သုခချမ်းသာတိုင်းရင်းဆေးခန်း

  • Home
  • Myanmar
  • Mandalay
  • သုခချမ်းသာတိုင်းရင်းဆေးခန်း

သုခချမ်းသာတိုင်းရင်းဆေးခန်း သုခချမ်းသာတိုင်းရင်းဆေးခန်း

အမှတ် (၁၆A)၊ ဗိုလ်လရောင်လမ်း၊ ကြည်စုရပ်ကွက်၊ ရန်​အောင်မှတ်တိုင်အနီး၊ ဒေါပုံမြို့နယ်၊ ရန်ကုန်
ဖုန်း -09.695969922

🍵နန်းလုံးကြိုင်ဆေးဖက်အသုံးပြုပုံများ🍵❤️နန်းတော်တစ်ခုလုံး ကြိုင်နေအောင် မွှေးလို့ ခေါ်တဲ့နာမည် နန်းလုံးကြိုင်၊ အပွင့်နှင်...
11/02/2024

🍵နန်းလုံးကြိုင်ဆေးဖက်အသုံးပြုပုံများ🍵

❤️နန်းတော်တစ်ခုလုံး ကြိုင်နေအောင် မွှေးလို့ ခေါ်တဲ့နာမည် နန်းလုံးကြိုင်၊ အပွင့်နှင့်အသီး တစ်ပြိုင်တည်းသီးတတ်ပြီး အမြစ်ကို ဆေးဖက်အဖြစ်အသုံးပြုပါတယ်။

🛑 အရသာက ပူစပ်စပ်နဲ့ ဆေးဖက်ကလည်း ဝင်တဲ့ နန်းလုံးကြိုင်အမြစ် ရဲ့ ဆေးဖက်အသုံးပြုပုံတွေကို ဗဟုသုတ ရစေဖို့ ဖော်ပြပေးလိုက်ပါတယ် . . .

👉 နန်းလုံးကြိုင် အမြစ်ကို သွေးပြီးဖြစ်စေ၊ အမှုန့်ပြု၍ဖြစ်စေ သုံးဆောင်ပေးခြင်းဖြင့်
- ချောင်းဆိုးပျောက်စေပါတယ်
- သုတ်ကိုပွားစေပါတယ်
- ခံတွင်းယောင်ခြင်း ကိုသက်သာစေပါတယ်

👉 နန်းလုံးကြိုင်အမြစ်ကို ရေ၃ ခွက် ၁ ခွက်ကျန်အောင် ပြုတ်ပြီး ရလာတဲ့ ဆေးပြုတ်ရည်ကိုသုံးဆောင်ပေးခြင်းဖြင့်
- အဖျားကို ကျစေပါတယ်
- လည်ချောင်းနာခြင်းကိုသက်သာစေပါတယ်
- ဝမ်းပျက်ဝမ်းလျှောကို သက်သာစေပါတယ်
- အစာကြေစေပါတယ်

👉 နန်းလုံးကြိုင်မြစ်၊ ပျားရည်၊ ခွေးလျှားစေ့လှော်၊ ကြက်သွန်ဖြူ တို့ကို ရောစပ်ပြီး သုံးဆောင်ပေးခြင်းဖြင့်
- သုတ်ကို အားကောင်းစေပါတယ်
- ကာမအားအင်တိုးပွားစေပါတယ်
- ပန်းသေပန်းညိုး ကို သက်သာစေပါတယ်
- အားရှိစေပါတယ်

👉 နန်းလုံးကြိုင်အမြစ်အမှုန့်ကို ရေနွေးဖြင့် သောက်သုံးပေးခြင်းဖြင့်
- ကင်းဆိပ်ပြေစေပါတယ်
- အနာညှော်ဝင်ခြင်းကိုသက်သာစေပါတယ်
- လေထိုးလေအောင့်ခြင်းကို သက်သာစေပါတယ်

#ကျန်းမာပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နိုင်ပါစေ
#ဆရာလေးတိုင်းရင်းဆေး

အိမ်သုံးဆေးဖြင့်ကြွက်နို့ကိုအမြစ်ပြတ်ကုသနည်း👉 ကြွက်နို့ဟာ Human Papiloma Virus (HPV) ဗိုင်းရပ်စ် ပိုးကြောင့် ဖြစ်ပြီး အမ...
10/02/2024

အိမ်သုံးဆေးဖြင့်ကြွက်နို့ကိုအမြစ်ပြတ်ကုသနည်း

👉 ကြွက်နို့ဟာ Human Papiloma Virus (HPV) ဗိုင်းရပ်စ် ပိုးကြောင့် ဖြစ်ပြီး အမြစ်ပြတ်အောင်မကုမချင်း ခန္ဓာကိုယ်အနှံ့မှာ ထပ်ခါထပ်ခါ ထွက်တတ်ပါတယ်။

👉 ဒါကြောင့် ကြွက်နို့ကို တစ်ခါတည်းအမြစ်ဖြတ်ကုသနိုင်မယ့် ဆေးနည်းလေးကို ပြောပြပေးပါမယ်။

👉 မီးဖိုချောင်သုံးဆေးဝါးတွေနဲ့ အလွယ်တကူ ကုသနိုင်မယ့် နည်းလမ်းလေးဖြစ်ပါတယ်။

👉ပါဝင်ပစ္စည်းများ
- ဂျင်းတက်(ချင်းတက်)
- ထုံး

👉ပထမဆုံးဂျင်းတက်ကို ရေစင်အောင်ဆေးပါ။ ထို့နောက် အတက်ထိပ်ကလေးကို ဓါးနဲ့လှီးပါ။ လှီးထားတဲ့ ဂျင်းထက်ထိပ်ကလေးကို ထုံးဖြင့် သုပ်လိမ်းပါ။
ထို့နောက် ကြွက်နို့နေရာကို ဖိပြီးပွတ်လိမ်းပေးပါ။

👉ဒီနည်းအတိုင်း ၂ ရက် ၃ ရက် လုပ်ပေးခြင်းဖြင့် ကြွက်နို့ သူ့အလိုလို သေပြီး ကြွေဆင်းလာပါလိမ့်မည်။

#ဆရာလေးတိုင်းရင်းဆေး

ထောပတ်သီးအစွမ်း အံ့မခန်း🥑🛑 ထောပတ်သီးမှာ - lutein နှင့် - zeaxanthin တို့ပါဝင်တာကြောင့် မျက်လုံးကို အားကောင်းစေပါသည်။ အမြ...
09/02/2024

ထောပတ်သီးအစွမ်း အံ့မခန်း🥑

🛑 ထောပတ်သီးမှာ
- lutein နှင့်
- zeaxanthin တို့ပါဝင်တာကြောင့် မျက်လုံးကို အားကောင်းစေပါသည်။ အမြင်အာရုံဝေဝါးခြင်းနှင့် မျက်စိနာခြင်း တို့ကို သက်သာ ပျောက်ကင်းစေပါသည်။

👉 အသက်အရွယ် ကြီးပြင်းလာတဲ့အခါမှာ အမျိုးသားများထက် အမျိုးသမီးများမှာ အရိုးပွခြင်း(အရိုးနဲ့ပတ်သက်တဲ့ ရောဂါတွေ) ပိုပြီး ဖြစ်လာတတ်ပါတယ်..

🌹ဒါ​ကြောင့်
- အရိုးကျိုးလွယ်ခြင်း၊
- ကျိုးသော အရိုးပြန်ဆက်ရန်မလွယ်ခြင်း
- အရိုးပွခြင်း စတဲ့ ဒုက္ခတွေကို ခံစားရတတ်ပါတယ် ...
ထောပတ်သီးမှာ Vitamin-K ကြွယ်ဝစွာပါဝင်ပြီး အရိုးကို ကျန်းမာသန်စွမ်းစေပါတယ်။
အရိုးပွခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

👉 ကိုယ်ဝန်ဆောင်မိခင်များ စားသုံးပေးခြင်းဖြင့်လည်း မွေးဖွားလာမယ့် သာသားမီးမီးတို့ ကျန်းမာစေပါသည်။ အရပ်ရှည်စေပါတယ်။

👉 ထောပတ်သီးမှာ saponins ပါဝင်ပြီး
- အရိုးပွခြင်း၊
- ဒူးနာခြင်းတို့ကို သက်သာစေပါသည်။

👉 ထောပတ်သီးကို ၁ ပတ် ၁ ကြိမ် စားသုံးပေးခြင်းဖြင့်
- အရေပြားယားယံခြင်း၊
- အသားခြောက်ခြင်းနှင့်
- အဝလွန်ခြင်း မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

#ကျန်းမာပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နိုင်ပါစေ
#ဆရာလေးတိုင်းရင်းဆေး

ပန်းသေပန်းညိုးရောဂါကုသဆေး👉 ပန်းသေပန်းညိုးရောဂါဖြစ်ပြီဆိုရင်- ကာမကိစ္စအဝဝကို စိတ်ဝင်စားမှုမရှိခြင်း- စိတ်ပါသလောက် ကိုယ်မရ...
08/02/2024

ပန်းသေပန်းညိုးရောဂါကုသဆေး

👉 ပန်းသေပန်းညိုးရောဂါဖြစ်ပြီဆိုရင်
- ကာမကိစ္စအဝဝကို စိတ်ဝင်စားမှုမရှိခြင်း
- စိတ်ပါသလောက် ကိုယ်မရောက်နိုင်ခြင်း
- သုတ်ဓါတ်ခမ်း၍ သုတ်လွှတ်မြန်ခြင်း
- ခန္ဓာကိုယ်အောက်ပိုင်း လေးလံခြင်း
- မျက်စိပြာခြင်း
- အစားအသောက်မကောင်းခြင်း
- ဆီးမမှန်ခြင်း စတဲ့ လက္ခဏာတွေကို တွေ့ရတတ်ပါတယ်

🎍ဒီရောဂါကို သက်သာပျောက်ကင်းစေမယ့် ဆေးနည်းလေးကတော့
( ခွေးယား နဝါ ရှည့်မတက်၊ ပျား ထော သကာ နှမ်းဆီကြက်)
ဒီလိုအလွယ်မှတ်ထားလို့ရပါတယ် ..

👉 ဆေးတစ်ဖုံမှာ ပါဝင်တာတွေကတော့ ..
(1) ခွေးလှေးယားစေ့လှော် (၁၀-သား)
(2) ပရန္နဝါဥ (၇-ကျပ်သား)
(3) ရှည့်မတက်ဥ (၇-ကျပ်သား)
(4) ပျားရည် (၁၀-သား)
(5) ထောပတ် (၅-ကျပ်သား)
(6) သကာ (၅-ကျပ်သား)
(7) နှမ်းဆီ (၁၀-သား)
(8) ကြက်သွန်ဖြူ (၅-ကျပ်သား) စတာတွေဘဲ ဖြစ်ပါတယ် ..

👉 ခွေးလှေ့ယားစေ့လှော်၊ ပရန္နဝါဥ၊ ရှည့်မတက်ဥ၊ ကြက်သွန်ဖြူ တို့ကို ညက်စွာထောင်းကာ အမှုန့်ပြု၍ ပျားရည်၊ ထောပတ်၊ သာကာရည်၊ နှမ်းဆီ တို့နှင့် သမာအောင် ရောနယ်ပြီး ဆေးကို ဖန်ပုလင်းထဲတွင် သိမ်းပါ။ ရလာတဲ့ ဆေး လက်ဖက်ဇွန်း ၂ ဇွန်းကို ည အိပ်ယာဝင်ချိန်တွင် သောက်သုံးပေးပါ။

🌹ဆောင်ရောင်🌹
- ငါးရံ့သား၊ နွားသား၊ ဆိတ်သား၊ ငုံးသား၊ စာကလေးသား တို့ကိုအကြော်အကင် ပြုလုပ်ပြီး စားပါ။
- ဒန့်သလွန်သီး၊ ကြောင်လျှာသီး၊ ရှောက်ရွက်၊ ခံတက်ရွက်၊ မြင်းခွာရွက် တို့ကို စားပါ။
- ကိုယ်လက်လှုပ်ရှားမှု၊ လမ်းလျှောက်ခြင်း၊ အလင်းရောင်ရှိသော နေရာတွင် နေခြင်းတို့ကို ပြုလုပ်ပါ။

👉 အထက်ပါ ဆေးနည်းတွေကို ပုံမှန်လုပ်ဆောင်ပေးခြင်းဖြင့် ပန်းသေပန်းညိုး ရောဂါဟာ အမြန်ဆုံး သက်သာ ပျောက်ကင်း လာစေမှာ ဖြစ်ပါတယ်။

#ကျန်းမာပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နိုင်ပါစေ
#ဆရာလေးတိုင်းရင်းဆေး

ဆေးစွမ်းထက်တဲ့ ကရမက်🍵ကရမက်ပင် သည် - အိန္ဒိယနိုင်ငံ၊ - မြန်မာနိုင်ငံ နှင့် - ထိုင်းနိုင်ငံ တို့တွင် အဓိကပေါက်ရောက်သော ဆေး...
07/02/2024

ဆေးစွမ်းထက်တဲ့ ကရမက်

🍵ကရမက်ပင် သည်
- အိန္ဒိယနိုင်ငံ၊
- မြန်မာနိုင်ငံ နှင့်
- ထိုင်းနိုင်ငံ တို့တွင် အဓိကပေါက်ရောက်သော ဆေးဖက်ဝင် အပင်မျိုးဖြစ်သည်။

👉 ကရမက်ပင်၏
- အမြစ်ကိုလည်းကောင်း၊
- ပင်စည်ကိုလည်းကောင်း ဆေးဖက်အဖြစ်အသုံးပြုနိုင်သည်။

👉 ကရမက်၏ မွှေးပျံ့သောရနံ့ကြောင့် တစ်ချို့ cosmetic တွေမှာလည်း ထည့်သွင်းအသုံးပြုကြသည်။

👉 ကရမက်ကို အမှုန့်ပြု၍ သော်လည်းကောင်း၊ အနှစ်ကို ကြိတ်၍ သော်လည်းကောင်း၊ သွေး၍ လည်းကောင်း အသုံးပြုနိုင်ပါသည်။

👉 ကရမက်ကိုသွေး၍(လိမ်းပေး)ခြင်းဖြင့်
- ပွေး၊ ညှင်း၊ ဝဲ တို့ကိုပျောက်စေပါသည်
- ခေါင်းမူးခေါင်းကိုက်ခြင်းကိုသက်သာစေပါသည်
- ကိုယ်ပူကျစေပါသည်
- အဖောကျစေပါသည်
- အဆစ်ရောင်ခြင်းကိုသက်သာစေပါသည်
- လည်ချောင်းနာခြင်းကို သက်သာစေပါသည်

👉 ကရမက်ကိုအမှုန့်ပြုပြီး (အမှုန့်) လက်ဖက်ဇွန်း ၄ ပုံ ၁ ပုံကို ရေနွေးနှင့် သောက်ပေးခြင်းဖြင့်
- ပိုးကို သေစေပါသည်
- ချောင်းဆိုး ပျောက်စေပါသည်
- လည်ချောင်းနာခြင်းကို သက်သာစေပါသည်
- စိတ်ကို ငြိမ်စေပါသည်
- နှလုံးအားကောင်းစေပါသည်
- ဝမ်းပျက် ဝမ်းလျှောခြင်းကိုသက်သာစေပါသည်
- ပျို့အန်ခြင်းကို သက်သာစေပါသည်
- ခေါင်းချွေးပြန်ခြင်း၊ ညချွေးထွက်ခြင်းတို့ကို သက်သာစေပါသည်။

#ကျန်းမာပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နိုင်ပါစေ
#ဆရာလေးတိုင်းရင်းဆေး

ဆေးစွမ်းထက်တဲ့ သံလွင်ဆီ👉 သံလွင်ဆီဟာကျန်းမာရေးအတွက် အထူးသင့်လျှော်တဲ့ ဆီဖြစ်တယ်ဆိုတာ သိထားပြီးဖြစ်ပါလိမ့်မယ်။ 👉 သံလွင်ဆီရ...
06/02/2024

ဆေးစွမ်းထက်တဲ့ သံလွင်ဆီ

👉 သံလွင်ဆီဟာကျန်းမာရေးအတွက် အထူးသင့်လျှော်တဲ့ ဆီဖြစ်တယ်ဆိုတာ သိထားပြီးဖြစ်ပါလိမ့်မယ်။

👉 သံလွင်ဆီရဲ့ ကျန်းမာရေး ကောင်းကျိုးတွေကို ဗဟုသုတ ရစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

👉 သံလွင်ဆီကိုဟင်းချက်ရာတွင် ထည့်သွင်းပြီး နေ့စဥ်စားသုံးပေးခြင်းဖြင့်
- နှလုံးသွေးကြောကျဉ်းခြင်း ကိုသက်သာစေပါတယ်
- ချောင်းခြောက်ဆိုးခြင်းကိုသက်သာစေပါသည်
- ဆီးချိုကျစေပါသည်
- အသည်းကို ကျန်းမာစေပါသည်။
- ဝမ်းချုပ်ခြင်းကိုသက်သာစေပါသည်။ ဝမ်းမှန်စေပါသည်။
- သွေးတိုးကျစေပါသည်

👉 သံလွင်ဆီကိုလိမ်းပေးခြင်းဖြင့်
- အသားအရေစိုပြေစေပါသည်
- ခြေဖနောင့်ကွဲခြင်း၊ခြောက်ခြင်း ကိုသက်သာစေပါသည်
- ဆံပင်ကိုနက်မှောင်သန်မာစေပါသည်။ ဗောက် ပျောက်စေပါသည်
- အဆစ်ရောင်ခြင်းကိုသက်သာစေပါသည်
- အဆီကျစေပါသည်။
- နားကိုသန့်စေပါသည်။
- ပွေး ယားနာကိုသက်သာစေပါသည်

#ကျန်းမာပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နိုင်ပါစေ
#ဆရာလေးတိုင်းရင်းဆေး

မွှေးကျွတ်နာ နှင့် အိမ်တွင်းဆေး👉 မွှေးညှင်းပေါက်ကတစ်ဆင့် ဘက်တီးရီးယားပိုးတွေ ဝင်ရောက်လာတဲ့အခါ မွှေးညှင်းအိတ်ရောင်ရမ်းပြီ...
05/02/2024

မွှေးကျွတ်နာ နှင့် အိမ်တွင်းဆေး

👉 မွှေးညှင်းပေါက်ကတစ်ဆင့် ဘက်တီးရီးယားပိုးတွေ ဝင်ရောက်လာတဲ့အခါ မွှေးညှင်းအိတ်ရောင်ရမ်းပြီးတော့ အရေပြားမှာ နီနီရဲရဲ အနာပေါ်လာတာကို မွှေးကျွတ်နာလို့ခေါ်ပါတယ်။

👉 မွှေးကျွတ်နာဖြစ်ရတဲ့အဓိကအကြောင်းအရင်းတွေကတော့ ....
- တစ်ကိုယ်ရေသန့်ရှင်းမှုမရှိခြင်း
- အထိုင်များခြင်း
- အမွှေးနှုတ်ခြင်း
- ပွတ်တိုက်မိခြင်း
- မသန့်ရှင်းသောရေကိုသုံးစွဲခြင်း
- အမွှေးရိုက်ရာတွင် မွှေးညှင်းပေါက်ထိခိုက်မိခြင်း စသည်တို့ကြောင့်ဖြစ်သည်။

👉 မွှေးကျွတ်နာဟာ လူတိုင်းလိုလိုမှာဖြစ်တတ်ပါတယ်။

👉 အထူးသဖြင့် မိန်းကလေးတွေထက် အမွှေးအမျှင်ထူတတ်တဲ့ ယောကျာ်းလေးတွေမှာ ပိုပြီးအဖြစ်များပါတယ်။

👉မွှေးကျွတ်နာဖြစ်ရင် ပူရှိန်းရှိန်းနဲ့နာကျင်ပြီး နေရခက်ပါတယ်

👉ဒီတော့ မွှေးကျွတ်နာကို အမြန်ဆုံးသက်သာစေဖို့ ဆေးနည်းလေးကိုညွှန်းပေးလိုက်ပါတယ်။

👉လိုအပ်သောဆေးပစ္စည်းများ
- တမာရွက်
- ဇာတိဖိုလ်သီး လက်ဖက်ဇွန်း ၁ ဇွန်း
(အနှစ်ပြုပြီးသုံးနိုင်လျှင်ပိုကောင်းသည်)
- ပျားရည်အဟောင်း ထမင်းစားဇွန်း ၁ ဇွန်း
- နနွင်း လက်ဖက်ဇွန်း ၄ ပုံ ၁ ပုံ

👉တမာရွက် ကိုရေသင့်တင့်ယုံ ထည့်ပြီးပြုတ်ပါ။
👉ပထမဦးစွာ တမာပြုတ်ရည်ဖြင့် အနာကို ဖန်ဆေးပါ။
တမာပြုတ်ရည်ဖြင့် ဖန်ဆေးပေးခြင်းဖြင့် ပိုးသေစေပါသည်။
👉ဇာတိဖိုလ်သီးကို အမှုန့်ပြုလုပ်ပါ။
👉နနွင်းတက်ကို အမှုန့်ပြုလုပ်ပါ။
👉ဇာတိဖိုလ်သီးအမှုန့် လက်ဖက်ဇွန်း ၁ ဇွန်း နှင့်နနွင်းမှုန့် လက်ဖက်ဇွန်း ၄ ပုံ၁ပုံ တို့ကို ပျားရည်အဟောင်း ထမင်းစားဇွန်း ၁ ဇွန်းတွင် ထည့်ပြီး (ရောသွားအောင်) သမအောင် ပြုလုပ်ပါ။

👉ရလာသော အနှစ်ရည်ကို ဖန်ဆေးထားသော မွှေးကျွတ်နာဖြစ်သည့်နေရာတွင် လိမ်းကျံပေးခြင်းဖြင့် မွှေးကျွတ်နာကြောင့် နာကျင်ခြင်းကိုသက်သာစေပြီး အမြန်ဆုံးသက်သာပျောက်ကင်းစေပါသည်။

#ကျန်းမာပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နိုင်ပါစေ
#ဆရာလေးတိုင်းရင်းဆေး

Address

Mandalay
05013

Alerts

Be the first to know and let us send you an email when သုခချမ်းသာတိုင်းရင်းဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to သုခချမ်းသာတိုင်းရင်းဆေးခန်း:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram