Cherry Pharmacy

Cherry Pharmacy Our drugstore provides FDA approved drugs and medical products since September, 2009.

Germany နိုင်ငံ ထုတ် Supradyn အားဆေးပြန်ရောက်ပြီနော်💛 # Cherry Pharmacy # Supradyn
26/05/2023

Germany နိုင်ငံ ထုတ် Supradyn အားဆေးပြန်ရောက်ပြီနော်💛

# Cherry Pharmacy
# Supradyn

📍📍မန္တ​လေးမှ  + ချစ်သူတို့အတွက် မွေး​နေ့ လက်ဆောင် အထူးအစီအစဉ်ပြန်လည်ရောက်ရှိလို့လာပါပြီမွေးနေ့လက်ဆောင် အထူးအစီအစဥ်လေးကတေ...
02/01/2023

📍📍မန္တ​လေးမှ
+ ချစ်သူတို့အတွက် မွေး​နေ့ လက်ဆောင် အထူးအစီအစဉ်ပြန်လည်ရောက်ရှိလို့လာပါပြီ

မွေးနေ့လက်ဆောင် အထူးအစီအစဥ်လေးကတော့ .....
အသက် ၅၀ နှင့် ၅၀ အထက်
🌲ဇန်န၀ါရီလ🌲ဖေဖော်၀ါရီလ🌲မတ်လ🌲ဧပြီလဖွားမွေးနေ့ရှင်များအတွက်......
🎈Spektrum 50+ (၂ )ဘူး ၀ယ် ➡️ ImunActiv (၁)ဘူး မွေးနေ့လက်ဆောင်
🎈Spektrum 50+ (၄) ဘူး ၀ယ် ➡️ ImunActiv (၁)ဘူး နှင့် Spektrum 50+ (၁)ဘူး မွေးနေ့လက်ဆောင် ရရှိမှာပဲ ဖြစ်ပါတယ်။

(မွေးနေ့လက်ဆောင်အစီအစဉ်ကို 4.1.2023 (ဗုဒ္ဓဟူး​နေ့) မနက်​(9)နာရီမှ​နေ့လည်​(12)နာရီအထိ
ချယ်​ရီ​ဆေးဆိုင်​တွင်​ပြုလုပ်​သွားမည်​ဖြစ်​ပါသည်)

________________
စည်းကမ်းချက်များမှာ -

❗ သတ်မှတ်ထား​သော ​မွေးလ (၄) လရဲ့ မွေးနေ့ရှင် ဖြစ်ကြောင်းမှတ်ပုံတင်မူရင်း (သို့) မွေးသက္ကရာဇ်ပါ​သောယာဥ်​မောင်းလိုင်စင် (သို့) သက်​သေခံကဒ်ပြားတခုခု ယူ​ဆောင်လာပြီး ပြသပေးဖို့​ လိုအပ်ပါတယ်။

❗မှတ်ပုံတင် (သို့) ယာဥ်​မောင်းလိုင်စင် ပိုင်ရှင်သည် အသက် ၅၀နှင့် ၅၀ အထက် ဖြစ်ရမည်။

❗ မှတ်ပုံတင် (သို့)ယာဥ်​မောင်းလိုင်စင်မူရင်း ပိုင်ရှင် နဲ့ လာ​ရောက် ဝယ်​ယူသူ ထပ်တူ မဖြစ်လည်းရပါတယ်။

❗ မွေးနေ့ရှင် တစ်ဦးလျှင် ဤအစီအစဥ်ကို တစ်ကြိမ်သာ ပါဝင်ခံစားခွင့်ရှိပါမည်။

-



ချယ်​ရီ​ဆေးဆိုင်​
လမ်း30,74-75ကြား
09790131500

“ #စိတ်ဖိစီးမှုကို_ရင်ဆိုင်ဖြေရှင်းပါ”_စိတ်ဖိစီးရမှုဆိုသည်မှာ စိတ်ပျက်ဖွယ်ရာများ၊အခက်အခဲများ၊ခြိမ်းခြောက်မှုများနှင့်ရင်...
13/04/2022

“ #စိတ်ဖိစီးမှုကို_ရင်ဆိုင်ဖြေရှင်းပါ”

_စိတ်ဖိစီးရမှုဆိုသည်မှာ စိတ်ပျက်ဖွယ်ရာများ၊အခက်အခဲများ၊ခြိမ်းခြောက်မှုများနှင့်ရင်ဆိုင်ရသည့် အခါတွင်ဖြစ်ပေါ်တတ်သော တုံ့ပြန်မှုဖြစ်ပါသည်။ထိုသို့ဖြစ်ပေါ်ခြင်းသည်ပုံမှန် ဖြစ်လေ့ဖြစ်ထရှိသော တုံ့ပြန်မှုတစ်ခု ဖြစ်ပါသည်။
_စိတ်ဖိစီးမှု တုံ့ပြန်ချက်ကြောင့် နှလုံးခုန်မြန်ခြင်း၊အသက်ရှုမြန်ခြင်း၊ကြွက်သားများတောင့်တင်းခြင်း စသည့်ပြောင်းလဲမှုများဖြစ်ပေါ်လာပြီး၊ကိုယ်ကြုံတွေ့ရသည့်အခြေအနေကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ပြင်ဆင်ပေးပါသည်။
_ကိုယ်ကြုံတွေ့ရသည့် အခြေအနေများကျော်လွန်သွားပါက အဆိုပါတုံ့ပြန်ပြောင်းလဲမှုများသည်လည်း ပြန်လည်လျော့ပါးသွားတတ်ပါသည်။
_သို့သော်လည်း စိတ်ဖိစီးမှု ကြာရှည်စွာ ခံစားရပါက သင်၏စိတ်ခံစားချက်၊စိတ်ကျန်းမာရေး၊ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့နှင့် စပ်လျဉ်းသည့် ဆိုးကျိုးများ ဖြစ်ပေါ်လာစေတတ်ပါသည်။
_ကျန်းမာရေးကို မထိခိုက်သည့် သင်နှစ်သက်ရာ (ဥပမာ_သီချင်းနားထောင်ခြင်း)အလုပ်တစ်ခုခုပြုလုပ်ကာ အနားယူခြင်းဖြင့် စိတ်ဖိစီးမှုကို လျှော့ချပါ။

လမ်း30. 74.75ကြား ဆေးရုံကြီး(5)ထပ်ဆောင်မျက်နှာချင်းဆိုင်ရှေ့
မန္တလေးမြို့။
09790131500

3.4.2022 ( Sunday )
02/04/2022

3.4.2022 ( Sunday )

📌📌 မန္တ​လေးမြို့ မှ
🎁Spektrum 50+ ချစ်သူတို့အတွက် (2ဘူးဝယ် 1ဘူးမွေးနေ့လက်ဆောင်) အစီအစဉ်ကြီးပြန်လည်ရောက်ရှိလာပါပြီ🎁

အသက် ၅၀ နှင့် ၅၀ အထက်
*** မတ်၊ဧပြီ၊မေ၊ဇွန်လ ***🎉မွေးနေ့ရှင်များအတွက်
(၂ ဘူးဝယ် ၁ ဘူး မွေးနေ့လက်ဆောင်အစီအစဉ်ကို)
3.4.2022ရက်နေ့တွင် မနက်ပိုင်း9နာရီကနေ 12နာရီအထိ ချယ်ရီဆေးဆိုင်၌ပြုလုပ်သွားပါမယ်။

**မှတ်ပုံတင် (သို့)မွေးနေ့ပါသော ယာဥ်မောင်းလိုင်စင် (သို့)မွေးနေ့ပါသော သက်သေခံ အထောက်အထား တစ်ခုခု ယူဆောင်လာပေးကြပါရန်**

အသေးစိတ်သိရှိလိုပါက 09790131500သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။


လမ်း30. 74.75ကြား ဆေးရုံကြီး(5)ထပ်ဆောင်မျက်နှာချင်းဆိုင်ရှေ့
မန္တလေးမြို့။
09790131500

📌📌 မန္တ​လေးမြို့ မှ🎁Spektrum 50+ ချစ်သူတို့အတွက် (2ဘူးဝယ် 1ဘူးမွေးနေ့လက်ဆောင်) အစီအစဉ်ကြီးပြန်လည်ရောက်ရှိလာပါပြီ🎁အသက် ၅၀...
02/04/2022

📌📌 မန္တ​လေးမြို့ မှ
🎁Spektrum 50+ ချစ်သူတို့အတွက် (2ဘူးဝယ် 1ဘူးမွေးနေ့လက်ဆောင်) အစီအစဉ်ကြီးပြန်လည်ရောက်ရှိလာပါပြီ🎁

အသက် ၅၀ နှင့် ၅၀ အထက်
*** မတ်၊ဧပြီ၊မေ၊ဇွန်လ ***🎉မွေးနေ့ရှင်များအတွက်
(၂ ဘူးဝယ် ၁ ဘူး မွေးနေ့လက်ဆောင်အစီအစဉ်ကို)
3.4.2022ရက်နေ့တွင် မနက်ပိုင်း9နာရီကနေ 12နာရီအထိ ချယ်ရီဆေးဆိုင်၌ပြုလုပ်သွားပါမယ်။

**မှတ်ပုံတင် (သို့)မွေးနေ့ပါသော ယာဥ်မောင်းလိုင်စင် (သို့)မွေးနေ့ပါသော သက်သေခံ အထောက်အထား တစ်ခုခု ယူဆောင်လာပေးကြပါရန်**

အသေးစိတ်သိရှိလိုပါက 09790131500သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။


လမ်း30. 74.75ကြား ဆေးရုံကြီး(5)ထပ်ဆောင်မျက်နှာချင်းဆိုင်ရှေ့
မန္တလေးမြို့။
09790131500

“သင့်ကိုယ်သင် ဂရုစိုက်ပါ၊ကြင်နာပါ” (၁)  #လုပ်ဆောင်ဖွယ်ရာများကို_ပုံမှန်ပြုလုပ်သည့်_အလေ့အကျင့်ပျိုးထောင်ပါ ”     _ စိတ်ကျ...
02/04/2022

“သင့်ကိုယ်သင် ဂရုစိုက်ပါ၊ကြင်နာပါ” (၁)

#လုပ်ဆောင်ဖွယ်ရာများကို_ပုံမှန်ပြုလုပ်သည့်_အလေ့အကျင့်ပျိုးထောင်ပါ ”
_ စိတ်ကျရောဂါခံစားရသည့်အခါတွင် ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်စွမ်း လျော့နည်းလာတတ်ပါသည်။
_ နေ့စဉ်လုပ်ဆောင်ဖွယ်ရာများကိုပုံမှန်လုပ်ဆောင်တတ်သည့်အလေ့အထမရှိခြင်းကြောင့် စိတ်ဖိစီးမှု၊အိပ်စက်မှု၊နေထိုင်စားသောက်မှုများနှင့် သက်ဆိုင်သည့် ဆိုးကျိူးဆက်များဖြစ်ပေါ်လာနိင်ပါသည်။
_သင်၏နေ့စဉ်လုပ်ဆောင်ဖွယ်ရာများကို ပုံမှန်ပြုလုပ်သွားခြင်းဖြင့် သင့်အတွက် စိတ်လုံခြုံမှု ပိုမို ခံစားလာရနိုင်ပါသည်။ထို့အပြင် စိတ်ဖိစီးမှုကို လျော့ကျစေပြီး သင်၏စိတ်ခံစားချက်များအပေါ်တွင် ကောင်းသောအကျိုးသက်ရောက်မှု ဖြစ်စေနိုင်ပါသည်။ထို့ကြောင့်စိတ်ကျရောဂါကို သက်သာကောင်းမွန်စေရန်နှင့် ကိုယ်ရောစိတ်ပါကျန်းမာသုခ ပြည့်စုံကောင်းမွန်စေရန် နေ့စဉ်လုပ်ဆောင်ဖွယ်ရာများကို ပုံမှန်ပြုလုပ်သည့်အလေ့အကျင့်ကိုပျိုးထောင်ပါ။


လမ်း30. 74.75ကြား ဆေးရုံကြီး(5)ထပ်ဆောင်မျက်နှာချင်းဆိုင်ရှေ့
မန္တလေးမြို့။
09790131500

"စိတ်ကျရောဂါသည် အချိန်ကာလအလိုက် ပြောင်းလဲဖြစ်ပေါ်နိုင်ပါသည်"(4) #စိတ်ကျရောဂါသည်အချိန်ကာလအလိုက်ပြောင်းလဲဖြစ်ပေါ်နိုင်ပါသည...
29/03/2022

"စိတ်ကျရောဂါသည် အချိန်ကာလအလိုက် ပြောင်းလဲဖြစ်ပေါ်နိုင်ပါသည်"(4)

#စိတ်ကျရောဂါသည်အချိန်ကာလအလိုက်ပြောင်းလဲဖြစ်ပေါ်နိုင်ပါသည်။
_အချို့သောသူများတွင် ရောဂါပြန်လည်ဖြစ်ပေါ်ခြင်း၊အခြေအနေ ပိုမိုဆိုးဝါးလာတတ်ခြင်း စသည့်တို့ကြုံ‌တွေ့ရတတ်ပါသည်။ထို့အတွက်ကြောင့် စိတ်ကျရောဂါ ခံစားရပါက စောလျှင်စွာ ကုသမှုခံယူရန် အလွန်အရေးကြီးပါသည်။အချိန်မီ ကုသမှုမခံယူပါကဆိုးကျိုး ပိုမိုဖြစ်ပေါ်လာနိုင်ပါသည်။
_စိတ်ကျရောဂါ ပိုမိုဆိူးဝါးမလာစေရန်အတွက် မှန်ကန်ထိရောက်သော ကုသမှုများစောလျှင်စွာ ရယူရန်လိုအပ်ကြောင်း စိတ်ကျန်းမာရေးအထူးကု ဆရာဝန်များကအကြံပြု တိုက်တွန်းထားပါသည်။

#စိတ်ကျရောဂါသံသရာစက်ဝန်းကိုပြောင်းလဲခြင်း
_စိတ်ကျရောဂါသည် ကုသမှုမခံယူပါက ကာယကံရှင်၏ဘဝ၊နေ့စဉ် လုပ်ငန်းဆောင်တာများ၊အပြုအမူများအပေါ်တွင် ကြီးမားသောရိုက်ခတ်မှုများ ဖြစ်လာစေနိုင်ပြီး အခြေအနေ ပိုမိုဆိုးဝါးလာကာ ပြန်လည်ကောင်းလာနိုင်ခြေ နည်းပါးလာတတ်ပါသည်။ထိုသို့ ဖြစ်လာပါက စိတ်ကျရောဂါ၏သံသရာ စက်ဝန်းအတွင်းမှ ရုန်းထွက်နိုင်တော့မည်မဟုတ်ပါ။
_သို့သော်လည်း ထိရောက်မှန်ကန်သော ကုသမှု၊ပံပိုးကူညီမှုများ ရယူခြင်းဖြင့် အဆိုပါသံသရာစက်ဝန်းကို ပြောင်းလဲနိုင်ပါသည်။


လမ်း30. 74.75ကြား ဆေးရုံကြီး(5)ထပ်ဆောင်မျက်နှာချင်းဆိုင်ရှေ့
မန္တလေးမြို့။
09790131500

T4. 100 လေးပစ္စည်းပြန်ရောက်ပါပြီရှင့် လမ်း30. 74.75ကြား ဆေးရုံကြီး(5)ထပ်ဆောင်မျက်နှာချင်းဆိုင်ရှေ့မန္တလေးမြို့။097901315...
26/03/2022

T4. 100 လေးပစ္စည်းပြန်ရောက်ပါပြီရှင့်


လမ်း30. 74.75ကြား ဆေးရုံကြီး(5)ထပ်ဆောင်မျက်နှာချင်းဆိုင်ရှေ့
မန္တလေးမြို့။
09790131500

"စိတ်ကျရောဂါ ကုသမှုနည်းလမ်းအသွယ်သွယ် " (3)⭐ #ဆေးဝါးဖြင့်_ကုသမှုများ_စိတ်ကျရောဂါသက်သာပျောက်ကင်းစေနိုင်သည့် ဆေးဝါးအုပ်စုမျ...
14/03/2022

"စိတ်ကျရောဂါ ကုသမှုနည်းလမ်းအသွယ်သွယ် " (3)

⭐ #ဆေးဝါးဖြင့်_ကုသမှုများ
_စိတ်ကျရောဂါသက်သာပျောက်ကင်းစေနိုင်သည့် ဆေးဝါးအုပ်စုများစွာရှိပါသည်။
_ဆေးဝါးအမျိုးအစားရွေးချယ်မှုသည် စိတ်ကျရောဂါပြင်းထန်မှု ခံစားနေရသောအချိန်ကာလ၊အသက်အရွယ်၊အခြားသောက်သုံးနေရသောဆေးဝါးများ၊စိတ်ကျရောဂါအတွက် ယခင်ကသောက်သုံးခဲ့ရသောဆေးဝါးများ၊ကာယကံရှင်၏နှစ်သက်ရွေးချယ်မှု စသည်တို့အပေါ်မူတည်ပြီး ကွာခြားနိုင်ပါသည်။

⭐ #စိတ်ပိုင်းဆိုင်ရာကုသမှု
_စိတ်ပိုင်းဆိုင်ရာကုသမှုများတွင် သိမှုနှင့်အမူအကျင့်ဆိုင်ရာကုသမှု (Cognitive Behavioural Therapy )အီလက်ထရွန်နစ် နည်းပညာဖြင့် ဆက်သွယ်လုပ်ဆောင်နိုင်သည့် သိမှုနှင့်အမူအကျင့်ဆိုင်ရာကုသမှု (Electronically_Delivered Cognitive Behavioural Therapy)တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံရေးနှင့်သက်ဆိုင်သည့် ကုသမှု (Interpersonal Therapy)စသည့် ကုသမှုများ ရှိကြပါသည်။
_တစ်ချို့သောသူများသည် ဆေးဝါးနှင့် စိတ်ပိုင်းဆိုင်ရာကုထုံးများ ပူးပေါင်းကုသခြင်းဖြင့် ပိုမိုကောင်းမွန်သောတိုးတတ်မှုများ ရနိုင်ပါသည်။

⭐ #တစ်ခြားသောကုသမှုများနှင့်အကျိုးရှ်ိသောနည်းလမ်းများ
_အခြားကုသမှုအမျိုးအစားများတွင် ဦးနှောက်ကိုနှိုးဆွသည့်ကုထုံးများဖြစ်သည့်လျှပ်စစ်လှိုင်းဖြင့်ကုသမှု (Electro Convulsive Therapy)ဦးနှောက်အတွင်းပိုင်းသို့နှိုးဆွပေးခြင်း (Deep Brain Stimulation)ဦးနှောက်ကလပ်စည်းများအား သံလိုက်လှိုင်းဖြင့်နှိုးဆွပေးခြင်း (Transcranial Magnetic Stimulation)စသည့်ကုသမှုနည်းလမ်းများ ပါဝင်သည်။
_ယခုအခါတွင်ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်းများကိုလည်း ကုသမှုနည်းလမ်းတစ်ခုအဖြစ် အသိအမှတ်ပြု ပြောဆိုလာကြသည့်အတွက် ကိုယ်လက်လုပ်ရှားအားကစားပြုလုပ်ခြင်းကိုလည်း လုပ်ဆောင်စေလိုပါသည်။
_စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးခြင်း၊ပံ့ပိုးခြင်း၊ခံစားချက်များကို အချိန်ပေးနားထောင်ခြင်း၊ဝေသနာခံစားရသူများ အချင်းချင်း အတွေ့အကြုံမျှဝေခြင်း စသည်တို့သည်အကျိုးရှိသော နည်းလမ်းများဖြစ်ကြပါသည်။အဆိုပါ နည်းလမ်းများကိုလည်း ဆေးဝါးကုထုံးများနှင့် ပူးတွဲလုပ်ဆောင်နိုင်ပါသည်။
_စိတ်အပန်းဖြေခြင်း၊စိတ်ကြည်လင်အောင်နေထိုင်ခြင်း၊တရားရှူမှတ်ခြင်းစသည်တို့သည်လည်း စိတ်ကျရောဂါလက္ခဏာ များကိုသက်သာစေနိုင်သည့်အတွက် လုပ်ဆောင်စေလိုပါသည်။


လမ်း30. 74.75ကြား ဆေးရုံကြီး(5)ထပ်ဆောင်မျက်နှာချင်းဆိုင်ရှေ့
မန္တလေးမြို့။
09790131500

"စိတ်ကျရောဂါ ကုသမှုနည်းလမ်းများ" (2)⭐စိတ်ကျရောဂါ သက်သာပျောက်ကင်းစေနိုင်သည့် ကုသမှုနည်းလမ်းများရှိပါသည်။-စိတ်ကျရောဂါဆိုသည...
09/03/2022

"စိတ်ကျရောဂါ ကုသမှုနည်းလမ်းများ" (2)

⭐စိတ်ကျရောဂါ သက်သာပျောက်ကင်းစေနိုင်သည့် ကုသမှုနည်းလမ်းများရှိပါသည်။
-စိတ်ကျရောဂါဆိုသည်မှာ စိတ်ဓာတ်ပျော့ညံ့သည့် လက္ခဏာတစ်ခု မဟုတ်ပါ။စိတ်ကျရောဂါမှ လွတ်မြောက်ရန် ပြန်လည်ရုန်းထွက်နိုင်ပါသည်။
-စိတ်ကျရောဂါသည် လစ်လျူရှု့ထားရမည့် အခြေအနေလည်းမဟုတ်ပါ။မှန်ကန်ထိရောက်သောကုသမှုများ၊ပံ့ပိုးမှုများ ရရှိပါက စိတ်ကျရောဂါပြန်လည် သက်သာပျောက်ကင်းနိုင်ပါသည်။ရောဂါမခံစားရမီက အနေအထားသို့ ပြန်လည်ရောက်ရှိ လာနိုင်ပါသည်။
-စိတ်ကျရောဂါ ကုသမှုခံယူခြင်း၏ အဓိကရည်ရွယ်ချက်မှာ ရောဂါလက္ခဏာများ လျော့ပါးသက်သာလာခြင်း၊စိတ်ကျရောဂါ လက္ခဏာများ အချိန်ကာလ တာရှည်စွာကင်းရှင်းနေကာ၊ရောဂါမဖြစ်မီအခြေအနေသို့ ပြန်လည် ရောက်ရှိလာစေရေး ဖြစ်ပါသည်။
-ရောဂါမဖြစ်မီ အနေအထားသို့ ပြန်လည်‌ရောက်ရှိလာပြီး ပုံမှန်အတိုင်း ပြန်လည်ဖြစ်လာနိုင်စေရန်အတွက် ကုသရာတွင် ဆေးဝါးများဖြင့် ကုသနိုင်သလို၊စိတ်ပိုင်းဆိုင်ရာ ကုထုံးများဖြင့်လည်းကုသနိုင်ပါသည်။
-အားပေးကူညီပံ့ပိုးပေးခြင်း၊အတွေ့အကြုံ ခံစားချက်များကိုမျှဝေခြင်း၊အချိန်ပေးနားထောင်ပြီး အကြံပေးခြင်း၊ညှိနှိုင်းပေးခြင်း တို့သည်လည်း ရောဂါပျောက်ကင်းစေရေးအတွက် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ကြပါသည်။
-သက်ဆိုင်ရာ ဆရာဝန်များက ကုသမှုအမျိုးအစားများအကြောင်း ရှင်းလင်းပြောပြပြီလျှင် စိတ်ကျရောဂါ ပြင်းထန်မှုအခြေအနေ၊ကာယကံရှင်၏ ရွေးချယ်မှု သဘောထားစသည်တို့အပေါ်မူတည်ပြီး အသင့်လျော်ဆုံးနှင့် အကောင်းဆုံးသော ကုထုံးများကိုရွေးချယ်နိုင်ရန် ကူညီပေးပါလိမ့်မည်။


လမ်း30. 74.75ကြား ဆေးရုံကြီး(5)ထပ်ဆောင်မျက်နှာချင်းဆိုင်ရှေ့
မန္တလေးမြို့။
09790131500

"စိတ်ကျရောဂါ သိကောင်းစရာ ဆွေးနွေးတိုင်ပင် ကုသပါ" (1)စိတ်ကျရောဂါ ဆိုသည်မှာ⭐စိတ်ကျရောဂါသည်အဖြစ်များတတ်ပါသည်။*စိတ်ကျရောဂါသည...
07/03/2022

"စိတ်ကျရောဂါ သိကောင်းစရာ ဆွေးနွေးတိုင်ပင်
ကုသပါ" (1)

စိတ်ကျရောဂါ ဆိုသည်မှာ
⭐စိတ်ကျရောဂါသည်အဖြစ်များတတ်ပါသည်။
*စိတ်ကျရောဂါသည် အဖြစ်များတတ်သော စိတ်ပိုင်းဆိုင်ရာရောဂါ တစ်ခုဖြစ်ပါသည်။
*ကမ္ဘာပေါ်ရှိ လူဦးရေ၏၂၆၄သန်းကျော်သည် စိတ်ကျဝေဒနာ ခံစားနေကြရပါသည်။

⭐စိတ်ကျရောဂါသည် သာမန်စိတ်မရွှင်ပျမှုနှင့်မတူပါ။
*စိတ်ကျရောဂါသည် သာမန် စိတ်မရွှင်ပျမှုမျိုးထက် ပိုပါသည်။
*စိတ်ကျရောဂါ ဖြစ်ပေါ်လာပါက စိတ်ခံစားချက်များမရှိတော့သလိုဖြစ်ခြင်း၊မျှော်လင့်ချက်ကင်းမဲ့သလို ဖြစ်လာခြင်း စသည်တို့ကို ရက်သတ္တပတ် ကြာမြင့်စွာ ခံစားနေရတတ်ပါသည်။စိတ်ကျရောဂါသည် ကာယကံရှင်၏ စိတ်ခံစားမှုများ၊စဉ်းစားတွေးခေါ်နိုင်မှု၊လုပ်ဆောင်မှုစသည်တို့အပေါ်တွင် ထိခိုက်မှုများ ဖြစ်ပေါ်လာစေနိုင်ပါသည်။

⭐စိတ်ကျရောဂါ၏ ထိခိုက်မှုများသည် လူတစ်ယောက်ခြင်းစီအလိုက် အမျိုးမျိုးကွာခြားနိုင်ပါသည်။
*စိတ်ကျရောဂါ ခံစားရသည့်ပုံစံများသည် လူတစ်ယောက်ခြင်းစီအလိုက် ကွာခြားတတ်ကြပါသည်။
*စိတ်ကျရောဂါ၏ လက္ခဏာများတွင်_
-ဝမ်းနည်းခြင်း၊မျက်ရည်လွယ်ခြင်း
-စိတ်ခံစားချက်များ မရှိတော့ခြင်း၊
မျှော်လင့်ချက်ကင်းမဲ့လာခြင်း၊
-စိတ်ဝင်စားမှု၊စိတ်ပျော်ရွှင်မှုများ လျော့နည်းလာ
ခြင်း
-အစားအသောက်ပျက်ခြင်း၊စားချင်စိတ်မရှိခြင်း၊
-အိပ်မပျော်ခြင်း၊ယခင်ကထက် ပိုအိပ်လာခြင်း၊
-ဂနာမငြိမ်ဖြစ်ခြင်း၊ပြောဆိုလှုပ်ရှားမှုများ နှေး
ကွေးလာခြင်း၊
-လေးလံထိုင်းမှိုင်းနေခြင်း၊အားအင် ကုန်ခန်းပြီး
ခြေကုန်လက်ပန်းကျခြင်း၊
-ကိုယ့်ကိုကိုယ် တန်ဖိုးထားမှု၊ယုံကြည်မှုမရှိတော့
ခြင်း၊
-အပြစ်ရှိသူတစ်ဦးကဲ့သို့ ခံစားရခြင်း၊
-အာရုံ စူးစိုက်နိုင်စွန်းနှင့်ဆုံးဖြတ်ချက် ချနိုင်စွမ်း
လျော့နည်းလာခြင်း၊
-နေ့စဉ်လုပ်ဆောင်နေကျ အလုပ်များ
မလုပ်ဆောင်နိုင်တော့ခြင်း၊
-ကိုယ့်ကိုကိုယ် အဆုံးစီရင်လိုသည့် အတွေးများ
ပေါ်လာခြင်း စသည်တို့ပါဝင်ပါသည်။


လမ်း30. 74.75ကြား ဆေးရုံကြီး(5)ထပ်ဆောင်မျက်နှာချင်းဆိုင်ရှေ့
မန္တလေးမြို့။
09790131500

07/02/2022

Be Safe !!

ကိုဗစ်နောက်ဆုံးလှိုင်း စတင်နေပါပြီ
အထူးဂရုစိုက်သတိထားမှ
လက္ခဏာပြနေတယ်ဆိုတာ
သိရတာပါ။

သွေးပျစ်ရင် သွေးတွင်း
အောက်စီဂျင်ကျတာကြောင့်
ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်
စောင့်ရှောက်ဖို့
လိုပါတယ်။
သွေးပျစ်ရတဲ့ အကြောင်းက
စိတ်နဲ့ ပတ်သက်တဲ့ခံစားချက်၊
ခန္ဓာနဲ့ ပတ်သက်တဲ့
နေထိုင်စားသောက်မှုပုံစံနဲ့
ပတ်သက်ပါတယ်။

သွေးပျစ်လာရင် ခန္ဓာကပေးတဲ့
မက်ဆေ့ ၄မျိုးကတော့_

၁။ မနက်ထလာရင် ခေါင်းမူးတယ်၊
အားမရှိဖြစ်တယ်။ မနက်စာစားပြီးမှ
တဖြည်းဖြည်း နိုးကြားလာပြီး
ညဉ့်နက်လေ လန်းဆန်းလေ
ဖြစ်လာတယ်။

၂။ နေ့လည်စာစားပြီးရင်
အရမ်းအိပ်ချင်တယ်၊
မအိပ်လို့ မရတာမျိုး။

၃။ ဆောင့်ကြောင့်ထိုင်ချလိုက်တာနဲ့
မွန်းကြပ်ပြီး အသက်ရှူလို့မကောင်းတာ၊
ခန္ဓာကိုယ် ဝဖြိုးတာ။

၄၊ အမြင်အာရုံ ရုတ်တရက်
ဝေဝါးတာ၊ ချက်ချင်းကောင်းကောင်း
မမြင်ရတာ။
ခန္ဓာက သွေးပျစ်ကြောင်း
အချက်ပြလာပြီဆိုရင်
အမြန်ကုစားကြပါ။
သွေးပျစ်တာကို သက်သာစေဖို့
နည်းလမ်း၅မျိုးကတော့_

၁။ ရေများများသောက်ပါ။

၂။ ကိုလက်စထရောကို တားဆီးနိုင်တဲ့
ဟင်းသီးဟင်းရွက်တွေဟာ
ရေဓာတ် အများကြီးပါတဲ့အပြင်
ကြွယ်ဝတဲ့ ဗီတာမင်စီနဲ့
ဖိုက်ဘာအမျှင်ဓာတ်တွေပါပါတယ်၊
ဒါကြောင့် ဟင်းသီးဟင်းရွက်၊ ပြောင်းဖူး၊
အသီးအနှံ အစေ့အဆံ အစုံစားပါ။

၃။ တိရိဆ္စန် ဝမ်းတွင်းကလီစာ
လျှော့စားပါ ။

၄။ ကိုယ်လက်လှုပ်ရှား
လေ့ကျင့်ခန်းလုပ်ပါ။

၅။ အရက်နဲ့ ဆေးလိပ်ကို ဖြတ်ပါ။
သွေးပျစ်ရင် ရေများများသောက်ဖို့

"ပထမ" ဆိုတော့
ရေ နဲ့ ပတ်သက်တာကို
နည်းနည်းထပ်ပြီး မျှဝေပါမယ်။

ဒါကြောင့်
သွေးပျစ်တာမဖြစ်အောင်
သွေးတွင်း အောက်စီဂျင်များအောင်
ရေများများသောက်ပါ။
အထူးသဖြင့် ရေနွေးများများသောက်ပါ။
ရေနွေးက အဆီတွေကို ခြေဖျက်နိုင်တယ်၊
အစာကြေတယ်၊သွေးလည်ပတ်မှုကို
ကောင်းမွန်စေတယ်။

ရေသောက်ခြင်းရဲ့
အကျိုးအာနိသင် ( ၈ )မျိုးကတော့၊

၁။ အဆိပ်အတောက်တွေကို
သန့်စင်စေတယ်။
၂။ အရေပြားကို သန့်ရှင်း
ကျန်းမာစေတယ်။
၃။ ကြွက်သားကို သန်မာစေတယ်။
၄။ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေတယ်။
၅။ ကိုယ်ခံစွမ်းအင် တိုးပွားစေတယ်။
၆။ ဝိတ်ကျစေတယ်။
၇။ ခေါင်းကိုက်တာကို သက်သာစေတယ်။
၈။ မှတ်သားနိုင်တဲ့စွမ်းရည်မှတ်ဥာဏ်ကို
တိုးပွားစေတယ်။

- ရေခဲရေကို ရှောင်ပါ။
- ရိုးရိုးရေကို များများသောက်ပါ။
- ရေနွေးကို များများသောက်ပါ။

- ရိုးရိုးရေနွေးဖြူအပြင်၊ရေနွေးကို
လက်ဖက်ခြောက် ခတ်သောက်တာ၊
- ပျားရည်နဲ့ သံပရာ
ညှစ်သောက်တာကလည်း
ကျန်းမာရေးအတွက်
ကောင်းမွန်စေပါတယ်။

👉ဒေါက်တာဝေဖြိုး - ပြည်သူ့ကျန်းမာ

#ကျွန်တော်ရဲ့လက်တဖက်လူသားတွေအတွက်

#မူရင်းရေးသားသူ

မည်သူမဆိုကူးယူဖော်ပြစေလိုပါသည်

Address

No. 67, 30th Street, Between 74th & 75th Street, Chan Aye Thar Zan Township
Mandalay
05024

Opening Hours

Monday 06:30 - 21:00
Tuesday 06:30 - 21:00
Wednesday 06:30 - 21:00
Thursday 06:30 - 21:00
Friday 06:30 - 21:00
Saturday 06:30 - 21:00
Sunday 06:30 - 21:00

Telephone

+959790131500

Website

Alerts

Be the first to know and let us send you an email when Cherry Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram