29/05/2024
အရေပြားလေးဖက်နာ သွေးလေးဖက်နာလို့ လူသိများတဲ့ Systemic lupus erythematosus (SLE)
ပုံမှန်အားဖြင့်လူ့ ခန္ဓာကိုယ် ထဲရောဂါပိုးဝင်လာ လျှင် ခန္ဓာကိုယ်က အင်မြူးလို့ခေါ်တဲ့ ခန္ဓာကိုယ်ခုခံအားကိုစတင်ထုတ်လုပ်ပြီး ရောဂါပိုးကို ခုခံတိုက်ဖျက်ပေးပါတယ်၊၊ SLE ရှိသူမှာတော့ ခန္ဓာကိုယ်ရဲ့ ခုခံအား အင်မြူးက ရောဂါပိုးဝင်တဲ့အခါမှ မဟုတ်ပဲ အလိုလိုနေ ပြီးခန္ဓာကိုယ်က ဆဲလ်း၊ တစ်ရူးတွေကိုမှားယွင်းစွားလိုက်တိုက်ဖျက်ကြပါတယ်။ အရေပြား၊အဆစ်၊ကျောက်ကပ်၊ နှလုံ၊ သွေးထဲကဆဲလ်၊ ဦးနှောက် အစရှိတဲ့ ကိုယ်အဂ်ါ အစိတ်အပိုင်း တွေကိုအများဆုံးတိုက်ဖျက်ပါတယ်။ ဒီလိုတိုက်ဖျက်ချင်းက ယောင်ယမ်းမူ့ကိုပေးစေတဲ့ နာတာရှည်ရောဂါ တစ်မျိုးပါ။
SLE ရောဂါကိုအမြစ်ပျောက်အောင်ကုသပေးနိုင်တဲ့ဆေးဝါးတော့မပေါ်သေးပါဘူး။ သို့သော် ရောဂါလက္ခဏာသိပြီးစောစီးစွာကုသပေးနိင်လျှင်တော့ ရောဂါရဲ့နောက်ထပ်ဆိုကျိုးကိုအမျာကြီးကာကွယ်ပေးပါတယ်။ ရောဂါရှိသူတွေ မိမိခန္ဓာကိုယ်နှင့် ရောဂါအကြောင်းကိုသင်ယူထားဖို့လိုပါတယ်။ ရောဂါကတခါတလေ ငြိမ်သက်နေပြီး တခါတလေ ရောဂါပြန်ထပြီးအခြေနေဆိုးရွာတတ်ပါတယ်။ ကောင်းတဲ့နေ့ရှိသလိုဆိုတဲ့နေ့တွေလည်းရှိတဲ့ရောဂါပါ။
SLE ကအမျာဆုံးအာရှသားနဲ့အာဖရိကသားတွေအဖြစ်များပြီး အမျိုးသမီးတွေကအမျိုးသာတွေထက် ၁၀ဆ ပိုဖြစ်တာကိုတွေ့ရပါတယ်။ အမျိုးသမီးအသက်၁၆နှစ်ကနေ၄၅အတွင်းမှာရောဂါအဖြစ်များကြပါတယ်။ကလေးတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ အမျိုးသားတွေအဖြစ်နည်းပေမဲ့ ဖြစ်လာလျှင်လည်း အမျိုးသမီးထက်ရောဂါအခြေနေပိုဆိုးစေပါတယ်။
ရောဂါလက္ခဏာ
ရောဂါလက္ခဏာတွေကတော့တစ်ဦးနှင့်တစ်ဦးမတူညီနိုင်ပါဘူး။ ခန္ဓာကိုယ်ရဲ့ဘယ်အစိတ်အပိုင်းမှာ အင်မြူး ကတိုက်ဖျက်တဲ့အပေါ်မှာမူတည်ပြီး ရောဂါလက္ခဏာကိုတွေ့နိုင်ပါတယ်။ ဖြစ်နိုင်ချေများတဲ့လက္ခဏာတွေကတော့
• အဆစ်နာ၊ အဆစ်ယောင်
• မျက်နှာမှာ လိပ်ပြာပုံသဏ္ဍာန်အနီကွက်ထလာမယ်
• အဖျားရှိမယ်
• မောပန်းမယ်
• ညပိုင်းချွေးတွေထွက်မယ်
• ကိုယ်အလေးချိန်ကျဆင်းမယ်
• အစာစားချင်စိတ်မရှိဘူး
• အရေပြားယားမယ်
• နှလုံးနှာမယ်၊ အသက်ရူတဲ့အခါနာမယ်
• ဆံပင်ကျွတ်မယ်
• ပါစပ်မှာအနှာပေါက်မယ်
• ကျောက်ကပ်ထိခိုက်သူလျှင် ချေထောက်ယောင်ယမ်းတဲ့လက္ခဏာတွေပေါ်လာမယ် (အောက်မှာထပ်ဖော်ပြထာပါတယ်)
• မျက်လုံးကိုလည်းထိခိုက်မူပေးနိုင်တယ်
• လက်ချောင်းထိပ်တွေဖြူလာမယ် (သွေလည်ပတ်မူအားနည်းသောကြောင့်)
• အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊ လေထိုးလေအောင့်၊ဗိုက်နာ
• စိတ်ပိုင်းဆိုင်ရာထိခိုက်စေမယ်
• ဝက်ရူးပြန်ရောဂါလက္ခဏာလို ခန္ဓာကိုယ်တုန်လုပ်မူတွေဖြစ်မယ်
နောက်ခံအကြောင်းရင်း
အတိအကျတော့မသိ။ မျိုရိုဗီဇ ၊ပတ်ဝန်းကျင်၊ေဟာ်မုန် နဲ့အန္ဓာကိုယ်ခုခံအား အကြောင်းအမျိုး မျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ကိုယ့်မိခင်၊ အစ်မ၊ညီမမှာဖြစ်လျှင် ကိုယ်ဒီရောဂါရနိုင်ချေ ၄% လောက်ပဲရှိပါတယ်။
ရောဂါရှာဖွေနည်း
SLE ရောဂါလက္ခဏာတွေကများပြီး လက္ခဏာတွေကလည်း တဖြည်းဖြည်းချင်း ပေါ်တော့ တခါတလေရောဂါ ရှာတဲ့နေရာမှာ အခက်အခဲတွေရှိနိုင်ပါတယ်။ ယ်။ SLE ရောဂါ ကိုကုသတဲ့ ဆရာဝန်ကြီးတစ်ဦးပြောသွားတာ``တခါတလေရောဂါကိုသိသလိုလို ရှာရင်းရှာရင်းနဲ့ ၅နှစ်ပြည့်မှ SLE မှန်းအတိအကျသိတော့တယ်။´´
ရောဂါလက္ခဏာနှင့် ဆေးစစ်ထားတဲ့အဖြေနှစ်ခုလုံးအပေါ်မှာမူတည်ပြီးရောဂါကိုဆုံးဖြတ်ပါတယ်။ သင့်ရောဂါလက္ခဏာက SLE ရဲ့လက္ခဏာနဲ့တူပြီး ဆရာဝန်ကသံယရှိလျှင်တော့ SLE ဟုတ်မဟုတ်သေချာအောင်ထပ်ပြီစစ်ဆေးမူပြုရပါတယ်။ တချို့ဆို ခန္ဓာကိုယ်ရဲ့ဘယ်အပိုင်းကိုအတိအကျသိဖို့အတွက်တစ်ရူစစ်ပါတယ်။ ဥပမာ အရေပြာလား ကျောက်ကပ်လား။
အရေးကြီးတဲ့စစ်ဆေးမူ့တွေကတော့
• antinuclear antibodies (ANA). ANA
• nti-double-strand DNA ( anti-dsDNA)
• anti-Smith (anti-Sm)
• antiphospholipid antibodies
မှတ်ချက်။ ။ တချို့ဆေးတွေရဲ့ side efects က SLE ရောဂါလက္ခဏာနဲ့တူတဲ့အတွက် SLE နှင့်မမှားရအောင် အဲ့လိုဆေးတွေသုံးမသုံးအရင်ဆုံး သိထာဖို့တော့လိုပါတယ်။
ရောဂါကုသပုံ
ရောဂါလက္ခဏာတွေမတူညီမူအပေါ် တစ်ဦးနှင့်တစ်ဦးရောဂါကုသပုံချင်းလည်းမတူညီနိုင်ပါဘူး။ SLE အတွက်လုံဝပျောက်ကင်အောင် ကုသတဲ့ဆေတော့မပေါ်သေးဘူး။ အဓိကတော့ ရောဂါကိုပဲထိမ်းပြီ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဆက်မပျက်စီးအောင် လုပ်ဖို့အရေကြီးပါတယ်။ ဆရာဝန်နှင့်လည်အဆက်မပြတ်ပဲရောဂါကို ကြီးကြပ်စောင့်ကြည့်ဖို့လိုပါတယ်။
ခန္ဓာကိုယ်ရဲ့ဘယ်အစိတ်အပိုင်းမှာ အင်မြူးကတိုက်ဖျက်မူအပေါ်နှင့် ရောဂါလက္ခဏာအပေါ်မူတည်ပြီး ဆေးကုသမူလိုအပ်ပါတယ်။ အောက်ဖော်ပြပါဆေးတွေကတော့ အနောက်နိုင်ငံမှာအသုံးပြုများပြီး SLE အတွက်ညွှန်းထားတဲ့ဆေးတွေပါ။
• Ibuprofen သို့ Naproxen (Nonsteroidal anti-inflammatory drugs (NSAIDs)) ကိုယ်ဝန်သည်၊ သွေးတိုသမာတွေဆရာဝန်နှင့်တိုင်ပင်ပြီးမှသုံးပါ။ Ibuprofen ကိုသုံးလျှင်ဆေးပမာဏ ကိုအထူးသတိပြုပါ။ အကိုက်အခဲလောက်ပဲဆိုရင်တော့ တစ်နေ့ကိုအလွန်ဆုံး 1200mg အထိပဲသောက်ရမှာပါ။ အဆစ်မြစ်ယောင်တဲ့သူတွေအတွက် တစ်နေ့ကို 1800- 2400mg အတွင်းသုံးပေးရပါမယ်။ SLE သမားအတွက် 1800-2400mg သုံးပေးသင့်ပါတယ်။
• Prednisolone (corticosteroids) မနက်ပိုင်သောက်ပါ။ ဆေးပမာဏများလို့ခွဲသောက်ရလျှင် မနက်ပိုင်းကိုပမာဏများတဲ့ဆေးကို နံနက်မှာသောက်ပါ။ Osteoporosis လို့ခေါ်တဲ့အရိုးအာနည်းပြီးအရိုးကျိုးစေတဲ့ရောဂါ ကိုနည်းနည်းသတိပြုပေးပါ။ နေ့စဥ် သောက်တဲ့ဆေပမာနအပေါ်မှာလည်း မူတည်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များ prednisolone ကိုကြာရှည်သုံးဖို့လိုလျှင် အနိမ့်ဆုံးဆေးပမာဏကို သုံးပေပါ။ ဆေးပမာဏများပြီးကြာရှည်သုံးတဲ့သူ ကလေးငယ်တွေကိုနှခမ်းကွဲစေနိုင်ပါတယ်။ ဘယ်လောက်ပမာဏလောက်ဆိုတာတော့တိကျသေချာတဲ့အဖြေမရှိသေးပါဘူ။ ဆေးကိုတစ်နေ့ 10-15 mg သုံးတဲ့သူတွေကတော့ side effects နည်းပါတယ်။
• Plaquenil (Hydroxychloroquine sulfate) Plaquenil ကမျက်စိရဲ့ retina ကိုပျက်စီးစေပြီး မျက်စိအမြင်အာရုံကိုကွယ်ပျောက်နိုင်တဲ့အထိ side effect ကိုပေးနိုင်သောကြောင့်မျက်စိဆရာဝန်နှင့်စမ်းသပ်မူပြုလုပ်ပေးပါ။ အထူသဖြင့် နှစ်ပေါင်ကြာရှည်စွာသုံတဲ့သူတွေ ပိုပြီးဖြစ်နိုင်ချေများပါတယ်။ ဒီဆေသောက်သူတိုင်း ၁နှစ်၁ကြိမ်မျက်စိစမ်းသပ်ပါ။