SHWE BHONE MYAT Pharmacy

SHWE BHONE MYAT Pharmacy ​ဆေးနှင့်ဆေးပစ္စည်း လက်လီလက်ကားရော

တိုက်ဂါးဘမ်း ဆေးပလာစတာရဲ့ အထူးပရိုမိုးရှင်း 🎉🎉တိုက်ဂါးဘမ်း ဆေးပလာစတာ ဝယ်ယူတိုင်း လက်ဆောင်ပစ္စည်း ရရှိမည့်အပြင်၊ အိတ်ခွံဟ...
06/11/2025

တိုက်ဂါးဘမ်း ဆေးပလာစတာရဲ့ အထူးပရိုမိုးရှင်း 🎉🎉

တိုက်ဂါးဘမ်း ဆေးပလာစတာ ဝယ်ယူတိုင်း လက်ဆောင်ပစ္စည်း ရရှိမည့်အပြင်၊ အိတ်ခွံဟောင်း ယူလာပြီး လျှော့စျေးနဲ့ ရနိုင်တဲ့ *ထပ်ဆင့်* အထူးအခွင့်အရေးလဲ ရှိတယ်နော် 🤩

နောက်ထပ် လက်ဆောင်ရရှိမယ့် အစီအစဉ်လေးတွေကိုလဲ Tiger Balm Myanmar page မှာ သွားကြည့်ပြီး ပါဝင်လို့ရပါတယ်။
https://www.facebook.com/share/17FTjmtcYA/?mibextid=wwXIfr



#နာချင်ရာနာစမ်း_တိုက်ဂါးဘမ်း

https://invite.viber.com/?g2=AQAauRdghkDjqlP7QCLbH9tBnqcbzjPkMbysATEHNDz0XVh6DZO3G%2FZ0aPWQ2MWyရွှေဘုန်းမြတ် ဆေးဆိုင် (မ...
05/09/2025

https://invite.viber.com/?g2=AQAauRdghkDjqlP7QCLbH9tBnqcbzjPkMbysATEHNDz0XVh6DZO3G%2FZ0aPWQ2MWy

ရွှေဘုန်းမြတ် ဆေးဆိုင် (မန္တလေးဆိုင်ခွဲ)
လက္ကားစျေးနှုန်းများကို
အချိန်နှင့်တပြေးညီ သိရှိနိုင်ရန်အတွက်
Viber channel ကို join ထားဖို့
ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ်ပါရစေ။

ဆေးနှင်ဆေးပစ္စည်း လက်လီ/လက်ကား ရောင်းဝယ်ရေး။ ၈၃လမ်း၊ ၃၂-၃၃လမ်းကြား၊ မန္တလေးမြို့။ 09790116640/09674422211

ဝန်ထမ်းခေါ်ယူ ခန့်ထားရန် လိုအပ်လျှက်ရှိပါသည်
03/08/2025

ဝန်ထမ်းခေါ်ယူ ခန့်ထားရန် လိုအပ်လျှက်ရှိပါသည်

10/06/2025

Hello

11/02/2025
**စာအုပ် စာပေတွေ ဖတ်ရင်းစိတ်ဓာတ်ဖြည့်စွက်စာ ဆိုတဲ့ စာပေ အားဆေးတွေစားရင်း လောကဓံရဲ့ ရိုက်ခက်မှုတွေ ရင်ဆိုင်ခဲ့ရတဲ့ အချိန်...
03/04/2024

**စာအုပ် စာပေတွေ ဖတ်ရင်း
စိတ်ဓာတ်ဖြည့်စွက်စာ ဆိုတဲ့
စာပေ အားဆေးတွေစားရင်း
လောကဓံရဲ့ ရိုက်ခက်မှုတွေ
ရင်ဆိုင်ခဲ့ရတဲ့ အချိန်တွေက
ကိုယ့်ရဲ့မှတ်စု စာသားလေးပေါ့**

ကိုယ့်လိုပဲ လက်ရှိကာလနိုင်ငံရေး အပြောင်းအလဲတွေ၊
ဘဝရဲ့ အဆင်မပြေမှုတွေ၊ ဘဝရဲ့ရိုက်ခက်မှုတွေ
ရင်ဆိုင်နေကြရတဲ့ မိတ်ဆွေများအားလုံး
စိတ်ဓာတ်များ အားနည်းလာခဲ့ရင်
ဘဝရဲ့ လမ်းမှန်ကို ညွှန်ပြပေးမယ့်
စာပေတွေ ဖတ်ရှု့ရင်း စိတ်သက်သာရာ
ရှာဖွေနိုင်ကြပါစေလို့ ဒီစာသားလေးနဲ့
အားပေးစကား ဆိုပါရစေ

 #အယ်နီညို တော့လာနေပြီ၊ အဆင်ပြေစွာ ကျော်ဖြတ်နိုင်ပါစေ။အယ်နီညို ဖြစ်စဉ်၏ ရိုက်ခတ်မှုကြောင့် လာမည့် ၁၀ ရက်အတွင်း ကမ္ဘာတစ်ဝ...
29/03/2024

#အယ်နီညို တော့လာနေပြီ၊ အဆင်ပြေစွာ ကျော်ဖြတ်နိုင်ပါစေ။

အယ်နီညို ဖြစ်စဉ်၏ ရိုက်ခတ်မှုကြောင့် လာမည့် ၁၀ ရက်အတွင်း ကမ္ဘာတစ်ဝှမ်း နေရာအများအပြားတွင် အပူလှိုင်းများ ဖြစ်ပေါ်လာမည်ဟု မိုးလေဝသ ပညာရှင်များက ထုတ်ပြန်ထားသည်။
အရှေ့တောင် အာရှနိုင်ငံများသည် အပြင်းထန်ဆုံးသော ဒေသများဖြစ်သည့် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းတို့တွင် အပူချိန် ၄၀ မှ ၄၅ ဒီဂရီစင်တီဂရိတ် အထိ မြင့်မားသော အပူလှိုင်းများကို နိုင်ငံများက ကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းရန်..
ပထမအချက်မှာ လျှပ်စစ်ဓာတ်အားရရှိရေးဖြစ်သည်။ မြန်မာနိုင်ငံ အတွက် စိုးရိမ်စရာအကောင်းဆုံးက အပူချိန်နဲ့ အပူလှိုင်းတွေအောက်မှာ လျှပ်စစ်မီးမရှိခြင်းဖြစ်သည်။ ဒါဆိုဘာလုပ်သင့်လဲ။
အပူချိန် ၃၈ ဒီဂရီရောက်ရင် ရေနွေးကို တတ်နိုင်သမျှ သောက်သုံးသင့်တယ်လို့
စင်ကာပူ တရုတ်လူမျိုး ဒေါက်တာ Chen က သတိပေးထားပါတယ်။
အပူချိန်မြင့်လွန်းခြင်းကြောင့် သွေးကြောတွေ ပေါက်ကွဲတာ၊ လေဖြတ်တာ၊ သေဆုံးတာတွေ ဖြစ်တတ်တယ်လို့ ဆရာဝန်က ပြောပါတယ်။ အပူချိန်မြင့်နေချိန် ရုတ်တရက် နောက်ပြန်လှည့်တာမျိုး၊ ရေခဲရေ သောက်သုံးခြင်းမျိုး၊ လေအေးပေးစက်ကို တိုက်ရိုက်မှုတ်ခြင်းမျိုး မလုပ်ပါနဲ့၊ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း မလုပ်ပါနဲ့၊
ထိုင်ရာမှ ရုတ်တရက် အရမ်းကြီး မထပါနဲ့။ အထူးသဖြင့် သက်လတ်ပိုင်းနှင့် သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါရှိသူများ အထူးသတိထားသင့်သည် ။ အပူချိန် မြင့်မားသော ရာသီဥတုတွင် ရေဓာတ်အချိန်မီပြန်လည်ဖြည့်တင်းခြင်း၊ ရေဓာတ်ဆုံးရှုံးသွားသည့်အတိုင်း ပြန်လည်ဖြည့်တင်းခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်းကြောင့် ဓာတ်ဆားမှုန့်၊ စပျစ်သီးမှုန့်စသည်တို့ကို စနစ်တကျ ဖြည့်တင်းပေးခြင်း၊ အသီးအရွက်နှင့် သစ်သီးဝလံများကို များများစားပြီး လေးလံထိုင်းမှိုင်းစေသောအစားအစာများလျှော့စားပါ။ အပူချိန်မြင့်မားခြင်းကြောင့် စိတ်တို လေလေ စိတ်မသက်မသာ ဖြစ်လေလေပါပဲ။ မိသားစုနဲ့ကိုယ့်ကိုကိုယ်ကာကွယ်ပါ။ (ဒီပူပြင်းလှတဲ့အပူရှိန်နှင့် လျှပ်စစ်မီးမရှိသောကြောင့် အပူချိန်များမြင့်နေသဖြင့် လူတိုင်းသတိထားသင့်ပါသည်။) အချို့နေရာတွင် အပူချိန်ပြောင်းလဲကာ အပူချိန်ကျဆင်းသွားစေရန်အတွက် မိုးအနည်းငယ်ရွာနိုင်မည်ဖြစ်ပါသည်။

ကျေးဇူးပြု၍ ညီအစ်ကိုမောင်နှမများ၊
ဤဆောင်းပါးကို သင့်ဆွေမျိုးများနှင့် မိတ်ဆွေများထံ
ပေးပို့ပါ။ အနည်းနှင့်အများ အကူအညီဖြစ်ပါမည်။

Credit

ခြေထောက်ဖောရောင်ပြီး သွေးကျနေလျှင်ခြေထောက်ကြီးဖောင်းပြီး လေမ လျှောက်ပဲ သွေးကျ တာမျိုးကို ဖြစ်ဖူးကြလား? ခြေ ထောက်သွေးကျတယ...
07/03/2024

ခြေထောက်ဖောရောင်ပြီး သွေးကျနေလျှင်

ခြေထောက်ကြီးဖောင်းပြီး လေမ လျှောက်ပဲ သွေးကျ တာမျိုးကို ဖြစ်ဖူးကြလား? ခြေ ထောက်သွေးကျတယ် ဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးက သွေးပေါင်ကျတာနဲ့ မ တူပဲ ခြေ ထောက်တစ်ခုတည်းမှာပဲက ွက်ပြီး လေးပင် ဖောင်းကားနေတာမျိုးပါ။ ပုံမှန်ရက်ထက် ဒီ နေ့မှာသင့် ခြေ ထောက်ကြီးက ဖောင်းပြီး လေးလံ နေ တာမျိုး ကိုခံစားနေရပြီး ခြေဖဝါးကြီးခရမ်းရောင်သမ်း နေပြီဆိုရင်တော့ ဒါ ဟာခြေ ထောက်သေ ွးကျခြင်း ဝေဒနာပါပဲ။

ဘယ်လို အ ခြေအ နေမျိုးမှာ ခြေထောက်သွေးကျခြင်း ဖြစ်ပေါ်လာစေတတ်သလဲ?

အထူးသဖြင့် ကားကြာကြာမောင်းရသူ၊ မတ်တပ်ကြာ ကြာရပ်ရသူနဲ့ ခြေ ထောက်ကို အောက်ချပြီး အကြာ ကြီးနေရတဲ့သူတွေမှာ ခြေ ထောက်သေ ွးကျခြင်းက ပိုလို့ဖြစ်လာနိုင်ပါတယ်။ ကားကြာကြာ မောင်းတဲ့သူ တွေ ဟာ ခြေ ထောက်ကို အမြဲလိုလိုသေသေကြီးနေရ တာကြောင့် ကားမောင်းရင်း အချိန်သုံးနာရီ လာက် ဆက်တိုက်ကြာသွားတဲ့အခါမှာတော့ ခြေ ထောက် သေးကျတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ထိုနည်း လည်းကောင်းပါပဲ မတ်တပ်အကြာကြီးရပ်တဲ့သူမျိုး တွေ မှာလည်း ၄၀% လောက်က တော့ ခြေ ထောက် သေ ွးကြဖူးတဲ့သူကြီးပါပဲ ။

ဒါဆိုရင် ဒီလို ခြေ ထောက်သေ ွးကျတာကြီးဘယ်လို ကုသမလဲ?

အသက်သေ စနိုင်လောက်တဲ့ ရောဂါမဟုတ်တဲ့ အတ ွက်စိတ်ပူစရာတော့မလိုပါဘူး။ ကုသနိုင်တဲ့ နည်းလမ်းတွေကတော့..

(၁) ရေခဲနဲ့ ခြေထောက်ကို အုံပေးပါ

(၂) ရေဇလုံတစ်ခုနဲ့ ခြေ ထောက်ကို ဆားရည်စိမ်ပေး

(၃) ခြေ ထောက်ကို အ ပေါ်သို့ ၇ မိနစ် လောက် ည စဉ် ပင့် ထောင် ထားပေးပါ

(၄)ကျောက်စရစ်ခဲပေါ် ဖိနပ်မပါဘဲလမ်းလျှောက်ပေးပါ

ဒီနည်းလမ်းလေးတွေနဲ့ကုသကြည့်တာ တောင်အဆင် မ ပြေပဲ ဆိုးဝါးနေမယ်ဆိုရင်တော့ နည်းစပ်ရာ ဆရာဝန်နဲ့ ညှိနှိုင်းပြီးမှ ကုသသင့်ပါတယ်။

ကျွန်တော်တို့တင်ပြပေးထားသည်ဖတ်၍မိဘပြည်သူများအနေဖြင့်
ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုlikeလုပ်ထားဖို့အကြံပေးပါရစေpageထဲလဲဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ...

Credit from
ကျန်းမာချမ်းသာကြပါစေ
#အရဟံသမြားနီဆေးကြီး
09258002442
09447771982

နနွင်း အသုံးဝင်ပုံများ အပင်ရွက်ယောင် ပင်စည် ဖြစ်ပြီး ၄-၅ ပေ ခန့် မြင့်သည်။ ဘဲဥပုံ မြစ်ဥ များရှိသည်။ မြစ်ဥ အတွင်း သား တော...
03/03/2024

နနွင်း အသုံးဝင်ပုံများ


အပင်

ရွက်ယောင် ပင်စည် ဖြစ်ပြီး ၄-၅ ပေ ခန့် မြင့်သည်။ ဘဲဥပုံ မြစ်ဥ များရှိသည်။ မြစ်ဥ အတွင်း သား တောက်ပ သော အရောင် ရှိသည်။ နနွင်း အမျိုးအစား ၇ မျိုး ရှိသည့် အနက် ဆေးဖော်စပ် ရာ၌ ဤ နနွင်း ရိုးရိုး ကိုသာလျှင် ဆေးဖက် အဖြစ် အထူး အသုံး ပြု၏။

အရွက်

ရွက်ညှာ သည် ရွက်ပြားနှင့် အလျား ညီ၏။ ရွက်ညှာ ရင်းမှ ရွက်ပြား ထိပ် အထိ အမြှောင်း ပါသည်။ ရွက်ပြား ရှည်မျောမျော ပုံဖြစ် ပြီး အဖျားချွန် ကာ အရင်းသွယ်သည်။ ရွက်နား ညီသည်။ ရွက်ကြောများ အလွန် ထင်ရှားသည်။

အပွင့်

အဝါ နုရောင် ရှိသည်။ အပွင့်သည် ဆိပ်ဖူးပွင့် နှင့် တူသည်။ ဝါဆို ၊ ဝါခေါင် လများတွင် ပွင့်သည်။

အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ

ဥတက်။

အာနိသင်

မြန်မာ ဆေးကျမ်း များအလို အရ နနွင်း သည် ပူ၏။ စပ်ရှားရှား အရသာ ရှိ၏။ ခါးသက်၍ ဆိမ့်သော အရသာ အနည်းငယ် ရှိ၏။ ကိုယ်ရေ နွေးစေ၏။ ပူသော ဂုဏ်သတ္တိ ရှိ၏။ လေကို နိုင်၏။ ဝမ်းမီးကို တောက်စေ၍ အစာ မကြေရောဂါ ကို ပျောက်ကင်း စေတတ်၏။

အသုံးပြုပုံ(ဥတက်)

နနွင်း သည် ရောဂါ အမျိုးမျိုးတို့ ကို ပယ်နိုင်၍ အသက်ရှည် စေသော ဆေးအဖြစ် ထင်ရှား၏။ နနွင်းကို ငန်းဆေး အမျိုးမျိုး၊ မျက်စိ ဆေး အမျိုးမျိုး၊ ဒူလာ ဝမ်းရပ်ဆေး အမျိုးမျိုး၊ လိမ်းဆေး အမျိုးမျိုး၊ မှိုင်းဆေး အမျိုးမျိုး ဖော်စပ် ရာတွင် အသုံးပြု၏။

ကိုယ်ဝန်ဆောင် စဉ် အတွင်း ဖျားခြင်း၊ သားဖွားပြီး သွေးတက်ခြင်း၊ သွေးပုပ် ကျန်ခြင်း၊ သွေးမသန့် ခြင်း၊ မီးဖွားပြီး နောက် ချည့်နဲ့ခြင်း၊ အသား အေးခြင်း၊ သားမြတ် ကိုက်ခြင်း၊ ရောင်ခြင်း၊ မီးယပ် သွေးဖော ဖြစ်ခြင်း ၊ ယားယံ ခြင်း တို့အတွက် နနွင်းကို အမှုန့်ပြုကာ ရေနှင့်ဖျော်၍ လိမ်းပေးခြင်း၊ သောက်ပေး ခြင်း၊ မှိုင်းရှူပေးခြင်း၊ ရေနွေး နှင့် ပြုတ်၍ ရေချိုးပေး ခြင်း၊ ကြပ်ထုပ် ထိုးပေး ခြင်း တို့ဖြင့် ပျောက်ကင်းစေနိုင်၏။

သားအိမ် မသန့် သော ရောဂါ၊ မျက်စိကိုက်၊ နှာစေး အဖျား ရောဂါတို့ အတွက်လည်း နနွင်း ကို ဆေးဖက် အဖြစ် အသုံး ပြုရ၏။

နနွင်း ကို လက်ထုပ် ခေါက်မှုန့် နှင့် ရော၍ ရျေနှင့် ကျိုပြီး ပျားရည် သင့်ရုံ စပ်၍ သောက်ပါက သွေးအန်၊ သွေးလျှံ၊ သွေးဝမ်း ရောဂါ များ ပျောက်၏။

သွားဖုံး ရောင်ခြင်း၊ သွားနာခြင်း၊ ကိုက်ခဲ ခြင်းတို့အတွက် နနွင်းမှုန့်ကို ရေနွေးနှင့် ဖျော်၍ ငုံပေးခြင်း၊ ဆားနိုင် နိုင် ထည့်သောက်ခြင်း၊ သွားရင်းတွင် သိပ်ပေး ခြင်းဖြင့် ပျောက်ကင်း စေ၏။

နနွင်း သည် ချောင်းဆိုး၊ ပန်းနာ ရင်ကျပ်၊ ဝမ်းလျှော ရောဂါ တို့ကို ပျောက်ကင်း စေ၏။

နနွင်း ကို ဆားအနည်းငယ် ခတ်၍ တစ်နေ့ ၃ ကြိမ် သောက် သော် လေထိုး လေအောင့် ရောဂါ ပျောက်၏။

အကျိတ်နာ၊ ထိခိုက် ရှနာခြင်း၊ အတွင်းကြေ ဒဏ်ရာ ရခြင်းတို့ အတွက် နနွင်းနှင့် ထုံးကို ရောစပ် လိမ်းပေးခြင်း၊ ဒဏ်ရာ မှ သွေးထွက် လွန်ခြင်းတို့ အတွက် နနွင်းမှုန့် သိပ်ပေးခြင်း တို့ဖြင့် ပျောက်ကင်း စေနိုင်၏။

နနွင်းကို သကြားနီ ခဲနှင့် ရောစပ်၍ ဆန်ဆေးရည် နှင့် သောက်သုံးပါက သားအိမ်တွင် ကျောက်တည်ခြင်း ပျောက်၏။

နနွင်းမှုန့်၊ ဆီးဖြူသီးရည်၊ ပျားရည် သုံးမျိုး ရောသောက် သော် ဆီးပူ၊ ဆီးအောင့် မှစ၍ ဆီးရောဂါ အမျိုးမျိုး ပျောက်၏။

နနွင်းဥ ကို ပါးပါးလှီး၍ နေရိပ်တွင် လှန်းပြီး ပျားရည်နှင့် တစ်ကြိမ် ၃ ပြား၊ တစ်နေ့ တစ်ကြိမ် သောက်သော် အစာအိမ် ရောဂါ ပျောက်၏။

credit from
#အရဟံသမြားနီဆေးကြီး

အမျိုးသမီးတို့အတွက် GynomixGynomix သည် မိန်းမကိုယ်ထဲကိုထည့်ရတဲ့ဆေးတစ်မျိုးပါ။ Gynomix က ပိုးသတ်ဆေး antibiotics တစ်မျိုးဖ...
03/03/2024

အမျိုးသမီးတို့အတွက် Gynomix
Gynomix သည် မိန်းမကိုယ်ထဲကိုထည့်ရတဲ့ဆေးတစ်မျိုးပါ။
Gynomix က ပိုးသတ်ဆေး antibiotics တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် မလိုအပ်ပဲသုံးစွဲလျှင်သော်လည်းကောင်း၊ ခဏခဏသုံးစွဲလျင်သော်လည်းကောင်း ပိုးသတ်ဆေး ယဥ်ပါးခြင်း ဖြစ်နိုင်ပါတယ်။
အမျိုးသမီးတွေ မိန်းမကိုယ်ယားယံခြင်း၊အဖြူဆင်းခြင်းတွေမှာ လိုအပ်မှသာ OG တွေကပေးလေ့ရှိပါတယ်။
Gynomix မှာ က ပိုးသတ်ဆေး၃မျိုးကို ပေါင်းပြီးထုတ်လုပ်ထားတာပါ။

1.Metronidazole (မက်ထရိုနိုင်ဒဇော)
သူ့ကြောင့် ဘက်တီးရီးယား တွေနဲ့ ကပ်ပါးကောင်တွေကို သေစေနိုင်တဲ့အာနိသင်ရှိပါတယ်။

2.Nystatin (နိုင်စတက်တင်)
သူ့မှာက မိန်းမကိုယ်အတွင်းမှာ ယားယံခြင်း၊အဖြူဆင်းခြင်းတို့ကိုဖြစ်စေတဲ့ မှို (fungus)တွေကို သေစေပါတယ်။

3.Neomycin(နီရိုမိုင်ဆင်)
သူ့မှာပါတဲ့aminoglycoside(အမိုင်နိုဂလိုက်ကိုစိုက်)တွေကြောင့်လည်း မိန်းမကိုယ်မှာဖြစ်ပွားစေတတ်တဲ့bacteria အတော်များများ ကို နှိမ်နင်းနိုင်ပါတယ်။

ဆိုတော့က ဒီလိုမျိုး ၃မျိုးပေါင်းထားတဲ့ ပိုးသတ်ဆေးတွေက မမတို့ညီမလေးတို့ ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ သုံးဖို့ရာမသင့်တော်ပါဘူး။

ကိုယ်ကဘာကြောင့် မိန်းမကိုယ်ယားယံရတယ်၊အဖြူဆင်းတယ် ၊အရောင်ပြောင်းတယ်ဆိုတာတွေကို သိဖို့ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ပြသပါ။

ကိုယ့်ဆုံးဖြတ်ချက်နဲ့ ပိုးသတ်ဆေးတွေကိုသုံးမယ်ဆိုရင် ဖြစ်လာနိုင်တာက ကိုယ်တကယ် ပိုးသတ်ဆေးသုံးရတော့မယ့်အခြေအနေမှာ ဆေးမတိုးတော့တာ ဖြစ်နိုင်ချေအများကြီးရှိနေပါတယ်။

Gynomixက မိန်းမကိုယ်အတွင်းကိုထည့်ရပေမဲ့ မိန်းမကိုယ် သန့်ဆေး သားအိမ်သန့်ဆေး မဟုတ်ပါဘူး။

ဘက်တီးရီးယား၊မှို၊ကပ်ပါးကောင်တို့ မိန်းမကိုယ်မှာပေါက်ဖွားလာလို့သာသုံးရတာပါ။

Gynomixကို ကိုယ်ဝန်ယူဖို့ကြိုးစားနေချိန်မှာလဲ မသုံးသင့်ပါဘူး။

Gynomixမှာ ပါတဲ့ Metronidazole က ကိုယ်ဝန်လနုစဥ် အခါမှာသုံးမိမယ်ဆိုရင် ကိုယ်ဝန်ပျက်ကျ နိုင်ချေတွေ အများကြီးရှိနေပါတယ်။

အရေပြားယားယံခြင်း၊အလာဂျီ(allergy)ဖြစ်ခြင်းတွေတော့ ဆေးသုံးကာစမှာ ဘေးထွက်ဆိုးကျိုး အနေနဲ့ ဖြစ်ကြပါတယ်။ ဖြစ်တဲ့သူကတော့ တော်တော်နဲပါတယ်။

ကဲ ဒါဆိုရင် Gynomix လို ပိုးသတ်ဆေးတွေကို OGမပေးပဲ မသုံးကြပါနဲ့နော်။

Credit from

ပိုမိုကျန်းမာသော နေ့ရက်များဆီသို့...
allergy(phrmacist)
for all

Address

Myanmar
Mandalay

Website

Alerts

Be the first to know and let us send you an email when SHWE BHONE MYAT Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram