Hanuman FootPatch By Shan

Hanuman FootPatch By Shan Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hanuman FootPatch By Shan, Medical and health, Mandalay.

👣  #ခြေထောက်တွေက သတိပေးနေသော အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ လက္ခဏာများ 🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸👣  #ကျွန်မတို့ရဲ့ ခြေထောက်တစ်စုံဟာ ကျွန...
01/11/2021

👣 #ခြေထောက်တွေက သတိပေးနေသော အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ လက္ခဏာများ
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

👣 #ကျွန်မတို့ရဲ့ ခြေထောက်တစ်စုံဟာ ကျွန်မတို့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန် ကို သယ်ပိုးထားရတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

👣 #ခြေထောက်တစ်စုံမှာ ခန္ဓာကိုယ်က အရိုးစုစုပေါင်းရဲ့ ၂၅%ပါဝင်နေပြီး အဆစ်ပေါင်း ၃၃ခု၊ အရွတ်ပေါင်း ၁ဝဝ၊ မရေမတွက်နိုင်တဲ့ သွေးကြောမျှင်လေးတွေနဲ့ ကြွက်သားတွေပါဝင်ပါတယ်။

👣 #ခြေထောက်မှာပါဝင်တဲ့ သွေးကြောမျှင်လေးတွေဟာ နှလုံး၊ ကျောရိုးမ၊ ဦးနှောက်စတဲ့ အရေးကြီး အင်္ဂါတွေနဲ့ ဆက်နွှယ်နေပါတယ်။

👣 #ဒါ့ကြောင့် ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ကျွန်မတို့ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ကျန်းမာရေး ချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်။

👣 ၁။ ခြေထောက်အကြောဆွဲခြင်းနှင့် ကြွက်တက်ခြင်း📌

~ လမ်းလျှောက်နေရင်း ခြေထောက်အကြောဆွဲခြင်း၊ ကြွက်တက်ခြင်းဖြစ်ပါက သွေးလည်ပတ်မှုစနစ်မှာ ပြဿနာဖြစ်နေတယ်လို့ ယူဆနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်ပြီး အကြောမလျှော့ခြင်းနှင့် ဒေါက်မြင့်ဖိနပ်စီးခြင်းတို့ကြောင့်လည်း ခြေထောက် အကြောဆွဲခြင်းဖြစ်တတ်ပါတယ်။

👣 ၂။ ခြေမအရွယ်အစားကြီးလာခြင်း📌

~ ဂေါက် (Gout) လို့ခေါ်တဲ့ အဆစ်အမြစ်ရောင်ရမ်းတဲ့ရောဂါရဲ့ လက္ခဏာတစ်ခုပါ။ အဝလွန်သူ၊ သွေးလည်ပတ်မှုစနစ်မကောင်းသူ၊ အရက်သောက်တတ်သူနဲ့ အသားစား များသူတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ ဂေါက်ရောဂါက ဆီးကျောက်တည်နိုင် ခြေကိုလည်း မြင့်မားစေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

👣 ၃။ ခြေဖျားအေးစက်ခြင်း📌

~ သွေးလည်ပတ်မှုမကောင်းခြင်း၊ ဆီးချိုသွေးချိုရောဂါနဲ့ သွေးအားနည်းခြင်းကို ဖော်ပြတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ခြေဖဝါးက အနီရောင်ကနေ ဖြူဖျော့သွား တာက ခြေထောက်သွေးကြောကျဉ်းပြီး ခြေဖျားတွေအေးစက်စေတဲ့ ရှေ့ပြေးလက္ခဏာ လည်း ဖြစ်ပါတယ်။

👣 ၄။ ခြေထောက်ဖူးရောင်ခြင်း📌

~ နှလုံး၊ ကျောက်ကပ်၊ အသည်းစတဲ့ အင်္ဂါတွေမကောင်းမွန်ခြင်း၊ သွေးခဲခြင်းနဲ့ သွေးလည်ပတ်မှုစနစ်မကောင်းခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ နာကျင်မှုမရှိဘဲ ဖူးယောင်နေတယ်ဆိုရင်တော့ ခန္ဓာကိုယ်တွင်းမှာ အရည်တွေများပြီး ခြေထောက်မှာ လာစုရခြင်းကြောင့် ဖူးရောင်တာဖြစ်ပါတယ်။

👣 ၅။ ဇွန်းပုံစံခြေသည်း (သို့) ခွက်နေတဲ့ခြေသည်း📌

~ အာဟာရဓာတ်ချို့တဲ့ခြင်း၊ သွေးအားနည်းခြင်း၊ ခန္ဓာကိုယ်တွင်းသွေးယိုစီးခြင်းနှင့် အူလမ်းကြောင်းဆိုင်ရာရောဂါတို့ကြောင့် ဖြစ်တတ်ပါတယ်။ ခြေသည်းတွေ အဖြူရောင် ပြောင်းပြီး ခြေသည်းတစ်ဝိုက် အရေခွံကွာသလို ဒဏ်ရာလေးတွေရှိနေပြီဆိုရင် ဆေးဝါး ကုသဖို့လိုအပ်တဲ့ ရောဂါတစ်ခုခုဖြစ်နေပြီလို့ ယူဆနိုင်ပါတယ်။

👣 ၆။ ခြေသည်းအရောင်ပြောင်းခြင်း📌

~ ခြေသည်းနီမကြာခဏဆိုးတတ်သူတွေမှာ ခြေသည်းဝါလေ့ရှိပေမယ့် အသည်း ရောဂါ၊ တီဘီရောဂါနဲ့ သိုင်းရွိုက်ဂလင်းရောင်ရမ်းခြင်းတို့ကြောင့်လည်း ခြေသည်းက အဝါရောင်ပြောင်းတတ်ပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာဖြစ်စေတဲ့ လေပြွန်ဆိုင်ရာရောဂါဖြစ်ခြင်းကို ညွှန်ပြနေတဲ့လက္ခဏာတစ်ရပ်လည်းဖြစ်ပါတယ်။

👣 ၇။ ခြေထောက် တဆစ်ဆစ်ကိုက်ခြင်းနှင့် ထုံကျင်ခြင်း📌

~ ဆီးချိုသွေးချိုသမားတွေရဲ့ သွေးကြောထဲမှာ ဂလူးကို့စ်ပါဝင်မှုနှုန်းများပြားပြီး သွေးကြောမျှင်လေးတွေကို ပျက်စီးစေပါတယ်။ သွေးကြောမျှင်လေးတွေ ပျက်စီးခြင်းက ခြေထောက်မှာ တဆစ်ဆစ်ကိုက်ခြင်း၊ ယားယံခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ မကြာခဏ ဆိုသလို တဆစ်ဆစ်ကိုက်ခြင်း၊ ထုံကျင်ခြင်းတို့က ဦးနှောက်သွေးခဲခြင်းနှင့် လေဖြတ် ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း သတိပေးနေတဲ့လက္ခဏာဖြစ်ပါတယ်။

👣 ၈။ ခြေဆစ်နာကျင်ခြင်း📌

~ အဆစ်ရောင်ရောဂါကြောင့် အရိုးတွေဆက်သွယ်တဲ့နေရာက အရွတ်လေးတွေ စုတ်ပြဲတတ်ပါတယ်။ အရွတ်စုတ်ပြဲတဲ့ဒဏ်က ခြေဆစ်လေးတွေကို ဖူးရောင်ပြီး နာကျင် စေပါတယ်။ မိမိနဲ့သေးလွန်းတဲ့ဖိနပ်၊ မြင့်လွန်းတဲ့ဒေါက်ဖိနပ်တွေစီးခြင်းကလည်း ခြေဆစ်တွေကို ရောင်ရမ်းနာကျင်စေပါတယ်။

👣 ၉။ ကာလကြာရှည်စွာ အနာဖြစ်ခြင်း📌

~ ခြေထောက်မှာ ကာလကြာရှည်စွာ အနာဖြစ်တာက ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုဖြစ်ပါတယ်။ ဆီးချိုကြောင့် ခြေထောက်ရဲ့ သွေးကြောမျှင် လေးတွေ ပျက်စီးပြီး ခြေထောက်မှာ နာတာရှည်ရောဂါဖြစ်ကာ တစ်ခါတလေမှာ ခြေထောက်ဖြတ်ရသည်အထိဖြစ်တတ်ပါတယ်။ ခြေဖနောင့်အက်ကွဲခြင်း၊ အရေခွံ ကွာခြင်းနှင့် အသားမာတက်ခြင်းတို့ကလည်း ဆီးချိုရောဂါကြောင့် ဖြစ်တတ်တဲ့ လက္ခဏာတွေဖြစ်ပါတယ်။

👣 #အကယ်၍ သင်တို့ရဲ့ခြေထောက်မှာ ပြောင်းလဲမှု လေးတွေဖြစ်တယ်ဆိုရင် မပေါ့ဆဘဲ သေချာဂရုစိုက်ပါနော်။ ခြေထောက်မှာဖြစ်တဲ့ အနာလေးတွေကြောင့် အသက်မဆုံးရှုံးနိုင်ပေမယ့် အဲ့ဒီလက္ခဏာလေးတွေက ညွှန်ပြနေတဲ့ရောဂါတွေကြောင့် အသက်အန္တရာယ်ထိခိုက်စေနိုင်တာကို သတိပြုပါလို့ အကြံပေးပါရစေရှင်။👣

Crd...to original

⚠ အကယ်လို့သင့်ရဲ့ခြေဖဝါးတစ်စံကြိုသေချာဂရုစိုက်ပေးမယ်ဆိုရင်ဖြင့် ကျန်းမာလန်းဆန်းသွက်သေးခန္ဓာကိုယ်ကိုအမြဲပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်

🍃🍂 ဟန်နုမာန်သဘာဝထိုင်းတိုင်းရင်းဆေးကပ်ခွာဖြင့်သင့်ရဲ့ခြေဖဝါးတစ်စုံကို ဂရုစိုက်ပေးလိုက်ပါ

 #တန်ဖိုးသိန်းတစ်ရာကျပ်ဖိုးလက်ဆောင်လေးတွေလက်မလွှတ်ပါနဲ့😍✨ရင်ခုန်ရမယ့်လက်ဆောင်လေးတွေကတော့✨⚜️Company မှသေချာစီစဉ်ထားတဲ့ Lim...
30/10/2021

#တန်ဖိုးသိန်းတစ်ရာကျပ်ဖိုးလက်ဆောင်လေးတွေလက်မလွှတ်ပါနဲ့😍

✨ရင်ခုန်ရမယ့်လက်ဆောင်လေးတွေကတော့✨
⚜️Company မှသေချာစီစဉ်ထားတဲ့ Limited Premium Products Gift Set (30)ဆု
⚜️Cash ဆုငွေ 100,000 (30)ဆု
⚜️Cash ဆုငွေ 50,000 (30)ဆု
⚜️Cash ဆုငွေ 30,000 (30)ဆု

#ရွှေရောင်Stickerပါတဲ့အိတ်ခွံတိုင်း
#နှစ်ကုန်ကံစမ်းခွင့်ရပါမယ်
#ရွှေရောင်Stickerပါတဲ့အိတ်ခွံအများကြီးစုဆောင်းလေလေကံစမ်းခွင့်များလေလေပဲ
သေချာသိမ်းထားပေးပါနော်❗️

ဝယ်ယူပါက
ါမပါသေချာမေးမြန်းပီးမှဝယ်ယူပါ
#ကိုယ့်အခွင့်အရေးကြီးအလကားမဖြစ်စေရနှင့်😍




ချောင်းဆိုးပြီး အိပ်မရ ဖြစ်နေသူများအတွက် သဘာဝ ဆေးနည်းလိုအပ်သော ပစ္စည်းများ၁။ သံပုရာသီး (သို့မဟုတ်) ရှောက်သီး၂။ ဆား၃။ ပျား...
29/10/2021

ချောင်းဆိုးပြီး အိပ်မရ ဖြစ်နေသူများအတွက် သဘာဝ ဆေးနည်း

လိုအပ်သော ပစ္စည်းများ

၁။ သံပုရာသီး (သို့မဟုတ်) ရှောက်သီး
၂။ ဆား
၃။ ပျားရည်

အသုံးပြုနည်း

သံပုရာသီး(သို့မဟုတ်)ရှောက်သီး ကို အပေါက်ဖောက်ပြီး ဆားအပြည့်ထည့်ပါ။ ထို့နောက် မီးဖုတ်ပါ။ ရလာသော သံပုရာသီးဆားမီးဖုတ် (သို့မဟုတ်) ရှောက်သီးဆားမီးဖုတ် အရည်ကို ပျားရည်နဲ့ လျက်ပေးပါ ။

အိပ်မရအောင်ဆိုးနေတဲ့ ချောင်း ဤနည်းဖြင့် ပျောက်ကင်းပါလိမ့်မည်။ ဆီးချို ရှိသူများ ပျားရည် မထည့်ပါနဲ့။
crd
ဆရာဦးရွှေသုဝဏ်
ပြန်လည်မျှဝေပါသည်
ဗဟုသုတ ရစရာလေးတွေတင်ပေးမှာဖြစ်လို့ Pageလေး
ကို Like&Share လေးလုပ်ပေးကြပါအုံးရှင့်😍

❣ ဇက်ကျီးပေါင်းရှိသူများအတွက် လေ့ကျင့်ခန်းများ❣Save ထားပါ‌နော် တစ်ချိန်အသုံးဝင်ပါလိမ့်မယ်Photo credit
07/10/2021

❣ ဇက်ကျီးပေါင်းရှိသူများအတွက် လေ့ကျင့်ခန်းများ❣
Save ထားပါ‌နော် တစ်ချိန်အသုံးဝင်ပါလိမ့်မယ်

Photo credit

📌  #ခြေဖနောင့်နာခြင်း 📌 ◾ခြေဖနောင့်အောင့်/နာဖြစ်ရခြင်းအကြောင်း◾- ပုံမှန်ထက် လမ်းအလျှောက်များခြင်း- ဒေါက်မြင့်တစ်နေကုန်စီ...
29/09/2021

📌 #ခြေဖနောင့်နာခြင်း 📌

◾ခြေဖနောင့်အောင့်/နာဖြစ်ရခြင်းအကြောင်း◾

- ပုံမှန်ထက် လမ်းအလျှောက်များခြင်း
- ဒေါက်မြင့်တစ်နေကုန်စီးခြင်း
- အရိုးအဆစ်ရောင်ခြင်း
- ခြေဖနောင့်ကြွက်သားယောင်ခြင်း
- ကိုယ်အလေးချိန်များခြင်း
- ခြေဖဝါးအရွတ်ကြောဒဏ်ဖြစ်ခြင်း
- ခြေဖနောင့်အတက်ထွက်ခြင်း

◾သက်သာအောင်ပြုလုပ်နည်း ◾

- ပေါ့ပါးပြီးစီးလို့ကောင်းတဲ့ ဖိနပ်မျိုးဝတ်ဆင်ပါ
- တနေကုန်မတ်တပ်ရပ်တာမျိုးမလုပ်ဘဲ ၂ နာရီခြား ၁ ခါ ထိုင်ပေးပါ
- နာကျင်သော ဖနောင့်နေရာကို ပူနွေးသော အဝတ်စ (သို့) ရေနွေးပုလင်းများ ကပ်ပေးပါ
- ဆားရည်နွေးနွေးစိမ်ပေးပါ
- ရှိသင့်သော ကိုယ်အလေးချိန်ထိန်းပေးပါ
- ကပ်ပေးပေးပါ

🍃 ဟန်နုမာဆေးကပ်ခွာထဲမှာ ယောင်ရမ်းနာကျင်မှုသက်သာစေတဲ့ ်စမူနာဂျင်း, ်ကြံပိုးခေါက်နှင့် ူစီနံရွက် များပါဝင်ထားတာမို့ ဝေဒနါကို ဆိုးကျိုးကင်းစွာနဲ့ ရယူနိုင်ပါတယ်

#ခြေဖနောင့်နာခြင်းအကြောင်း


☎09781399913 or cb

25/09/2021

မင်္ဂလာနံနက်ခင်းလေးပါ 🙏🙏🙏

24/09/2021
24/09/2021
❣❣ ကိုယ်တိုင်ကျန်းမာရေးစစ်ဆေးနိုင်မည့်အိမ်တွင်းနည်းလမ်း၈မျိုး❣❣ကျန်းမာရေးအတွက် ပုံမှန်စစ်ဆေးမှုလေးတွေလုပ်ချင်ပေမယ့် အချိ...
24/09/2021

❣❣ ကိုယ်တိုင်ကျန်းမာရေးစစ်ဆေးနိုင်မည့်
အိမ်တွင်းနည်းလမ်း၈မျိုး❣❣

ကျန်းမာရေးအတွက် ပုံမှန်စစ်ဆေးမှုလေးတွေ
လုပ်ချင်ပေမယ့် အချိန်မရလို့ပဲဖြစ်ဖြစ်၊
မအားလို့ပဲဖြစ်ဖြစ် မစစ်ဆေးဖြစ်တဲ့သူတွေအတွက်
အချိန်ခဏပေးလိုက်ရုံနဲ့ ကိုယ့်ရဲ့ လက်ရှိကျန်းမာရေး
အခြေအနေကို စစ်ဆေးလို့ရမယ့်
အလွယ်ဆုံးနည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) #နှလုံးနဲ့အဆုတ်ရောဂါရှိမရှိ
လက်ချောင်းလေးတွေကို ပုံထဲမှာပြထားတဲ့အတိုင်း
လုပ်လိုက်တဲ့အချိန်မှာ
လက်သည်းလေးတွေကြားမှာ လေးဒေါင့်အချွန်ပုံ
အပေါက်လေးဖြစ်နေရင်
သွေးကြောတွေက သွေးလှည့်ပတ်မှုကောင်းမွန်တယ်၊
နှလုံးနဲ့ အဆုတ်ကျန်းမာတယ်လို့ ယူဆနိုင်ပါတယ်။
တကယ်လို့ အဲ့ဒီနေရာလေးက ပိတ်နေတယ်ဆိုရင်တော့
သွေးထဲမှာ အောက်စီဂျင်ကောင်းကောင်း မရောက်ရှိတာကြောင့်
နှလုံးသွေးကြောနဲ့ အစာအိမ်အူလမ်းကြောင်းမှာ
သိပ်မကျန်းမာလို့ပါ။

(၂) #ဦးနှောက်သွေးကြောပိတ်ခြင်းနဲ့ #သတိမေ့ရောဂါဖြစ်နိုင်ချေရှိမရှိ
ပုံမှာပြထားတဲ့အတိုင်း အနည်းဆုံးမိနစ် (၂၀) လောက်
ကောင်းကောင်းရပ်နိုင်ရင် ဦးနှောက်သွေးကြောပိတ်ခြင်းနဲ့
သတိမေ့ရောဂါဖြစ်နိုင်ချေ
အရမ်းနည်းတယ်လို့ ပြောလို့ရပါတယ်။
တကယ်လို့ ကောင်းကောင်းမရပ်နိုင်ရင်တော့
အသက်ရလာတဲ့အခါ လေဖြတ်နိုင်ချေများနေပါပြီ။

(၃) #သွေးအားနည်းရောဂါရှိမရှိ
မှန်ရှေ့မှာရပ်ပြီး အောက်မျက်ခမ်းအတွင်းဘက်ကို ကြည့်လိုက်ပါ၊
အနီရောင်သမ်းနေရင် သွေးအားကောင်းပြီး ကျန်းမာတဲ့အနေအထားဖြစ်ပြီး၊
ပန်းရောင်ဖျော့ဖျော့လေးသမ်းနေရင် သွေးအားနည်းနေတာပါ။

(၄) #ဟော်မုန်းညီမျှမှုရှိမရှိ
ဆံပင်တွေကြားထဲကို လက်ချောင်းလေးတွေ
ထိုးပြီးဆွဲချလိုက်တဲ့အခါ
ဆံပင်အနည်းငယ်ကျွတ်ပါလာတယ်ဆိုရင်တော့
ခန္ဓာကိုယ်ထဲက ဟော်မုန်းပမာဏ ညီမျှနေပြီး
ဆံပင်တွေအများကြီးကျွတ်ပါလာရင်တော့
ဟော်မုန်းမညီမျှမှုတွေဖြစ်နေပါပြီ။

(၅) #ဆီးချိုရှိမရှိ
သင့်မှာ ဆီးချိုရောဂါရှိ မရှိစစ်ဆေးဖို့ ကူညီပေးမယ့်
နောက်တစ်ယောက်လိုပါတယ်။
ကူညီပေးမယ့်သူက စစ်ဆေးမယ့်သူရဲ့ခြေထောက်ကို
ခဲတံရဲ့ ခဲသားအချွန်ဘက်နဲ့တစ်ခါ၊ ခဲဖျက်နဲ့တစ်ခါထိုးလိုက်ပါ။
အဲ့လိုထိုးလိုက်တဲ့အချိန်မှာ မကြည့်ဘဲ
ဘယ်တစ်ချက်က ခဲသားအချွန်အထိအတွေ့လဲ၊ ခဲဖျက်ရဲ့
အထိအတွေ့လဲဆိုတာကို
ပြောနိုင်ရင် သင့်မှာ ဆီးချိုရောဂါမရှိပါဘူး။
အထိအတွေ့ကို သိပ်မသဲကွဲဘူး၊ မခွဲခြားတတ်ဘူး
ဖြစ်နေတယ်ဆိုရင်တော့
ဆီးချိုရောဂါရှိနေတာဖြစ်နိုင်ပါတယ်။

(၆) #သွေးလှည့်ပတ်မှုကောင်းမကောင်း
ကြမ်းပြင်ပေါ် ပက်လက်လှန်လှဲအိပ်လိုက်ပြီး ခြေထောက်တွေကို
နံရံပေါ် ၄၅ ဒီဂရီလောက်ထောင်ထားလိုက်ပါ။
မိနစ်အနည်းငယ်ကြာတဲ့အခါ
ခြေထောက်က သွေးဆုတ်ဖြူရော်နေတဲ့အရောင်မျိုး
ပြောင်းသွားတယ်ဆိုရင်တော့
ခန္ဓာကိုယ်သွေးလှည့်ပတ်မှု သိပ်မကောင်းဘူးလို့ပြောရမှာပါ။

(၇) #အကြားအာရုံကောင်းမကောင်း
နားရွက်နားမှာ လက်ချောင်းလေးတွေ အချင်းချင်းပွတ်လိုက်တဲ့
အခါ အသံလေးတွေ ကောင်းကောင်းကြားရပါတယ်။
ပခုံးစွန်းနေရာလောက်ကနေ လက်ချောင်းတွေ
ပွတ်တိုက်တဲ့အသံကို
ကောင်းကောင်းကြားရတုန်းဆိုရင်တော့ သင့်ရဲ့
အကြားအာရုံက ကောင်းပါသေးတယ်။
အသံသိပ်မကြားရတာမျိုး၊ လုံးဝမကြားရတာမျိုးဆိုရင်တော့
အကြားအာရုံစနစ်မှာ ပြဿနာရှိနေပါပြီ။

(၈) #နှလုံးသွေးကြောရောဂါရှိမရှိ
ဒါကို စမ်းသပ်ဖို့အတွက် လှေကားတက်ဖို့လိုပါတယ်။
သင့်အနေနဲ့ လှေကားထစ် ၁၅ ထစ်လောက်ကို သီချင်းဆိုရင်း၊
စကားပြောရင်း တက်လိုက်တဲ့အခါမှာ ပုံမှန်ထက်
အဆမတန်မောနေတယ်ဆိုရင်
နှလုံးသွေးကြောနဲ့ပတ်သက်ပြီး သိပ်မကျန်းမာဘူးလို့ပြောရမှာပါ။
ဒီလိုမဟုတ်ဘဲ အနည်းငယ်ပဲမောတယ်၊
ပုံမှန်အတိုင်းစကားပြောနိုင်တယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။

အခုဖော်ပြခဲ့တဲ့ နည်းလေးတွေနဲ့
ကျန်းမာရေးကို အကြမ်းဖျင်းစမ်းသပ်ပြီးတဲ့အချိန်မှာ
ကိုယ့်ကိုယ်ကို တစ်နေရာရာက မကျန်းမာဘူးလို့ထင်ခဲ့ရင်
ကိုယ်ကြိုက်တဲ့ နည်းလမ်းတွေ၊ ဆေးမြီးတိုတွေနဲ့ မကုသပါနဲ့။
ဆရာဝန်နဲ့ပြသဆွေးနွေးပြီးမှ စစ်ဆေးကုသမှုခံယူကြဖို့
တိုက်တွန်းချင်ပါတယ်။
အားလုံးကျန်းမာအသက်ရှည်ကြပါစေ။

to မူရင်းပိုစ့်

လက်လီ လေး ၁ထုပ်ရ😍😘ကိုစိန်မျောက်ကလေးရေ ခုန်ပြီးရင်းခုန်😍
24/09/2021

လက်လီ လေး ၁ထုပ်ရ😍😘
ကိုစိန်မျောက်ကလေးရေ ခုန်ပြီးရင်းခုန်😍

ည ညအိပ်မပျော်တဲ့သူတွေ အတွေးများနေတဲ့သူလေးတွေရှိလားဟာနုမာန်ဆေးကပ်ခွာလေးထဲမှာ ကြက်သွန်နီပူစီနံတွေပါဝင်တဲ့အတွက် သွေးလည်ပတ်မ...
24/09/2021

ည ညအိပ်မပျော်တဲ့သူတွေ အတွေးများနေတဲ့သူလေးတွေရှိလား
ဟာနုမာန်ဆေးကပ်ခွာလေးထဲမှာ ကြက်သွန်နီ
ပူစီနံတွေပါဝင်တဲ့အတွက်
သွေးလည်ပတ်မှုကောင်းစေပီး
နှစ်ခြိုက်စွာအိပ်ပျော်စေမှာပါရှင်

ဟာနုမာန်ထိုင်းတိုင်းရင်းဆေးကပ်ခွာလေး
ကပ်ပီး နှစ်ခြိုက်စွာအိပ်ပျော်နိုင်ပါစေရှင့်

☎09-781399913(or)cbတွင်မှာယူနိုင်ပါတယ်
အားပေးမှုကိုကျေးဇူးတင်ပါတယ်ရှင့်
ကျန်းမာကြပါစေ
တစ်ထုပ် 13500ကျပ်

24/09/2021
24/09/2021

Address

Mandalay

Telephone

+959781399913

Website

Alerts

Be the first to know and let us send you an email when Hanuman FootPatch By Shan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Hanuman FootPatch By Shan:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram