုန်ညင်းဆီ၊ ဖယောင်းပျော့၊ ပျားဖယောင်း။
သုံးစွဲနိုင်သောရောဂါများ
ကြွက်သားများ ညောင်းညာကိုက်ခဲခြင်း၊ အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်း၊ ဒူးနာခြင်း၊ ခါးနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ လက်ကပ်ခြင်း၊ ကျီးပေါင်းရောဂါ၊ လေငန်းရောဂါ၊ လေးဖက်နာ အဆစ်ရောင်ရောဂါ။
သုံးစွဲရန်ဆေးပမာဏ
တစ်နေ့လျှင် (၂)ကြိမ်အထိ အသားထဲစိမ့်ဝင်အောင် လိမ်းပေးပါ။ ပွတ်လိမ်းရှူနိုင်သည်။ (ပြင်ပလိမ်းရန်အတွက်သာ)
နံပါတ်(၁)မှ(၅)အထိဆေးများ၏အာမခံ(၃)ချက်
👍အခြားဆေး အားလုံးထက်ဆေးအာနိသင် ကောင်းစေရမည်။
👍မှတ်ပုံတင်လက်မှတ်ရ။ ဘေးထွက်ဆိုးကျိုးလုံးဝမရှိ။
👍အဆီကျဆေး သောက်နေ သုံးနေသမျှ ဆေးအကျိုးအာနိသင် ရစေရမည်။
👍လေးဖက်နာ- ကျီးပေါင်းဆေး နှင့် အဆုတ်နာ-တုပ်ကွေးဆေးသည် အင်္ဂလိပ်ဆေး အမြဲစွဲသောက်နေခြင်းမှ လွတ်စေရမည်။
(အင်္ဂလိပ်ဆေးအစားထိုး တိုင်းရင်းဆေးစစ်စစ်)
-----------------------------------------
(၆)နန်းလုံးကြိုင်အကြောလိမ်းဆေးအကြောင်း
~~~~~~~~~~~~~~~~~~
ဆေးတစ်ဘူးတွင်ပါဝင်သောဆေးပစ္စည်းများ
နန်းလုံးကြိုင်မြစ်၊ ခွေးလှေးယားစေ့၊ ပေါက်နွယ်ဥ၊ ရှဥ့်မတက်ဥ၊ ပရန္နဝါဥ၊ ဒဟဿဂို၊ ဂျင်ဆင်း၊ ပရုတ်၊ နှမ်းဆီ။
သုံးစွဲနိုင်သောရောဂါများ
💯အာရုံကြော၊ ကြွက်သားများအားအင်ချည့်နဲ့ခြင်း။
💯အမျိုးသားများဆိုင်ရာအကြောအားနည်းခြင်း။
💯ပန်းသေပန်းညှိုးခြင်း၊ သုက်လွှတ်မြန်ခြင်း။
သုံးစွဲရန်ဆေးပမာဏ
လူကြီး - တစ်နေ့လျှင် တစ်ကြိမ်မှ နှစ်ကြိမ်ထိ လိမ်းနိုင်သည်။ (ပြင်ပလိမ်းရန်အတွက်သာ)
-----------------------------------------
(၇)(အမျိုးသား)အားတိုးဆေးအကြောင်း
~~~~~~~~~~~~~~~~~~
ဆေးတစ်တောင့်တွင်ပါဝင်သောဆေးပစ္စည်းများ
ခွေးလှေးယားစေ့၊ ရှဥ့်မတက်ဥ၊ ပရန္နဝါဥ၊ ဒဟဿဂို၊ ပေါက်နွယ်ဥ၊ ဂင်ဂိုရွက်၊ ဂျင်ဆင်း၊ နံ့သာဖြူ၊ ဆူးပန်းဝတ်ဆံ။
သုံးစွဲနိုင်သောရောဂါများ
💯ကိုယ်ရောစိတ်ပါအားအင်ကုန်ခမ်းမောပန်းခြင်း။
💯အာရုံကြော၊ကြွက်သားများအားအင်ချည့်နဲ့ခြင်း။
💯အမျိုးသားများဆိုင်ရာအကြောအားနည်းခြင်း။
💯ပန်းသေပန်းညှိုးခြင်း၊ သုက်လွှတ်မြန်ခြင်း။
သုံးစွဲရန်ဆေးပမာဏ
လူကြီး - တစ်ခါသောက် ဆေး(၂)တောင့် ညအိပ်ယာဝင် (၁)ကြိမ်သာ သောက်ပါ။
-----------------------------------------
(၈)ဇီဝဇိုးငှက်သိုက်ယိုအကြောင်း
~~~~~~~~~~~~~~~~~~
ဆေးတစ်ဘူးတွင်ပါဝင်သောဆေးပစ္စည်းများ
ဇီဝဇိုးငှက်သိုက်၊ ခွေးလှေးယားစေ့၊ ရှဥ့်မတက်ဥ၊ ပရန္နဝါဥ၊ ဂင်ဂိုရွက်၊ ဒဟဿဂို၊ နံ့သာဖြူ၊ စမုန်နက်၊ ဆူးပန်းဝတ်ဆံ၊ ပျားရည်၊ နှမ်းဆီ။
သုံးစွဲနိုင်သောရောဂါများ
💯ကိုယ်ရောစိတ်ပါ အားအင်ကုန်ခမ်း မောပန်းခြင်း။
💯အာရုံကြောများအားနည်းခြင်း။
💯ကြွက်သားများအားအင်ချည့်နဲ့ခြင်း။
💯စားမဝင် အိပ်မပျော်ခြင်း။
💯ပန်းသေပန်းညှိုးခြင်း၊ သုက်လွှတ်မြန်ခြင်း။
💯 အထွေထွေအားဆေးအဖြစ် အမျိုးသားရော အမျိုးသမီးပါ သောက်သုံးနိုင်ပါသည်။
သုံးစွဲရန်ဆေးပမာဏ
လူကြီး - တစ်ခါသောက် လက်ဖက်စားဇွန်း (၁)ဇွန်း တစ်နေ့(၂)ကြိမ် နေ့စဉ်ပုံမှန် စားသုံးနိုင်သည်။
နံပါတ်(၆)မှ(၈)အထိဆေးများ၏အာမခံ(၃)ချက်
👍အခြားဆေး အားလုံးထက်ဆေးအာနိသင် ကောင်းစေရမည်။
👍မှတ်ပုံတင်လက်မှတ်ရ။ ဘေးထွက်ဆိုးကျိုးလုံးဝမရှိ။
👍သောက်နေ သုံးနေသမျှ ဆေးအကျိုးအာနိသင် ရစေရမည်။ ရေရှည်မသုံးလျှင် အာမ မခံပါ။
------------------------------------------
ဝယ်ယူအားပေးမှုကို အထူးပင်ကျေးဇူးတင်ရှိပါသည် ~~~
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ~~~