Genius International School Mandalay

Genius International School Mandalay 🧚🏻‍♀️ Early Childhood Care and Development Center

Playing puzzle games helps develop and improve cognitive skills.ပဟေဠိဂိမ်းများ ကစားခြင်းသည် စဉ်းစားတွေးခေါ်နိုင်စွမ်း၊ အ...
22/01/2026

Playing puzzle games helps develop and improve cognitive skills.

ပဟေဠိဂိမ်းများ ကစားခြင်းသည် စဉ်းစားတွေးခေါ်နိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်းနှင့် ဉာဏ်ရည်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို ဖွံ့ဖြိုးတိုးတက်စေပါသည်။


-development
-skill
#

“Building tall towers with little hands and big confidence!” 🧱✨🏠 အမှတ်၄၄၊ ၅၅လမ်း၊ ၃၆-၃၇ လမ်းကြား၊ရဲမွန်တောင်၊ မန္တလေး။☎️...
22/01/2026

“Building tall towers with little hands and big confidence!” 🧱✨

🏠 အမှတ်၄၄၊ ၅၅လမ်း၊ ၃၆-၃၇ လမ်းကြား၊ရဲမွန်တောင်၊ မန္တလေး။

☎️09794298292, 09961565515
☎️09784949946

🏆GENIUS International Preschool🏆
🏠 No. 44, 55street, between 36*37 street, Ye Mon Taung, Mandalay.

22/01/2026
22/01/2026

Playing games

21/01/2026

ကလေးတွေ ဖွံဖြိုးဖို့ အတွက် အရေးကြီးတဲ့သော့ချက်တခု
==========================
ချစ်ခြင်း မေတ္တာ နဲ့ ချီးမွမ်းခြင်းက ကလေးတွေ ဖွံ့ဖြိုးဖို့ အတွက် အရေးကြီးတဲ့ သော့ချက်တခုပါ ။
ချစ်ခြင်း မေတ္တာ များများ ရတဲ့ ကလေးရဲ့ စိတ်ဟာ လုံခြုံတယ် နွေးထွေးတယ် ၊ကိုယ့်ကို ကိုယ် ယုံကြည်မှုရှိတယ်၊ ပျော်ရွင်ပါတယ် ။ ဒီလို ကလေးမျိုး က သင်လွယ် တတ်လွယ် ပြီး သူငယ်ချင်းတွေ နဲ့ သဟဇာတ ဖြစ်အောင် နေတတ်လာပါတယ် ။

မေတ္တာ ဆိုတာ ကလေး မှ မဟုတ်ပါဘူး လူတိုင်း အတွက်ပါ အရေးကြီးပါတယ် ။ချစ်ခြင်း မေတ္တာ နဲ့ လွမ်းခြုံ ပြီး ပျော်ရွင်နေတဲ့ လူတစ်ယောက်ဟာ စွမ်းဆောင်ရည် ပိုပြီး မြင့်မားပါတယ် ။
မေတ္တာ ဆိုတာ ဘာမျှော်လင့်ချက်မှ မပါတဲ့ သူတပါး ကို စိတ်ချမ်းသာ ပျော်ရွင် စေခြင်းလို့ ယုံကြည်ပါတယ် ။
ကျွန်မ ကလေးတွေကို နေ့တိုင်း ပြောရတဲ့စကားက
"သားကို ချစ်တယ်နော်"
" သမီး ကို ချစ်တယ်နော် " လို့ပြောပြီး ပွေ့ဖက်ခြင်းပါ။
သူတို့ လေးတွေ ပြုံးပြီး ကျေနပ်နေတဲ့ မြင်ရတာပျော်ပါတယ် ။ ဘယ်ကလေးမှ မေတ္တာ မလိုချင်တဲ့ သူ မရှိပါဘူးရှင်

21/01/2026

ပျော်ပျော် ရွင်ရွင် ကစားရင်း သင်

17/01/2026

ကလေးကို မူကြို ထားတော့မယ်ဆိုရင် ဒီမေးခွန်းလေးတွေကို အရင် ဖြေကြည့်ပါ

A child who grows up learning to share learns to be considerate.မျှဝေမှုနဲ့ ကြီးပြင်းလာတဲ့ ကလေးဟာ သဘောထားကောင်းပြီး အခြာ...
16/01/2026

A child who grows up learning to share learns to be considerate.

မျှဝေမှုနဲ့ ကြီးပြင်းလာတဲ့ ကလေးဟာ သဘောထားကောင်းပြီး အခြားသူများကို ထောက်ထားစဉ်းစားတတ်လာပါသည်။

🏠 အမှတ်၄၄၊ ၅၅လမ်း၊ ၃၆-၃၇ လမ်းကြား၊ရဲမွန်တောင်၊ မန္တလေး။

☎️09794298292, 09961565515
☎️09784949946

🏆GENIUS International Preschool🏆
🏠 No. 44, 55street, between 36*37 street, Ye Mon Taung, Mandalay.

13/01/2026

Happy Birthday Our Little star 🌟Jewel 🎂🥳
May your days be filled with joy, learning, and laughter.
Warm wishes from all teachers at Genius International School .
Nwe Nwe Phyu


🎉

က လေးတို့ရဲ့အ ရေးကြီးတဲ့ပထမအ စောပိုင်းနှစ်များ====================================က လေးဘက်စုံဖွံ့ဖြိုးမှု (သို့) ဖွံ့ဖြိ...
12/01/2026

က လေးတို့ရဲ့အ ရေးကြီးတဲ့ပထမအ စောပိုင်းနှစ်များ
====================================
က လေးဘက်စုံဖွံ့ဖြိုးမှု (သို့) ဖွံ့ဖြိုးမှုငါးရပ်
=============================

(1) ကာယပိုင်းဆိုင်ရာဖွ့ံဖြိုးမှု (Physical Development)
--------------------------------------------------------------
ကာယပိုင်းဆိုင်ရာဖွ့ံဖြိုးမှုတွင် Gross Motor Skills လို့ခေါ်တဲ့ ကြွက်သားကြီးများနှင့် Fine Motor Skills လို့ခေါ်တဲ့ ကြွက်သားငယ်များဖွံ့ဖြိုးဖို့ လိုအပ်ပါတယ်။

- Gross Motor Skills လို့ခေါ်တဲ့ ကြွက်သားကြီးများဖွ့ံဖြိုးဖို့အတွက် က လေးငယ်များကိုပြေးခြင်း ခုန်ခြင်း ခြေတစ်ပေါင်ကျိုးခုန်ခြင်း သုံးဘီးစက်ဘီးစီးခြင်းကဲ့သို့ လှုပ်ရှားမှုများကိုလုပ်ဆောင်ပေးရပါမယ်။ကြွက်သားကြီးများဖွံ့ဖြိုးတဲ့က လေးဟာ မိမိကိုယ်ကိုယုံကြည်မှာပိုပြီးတော့ရရှိစေပါတယ်။

- Fine Motor Skills လို့ခေါ်တဲ့ ကြွက်သားငယ်များဖွံ့ဖြိုးဖို့အတွက် ပုတီးသီခြင်း ပုံဆွဲခြင်း ကြယ်သီးတပ်ခြင်း ကတ်ကြေးညှပ်ခြင်း ဇွန်းသုံးခြင်း စသည်တို့ကိုလုပ်ဆောင် ပေးရပါမယ်။
- စာ အ ရေးမသင်ခင် ကြွက်သားငယ်များဖွံ့ဖြိုးဖို့ လိုအပ်ပါတယ်။

(2) အသိဉာဏ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု (Mental Development)
-----------------------------------------------
- က လေးငယ်တို့အတွက် လွတ်လပ်ပြီးလှုံ ့ဆော်မှုအားကောင်းတဲ့ပတ်ဝန်းကျင်နဲ့ သင်ယူစရာတွေများလေ ဦးနှောက်ဆဲလ်လှုပ်ရှားမှုများလေဖြစ်ပြီး အသိဉာဏ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ပိုမိုအ ထောက်အကူဖြစ်စေပါတယ်။
ဥပမာ- က လေး နှင့် အပြန်အလှန်ပြောဆိုခြင်း စာဖတ်ခြင်း တေးသီချင်းအတူတကွဆိုခြင်း ကဗျာရွတ်ခြင်း ဆေးရောင်ခြယ်ခြင်း ပစ္စည်းများရေတွက်ခြင်း ပုံပြင်ပြောပြခြင်းဖြင့် သိမှာအပိုင်း Cognitive ကိုဖွ့ံဖြိုးစေနိုင်ပါတယ်။

(3) စာရိတ္တပိုင်းဆိုင်ရာဖွံ ့ဖြိုးမှု (Moral Development )
---------------------------------------------------------------
- စာရိတ္တ နဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ဖို့ လိမ္မာ ယဉ်ကျေးပြီးစိတ်ထားဖြူစင်တဲ့ လူကြီးတစ်ယောက်ဖြစ်လာ စေဖို့ ငယ်စဉ်ရှေးဦးနှစ်များကတည်းက စိတ်ဓာတ်နဲ့အပြုအမူကောင်းများကိုပျိုးထောင်ပေးဖို့လိုအပ်ပါတယ်။

- အဲဒီလိုပျိုးထောင်ရာမှာ Thought လို့ခေါ်တဲ့ အ တွေးကစပြီးပြင်ပေးမှ မှန်ကန်တဲ့စိတ်ခံစားမှု အပြုအမူ အ လေ့အကျင့်ကောင်းများမှတဆင့် ပင်ကိုအရည်အ သွေးကောင်းကိုရနိုင်မှာပါ။ဒါပေမဲ့ က လေးကိုလူကြီးတစ်ယောက်လိုစကားလုံးများသုံးပြီးပြောဆိုဆုံးမခြင်းထက် ပုံပြင်များဇာတ်ကောင်များဖန်တီး၍မှတ်သားနားလည်စေခြင်းက ပိုမိုကောင်းမွန်တဲ့နည်းလမ်းဖြစ်ပါတယ်။
အထိ ရောက်ဆုံးက တော့ မိဘများနဲ့က လေးပြုစုစောင့်ရှောက်သူများကိုယ်တိုင် က လေးငယ်ရဲ့ရှေ့မှာစံပြ အ နေ နဲ့ အပြုအမူကောင်းများနှင့် ပြောဆိုနေထိုင်ပြဖို့ပင်ဖြစ်ပါတယ်။

(4) စိတ်ခံစားမှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု (Emotional Development)
----------------------------------------------------
- Emotional Development လို့ခေါ်တဲ့ စိတ်ခံစားမှုဖွံ့ဖြိုးခြင်းဟာ က လေးဘဝတွင်သာမက လူကြီးတစ်ယောက်ဖြစ်လာတဲ့အထိ အ ရေးပါပါတယ်။
IQ လို့ခေါ်တဲ့ဉာဏ်ရည် ဉာဏ်သွေးဘယ်လောက်မြင့်မားနေပါစေ EQ လို့ခေါ်တဲ့ စိတ်ခံစားမှုဖွံ ့ဖြိုးမှုမရှိရင် ဘဝမှာ အောင်မြင်မှုရေ ရှည် မရ နိုင်ကြောင်းပညာရှင်များက သုံးသပ်ထားပါတယ်။ စိတ်ခံစားမှုများကိုကောင်းစွာနားလည်သူများဟာ ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေ နေထိုင်တတ်ကြပါတယ်။သူတို့ဟာ သူတို့ရဲ့ခံစားမှုကို နားလည်ပြောပြနိုင်သလို သူတစ်ပါးရဲ့ခံစားချက်ကိုလည်း နားလည်တတ်ပါတယ်။

- သူတို့ရဲ့ စိတ်ကိုနားလည်ထိန်းချုပ်နိုင်သူများဖြစ်ပြီး ဒေါသစိတ်ကြောင့်ကြမ်းတမ်းစွာ တု့ံပြန်လေ့မရှိပါ။စိတ်ခံစားမှုဖွံ ့ဖြိုးတဲ့ က လေးဟာ လွတ်လပ်ပျော်ရွှင်စွာနေထိုင်တတ်ပြီး ကျောင်းတက်ရာမှာစိတ်ဖိစီးမှုမရှိဘဲ သက်သောင့်သက်သာနဲ့ တက်ကြရပါတယ်။ ဒါကြောင့် က လေးကိုခံစားမှုအ ကြောင်းနဲ့ မိမိကိုယ်တိုင်ထိန်းသိမ်းမှု တွေ အ ကြောင်းကို ဘဝရဲ့ အ စောပိုင်းနှစ်များတွေမှာ သင်ကြားပေးလို့ရပါတယ်။ က လေးရဲ့စိတ်ခံစားမှုကို သိကြောင်းပြပြီး ကိုယ့်ရဲ့စိတ်ခံစားချက်ကိုလည်း က လေးကို သိစေခြင်းဖြင့် ခံစားမှုနဲ့ဆိုင်တဲ့ ဦးနှောက်ဆဲလ်ဆက်သွယ်ခြင်းကိုကူညီနိုင်ပါတယ်။

(5) လူမှုဆက်ဆံရေးဆိုင်ရာဖွံ့ဖြိုးမှု(Social Development)
----------------------------------------------
- ဘဝ အောင်မြင်ရေး ဗလငါးတန်အနက်က မိတ္တဗလလို့ ခေါ်တဲ့မိတ်ကောင်းဆွေ ကောင်းပေါများပြည့်စုံ စေ ဖို့ငယ်စဉ်ကတည်းက လူမှုဆက်ဆံရေးဖွံ ့ဖြိုးမှုကို အ လေးပေးသင့်ပါတယ်။ လူမှုဆက်ဆံ ရေးနှင့် စိတ်ခံစားမှု ဖွံ ့ဖြိုးမှုတို့ဟာ အပြန်အလှန်ဆက်စပ်မှုရှိပါတယ်။ စိတ်ခံစားမှု ဖွံ ့ဖြိုးတဲ့သူဟာ လူမှုဆက်ဆံရေးကောင်းတဲ့သူတစ်ယောက် ဖြစ်နေတတ်ပါတယ်။ပတ်ဝန်းကျင်မှာ အများချစ်ခင်နှစ်သက်မှုကို ရ နေသူဟာလည်း စိတ်ခံစားမှုကိုနားလည်တဲ့သူပဲဖြစ်ပါတယ်။

- က လေးငယ်များကို အုပ်စုဖွံ ့ကာကစားစေခြင်း ၎င်းတို့လုပ်ဆောင်နိုင်သည့်အလုပ်တာဝန်များကို ကိုယ်တိုင်လုပ်စေခြင်းဖြင့် တာဝန်ခွဲဝေ ယူလိုမှု မျှဝေတတ်မှု အတူတကွပူးပေါင်းလုပ်ဆောင်တတ်မှုစတဲ့ အ ခြေခံကောင်းများကိုရ ရှိစေနိုင်ပါတယ်။

- အထက်က ဖော်ပြခဲ့တဲ့ ဖွံ ့ဖြိုးမှု ငါးရပ်ကိုလုပ်တောင်ရာမှာ အ ရေးအကြီးဆုံးက က လေးပြုစုပျိုးထောင်သူများအ နေ နဲ့ က လေးတွေအ ပေါ် ချစ်ခြင်းမေတ္တာ နွေးထွေးလုံခြုံမှု ဂရုစိုက်မှုတို့ကို အထူး အ လေးထားဖြည့်ဆည်းပေးရန်ဖြစ်ပါတယ်။

(ဦးသူရ ကျော် - Early Childhood Educator)

Address

55street, Between 36*37 Street, Ye Mon Taung
Mandalay

Opening Hours

Monday 09:00 - 15:00
Tuesday 09:00 - 15:00
Wednesday 09:00 - 15:00
Thursday 09:00 - 15:00
Friday 09:00 - 15:00
Saturday 09:00 - 11:30
Sunday 09:00 - 11:30

Telephone

+959775246690

Website

Alerts

Be the first to know and let us send you an email when Genius International School Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram