Happy Mind-Happy Life ပျော်ရွှင်သော စိတ် - ပျော်ရွှင်သော ဘဝ

  • Home
  • Myanmar
  • Mandalay
  • Happy Mind-Happy Life ပျော်ရွှင်သော စိတ် - ပျော်ရွှင်သော ဘဝ

Happy Mind-Happy Life ပျော်ရွှင်သော စိတ် - ပျော်ရွှင်သော ဘဝ စိတ်ကျန်းမာ-အရက်စွဲ-မူးယစ်ဆေးစွဲ နှင့်ပတ်သက်၍ သိလိုသည်များကို အကြံဉာဏ်ရယူနိုင်ပါသည်

 #အတက်ရောဂါ- လူတစ်ယောက်တက်နေတဲ့အချိန် ဘေးကလူတွေက ပြာပြာသလဲလဲ ကြောက်လန့်နေတတ်ပီး လူနာကိုဖိတာ၊ ခြေချိုးတာ၊ ပါးစပ်ထဲ ဇွန်းတ...
12/08/2024

#အတက်ရောဂါ
- လူတစ်ယောက်တက်နေတဲ့အချိန် ဘေးကလူတွေက ပြာပြာသလဲလဲ ကြောက်လန့်နေတတ်ပီး လူနာကိုဖိတာ၊ ခြေချိုးတာ၊ ပါးစပ်ထဲ ဇွန်းတွေထည့်တာတွေ လုပ်မိပါက နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်ပေါ်နိုင်ပါတယ်
- တက်နေတဲ့ အချိန်ထက်စာရင် တက်တဲ့အချိန် လုပ်နေတဲ့ အပြုအမူတွေ(ဥပမာ-လှေကားတက်နေတာ၊ ဆိုင်ကယ်စီး၊ ကားမောင်းနေတာတွေ) ကတာ ဆိုးကျိုးဖြစ်ပေါ်မှုပိုများတာပါ
- အတက်ရောဂါနဲ့ ပတ်သက်ပီး သိလိုသည်များကို cb မှ မေးမြန်းနိုင်ပါတယ်

25/03/2024

စိတ်ကျန်းမာရေးနှင့် စစ်မှုထမ်းကင်းလွှတ်ခွင့်ပြုခြင်း

- စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းကင်းလွှတ်ခွင့်ပြုသူများမှာ စိတ်ပေါ့သွပ်နေသူများဟု ပါပါတယ်
- စိတ်ကျန်းမာရေးရောဂါအောက်တွင် ရောဂါအမျိုးအစားများစွာရှိတဲ့အတွက် ရောဂါအားလုံးကို ဆိုလိုတာ မဟုတ်ပါဘူး
- စိတ်ပေါ့သွပ်နေသူများဆိုသည်မှာ စိတ်ဖောက်ပြန်ရူးသွပ်နေပီး ဘဘာဝတရားနှင့် ကင်းကွာကာ မိမိ၏ လုပ်ငန်းတာဝန်များ မလုပ်နိုင်သော အခြေအနေတွင်ဆေးကုသရမည့် အခြေအနေကို ဆိုလိုတာ ဖြစ်ပါတယ်
- ထိုအခြေအနေတွင်လည်း အစိုးရစိတ်ကျန်းမာရေးဆေးရုံတွင်သာ ဆေးရုံတက် ဆေးကုသမှု ခံယူရမှာ ဖြစ်ပါတယ်
- စိတ်ရောဂါအတွက် ဆေးစာထုတ်ပေးခြင်းသည် လိုအပ်ပါက အစိုးရစိတ်ကျန်းမာရေးဆေးရုံမှာ ၁ လမှ ၆ လ တက်ရောက်ကြည့်ရှုပီး ဆေးဘုတ်အဖွဲ့မှသာ မှတ်ချက်ပြုထုတ်ပေးခြင်းဖြစ်ပါတယ်
- စိတ်ကျန်းမာရေး ရှိဖူးခြင်း/ ဆေးကုနေခြင်းသည် ဆေးမှတ်တမ်းတစ်ခုသာ ဖြစ်ပါတယ်
- စစ်မှုထမ်းခွင့်ကင်းလွှတ်ခွင့် ပြုခြင်းသည် တပ်မတော်ဆေးစစ်အဖွဲ့မှ ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်
- စိတ်ကျန်းမာရေးလက္ခဏာရှိရုံ / ပြောရုံဖြင့် ဆေးစာအုပ်များရယူတင်ပြခြင်းသည် ဆေးမှတ်တမ်းတစ်ခုမျှသာဖြစ်ပီး ထောက်ခံစာပေးထားခြင်း/ဆေးစာပေးထားခြင်းမဟုတ်ပါ- လိမ်လည်ပြောဆိုတင်ပြပါက စစ်မှုထမ်းရန် လိမ်လည်ရှောင်ရှားမှုဖြစ်ပါက ပြစ်မှုဖြစ်နိုင်ပီး အရေးယူခံရနိုင်ပါတယ်

24/02/2024

အရက်-မူးယစ်ဆေးဝါးတွေက စိတ်နိုင်ရင် ပြတ်တယ်????

- အရက်နဲ့ မူးယစ်ဆေးဝါးစွဲလမ်းခြင်းတွေမှာ အစောပိုင်းမှာ အပျော်သသော၊ အပန်းဖြေဖို့ သောက်ရာ သုံးရာမှ မိမိကိုယ်ကို သတိမထားမိခင်မှာပဲ စွဲလမ်းခြင်းအဆင့် ရောက်သွားကြပါတယ်
- ပထမတော့ သောက်ရင် ဆေးသုံးရင် နေလို့ကောင်းလို့ ပျော်လို့ သောက်ရာ သုံးရာကနေ နောက်ပိုင်းမှာ မသောက်ရ မသုံးရတာကို မနေနိုင် ခံရခက်တာ သက်သာဖို့ သောက်ရ သုံးရတယ်ဆို စွဲလမ်းခြင်းအဆင့် ရောက်လာပါပီ
- စိတ်နိုင်တာ စိတ်ထိန်းနိုင်တာ တစ်ခုထဲနဲ့တော့ ပြတ်ဖို့ ခက်ခဲနိုင်ပေမယ့် ဆေးဖြတ်တာ အရက်ဖြတ်တာမှာ လူနာရဲ့ မိမိစွဲလမ်းတဲ့ အခြေအနေကို သိရှိလက်ခံပီး ကျော်လွှားချင်စိတ်ရှိအောင် တိုက်တွန်းပြောကြားဖို့ လိုပါတယ်
- လူနာမိသားစုဝင်အနေနဲ့လည်း လူနာရဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေကို အဆိုးမြင် ရှုံချမယ့်အစား အားပေးကူညီအကောင်းမြင်တဲ့ စိတ်ထားရှိဖို့ လိုအပ်ပါတယ်
- အပင်တစ်ပင် ကောင်းမွန်ဖြစ်ထွန်းဖို့ဆို မျိုးစေ့၊ မြေဩဇာ၊ ရေမြေပတ်ဝန်းကျင် ကောင်းဖို့ လိုအပ်သလိုပဲ စွဲလမ်းခြင်းကနေ ကျော်လွှားနိုင်ဖို့ လူနာ၊ မိသားစုဝင်၊ ကုသပေးမယ့် ဆရာဝန်တွေ အားလုံးပါဝင်မှသာ ကောင်းမွန်သော အခြေအနေများကို ဖြစ်ပေါ်ရရှိနိုင်မှာ ဖြစ်ပါတယ်

* အရက်ဖြတ် ဆေးဖြတ်ခြင်းနှင့် ပတ်သက်၍ သိရှိလိုသည်များကို messenger မှ မေးမြန်နိုင်ပါတယ် *

မှတ်ဉာဏ်(သတိ)လျော့နည်းခြင်း/အယ်ဇိုင်းမားရောဂါ/သူငယ်ပြန်ခြင်း- ကုသမှုဆိုင်ရာ အကြံဉာဏ်များ မေးမြန်နိုင်ပါသည်
23/11/2023

မှတ်ဉာဏ်(သတိ)လျော့နည်းခြင်း/အယ်ဇိုင်းမားရောဂါ/သူငယ်ပြန်ခြင်း

- ကုသမှုဆိုင်ရာ အကြံဉာဏ်များ မေးမြန်နိုင်ပါသည်

25/10/2023
October 10th - World Mental Health Day “Mental health is a universal huma right”"စိတ်ကျန်းမာရေး စောင့်ရှောက်ပေး လူသားတို...
10/10/2023

October 10th - World Mental Health Day
“Mental health is a universal huma right”
"စိတ်ကျန်းမာရေး စောင့်ရှောက်ပေး လူသားတိုင်းရဲ့အခွင့်အရေး"

စိတ်ကျန်းမာရေးကုသခြင်းဆိုင်ရာ သိရှိလိုသည်များရှိပါက CB မှ မေးမြန်းနိုင်ပါသည်
12/03/2023

စိတ်ကျန်းမာရေးကုသခြင်းဆိုင်ရာ သိရှိလိုသည်များရှိပါက CB မှ မေးမြန်းနိုင်ပါသည်

26/01/2023

စိတ်ဆေးတွေကို စွဲနေတာနဲ့ စွဲသောက်ဖို့ လိုတာ ဘာကွာပါလဲ???

- စိတ်ဆေးတွေ ရေရှည်သောက်ရင် ဆေးစွဲမယ်ဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိတတ်ပါတယ်
- ဆေးမသောက်တဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာ လက္ခဏာ ပြန်လည်ခံစားရတတ်ပါတယ်
- ဒီနေရာမှာ ဆေးကို စွဲသောက်ဖို့ လိုခြင်းနဲ့ ဆေးစွဲနေတာကို သေချာသိဖို့ လိုလာပါတယ်
- ဆေးစွဲသောက်ဖို့လိုတဲ့ စိတ်ကျန်းမာရေးရောဂါမှာ ဆေးပတ်လည်အောင်မသောက်ပါက နဂိုခံစားရတဲ့ စိတ်လက္ခဏာများပြန်လည်ခံစားရတတ်ပါတယ်
- မိမိသဘောအရ ဆေးကို သောက်နေရင်း ဆေးစွဲနေတယ်ဆိုရင်တော့ နဂိုစိတ်လက္ခဏာများအပြင် ဆေးပြတ်လက္ခဏာဆိုးကျိုးများကိုပါ ခံစားရစေပါတယ်
- ဒါကြောင့် မိမိစိတ်ကျန်းမာရေးအတွက် ဆေးသောက်မယ်-ဆေးဖြတ်တော့မယ်ဆိုရင် စိတ်ကျန်းမာရေးဆရာဝန်များနဲ့ သေချာတိုင်ပင်ပီးမှသာ ကုသမှုခံယူသင့်ပါတယ်

 ***de #မိမိကိုယ်ကိုသတ်ရန်အားထုတ်ခြင်း- မိမိကိုယ်ကို သတ်သေရန် အားထုတ်ခြင်းသည် ဥပဒေအရ ခွင့်ပြုထားခြင်းမရှိပါ - ပြစ်မှုမြေ...
23/10/2022

***de
#မိမိကိုယ်ကိုသတ်ရန်အားထုတ်ခြင်း

- မိမိကိုယ်ကို သတ်သေရန် အားထုတ်ခြင်းသည် ဥပဒေအရ ခွင့်ပြုထားခြင်းမရှိပါ - ပြစ်မှုမြောက်ပါတယ်

- ပြုလုပ်သောသူသည် အမှုဖွင့်အရေးယူခြင်း ခံရပါက အာမခံရပြီး အမှုရင်ဆိုင်နိုငသော်လည်း အမှုမှာ ကျေအေးခွင့်မရှိပါ - အခန့်မသင့်ပါက ထောင်ဒါဏ်ကျခံရနိုင်ပါတယ်

- လူဆိုသည်မှာ မိမိကိုယ်ကို အချစ်ဆုံးဖြစ်ပါတယ် - လူအပါအဝင် သတ္တဝါများဟာ သေရမှာ ကြောက်ကြပါတယ်

- သေချင်သော စိတ်ဆန္ဒထက် လက်ရှိပြဿနာများကို ရှောင်ထွက်လိုခြင်း ၊ မဖြေရှင်းနိုင်တော့ခြင်းများကြောင့်ပြုလုပ်ကြတာဖြစ်ပါတယ်

- သတ်သေရန်ဖြစ်စေသော စိတ်ရောဂါများ၊ ကိုယ်ခန္တာရောဂါများ ၊ လူမှုစီးပွါးရေးအခြေအနေများက အဖြစ်များပါတယ်

- စိတ်ကျန်းမာရေးနှင့် ခန္တာကိုယ် ရောဂါများအတွက် ကျွမ်းကျင်နားလည်သော ဆရာဝန်နှင့် ပညာရှင်များရဲ့ အကူအညီ အကြံဉာဏ်များကို social media - Facebook များမှ တဆင့် ယခုအခါ ပိုမိုလွယ်ကူရှာ အဖြေရှာ အကြံဉာဏ်များကို ရယူနိုင်ပါတယ်

-လူမှုရေး စီးပွါးရေး ပြဿနာများကိုလည်း မိသားစု-မိတ်ဆွေများမှလည်း ဖွင့်ပြောခြင်း-အကူအညီများဖြင့်လည်း အထောက်အကူဖြစ်နိုင်ပါတယ်

***deမိမိကိုယ်ကိုယ်သတ်သေခြင်းနှင့်ပိုမိုသိရှိလိုသည်များရှိပါကCBမှမေးမြန်းနိုင်ပါတယ်

09/10/2022

#စိတ်လူနာရန်ရှာပီးသောင်းကျမ်းနေရင်ဘယ်လိုဆေးရုံတင်လို့ရလဲ?

-စိတ်လူနာတစ်ယောက်က ရန်လိုသောင်းကျမ်းနေပီး မိမိကိုယ်ရယ် ပတ်ဝန်းကျင်ကိုရယ် အန္တရာယ်ရှိနိုင်ရင် မဖြစ်မနေ ဆေးရုံတင်ဆေးကုသမှုခံယူရပါမယ်

-စိတ်ဆေးရုံသို့ လူနာရဲ့ မိသားစုဝင်များမှ ပို့ဆောင်ကုသနိုင်ပါတယ်

-လူနာက ငြင်းဆန်ပြီးခေါ်ရန် အခက်အခဲရှိပါက သက်ဆိုင်ရာ နယ်မြေခံရဲစခန်းသို့ အကြောင်းကြား၍ ရဲမှ ဖမ်းခေါ်ပို့ဆောင်ရပါမယ် (သူရူးဥပဒေ ပုဒ်မ-၁၃ အရ)

-တရားရုံးမှ အမိန့်စာထွက်၍လည်း လူနာကို ဆေးကုသမှု စေလွှတ်ခိုင်းနိုင်ပါတယ်

-စိတ်လူနာအား မိသားစုဝင်များမှ ဆေးကုသမှုမခံယူသောကြောင့် လူနာနှင့် ပတ်ဝန်းကျင်အား အန္တရာယ်ဖြစ်စေပါက မိသားစုဝင်များသည် လျစ်လျုရှုမှု-ပစ်ပယ်ထားမှုဖြင့် တရားစွဲခံရထောင်ကျနိုင်ပါတယ်-(ပုဒ်မ ၁၅ အရ)

-သောင်းကျမ်းအန္တရာယ်ရှိတဲ့ စိတ်လူနာကို ရပ်ကွက်ပတ်ဝန်းကျင်-ပရဟိတအသင်းအဖွဲ့မှ တိုက်ရိုက်ဖမ်းချုပ်၍ ဆေးရုံတင်လို့ မရပါဘူး

 (အိပ်မပျော်ခြင်းရောဂါ) (အိပ်မပျော်ခြင်းရောဂါ)အတွက် ကုသရာတွင် ဆေးမပေးခြင်းနှင့် ဆေးပေးကုသခြင်း (၂)မျိုးဖြင့် ကုသရပါတယ်  ...
24/09/2022

(အိပ်မပျော်ခြင်းရောဂါ)
(အိပ်မပျော်ခြင်းရောဂါ)အတွက် ကုသရာတွင် ဆေးမပေးခြင်းနှင့် ဆေးပေးကုသခြင်း (၂)မျိုးဖြင့် ကုသရပါတယ်
#စိတ်မပျော်ခြင်းကိုဖြစ်စေသောစိတ်ရောဂါများနှင့်ခန္တာကိုယ်ပိုင်းဆိုင်ရာရောဂါများက်ုလည်းကုသရန်လိုပါတယ်
(အိပ်မပျော်ခြင်းရောဂါ)နှင့် သိရှိလိုသည်များရှိပါက CB မှတဆင့် မေးမြန်းနိုင်ပါတယ်

 #အစိုးရဆေးရုံများရှိစိတ်ကျန်းမာ-မူးယစ်နှင့်ပြသနိုင်သောပြည်နယ်နှင့်တိုင်းများရှိlistပါ #ဆေးရုံများတွင်စိတ်ပြင်ပလူနာပြသခြ...
16/09/2022

#အစိုးရဆေးရုံများရှိစိတ်ကျန်းမာ-မူးယစ်နှင့်ပြသနိုင်သောပြည်နယ်နှင့်တိုင်းများရှိlistပါ
#ဆေးရုံများတွင်စိတ်ပြင်ပလူနာပြသခြင်း၊ဆေးရုံတင်ခြင်း၊မူးယစ်ဆေးစွဲကုသခြင်းများနှင့် သိရှိလိုသည်များရှိပါက မေးမြန်းစုံစမ်းနိုင်ပါသည်

Address

Mandalay

Alerts

Be the first to know and let us send you an email when Happy Mind-Happy Life ပျော်ရွှင်သော စိတ် - ပျော်ရွှင်သော ဘဝ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share