Cancer Insights by Dr.Htwe

Cancer Insights by Dr.Htwe ကင်ဆာရောဂါ အ​ထွေထွေဗဟုသုတများ

❇️ အခုနောက်ပိုင်း  #ကင်ဆာ တွေ ဘာလို့အဖြစ်များနေရတာလဲ ❓❓ ❇️  ကင်ဆာအများစုဖြစ်လာရခြင်းက multifactorial အကြာင်းအမျိုးမျိုးစ...
09/09/2023

❇️ အခုနောက်ပိုင်း #ကင်ဆာ တွေ ဘာလို့အဖြစ်များနေရတာလဲ ❓❓

❇️ ကင်ဆာအများစုဖြစ်လာရခြင်းက multifactorial အကြာင်းအမျိုးမျိုးစုံပြီး ဖြစ်လာတတ်တာဖြစ်ပါတယ်၊ ဥပမာ - မျိုးရိုးဗီဇ၊ လူနေစားသောက်မှုပုံစံနဲ့ ပတ်ဝန်းကျင်အနေအထား စတာတွေ စုံပြီးဖြစ်တာကြောင့်လဲ ဖြစ်နိုင်ပါတယ်

❇️ မြန်မာမှာ အဖြစ်များတဲ့ ကင်ဆာ 5️⃣မျိုးရဲ့ အဓိကဖြစ်ရတဲ့ အကြောင်းအရင်း Carcinogen တွေကို မျှဝေသွားပါမယ် 👇👇👇

💠 #အဆုတ်ကင်ဆာ ❗

🔹ဆေးလိပ်သောက်ခြင်း - ကိုယ်တိုင်သောက်လို့ ဖြစ်နိုင်သလို ကိုယ်ဘေးမှာ ဆေးလိပ်အမြဲသောက်တဲ့သူရှိရင်လဲ ကိုယ်ကဖြစ်နိုင်ပါတယ်
🔹အိမ်တွင်းလေထုညစ်ညမ်းမှု - အေးတဲ့နေရာတွေမှာ ပိုဖြစ်တတ်ပါတယ်၊ အိမ်ကလေဝင်လေထွက်မရှိဘူး၊ အိမ်ထဲမှာ မီးဖိုတာ၊ ထင်းမီး၊ လောင်စာတို့နဲ့ ချက်ပြုတ်တာတို့က အိမ်တွင်းလေထုကို ညစ်ညမ်းစေပါတယ်
🔹Radon - သူကအရောင်မရှိ အနံ့မရှိတဲ့ ဓာတုဗေဒဓာတ်ငွေ့ဖြစ်ပြီး လေဝင်လေထွက်နည်းတဲ့အိမ်တွေထဲမှာရှိနေတတ်ပါတယ်၊ အိမ်အောက်က မြေကြီးတွေ ကျောက်တွေမှာရှိနေတတ်ပြီး ကြမ်းတွေကနေ စိမ့်ထွက်နေတတ်ပါတယ်၊ အဆုတ်ကင်ဆာအဖြစ်များစေတဲ့ထဲ သူပါပါတယ်
🔹Asbestos နဲ့ Silica အမှုန်များ - သူတို့က အလုပ်ရုံတွေ၊ ကျောက်ကြိတ်တဲ့နေရာတွေ၊ ဆောင်လုပ်ရေးလုပ်ငန်းတွေမှာ ဒီအမှုန်အမွှားတွေ အများကြီးထွက်တတ်ပါတယ်

💠 #အသည်းကင်ဆာ❗

🔹အသည်းရောင်အသားဝါ ဘီပိုး နဲ့စီပိုး - အာရှနိုင်ငံအတော်များများမှာ ဒီပိုးတွေကူးစက်မှုကြောင့် အသည်းကင်ဆာ အဖြစ်များပါတယ်
🔹Aflatoxins - သူကတော့ စားသောက်ကုန်တွေကို သိုလှောင်တဲ့အခါ ထွက်လာတဲ့မှိုတမျိုးဖြစ်ပါတယ်၊ အများအားဖြင့် မြေပဲတွေ၊ ငရုတ်သီးခြောက်တွေ မှာ ပါနေတတ်ပါတယ်
🔹 အရက် - အရက် (Alcohol) ပါဝင်တဲ့ အရည်အမျိုးမျိုးကို ရေရှည် အလွန်အကျွံသောက်သုံးခြင်းကလဲ အသည်းကင်ဆာဖြစ်နိုင်ချေ ပိုမြင့်မားစေပါတယ်

💠 #အူမကြီးကင်ဆာ❗

🔹အစာအမျိုးအစား - စားတဲ့အစာမှာ အမျှင်ဓာတ်နည်းပြီး အဆီများတာတွေ၊ အကင်တွေအစားများတာက ဖြစ်တတ်ပါတယ်
🔹ပြုပြင်ထားတဲ့ အသားတွေ - ဝက်အူချောင်း/ ဟော့ဒေါ့စသဖြင့် အစားများရင်လဲ ဖြစ်တတ်ပါတယ်
🔹 ဆေးလိပ်သောက်ခြင်းနဲ့ အရက်အလွန်အကျွံသောက်ခြင်းကလဲ ဖြစ်စေနိုင်တဲ့ထဲပါပါတယ်

💠 #ခံတွင်းနဲ့လည်ချောင်းကင်ဆာ ❗

🔹To***co - ဆေးလိပ်သောက်တာ၊ ကွမ်းစားတာတို့မှာပါတဲ့ To***co (ဆေးရွက်ကြီးဓာတ်)နဲ့ထုံးဓာတ်က ကင်ဆာကိုဖြစ်စေပါတယ်
🔹HPV ပိုး - သူက လိင်ဆက်ဆံတာကကူးတတ်ပြီး သားအိမ်ခေါင်းကင်ဆာကိုဖြစ်စေသလို ခံတွင်းနဲ့လည်ချောင်းကင်ဆာကိုလဲ ဖြစ်စေနိုင်ပါတယ်

💠 #ရင်သားကင်ဆာ❗

🔹ဟော်မုန်းကြောင့် - ရာသီလာတာစောတယ်၊ သွေးဆုံးတာနောက်ကျတယ်၊ ကိုယ်ဝန်ဆောင်တာမရှိဘူး စတဲ့အချက်တွေက ရင်သားကင်ဆာကို ဖြစ်စေနိုင်ပါတယ်
🔹လူနေမှုပုံစံ - အဝလွန်တာကလဲ ဖြစ်စနိုင်သလို၊ လှုပ်ရှားမှုမရှိတဲ့ နေထိုင်မှုပုံစံက ဖြစ်စေနိုင်ပါတယ်
🔹ပတ်ဝန်းကျင်အခြေအနေ - ပတ်ဝန်းကျင်ညစ်ညမ်းမှုတို့၊ ဟော်မုန်းပြောင်းလဲစေတဲ့ ဓာတုဗေဒ ဆေးဝါးတွေသုံးခြင်းတို့ကလဲ ကင်ဆာကို ဖြစ်စေနိုင်ပါတယ်

🚩အချုပ်အနေနဲ့ 🚩

🔺တချို့အမူအကျင့်တွေက ကင်ဆာကို တမျိုးမကဘဲ ၂ မျိုး ၃ မျိုးလောက်ကို ဖြစ်စေနိုင်တဲ့ထဲ ပါပါတယ် (ဥပမာ - ဆေးလိပ်သောက်တာ)

🔺ကင်ဆာရောဂါတွေ မဖြစ်ဖို့
ကိုယ်ဆင်ခြင်လို့မရနိုင်တဲ့ အကြောင်းအရာတွေထက် (ဥပမာ- မျိုးရိုးဗီဇ) ကိုယ်ဆင်ခြင်လို့ရနိုင်တဲ့ အကြောင်းအရာတွေ (ဥပမာ - ကာကွယ်ဆေးထိုးတာ၊ အစားအသောက်အနေအထိုင် ဆင်ခြင်တာ)တို့ကို ပိုအာရုံစိုက်ပြီး လုပ်သင့်ပါတယ်

🔺ကင်ဆာအများစုက အသိနောက်ကျတတ်တဲ့အတွက် ရှိခဲ့ရင်စောစောသိပြီးကုသနိုင်ဖို့ screening စစ်ဆေးမှု ပုံမှန် လုပ်သင့်ပါတယ်

🔺နောက်ဆုံးအနေနဲ့ ကာကွယ်နိုင်တဲ့အချက်တွေကိုသိပြီး ကာကွယ်တတ်အောင် ကျန်းမာရေးအသိပညာရှိဖို့လိုပါတယ်

မူရင်းရေးသားသူ page 👇

https://www.facebook.com/medicalwn?mibextid=LQQJ4d

𝓑𝓮 𝓗𝓮𝓪𝓵𝓽𝓱𝔂, 𝓑𝓮 𝓗𝓪𝓹𝓹𝔂
By, Dr.A

💡စောစောသိရင် ကာကွယ်ကုသလို့ရမယ့် ကင်ဆာထဲမှာ "အူမကြီးကင်ဆာ"ပါပါတယ်။စောစောသိနိုင်အောင် 👇 ဒါတွေကိုသိထားပြီး သတိထားဖို့တော့လိ...
30/04/2023

💡စောစောသိရင် ကာကွယ်ကုသလို့ရမယ့် ကင်ဆာထဲမှာ "အူမကြီးကင်ဆာ"ပါပါတယ်။

စောစောသိနိုင်အောင် 👇 ဒါတွေကိုသိထားပြီး သတိထားဖို့တော့လိုပါမယ်

💠 အူမကြီးကင်ဆာဟာ

🔹ကမ္ဘာတစ်ဝှမ်းမှာ လူသန်းပေါင်းများစွာကို ဒုက္ခပေးနေတဲ့ ပြင်းထန်ပြီး အသက်အန္တရာယ်ရှိသော ရောဂါတခု ဖြစ်ပါတယ်
🔹မြန်မာနိုင်ငံမှာလဲ ကင်ဆာရောဂါကြောင့် သေဆုံးရခြင်း၏ အဓိကအကြောင်းရင်းများထဲမှ တစ်ခုဖြစ်ပါတယ်
🔹အခုနောက်ပိုင်း ဖြစ်ပွားမှုတိုးများလာခဲ့ပြီး 2020 ခုနှစ်တွင် ဖြစ်ပွားမှုအသစ် 4,000 ကျော်ရှိခဲ့ပါတယ်
🔹အမျိုးသားတွေမှာ ပိုအဖြစ်များပြီး အသက်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ခြေလည်း တိုးလာပါတယ်

💡 သတင်းကောင်းတစ်ခုကတော့ စောစီးစွာတွေ့ရှိရင် ဒီကင်ဆာကို ကာကွယ်ဖို့နဲ့ ကုသနိုင်ဖို့ ထိရောက်တဲ့ နည်းလမ်းများစွာရှိပါတယ် 👍

💠 ဘယ်လိုလူတွေမှာ ပိုဖြစ်နိုင်ချေရှိသလဲ

🔹အကြောင်းရင်းများစွာရှိတဲ့အထဲမှာ ဖြစ်နိုင်ချေများတဲ့ အချက်အချို့ကတော့ -

🔹အသက်ကြီးလာတာနဲ့အမျှ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ တိုးလာပါတယ်
🔹မိသားစုနဲ့ ဆွေမျိုးနီးစပ်ထဲမှာ အူမကြီးကင်ဆာ (သို့) polyps (အလုံးအကြိတ်)ဖြစ်တာ ရှိသူများ
🔹Crohn's disease (သို့) ulcerative colitis လို အူလမ်းကြောင်းရောင်ရမ်းတဲ့ ရောဂါရှိသူများ
🔹အနီရောင်နဲ့ ပြုပြင်ထားသော အသားများ (ဥပမာ- ဟော့ဒေါ့)၊ ပြည့်ဝဆီများနှင့် အမျှင်ဓာတ်နည်းသော အစားအစာများကို အစားများသူများ
🔹ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းနဲ့ အထိုင်များသူများ၊ အဝလွန်သူများ
🔹ဆေးလိပ်သောက်သူနဲ့ အရက်အလွန်အကျွံသောက်သူများ

💠 သတိထားသင့်တဲ့ အစောပိုင်းလက္ခဏာတွေ

🔹အူမကြီးကင်ဆာဟာ အစောပိုင်းအဆင့်တွင် လက္ခဏာမပြတာ ရှိတတ်ပေမယ့် သတိထားကြည့်ရမဲ့ လက္ခဏာတချို့ကတော့ -

🔹ပုံမှန်မဟုတ်ဘဲ ရက်အနည်းငယ်ထက်ပိုကြာပြီး ဝမ်းပျက်ဝမ်းလျှော (သို့)ဝမ်းချုပ်ခြင်းတို့လို အူလမ်းကြောင်းဆိုင်ရာ အလေ့အထပြောင်းလဲမှုဖြစ်ခြင်း
🔹ဝမ်းတွင်းသွေး (သို့) စအိုလမ်းကြောင်းမှ သွေးထွက်ခြင်း
🔹ဗိုက်အောင့်ခြင်း၊ ဝမ်းဖောဝမ်းရောင်ဖြစ်ပြီး မသက်မသာဖြစ်ခြင်း
🔹အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန်ကျခြင်း
🔹မောပန်းခြင်း၊ အားနည်းခြင်း

💠 ကာကွယ်ရန် ထိရောက်သောနည်းလမ်းတွေ

🔹အသက် 50 ကျော်သူများကို အူမကြီးကင်ဆာ ပုံမှန်စစ်ဆေးရန် အကြံပြုထားပါတယ်၊ မှန်ပြောင်းစစ်ဆေးခြင်း၊ f***l immunochemical tests (FIT) နှင့် မစင် DNA စစ်ဆေးခြင်းတွေ လုပ်လို့ရပါတယ်
🔹အမျှင်ဓာတ်၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များကို စားပါ၊ အနီရောင်နှင့် ပြုပြင်ထားသော အသားများကို လျော့စားပါ
🔹ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
🔹ဆေးလိပ်မသောက်ပါနဲ့၊ အရက်အလွန်အကျွံ မသောက်ပါနဲ့

🚩အချုပ်အနေနဲ့

🔺အူမကြီးကင်ဆာက စောစီးစွာတွေ့ရှိရင် ကာကွယ်ကုသနိုင်သော ပြင်းထန်သောရောဂါတခုဖြစ်ပါတယ်
🔺အဲ့တာကြောင့် ကင်ဆာဖြစ်နိုင်တဲ့ ရောဂါလက္ခဏာတွေကို သတိပြုမိပြီး ပုံမှန်စစ်ဆေးခြင်းနဲ့ ကျန်းမာတဲ့ လူနေမှုပုံစံကို ကျင့်သုံးခြင်းအားဖြင့် ကင်ဆာကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်
🔺သင့်မှာ အူမကြီးကင်ဆာလက္ခဏာ (သို့) အခြားကျန်းမာရေးဆိုင်ရာ ပြဿနာတွေရှိလာရင် ဆရာဝန်တွေနဲ့ သွားရောက်ပြသပါ

#ကင်ဆာ #အူမကြီးကင်ဆာ

𝓑𝓮 𝓗𝓮𝓪𝓵𝓽𝓱𝔂, 𝓑𝓮 𝓗𝓪𝓹𝓹𝔂
By, Dr.A

Credit - မူရင်းရေးသားသူ page👇

https://www.facebook.com/medicalwn?mibextid=LQQJ4d

" ကင်ဆာဝေဒနာရှင်များအတွက် အစားအသောက်နှင့် အာဟာရ "ကင်ဆာဝေဒနာ ခံစားနေရသောသူတွေဟာ အစားနည်းလာတာ ၊ စားချင်စိတ်မရှိတာ ၊ ခံတွင်...
07/01/2023

" ကင်ဆာဝေဒနာရှင်များအတွက် အစားအသောက်နှင့် အာဟာရ "

ကင်ဆာဝေဒနာ ခံစားနေရသောသူတွေဟာ အစားနည်းလာတာ ၊ စားချင်စိတ်မရှိတာ ၊ ခံတွင်းတစ်ဝိုက်မှာ အနာတွေ ဖြစ်လွယ်တာ ၊ ဓာတ်ရောင်ခြည်ကုထုံး ကြောင့် အရေပြားနဲ့ ခံတွင်းတွေ လောင်သလိုမျိုးဖြစ်တာတွေ အမျိုးမျိုးဖြစ်နိုင်ပါတယ်။

ကင်ဆာလူနာတွေဟာ အာဟာရချို့တဲ့ပြီး ပိန်လှီဖို့ အတော်ဖြစ်နိုင်ခြေရှိတဲ့သူတွေထဲမှာ ပါပါတယ်။

ရောဂါကလည်းပြင်း ၊ ဆေးတွေကလည်းပြင်း ၊ ကုသမှုဒဏ်တွေလည်းခံရတဲ့အပြင် အာဟာရချို့တဲ့မှုကြောင့် ပိုချုံးချုံးကျလာပါတယ်။

ကိုယ်ခံအားပြန်ကောင်းအောင် ကင်ဆာကို အန်တုဖို့ အာဟာရပြည့်၀ဖို့က အရေးကြီးပါတယ်။

ကင်ဆာလူနာတွေ ဘာစားလို့ရလဲ ၊ ဘာနဲ့တည့်လဲလို့ မေးရင် အရင်ဆုံးဖြေမိမှာကတော့ အကုန်စားလို့ရတယ် ၊ အကုန်တည့်တယ်လို့ ဖြေမိမှာသေချာပါတယ်။

ကင်ဆာ ခံစားရတဲ့အခါ စိတ်ဓာတ်ကျလွယ်ပါတယ်။ သေမင်း လက်မှတ်ဖြတ်လိုက်သလို ခံစားရကြတယ်။ ဒါ့ကြောင့် မိသားစုနဲ့ ပြုစုကုသပေးသူများရဲ့ ဖေးမမှုကလည်း အလွန်အရေးပါပါတယ်။

ဒါ့ကြောင့် ပထမဦးဆုံးအနေနဲ့ မိမိရဲ့ မိသားစု၀င်သော်လည်းကောင်း၊ ကိုယ်တိုင်သော်လည်းကောင်း ကင်ဆာလို့ တံဆိပ်တပ်ခံရပြီဆို အားမငယ်ဖို့ အဆုံးထိ ဆက်တိုက်သွားရအောင်လို့ အားပေးချင်ပါတယ်။

အားတင်းထားမှ စိတ်ဓါတ်မကျမှ အာဟာရမချို့တဲ့မှ ဒီတောင်ကို ကျော်နိုင်ပါတယ်။ အချို့သော ကင်ဆာတွေဟာ သိပြီးမကြာခင် ဆုံးပါးတတ်သလို လုံး၀အရှင်းပျောက်အောင်ကုလို့ရတဲ့ ကင်ဆာတွေလည်း အများကြီးပါ။ ကင်ဆာဖြစ်တိုင်း အားငယ်စရာ မလိုပါ။

အားမငယ်ပါနဲ့။

အားရှိအောင်ရော ဘာတွေစားမလဲ ?

အကုန်စားလို့ရပါတယ်။

လူနာရဲ့အခြေအနေ သူ ဘယ်လောက်စားလို့၀င်လဲ ၊ အဖတ်စားနိုင်လား ပျော့တာဘဲ စားနိုင်လား ၊ အိပ်ရာထဲလဲနေလား သတိရှိနေလားအပေါ် မူတည်ပြီး စားတဲ့အစားအစာ ကွာသွားပါတယ်။

ပုံမှန် စားနေကျ အစားအစာတွေဟာ ဖြည့်စွက်စာ အားဖြည့်စာများထက် ပိုကောင်းပါတယ်။ လူနာက ပုံမှန်စားနေကျ ထမင်းဟင်း စားနိုင်နေရင် ကြိုက်နှစ်သက်တဲ့ ဟင်းနဲ့ ပုံမှန်အတိုင်းစားနိုင်ပါတယ်။

ဟင်းသီးဟင်းရွက်နဲ့ သစ်သီး၀လံတွေကိုလည်း အစုံစားဖြစ်အောင် မထပ်အောင် အမျိုးစုံ ထည့်စားပေးတာကောင်းပါတယ်။ အစားအစာ တစ်မျိုးထဲကို အလွန်အကျွံစားခြင်းကြောင့် ကင်ဆာသက်သာလာတာမျိုးမရှိလို့ ထိုကဲ့သို့ အပြုအမူမျိုးကို မလုပ်သင့်ပါ။ အာဟာရဓာတ်တစ်မျိုးထဲနဲ့ ကင်ဆာပျောက်တာမျိုး ၊ မုန်လာဥနီစားရုံနဲ့ ကင်ဆာပျောက်တာမျိုးသာ ရှိရင် ကင်ဆာဆေးအစား အဲဒီအရာတွေသာ ကမ္ဘာမှာ သုံးနေကြမှာပါ။ ကင်ဆာပျောက်တဲ့ လျှို့၀ှက်ဆေးဆိုတာ မရှိပါ ၊ အဆင့်ဆင့် ဆေးအမျိုးမျိုးဖြင့် ကုသရင်တော့ ပျောက်နိုင်ပါတယ်။

အားရှိအောင် နာမည်ကြီးဇာတ်လိုက်များ ဖြစ်တဲ့ ငှက်တို့ ကြက်တို့ကရော ...?

သောက်လို့ရပါတယ်...ငှက်သိုက် ကြက်ပေါင်းကို။ ဒါပေမယ့် ငှက်သိုက် တစ်ဘူးမှာ ကယ်လိုရီ ပါ၀င်မှုနည်းတဲ့အတွက် အဲ့တစ်မျိုးထဲ တစ်နေ့လုံးတိုက်မယ့်အစား ကြက်ဥပူတင်းလေး ချော့ကျွေးတာမျိုးက ပိုအာဟာရဖြစ်ပါတယ်။

စားရလွယ်ပြီး အသားဓာတ်ပါ၀င်တဲ့ အစားအစာမျိုးကို ပိုစားသင့်ပါတယ်

ကြက်ပေါင်းရည် သောက်တဲ့အခါ အရည်ကြည်ကိုပဲသောက်တာမျိုးထက် အသားဖတ်လေးတွေ မျှင်ထည့်ပြီးသောက်မှ ပရိုတင်းဓာတ် အသားဓာတ် ပိုရပါတယ်။ ကြက်ပေါင်းရည်က ကြက်အဆီသာပါလို့ အသားဓာတ်ပါ၀င်မှုနည်းပါတယ်။

ကင်ဆာဆဲလ်တွေဟာ ကိုယ်တွင်း အသားဓာတ်တွေကို ပိုလောင်ကျွမ်းစေလို့ သာမန် လူတစ်ယောက်ထက် ကင်ဆာလူနာမှာ အသားဓာတ်လိုအပ်ချက် ပိုများပါတယ်။

အသားဓာတ်က ကြက်သား ( အိမ်ကြက်ဖြစ်ဖြစ်၊ ကြက်နီဖြစ်ဖြစ် ၊ စီပီကြက်ဖြစ်ဖြစ် အသားများသော ကြက်သည်သာ အသားဓာတ် ပိုများပါသည်၊ ၀ယ်ရလွယ်တဲ့ အသားဆို ရပါပြီ) ၊ အမဲသား ၊ ၀က်သား ၊ ပဲ၊ ပုဇွန် ၊ ငါးနှင့် ပင်လယ်စာများ ၊ နွားနို့ ၊ နို့ခဲ နှင့် နို့ထွက်ပစ္စည်းများ ၊ ပဲပိစပ်၊ မြေပဲကဲ့သို့ အစေ့အဆံတွေမှာ ကြွယ်၀စွာ ပါ၀င်ပါတယ်။

ကိုယ်အလေးချိန် ပေါင် ၁၀၀ ရှိတဲ့လူနာဟာ လက်၂တုံးအရွယ် အနေတော် အသားတုံး ၇ တုံးခန့် တစ်ရက်တာ စားမှ လုံလောက်တဲ့အသားဓာတ်ရပါတယ်။

အစားနည်းနေရင် အာဟာရမှုန့်များ အရည်များကို တိုက်နိုင်ပါတယ်။

ဆီးချိုရှိတဲ့ ကင်ဆာလူနာတွေမှာတော့ အသီးဖျော်ရည်နဲ့ သကြားများတဲ့ အစားအစာတွေကို ချင့်ချိန်စားသင့်ပါတယ်။

စိတ်တည်ငြိမ်လာတဲ့အခါလည်း ကင်ဆာဆဲလ်ပြန့်ပွားမှု လျော့နည်းလာတာတွေရှိလို့ တရားထိုင်တာမျိုး ယောဂကျင့်တာမျိုးကဲ့သို့ လုပ်ဖို့အကြံပေးလိုပါတယ်။

ကင်ဆာဖြစ်လာတဲ့အခါ စိတ်အားငယ်တာရော ၊ မိမိရဲ့ ကျဆင်းလာတဲ့ ကိုယ်အလေးချိန်ကြောင့်ရော အပြင်ထွက်ဖို့နဲ့ လူတွေနဲ့တွေ့ဖို့ ကြောက်နေတတ်ပါတယ်။ ဒါပေမယ့် လှုပ်ရှားမှုနည်းရင် ကြွက်သားဆုံးရှုံးမှု ပိုများပြီး ပိုပိန်လာတတ်ပါတယ်။ အိပ်ရာထဲကမထသူတွေလည်း လေ့ကျင့်ခန်းလိုအပ်သလို လမ်းလျောက်နိုင်သူတွေလည်း ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုလေးတွေလုပ်ကြဖို့ အကြံပြုလိုပါတယ်

အဖတ်ပျော့ပျော့ စားနိုင်တဲ့ ကင်ဆာလူနာတွေအတွက် အကြမ်းဖျဥ်း တစ်နေ့စာ အစာပုံစံကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

ပေါင် ၁၀၀ ရှိတဲ့ လူနာကို ဥပမာထားပြီး တွက်ချက်ထားတာမို့လို့ လူတိုင်းအတွက်တော့ တစ်ပုံစံတည်း meal plan သုံးလို့မရနိုင်ပါ။
( တစ်ဦးချင်းစီအတွက် အသေးစိတ်သိရှိလိုတယ်ဆိုရင်တော့ တယ်လီကျန်းမာဆေးခန်းမှာ ဘွတ်ကင်ယူပြီး အာဟာရဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ် )....

မနက် --- ငှက်ပျောသီးနဲ့ မလိုင်ပါတဲ့ နို့တစ်ခွက် ( ဘယ်အသီးဖြစ်ဖြစ် စားနိုင်သလောက် အရသာကြိုက်တာဆိုရပါတယ်)

နေ့လည်စာ မတိုင်ခင် ---- ဘီစကစ်နဲ့ ကော်ဖီ/ မိုင်လို တစ်ခွက်

နေ့လည်စာ --- ထမင်း+အသား+အသီးအရွက် ( အဖတ်များများမစားနိုင်ပါက ကြက်ပေါင်းမှ အသားနှင့် အရည်ကို ဆန်ပြုတ် /ထမင်းပြဲဖြင့် ရောကျွေးပါ )

နေ့ခင်း --- အသီးဖျော်ရည်/ မုန့်နည်းနည်း

ညနေ --- အာဟာရမှုန့် / အရည် တစ်ခွက် ပြစ်ပြစ်လေး

ညစာ --- ဆန်ပြုတ်/ကြာဇံပြုတ် ဖြင့် အသား/ငါး/ ကြက်ဥ တစ်ခုခုပါရန်

အိပ်ခါနီး --- အာဟာရနို့ ၁၀၀- ၂၀၀ မီလီခန့်....

နောက်အပတ်မှာတော့ ကင်ဆာလူနာတွေ ပျို့တာအန်တာ အစာမ၀င်တာတွေအတွက် အကြံပြုချက်တွေတင်သွားပေးမှာမို့ ဆက်လက်စောင့်မျှော်ပေးကြပါလို့ ပြောကြားရင်း...

အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီးတစ်ဦး
တယ်လီကျန်းမာ

Reference : 📚
ESPEN practical guideline: Clinical Nutrition in cancer (2021)

Address

Mandalay General Hospital
Mandalay

Website

Alerts

Be the first to know and let us send you an email when Cancer Insights by Dr.Htwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram