ဆီးချိုသွေးတိုးသုတများ

ဆီးချိုသွေးတိုးသုတများ ဆီးချိုသွေးချိုနှင့် သွေးတိုး ဆိုင်ရာ ကျန်းမာရေးပြည်သူ့အကျိုးပြုစာပေများ မျှဝေပေးရာ

ဆီးချိုရောဂါရှိသူများအတွက် စားသောက်မှုပုံစံ✅ဆီးချိုရှိသူများအနေဖြင့် အစာမစားခြင်း၊ အလွန်အကျွံကိုယ်အလေးချိန်ချခြင်း၊ အလွန...
11/04/2026

ဆီးချိုရောဂါရှိသူများအတွက် စားသောက်မှုပုံစံ✅

ဆီးချိုရှိသူများအနေဖြင့် အစာမစားခြင်း၊ အလွန်အကျွံကိုယ်အလေးချိန်ချခြင်း၊ အလွန်အကျွံစားသုံးခြင်း မပြုလုပ်ပါနှင့်။ တစ်နေကုန် အားအင်ပြည့်ဝ မျှတအောင် သင့်တင့်သောအစားအစာ၊ သင့်တင့်သော ပမာဏကိုအချိန်မှန်စားပါ။ ထမင်းစားများလျှင် ဆီးချို တက်နိုင်သလို အစာကိုအချိန်မှန်၊ ပုံမှန်မစားခြင်းကလည်း ဆီးချိုရောဂါကို ပိုဆိုးစေသော အကြောင်းရင်းဖြစ်သည်။ အစာစားချိန် လွန်သွားသည့်အခါ ဗိုက်ဆာဆာဖြင့် အလွန်အကျွံစားသောက်မိတတ်သည်။ အစာပုံမှန်မစားခြင်းကြောင့် ဆေးညှိရ ခက်ခဲပြီး ဆီးချို သွေးချိုပမာဏ အတက်အကျများစေသည်။ ထိုအခါ စွမ်းအင်မပြည့်ဝသည့်အတွက် နုန်းချည့်လာပြီး အားယုတ်ခြင်းကို ခံစားရတတ်သည်။

ဆီးချိုသွေးချိုဝေဒနာရှင်များတွင် တွေ့ရလေ့ရှိသော ဝမ်းဗိုက်ဝေဒနာများမှာ ရင်ပူခြင်း၊ စားချဉ့်ပြန်ခြင်း၊ အစာမကြေခြင်း၊ လေပွခြင်း၊ ဗိုက်ဖောင်းခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ပျို့ခြင်း၊ အန်ခြင်းတို့ဖြစ်ကြသည်။ ထိုပြဿနာများကို ရှောင်ရှား နိုင်ရန်အတွက် အောက်ဖော်ပြပါ အစာအုပ်စု ခြောက်မျိုးကို စားသုံးမှုရှောင်ကြဉ်ပါ။

• ကာဗိုဟိုက်ဒရိတ် ပါဝင်မှုများသော ထမင်းဖြူ၊ ဂျုံ၊ ပြောင်း။
• အချိုများသော သစ်သီးများ။
• အချိုရည်အမျိုးမျိုး။
• ဆီကြော်စာများ၊ နှစ်ပြန်ကြော်များ။
• တိရစ္ဆာန်အဆီများ၊ အဆီအနှစ်များသော အစားအစာများ။
• အချို၊ အငန်၊ အဆီများသော အသင့်စား အစားအစာများ။

စားသောက်မှုပုံစံ

ထမင်းကို လေး၊ ငါးဇွန်းခန့်သာစားပါ။ ဆန်လုံးညို သို့မဟုတ် ဆန်ကြမ်းစားနိုင်လျှင် ပိုကောင်းသည်။ အရွက်များများစားပါ။ မနက်စာကို အမျှင်ဓာတ်ကြွယ်ဝသော အစားအစာစားပါ။ အသားဓာတ် ပြည့်ဝအောင်စားပါ (ဥပမာ အသားငါးကျပ်သားခန့်)။ ကြက်ဥစားလျှင် အနှစ်ဖယ်၍ အကာစားပါ။ အဆီ လျှော့စားပါ။ ဟင်းအနှစ် လျှော့စားပါ။

• ထမင်းစားသည့်အခါ ထမင်းစားပန်းကန်ကို လေးပုံပုံပါ။
• တစ်ပုံတွင် ကစီဓာတ်ပါသော အစားအစာများ (ဥပမာ ထမင်း၊ ပေါင်မုန့်)။
• နောက်တစ်ပုံတွင် အသားဓာတ်ပါသော အစားအစာများ (ဥပမာ အသား၊ ငါး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး)။
• ကျန်နှစ်ပုံတွင် ဟင်းသီးဟင်းရွက်များထည့်၍ စားသောက်ပါ။

ထမင်းစားသည့်အခါတိုင်း ဤပမာဏအတိုင်းသာ စားပါ။ ရေဆာလျှင် သို့မဟုတ် အာခြောက်လျှင် ရေသောက်ပါ။ ရေများများ သောက်ခြင်းခြင့် ခန္ဓာကိုယ်တွင်း များပြားစွာခိုအောင်းနေသော အချိုဓာတ်တွေကို ဆီးမှတစ်ဆင့် စွန့်ထုတ်ပေးနိုင်ပါမည်။ တစ်နေ့ လျှင် ရေ ၂ လီတာခန့် သောက်ပါ။ အချိုရည် လုံးဝရှောင်ပါ။

😊 ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့💙 Sinocare Myanmar 💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားဖို့ မမေ့ပါနဲ့ရှင့်။😊
❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏 ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင် 🙏
🍀 အထက်ပါအကြောင်းအရာများကို ရေးသားထားသော ပေါက်ပေါက်(ကျန်းမာရေး) ကို လေးစားစွာဖြင့် Credit ပေးပါသည်။ 🍀.
Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ

ဆီးချိုထိန်းသိမ်းမှုမကောင်းလျှင် ဖြစ်လာနိုင်သော ကျောက်ကပ်ပျက်စီးခြင်းအကြောင်း❗▪မြန်မာနိုင်ငံမှာ အဖြစ်များနေတဲ့ ဆီးချိုရေ...
10/04/2026

ဆီးချိုထိန်းသိမ်းမှုမကောင်းလျှင် ဖြစ်လာနိုင်သော ကျောက်ကပ်ပျက်စီးခြင်းအကြောင်း❗
▪မြန်မာနိုင်ငံမှာ အဖြစ်များနေတဲ့ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ ကျောက်ကပ်ပျက်စီးမှုလည်း အဖြစ်များနေပြီး၊ တချို့မှာ နောက်ကျမှ သိရှိကာ ရောဂါဝေဒနာ ပိုခံစားရတာမို့၊ စောစောသိဖို့လည်း အရေးကြီးနေတယ်လို့ ဆီးချိုအထူးကုတွေက ထောက်ပြနေကြပါတယ်။
▪ဆီးချိုသွေးချိုရောဂါကနေ ကျောက်ကပ်ထိခိုက်ပျက်စီးစေရခြင်း အဓိက အကြောင်းရင်းကတော့ ဆီးချိုသွေးချိုကို ကောင်းကောင်းမထိန်းထားနိုင်တာကြောင့်၊ သွေးထဲသွေးချိုဓာတ် (ဂလူးကို့စ် သကြားဓာတ်) များပြီး သွေးကြောငယ်လေးတွေ ပျက်စီးကာ ကျောက်ကပ်ကို သွားရောက်ထိခိုက်တာပါ။
▪ဆီးချိုသွေးချိုကို ကောင်းကောင်းထိန်းထားနိုင်ဖို့က မနက်စောစော ဘာမှမစားသေးခင် ဆီးချိုတိုင်းကြည့်လျှင် သွေးထဲမှာ ဆီးချိုပမာဏက ၈၀-၁၃၀ mg/dl ( သွေး တစ် ဒက်ဆီလီတာမှာ သကြားပမာဏ (၈၀) ကနေ (၁၃၀) မီလီဂရမ် အတွင်း) ရှိနေရပြီး၊ အစာစားပြီး တစ်နာရီအတွင်း (သို့မဟုတ်) နောက်ပိုင်း နေ့လည်နဲ့ ညနေမှာ တိုင်းလျှင်လည်း သွေးထဲ ဆီးချိုပမာဏ ၁၈၀ mg/dl ထက် မကျော်ရပါဘူး။
▪ဒါ့အပြင် (၃) လ တစ်ကြိမ် သွေးနီဥထဲက သကြားဓာတ် (ဟီမိုကလိုဘင် အေဝမ်းစီ - HbA1c) ကို တိုင်းရာမှာလည်း (၇) ရာခိုင်နှုန်း မကျော်ရပါဘူး။
▪ဆီးချိုကြောင့် ကျောက်ကပ်နောက်ဆက်တွဲ ပိုထိခိုက်နိုင်သူတွေကတော့ ဆီးချိုသွေးချို ကောင်းကောင်းမထိန်းနိုင်သူတွေအပြင် မျိုးရိုးဗီဇရှိသူ (မိသားစုထဲ ဆီးချိုရောဂါ နောက်ဆက်တွဲ ကျောက်ကပ်ရောဂါပါ ဖြစ်သူရှိခြင်း)၊ ဆေးလိပ်သောက်သူနဲ့ သွေးတိုးရောဂါပါ ဆီးချိုနဲ့တွဲရှိပြီး သွေးတိုးမထိန်းထားနိုင်သူတွေပါ။
▪ဆီးချိုအမျိုးအစား (၂) မျိုးရှိရာမှာ ဆီးချိုအမျိုးအစား (၁) ဖြစ်တဲ့ ငယ်ရွယ်စဉ်ကတည်းက ဖြစ်လာသူတွေမှာ အင်ဆူလင် (Insulin) ဆေးထိုးထိန်းပေမယ့် ထိန်းရခက်တတ်တာကြောင့် သုနေသနတွေအရ နောက် (၅) နှစ်ကနေ (၇) နှစ်အတွင်းမှာ ကျောက်ကပ်ထိခိုက်လာနိုင်ပါတယ်။
▪ဒါ့အပြင် လူကြီး (အထူးသဖြင့် အသက် ၄၀ ကျော်) တွေမှာ စဖြစ်တတ်တဲ့ ဆီးချိုအမျိုးအစား (၂) ကလည်း ရောဂါဖြစ်ကြောင်း သိတာနောက်ကျပြီး၊ ကျောက်ကပ်ရောဂါအပါအဝင် နောက်ဆက်တွဲရောဂါတွေ ဝင်လာပြီးကာမှ သိသူက သုတေသနေတွေအရ (၅၀) ရာခိုင်နှုန်းအထိ ရှိနေပါတယ်။
စောစောသိနိုင်ဖို့ ဆီးချိုသွေးချိုရောဂါ ရှိထားပြီးသူတွေအနေနဲ့ အနည်းဆုံး (၆) လ တစ်ကြိမ် ဆီးစစ်ဖို့လိုပါတယ်။
▪အကြောင်းက ဆီးချိုကြောင့် ကျောက်ကပ် စတင် ထိခိုက်လာတာကို ဆီးထဲ အသားဓာတ် (Albumin အမျိုးအစား) အဏုစိတ်ပမာဏ ပါလာတဲ့အဆင့် (Microalbuminuria) ကို ဓာတ်ခွဲခန်းမှာ စစ်ကြည့်နိုင်လို့ပါ။
▪ဒီအစပိုင်း အဆင့်က လူနာခန္ဓာကိုယ်မှာ ဘာလက္ခဏာမှ မပြသေးပါဘူး။ ဒါပေမဲ့ အခုလို ဆီးစစ်ပြီး သိနိုင်လျှင်တော့ နောက်တဆင့်ဖြစ်တဲ့ ဒုတိယအဆင့် ကျောက်ကပ်ကို ပိုထိခိုက်လာတဲ့ ဆီးထဲအသားဓာတ် ကြီးမားစွာပါလာတဲ့အဆင့် (Macroalbuminuria) ထိ မရောက်သွားအောင် ထိထိရောက်ရောက် ကုသပေးနိုင်ပါတယ်။
▪ဒီ ဒုတိယအဆင့်မှာတော့ ဆီးထဲမှာ အသားဓာတ်တွေပါလာတာကို မျက်စိနဲ့ စ သိနိုင်တာအပြင်၊ ကိုယ်ခန္ဓာမှာလည်း ဖောယောင်တာတွေ ခြေထောက်ကနေစဖြစ်ပြီး၊ မနက်မိုးလင်း မျက်လုံးတွေဖောယောင်တာ၊ မျက်နှာပါဖောလာတာတွေအထိ အဆင့်ဆင့်ဖြစ်လာတတ်ပါတယ်။
▪ဒီဒုတိယအဆင့်ကနေ ကျော်သွားလျှင်တော့ ကျောက်ကပ်လုံးဝပျက်စီးပြီး အလုပ်မလုပ်တဲ့ အဆိုးဆုံးအဆင့် (Chronic Kidney Disease၊ Chronic Renal Failure) ကို ရောက်သွားပါတယ်။
ဒီအဆိုးဆုံးအဆင့်မှာတော့ ကျောက်ကပ်အလုပ် မလုပ်နိုင်တာကြောင့် သွေးထဲကနေ အညစ်အကြေးတွေကို မစွန့်နိုင်တော့ဘဲ၊ သွေးမသန့်တော့တာကြောင့် လူနာက နေလို့မကောင်းတာ၊ ပျို.အန်တာ၊ အစာမစားချင်တာ၊ သွေးအားနည်းတာနဲ့ လှုပ်ရှားလျှင်မောလာတာတွေ အဆင့်လိုက် ဖြစ်လာပါတော့တယ်။
Credit ; Original Uploader
ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့💙 Sinocare Myanmar 💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားလို့ရပါတယ်ရှင့်😊
❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ

ဆီးချိုဖြစ်ရခြင်းနှင့် ဆောင်ရန်ရှောင်ရန်များမေး။ ။ ဆီးချိုရောဂါကဘာကြောင့် ဖြစ်ရတာပါလဲ။ဖြေ။ ။ ခုနက ကျွန်တော် ပြောသလိုပေါ့...
09/04/2026

ဆီးချိုဖြစ်ရခြင်းနှင့် ဆောင်ရန်ရှောင်ရန်များ

မေး။ ။ ဆီးချိုရောဂါကဘာကြောင့် ဖြစ်ရတာပါလဲ။
ဖြေ။ ။ ခုနက ကျွန်တော် ပြောသလိုပေါ့နော် မျိုးရိုးကြောင့် ဖြစ်တာကတစ်ခုအဓိကကတော့ မျိုးရိုးရှိတယ် ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်စားသောက်မှု မလုပ်တဲ့အတွက်ကြောင့် အဓိက ဖြစ်တာပါ။ ပြန်ပြောရရင်တော့ ချိုလွန်း၊ ငန်လွန်းတဲ့အစားသောက်တွေကိုစားလို့၊ နောက်တစ်ခုကလေ့ကျင့်ခန်းမလုပ်လို့။ အဲဒီတော့ ကိုယ်ဆီးချိုမဖြစ်ချင်ရင် အဲဒီလိုမျိုးအစားသောက်တွေကိုရှောင်ကျဉ်ရမယ် လေ့ကျင်းခန် မှန်မှန်လုပ်ခြင်းအားဖြင့် ၅၈ ရာခိုင်နှုန်းကာကွယ်နိုင်ပါတယ်။

မေး။ ။ ဆီးချိုရှိတယ်လို့ သိလိုက်တာနဲ့ ဆေးခန်းပြတယ် ဆေးစစ်တယ် ဆရာဝန်ပေးတဲ့ဆေးတွေ သောက်ပါတယ်။ အဲဒီအတွက် ဆီးချိုဆိုတာအပြီးပိုင် ပျောက်ကင်းနိုင်ပါသလားသိပါရစေ။ ဆောင်ရန် ရှောင်ရန်တွေလည်းညွှန်ကြားပေးပါဦး။ မြန်မာဆေးနည်းဆိုပြီးခရေပင်အရွက်ပြုတ်ရည်လည်းလုပ်သောက်ပါတယ် သောက်သင့်ပါသလား။
ဖြေ။ ။ ပထမတစ်ဆင့်ကတော့ ဆီးချိုသွေးချိုကမပျောက်ပါဘူး။ ပျောက်တယ်လို့ပြောရင် ညာတာပါပဲ။ အဲဒါကြောင့် အညာမခံပါနဲ့။

သို့သော် သေချာစွာဆရာဝန်တွေ ညွှန်ကြားတဲ့အတိုင်း နေထိုင်စားသောက်ရင် လူတန်းစေ့နည်းပါး အသက်စေ့ နေနိုင်ပါတယ်။

ကျွန်တော်တို့မှာဆီးချိုသွေးချိုဖြစ်ပြီး အနှစ် ၂၀၊ ၂၅ နှစ်နဲ့ ဘာမှမဖြစ်တဲ့လူတွေလည်းအများကြီးပါ။ အဲဒီတော့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးကိုမှန်မှန်သောက်ပေးပါ။
နောက်တစ်ချက်က ကျွန်တော်တို့မှာရည်မှန်းချက်တွေရှိပါတယ်။ သတ်မှတ်ချက်လို့ပြောရင်ပိုမှန်လိမ့်မယ်။

ဆီးချိုသမားတစ်ယောက်သည် -မနက်အစောကြီးဘာမှမစားပဲစစ်ရင် ၈၀ နဲ့ ၁၃၀ ကြားမှာရှိရမယ်။
- အစာစားပြီး ၂ နာရီအတွင်းမှာစစ်ရင် ၁၈၀ မကျော်ရဘူး။
- ဘယ်အချိန်စစ်စစ် ၂၀၀ မကျော်ရဘူး။
(မစားမီ ၁၂၀ စားပီးရင် ၁၈၀ ဘယ်အချိန်စစ် ၂၀၀ မကျော်ရဘူး ဒါလေးကိုဆီးချိုသွေးချို လက်လေးကိုဖောက်ပြီးတော့ ၃ ရက်တစ်ခါ သို့မဟုတ် ၅ ရက်တစ်ခါလောက် မှန်မှန်စစ်ပေးပါ) ဒါကအရေးကြီးပါတယ်။

နောက် ကျွန်တော်တို့မှာ ၆ လတစ်ခါ ပျမ်းမျှ စစ်တဲ့ HbA1C ရှိပါတယ်။ အဲဒါလေးတွေကိုလည်းစစ်နိုင်တဲ့နေရာတွေမှာစစ်ပါ။ 7 ရာခိုင်နှုန်းထက် မကျော်ရပါဘူး။
သွေးပေါင်ချိန်ကို ၁၄၀ ၊ ၉၀ မကျော်ပါစေနဲ့။
တစ်နှစ်ပြည့်တိုင်း
-မျက်စိ၊
-ကျောက်ကပ်၊
- ECG၊
- ခန္တာကိုယ်ရဲ့ အဆီဓာတ်တွေ စစ်ဆေးပေးပါ။ ဒါလေးကိုမှန်မှန်လုပ်ပေးပါပေါ့နော်။

အဲဒီတော့ အစားအသောက်နဲ့ပတ်သက်လို့ကလည်း ကြိုက်သလောက်စားလို့ရတဲ့ အစားအသောက်တွေ ရှိပါတယ်။ အဲဒါကတော့ အရွက်တို့ ငါးတို့ ပဲတို့ပေါ့။ ကြိုက်သလောက် စားပေးပါ။
အသင့်တင့် စားရမှာကတော့ ဆန်၊ ဂျုံ၊ အသား တို့ကိုတော့ ချင့်ချိန်ပြီးတော့ စားသောက်ပေးပါပေါ့။
ဆီးချိုတက်ရင် ထမင်းနည်းနည်းလျော့စားပေးပါ။ အဓိကကတော့ ချိုတဲ့အရည်တွေ ချိုတဲ့အသီးတွေ ချိုတဲ့မုန့်တွေကိုဆီးချို တက်နေတဲ့နေ့တွေမှာမစားပါနဲ့ တက်တယ်ဆိုတာကခုနကပြောသလိုပေါ့ မစားမီ ၁၂၀ စားပီး ၁၈၀ ဘယ်အချိန်စစ်စစ် ၂၀၀ မကျော်နဲ့ပေါ့ မကျော်ရင်စားပါ ကျော်ရင် မစားပါနဲ့ပေါ့။ ရေဆာရင် ရေသောက်ပါပေါ့။

အဲဒီတော့ မြန်မာဆေးမြီးတိုလို့ ပြောရရင် တိုင်းရင်းဆေးကလည်းဆီးချို ကျသလားဆိုရင်တော့လည်းကျပါတယ်။ သို့သော် မြန်မာဆေးရဲ့ ဒုက္ခတစ်ခုက ၁၀ နှစ် အနှစ် ၂၀ အဲဒီဒေတာတွေ သုတေသနတွေ မရှိနိုင်သေးဘူး။ ဒါကြောင့်မို့ လက်ရှိတော့ ကျွန်တော်တို့အနေနဲ့ ကျပါတယ်။ သို့သော် ကျွန်တော်တို့ ရေရှည်ကိုမသိပါဘူးပေါ့။

အခြားဆေးမြီးတိုတွေကတော့ သိပ်မသိတဲ့အတွက်ကြောင့် Comments မပေးလိုတော့ပါဘူး။
သို့သော် လက်ရှိတော့ ဒေတာတွေလည်းရှိ သုတေသနတွေလည်းအများကြီးလုပ်ထားတဲ့ အင်္ဂလိပ်ဆေးတွေကတော့ နိုင်ငံတကာမှာလည်း သောက်သုံးနေတဲ့အတွက်ကြောင့်မို့ အဓိကကတော့ အင်္ဂလိပ်ဆေးတွေကိုအဓိကထားသောက်သုံးပေးပါ။ မြန်မာဆေးကိုတွဲသောက်လို့ရပါတယ် သို့သော် ကျွန်တော်တို့ကတော့ အင်္ဂလိပ်ဆေးကိုတော့ မပျက်စေချင်ပါဘူး။ အဲဒါလေးတော့ မှာချင်ပါတယ်ခင်ဗျာ။

ဆီးချိုဟော်မုန်း အထူးကုဆရာ၀န် ပါမောက္ခဌာနမှူး ဒေါက်တာကိုကိုနှင့် မေးမြန်းထားသော Mizzima-News in Burmese ၏ Health Talk အစီအစဥ်မှ ရေးသားဖော်ပြထားပါသည်.....

ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့💙 Sinocare Myanmar 💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားဖို့ မမေ့ပါနဲ့ရှင့်။😊
❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
Sinocare Myanmar


Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ

အင်ဆူလင်ဆေး အသုံးပြုသင့်သူများအမျိုးအစား ၁ ဆီးချိုလူနာများသည် အင်ဆူလင်ထိုးဆေးကို မရှိမဖြစ်လိုအပ်ပါသည်။ ၎င်းတို့၏ ပန်ကရိယ...
08/04/2026

အင်ဆူလင်ဆေး အသုံးပြုသင့်သူများ

အမျိုးအစား ၁ ဆီးချိုလူနာများသည် အင်ဆူလင်ထိုးဆေးကို မရှိမဖြစ်လိုအပ်ပါသည်။ ၎င်းတို့၏ ပန်ကရိယသည် အင်ဆူလင် ထုတ်လုပ်မှုအား လုံးဝ မရှိတော့သဖြင့် အသက်ရှင်သန်နိုင်ရန်အတွက် ပြင်ပမှ အင်ဆူလင်ကို မှီခိုရခြင်းဖြစ်သည်။ ယင်းလူနာများသည် အင်ဆူလင်ထိုးဆေးမသုံးပါက အသက်ဆက်ရှင်ရန် ခဲယဉ်းသည်။ သွေးချိုဆီးချိုဆိပ်တက်၍ အသက်ဆုံးရှုံးကြရသည်။ အင်ဆူလင် လုံးဝ မထုတ်သဖြင့် ကိုယ်တွင်း အင်ဆူလင်ရှိမှသာ အာနိသင်ပြသော သွေးချိုဆီးချိုသောက်ဆေးများ၏ အခန်းကဏ္ဍ လုံးဝမရှိပါ။ သောက်ဆေးသောက်ပါက အကျိုးရှိမည် မဟုတ်ပါ။

အမျိုးအစား ၂ ဆီးချိုကို သောက်ဆေးနှင့် ကုသသည်ဟု ယေဘုယျဆိုနိုင်သော်လည်း အင်ဆူလင်ထိုးဆေးနှင့် ကုရန် လိုသော အခြေအနေများလဲရှိပါသည်။ အမျိုးအစား ၂ ဆီးချိုသည် ခန္ဓာကိုယ်တွင် အင်ဆူလင်ထုတ်လုပ်မှုရှိသော်လည်း ထုတ်လုပ်အား သို့မဟုတ် အာနိသင် ချို့ယွင်းနေခြင်းဖြစ်သည်။ ထို့ကြောင့် ဆီးချိုသောက်ဆေးများကို သုံး၍ အင်ဆူလင်၏စွမ်းရည်ကို မြှင့်တင်ပေးခြင်းဖြစ်သည်။ အချို့အခြေအနေများတွင် သွေးချိုပမာဏ အလွန်အကျွံ မြင့်တက်လေ့ရှိရာ သောက်ဆေးများသောက်လျက်နှင့် သွေးချိုဆီးချိုမှာ ထိန်းမနိုင်သိမ်းမရဖြစ်လေ့ရှိသည်။ ရောဂါပိုးဝင်၍ ဖျားနာစဉ်၊ ခွဲစိတ်ကုသမှု ခံယူစဉ်နှင့် နှလုံးသွေးကြောပိတ်၊ လေဖြတ်ရောဂါ ခံစားရစဉ်တို့တွင် ဖြစ်သည်။ ဤအခြေအနေများတွင် ဆီးချိုပမာဏတက်ပြီး သောက်ဆေးနှင့် ထိန်းမရဖြစ်သည်မျိုး ကြုံကြိုက်လာသောအခါ အင်ဆူလင်ထိုးဆေးနှင့် ထိန်းရပါသည်။ အင်ဆူလင်ကို ယာယီထိုးခြင်းဖြစ်ပြီး ထိုအခြေအနေများ လွန်မြောက်သွားပါက အင်ဆူလင်ကိုရပ်၍ မူလဆီးချိုသောက်ဆေးများ ပြန်လည်အသုံးပြုလေ့ရှိသည်။ ဆီးချိုပမာဏအလွန်အကျွံမြင့်တက်ခြင်း၊ သွေးချိုဆိပ်တက်ခြင်းတို့သည်လည်း အင်ဆူလင်ထိုးဆေးလိုအပ်သော အခြေအနေမျိုး ဖြစ်သည်။

အမျိုးအစား ၂ ဆီးချိုသည် နှစ်ကာလကြာလာသည်နှင့် သောက်ဆေးများကို တုံ့ပြန်မှုမရှိတော့ဘဲ ဆီးချိုကို သတ်မှတ်ထားသော စံသို့ ရောက်အောင် ထိန်းနိုင်စွမ်းကျလာလေ့ရှိသည်။ ဆီးချိုကျဆေး နှစ်မျိုး၊ သုံးမျိုး အသုံးပြုလျက်နှင့် ဆီးချိုမှာ ဆက်လက်မြင့်တက်နေလျှင် သွေးချိုဆီးချိုသောက်ဆေးမတိုးတော့ဟု သတ်မှတ်ပြီး အင်ဆူလင်ထိုးဆေးလိုအပ်ပြီဟု ဆုံးဖြတ်ကြသည်။ ထိုလိုအပ်ချက်သည် ခန္ဓာကိုယ်အတွင်းရှိ အင်ဆူလင် ကုန်ခန်းလာသောကြောင့်ဖြစ်ရာ အင်ဆူလင်ထိုးဆေးမထိုးပါက ဆီးချိုပမာဏ သိသိသာသာ ကျမည်မဟုတ်ပေ။ ဤအခြေအနေတွင် အင်ဆူလင်ကို တစ်သက်လုံးထိုးရန် လိုအပ်ပါပေမည်။

စာဖတ်သူများအနေနှင့် မိမိကိုယ်တွေ့ အင်ဆူလင်ထိုးဆေးအကြောင်း၊ ထိုးဖူးသည့်အတွေ့အကြုံများကို ဗဟုသုတရဖွယ်အနေနဲ့ comment မှာ ဝေမျှနိုင်ပါတယ်ရှင့်။

❣️ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလို ပါက ကျွန်မတို့ရဲ့ Sinocare Myanmar Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ် ထားဖို့ မမေ့ပါနဲ့ရှင့်။ 🙏
🤩အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။ 🥰
ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်☘️
အထက်ပါအကြောင်းအရာများကို ပါမောက္ခနေဝင်း(ဆေးပညာ) ရေးသားသော သွေးချိုဆီးချို စာအုပ်မှ ကောက်နှုတ်တင်ပြထားသောကြောင့် လေးစားစွာဖြင့် Credit ပေးပါသည်ရှင့်။

Sinocare Myanmar


Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ

စိတ်ဖိစီးမှုနှင့် ဆီးချိုသွေးချိုစိတ်ဖိစီးမှု (Stress) ယနေ့ခေတ်တွင် အဖြစ်များလာသော ကူးစက်မဟုတ်သော ရောဂါများနှင့် ဆက်စပ်န...
07/04/2026

စိတ်ဖိစီးမှုနှင့် ဆီးချိုသွေးချို

စိတ်ဖိစီးမှု (Stress) ယနေ့ခေတ်တွင် အဖြစ်များလာသော ကူးစက်မဟုတ်သော ရောဂါများနှင့် ဆက်စပ်နေပါတယ်။ စိတ်ဖိစီးမှု(Stress)များသူများတွင် ဆီးချိုသွေးချိုရောဂါပိုဖြစ်ကြောင်း သုတေသနပြုချက်များအရ သိရှိရပါတယ်။ ဆီးချိုသွေးချိုရောဂါ ကနဦးအဆင့်ရှိသူများသည် ပြင်းထန်စွာစိတ်ဖိစီးမှုများရှိလျှင် ဆီးချိုသွေးချိုရောဂါရှင်အဖြစ် ပြောင်းလဲသွားသည်ဟု တွေ့ရှိရပါတယ်။
စိတ်ဖိစီးမှုများဆိုရာမှာ ပုံစံမျိုးစုံဖြင့် ဖြစ်ပေါ်စေနိုင်ပါတယ်။
- ပထမအချက်ကတော့ ကိုယ်ခန္ဓာတွင်း ပြင်းထန်သောရောဂါပိုးဝင်ခြင်း (severe infection) - ဉပမာအားဖြင့် ပြင်းထန်သောအဆုတ်တီဘီရောဂါဖြစ်ခြင်း၊ အဆုတ်အအေးမိပြီး နမိုနီးယားရောဂါဖြစ်ခြင်း၊ အနာပဆုပ်ဖြစ်ခြင်း။
- နောက်တစ်ခုကတော့ အကြီးစားခွဲစိတ်ကုသမှုပြုလုပ်ခြင်း (Major Surgery Procedure) ဉပမာ - သားအိမ်ထုတ်ပစ်လိုက်ရခြင်း၊ သည်းခြေအိတ်ရောင်ရမ်းပြီး ဖြတ်ထုတ်ပစ်ရခြင်း။
- တတိယအမျိုးအစားများတော့ ကိုယ်ခန္ဓာတွင်း ပြင်းထန်သော ရောဂါများဖြစ်ခြင်း (Major Medical Condition) ဉပမာ - နှလုံးသွေးကြောပိတ်ခြင်း၊ ဦးနှောက်သွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်း။
- နောက်ဆုံးအချက်ကတော့ သောကအကြီးအကျယ်ခံစားရပြီး စိတ်ဖိစီးမှုဖြစ်ခြင်း။
ယင်းကဲ့သို့သော စိတ်ဖိစီးမှုများ တစ်ခုမဟုတ် တစ်ခုခံစားကြရရင် ဆီးချိုသွေးချိုရောဂါနှင့် အခြားကူးစက်မဟုတ်သောရောဂါကို ပိုမိုဖြစ်ပွားစေပါတယ်။

❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
🍀အထက်ပါအကြောင်းအရာများကို ပါမောက္ခဒေါက်တာတင့်ဆွေလတ်ရေးသားသော ဆီးချိုသွေးချိုဆိုင်ရာ အမေးများသောမေးခွန်းများ စာအုပ်မှ ကောက်နှုတ်ဖော်ပြထားသောကြောင့် လေးစားစွာဖြင့် Credit ပေးပါသည်ရှင့်။🍀
Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ

🍚  ဆီးချိုသွေးချိုလူနာတစ်ယောက် ထမင်းလျော့စားရမည့်ပမာဏ 🍚  🍚 သွေးချိုလူနာတစ်ယောက် ထမင်း မည်မျှလျှော့စားရမည်မှာ လူနာ၏နေ့စဉ်...
06/04/2026

🍚 ဆီးချိုသွေးချိုလူနာတစ်ယောက် ထမင်းလျော့စားရမည့်ပမာဏ 🍚
🍚 သွေးချိုလူနာတစ်ယောက် ထမင်း မည်မျှလျှော့စားရမည်မှာ လူနာ၏နေ့စဉ် ကယ်လိုရီ လိုအပ်ချက်ပေါ်မူတည်ပါတယ်။
🍚 နေ့စဉ် ကယ်လိုရီ လိုအပ်ချက်မှာ အသက်အရွယ် ကျား၊ မ၊ ခန္ဓာကိုယ် လှုပ်ရှားမှု ၊ ခန္ဓာကိုယ် ဝဖြိုးမှု အလေးချိန်ပေါ် မူတည်ပြီး တစ်နေ့ကယ်လိုရီ(၁၅၀၀)မှ (၂၀၀၀) ခန့်ထိလိုပါတယ်။
🍚 ယင်းမှ (၅၀-၆၀)ရာခိုင်နှုန်းကို ကစီဓာတ်မှ ရယူရန်ဖြစ်ပါတယ်။
🍚 ကစီ(၅၀-၆၀) ရာခိုင်နှုန်း၊ အဆီ (၃၀) ရာခိုင်နှုန်း၊ အသား(၁၅)ရာခိုင်နှုန်း ဟုဆိုသော်လည်း ကစီသီးသန့်အစာ ၊အဆီသီးသန့် အစာ၊အသားသီးသန့် အစာဟူ၍မရှိဘဲ အစားအစာတိုင်း ကစီ၊ အဆီ၊ အသား အနည်းအများ အားလုံးပါကြပါတယ်။
🍚 ဒါကြောင့် နေ့စဉ်စားသောက်သင့်သည့် အစားအသောက်ပုံစံကို ဆွဲရန်မှာခက်ပါတယ်။
🍚 အာဟာရ ပညာရှင်များသာ လူနာတစ်ဦးချင်းစီအတွက် အသင့်တော်ဆုံး အစားအသောက်ပုံစံကို ချပြနိုင်ကြပါတယ်။
🍚 အာဟာရပညာရှင်များနှင့် မတိုင်ပင်နိုင်သော်လည်း သွေးချိုလူနာတိုင်းအကြမ်းဖျင်းတော့ သိထားသင့်ပါတယ်။
🍚 သွေးချိုလူနာတိုင်း အမှတ်ရလွယ်အောင် ပန်းကန်ပြားပုံစံဖြင့် အစားကိုညွှန်းလေ့ရှိပါတယ်။
🍚 များသောအားဖြင့် ပုံမှန်ထမင်းစားပန်းကန်တစ်ချပ်ကို စိတ်မှန်းနှင့် လေးပုံပုံ၊ တစ်ပုံကို ကစီဓာတ် ၊တစ်ပုံကို အသား၊ ငါး၊ ကျန်လေးပုံ နှစ်ပုံကို ပဲနှင့် အသီးအရွက်ကြော်ဟူ၍ ထည့်စားရန် အကြံပြုလေ့ရှိပါတယ်။
🍚 ထမင်းတစ်ပန်းကန်(၂၀၀)ဂရမ်ခန့်ရှိရာ လေးပုံတစ်ပုံသည် (၅၀) ဂရမ်သာရှိပါတယ်။ ကယ်လိုရီ(၂၀၀)ခန့်ရှိပါတယ်။ သုံးနပ်စားလျှင် ကယ်လိုရီ(၆၀၀) ဖြစ်ပါမည်။
🍚 စာရေးသူကတော့ သွေးချိုစာအုပ်တစ်အုပ်ပါ အညွှန်းအတိုင်း ထမင်းစားပန်းကန်ကို ငါးပုံ ပုံ၊ ငါးပုံ နှစ်ပုံကို ပဲနှင့် ဟင်းသီးဟင်းရွက်၊ ငါးပုံ တစ်ပုံကို အသား၊ ငါးဟု ညွှန်းလေ့ရှိပါတယ်။
🍚 ထမင်းကြိုက်သည့် မြန်မာတို့ကို ထမင်းနည်းနည်း ပိုစားစေခြင်းဖြစ်ပါတယ်။
🍚 ထမင်း ငါးပုံနှစ်ပုံသည် ကယ်လိုရီ( ၃၀၀)ခန့်ရှိပြီး သုံးနပ်ဆိုရင် ကယ်လိုရီ(၉၀၀)ခန့်ရှိပါတယ်။
🍚 ဒါကိုအခြေခံပြီး လူနာ၏ ခန္ဓာကိုယ် ဝဖြိုးမှု၊ နေ့စဉ် လှုပ်ရှားမှုတို့ပေါ် မူတည်ပြီး ထမင်းပမာဏကို အတိုးအလျှော့လုပ်ပါတယ်။
🍚 အာဟာရပညာရှင်များ မြန်မာနိုင်ငံတွင် လုံလုံလောက်လောက်မရှိချိန်တွင် ဆရာဝန်က အကြမ်းဖျင်းနည်းကို ညွှန်းရခြင်းဖြစ်ပါတယ်။
🍚 အခြေခံ သဘောတရား နားလည်လျှင် သွေးချိုလူနာ အစားအစာ ဆင်ခြင်စားသောက်ရာတွင် အမှားနည်းလာတယ်၊ ယုံကြည်ချက်ရှိလာပါတယ်။
🍚 ခန္ဓာကိုယ်ညှဉ်းဆဲရာ မရောက်၊ နေ့စဉ် ပျော်ပျော်ရွှင်ရွှင် လုပ်ငန်းခွင်တွင် ဖြတ်သန်းနိုင်ပါတယ်။
🍚 မိမိ အစားအစာ မှန်၊ မမှန် ဆရာဝန်နှင့် တိုင်ပင် ၊ဆရာဝန်က ခန္ဓာကိုယ်အလေးချိန်အတက်အကျ သွေးချိုထိန်းထားနိုင်မှုတို့ကိုပါ ယှဉ်တွဲကြည့်ပြီး လိုအပ်သည့် အကြံဉာဏ်ပေးမည်ဖြစ်ပါတယ်။
😊 ဆီးချိုသွေးချိုနှင့် သွေးတိုး ဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့ 💙 Sinocare Myanmar 💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားဖို့ မမေ့ပါနဲ့ရှင့်။😊
❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
🍀 အထက်ပါအကြောင်းအရာများကိုပါမောက္ခနေဝင်း(ဆေးပညာ) သွေးချိုကြောင့် မျက်စိအမြင်လွှာ ထိခိုက်ခြင်းနှင့် သွေးတိုး၊သွေးချိုဆောင်းပါးများ(၂)စာအုပ်မှ ကောက်နုတ်ဖော်ပြထားပါသည်။ 🍀
Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd

ဆီးချိုသွေးတိုးသုတများ

📌ဆီးချို၏နောက်ဆက်တွဲရောဂါများကို မေ့လျော့နေကြခြင်း📌ဆီးချို၏ နောက်ဆက်တွဲရောဂါများကို ကြောက်စိတ်ကြောင့် မေ့ထားလို့ရပါသလား။...
04/04/2026

📌ဆီးချို၏နောက်ဆက်တွဲရောဂါများကို မေ့လျော့နေကြခြင်း

📌ဆီးချို၏ နောက်ဆက်တွဲရောဂါများကို ကြောက်စိတ်ကြောင့် မေ့ထားလို့ရပါသလား။

📌မေ့ထားလို့မရပါ။ ဘာဖြစ်လို့လဲဆိုတော့ ဆီးချို၏နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်ခြင်းမှ ကာကွယ်ပေးနိုင်၍ ဖြစ်ပါသည်။ အစားအသောက်ကို ဆင်ဆင်ခြင်ခြင်စားသောက်ခြင်း၊ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ခြင်းနှင့် ဆေးဝါးသောက်သုံးခြင်း(လိုအပ်လျှင်) စသည်တို့သည် မိမိ၏သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းထားနိုင်ပြီး ထို့သို့ထိန်းထားခြင်းက နောက်ဆက်တွဲပြဿနာများကို ရှောင်လွဲပေးခြင်း သို့မဟုတ် နှောင့်နှေးစေခြင်းတို့ ဖြစ်စေပါမည်။ သုသေသနများကလည်း ထိုအချက်ကို သက်သေပြပြီးဖြစ်ပါသည်။

📌လူတို့သည် ဆီးချိုရောဂါရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ အိုလာမှာကိုကြောက်ကြခြင်း၊ မသန်မစွမ်းဖြစ်လာမှာကို ကြောက်ကြခြင်းမှာ အလွန်တူညီစွာရှိကြသည်။ ကိုယ်ပိုင်ဆိုင်သောနေ့ရက်များတွင် ကျန်းမာစွာနေလိုခြင်း၊ အစွမ်းရှိသလောက် လုပ်နိုင်စွမ်းရှိခြင်းနှင့် အမှီအခိုကင်းမဲ့စွာ နေလိုခြင်းတို့မှာ လူတိုင်း၏ဆန္ဒဖြစ်ပါသည်။

📌ဆီးချို၏ဆိုးကျိုးများကို မေ့မေ့ပျောက်ပျောက်နေဖို့ ကြိုးစားခြင်းသည် ထိုအရာများကို လွတ်ကင်းအောင် မစွမ်းဆောင်နိုင်ပေ။ ထိုဖြစ်လာသည့်အရာများကို ရင်ဆိုင်ဖြေရှင်းမည့် စိတ်ဓာတ်သည် မိမိ၏စိတ်ဓာတ်ကို ငြိမ်းချမ်းစေပြီး၊ မိမိ၏ဘဝကို ကြောက်စိတ်ကင်းစွာ လျှောက်လှမ်းနိုင်ပေမည်။ ဆီးချို၏နောက်ဆက်တွဲအခက်အခဲများ၊ နောက်ဆက်တွဲပြဿနာများကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏အနာဂတ်အတွက် စွမ်းအင်တစ်ရပ်ရထားခြင်းနှင့် မခြားပေ။ ထို့ကြောင့် နောက်ဆက်တွဲဆိုးကျိုးများအား သိထားကာ ကာကွယ်ခြင်းသည် မိမိအတွက် မိသားစုအတွက် အကျိုးပိုရှိပါသည်။

ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့ 💙Sinocare Myanmar💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားလို့ရပါတယ်ရှင့်😊

❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
🍀အထက်ပါအကြောင်းအရာများကို ကိုဆန်း(R/O) ရေးသားသော သင့်မှာ ဆီးချိုရောဂါရှိလာပါက ဘာကို မျှော်လင့်ထားမှာလဲ စာအုပ်မှ ကောက်နှုတ်ဖော်ပြထားသောကြောင့် လေးစားစွာဖြင့် Credit ပေးပါသည်ရှင့်။🍀

Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ

အစားအစာတို့၏ ဆီးချိုမြင့်တက်အား (ဂျီအိုင်)  👉 အစားအစာတို့၏ သွေးချိုဆီးချို မြင့်တက်အား (ဂျီအိုင်) ဆိုသည်မှာ သွေးချိုဆီးခ...
03/04/2026

အစားအစာတို့၏ ဆီးချိုမြင့်တက်အား (ဂျီအိုင်)
👉 အစားအစာတို့၏ သွေးချိုဆီးချို မြင့်တက်အား (ဂျီအိုင်) ဆိုသည်မှာ သွေးချိုဆီးချိုမြင့်တက်အား အကောင်းဆုံးဖြစ်သည့် ဂလူးကို့စ် (Glucose)ကို စံထား၍ သွေးတွင်းသကြားဓာတ်မည်မျှ မြင့်တက်
နိုင်သည်ကို ပြခြင်းဖြစ်သည်။"
👉 ဂလူးကို့စ်၏ သွေးချိုဆီးချို မြင့်တက်အားကို ၁၀၀ ဟု စံအဖြစ် သတ်မှတ်ထားရာ အစားအမျိုးမျိုး၏ ဂျီအိုင်ကို "၁" မှ "၁၀၀" အတွင်း ဖော်ပြလေ့ရှိသည်။
👉 ဂျီအိုင် မြင့်လေလေ သွေးချိုဓာတ် မြန်မြန်နှင့် များများတက်လေ ဖြစ်သဖြင့် ဂျီအိုင် မြင့်သော အစားအစာမှားမှာ သွေးချို ဆီးချို လူနာများအတွက် မသင့်တော်ပေ။
👉 ဂျီအိုင် နည်းသော အစားအစာများကို ပို၍စားရန်၊ အာသာပြေအောင် ဖြည့်စားရန် ဖြစ်သည်။
👉 အစားများသော အစားအစာ အချို့၏ ဂျီအိုင်ကို ဖော်ပြထားပါသည်။
👉ဂျီအိုင် အစားများသော အစားအစာ ◾️ 100 ဂလူးကို့စ်
◾️၈၀-၉၀ ပျားရည်၊ အားလူးကတ်တလစ်၊ မုန်လာဥနီ
◾️၇၀-၇၉ ဆန်ချော၊ ဂျုံ၊ အာလူး ၊ နှံစားပြောင်း ၊ မုန်လာဥဝါ ၊ ပဲသီး (Broad- beans)
◾️၆၀-၆၉ ဆန်လုံးညို၊ ငှက်ပျောသီး ၊မုန်လာဥအမြစ် (Beet-root) ၊
◾️၅၀-၅၉ သကြား၊ ပြောင်းဖူး၊ ကန်စွန်းဥ၊ အာလူးကြော် ၊ ပဲသီး၊ ပဲတောင့်ရှည်၊ စပါဂတီ အီတလီ‌ ခေါက်ဆွဲ
◾️၄၀-၄၉ ဂျုံဆန်ပြုတ်၊ လိမ္မော်သီး၊ ပဲအမျိုးမျိုး(အခြောက်)
◾️၃၀-၃၉ နို့၊ ဒိန်ချဥ်၊ ပန်းသီး၊ ထောပတ်၊ ပဲ၊ ရေခဲမုန့်၊ ခရမ်းချဥ်သီးစွပ်ပြုတ်ရည်(soup)
◾️၂၀-၂၉ ဖရပ်တို့စ်
◾️၁၀-၁၉ မြေပဲ၊ ပဲပိစပ်
◾️ ဂျီအိုင်မြင့်သော အစားအစာများကို လုံးဝရှောင်ရန် ဖြစ်သော်လည်း ရံဖန်ရံခါ စားပါက ထိန်းထိန်းသိမ်းသိမ်းနှင့် အနည်းငယ်သာ စားရန်လိုပါသည်။
◾️ အကြမ်းအားဖြင့် ဆန်၊ ဂျုံ -ဂျီအိုင် ၇၀ ၊ အာလူး ၈၀ ၊ အသီးအနှံနှင့် ပဲ ၃၀ မှ ၄၀ ၊ သစ်သီးအများစု ၃၀မှ ၅၀ ၊ သကြားတု ၂၀ ဟု မှတ်ထားသင့်သည်။
◾️ သွေးချိုဆီးချိုလူနာတိုင်း အစားအစာတစ်ခုကို စားခါနီးတိုင်း ၄င်းအစာ၏ ဂျီအိုင်ကို သိထားသင့်ပါသည်။
◾️ လေ့လာချက်တစ်ခုတွင် သကြားဓာတ်အတက်မြန်သည် ရိုးရိုးကစီ အနည်းငယ်ကို သကြားဓာတ်အတက်နှေးသည့် အဆင်မြင့် ကစီ အစားအစာ စားပြီးနောက် ထည့်စားပါက သွေးတွင်းသကြားဓာတ်ကို ထူးထူးကဲကဲ ပို၍ တက်စေသည်ကို မတွေ့ရကြောင်း ဖော်ပြထားသည်။
◾️သို့သော် အလွန်အကျွံစားသည်ကို ခွင့်မပြုပေ။
◾️ ဆန်နှင့် ဂျုံတို့၏ ဂျီအိုင်မှာ မတိမ်းမယိမ်းဖြစ်သောကြောင့် ဆန်၊ ထမင်းကို မစားဘဲ ဂျုံ ပြောင်း၍ စားခြင်း ၊ ဂျုံ အစားအစာများကို ပို၍ စားခြင်းတို့မှာ မှန်ကန်မှု မရှိကြောင်း သိသာပါသည်။
◾️ ဆန်လုံးညိုသည် ဆန်ချောထက် ဖိုက်ဘာ (Fibre) ပါဝင်မှုများသဖြင့် ဂျီအိုင် ပိုနည်းသည်။
◾️ ဆန်တစ်မျိုးနှင့် တစ်မျိုးလည်း ဂျီအိုင်အနည်းငယ် ကွာကြသည်။
◾️ အကြမ်းဖျင်းအားဖြင့် ဆန်ကြမ်းများသည် ဆန်ချောများထက် ဂျီအိုင်နည်းလေ့ရှိသောကြောင့် ဆန်ကြမ်းစားပါက ဆန်ချောထက် အနည်းငယ်ပို၍ ရသည်ဟု ဆိုရပေမည်။
◾️ သစ်သီးများ မှည့်လာသည့်အပေါ် မူတည်၍လည်း ဂျီအိုင် ပြောင်းလဲတက်သည်။
◾️ သစ်သီးတစ်လုံးတွင် ပါရှိသည့် အတာချ် (Starch) သည် မှည့်လာသည်နှင့် ဖရပ်တို့စ်သို့ ပြောင်းလဲသွားပါသဖြင့် ဂျီအိုင်မြင့်တက်လာသည်။
◾️ ထို့ကြောင့် သစ်သီးအစိမ်းသည် အမှည့်ထက် ပို၍ သင့်တော်သည်ဟု ဆိုရပေမည်။
◾️ အစားအစာတစ်ခု၏ ဂျီအိုင်သည် ဖိုက်ဘာပါဝင်မှု ပမာဏပေါ်လည်း မူတည်ရာ ဖိုက်ဘာ (Fibre) များများ ပါဝင်ပါက ဂျီအိုင်ကို နည်းစေသည်။
◾️ ထို့ကြောင့် ထမင်းကို ရေခန်းချက်ခြင်းသည် ဂျီအိုင်ကို နည်းစေပြီး သွေးချိုဆီးချို အတက်ကိုလည်း နည်းစေသည်။ .

ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့ 💙Sinocare Myanmar💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားလို့ရပါတယ်ရှင့်😊

❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
🍀အထက်ပါအကြောင်းအရာများကို ပါမောနေဝင်း ဆေးပညာ ရေးသားထားသော ဆီးချိုသွေးချိုစာအုပ်မှ ကောက်နှုတ်ဖော်ပြထားသောကြောင့် လေးစားစွာဖြင့် Credit ပေးပါသည်ရှင့်။🍀
Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ

သွေးတွင်းအချိုဓာတ်ထိန်းရင်း အားရှိအောင် စားကြမယ်💪   👉 ဆီးချိုသမားတွေအတွက်က ဒီရောဂါကြီးက အစားအသောက်အပေါ်မှာ ၈၀ ရာခိုင်နှု...
02/04/2026

သွေးတွင်းအချိုဓာတ်ထိန်းရင်း အားရှိအောင် စားကြမယ်💪
👉 ဆီးချိုသမားတွေအတွက်က ဒီရောဂါကြီးက အစားအသောက်အပေါ်မှာ ၈၀ ရာခိုင်နှုန်းလောက် မူတည်နေတာပါ။ဒါကြောင့်မို့လဲ အစားအသောက်ကို သေးသေးလေးကအစ ဂရုစိုက်ရတာ အားလုံးသိထားပြီးဖြစ်မှာပါ။ပြီးရင် အဟာရပြည့် ခွန်အားရှိအောင်စားဖို့လည်းလိုသေးတာပါ။
👉 တော်တော်များများ လာမေးကြတာလဲ အစားသောက်ဘယ်လိုထိန်းသိမ်းရမလဲ ရယ်၊ဘယ်အစာက ဘယ်လိုအကျိုးသက်ရက်နိုင်လဲ ပြောပြပေးပါ ဆိုတာမျိုးတွေ တော်တော်တွေ့ရပါတယ်။
👉ဒါကြောင့် ဒီစာလေးမှာပဲ ခြုံငုံပြောပြလိုက်ပါတယ်
ဆီးချို‌သွေးချို‌ရောဂါရှိ‌ပေမဲ့ သာမန်ကျန်းမာတဲ့လူတစ်‌ယောက်လိုပဲ ချိုတဲ့အစားအစာကလွဲလို့စားနိုင်ပါတယ်။
👉ထမင်းဟင်းကိုလဲ မိသားစုစားတဲ့အတိုင်း ပုံမှန်စားလို့ရပါတယ်။ ဆီးချို‌‌သွေးချို‌ရောဂါရှိလို့ ကစီဓာတ် (ဥပမာ-ဆန်၊ ဂျုံ ) လုံးဝ‌ရှောင်ရမယ်လို့ မဆိုလိုပါဘူး။
👉 အရမ်းဝတဲ့ ဆီးချိုသမားတစ်‌ယောက်‌တောင် တစ်‌နေ့ကို ထမင်းလက်ဖက်ရည် အချိုပန်းကန်လုံး(၃)လုံးစာ‌လောက် စားလို့ရပါတယ်။
👉ထမင်းကို အဝလွန်တဲ့အထိ မစားမိဖို့‌တော့ သတိထားရန်လိုအပ်ပါတယ်။
👉 ဆန်နှင့်ပြုလုပ်ထားတဲ့ အစားအစာများ (ဥပမာ- ထမင်း၊ မုန့်ဟင်းခါး ၊ နန်းကြီးသုတ်)
👉ဂျုံနှင့်ပြုလုပ်ထားတဲ့ အစားအစာများ (ဥပမာ- ဂျုံ‌ခေါက်ဆွဲ ၊ ချက်ပါတီ၊ ‌ပေါင်မုန့်)
👉 အသားဓာတ်ပါတဲ့ အစားအစာများ (ဥပမာ - ငါးအမျိုးမျိုး ၊ ပုဇွန် (‌ခေါင်းမပါ) ၊ ကြက်သား (အ‌ရေခွံမပါ) နှင့် ပဲအမျိုးမျိုးတို့ကို စားသုံးနိုင်ပါတယ်။
👉 ဟင်းသီးဟင်းရွက်ကတော့ ကြိုက်သ‌လောက်စားသုံးနိုင်ပါတယ်။
(တန်ဆေးလွန်ဘေးတော့ သတိထားပေးပေါ့နော်)
👉 ပေါင်မုန့်အကြမ်းလဲ စားလို့ရပါတယ်။ ‌ပေါင်မုန့်အနုက‌တော့ အရသာရှိ‌အောင် ပြုလုပ်ထားတဲ့အတွက် အချိုဓာတ်ပါလို့စားလို့မရပါဘူး။
👉 နွားနို့ကို အိမ်မှာကိုယ်တိုင်ကျိုပြီး မလိုင်ထုတ်ထားတဲ့ဟာ ၊ ဒါမှမဟုတ် နိုင်ငံခြားကလာတဲ့ အဆီထုတ်ထားတဲ့နွားနို့လဲ ‌သောက်နိုင်ပါတယ်။
👉 ဝက်သားနဲ့ အမဲသားစားတဲ့အခါ အဆီမပါ‌အောင် သတိထားဖို့လိုပါတယ်။
👉တစ်‌နေ့တာ စားသုံးတဲ့ အာဟာရဓါတ်ရဲ့ ၃၀ % မှ ၃၅% အထိအဆီဓာတ်က‌နေရတာဖြစ်လို့ ဆီစားလို့ရပါတယ်။ဆီဆိုတဲ့ အထဲမှာ ပြည့်၀ဆီကိုတော့ ရှောင်စေချင်ပါတယ်။
👉ပဲဆီ ၊ နှမ်းဆီ၊ ‌နေကြာဆီ ၊သံလွင်‌စေ့ဆီ၊ ငါးမှရ‌သောအဆီများ ၊ ဟင်းသီးဟင်းရွက်ဆီတို့ကိုသာ စားလို့ရပါတယ်။
👉အ‌အေးခံလိုက်ရင် ခဲသွားတဲ့ အမဲဆီ ၊ ဝက်ဆီ၊ စားအုန်းဆီတို့လို ပြည့်ဝဆီ‌တွေကို‌တော့ အတတ်နိုင်ဆုံး၁၀ % ထက်နည်း‌အောင်စားဖို့ အကြံ‌ပေးချင်ပါတယ်။
👉ဆီးချိုသမားတွေဟာ ဆီးချိုရောဂါ အတွက်လည်း အစားအသောက် ဂရုစိုက်ရသလို အဟာရ ပြည့်အောင်လည်း စားသုံးဖို့ အ‌ရေးကြီးပါတယ်။
👉 ကိုယ်တိုင်က ခွဲခြမ်းစိတ်ဖြာပြီး ထိန်းထိန်းသိမ်းသိမ်းနဲ့ စားသောက်နိုင်ရင် နောက်ဆက်တွဲ လာမယ့် ရောဂါမှန်သမျှ ဘိုင့်ဘိုင်လုပ်နိုင်မှာဖြစ်ပါတယ်။

ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့ 💙Sinocare Myanmar💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားလို့ရပါတယ်ရှင့်😊

❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
🍀အထက်ပါအကြောင်းအရာများကို ပါမောက္ခဒေါက်တာတင့်ဆွေလတ်ရေးသားသော ဆီးချိုသွေးချိုဆိုင်ရာ အမေးများသောမေးခွန်းများ စာအုပ်မှ ကောက်နှုတ်ဖော်ပြထားသောကြောင့် လေးစားစွာဖြင့် Credit ပေးပါသည်ရှင့်။🍀

Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ

ဆီးချိုသွေးချိုအတွက် ကစီဓာတ် အစားအစာအုပ်စု သုံးစု***************************************************သွေးချိုဆီးချိုမြင့်...
01/04/2026

ဆီးချိုသွေးချိုအတွက် ကစီဓာတ် အစားအစာအုပ်စု သုံးစု
***************************************************
သွေးချိုဆီးချိုမြင့်တက်အား ကွာခြားမှုပေါ် မူတည်၍ အစားအစာများကို အုပ်စုသုံးစု အကြမ်းဖျဉ်း ခွဲခြားနိုင်ပါသည်။

✅ပထမအုပ်စုမှာ ဂျီအိုင်မြင့်သော အစားအစာများဖြစ်သည်။ ဂျီအိုင် ၉၀ မှ ၁၀၀ အထိ ရှိကြသည်။ ဤအုပ်စုတွင် ပါဝင်သော အစားအစာများသည် သွေးတွင်းသကြားဓာတ်ကို အလွန်အကျွံ မြင့်တက်စေသဖြင့် စားရန် လုံးဝမသင့်တော်ပေ။ စားလျှင်လည်း အနည်းငယ် အာသာပြေသာ စားသင့်သည်။ သကြား၊ ယို၊ ထန်းလျက်၊ ဖျော်ရည် တို့ဖြစ်သည်။

✅ဒုတိယအုပ်စုမှာ ဂျီအိုင်နည်းသော အုပ်စုဖြစ်သည်။ ဂျီအိုင် ၂၀ ထက် နည်းကြသည်။ ယင်းတို့၏ သွေးတွင်းသကြားဓာတ် မြင့်တက်မှုမှာ နည်း၍ နှေးကြသောကြောင့် ခြိုးခြံ၍ စားရန် မလိုပေ။ အသားစစ်စစ်၊ ငါး၊ အရွက်သုပ်၊ ဟင်းသီးဟင်းရွက်၊ ကြက်ဟင်းခါး ကဲ့သို့ ခါးသော ဟင်းသီးဟင်းရွက်၊ ဘူးသီး ကဲ့သို့ မချိုသော ဟင်းသီးများပါဝင်သည်။

✅တတိယအုပ်စုမှာ အလယ်အလတ် ဖြစ်သည်။ ဂျီအိုင် ၅၀ မှ ၇၀ မျှ ရှိကြသည်။ ဤအစားအစာများသည် သွေးတွင်းသကြားဓာတ်ကို အတော်အတန် မြင့်တက်စေသည်။ စားလျှင် စားသလောက် မြင့်တက်မည့် အစာများ ဖြစ်ပါသည်။ ထို့ကြောင့် ဤအုပ်စုကို ချိန်ဆထိန်းကျောင်း၍ စားရန် လိုအပ်ပါသည်။ ဆန်၊ ဂျုံ၊ အာလူးနှင့် ချိုသော သစ်သီးများ ပါဝင်သည်။
ကစီဓာတ်များအကြောင်းသိရှိလျှင် မိမိဘယ်လောက်စားသင့်သလဲ၊မိမိဘယ်အချိန်စားသင့်သလဲ ကစ ပိုပြီး ဆင်ခြင်မိကာ သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းဖို့ရန် ပိုပြီး အထောက်အကူပြုနိုင်ပါသည်။

ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့💙 Sinocare Myanmar 💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားဖို့ မမေ့ပါနဲ့ရှင့်။😊
❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏.
🍀အထက်ပါအကြောင်းအရာများကို ပါမောက္ခနေဝင်း (ဆေးပညာ) ရေးသားသော သွေးချိုဆီးချို စာအုပ်မှ ကောက်နှုတ်ဖော်ပြထားသောကြောင့် လေးစားစွာဖြင့် Credit ပေးပါသည်ရှင့်။🍀
Sinocare Myanmar


Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ

ဆီးချိုသမားတိုင်းသိသင့်သော အင်ဆူလင်အမျိုးအစားများ◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼အင်ဆူလင်တွင် အဓိက အုပ်စုလေးခုရှိသည်။  ဆေးအာန...
31/03/2026

ဆီးချိုသမားတိုင်းသိသင့်သော အင်ဆူလင်အမျိုးအစားများ
◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼
အင်ဆူလင်တွင် အဓိက အုပ်စုလေးခုရှိသည်။ ဆေးအာနိသင် စတင်ချိန်နှင့် ကြာမြင့်ချိန်တို့ကို အခြေခံ၍ အုပ်စုခွဲထားခြင်းဖြစ်ပြီး လူ အင်ဆူလင် သုံးမျိုးနှင့် အနလောခ် လူ အင်ဆူလင် (Analogue Human Insulin) နှစ်မျိုးပါဝင်သည်။
၁။ အာနိသင် အလျှင်အမြန်ပြ အင်ဆူလင်
Analogue Human Insulin (Insulin Lispro, Aspart)
အရေပြားထိုးဆေးဖြစ်သည်။ ထိုးပြီး ငါးမိနစ်နေမှ ဆယ့်ငါးမိနစ်အတွင်း ချက်ချင်းအာနိသင်ပြသည်။ အာနိသင် သုံးလေးနာရီခံသည်။
၂။ အချိန်တိုအတွင်း အာနိသင်ပြ အင်ဆူလင် (Short acting insulin)(Soluble Insulin)(ဉပမာ Actrapic, Humulin R, Wusolin R)
ဤအင်ဆူလင်မှာ အရေကြည်ဖြစ်သည်။ အကြောဆေးအဖြစ် သုံးနိုင်သည့် တစ်ခုတည်းသော အင်ဆူလင်ဖြစ်သည်။ အရေပြားအောင် (S.C.) သို့လည်း ထိုးနိုင်သည်။ ဆေးထိုးပြီး မိနစ် ၃၀ တွင် အာနိသင်စပြပြီး၊ နှစ်နာရီအကြာတွင် အားအကောင်းဆုံးဖြစ်သည်။ စုစုပေါင်း ၆နာရီမှ ၈နာရီကြာ ခံသည်။ များသောအားဖြင့် သွေးချိုဆီးချိုရောဂါ စတင်သိချိန်နှင့် သွေးချိုဆီးချိုရောဂါ အရေးပေါ်အခြေအနေတို့တွင် သုံးသည်။ ဆေး အတိုးအလျှော့ လျင်လျင်မြန်မြန် ညှိနိုင်ခြင်းမှာ အားသာချက်ဖြစ်သည်။
၃။ အာနိသင် အလယ်အလတ်ခံသော အင်ဆူလင်
(Intermediate acting Insulin)(ဉပမာ NPH, Lente)
အနောက်ရည်ဖြစ်သည်။ အရေပြားအောက်အက်စ်၊ စီ(S.C.) သို့ ထိုးရသည်။ အာနိသင် တစ်နာရီမှ နှစ်နာရီတွင်စ၊ ၆ နာရီမှ ၁၂ နာရီတွင် အားအကောင်းဆုံးပြ၊ စုစုပေါင်း ၁၈နာရီမှ ၂၄ နာရီထိ ခံသည်။
၄။ အာနိသင်ကြာရှည်ခံသော အင်ဆူလင်
(Long acting Insulin)(ဉပမာ Ultralente)
အနောက်ရည်ပင်ဖြစ်သည်။ ထိုးပြီး ၄ နာရီတွင် အာနိသင်စပြပြီး ၂၄ နာရီကြာအာနိသင်ခံသည်။ ဤအုပ်စုတွင် အာနိသင် ကြာရှည်ခံသော Analogue Human Insulin များလည်း ပါဝင်သည်။ (Insulin Glargine, Insulin Detemir)
💁အင်ဆူလင်ထိုးဆေးလိုအပ်သည်ဟု သိရလျှင်
အမျိုးအစား ၂ သွေးချိုဆီးချို လူနာအများစုသည် အစားဆင်ခြင်ပြီး ဆီးချိုသောက်ဆေးပုံမှန်သောက်၍ သွေးချိုဆီးချိုကို တစ်သက်လုံးထိန်းသွားနိုင်မည်ဟု မှတ်ယူထားလေ့ရှိကြသည်။ သွေးချိုဆီးချိုသောက်ဆေးနှင့် ကုသရန် မလုံလောက်သဖြင့် သွေးချိုသောက်ဆေး မတိုးတော့သဖြင့် အင်ဆူလင်ထိုးရန် လိုအပ်ကြောင်း သိရသည်နှင့် အကြောင်းမျိုးမျိုးပြ၍ ငြင်းကြသည်။ ကြိုးစား၍ အစားဆင်ခြင်ပါမည်။ ဆေးမှန်မှန် သောက်ပါမည်။ သောက်ဆေးတစ်မျိုး တိုး၍ ကြိုးစားကြည့်ပါဦးမည် စသည်ဖြင့် အမျိုးမျိုး ဈေးဆစ်ကြသည်။ အစားကို လုံးဝရှောင်ပြီး ဆေးကို လိုအပ်သည်ထက် ပိုသောက်ပါက လူကိုသာ ပင်ပန်းစေမည်။ သွေးချိုဆီးချို သိသိသာသာကျမည် မဟုတ်ပေ။ ကျလျှင်လည်း ယာယီသာ ဖြစ်စေမည်။
ဤသို့ ဖြစ်လာရသည်မှာ မိမိ၏ပေါ့ဆမှု၊ လိုအပ်ချက်ကြောင့်မဟုတ်၊ မည်သည့်ပယောဂမှမပါ၊ သွေးချိုဆီးချိုရောဂါ၏ သဘာဝဖြစ်စဉ်ဟု နားလည်ထားရပါမည်။ အင်ဆူလင်ထိုးဆေ၏ ဝန်ထုပ်ဝန်ပိုးနှင့် ကရိကထများမှုကို သိသော်လည်း အင်ဆူလင် ထိုးခြင်းဖြင့် သွေးချိုဆီးချိုကို ထိရောက်စွာ ထိန်းသိမ်းခြင်းဖြင့် နှလုံး၊ လေဖြတ်၊ မျက်စိ၊ ကျောက်ကပ်၊ အာရုံကြော နောက်ဆက်တွဲ ပြဿနာများကို ကာကွယ်နိုင်ရေးသည် အဓိက ဖြစ်သည်ဟု လက်ခံရန်သာ ဖြစ်သည်။
ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့ 💙Sinocare Myanmar💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားလို့ရပါတယ်ရှင့်😊
❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
🍀အထက်ပါအကြောင်းအရာများကို ပါမောက္ခနေဝင်း(ဆေးပညာ) ရေးသားသော သွေးချိုဆီးချိုစာအုပ်မှ ကောက်နှုတ်ဖော်ပြထားသောကြောင့် လေးစားစွာဖြင့် Credit ပေးပါသည်ရှင့်။🍀
Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd

ဆီးချိုသွေးတိုးသုတများ

Address

Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when ဆီးချိုသွေးတိုးသုတများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share