အောင် ဒိုင်း တိုင်းရင်းဆေးဝါးဖြန့်ချီရေး

  • Home
  • အောင် ဒိုင်း တိုင်းရင်းဆေးဝါးဖြန့်ချီရေး

အောင် ဒိုင်း တိုင်းရင်းဆေးဝါးဖြန့်ချီရေး အအေးမိဝေဒနာနှင့် အဆုတ်ကျန်းမာရေးကိ

ဒီရက်ပိုင်း ရာသီပြောင်းအဖျားနဲ့အတူ ချောင်းဆိုး တာရှည်တာ အတွေ့ရများလာပါတယ်ချောင်းဆိုးတဲ့အခါ ပါးစပ်ကို လက်ကိုင်ပုဝါ တံတောင...
13/03/2024

ဒီရက်ပိုင်း ရာသီပြောင်းအဖျားနဲ့အတူ ချောင်းဆိုး တာရှည်တာ အတွေ့ရများလာပါတယ်
ချောင်းဆိုးတဲ့အခါ ပါးစပ်ကို လက်ကိုင်ပုဝါ တံတောင်ကွေးဖြင့် အုပ်ပြီး ဆိုးပါ။
လည်ချောင်းယားပြီး ချောင်းခြောက်ဆိုးတဲ့အခါ ရေနွေး မကြာမကြာသောက်ပါ။
ဝမ်းချုပ် နေပါက ဝမ်းမှန်ပြီး အပူအပုပ် ကင်းစေရန် အသီးမှည့် မန်ကျည်းဖျော်ရည် ချဥ်ချဥ် သောက်ပေးပါ။
အသီးအရွက် ပါအောင်စားပါ။
ဆီကြော်စာများရှောင်ပါ
ရေခဲရေ ရေခဲချောင်း ရေခဲမုန့် အအေးစာများရှောင်ပါ။
ချောင်းဆိုးစဥ် ချွဲပါပါက မိမိအနီးအနားရှိ ဘေးလူအား မစင်စေရန် ဂရုပြုထွေးပါ။

ဆေးအနေဖြင့် အောင်ဒိုင်းအဆုတ်အားဆေး ၇ ပြား ၂ ကြိမ်မှ ၃ ကြိမ်ထိ ရေနွေးဖြင့် သို့မဟုတ် ၅ ပြား ၃ ကြိမ် မှ ၄ ကြိမ်ထိ ရေနွေးဖြင့်သောက်ပါ။
အစာအိမ် အခံဝေဒနါရှိသူများ အစာစားပြီးမှသောက်ပါ။

ကိုယ်ဝန်ဆောင်များ ကိုယ်ဝန်လနုစဥ် ချောင်းဆိုး တာရှည်ပါက မိမိပြသနေကျ OG ဆေးခန်းသို့ သွားရောက် ပြသ စနစ်တကျကုသမှု ခံယူပါ။

ပင်ရင်း။ အောင်နန်းတော်ဆေးတိုက် ရေထွက်ရပ်ကွက် ၊ပုသိမ်ကြီးမြို့နယ် မန္တလေး။ 09988093726 09951043613

#ချောင်းဆိုး
#ချောင်းခြောက်ဆိုးခြင်း
#ချောင်းဆိုးပျောက်ဆေး
#အဆုတ်ဆေး
#အောင်ဒိုင်း

ရာသီကူးပြောင်းမှာ ဖြစ်နေကျ နှာစေးအအေးမိ တုပ်ကွေးဖျား အတွက် အောင်ဒိုင်းနဲ့ ဂျင်ဘီတာနေ့ပူညချမ်း တပေါင်းလ မဆန်း သေးခင် အစော...
01/03/2024

ရာသီကူးပြောင်းမှာ ဖြစ်နေကျ နှာစေးအအေးမိ တုပ်ကွေးဖျား အတွက် အောင်ဒိုင်းနဲ့ ဂျင်ဘီတာ

နေ့ပူညချမ်း တပေါင်းလ မဆန်း သေးခင် အစောပိုင်း ညတာတွေ မှာ အေးတတ်ပါတယ်။ ဒါကိုသတိမထားမိဘဲ ညနေပိုင်း သို့မဟုတ် ညပိုင်း ရေချိုးခေါင်းလျှော် ခြေထောက် ရေကြာကြာဆေး သူများ မနက်မိုးလင်းချိန် ကိုယ်လက်ကိုက်ခဲ နှာစေးတာ လည်ချောင်းနာတာ အအေးမိပြီး နေထိုင်မကောင်းဖြစ်တတ်ပါတယ်။
ဘာလုပ်ရမလဲ?
၁။အစာကြေလွယ်တာစားပါ
၂။အလုပ်မသွားခင် ရေမဖြစ်မနေချိုးရမည်ဆိုပါက ရေချိုးပြီး ဂျင်ဘီတာ တထုပ် ရေနွေးနဲ့ ဖျော်သောက်ပါ အောင်ဒိုင်းအဆုတ်အားဆေး ၅ ပြား သောက်ပါ။
၃။အဲကွန်း အအေး ခံခြင်း ရပ်ထားပါ။ချွေးထွက် များသူ အအေးကြိုက်သူများ ရှိသင့်သော အခန်းအပူချိန် သာ ထားပါ။
၄။ဆေးလိပ် မသောက်ပါနှင့်။
၅။နေပူထဲသွားပါက ဦးထုပ်ဆောင်း ထီး ဆောင်းပါ။
၆။ရေသောက်ပါ။လည်ချောင်းနာနေသူများ ရေခဲရေ ရေခဲချောင်း မစားသင့်မသောက်သင့်ပါ။ရေကျက်အေး သောက်သင့်သည်။
၇။ကိုယ်တွင်း အပူအအေး သည် ပြင်ပရာသီဥတုနှင့် လိုက်လျောညီထွေ ဖြစ်ရန် ပြောင်းလဲ နေတတ်ပါသဖြင့် ဆန့်ကျင်ဘက် ဖြစ်သော အပူအစပ် စာ အအေးစာများ သတိထားရှောင်ကြဥ်ပါ။
၈။ တပေါင်းတန်ခူး ဝမ်းမနှူးနှင့် ဆိုသည့်အတိုင်း ဝမ်းနူစာများ ဝမ်းနှုတ်ဆေးများ သတိထား စားသုံး၊သောက်သုံးပါ။မလိုအပ်ပါက ရှောင်ကြဉ်ပါ

ချောင်းဆိုးနှင့် ပန်းနာရင်ကြပ် ဝေဒနါရှင်များ အအေးဓာတ် မကုန်သေးသည့်အတွက် အောင်ဒိုင်း အဆုတ်အားဆေး ပုံမှန် ဆက်သောက်ပါ။ လိုအပ်ပါက မဖျားစေရန် လည်ချောင်းမနာစေရန် ဂျင်ဘီတာ တနေ့ လျှင် တထုပ် ၃ ရက် သို့မဟုတ် ၅ ရက် ခန့် သောက်ပါ။

မှတ်ချက်။ ဆေးတိုက်မှ ဆေးများ ပြတ်လပ်မှု မရှိစေရန် စီစဥ်ထားပါသည်။
ဆေးဝယ်ယူရာတွင် အခက်အခဲရှိပါက ဆေးတိုက်ဖုန်း 09988083726 09951043613 သို့ဆက်သွယ် ပြောကြားလို့ရပါသည်။

ပင်ရင်း။ အောင်နန်းတော်ဆေးတိုက် ရေထွက်ရပ်ကွက် ပုသိမ်ကြီးမြို့နယ်၊မန္တလေး။09988083726 09951043613

သွေးပျစ်ခြင်းအကြောင်းဆောင်ရန်ရှောင်ရန် သိကောင်းစရာများသွေးပျစ်ခြင်းဆိုတာဘာလဲ?သွေးပျစ်ရင် ဘာဖြစ်လာတတ်သလဲ?သွေးပျစ်နေပြီဆို...
12/02/2024

သွေးပျစ်ခြင်းအကြောင်း
ဆောင်ရန်ရှောင်ရန် သိကောင်းစရာများ

သွေးပျစ်ခြင်းဆိုတာဘာလဲ?
သွေးပျစ်ရင် ဘာဖြစ်လာတတ်သလဲ?
သွေးပျစ်နေပြီဆိုတာ ဘယ်လိုသိနိုင်မလဲ?
သွေးမပျစ်အောင်ဘယ်လိုနေမလဲ?

သွေးပျစ်ခြင်းသည် သွေးလှည့်ပတ်မှုစနစ်တွင် သွေးအတွင်း ရေဓာတ်နှင် အောက်စီဂျင်ဓာတ် နည်းပါးလာကာ သွေးခဲလေးများဖြစ်ပေါ်လာခြင်းဖြစ်သည်။သွေးလှည့်ပတ်မှုစနစ် တွင် သွေးခဲငယ်လေးများ သွေးကြောအတွင်း စုပုံများပြားလာရာမှ သွေးများ စေးပျစ်လာခြင်းဖြစ်သည်။
သွေးပျစ်လာပါက အသားယားယံခြင်း၊ရောင်ရမ်းခြင်း၊ နီရဲခြင်း၊အနီစက်အနီကွက်များဖြစ်ပေါ်လာခြင်း၊ခြေလက်များ ထုံကျဥ်လေးလံလာခြင်း၊သွေးပျစ်မှု ပြင်းထန်လာပါက အဆုတ်သွေးခဲခြင်း၊သွေးဖိအားမြင်တက်လာကာ လေဖြတ်နိုင်ခြင်း၊ကျောက်ကပ် ထိခိုက်ပျက်စီးလာတတ်ခြင်း တို့ဖြစ်လာစေပါသည်။

သွေးပျစ်ခြင်းသည် မျိုးရိုးကြောင့်ဖြစ်ခြင်း၊ကင်ဆာရောဂါ၊Auto immune ရောဂါများ၊တာရှည်စွာ မတ်တပ်ရပ်ရခြင်း၊လဲလျောင်းနေရခြင်း၊အထိုင်များသူများ၊ကိုယ်လက်လှုပ်ရှားမှု နည်းသူများ၊ခွဲစိတ်ကုသမှုခံယူထားသူများ၊ဟော်မုန်းကြောင့်ဖြစ်ခြင်း ဥပမာ အီစတြိုဂျင် ဟော်မုန်းအခြေခံသော အရေးပေါ်တားဆေးများ အသောက်များခြင်း၊ဆေးလိပ်သောက်ခြင်း၊အဝလွန်ခြင်း နှင့် အချို့သော ကုသဆေးဝါးများ သောက်သုံးနေရခြင်း တို့ကြောင့် ဖြစ်ရသည်။
(ကိုဗစ်ရောဂါ နောက်ဆက်တွဲ အနေဖြင့် လည်း သွေးပျစ်ခြင်း ဆက်လက်ခံစားရသည်ကို တွေ့ရှိရတတ်ပါသည်။)

ရှောင်ရန်များ
ဆေးလိပ်သောက်ခြင်း၊အရက်အလွန်အကျွံသောက်သုံးခြင်း(အရက်အလွန်အကျွံသောက်သုံး​​​ခြင်းသည် သွေးခဲခြင်းလုပ်ငန်းစဥ်ကို သက်ရောက်မှု ဖြစ်ပေါ်စေသည်။) ၊လှုပ်ရှားမှုမပြုဘဲ ကြာရှည်စွာ မတ်တပ်ရပ်ခြင်း၊ထိုင်နေခြင်း၊လဲလျောင်းခြင်း၊ရေသောက်သုံးမှုနည်းခြင်း၊အဝလွန်ခြင်း၊

ဆောင်ရန်များ
တက်ကြွလန်းဆန်းအောင်နေပါ
ကိုယ်လက်လှုပ်ရှားမှု နေ့စဥ် ပုံမှန်လုပ်ပါ။အထိုင်များ မတ်တပ်ကြာရှည်ရပ်နေရသူများ(ဥပမာ မတ်တပ်ကြာရှည်ရပ်၍ စျေးရောင်းခြင်း၊မတ်တပ်ကြာရှည်ရပ်ကာ အလုပ်လုပ်ရသူများ)အိပ်ယာ၊ပက်လက်ကုလားထိုင် Dream bed ပေါ်တွင်နာရီတော်တော်ကြာ လဲလျောင်းတတ်သူများ နေ့စဥ်လမ်းလျှောက်ခြင်း၊ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ပါ။
ရေဓာတ်ဖြည့်ပါ
အမျိုးသားများတွင် ၆၀ ရာခိုင်နှုန်းနှင့်အထက် အမျိုးသမီးများတွင် ၅၅ ရာခိုင်နှုန်းနှင့်အထက် ဖြင့် ရေဓာတ် သည် မရှိမဖြစ်ပါဝင်ဖွဲ့စည်းထားသည်။ရေဓာတ်နည်းနေ ခမ်းနေပါက သွေးဖွဲ့စည်းမှုတွင်လည်း သက်ရောက်မှု ရှိနေသဖြင့် ရေပုံမှန်သောက်ဖို့လိုပါသည်။သွေးပျစ်နေပါက ရေသောက်ရန် မမေ့သင့်ပါ။ရေသောက်ခြင်းအပြင် ရေဓာတ်ကြွယ်ဝသော အသီးအနှံများလည်း စားသုံးနိုင်ပါသည်။
အငန်စားသုံးခြင်းကို ထိန်းချုပ်ပါ
အငန်ဓာတ်သည် ရေဓာတ်စုပ်ယူမှုများသဖြင့် အငန်လျှော့စားရပါမည်။ သွေးခဲဖြစ်ပေါ်ခြင်းကို အားပေးသည့်အပြင် သွေးတိုးခြင်းကိုလည်း နောက်ဆက်တွဲ ဖြစ်လာစေနိုင်ပါသည်။

အရက်သောက်သုံးမှုကို လျော့ချပါ
အရက်အလွန်အကျွံသောက်သုံးခြင်းက သွေးကြောမကျယ်စေသည့်အပြင် သွေးခဲ ခြင်းကိုပါ ဖြစ်စေပါသည်။
အချုပ်ဆိုရပါက သွေးပျစ်ခြင်းသည် နောက်ဆက်တွဲ သွေးတိုး၊ကျောက်ကပ် ထိခိုက်ခြင်း၊အသည်းအားနည်းခြင်း၊နှလုံး​ရောဂါ၊လေဖြတ်ခြင်း၊ သွေးပျစ်ကြာလာသည်နှင့်အမျှ ခြေလက်များရှိ သွေးကြောများ ကျဥ်းလာကာ သွေးအရောက်နည်းသည့်အတွက် အနာဖြစ်ခြင်း၊အသားပုပ်ဆွေးခြင်း တို့ ဖြစ်လာစေပါသည်။

သွေးပျစ်ခြင်းလက္ခဏာများခံစားနေရပြီဆိုပါက တတ်ကျွမ်းနားလည်သော ပညာရှင်များဖြင့် အချိန်မီပြသ ကုသမှုခံယူသင့်ပါသည်။

သွေးပျစ်နေသူများအတွက် သတင်းကောင်း

မြတ်သောမနောသွေးညှိ သွေးကြည်ဆေး
သွေးပျစ်နေသူများ၊သွေးတွင်းအဆီဓာတ် များနေသူများ၊အကြောလေမလျှောက်သူများ အတွက် သွေးသားကိုကြည်လင်၊သွေးလှည့်ပတ်မှုကောင်းစေကာ သွေးပေါင်မှန်စေသည့် မြတ်သောမနော သွေးညှိ သွေးကြည်ဆေး အား ၅ ပြား တစ်နေ့ ၃ ကြိမ်
ရေနွေးသို့မဟုတ် ရေအေးဖြင့် သောက်သုံးကာ ကာကွယ်ကုသနိုင်ပါသည်။

ပင်ရင်း။အောင်နန်းတော်ဆေးတိုက် ရေထွက်ရပ်ကွက်၊ပုသိမ်ကြီးမြို့နယ်၊မန္တလေးမြို့။
09988083726 09951043613

အောင်ဒိုင်း အဆုတ်အားဆေး ကို စဥ်ဆက်မပျက် အားပေးသုံးစွဲလာသော သုံးစွဲသူ မိဘပြည်သူများနှင့် အောင်ဒိုင်းအဆုတ်အားဆေး အား ယုံကြ...
23/01/2024

အောင်ဒိုင်း အဆုတ်အားဆေး ကို စဥ်ဆက်မပျက် အားပေးသုံးစွဲလာသော သုံးစွဲသူ မိဘပြည်သူများနှင့် အောင်ဒိုင်းအဆုတ်အားဆေး အား ယုံကြည်စွာ လက်တွဲခေါ်ယူပေး ရောင်းချ ပေးလျက်ရှိပါသော ဆေးအရောင်းကိုယ်စားလှယ်တော်ဆိုင်ကြီးများ ခင်ဗျာ ကုန်စျေးနှုန်း အဆမတန် မြင့်တက်လာပါသောကြောင့် အောင်ဒိုင်းအဆုတ်အားဆေး ဆေးပြား (၁၅၀) ပြားပါ ၁ ဘူး လျှင် ယခင် ၂၀၀၀ ကျပ်အား (၂၃.၁.၂၀၂၄) မှ စတင်ကာ ၂၅၀၀ ကျပ်နှုန်းဖြင့် ပြောင်းလဲ ရောင်းချသွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ကုန်ဈေးနှုန်းများ သင့်တင့်သောပမာဏသို့ ကျဆင်းသွားပါက သုံးစွဲသူများ ဈေးနှုန်းချိုသာစွာ ပြန်လည်ဝယ်ယူရရှိနိုင်ရန် ပြန်လည်ပြင်ဆင် လျှော့ချ ကာ ထုတ်လုပ်ဖြန့်ချိသွားပါမည်။

ဆေး အာနိသင် နှင့် ဆေးတဘူး တွင် ပါဝင်သော ပမာဏ တို့ကို
မူလအတိုင်း သာ စီမံဖော်စပ် ထုတ်လုပ် သွားမည်ဖြစ်ပါသောကြောင့် အာနိသင်နှင့် ပမာဏ အပြောင်းအလဲ(ပြုပြင်ခြင်း) ရှိမည်မဟုတ်ပါ။

အောင်နန်းတော်ဆေးတိုက်
#အဆုတ်
#အားဆေး
#အောင်ဒိုင်းအဆုတ်အားဆေး

ရေထွက်ရပ်ကွက်၊ပုသိမ်ကြီးမြို့နယ်၊မန္တလေးမြို့။

09988083726 09951043613

 #ချောင်းဆိုး  #ပန်းနာရင်ကျပ် တခုခုအစားမှား အချိုအစားများလို့ ချောင်းဆိုးနေရင် အိပ်မရအောင်ချောင်းဆိုးလို့ ရင်တွေနာ ဝမ်းဗ...
11/01/2024

#ချောင်းဆိုး
#ပန်းနာရင်ကျပ်
တခုခုအစားမှား အချိုအစားများလို့ ချောင်းဆိုးနေရင် အိပ်မရအောင်ချောင်းဆိုးလို့ ရင်တွေနာ ဝမ်းဗိုက်ကြော တွေ နာနေရင် အောင်ဒိုင်း အဆုတ်အားဆေး သောက်ပါ။
ဘယ်လိုသောက်ရမလဲ?
ဆေးပြား ၅ ပြား တနေ့ ၃ ကြိမ် ရေနွေးသို့မဟုတ် ရိုးရိုးရေနဲ့သောက်ပါ
(အကြံပြုချက် အနေနဲ့ ရေနွေးနဲ့သောက်ခြင်းက လည်ချောင်းရှင်းစေပြီး ဆေးအာနိသင်လည်း ပိုရလို့ ရေနွေးနဲ့သောက်သင့်ပါတယ်)

ပန်းနာရင်ကြပ် ဝေဒနါရှင်များ အတွက် အောင်ဒိုင်းအဆုတ်အားဆေး ပုံမှန်သောက်ခြင်းက ရင်ကြပ်တာ မောတာ အသက်ရှုရခက်အနေရခက်တာ တွေက ဆောင်းတွင်းမှာ ဝေဒနါ ပိုတိုးတတ်တာဖြစ်တာကြောင့် ဆေးပြား၅ ပြား တနေ့ ၃ ကြိမ် ရေနွေးနဲ့ မှန်မှန် မှီဝဲသင့်ပါတယ်။

ချောင်းဆိုးရင်ကြပ် အမြန်သက်သာပျောက်ကင်းစေမယ့် အောင်ဒိုင်းအဆုတ်အားဆေး

09988083726 09953022175

တရားတော်နှင့်အညီ ကျင့်ဝတ် ရှိရှိဖြင့် အများ အကျိုးရှိစေရန် စေတနာထားလျက် ဆေးဝါးများထုတ်လုပ်ဖြန့်ချိပါတယ်ဆေးဝါးကုသပေးတဲ့ အ...
22/08/2023

တရားတော်နှင့်အညီ ကျင့်ဝတ် ရှိရှိဖြင့် အများ အကျိုးရှိစေရန် စေတနာထားလျက် ဆေးဝါးများထုတ်လုပ်ဖြန့်ချိပါတယ်

ဆေးဝါးကုသပေးတဲ့ အလုပ်ဆိုတာ အင်မ တန် မှမြင့်မြတ်တဲ့အလုပ်...ဒီအလုပ်ကို ထပ်ပိုးပေးရ မှာ တော့ ကိုယ့်ရဲ့စိတ်နေ သဘော ထားလေးပဲ.....
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
မေတ္တာပုဗ္ဗင်္ဂမံ ဝေဇ္ဇသိပ္ပံ။ ဝေဇ္ဇသိပ္ပံ-ဆေးပညာ
အတတ်ဟာ၊မေတ္တာပုဗ္ဗင်္ဂမံ-မေတ္တာနဲ့ဦးဆောင်ပြီး
တော့ ပြုလုပ်ရတဲ့ အလုပ်ကိစ္စဖြစ်တယ်။

ဒါကြောင့်မေတ္တာထားမယ်ဆိုလို့ရှိရင် အင်မတန်မှ တန်ဖိုးရှိတဲ့လုပ်ငန်းကြီးပဲ၊မြင့်မြတ်တဲ့အလုပ်ပဲ။

တချို့အလုပ်က လုပ်တဲ့ကိစ္စ ကိုက မြင့်မြတ်တာ မဟုတ်ဘူး။

အခု ဒီ ဆေးဝါးကုသပေးတဲ့ အလုပ်ဆိုတာ အင်မ တန် မှမြင့်မြတ်တဲ့အလုပ်၊မြင့်မြတ်တဲ့အလုပ်ကို ထပ်ပိုးပေးရမှာတော့ ကိုယ့်ရဲ့ စိတ်နေ သဘော ထားလေးပဲ။

မေတ္တာစိတ်လေး ထပ်ပိုးပေးလိုက်လို့ရှိရင် အလုပ် က မြင့်မြတ်ပြီးသားဖြစ်သည့် အတွက်ကြောင့် အားလုံးဟာ မြင့်မြတ်သွားတယ်။

စိတ်ကလည်း မြင့်မြတ်တယ်၊အလုပ် က လည်း မြင့်မြတ်တယ်ဆိုတော့ နှစ်ထပ်ကွမ်း မြင့်မြတ်
တယ်၊ပြီးပြည့်စုံတယ်။

ကုသိုလ်ဖြစ်တဲ့ လုပ်ငန်းတစ်ခုလို့ ပြောရမယ်။ ဒါ က ဟုတ်မဟုတ် ကိုယ့်ဟာကိုယ်ပဲ ဆင်ခြင် သုံး သပ် လို့ရပါတယ်။

ဆရာဇီဝက ပညာသင်မလို့လုပ်တဲ့အခါမှာ သူစဉ်း စား တဲ့ အထဲမှာပါတယ်။

“ဘယ်ပညာ ငါသင်ရ”လို့ စဉ်းစားတယ်။

ပညာရပ်တွေ အများကြီး သူ စဉ်းစားမိတဲ့ အထဲ မယ်"မကျန်းမမာတဲ့ ပုဂ္ဂိုလ်တွေကို ကျန်းမာ အောင် ကုစားပေးတဲ့ ဆေးသမားတို့ရဲ့ အတတ် ပညာ ဟာ မကျန်းမာတဲ့သူကို ကျန်းမာအောင်
လုပ်ပေးတာ ဖြစ်သောကြောင့် အလုပ်ကိုက
မေတ္တာ-ထားတဲ့အလုပ်ဖြစ်သွားတယ်။"

ဒါကြောင့်မို့လို့ “ဒီအလုပ်လောက် မွန်မြတ်တာ မရှိဘူး”လို့ဆိုပြီး ဆေးပညာအလုပ်ကို ရွေးချယ် တာ လေ။

အဲဒီတော့ ကိုယ်လုပ်နေတဲ့ လုပ်ငန်းဟာအင်မတန် မှ မြင့်မြတ်တဲ့အလုပ်ဖြစ်တယ်ဆိုတာ ရှေးဦးစွာ ခံ ယူထားပြီး မြင့်မြတ်တဲ့အလုပ်ကို မြင့်မြတ်တဲ့စိတ် ဓာတ် နဲ့အကောင်အထည်ဖော်ရမယ်။

“တို့ ဟာ နေ့စဉ် နဲ့ အမျှ ကုသိုလ် ရတဲ့ လုပ်ငန်း ကြီး တစ်ခု လုပ်နေရတယ်”လို့ ဝမ်းသာရတယ်။
တချို့က ပြောကောင်း

ပြောလိမ့်မယ်၊ဒါက business လုပ်ငန်းပဲ။ ပိုက် ဆံ ရလို့ လုပ်တာလို့။

ပိုက်ဆံရလို့ လုပ်တယ်လို့ ဆို ပေမယ့် စိတ်ဓာတ် မြင့်မြတ်ရင် (ကိုယ်မျှော်ကိုး တာက ငွေကြေးဓန မဟုတ်ဘဲနဲ့နော်)တစ်ဖက် သား ရဲ့ရောဂါဝေဒနာ ပျောက်ကင်းရေး ကို အာရုံ စိုက်နေတဲ့အချိန်မှာ ဖြစ်တဲ့ စိတ်ကို ကုသိုလ်စိတ် လို့ ခေါ်တာပဲ။

အဲဒီ ကုသိုလ်စိတ်ကို ကိုယ်အရယူဖို့လိုတယ်။

အေး၊ရောက်လာတဲ့ လူနာအပေါ်မှာ “ဒီလူနာ ဆီ က ပိုက်ဆံများများရအောင် လုပ်လိုက်မယ်”ဆိုရင်
တော့ ဒါ ကုသိုလ်စိတ်မဟုတ်ဘူးပေါ့နော်။

ရောက်လာတဲ့ လူနာဟာ ရှိတဲ့ရောဂါ အမှန်အကန် သိရအောင်စစ်ဆေးပြီး“ဒီဆေးနဲ့ ကုရင် ရောဂါ ပျောက်တယ်၊အမှန်အတိုင်း ကုသပေးတယ်။ သူ့ ကို ကူညီပေးတယ်၊ရောဂါပျောက်ကင်း ကြပါစေ၊ ချမ်းသာပါစေ”လို့ စိတ်ထားတယ်။

ဒါ မေတ္တာပဲ။မေတ္တာဟာ ဘယ်သူ့သန္တာန်မှာပဲဖြစ် ဖြစ် ကုသလာ အနဝဇ္ဇသုခဝိပါက လက္ခဏာ အပြစ် ကင်းတယ်တဲ့။

အပြစ်မရှိတဲ့ အရာတစ်ခု၊အပြစ်မရှိဘူး ဆိုတာ ဘယ်သူက အပြစ်တင်စရာမှမရှိတာ။

မကောင်းတာ ကောင်းအောင်လုပ်ပေးတယ်ဆိုတာ
အပြစ်ပြောစရာမရှိဘူး။ဒါက အပြစ်မဟုတ်ဘူး။

အပြစ်က ဒီ့ပြင်ဟာ။ ဆိုပါစို့၊ရောဂါပျောက်အောင် လုပ်ပေးတာက အပြစ်မဟုတ်ဘူး၊ ဒီပြင် ကိစ္စလုပ် ရင်တော့အပြစ်ပေါ့။

ဥပမာမယ် “ရောဂါမရှိဘဲနဲ့ ရှိတယ်”လို့ပြောပြီး
ငွေကြေးများများရအောင်လုပ်ရင်တော့ ဒါ အပြစ် ပဲ။

ရှိတာကို ရှိတဲ့အတိုင်းပြောပြပြီး “ဒါက ဒီရောဂါ ဒီလို ကုရမယ်၊ ငွေကြေး ဒီလောက်ကုန် ကျ လိမ့် မယ်” ဒီဟာက အပြစ်မဟုတ်ဘူးလေ။

ဒါက မှန်ကန်တဲ့အလုပ်ပဲ။ဒီလိုပဲပြောတာ။

အဲဒါကြောင့် ရောဂါပျောက်စေချင်တဲ့ စိတ်က
မေတ္တာ စိတ်ဓာတ်ပဲပေါ့။

အေး၊ဆေးသမားတို့ အတတ်ဟာ မေတ္တာ အခြေခံ ပြီး တော့ လုပ်ရတာ ဖြစ်သောကြောင့် အဲဒီ မေတ္တာ အခြေခံတဲ့စိတ်ဓာတ်နဲ့ လုပ်ကြမယ် ဆိုလို့
ရှိရင် အင်မတန်မှကုသိုလ်ရပါတယ်။

ကုသိုလ်ရအောင် စိတ်ထဲမှာ နှလုံးသွင်းဖို့ပဲ အရေး ကြီး ပါတယ်။

မြတ်စွာဘုရားကလည်း Intention ကိုပဲ အဓိက
ထားတာပါ။

ကိုယ့်ရဲ့ စိတ်နေသဘောထား သန့်ရှင်းတယ်၊မသန့် ရှင်း ဘူးဆိုတာ ကိုယ်အသိဆုံးပဲနော်။

Intention က ဘာလဲ?ရောဂါပျောက်ဖို့ပဲ။

ရောဂါရှင်က ဆေးဝါးခ၊ကုသခ တွေပေးတာက ဒါ သူတို့အပိုင်းနော်။

သူတို့အပိုင်း၊ ကိုယ်က ရောဂါပျောက်အောင်
စေတနာနဲ့ကုပေးတာ ဒါက မေတ္တာလုပ်ငန်းတစ်ခု။

အဲဒီတော့“နေ့စဉ်နဲ့အမျှ ကုသိုလ်ရနေတဲ့ အလုပ် ကြီး ကို တို့လုပ်ရတယ်”လို့ စိတ်ထဲမှာ ဒီလို အောက် မေ့ ကြရမှာပဲ။

အင်မတန်ကောင်းတယ်လို့ ပြောရမယ် မည်သည့် ကိစ္စ မှာပဲ ဖြစ်ဖြစ် ဆက်ဆံသမျှဟာ မေတ္တာနဲ့ ဆက် ဆံပါ။

မေတ္တာတရား နဲ့ ဆက်ဆံခြင်းဟာ လူမျိုးမရွေး ဘာသာမရွေးအတွက် အဆင်ပြေတယ်။

ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် မေတ္တာနဲ့ဆက်ဆံနေရင် ကိုယ့် ရဲ့ရင်ထဲ နှလုံးသားထဲမှာ အပြစ်ကင်းတယ်။

အပြစ်ကင်းတယ်ဆိုတဲ့ သဘောတရားက ကိုယ့်ရဲ့ ရင်ထဲ နှလုံးထဲမှာ အကုသိုလ် မဖြစ်တာ ဒီလို ဆိုလိုတယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

#ပါချုပ်ဆရာတော် #တရားမှတ်စု

သူတို့ ဘာကြောင့် ကျန်းမာနေကြတာလဲ?ခပ်နည်းနည်းပဲစားတဲ့ Style❤❤❤❤❤❤❤မိတ်ဆွေများကိုကမ္ဘာပေါ်မှာခေတ်စားလာမယ့်အကောင်းဆုံးStyle...
20/08/2023

သူတို့ ဘာကြောင့် ကျန်းမာနေကြတာလဲ?

ခပ်နည်းနည်းပဲစားတဲ့ Style
❤❤❤❤❤❤❤

မိတ်ဆွေများကိုကမ္ဘာပေါ်မှာခေတ်စားလာမယ့်အကောင်းဆုံးStyleတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။

အဲဒီ Styleလေးကခပ်နည်းနည်းပဲစားတဲ့ Style ဖြစ်ပြီးအကျိုးကျေးဇူးသိပ်များပါတယ်။

အဲဒီStyleကိုလုပ်လိုက်ပြီဆိုတာနဲ့ကျန်တဲ့Styleတွေပါအလိုအလျောက်ပါလာမယ်ဆိုတာကိုဒီpostဖတ်ရင်းနဲ့သိသွားပါလိမ့်မယ်။

ကျနော်တို့ဟာနေ့စဉ်အစားအသောက်တွေကိုစားသောက်ကြရတယ်။အဲဒီလိုစားရာမှာရသတဏှာကိုဦးစားပေးပြီးဗိုက်ဝအောင်စားရမှကျေနပ်ကြတယ်။အသက်ရှင်ဖို့စားတာမဟုတ်ဘဲစားဖို့အသက်ရှင်နေသလိုဖြစ်နေကြတယ်။

အဲဒါသည်ကျနော်တို့အတွက်အမှားကြီးမှားနေတာပဲ​ ဖြစ်တယ်။လူတစ်ယောက်အသက်ရှင်ရပ်တည်ဖို့အတွက်စားသင့်တဲ့အတိုင်းအတာကသူ့အစာအိမ်ပမာဏလောက်ပဲ​ဖြစ်
တယ်။။အစာအိမ်ပမာဏကဂရိတ်ဖရုသီးတစ်လုံးအတိုင်းအတာလောက်ပဲရှိတာဖြစ်တယ်။ဒါကြောင့်တစ်ခါစားရင်ဂရိတ်ဖရုသီးတစ်လုံးစာလောက်ပဲစားရမယ်။

အဲ့လိုမစားဘဲဗိုက်ကြီးပြဲကားအောင်စားနေကြတော့ဘာဖြစ်လာသလဲ။ကိုယ်တွင်းကလီစာတွေကစားလိုက်တဲ့အစာတွေကြေညက်အောင်ချက်တဲ့အလုပ်ကိုပင်ပန်းစွာလုပ်ရပါတယ်။အစာခြေရည်တွေအများကြီးထုတ်ရတယ်၊သည်းခြေရည်တွေထုတ်ရတယ်၊နှလုံးကလည်းပိုအလုပ်လုပ်ရတယ်၊ကျောက်ကပ်ကလည်းပိုဆေးရတယ်၊အသည်းကလည်းပိုပြီးအဆိပ်ဖြေပေးရတယ်။အူတွေကလည်းအလုပ်ပိုလုပ်ရတယ်။ကြာတော့ကလီစာတွေသိပ်ပင်ပန်းကြတယ်။နှစ်ရှည်မခံတော့ဘူး။

စားသင့်တဲ့အတိုင်းအတာထက်ပိုစားတဲ့အစာတွေကကိုယ့်အတွက်အကျိုးမရှိဘူး။ပိုတဲ့အစာတွေကအဆိပ်အပုပ်တွေဖြစ်သွားတယ်။Free Radical တွေပိုထွက်လာစေတယ်။ရောဂါတွေကိုဖြစ်စေတာပဲအဖတ်တင်တယ်။ဘာမှကိုအကျိုးမရှိဘူး။

အစားကြူးတဲ့သူတွေကိုလေ့လာကြည့်ပါ။သူတို့ဟာရောဂါသိပ်များတယ်။အစောကြီးသေကြတယ်။ရုပ်ရည်အားဖြင့်လည်းကြည့်ရဆိုးတယ်။ဘဝအရည်အသွေးမကောင်းဘူးဆိုတာတွေ့ရလိမ့်မယ်။

လူတွေကအများကြီးစားနိုင်မှအားရှိတယ်လို့ထင်နေကြတယ်။တကယ်တော့အပူအပုပ်ကင်းပြီးပေါ့ပါးလန်းဆန်းခြင်းသည်သာအားရှိခြင်းဖြစ်ပါတယ်။သွက်လက်ဖြတ်လတ်ခြင်းသည်သာအားရှိခြင်းဖြစ်တယ်။

ကဲ....ဒါဆိုဘယ်လိုစားရမလဲပြောမယ်နော်....

မြန်မာလူမျိုးတွေဖြစ်တဲ့အတွက်စားနေကျမြန်မာစာတွေကိုပဲသင့်ရုံစားသွားဖို့ပါပဲ။အထွေအထူးပြောင်းစားဖို့မဟုတ်ဘူး၊စားမယ့်Meal potion amount ကိုသာသင့်ရုံစားဖို့ဖြစ်ပါတယ်။

ဂရိတ်ဖရုတစ်လုံးစာလောက်ပေါ့။စားတာကအကုန်စားလို့ရတယ်နော်။အဆီ၊အခေါက်၊အသား၊ကလီစာ၊အသီးအရွက်၊မြေအောက်ဥ၊ကောက်နှံ၊ပဲမျိုးစုံကြိုက်တာသာစား။

Breakfast စားမယ်ဆိုရင်မုန့်ဟင်းခါးသင့်ရုံတစ်ပွဲပေါ့။
၂ပွဲမဖြစ်စေနဲ့။အီကြာကွေးဆိုလည်းတစ်ချောင်းပေါ့၊
ပေါက်ဆီဆိုလည်းတစ်လုံးပေါ့၊
ကြက်ဥပေါင်မုန့်တစ်ချပ်ပေါ့၊နံပြားပြဲပုတ်ဆိုလည်းတစ်ချပ်ပေါ့။တော်ပီလေတစ်ပွဲ၊ကော်ဖီလည်းတစ်ခွက်ပဲပေါ့။

Lunchစားမယ်ဗျာ။ထမင်းတစ်လုံးအသားငါးဟင်း၂တုံး၊အရွက်ကြော်သင့်ရုံပေါ့။ခေါက်ဆွဲကြော်ထမင်းကြော်ဆိုရင်လည်းပွဲသေးပေါ့။ဆီချက်ဆိုလည်းတစ်ပွဲပေါ့။သင့်ရုံပဲ။

Dinnerစားမယ်ဗျာ။ဘိုစာဆိုလည်းတစ်ပွဲစာလောက်ပဲ။ကြာဆံကြော်ဆိုလည်းတစ်လုံးလောက်ပဲ။ကြက်သားpuffဆိုလည်း၂ခုလောက်ပေါ့။ဘာစားစားကြိုက်တာသာစားဗျာ၊အတိုင်းအတာကဂရိတ်ဖရုတစ်လုံးစာလောက်​ဖြစ်ရမယ်။ဗိုက်ဆာရင်ရေသောက်ပေါ့။

ဂရိတ်ဖရုတစ်လုံးစာလောက်ပဲစားရမယ်ဆိုတော့ဗိုက်ပြည့်ပါ့မလားပေါ့။အစာအိမ်ကသိပ်အံ့သြစရာကောင်းတယ်။ဂရိတ်ဖရုတစ်လုံးစာလောက်ပဲစားတဲ့အလေ့အကျင့်လုပ်ပေးရင်အစာအိမ်ကသူ့ဟာသူသေးသွားရောဗျ။တစ်ပတ်ဆယ်ရက်တော့အချိန်ပေးပြီးစောင့်ရတယ်။တစ်ပတ်အတွင်းမှာတော့စားရတာတင်းတိမ်မှာမဟုတ်ပေမဲ့ဆယ်ရက်လောက်မှာကျင့်သားရပြီးမဆာတော့ဘူး။နည်းနည်းပိုစားမိရင်တောင်အစာအိမ်ကလက်မခံချင်တော့လောက်အောင်အကျင့်ကောင်းသွားပြီ။အဲဒါဆိုအေးအေးဆေးဆေးပဲ။

ရေကတော့Bodyရဲ့လိုအပ်ချက်အတိုင်းသောက်ပေးဖို့လိုတယ်။ပေါင်၅၀ကိုတစ်လီတာနှုန်းနဲ့သောက်ရမယ်။ပေါင်၁၅၀ဆိုရင်တစ်နေ့ကို၃လီတာအနည်းဆုံးပဲ။ရေသောက်ရင်မနက်စောစောကလွဲလို့ကျန်တဲ့အချိန်တွေမှာနည်းနည်းနည်းနည်းနဲ့ခဏခဏသောက်ပေးတာပိုကောင်းပါတယ်။စားထားတဲ့အစာဟောင်းတွေအကုန်ပြန်ထုတ်ဖို့ကရေကိုပြည့်မီအောင်သောက်ဖို့လိုတယ်။

အဲဒီလိုခပ်နည်းနည်းပဲစားတဲ့styleနဲ့သွားရင်Bodyကတဖြည်းဖြည့်းသွယ်လျလာလိမ့်မယ်။ကိုယ်တွင်းမှာအဆိပ်အပုပ်တွေကင်းတဲ့အတွက်အသားရေကြည်လင်လှပလာလိမ့်မယ်။ပေါ့ပါးသွက်လက်တက်ကြွလာလိမ့်မယ်။မကောင်းတဲ့ကော်လက်စတြောတွေမရှိလို့မျက်နှာကအစ်ထစ်မနေတော့ဘဲပိုချောလာလိမ့်မယ်။Bodyလှလာတဲ့အတွက်ဝတ်စားဆင်ယင်မှုကလည်းအလိုလိုstyleကျနေလိမ့်မယ်။ဥာဏ်ရည်လည်းကောင်းလာလို့လုပ်ငန်းလုပ်လို့ပိုအဆင်ပြေလာလိမ့်မယ်။တရားထိုင်ရတာလည်းသိပ်ကောင်းလိမ့်မယ်။ရုပ်ပိုင်းဆိုင်ရာသာမကစိတ်ပိုင်းဆိုင်ရာလည်းမိမိကိုယ်မိမိယုံကြည်မှုတွေတိုးလာလိမ့်မယ်။မမျှော်မှန်းထားတဲ့အကျိုးကျေးဇူးတွေရလာတာကိုအံ့သြစွာကြုံလာရပါလိမ့်မယ်။

ရန်ကုန်မြို့ကကြယ်၅ပွင့်ဟိုတယ်ကြီးတစ်ခုမှာဘူဖေးညစာသွားစားဖူးပါတယ်။အဲ့မှာပြင်သစ်၂ယောက်ကိုတွေ့တယ်။သူတို့ဘယ်လိုစားလည်းလေ့လာကြည့်တယ်။အစားအစာတွေကိုပန်းကန်လှရုံပဲထည့်စားပြီးပြန်သွားကြတယ်။ကျနော်တို့မြန်မာတွေကတော့ပန်းကန်အမောက်ကြီးတွေ၂ခါ၃ခါထပ်ထည့်စားပြီးဗိုက်ပြဲကားမှအိမ်ပြန်ကြပါတယ်။အဲဒါကိုသတိထားမိတယ်။

ကျနော်စင်္ကာပူမှာနေတုန်းကနေ့တိုင်းစားတဲ့ထမင်းဆိုင်ကတရုတ်လင်မယားကကျနော်စားတာကိုနေ့တိုင်းကြည့်နေကြတယ်။ထမင်းကို၃ပန်းကန်လောက်စားတာကိုး။ခြောက်လလောက်ကြာတော့သူတိ့နဲ့ခင်သွားတယ်။သူတို့ကဘာပြောသလဲဆိုရင်မင်းအဲ့လောက်စားနေရင်ရောဂါတွေဖြစ်လာလိမ့်မယ်တဲ့။သင့်ရုံပဲစားတဲ့။ဟုတ်တယ်ဗျ၊စလုံးကလူတွေထမင်းတစ်လုံးပဲစားကြလို့ရောဂါကင်းပြီးသွယ်လျကြတာတွေ့ရတယ်။

ကမ္ဘာကျော်မင်းသားမင်းသမီးတော်တော်များများဒီအတိုင်းခပ်နည်းနည်းစားတဲ့Styleကိုကျင့်သုံးနေကြတယ်။​ေဟာလိဝုဒ်မင်းသားမင်းသမီးတွေတောင်အရင်လိုဗိုက်မပူကြတော့ဘူးဗျ။မြန်မာပြည်မှာလည်းကြည့်။သာသနာရေးမှာဆိုရင်ပါချုပ်ဆရာတော်ကြီးပေါ့၊နိုင်ငံရေးလောကမှာဆိုအမေစုလိုပုဂ္ဂိုလ်မျိုးပေါ့၊အနုပညာလောကမှာဆိုလည်းဒါရိုက်တာဦးအောင်ကိုလတ်တို့လိုပုဂ္ဂိုလ်တွေပေါ့၊ပန်းချီဦးစိုးမိုးလိုပုဂ္ဂိုလ်မျိုးပေါ့၊စီးပွားရေးလောကမှာဆိုဦးမောင်ဝိတ်တို့လိုပေါ့။ဘယ်လောက်ကြည့်ကောင်းပြီးအောင်မြင်နေကြလဲဆိုတာ။ဒါကထင်ရှားတဲ့သူအချို့ကိုပြောတာ။အခြားပြည်တွင်းပြည်ပကလူတွေအများကြီးရှိပါသေးတယ်။

ကဲ...မိတ်ဆွေများ....အခုကJanuaryလပေါ့ဗျာ။အခုကစပြီးခပ်နည်းနည်းပဲစားတဲ့styleကိုလုပ်ကြည့်ကြမလား။နောက်နှစ်January ဒီအချိန်လေးမှာအဖြေထုတ်ကြည့်ကြမယ်။တစ်ကယ်ဖြစ်ချင်ရင်တစ်ကယ်လုပ်-အဟုတ်ဖြစ်ရမည်တဲ့။နေမကောင်းဘူးဆိုတာမရှိစေရ။ကျန်းမာပြီးရောဂါကင်းတဲ့ဘဝ၊သွယ်လျပြီးလှပတဲ့ဘဝ၊တိုးတက်ပြီးအောင်မြင်တဲ့ဘဝ၊စိတ်ချမ်းသာပြီးပျော်ရွှင်တဲ့ဘဝကိုတစ်ကယ်လိုချင်သူတွေအတွက်.....

CHALLENGE.......!!!

ချစ်ခင်လေးစားလျှက်........

Crd- စာရေးဆရာမင်းကျော်ဝင်း

သင့်ရဲ့ ကျန်းမာရေး အခက်အခဲကို ငွေကုန်ကြေးကျ မများစေဘဲ အောင်ဒိုင်းနဲ့ ဖြေရှင်းလိုက်ပါဖျားနာနေထိုင်မကောင်းဖြစ်ခြင်းကို မွေ...
14/08/2023

သင့်ရဲ့ ကျန်းမာရေး အခက်အခဲကို
ငွေကုန်ကြေးကျ မများစေဘဲ အောင်ဒိုင်းနဲ့ ဖြေရှင်းလိုက်ပါ

ဖျားနာနေထိုင်မကောင်းဖြစ်ခြင်းကို မွေးစမှ အရွယ်ရောက် အိုမင်းသည်အထိ မကြုံဖူးသူ အတော်နည်းပါသည်။
ရောဂါအလိုက် ခံစားရတာချင်းမတူတာသာရှိမည်။
ရောဂါအမြန်သက်သာပျောက်ကင်းလိုသော
ခံစားနေရသော ဝေဒနါမှ အမြန်သက်သာ ပြီး ကျန်းမာရေးဒေါင်ဒေါင်မြည်လိုတဲ့ စိတ်ဆန္ဒ ကတော့ လူအားလုံး အတူတူပင်ဖြစ်သည်။
အောင်နန်းတော်ဆေးတိုက်သည် လူတန်းစားမရွေး ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး အတွက်

အဆုတ်ကျန်းမာရေးအတွက် အထူးသဖြင့် ပန်းနာရင်ကြပ် နှင့် ချောင်းဆိုးဝေဒနါတို့အတွက်
အောင်ဒိုင်း အဆုတ်အားဆေး

အကြောင်းအမျိုးမျိုးကြောင့် အိပ်မပျော်သူများအတွက်
ဆီးချိုမရှိသူ နှင့် ဆီးချိုသီးသန့် အိပ်ပျော်ဆေး ၂မျိုး

ရာသီဖျားတုပ်ကွေးဖျား အဖျားအမျိုးမျိုးနှင့် အ​အေးမိ နာကျင်ကိုက်ခဲ ဝေဒနါ များအတွက်
ဂျင်ဘီတာ ဂျင်းလောက်သေထန်းလျက်မှုန့်

သွေးပေါင်မမှန်သူ၊သွေးပျစ်နှုန်းမြင့်သူ၊ဆီးချိုနောက်ဆက်တွဲ ထုံကျဥ်ခြင်း ဝေဒနါများအတွက်

မြတ်သောမနော သွေးညှိသွေးကြည်ဆေး

တို့ကို ထုတ်လုပ်ထားပြီး

အောင်ဒိုင်း တိုင်းရင်းဆေးဝါးဖြန့်ချိရေး အနေဖြင့် နိုင်ငံအနှံ့ ချိုသာမှန်ကန်သောဈေးနှုန်း၊အချိန်မှီရရှိနိူင်ရေး အလွယ်တကူ ဝယ်ယူရရှိနိုင်ရေး ဦးစားပေးကါ ဖြန့်ချိလျက်ရှိပါသည်။

သုံးစွဲအားပေးလျက်ရှိသော မိဘပြည်သူများ ကျန်းမာရေးကို တထောင့်တနေရာမှ အကျိုးပြုခွင့်ရသည့်အတွက် ဝမ်းသာပီတိဖြစ်ရသလို သုံးစွဲလိုသူများအတွက်လည်း နီးစပ်ရာ ဆိုင် ၊သင့်လျော်သော ညွှန်ကြားမှုတို့​ဖြင့် ကျန်းမာရေးကို အထောက်အကူ ပြုနိုင်ရန် အဆင်သင့်ရှိပါသည်။

ဆေးမပြတ်လပ်စေရန် အာနိသင် ပြည့်ဝစေရန် အလေးထားလျက် ရှိပါသည်။

သုံးစွဲဖူးသူများ၊ယခုမှ စတင်သုံးစွဲမည့်သူများအနေဖြင့် ဆေးဘူးတိုင်းတွင်ပါသော ဖုန်းနံပါတ် များသို့ လိုအပ်ပါက ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

ဆက်သွယ်ရန်ဖုန်းနံပါတ် 09988083726 09951043613

ပင်ရင်း။ အောင်နန်းတော်ဆေးတိုက် ရေထွက်ရပ်ကွက်၊ပုသိမ်ကြီးမြို့၊မန္တလေး။

#မယ်သီတာ
#အောင်ဒိုင်း
#အဆုတ်အားဆေး
#ပန်းနာရင်ကျပ် ချောင်းဆိုး
#တိုင်းရင်းဆေး
#နှလုံးငြိမ်အိပ်ပျော်ဆေး

မယ်သီတာ နှလုံးငြိမ်အိပ်ပျော်ဆေးအား အောက်ပါဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါပြီ။  🔰🔰 ဝယ်ယူရရှိနိုင်သော နေရာများ 🔰🔰💠 ရန်ကု...
29/07/2023

မယ်သီတာ နှလုံးငြိမ်အိပ်ပျော်ဆေးအား အောက်ပါဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါပြီ။

🔰🔰 ဝယ်ယူရရှိနိုင်သော နေရာများ 🔰🔰

💠 ရန်ကုန်ဖြန့်ချိရေးကိုယ်စားလှယ်
ဆရာမချမ်း တာမွေစျေးအနီး၊၁၅၄လမ်း၊အမှတ် ၀၀၁ ၊တာမွေ။
09779615731

💠 မြစ်ကြီးနားမြို့ဖြန့်ချိရေး ​ကိုယ်စားလှယ်
09883810496 ၊ 09697584599

💠 တောင်ကြီးမြို့ဖြန့်ချိရေးကိုယ်စားလှယ်
UNI ဆေးဆိုင်
သစ္စာလမ်း၊ဈေးပိုင်းရပ် တောင်ကြီးမြို့။
09796462070

💠 ပခုက္ကူမြို့ဖြန့်ချိရေးကိုယ်စားလှယ်
ချောင်နရီခါခ တိုင်းရင်းဆေးမျိုးစုံဖြန့်ချိရေး
09777785651 ၊ 09 259887788

💠ဟင်္သာတမြို့ ဖြန့်ချိရေးကိုယ်စားလှယ်
စိန်ကမ္ဘာတိုက်
ကိုအေးကျော် အမှတ်၂၉၈၊ မနော်ဟရီလမ်း
ဥယျာဥ်မြောက်ရပ်ကွက် စိန်ကမ္ဘာတိုက် ဟင်္သာတမြို့။

💠 တန့်ယန်းမြို့ဖြန့်ချိရေးကိုယ်စားလှယ်
ထက်ဆေးဆိုင် ➡ ရပ်ကွက် ၃၊တန့်ယန်းမြို့။

ဆေးဝယ်ယူရရှိနိုင်တဲ့ ဆိုင်နေရာများ
မန္တလေး မြို့မှာ ဝယ်ယူရရှိနိုင်သောဆိုင်များ
💠 အောင်မြန်မာ ဆေးဆိုင် ➡ ၆၂ လမ်း၊ ၂၇ လမ်းထောင့်။
💠 ချမ်းမြေ့သစ္စာဆေးဆိုင် ➡ ၆၂လမ်း၊၃၄လမ်းနှင့် ၃၅ လမ်းကြား။
💠 အောင်သရဖူ ဆေးဆိုင် ➡ ၆၄ (ဘီ)လမ်း၊ ၁၃၃ လမ်း၊ စက်မှု။
💠 ရွှေပွင့်ဦး ဆေးဆိုင် ➡ ၅၈ လမ်း နှင့် ချယ်ရီလမ်းထောင့်။
💠 နေလ ဆေးဆိုင် ➡ မနော်ဟရီလမ်း၊၆၇လမ်းနှင့် ၆၈ လမ်းကြား။
💠 တိုးတက်အောင် ဆေးဆိုင် ➡ ၆၅ လမ်း ၊၁၀၉လမ်းထောင့်။
💠 ဇီဝကသစ္စာတိုင်းရင်းဆေးခန်း ➡ ၅၄ လမ်း ၊၁၂၀လမ်းနှင့် ၁၂၁လမ်းကြား
💠 အောင်တိုင်းရင်းဆေးခန်း ➡ ၆၄ အေ လမ်း ၊၁၁၀×၁၁၁လမ်း​​ကြား။
💠 မြတ်မေမေ ဆေးဆိုင် ➡၂၂×၂၃ လမ်းကြား၊ ၈၃လမ်း။
💠ကောင်းထက် ဆေးဆိုင် ➡ ၂၂လမ်း၊၈၂လမ်းထောင့်။
💠 ဒေါ်လာ ဆေးဆိုင် ➡ ၃၅ လမ်း၊ ၈၇×၈၈ လမ်းကြား။
💠KL ဆေးဆိုင် ➡ ၃၅လမ်း၊၇၃လမ်းထောင့်။
💠မြတ်ပန်းဖြူ ဆေးဆိုင် ➡ ၁၁လမ်း ၊၈၆×၈၇ လမ်းကြား။
💠 ကံထူး ဆေးဆိုင် ➡ ၄၆လမ်း ၊၁၁၀(မနော်ဟရီလမ်း)×၁၁၁ လမ်းကြား။
💠 မဏိရတနာ ဆေးဆိုင် ➡ စစ်ကိုင်း-မန္တလေး လမ်း ၊၄၆×၄၇ လမ်းကြား။
💠အောင်မြင်သူဆေးဆိုင်➡၁၆လမ်း ၈၈ လမ်း။
09780656834

မြစ်ကြီးနားမြို့မှ ဝယ်ယူရရှိနိုင်သော နေရာ
💠မြတ်မွန်တိုင်းရင်းဆေးဆိုင် ➡နဂါး၂ကောင်ဟိုတယ်ရှေ့ ၊မြစ်ကြီးနား။

အမရပူရမြို့ မှ ၀ယ်ယူရရှိနိုင်သောဆေးဆိုင်
💠 ပါရမီဆေးဆိုင် ➡ စစ်ကိုင်း-မန္တလေးလမ်း။
💠 ရွှေမြင့်မိုရ်ဆေးဆိုင် ➡ မြေပဲတန်းရပ် ၊စစ်ကိုင်း

မြစ်ငယ်မြို့ မှ ဝယ်ယူရရှိနိုင်သောဆေးဆိုင်
💠 ပီတိစံတိုင်းရင်းဆေးခန်း ➡ မြစ်ငယ်-စစ်ကိုင်းလမ်းမကြီးဘေး၊ ဥယျာဉ်တော်ကျေးရွာ။

တံတားဦးမြို့မှ ၀ယ်ယူရရှိနိုင်သောဆေးဆိုင်
💠 ဇီဝ ဆေးဆိုင် ➡ တံတားဦး၊ လမ်းမတော် အိမ်သစ်တန်းရပ်။

မတ္တရာမြို့နယ် မှ ဝယ်ယူရရှိနိုင်သော ဆေးဆိုင်
💠 တိုးပွားဆေးဆိုင်➡ မြို့မစျေး အရှေ့တောင်ထောင့်၊မတ္တရာမြို့။

ပုသိမ်ကြီးမြို့ မှ ၀ယ်ယူရရှိနိုင်သောဆေးဆိုင်
💠 ဓနထွန်း ဆေးဆိုင် ➡ ပုသိမ်ကြီးလမ်းမကြီး၊ စက်မှုလယ်ယာစျေးအနီး။
💠 ​ဖြိုး ဆေးဆိုင် ➡နာရီစင်အနီး ၊ ပုသိမ်ကြီး။
💠 ပြည့်ဝ Mini Mart ရန်ကင်းတောင်ခြေ၊သမကောလိပ်တောင်ဘက်

အုန်းချောမြို့နယ်မှဝယ်ယူရရှိနိုင်သောဆေးဆိုင်
💠 ပြည်ကျော်ကြားဆေးဆိုင် ➡မန္တလေး-ပြင်ဦးလွင်လမ်းဘေး၊ အုန်းချော။

ပြင်ဦးလွင်မြို့ မှ ၀ယ်ယူရရှိနိုင်သောဆေးဆိုင်
💠 ကျော် ဆေးဆိုင် ➡ ဘူတာလမ်းခွဲ၊ ပြင်ဦးလွင်။

မိုးကုတ်မြို့ မှ ၀ယ်ယူရရှိနိုင်သောဆေးဆိုင်
💠 မတူးတူး ဆေးဆိုင် ➡ဆေးရုံကြီးရှေ့ ၊မိုးကုတ်။

မိတ္ထီလာမြို့နယ်
💠ချမ်းမြေ့အောင်ဆေးဆိုင်➡မြို့မစျေးအတွင်း၊မိတ္ထီလာမြို့။
💠 ကျော်ဆေးဆိုင်➡ရန်မျိုးအောင်၊လမ်းမတော်ကွက်သစ်၊မိတ္ထီလာ။
💠 ဆရာမဒေါ်စုလွင်ထက် မြတိုင်းရင်းဆေးခန်း➡ ဆိုင်ခန်းအမှတ် ၃ စျေးကျောင်းတိုက်တန်း စျေးအရှေ့ပြင်ရပ် မိတ္ထီလာမြို့

ရမည်းသင်းမြို့နယ်မှ ဝယ်ယူရရှိနိုင်သောနေရာ
💠 နီလာဝင်းဆေးဆိုင်➡စျေးအရှေ့။ ရမည်းသင်း။

ပျော်ဘွယ် မြို့နယ်မှ ဝယ်ယူရရှိနိုင်သောနေရာ
💠 ဝင်းရတနာ ဆေးဆိုင်➡ ပျော်ဘွယ်စျေး အနောက်မြောက်ထောင့်၊ပျော်ဘွယ်။

ပျဉ်းမနားမြို့ မှ ၀ယ်ယူရရှိနိုင်သောဆေးဆိုင်
💠 ပွဲကတော် ဆေးဆိုင် ➡ ၇လမ်း၊ ဗိုလ်ချုပ်လမ်းနှင့် ဗိုလ်လကျ်ာလမ်းကြား။
💠 မေမေ ဆေးဆိုင် ➡ ၉လမ်း၊ ဗိုလ်လက်ျာလမ်း။

​​နေပြည်တော် မှ ၀ယ်ယူရရှိနိုင်သောဆေးဆိုင်
💠 မေတ္တာစံဆေးဆိုင် ➡ မြို့မစျေး အနောက်ဘက် အတွင်းတန်း၊နေပြည်တော်။
💠 ရွှေမန်း ဆေးဆိုင် ➡ မြို့မစျေး၊နေပြည်တော်။
💠ဇဗ္ဗူဖြိုးဆေးဆိုင် ➡ ညစျေးရှေ့၊ပုဗ္ဗသီရိမြို့နယ်။

တပ်ကုန်းမြို့မှ ဝယ်ယူရရှိနိုင်သော ဆေးဆိုင်
💠စွမ်းထက်အောင်ဆေးဆိုင်➡ ရန်ကုန်-မန်းလေးလမ်း၊Denko ဆီဆိုင်အနီး ၊တပ်ကုန်းမြို့။

ရှမ်းပြည် တောင်ပိုင်း
တာချီလိတ်မြို့ မှဝယ်ယူရရှိနိုင်သော ဆေးဆိုင်
💠မန်းမန်း ဆေးဆိုင် ➡ အမှတ် ၄/၄က ၊ ဆန်ဆိုင်းအောက်၊ဗိုလ်ချုပ်လမ်း၊ တာချီလိတ်မြို့

ရှမ်းပြည် မြောက်ပိုင်း

လားရှိုးမြို့နယ်မှ ဝယ်ယူရရှိနိုင်သော နေရာ
💠 နဝရတ်ဆေးဆိုင်➡ မန်ဆူကားကွင်းရှေ့၊လားရှိုး။

ကျောက်မဲမြို့နယ် မှ ဝယ်ယူရရှိနိုင်သော နေရ.
💠 ရွှေဖြိုးဆေးဆိုင်➡ စျေးအနီး၊ကျောက်မဲ

သီပေါမြို့နယ် မှ ဝယ်ယူရရှိနိုင်သော နေရာ
💠 အောင်ဆေးဆိုင် ၁ ➡သီပေါ။

မူဆယ်မြို့မှ ဝယ်ယူရရှိနိုင်သောဆေးဆိုင်
💠အေးရင်ဆေးဆိုင် ➡ ဈ ၂ ရပ်ကွက်၊ပြည်ထောင်စုလမ်းမကြီး၊မူဆယ်မြို့။
💠တန့်ယန်းဆေးဆိုင် ➡ဆေးရုံကြီးအနီး၊ ပြည်ထောင်စုလမ်းမကြီး၊မူဆယ်မြို့။

ကယားပြည်နယ်
💠 မန္တလေးပင်ရင်း ဆေးဆိုင် ➡ ဘီလူးချောင်းတံတားအနီး ၊လွိုင်ကော်မြို့။
💠 ငွေကြယ်တိုင်းရင်းဆေးခန်း နှင့်ဆေးဆိုင်➡ ဘန်းယဥ်။09400033636

အောင်ပန်းမြို့နယ်မှ ဝယ်ယူရရှိနိုင်သော နေရာ
💠မနွယ်ဆေးဆိုင် ➡အောင်ပန်းမြို့ 09780656834

မကွေးတိုင်းဒေသကြီး
မကွေးမြို့မှဝယ်ယူ ရရှိနိုင်သောဆေးဆိုင်
💠ဖြိုးသုခဆေးဆိုင် ➡တောင်တွင်းလမ်း၊ရောင်ခြည်ဦး တည်းခိုခန်း အရှေ့ ၊မကွေးမြို့။

ပခုက္ကူမြို့ မှ ၀ယ်ယူရရှိနိုင်သောဆေးဆိုင်
💠 ကံမချမ်းစိမ့် ဆေးဆိုင် ➡ မြို့မစျေး အနောက်ဘက်။

မြင်းခြံမြို့နယ်မှ ဝယ်ယူရရှိနိုင်သောနေရာ
💠 အောင်ဇမ္ဗူ ဆေးဆိုင် ➡ကိုးဆောင်ဘုရားတိုက်တန်း မြင်းခြံ။

ညောင်ဦးမြို့နယ်မှ ဝယ်ယူရရှိနိုင်သောဆေးဆိုင်
💠လနှင့်နေဆေးဆိုင် ➡ပြန်ကြားရေးရုံးရှေ့ ၊ညောင်ဦး။

သရက်မြို့မှ ဝယ်ယူရရှိနိုင်သော ဆေးဆိုင်
💠 ရွှေနန်းတော်ဝင်တိုင်းရင်းဆေးခန်း➡ ရွှေဘုံသာရပ်ကွက်၊သရက်.ကမ္မလမ်း/နတ်စင်လမ်း သရက်မြို့။

အောင်လံမြို့မှ ဝယ်ယူရရှိနိုင်သောဆေးဆိုင်
💠 သီဟံဇာ ဆေးဆိုင် ➡ အောင်လံစျေး၊ မြောက်ပေါက်။
💠 ရွှေမေတ္တာဆေးဆိုင် ➡ ပြည်လမ်း၊ရွာထောင်ရပ်။

စစ်ကိုင်းမြို့မှ ဝယ်ယူရရှိနိုင်သောဆေးဆိုင်
💠ထွန်းသောင် တိုင်းရင်းဆေးဆိုင် ➡စစ်ကိုင်း မီးပွိုင့်အနီး၊စစ်ကိုင်းမြို့။
💠 စန်းထက်တိုင်းရင်းဆေးခန်း ➡ တောင်ဘော်ဂါရပ်၊ ငါးထပ်ကြီးဘုရားလမ်း၊ ကျောက်ဝိုင်းအနီး၊ စစ်ကိုင်းမြို့။
💠ဆရာမ ဒေါ်နှင်းနွယ်အေး➡ စစ်ကိုင်းမြို့။ 09982294604

ရွှေဘိုမြို့မှ ဝယ်ယူရရှိနိုင်သောဆေးဆိုင်
💠 ပတ္တမြားဆေးဆိုင် ➡လမ်း၄ခွ မီးပွိုင့်အနီး၊ရွှေဘိုမြို့။

မုံရွာမြို့ မှ ၀ယ်ယူရရှိနိုင်သောဆေးဆိုင်
💠 မစိုး ဆေးဆိုင် ➡ ဗိုလ်ချုပ်ကြေးရုပ်အနီး။

ကောလင်း မြို့ မှ ၀ယ်ယူရရှိနိုင်သောဆေးဆိုင်
💠 ဇော် ဆေးဆိုင် ➡ ကောလင်းမြို့။

ပဲခူးတိုင်းဒေသကြီး
ပဲခူးမြို့မှ ဝယ်ယူရရှိနိုင်သောဆေးဆိုင်
💠​​ မေတ္တာဦးဆေးဆိုင် ➡၂၉လမ်းထိပ်၊နာရီစင်အနီး၊ပဲခူး မြို့။
💠 ဦးဘဌေးဆေးဆိုင် ➡ ပန်းလှိုင် ၂၄လမ်း ပဲခူးမြို့။

ပြည်မြို့
💠 ခိုင်ရွှေပွင့်ဆန်ဆိုင် ➡ အောင်မင်္ဂလာဈေးရှေ့။
💠 စွမ်းထက် ဆေးဆိုင် ➡ အမှတ်(၉၃) ရေဇရပ် ဗိုလ်ချုပ်လမ်း၊ ပြည်မြို့။

မြန်အောင်မြို့နယ်
💠အောင်ချမ်းသာ ဆေးဆိုင် ➡ ကြာနီကန်လမ်း၊မြန်အောင်မြို့။

တောင်ငူ မြို့ မှ ၀ယ်ယူရရှိနိုင်သောဆေးဆိုင်
💠 မြသီရိ ဆေးဆိုင် ➡ သံတောင်လမ်း၊စစ်တောင်းတံတားအနီး၊တောင်ငူမြို့။

ဖြူး မြို့ မှ ၀ယ်ယူရရှိနိုင်သောဆေးဆိုင်
💠 ချမ်းသာ တိုင်းရင်းဆေးခန်း ➡ အုတ်ဖြတ်လမ်း၊အ.ထ.က ၂ ကျောင်းအနီး၊ဖြူးမြို့။

ကျောက်တံခါးမြို့ မှ ၀ယ်ယူရရှိနိုင်သောနေရာ
💠 နေ တိုင်းရင်းဆေးခန်း ➡ ဦးစံကျော်လမ်း၊ကျောက်တံခါးမြို့။

ညောင်လေးပင် မြို့ မှ ၀ယ်ယူရရှိနိုင်သောနေရာ
💠 ဒေါ်အုန်းနွဲ့ဆေးဆိုင် ➡ စျေးအရှေ့အပြင်တန်း၊ညောင်လေးပင်မြို့။

ဒိုက်ဦးမြို့မှ ဝယ်ယူရရှိနိုင်သောဆေးဆိုင်
💠 မြနှင်းဆီဆေးဆိုင် ➡ မင်းလမ်း၊ဒိုက်ဦးမြို့။

ကရင်ပြည်နယ်
ဘားအံမြို့ မှ ၀ယ်ယူရရှိနိုင်သောဆေးဆိုင်
💠 လန်းဆန်း ဆေးဆိုင် ➡ အမှတ်(A) ပိတောက်လမ်း ၊ ဘားအံမြို့။

ကျုံဒိုးမြို့ မှ ၀ယ်ယူရရှိနိုင်သောဆေးဆိုင်
💠 ပဥ္စဂုဏ်ရည်ဆေးဆိုင် နှင့် တိုင်းရင်းဆေးကုခန်း ➡ ဗိုလ်ချုပ်လမ်း၊ ကျုံဒိုးမြို့။

မြဝတီမြို့မှ ဝယ်ယူရရှိနိုင်သောဆေးဆိုင်
💠အောင်သိဒ္ဓိ ဆေးဆိုင် ➡ ညစျေးအနီး၊မြဝတီမြို့။

မွန်ပြည်နယ်
ကျိုက်ထိုမြို့ မှ ဝယ်ယူရရှိနိုင်သော ဆေးဆိုင်
💠ရာသက်ပန်ဆေးဆိုင် ➡ ဗိုလ်ချုပ်လမ်း၊ကျိုက်ထိုမြို့။

သထုံမြို့ မှ ဝယ်ယူရရှိနိုင်သော ဆေးဆိုင်
💠 မြသစ်ခွဆေးဆိုင် ➡ အလယ်တန်းလမ်း၊သထုံမြို့။

မော်လမြိုင်မြို့ မှ ၀ယ်ယူရရှိနိုင်သောဆေးဆိုင်
💠 ​အေဝမ်း ဆေးဆိုင် ➡ မြေနီကုန်းရပ်၊သုဝဏ္ဏအိမ်ရာအနီး၊ဘူတာလမ်းမီးပွိုင့် မြို့ရှောင်လမ်းမော်လမြိုင်မြို့။
💠 သီရိရတနာဆေးဆိုင် ➡ ၉လမ်းထောင့်၊သီရိမြိုင်စျေးအနီး၊သီရိမြိုင်ရပ်၊မော်လမြိုင်။

မုဒုံမြို့ မှ ၀ယ်ယူရရှိနိုင်သောဆေးဆိုင်
💠 ထက်ချို ဆေးဆိုင် ➡ ဗိုလ်ချုပ်လမ်း၊မင်းတန်းရပ်၊မုဒုံမြို့။

သံဖြူဇရပ် မြို့ မှ ၀ယ်ယူရရှိနိုင်သောဆေးဆိုင်
💠 ဦးထွန်းလုံး ဆေးဆိုင် ➡ မြို့မစျေးအတွင်း၊သံဖြူဇရပ်မြို့။

ရန်ကုန်မြို့မှ ဝယ်ယူရရှိနိုင်သောနေရာများ

လမ်းမတော် မြို့နယ် မှ ၀ယ်ယူရရှိနိုင်သောနေရာ
💠 ကိုဝင်းမြင့်+မဘေဘီဆေးဆိုင် ➡ ကမ်းနားလမ်းနှင့် ၁၅လမ်းထောင့် လမ်းမတော်မြို့နယ်။

လသာမြို့နယ်မှ ဝယ်ယူရရှိနိုင်သော ဆေးဆိုင်
💠 ရွှေညာသားဆေးဆိုင် ➡၂၄လမ်း အလယ်ဘလောက် လသာမြို့နယ်။

တောင်ဥက္ကလာ မြို့နယ်မှ ဝယ်ယူရရှိနိုင်သော ဆေးဆိုင်
💠 ဒေါ်ခင်ရီဆေးဆိုင် ➡ အမှတ်(က)(၁၁-၄၀)၊နန္ဒဝန်စျေးသစ် ၊တောင်ဥက္ကလာ။

ရန်ကင်းမြို့နယ်မှ ဝယ်ယူရရှိနိုင်သော ဆေးဆိုင်
💠 ဒေါ်ခင်ရီဆေးဆိုင် ➡ မိုးကောင်း၊ကံဘဲ့ဘူတာရုံလမ်း၊ဒေါင်းဘုရားကျောင်းရှေ့(အုန်းသီးခွဲ ဘုရားကျောင်း)၊ရန်ကင်းမြို့နယ်။

တာ​မွေ မြို့နယ်မှ ဝယ်ယူရရှိနိုင်သော ဆေးဆိုင်
💠 ကျေးဇူးရှင်မြန်မာတိုင်းရင်းဆေးမျိုးစုံဖြန့်ချီရေး ➡အမှတ်၁၅ မြေညီမအူကုန်း၊ ၁၃၃လမ်း ၊မင်္ဂလာဈေးအရှေ့။
💠 ကိုအောင်မြင့် ဆေးဆိုင် ➡ ညောင်ပင်အနီး၊ဘုရားပန်းဆိုင်အနောက်၊တာမွေယာယီစျေးအတွင်း၊တာမွေ။

ကြည့်မြင်တိုင်\ အလုံ မှဝယ်ယူရရှိနိုင်သော ဆေးဆိုင်
💠 လပြည့်ည ဆေးဆိုင် ➡ အနောက်ပိုင်းဆေးရုံရှေ့၊ ဆေးရုံရှေ့မှတ်တိုင်နှင့် ဝိုက်တောမှတ်တိုင်အနီး၊ ကြည့်မြင်တိုင်မြို့နယ်။

စမ်းချောင်းမြို့နယ်မှ ဝယ်ယူရရှိနိုင်သော ဆေးဆိုင်
💠 ခိုင်လင်းကျော် ဆေးဆိုင် ➡ ရွှေမန်းမှတ်တိုင်၊ မြေနီကုန်းမီးပွိုင့်ထိပ်၊အမှတ်(၂၀၅A)၊ ရွှေမန်းရုပ်ရှင်ရုံဟောင်းနှင့်နီလာဒံ​ပေါက်ဆိုင် အနီး၊ ဗားဂရာလမ်း၊ စမ်းချောင်းမြို့နယ်။

လှိုင်မြို့နယ် မှဝယ်ယူရရှိနိုင်သောနေရာ
💠 ရွှေသရဖူ ဆေးဆိုင် ➡ သုခကားမှတ်တိုင်အနီး၊ အမှတ်(၈၃)၊ သုခအိမ်ရာရှေ့၊ ရန်ကုန်-အင်းစိန်လမ်း၊ I-Car service အနီး၊ လှိုင်မြို့နယ်။

မြောက်ဥက္ကလာ မြို့နယ်မှဝယ်ယူရရှိနိုင်သောဆေးဆိုင်
💠 ချမ်းမြေ့ကြည်ဆေးဆိုင် ➡ အမှတ် ဃ /၂၅၀၊ဝေပုလ္လ ၆ လမ်း ၊မြောက်ဥက္ကလာ။
💠 ဇီဝကဆေးဆိုင် ➡ ဈစျေးရှေ့၊မေဓာဝီလမ်း၊မြောက်ဥက္ကလာ။

မင်္ဂလာဒုံ မြို့နယ်မှ ဝယ်ယူရရှိနိုင်သောဆေးဆိုင်
💠 အောင်ပါစေ ဆေးဆိုင် ➡ ဝါယာလက်ဈေးအတွင်း၊ မင်္ဂလာဒုံ။

မြောက်ဒဂုံမှ ဝယ်ယူရရှိနိုင်သောဆေးဆိုင်
💠 စင်ရော် ဆေးဆိုင် ➡အမှတ် (၁၈၇) ၊ အုပ်လှငယ်လမ်း ၊ (၃၈) ရပ်ကွက် ၊ (၇-၈)လမ်းဆုံ မှတ်တိုင်အနီး၊ မြောက်ဒဂုံ။
💠 စွမ်းအားဆေးဆိုင် ➡ အမှတ်( ၁၂၂၈)၊(၄၁) ရပ်ကွက်၊ ​​ဗိုလ်မင်းရောင်လမ်းနှင့် ​ဗိုလ်ဂါမဏိလမ်းထောင့်၊မြောက်ဒဂုံ။

တောင်ဒဂုံမြို့နယ် မှ ဝယ်ယူရရှိနိုင်သော နေရာ
💠 ရတနာဆေးဆိုင် ➡ မောင်းမကန်သာလမ်း၊ တံတားထိပ်မှတ်တိုင်အနီး၊ တောင်ဒဂုံမြို့နယ်။

မရမ်းကုန်းမြို့နယ် မှဝယ်ယူရရှိနိုင်သောနေရာ
💠 မေတ္တာဦး ဆေးဆိုင် ➡ အမှတ် (၅၆)၊ ကျိုက်ဝိုင်းဘုရားရှေ့၊ ကျိုက်ဝိုင်းဘုရားမှတ်တိုင်၊ မရမ်းကုန်းမြို့နယ်။

အင်းစိန်မြို့နယ်မှ ဝယ်ယူရရှိနိုင်သောနေရာ
💠 ကိုထွန်း ဆေးဆိုင် (၃) ➡ အမှတ် (၁၆၂)၊ လှိုင်မြစ်လမ်း၊ အင်းစိန်ထောင်ရှေ့၊ ထောင်ဘူးဝမှတ်တိုင်၊ အင်းစိန်မြို့နယ်။

လှိုင်သာယာမြို့နယ် မှ ဝယ်ယူရရှိနိုင်သော ဆေးဆိုင်
💠 ကျေးဇူးကမ္ဘာဆေးဆိုင် ➡ (၅)၊ရပ်ကွက်မြမျိုးလွင်လမ်း၊အဆင့်မြင်မှတ်တိုင်အနီး၊အ.မ.က (၄၅)ကျောင်း ရှေ့။
09778000118

ရွှေပြည်သာမြို့နယ် မှဝယ်ယူရရှိနိုင်သောနေရာ
💠 လင်း ဆေးဆိုင် ➡ လျှပ်စစ်ရုံးရှေ့
(၆၄)ရပ်ကွက်၊ ကားကြီးဂိတ်မှတ်တိုင်၊ ရွှေပြည်သာမြို့နယ်။

သင်္ဃန်းကျွန်းမြို့နယ်မှ ဝယ်ယူရရှိနိုင်သောဆေးဆိုင်
💠 သစ်သစ်လွင်ပရဆေးဆိုင် ➡ စံပြစျေး၊မြေညီထပ် သင်္ဃန်းကျွန်း။

သုဝဏ္ဏမြို့နယ်
💠 ဦးသောင်းပရ ဆေးဆိုင် ➡သုဝဏ္ဏဈေးအတွင်း၊ရုံအမှတ်၂ ၊ ရဲစခန်းရှေ့ ၊ သုဝဏ္ဏ။
💠 အာရောဂျံ ဆေးဆိုင် ➡သုဝဏ္ဏစျေး၊ သုဝဏ္ဏ။
💠 ရွှေခွန်နီဆေးဆိုင် အမှတ် ၆၄ ခွန်နီ ၁ လမ်း ၂၉ လုံးချင်းအိမ်ရာရပ်ကွက် သုဝဏ္ဏ သင်္ဃန်းကျွန်း မြို့နယ်။

သန်လျင်မှ ဝယ်ယူရရှိနိုင်သော ဆေးဆိုင်
💠 သက်သာ ဆေးဆိုင် ➡ ဆေးရုံအောက်ကွေ့အနီး၊ ဗိုလ်ချုပ်နေဝင်းလမ်းနှင့် ပြည်တော်သာလမ်း၊ သန်လျင်မြို့နယ်။

လှည်းကူးမြို့နယ်မှ ဝယ်ယူရရှိနိုင်သော ဆေးဆိုင်
💠 သစ္စာ ဆေးဆိုင် ➡ အမှတ်(၁၆၁)၊​ဆေးရုံရှေ့၊မီးပွိုင့်အနီး၊ဖော့ကန်မိန်းလမ်း၊လှည်းကူး။

ဧရာဝတီတိုင်းဒေသကြီး

ပုသိမ်မြို့မှ ဝယ်ယူရရှိနိုင်သော နေရာ
💠 ကိုဝေယံ ➡ ◇အမှတ် ၉၁၇ဖူဆယ်ကွင်းရှေ့ လမ်းကုန်းပေါ် ၊ယိုးဒယားကုန်းရပ်ကွက်၊ပုသိမ်မြို့။
💠 ကိုဖိုးဖြူလေး ဆေးဆိုင်➡စံကားဝါလမ်းနှင့်မင်းကြီးလမ်း ကြား၊ကမ်းနားလမ်း ပုသိမ်မြို့။

မြောင်းမြ မြို့ မှဝယ်ယူရရှိနိုင်သော ဆေးဆိုင်
💠 ရွှေ မန္တလေးဆေးဆိုင် ➡ အမှတ် ၂၉၈ ၊ဦးဘချိူလမ်းနှင့် ၁၀ လမ်းထောင့် ၊မြောင်းမြ။

ဖျာပုံမြို့နယ်မှ ဝယ်ယူရရှိနိုင်သော နေရာ
💠 သိဒ္ဓိရှင် ဆေးဆိုင်➡အမှတ် PHB9 မြို့မစျေး အပြင်တန်း၊၊ နေသူရိန်လမ်း ဖျာပုံ။

ဟင်္သာတမြို့ မှ ဝယ်ယူရရှိနိုင်သောဆေးဆိုင်
💠ကိုအေးကျော် အမှတ်၂၉၈၊ မနော်ဟရီလမ်း
ဥယျာဥ်မြောက်ရပ်ကွက် စိန်ကမ္ဘာတိုက် ဟင်္သာတမြို့။
💠 အောင်သီရိထွန်း ဆေးဆိုင် ➡C 1 အာယကာတိုက်တန်း၊ ဟင်္သာတမြို့။

ကျုံပျော်မြို့
💠 ဆုရွှေသာ တိုင်းရင်းဆေး ➡ ပိတောက်ရွှေဝါလမ်း တေဇရပ်ကွက်၊ကျုံပျော်မြို့။

ညောင်တုန်းမြို့နယ်မှ ဝယ်ယူရရှိနိုင်သော နေရာ
💠 မေတ္တာမွန်ဆေးဆိုင်➡၅ရပ်ကွက်၊အုပ်ချုပ်ရေးမှူးရုံးအနီး၊ညောင်တုန်း။

မအူပင်မြို့နယ်မှ ဝယ်ယူရရှိနိုင်သော နေရာ
💠 ရိုစီဆေးဆိုင်➡ရေလဲလမ်း မီးပွိုင့်အနိး မအူပင်

တနင်္သာရီတိုင်းအတွင်း ၀ယ်ယူရရှိနိုင်သောဆေးဆိုင်
ထားဝယ်မြို့မှ ဝယ်ယူရရှိနိုင်သောဆေးဆိုင်
💠 အလှသစ်ဆေးဆိုင် ➡ အမှတ် ၄၁ ရေးလမ်း၊မြို့တွင်းရပ်၊ထားဝယ်မြို့။

မြိတ်မြို့
💠 စွမ်း ဆေးဆိုင် ➡ အမှတ်(၃၄)၊ အမကကျောင်းလမ်း၊ မြစ်ငယ်၊ မြိတ်မြို့။

Chat box မှာစုံစမ်းခြင်း📞 09988083726 သို့ ဆက်သွယ်၍လည်း စုံစမ်းနိုင်​ပါသည်။

သွားရလာရခက်ခဲပြီးအရောက်ပို့ဝန်ဆောင်မှုနဲ့မှ အဆင်ပြေသူများ Zego Bird Online Shop မှလည်း မှာယူနိုင်ပါပြီ
ဆက်သွယ်ရန်📞09400605001 / 09400605002 / 09400605003 /09400605004 /09400605005

ပင်ရင်း။ အောင်နန်းတော်ဆေးတိုက် ရေထွက်ရပ်ကွက်၊ပုသိမ်ကြီးမြို့နယ် ၊မန္တလေးမြို့။ 09988083726 ၊ 09951043613
(​ဆေးတိုက်လိပ်စာ ပြောင်းရွှေ့ထားပါသည်။မန္တလေးမြို့မှ လာရောက်ဝယ်ယူလိုသူများအနေဖြင့် ဆိုင်တော်တော်များများတွင် တင်ထားပါပြီ။မိမိနေထိုင်သော နေရပ်လိပ်စာနှင့်အနီးဆုံးနေရာညွှန်ပေးပါသည်။)

Address


Telephone

+959988083726

Website

Alerts

Be the first to know and let us send you an email when အောင် ဒိုင်း တိုင်းရင်းဆေးဝါးဖြန့်ချီရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your practice to be the top-listed Clinic?

Share