F i r e And R e s c u e

F i r e And R e s c u e Fire and Rescue

မီးသတ်သမားများအတွက် 👨‍🚒🔥Wallpaper အလန်းတွေ....🍷Firefighter Wallpaper (Part-2)👨‍🚒🍷
13/05/2023

မီးသတ်သမားများအတွက် 👨‍🚒🔥

Wallpaper အလန်းတွေ....🍷

Firefighter Wallpaper (Part-2)👨‍🚒🍷


ကဲ...သားကြီးတို့...👨‍🚒🍷 #ဒီတခါမုန်တိုင်းက ပြင်းလိမ့်မယ်။ပြင်ဆင်စရာ တွေလဲ အတော်​လေး ပြင်ဆင်ထားပီးပီ။ဒီတခါလာမယ့် ရှာ/ကယ်သမ...
13/05/2023

ကဲ...သားကြီးတို့...👨‍🚒🍷

#ဒီတခါမုန်တိုင်းက ပြင်းလိမ့်မယ်။

ပြင်ဆင်စရာ တွေလဲ အတော်​လေး ပြင်ဆင်ထားပီးပီ။

ဒီတခါလာမယ့် ရှာ/ကယ်သမားတွေရဲ့

ပြိုင်ဘက်က အန္တရာယ်များမယ်....🌪

ဒါပေမယ့်...ငါတို့မှာက 2023 ခုနစ်မှာနေနေတယ်...🍷🚨

#မကြာခင်မှာ မုန်တိုင်း ထိခိုက်မယ့်နေရာတွေကို

ပြည်နယ်နဲ့တိုင်း အဆင့် အသီးသီးက စေလွှတ်တဲ့

ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေစထွက်တော့မယ်....🚒👨‍🚒

#ရှာဖွေကယ်ဆယ်ရေး မှာ ထိရောက်စွာအသုံးပြုနိုင်တဲ့

ခေတ်မှီစက်ပစ္စည်းကိရိယာတွေနဲ့ 🚒🚨

ရှာ/ကယ် အတက်ပညာတွေကို ပိုင်ဆိုင်ထားတယ်....👨‍🚒

အခုအဲ့ပညာတွေနဲ့ ပစ္စည်းတွေကို Professional ကျကျနဲ့

ကိုင်တွယ်အသုံးချပြီး ပြည်သူလူထုကို အကျိုးပြုမယ်...

#ငါတို့မှာ သတင်းအချက်အလက် လက်ဦးထားတယ်...

ကြိုတင်ပြင်ဆင်ထားတယ်... ရွှေ့ပြောင်းထားတယ်...

"မိုခါ" ထက်​ခြေလှမ်းတွေသာတယ်....

အဲ့ဒါ တွေကငါတို့ အားသာချက်တွေပဲ။

#"ရဲဝင့်စွန့်စား မီးသတ်သမား" တဲ့....ကွ

ရဲရဲဝင့်ဝင့်နဲ့ စွန့်စားရဲတဲ့ကောင်တွေပဲ...

အားလုံး ကြိုးစားထားကြ။

တချိန်မှာဒါတွေက ငါတို့ရဲ့သမိုင်း တွေဖြစ်လာပြီး

မျိုးဆက်သစ်တွေကို ဂုဏ်ယူစွာ ပြန်ပြောကြရလိမ့်မယ်

အားလုံး ဂရုစိုက်ကြပါ။ အားတင်းထားပါ။

Ready ပဲ"မိုခါ"👨‍🚒


#မိုခါ

Firefighter Wallpaper 👨‍🚒❤
12/05/2023

Firefighter Wallpaper 👨‍🚒❤

D i v e r 🍷🖤R e s c u e
11/05/2023

D i v e r 🍷🖤R e s c u e



Search and Rescue "T-Shirt"🇹🇭ယိုးဒယား (Grade A) အသား T-Shirtရင်ဘတ်/လက်မောင်း/နောက်ကြော Search and Rescue logo Design in ...
12/12/2022

Search and Rescue "T-Shirt"🇹🇭
ယိုးဒယား (Grade A) အသား T-Shirt

ရင်ဘတ်/လက်မောင်း/နောက်ကြော
Search and Rescue logo Design in 🇱🇷

"အရေအတွက် ကန့်သတ်ထုတ်ထားသည်။"
=============================
ရောင်းစျေး=12500ks💰(L-Size) Only

စီးပွားဖြစ်မဟုတ်✖.ဝါသနာတူ ကယ်ဆယ်ရေးသမားများအတွက် တာဝန်ချိနိပြင်ပတွင် ပေါ့ပေါ့ပါးပါးဝတ်ဆင်နိုင်ရန် ရည်ရွယ်သည်။

ကယ်ဆယ်ရေးသမားများအတွက် အထူးစျေးရှိသည်။
(Messager📲) သို့ (Phone📞) ဆက်မေးရန်။👨‍🚒✨

မန္တလေးမြို့အတွင်း နေ့ချင်းရနိုင်ပြီး
ဖုန်းဆက်ပေးပါရန်။ ☎09-443921139

နယ်ဝေးနှင့်အခြားမြို့များ
ငွေကြိုလွှဲရပြီး💳 ငွေလွှဲဝင်သည်နှင့် ချက်ချင်းပို့ပေးသည်။🚛🚛

ငွေလွှဲ Screenshot ပို့ပေးပါရန်။ (သို့)
Phone ဆက်ပေးပါရန်။

08/12/2022

F i r e F I g h t e r🧑‍🚒(Skill)🔥.

Send a message to learn more

28/11/2022

Fire Rescue Technic👨‍🚒📌

“ The Triangle of Life”==================ငလျင်လှုပ်ရင် စားပွဲအောက်မှာနေပါတို့၊ တံခါးကျည်းဘောင်အောက်မှာ နေပါတို့ အစရှိသဖြ...
23/07/2022

“ The Triangle of Life”
==================

ငလျင်လှုပ်ရင် စားပွဲအောက်မှာနေပါတို့၊ တံခါးကျည်းဘောင်အောက်မှာ နေပါတို့ အစရှိသဖြင့် အရပ်ပြောစကားတွေရှိတာကို ကြားဖူးကြမှာပါ။
အဲဒါတွေအားလုံးကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါတော့။ အခုဆောင်းပါးကို ဖတ်ပြီးတဲ့နောက်မှာ စာဖတ်ပရိတ်သတ်တွေရဲ့ အတွေးအခေါ်ပြောင်းသွားနိုင်ပြီး တစ်နေ့တစ်နေ့မှာ သင်တို့ရဲ့ အသက်တွေကို ကယ်တင်နိုင်ဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။

(Doug Copp ၏ “The Triangle of Life” ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်)

ကျွန်တော့နာမည်က ဒေါက်တာကော့ပ်ပါ။ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အတွေ့အကြုံ အရင့်ဆုံးကယ်ဆယ်ရေးအဖွဲ့အစည်းဖြစ်တဲ့ အမေရီကန်အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ ARTI ရဲ့ကယ်ဆယ်ရေးအကြီးအကဲနှင့် သဘာဝဘေးအန္တရယ်စီမံခန့်ခွဲရေးမှူးရာထူးကို ရရှိထားသူပါ။ ကျွန်တော်ဟာ ပြိုကျနေတဲ့ အဆောက်အအုံ (၈၇၅) ခုထဲကို တွားသွားဝင်ရောက်ခဲ့ဖူးပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း (၆၀)ကျော်က ကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့ တွဲဖက်လုပ်ဆောင်ခဲ့ဖူးပြီး အချို့နိုင်ငံတွေမှာဆိုရင် ကယ်ဆယ်ရေးအဖွဲ့တွေကိုတောင် တည်ထောင်ပေးခဲ့ဖူးပါတယ်။ ၁၉၈၅ခုနှစ်နောက်ပိုင်းမှာ ကမ္ဘာပေါ်မှာ ဖြစ်ပျက်ခဲ့သမျှ အကြီးစားသဘာဝဘေးအန္တရာယ်တိုင်းမှာ ဝင်ရောက် တာဝန်ထမ်းဖူးပါတယ်။

၁၉၈၅ခုနှစ်၊ မက္ကဆီကိုစီးတီး ငလျင်ဖြစ်ပြီးတဲ့နောက်ပိုင်း ကျွန်တော် ကျောင်းတစ်ကျောင်းထဲကို အရင်ဆုံးတွားသွားဝင်ရောက်တဲ့အခါမှာ ကျောင်းသားကလေးငယ်အားလုံး သူတို့တွေရဲ့စာသင်စားပွဲတွေအောက်မှာ ရှိနေတဲ့မြင်ကွင်းပါပဲ့။ ဒါပေမယ့်ကလေးတွေအားလုံး အရိုးတွေ စိစိညက်ညက်ကြေတဲ့အထိပိမိနေကြတာကို စိတ်မချမ်းမြေ့ဖွယ်မြင်တွေ့ခဲ့ရပါတယ်။

တကယ်လို့သာ ကလေးငယ်တွေဟာ အခန်းအလယ်လျှောက်လမ်းထဲက သူတို့တွေရဲ့ စာသင်ခုံတွေနဲ့ ဘေးကပ်လျက်လဲလျောင်းနေခဲ့မယ်ဆိုရင်တောင် အသက်ဆုံးရှုံးချင်မှ ဆုံးရှုံးကြရမှာပါ။
အရှင်ဆုံးပြောပါမယ်။ အဆောက်အအုံးတစ်ခု ပြိုကျတဲ့အခါ မျက်နှာကြက်တွေရဲ့ အလေးချိန်ဟာ ပရိဘောဂတွေရဲ့အပေါ်တည့်တည့်ကိုသက်ရောက်တာကြောင့် အောက်တည့်တည့်မှာ ရှိတဲ့ အရာဝတ္တုအားလုံးကြေမွသွားကြပါတယ်။

ဒါပေမဲ့ အဲဒီအပျက်အစီးပုံရဲ့ ဘေးနေရာလေးတွေကတော့ ကလိုင်များအဖြစ်ကျန်ခဲ့ပါတယ်။ အဲဒီနေရာအလွတ်တွေကို ကျွန်တော်က “အသက်ကယ်တြိဂံ” လို့ အမည်ပေးထားပါတယ်။

အရာဝတ္တုတစ်ခုဟာ ကြီးမားတောင့်တင်းလေ ပိုမိုခိုင်ခံ့လေဖြစ်လို့ သူတို့ရဲ့ဘေးက ကွက်လပ်ဟာလည်း ပိုပြီးကြီးမားနိုင်ပါတယ်။ ဒီတော့ လူသားတွေအနေနဲ့ အဲဒီနေရာလွတ်ထဲမှာ ဘေးမသီရန်မခနေထိုင်နိုင်ဖို့ အခွင့်သာသွားစေပါတယ်။

ငလျင်ကြောင့်ပြိုပျက်နေတဲ့ အဆောက်အအုံပုံတွေကို တီဗွီမှာ တွေ့ရတဲ့အခါ အသက်ကယ်တြိဂံတွေကို လိုက်ပြီးရေတွက်ကြည့်ပါ။ ပြိုပျက်နေတဲ့ အဆောက်အအုံတစ်ခုအထဲမှာ အများဆုံး ဂျီသြမေတြီပုံသဏ္ဌာန်ကတော့ တြိဂံဖြစ်ပြီးနေရာတကာမှာ တွေ့ရပါလိမ့်မယ်။

ဘေးကင်းဖို့ လက်တို့အညွှန်း

၁။ ငလျင်လှုပ်လို့ အဆောက်အအုံတစ်ခုပြိုတော့မလို ဟန်ပြင်နေရင် လူတော်တော်များများဟာ တစ်ခုခုအောက်ထဲဝင်ပုန်းဖို့လောက်ပဲ သိကြလို့ အဆောက်အအုံပိသေကြရပါတယ်။ စာရေးစားပွဲတွေ ကားတွေအစရှိတဲ့အရာတွေ အောက်ဝင်ပုန်းသူတွေဟာ အဖြစ်ဆိုးနဲ့ကြုံတွေကြရပါတယ်

၂။ ခွေးတွေကြောင်တွေနဲ့ကလေးငယ်တွေဟာ သန္ဓေသားလောင်းပုံစံ အတိုင်းခွေအိပ်လေ့ရှိတာကို မြင်ဖူးကြမှာပါ။ ငလျင်လှုပ်ပြီဆိုရင်လည်း အဲလိုအနေအထားနဲ့ မြေကြီးပေါ်မှာ လဲလျောင်းနေသင့်ပါတယ်။ ဒါဟာ သဘာဝကပေးတဲ့ ဘေးကင်းလုံခြုံရေးအသိပညာပါပဲ။ ခွေခေါက်နေခြင်းအားဖြင့် နေရာလွတ်သေးသေးလေးထဲမှာ အသက်ရှင်ရက်ကျန်ရှိဖို့ အခွင့်သားသွားစေပါတယ်။ အလွယ်တကူပြားချပ်မသွားနိုင်တဲ့ ဆိုဖာခုံ၊ ခုတင်အစရှိတဲ့ ထုထည်ကြီးကြီး အရာတွေဘေးမှာခွေခေါက်နေလို့ရမယ့် နေရာလွတ်မျိုးတွေရှိတတ်ပါတယ်။

၃။ ငလျင်လှုပ်နေစဉ်ကာလအတွင်းမှာပျဉ်ထောင်အိမ်တွေဟာ အလုံခြုံဆုံးပါပဲ့။ သစ်သားဟာ ကွေးလွယ် ညွတ်လွယ်လို့ ငလျင်လှိုင်းတွေနဲ့အတူ အလိုက်သင့်လှုပ်ရှားနိုင်ပါတယ်။ ပျဉ်ထောင်တစ်လုံးပြိုကျတယ်ဆိုဦးတော့၊ နေရာလွတ်တွေ အများကြီးချန်ထားခဲ့ပါလိမ့်မယ်။ ဒါအပြင် ပျဉ်ထောင်အိမ်တွေဟာ ပြိုကျရင် ပိမယ့် အလေးအချိန်လည်းနည်းပါးပါတယ်။
အုတ်တိုက်တွေကတော့ ငလျင်လှုပ်ရင် အုတ်ချပ်တွေအဖြစ် တစ်စစီပြိုကွဲသွားတတ်လို့ အောက်မှာရှိနေမယ့်လူတွေအတွက် အန္တရာယ်ရှိပါတယ်။

၄။ ညအချိန်ငလျင်လှုပ်တဲ့အခါကုတင်ပေါ်မှာ တိုက်တိုက်ဆိုင်ဆိုင်ရောက်နေရင် ကုတင်ဘေးကိုသားလှိမ့်ချလိုက်ပါ။ ငလျင်လှုပ်ရင် ကုတင်ဘေးလိမ့်ဆင်းဖို့ အကြံပြုချက်တွေကိုသာ ကုတင်ခြေရင်းမြင်သာတဲ့နေရာမှာ ကပ်ထားပေးနိုင်မယ်ဆိုရင် လူအသေအပျောက်နည်းသွားနိုင်ပါတယ်။

၅။ ငလျင်လှုပ်ချိန်မှာ တံခါး၊ ဒါမှမဟုတ် ပြတင်းပေါက်ကနေထွက်ပြေးဖို့ အချိန်မရတော့ဘူးဆိုရင် ဆိုဖာကြီးကြီး ဒါမှမဟုတ် ဗီရိုကြီးကြီးဘေးမှာ ခွေခေါက်ပြီးနေလိုက်ပါ။

၆။ တံခါးကျည်းဘောင်အောက်မှာ ဝင်ပုန်းနေတဲ့သူတွေဟာ သေဆုံးကြရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငလျင်လှုပ်လို့ ကျည်းဘောင်ပြုတ်ထွက်သွားချိန်မှာ အပေါ်ကအုတ်၊ အင်္ဂတေအစရှိတာတွေ ပြိုကျလာနိုင်လို့ အခန့်မသင့်ရင် ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားနိုင်ပါတယ်၊

၇။ လှေခါးခွင်ထဲမှာ ဘယ်တော့မှမနေပါနဲ့။ လှေခါးတွေဟာ ပင်မအဆောက်အအုံနဲ့ တစ်ဆက်တည်းမရှိတတ်ဘဲ ပုခက်လွှဲသလို ယိမ်းခါနေအောင် တည်ဆောက်ထားတတ်တာမို့ ငလျင်လှုပ်ပြီဆိုရင် ပြုတ်ကျလာပြီးအောက်မှာရှိတဲ့ သူတွေကို လှေခါးထစ်တွေက အပိုင်းပိုင်းခုတ်ဖြတ်ပစ်တတ်ပါတယ်။ အဆောက်အအုံမပြိုကျနိုင်ဘူးဆိုရင်တောင် ထွက်ပြေးနေတဲ့သူတွေနဲ့ လှေခါးပြည့်သွားပြီး ပြုတ်ထွက်သွားနိုင်တဲ့ အန္တရာယ်ရှိလို့ လှေခါးကြံ့ခိုင်မှုကို မပြတ်စစ်ဆေးသင့်ပါတယ်။

၈။ နံရံတွေရဲ့ အတွင်းဘက်ထက် အပြင်ဘက်မှာ ရောက်နေစေဖို့ကြိုးစားပါ။ အတွင်းဘက်မှာ ရောက်နေလို့ အဆောက်အအုံပြိုကျခဲ့ရင် ထွက်ပေါက်ရှာမရဖြစ်တတ်ပါတယ်။

၉။ ငလျင်လှုပ်ချိန်မှာ မော်တော်ယာဉ်အတွင်းဝင်ရောက်ပုန်းအောင်းသူတွေဟာ ပြင်ပက အရာတွေသူတို့အပေါ်ပိတဲ့ခါ ထွက်ပြေးလို့မရဘဲ ပိသေကြရပါတယ်။
တကယ်လို့သာ ကားထဲကထွက်လာပြီးကားဘေးနားမှာ ကပ်လျက်ခွေခေါက်အိပ်နေရင်တောင် အသက်ရှင်သန်မှုအခွင့်အရေး ပိုရှိနေပါသေးတယ်။ ကားတွေဟာ ဘယ်လောက်ပိပိသူတို့ရဲ့ဘေးကပ်လျက်မှာ သုံးပေလောက်ကွက်လပ်ကျန်ခဲ့တတ်ပါတယ်။ ဒီကွက်လပ်လေးဟာ အသက်ကယ်တြိဂံပါပဲ့။

၁၀။ ပြိုကျပျက်စီးနေတဲ့ သတင်းစာတိုက်တွေနဲ့ စာရွက်အသုံးများတဲ့ အခြားရုံးတွေကို ဝင်ရောက်ကြည့်ရှုဖူးတဲ့အတွေ့အကြုံအရ စက္ကူတွေဟာ လွယ်လွယ်နဲ့ပြားကပ်မသွားတတ်တာတွေကို တွေ့ရပါတယ်။ စက္ကူပုံကြီးဘေးနားမှာဆိုရင်တော့ နေရာလွတ်ကြီးကြီးမားမား ကျန်တတ်ပါတယ်။ ဒီအချက်တွေကို ၁၉၉၆ခုနှစ်မှာ လက်တွေ့စမ်းသပ်ကြည့်ပြီးသားဖြစ်ပြီး တူရကီအစိုးရ၊ အစ္စတန်ဘူလ်မြို့အုပ်ချုပ်ရေးအဖွဲ့နဲ့ ARTI ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ စမ်းသပ်ချက်မှာ သိပ္ပံနည်းကျ အဖြေထွက်ခဲ့ပါတယ်။

ကျွန်တော်တို့ ပူးပေါင်းအဖွဲ့ဟာ လူသားတို့ရဲ့ခံစားမှုအတိုင်းသိရှိ ခံစားနိုင်တဲ့ လူတူစက်ရုပ် (၂၀)ကို ကျောင်းတစ်ကျောင်းနဲ့ နေအိမ်တစ်လုံးထဲထည့်ပြီး အဆောက်အအုံတွေကို ဖြိုချကြည့်ခဲ့ပါတယ်။
စက်ရုပ် (၁၀) ရုပ်ကို အောက်ထဲပြေးဝင်ပုန်းတဲ့ စနစ်အတိုင်း နေရာချထားခဲ့ပြီး ကျန်တဲ့စက်ရုပ် (၁၀)ရုပ်ကိုတော့ ကျွန်တော့ရဲ့ အသက်ကယ်တြိဂံနည်းစနစ် အတိုင်းနေရာချထားခဲ့ပါတယ်။ အဆောက်အအုံပြိုကျသွားပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့ဟာ အဆောက်အအုံအပျက်ထဲဝင်ပြီး မှတ်တမ်းတင်ခဲ့ပါတယ်။

အဲဒီအခါမှာ တစ်ခုခုအောက် ပြေးဝင်ပုန်းတဲ့နည်းကို သုံးရင် အသက်ရှင်စရာလမ်းမမြင်တဲ့ အနေအထားတွေမှာ အသက်ကယ်တြိဂံနည်းစနစ်ကို သုံးတဲ့သူတွေဟာ အသက်အန္တရာယ်ကနေ လွတ်ငြိမ်းချမ်းသာဖို့ ရာနှုန်းပြည့်ရှိနေတာကို တွေ့ခဲ့ရပါတော့တယ်။

ဒီဥပမာကို ကြည့်ခြင်းအားဖြင့် ငလျင်လှုပ်ပြီဆိုရင် ပြာယာခတ်မသွားပဲ ခိုင်ခံ့ပစ္စည်းတွေရှိတဲ့နေရာတွေ ဘေးကွေးကွေးကလေးဝင်ထိုင်နေတတ်ဖို့လိုအပ်တယ်ဆိုတာ သိကြမယ်လို့ ထင်ပါတယ်။

ကမ္ဘာကြီးမှာ သဘာဝဘေးအန္တရာယ်တွေ ပိုမိုဖြစ်ပွားလာလို့ လူသားတွေရဲ့ အသက်အန္တရာယ်ပိုမိုရှိလာတဲ့အတွက် တစ်ခုခုဖြစ်လာခဲ့လို့ရှိရင် အဆင်သင့်ဖြစ်နေစေဖို့ မိမိနေထိုင်ရာ အိမ်၊ ပတ်ဝန်းကျင်မှာ အသက်ကယ်ပစ္စည်းတွေ များများစားစား ထားရှိဖို့လိုအပ်ပါမယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အသက်ကယ်တြိဂံဘယ်နှခုရှိနိုင်တယ်ဆိုတာကို ကြိုတင်ရှာဖွေထားသင့်ပါတယ်လို့ အကြံပြုလိုက်ပါရစေ။
( Doug Copp ၏ “ The Triangle of Life” ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။)

Credit: Original Writer Via ကိုဖေအောင်

Myanmar News Market Page မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

🔺 "မြေငလျင် အသိပညာပေး "🔻========================
03/06/2022

🔺 "မြေငလျင် အသိပညာပေး "🔻
========================


🚨Search and Rescue Engine🚒Perfect....👨‍🚒 (4×Wheel)
23/05/2022

🚨Search and Rescue Engine🚒
Perfect....👨‍🚒 (4×Wheel)

ဆေးရုံ ဆေးခန်းနှင့် ခွဲစိတ်ခန်းသုံး ဆေးဘက်ဆိုင်ရာ ကိရိယာများ နှင့် နာမည်အခေါ်အဝေါ်များ လေ့လာနိုင်ရန်တင်ပေးလိုက်ပါတယ်.......
22/05/2022

ဆေးရုံ ဆေးခန်းနှင့် ခွဲစိတ်ခန်းသုံး ဆေးဘက်ဆိုင်ရာ ကိရိယာများ နှင့် နာမည်အခေါ်အဝေါ်များ လေ့လာနိုင်ရန်တင်ပေးလိုက်ပါတယ်....

သင့်အတွက်နဲ့ အများအတွက် အကျိုးရှိအောင် Share ပေးကြပါဦးခင်ဗျ.......🤗

မုန်တိုင်းတိုက်ခတ်လာသောအခါ လိုက်နာရမည့် အချက်အလက်များ ✅__________________________________________________၁။လျှပ်စစ်မီးမျ...
20/05/2022

မုန်တိုင်းတိုက်ခတ်လာသောအခါ လိုက်နာရမည့် အချက်အလက်များ ✅
__________________________________________________

၁။လျှပ်စစ်မီးများ၊ဓါတ်ငွေ့ပိုက်လိုင်းများအားလုံးကိုဆက်သွယ်မှုများဖြတ်တောက်ပစ်ရန်၊

၂။လေပြင်းဒဏ်ကြောင့်မိမိမှီခိုရာအဆောက်အဦပြိုကျနိုင်သည့်အနေအထားရှိပါကခိုင်ခန့်သည့်စားပွဲ၊ကုတင်များ၏အောက်တွင်ခိုလှုံနေထိုင်ရန်၊

ခိုင်ခန့်မြဲမြန်သည့်တိုင်တစ်ခုကိုတွယ်ဖက်ထားရန်၊

၃။ဆိုးဝါးပြင်းထန်သည့်အခြေအနေကိုဖော်ပြထားသည့်မုန်တိုင်းသတိပေးချက်များရရှိလာသောအခါပင်လယ်ပြင်ထွက်၍ငါးဖမ်းခြင်းများမပြုုလုပ်ရန်၊

၄။မုန်တိုင်းခိုအဆောက်အဦများသို့အမြန်ဆုံးပြောင်းရွှေ့ခိုလှုံရန်၊

၅။ရေဒီယိုဖြင့်နောက်ဆုံးသတင်းထုတ်ပြန်ချက်များကိုအဆက်မပြတ်ဖမ်းယူနားထောင်ရန်၊

၆။သက်ဆိုင်ရာမှမုန်တိုင်းအန္တရာယ်ကင်းရှင်းကြောင်းကြေငြာချက်ထုတ်ပြန်သည်အထိအန္တရာယ်ကင်းသည့်နေရာတွင်စောင့်ဆိုင်းရန်၊

၇။မုန်တိုင်းကျရောက်ချိန်ကားမောင်းနေပါကကားကိုရပ်တန့်ထားရန်၊ပင်လယ်ပြင်မှကွာလှမ်းသောနေရာ၊သစ်ပင်ကြီးများ၊လျှပ်စစ်ပါဝါလိုင်းများ၊

ရေလှောင်ကန်များနှင့်ဝေးကွာပါကကားအတွင်း၌နေရန်

------------------------------------------------------------------
မုန်တိုင်းကျရောက်ပြီးပါက ✅

၁။သက်ဆိုင်ရာမှမုန်တိုင်းအန္တရာယ်ကင်းရှင်းပြီဖြစ်ကြောင်းမကြေငြာမချင်းအပြင်မထွက်ရန်၊

၂။ဓါတ်ငွေ့များယိုစိမ့်မှုရှိ၊မရှိစစ်ဆေးရန်၊ရေစိုနေသောလျှပ်စစ်ပစ္စည်းများကိုအသုံးမပြုရန်၊

၃။သက်ဆိုင်ရာမှကြေငြာပေးမည့်သတင်းနှင့်အကြံပြုချက်များကိုဂရုစိုက်နားထောင်ရန်၊

၄။မိမိအားကယ်ဆယ်ဆောင်ရွက်ပေးဖို့လိုအပ်ပါကစောစီးစွာဆောင်ရွက်နိုင်ရန်မိမိအိမ်သို့သက်ဆိုင်ရာမှအကြံမပြုမခြင်းဆန္ဒစောပြီးမပြန်ရန်၊

ပြန်ပါကလည်းသတ်မှတ်ထားသည့်လမ်းကြောင်းမှသာပြန်ရန်၊

၅။ကုန်းလမ်းခရီးသွားရပါကမြွေအန္တရာယ်အထူးသတိထားရန်၊

၆။လမ်းဘေးတွင်ပြတ်ကျနေသောလျှပ်စစ်ကြိုးများကိုမကိုင်မိ၊မထိမိရန်သတိပြုပြီးနီးစပ်ရာလျှပ်စစ်ရုံးသို့အကြောင်းကြားရန်၊

၇။မီးဘေးအန္တရာယ်သတိပြုရန်၊

၈။ဝမ်းပျက်၊ဝမ်းလျှောရောဂါသတိပြုရန်၊

၉။ကယ်ဆယ်ရေးလုပ်ငန်းများတွင်ကူညီဆောင်ရွက်ရန်

-------------------------------------------------------------------
မြစ်ရေကြီးမှုအန္တရာယ်လျော့ပါးရေး🌊

ရေမကြီးမီ ဆောင်ရွက်ရန်

ရေဘေးအန္တရာယ် ကျရောက်နိုင်သော ဒေသများတွင် မိုးကာလ မတိုင်မီကြိုတင်၍ ရေဘေးဒဏ်ခံနိုင်သော ရေကာတာများ တည်ဆောက်ပြုပြင်ထားရှိခြင်း၊ သယ်ယူပို့ဆောင်သွားလာရေးအတွက် လှေ၊ ပဲ့ထောင်၊ မော်တော်၊ စက်သုံးဆီ စသည်တို့ကို ကြိုတင်စီစဉ်ထားပါ။
TV ၊ ရေဒီယိုနှင့် FM ရေဒီယိုများမှထုတ်လွှင့်သော မြစ်ရေကြီးမှုဆိုင်ရာ သတင်းများကို ကိုယ်တိုင်ဂရုတစိုက်ကြည့်ရှု နားထောင်ပါ။ ကောလာဟလ သတင်းများအား မယုံကြည် ပါနှင့်။
မိမိ မိသားစုဝင်များ စုံညီမှုရှိ/မရှိ စစ်ဆေး၍ မြစ်ရေကြီး နိုင်မည့် သတင်းကို အသိပေးပါ။
မိမိ မိသားစုဝင်များအား ဘေးကင်းရာသို့ အမြန်ဆုံး ရောက်နိုင်မည့်လမ်းကို အသုံးပြု၍ ကြိုတင်ရှောင်ရှားပါ။
အရေးကြီးပစ္စည်းများကို ယူဆောင်သွားနိုင်ရန် စီစဉ်ပါ။
ကလေးသူငယ်များ၊ နာမကျန်းသူများနှင့် သက်ကြီး ရွယ်အို များကို ဘေးလွတ်ရာသို့ ခေါ်ဆောင်သွားနိုင်ရေး ဆောင်ရွက်ပါ။
အကူအညီ လိုအပ်ပါက အရေးပေါ်အဖွဲ့များသို့ အကြောင်းကြားပါ။
ပျက်စီးဆုံးရှုံးနိုင်သော ပစ္စည်းများကို မြစ်ရေ မရောက်နိုင်သည့် လုံခြုံစိတ်ချရသောနေရာတွင် စနစ်တကျ ထုတ်ပိုး သိမ်းဆည်းထားပါ။
ရေဒီယို၊ ဓာတ်မီး၊ သောက်ရေ၊ ကြာရှည်ခံအစားအစာ၊ ဆေးဝါး စသည်တို့ကို ယူဆောင်သွားပါ။
မိမိပိုင် ကွဲျ၊ နွားများကို ဘေးကင်းရာသို့ ပို့ဆောင်ပါ။
ဒေသအာဏာပိုင်များမှ စီစဉ်သည့်အတိုင်း လိုက်နာ ဆောင်ရွက်ပါ။
အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ကူညီ ဆောင်ရွက်ပေးပါ။
မြစ်ရေကြီးမှု ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင် ဇာတ်တိုက် လေ့ကျင့်မှုများတွင် ပါဝင်ဆောင်ရွက်ပါ။
ရေကြီးနေချိန် ဆောင်ရွက်ရန်

TV ၊ ရေဒီယိုနှင့် ရေဒီယိုများမှ အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်နေသော မြစ်ရေကြီးမှု သတင်းထုတ်ပြန်ချက်၊ သတိ ပေးချက်များကို ဂရုစိုက်၍ နားထောင်ပါ။
မြစ်ရေကြီးမှု ဘေးလွတ်ကင်းနိုင်သည့် ခိုလှုံရာနေရာတွင် မိမိ မိသားစုဝင်များအားလုံး ပြင်ပသို့မထွက်ပဲ နေထိုင်ပါ။
ရေကြီးနေသည့်နေရာများသို့ မသွားပါနှင့်။ မြွေအန္တရာယ် ရှိနိုင်သည်။
ဝမ်းရောဂါ မဖြစ်စေရန် ရေကိုကြိုချက်သောက်ပါ။
မြစ်ချောင်း၊ ကမ်းပါး၊ မြေပြိုနိုင်သည့် နေရာများသို့ သွားလာခြင်းမှ ရှောင်ရှားပါ။
အရေးပေါ် ကယ်ဆယ်ရေးစခန်း တာဝန်ခံ၏ အစီအစဉ် အတိုင်း လိုက်နာဆောင်ရွက်ပါ။
ရေကြီးပြီးချိန် ဆောင်ရွက်ရန်

မြစ်ရေကြီးမှုအန္တရာယ် ကင်းရှင်းကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန်ချက်ရရှိမှသာ မိမိတို့နေအိမ်သို့ ပြန်ပါ။
မိမိ မိသားစုဝင်များ ထိခိုက်မှုရှိ/မရှိ စစ်ဆေးပါ။ လိုအပ် ပါက ဆေးကုသမှု ခံယူပါ။
သက်ဆိုင်ရာမှထုတ်ပြန်သည့် သတင်းနှင့် အကြံပြုချက်များကိုသာ ယုံကြည်ပြီး လိုက်နာဆောင်ရွက်ပါ။
ကောလာဟလ သတင်းများကို မယုံကြည်ပါနှင့်။
အပျက်အစီးများကို တာဝန်မရှိဘဲ လှည့်လည်ကြည့်ရှုခြင်း မပြုလုပ်ပါနှင့်။
အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် တတ်နိုင်သမျှ ပူးပေါင်း ပါဝင်ဆောင်ရွက်ပါ။
ဝမ်းရောဂါ ကျရောက်တတ်၍ ရေကိုကြိုချက် သောက်ပါ။
အအေးမိဖျားနာခြင်းမဖြစ်စေရန် နွေးထွေးစွာနေပါ။
ရေလွှမ်းမိုးထားသော လမ်း၊ တံတားများ၊ အိမ်များ အချိန် မရွေး ပြိုကျနိုင်သည့်အတွက် သတိပြုပါ။
အဆိပ်ရှိသော သတ္တဝါများ ခိုအောင်းနေတတ်သဖြင့် သတိပြုပါ။

---------------------------------------------------------------------------
မြေငလျင်အန္တရာယ်လျော့ပါးရေး⚠

မြေငလျင်လှူပ်ရှားမှူကို မည်သည့်နိုင်ငံမျှ ကြိုတင်သတိပေးချက် ထုတ်ပြန်နိုင်ခြင်း မရှိသည့်အလျှောက် မြေငလျင်လှူပ်ရှားမှူ သတင်းကိုသာ ထုတ်ပြန် ကြရပါသည်။ သို့ဖြစ်ရာ မြေငလျင်လှူပ်ရှားနိုင်သည့် ဒေသ(ဝါ) မြေငလျင်ကြောရှိရာ ဒေသတွင် နေထိုင်ကြသူများအဖို့ မြေငလျင် သတိအမြဲ ရှိနေကြရန် နှင့် မြေငလျင်လှူပ်ရှားမှူကြောင့် ထိခိုက်ဆုံးရံှူးမှူများ မရှိစေရန် ကြိုတင်ပြင်ဆင်ထားမှူများ ရှိကြရန် လိုအပ်ပါသည်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူ ဦးစီးဌာနသည် မြန်မာနိုင်ငံတစ်ဝှမ်းတွင် မြေငလျင် တိုင်းတာရေးစခန်းများ ဖွင့်လှစ်ထားရှိခြင်း၊ မြေငလျင်ကွန်ရက်များ ထူထောင်ထားရှိခြင်းဖြင့် မြေငလျင် လှူပ်ရှားမှူအခြေအနေများကို တိုင်းတာစောင့်ကြည့်လျက်ရှိပြီး မြေငလျင်သတင်းများ ထုတ်ပြန်ပေးလျက်ရှိပါသည်။ ယင်းထုတ်ပြန်ချက်များကိုလည်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်သားပြည်သူများထံ အမြန်ဆုံးရောက်ရှိရန် ဆောင်ရွက်ကြရပါသည်။

မြေငလျင်လှူပ်ပြီးနောက်ဆက်တွဲ လာတတ်သည့် အောက်ပါဘေးအန္တရာယ်များအား သိရှိထားရန်လိုအပ်ပါသည်-

(က) နောက်ဆက်တွဲငလျင်များ - အင်အားအနည်းငယ်မှ အင်အားအသင့်အတင့်ရှိသော မြေငလျင်များသည် မြေငလျင်ကြီးများ လှူပ်ရှားပြီးနောက် မြေငလျင်၏ ဗဟိုချက်အနီးတွင် ထပ်မံလှူပ်ရှားတတ်ပါသည်။ တစ်ခါတစ်ရံ အင်အားပြင်းထန်သည့် နောက်ဆက်တွဲ ငလျင်များလည်း လှူပ်နိုင်ပါသည်။ မြေငလျင်ကြီး လှူပ်ရှားမှူဒဏ်ကို ခံရသော်လည်း ပြိုကျမှူမရှိသေးသည့် အဆောက်အအုံများသည် နောက်ဆက်တွဲ မြေငလျင်များ ကြောင့် ပြိုကျနိုင်ပါသည်။

(ခ) မြို့ပြမီးဘေးအန္တရာယ် - မီးကျွင်းမီးကျန်များကြောင့်လည်းကောင်း၊ ဓါတ်ငွေ့အိုးများ ပေါက်ကွဲခြင်းနှင့် လျှပ်စစ်မီးကြိုးများကြောင့်လည်းကောင်း မီးလောင်မှူ ဖြစ်ပွားနိုင်ပါသည်။

(ဂ) ရေကြီးခြင်း - ရေကာတာကြီးများ ဆည်ဘောင်ကြီးများ အက်ကွဲကျိုးပျက်ပြီး လျှပ်တစ်ပျက် ရေကြီးနိုင်ပါသည်။

(ဃ) တောင်ပြိုခြင်း၊ မြေပြိုခြင်း - မြေငလျင်ဗဟိုချက်အနီးတွင် တောင်ကုန်းတောင်တန်းများ ရှိပါက မြေပြိုခြင်း၊ တောင်ပြိုခြင်းများ ဖြစ်ပေါ်နိုင် ပါသည်။

(င) ရွှံမီးတောင်များပေါက်ကွဲခြင်း - ရွှံမီးတောင်များလည်း ပေါက်ကွဲပန်းထွက်တတ်ပါသည်။

(စ) ဆူနာမီလှိူင်းဖြစ်ပေါ်ရိုက်ခတ်ခြင်း - အင်အားပြင်းမြေငလျင်ကြီးများ၏ မြေပြင်ဗဟိုသည် ပင်လယ်ရေအောက်ကြမ်းပြင်တွင်ဖြစ်ပြီး အင်အား ပြင်းထန်ပါက ဆူနာမီလှိူင်းများ ဖြစ်ပေါ်လျှက် ကမ်းခြေဒေသများသို့ ဝင်ရောက်ရိုက်ခတ်နိုင်ပါသည်။

(ဆ) ကောလဟလသတင်းလွှင့်ခြင်း - မြေငလျင်ကြီးများ လှူပ်ရှားပြီးနောက်ပိုင်းတွင် မြေငလျင်ထပ်မံ လှူပ်ဦးမည်၊ ဆူနာမီ ရေလှိူင်းကြီးများ လာဦးမည် စသည်ဖြင့် ကောလဟလသတင်းများ ထွက်ပေါ်တတ်ပါသည်။

မြေငလျင်နှင့်ပတ်သက်ပြီး မည်သည့်နေရာတွင် အင်အားပမာဏ မည်မျှဖြင့် လှူပ်နိုင်သည်ကို နည်သို့သော်းပညာဖွံ့ဖြိုးတိုးတက်သော နိုင်ငံအချို့တွင် ဘူမိသိပ္ပံပညာရှင်များက ခန့်မှန်းနိုင်ပါသည်။ အဆိုပါ လှူပ်ရှားနိုင်သည့် မြေငလျင်သည် မည်သည့်ခုနှစ်၊ မည်သည့်လ၊ မည်သည့်နေ့ရက်၊ မည်သည့်အချိန်နာရီတွင် လှူပ်မည်ကို အတိအကျ မရှောင်ပြေးစေရန်မှာည်သည့် သိပ္ပံပညာရှင်မှ မခန့်မှန်းနိုင်ကြသေးပါ။ မြေငလျင်လုပ်မည့် ခန့်မှန်းချက်၊ မြေငလျင် သတိပေးချက် ထုတ်ပြန်ပြီး လူအများအား အန္တရာယ်ရှိသော အဆောက်အဦနေရာတို့မှ အလွန်ခက်ခဲပါသည်။

မြန်မာနိုင်ငံသည် စစ်ကိုင်းမြေငလျင်ကြောကြီးနှင့် အခြားမြေငလျင်ကြောငယ်များကြောင့် မြေငလျင်ဘေးအန္တရာယ်ကို တွေ့ကြုံနိုင်သည် ဖြစ်ရာ မြေငလျင်ဘေးအန္တရာယ် လျော့ပါးရေးနှင့် ကြိုတလိုက်နာဆောင်ရွက်ကြပါရန်င်ကာကွယ်ရေးတို့သည် အရေးကြီးသကဲ့သို့ ပြည်သူတို့ အသိပညာ တိုးပွားရေးနှင့် မြေငလျင်မလှူပ်ရှားမီ၊ မြေငလျင်လှူပ်ရှားနေစဉ်နှင့် မြေငလျင်လှူပ်ရှားပြီး ဆောင်ရွက်သင့်သည်များအား တိုက်တွန်းလိုက်ပါတယ် ✅

အများပြည်သူသိရှိစေရန်အတွက် Share သွားလိုက်ပါ ✅

#အာကာသ နှင့် သိပ္ပံ

မုန်တိုင်းဒဏ်အဆိုးဆုံးဖြစ်သွားခဲ့သည့်မော်လမြိုင်မြို့ မြင်ကွင်းများ....🌪⛈ယနေ့ မွန်းတည့် 12:00 PM မှ မော်လမြိုင်မြို့ကြီး...
20/05/2022

မုန်တိုင်းဒဏ်အဆိုးဆုံးဖြစ်သွားခဲ့သည့်
မော်လမြိုင်မြို့ မြင်ကွင်းများ....🌪⛈

ယနေ့ မွန်းတည့် 12:00 PM မှ မော်လမြိုင်မြို့ကြီးကို ဝင်ရောက်တိုက်ခတ်ခဲ့သော မုန်တိုင်းငယ်ဟာ ယခုဆိုရင် ဘားအံမြို့ရဲ့ အရှေ့မြောက်ခြမ်းကို ရောက်ရှိနေပါပြီး ဒါပေမယ့် မုန်တိုင်း အရှိန်လျော့သွားပြီး ဖြစ်တဲ့အတွက် လေပြင်းများ အနည်းငယ်သာ လှုပ်ရှားတိုက်ခတ်နေပါတော့တယ် ⛈

ယနေ့ည 9 နာရီမှစ၍ မွန်ပြည်နယ်ရှိ ရေး၊လမိုင်း၊မော်လမြိုင်၊ချောင်းဆုံ၊ကျိုက်ခမီ ၊ သံဖြူဇရပ် တို့မှာ မိုးရွာသွန်းမှု 90% အထူးသဖြင့် ရေးမြို့တို့မှာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်တာကြောင့် အထူးသတိပြုမိဖို့လိုပါမယ် ⛈⚠

ကရင်ပြည်နယ်ရှိ ကြားအင်းဆိပ်ကြီး ၊ ကျိုင်းတုံ ၊ ဘားအံ ၊ ဘုရားသုံးဆူ ၊ စုကလိ ၊ ဝေါလေမြိုင် ၊ပိုင်ကျုံ ၊ လှိုင်းဘွဲ့ တို့မှာ ဒေသအလိုက် မိုးကြီးရေလျှံခြင်း များဖြစ်ပေါ်နိုင်တာကြောင့် အထူးသတိပြု နေထိုင်ကြပါရန် ⚠

#အာကာသ နှင့် သိပ္ပံ

"မိုးမျှော်တိုက်ရဲ့ (၈) လွှာကနေ ပြုတ်ကျတော့မယ့် ကလေးလေးကို အသက်စွန့် ကယ်တင်ပေးခဲ့သူ"=================================ကာဇ...
12/05/2022

"မိုးမျှော်တိုက်ရဲ့ (၈) လွှာကနေ ပြုတ်ကျတော့မယ့်
ကလေးလေးကို အသက်စွန့် ကယ်တင်ပေးခဲ့သူ"
=================================

ကာဇက်စတန်နိုင်ငံမှာ ရုပ်ရှင်ထဲက မဟုတ်တဲ့ အပြင်က တကယ့်သူရဲကောင်းကတော့ မိုးမျှော်တိုက်ရဲ့ပြတင်းပေါက်အပြင်ဘက်ကို တွယ်တက်ပြီး ၈ လွှာမှာ တွဲလောင်းကျနေတဲ့ ကလေးမလေးတစ်ဉီးကို ကယ်တင်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီသူရဲကောင်းက အသက် ၃၇ နှစ်အရွယ် ဆာဘစ် ရိုတတ်ခ်ဘဲဗ် ဆိုသူပါပဲ။

ဆာဘစ်က သူငယ်ချင်းတစ်ယောက်နဲ့ အလုပ်လုပ်ဖို့ သွားတဲ့လမ်းမှာ မိုးမျှော်တိုက်ပေါ်က တွဲလောင်းကျနေတဲ့ ၃ နှစ်သမီးလေးကို မော့ကြည့်နေကြတဲ့ လူအုပ်ကြီးကို မြင်ခဲ့တယ်။ ချက်ခြင်းပဲ ကလေး (၄) ယောက်ဖခင် ဆာဘစ်က ကလေးလေး ပြုတ်မကျသွားခင် ကယ်တင်ဖို့ တိုက်အပေါ်ထပ်ကို အပြေးသွားခဲ့ပါတယ်။

အဆောက်အဉီးထဲ ပြေးဝင်ခဲ့ပြီး ကလေးမလေး တွဲလောင်းကျနေတဲ့ အောက်ဘက် တိုက်ခန်း ၇ လွှာကို တက်သွားခဲ့ပါတယ်။ ၇ လွှာက တိုက်ခန်းကို တံခါးခေါက်တော့ အိမ်ရှင်တွေက ချက်ခြင်း တံခါးဖွင့်ပေးခဲ့ပါတယ်။ ဆာဘစ်က ၇ လွှာရဲ့ပြတင်းပေါက်အပြင်ဘက်ကို တွယ်တက်ခဲ့ပါတယ်။ ကြောက်လန့်နေတဲ့ကလေးမလေးက ပြတင်းပေါက်ကို တွဲလောင်းခိုပြီးပြုတ်မကျအောင် ကိုင်ထားရတာ ၁၅ မိနစ်ရှိပါပြီ။

ပြတင်းပေါက်အပြင်ဘက်ကနေ ကလေးမလေးဆီရောက်အောင် တက်သွားခဲ့ပါတယ်။ ကလေးမလေးရဲ့ခြေထောက်ကို ဖမ်းကိုင်ခဲ့ပြီးနောက် ကလေးမလေးကို ဆွဲချခဲ့တယ်။ ဒါမှ ကလေးမလေးကို သူ ဖမ်းဆွဲနိုင်မှာဖြစ်လို့ပါ။ အဲဒီနောက် ကလေးမလေးကို သူငယ်ချင်းဖြစ်သူဆီ ပြတင်းပေါက်ကနေတဆင့် လှမ်းပေးခဲ့ပါတယ်။ ဆာဘစ်က အလုပ်နောက်ကျမှာဆိုးတဲ့အတွက် ကလေးမလေးရဲ့မိခင်ကို တွေ့ဖို့ မစောင့်တော့ဘဲ အလုပ်ကိုတန်းသွားခဲ့ပါတယ်။

ကလေးမလေးရဲ့မိခင်ဖြစ်သူက ဈေးဝယ်ထွက်သွားခဲ့ပြီး ကလေးကို အိမ်မှာ တစ်ယောက်တည်းထားခဲ့တာပါ။ ကလေးမလေးက နူးညံပျော့ပျောင်းတဲ့အရုပ်တွေနဲ့ ကူရှင်တွေကို စုပြီး ပြတင်းပေါက်အပြင်ဘက်ကို တက်ဖို့ လုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကလေးမလေးကို ကယ်တင်ခဲ့တဲ့ ဆာဘစ်ရဲ့အကြောင်းက သတင်းတွေနဲ့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး သူ့ကို “သူရဲကောင်း” လို့ ခေါ်ခဲ့ကြပါတယ်။ ဆာဘစ်ကတော့ သူ့ရဲ့လုပ်ရပ်တွေက သူရဲကောင်းဆန်တယ်လို့ မယူဆဘူး။ သူ့အတွက်ကတော့ ဒီလိုအခြေအနေမျိုးမှာ လူတိုင်း ကူညီတဲ့လက်တစ်စုံကမ်းပေးသင့်တယ်တဲ့။

နျူ-ဆူလ်တန်မြို့တော်ဝန် အယ်တိုင် ကူလ်ဂီနိုဗ်က ဆာဘစ်ကို သူ့ရဲ့ရဲစွမ်းသတ္တိရှိတဲ့လုပ်ရပ်အတွက် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ အရေးပေါ်ဌာန ဒုဝန်ကြီး အီဘရာဟင်မ် ကူလ်ရှင်မ်ဘာရဲဗ်ကလည်း ဆာဘစ်ကို ရဲစွမ်းသတ္တိဆုတံဆိပ်ချီးမြှင့်ခဲ့ပါတယ်။ကယ်ဆယ်ရေးသမားတစ်ယောက်အဖြစ် အလုပ်သစ်လည်း ကမ်းလှမ်းခံခဲ့ရပါတယ်။ ဒါတင်မကသေးပါဘူး။ သူ့ကို အိမ်ခန်း (၃) ခန်းပါ တိုက်ခန်းအသစ်နဲ့ တီဗီတစ်လုံးကိုလည်း ချီးမြှင့်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ နွေရာသီစခန်းသွင်းသင်တန်းတက်ရာက်မယ့် သူ့ရဲ့ကလေးတွေအတွက် ငွေကိုလည်း ပေးသွားမှာဖြစ်ပါတယ်။


🚨🚒 ရှာဖွေကယ်ဆယ်ရေးသမားတိုင်းရဲ့....အသည်းနှလုံးများ....👨‍🚒💙💜❤🖤🚒ကယ်ဆယ်ရေးလုပ်ငန်းသုံး ကိရိယာများဟာစျေးလဲကြီးသလို တန်ဖိုးရှ...
06/05/2022

🚨🚒 ရှာဖွေကယ်ဆယ်ရေးသမားတိုင်းရဲ့....
အသည်းနှလုံးများ....👨‍🚒💙💜❤🖤🚒

ကယ်ဆယ်ရေးလုပ်ငန်းသုံး ကိရိယာများဟာ
စျေးလဲကြီးသလို တန်ဖိုးရှိတဲ့ လူ့အသက်များကိုလဲ
ကယ်တင်နိုင်သည့်အတွက် တန်ဖိုးထားသည်... မြတ်နိုးသည်....

ကယ်ဆယ်ရေးသမားတစ်ယောက်
ကယ်ဆယ်ရေး ပစည်းသစ် ဝယ်လာလျင်
သတိထားကြည့်ကြည့်ပါ.... တော်ရုံနဲ့လက်က မချတာ
အပျောက်မခံ တစိမ့်စိမ့်ကြည့်နေတာ တွေ့ရပါလိမ့်ပါမယ်...😂 အချို့ဆိုဖက်ပီးပါအိပ်​ကြတယ်...

ကယ်ဆယ်ရေး တပ်ဖွဲ့များအားလေးစားလျက်...🖤🔥

🚨(76)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနား သရုပ်ပြတွင် ပါဝင်သရုပ်ပြခဲ့သော 👨‍🚒🔥ခေတ်အဆက်ဆက် တိုးတက်ပြောင်းလဲလ...
06/05/2022

🚨(76)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနား သရုပ်ပြတွင် ပါဝင်သရုပ်ပြခဲ့သော 👨‍🚒🔥

ခေတ်အဆက်ဆက် တိုးတက်ပြောင်းလဲလာသော

မီးငြိမ်းသတ်ရေး နှင့် ရှာဖွေကယ်ဆယ်ရေးယာဥ်များ
🚨🚒🚑🚚🚒🚑🚚🚒🚑🚚🚒🚑🚚🚒🚑🚚🚨
အား ဂုဏ်ယူလေးစားစွာဖြင့် ပြန်လည်ကူးယူဖော်ပြလိုက်ပါသည်။....👨‍🚒🔥


#ရွှေဘုန်းသော်

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when F i r e And R e s c u e posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to F i r e And R e s c u e:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram