Dr. Aung Min Thu

Dr. Aung Min Thu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr. Aung Min Thu, Doctor, Mandalay.

Doctor | Medical Educator | Lifelong learner

📌 Follow for: Medical insights | Clinical knowledge | Science & beyond | Thought-provoking discussions

#လိုင်းပေါ်ကနေ သွေးအဖြေ မဖတ်ပေးပါ။ လိုင်းပေါ်မှ ဆေးမကုပါ။

COPD registration ၅၀၀ ပြည့်သွားပါပြီခင်ဗျာ Preparation သေချာလုပ်နေပါပြီကျနော်တတ်နိုင်တာလေး မျှဝေတာပါ ပါဝင်ပေးကြလို့ ကျေး...
30/12/2025

COPD registration ၅၀၀ ပြည့်သွားပါပြီခင်ဗျာ
Preparation သေချာလုပ်နေပါပြီ
ကျနော်တတ်နိုင်တာလေး မျှဝေတာပါ
ပါဝင်ပေးကြလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ

Guideline တွေက ဘယ်သူမှမဖတ်ပေးပါဘူးခင်ဗျာ
ဘာလို့လဲဆိုရင် အချိန်အရမ်းပေးရလို့ပါ
ပုံမှန်အားဖြင့် GP တွေမှာ ဖတ်လေ့မရှိပါဘူး
စာဖတ်ဖို့လည်း နေ့စဉ်တိုက်တွန်းတာမျိုးမရှိသေးပါ
ကိုယ်သိတာ ကိုယ်ပြောသွားကြတာများပါတယ်
ကျနော်လည်း အရင်က အဲ့လိုပါပဲ

Grow together mindset ဝင်လာပြီးနောက်ပိုင်းမှာ
ကိုယ်သိတာတွေ လာရေးနေမယ့်အစား
စာဖတ်ချင်လာဖို့ တိုက်တွန်းရမယ်ဆိုပြီး
ဒါတွေ နေ့စဉ် ၁ရက်မပြတ် လုပ်ပါတော့တယ်
အပျင်းစိတ် ၁နှစ်လုံး ၁ရက်ကလေးတောင် မရှိပါ
Q&A အပုဒ်၁၀၀ ထိ Scenario တွေ ရှယ်လုပ်ပါတယ်
အများစု Q&A က စသိကြတာပါ။
Guideline ကတော့ တကယ်ပင်ပန်းတယ်ခင်ဗျာ
Preparation, recording, editing သေချာပြင်တာပါ
၂၀၂၅ ကိုတော့ အမြဲအမှတ်ရနေပါမယ်
အရှိန်အဟုန်ကောင်းကောင်းနဲ့ တအားကြုံးတဲ့နှစ်ပါ

အခုလည်း နောက်ဆုံးပိတ်အိတ်နဲ့လွယ်
Registration ၅၀၀ ပြည့်သွားပါတယ်
ပုံမှန် Guideline တိုင်းမှာ ၃-၄ရာ အမြဲရှိပါတယ်
ဒီတကြိမ်က စံချိန်ချိုးပြီး စာလာဖတ်ကြတာပါ
Warmly welcome ပါခင်ဗျာ
ဒီအရှိန်နဲ့ဆို ၂၀၂၆ အသာလေး ကျော်ဖြတ်နိုင်ပါပြီ
Let’s go ဆရာတို့ရေ 💪💪

နားထောင်ဖို့ Ready ပဲဆိုရင် YES လို့မန့်ပေးပါ

မေတ္တာဖြင့်
ဒေါက်တာအောင်မင်းသူ
၃၀၊၁၂၊၂၀၂၅

30/12/2025

NewYearအတွက်
စာတွေကြိုစီပါပြီ
Diaryရေးကြပါ
အမှတ်တရပေါ့ဗျာ🩵

ကိုင်းဆရာတို့ရေ 🫶🫶Photo crd:
30/12/2025

ကိုင်းဆရာတို့ရေ 🫶🫶
Photo crd:

ကျနော်က Chapter တခုပြောတိုင်းမှာKey skills ကို ထည့်ပြောလေ့ရှိပါတယ်ဆရာတို့ ဒါမသိရင်တော့ မတန်ဘူးတဲ့ဗျ နော် OHCM (Rheumato)...
30/12/2025

ကျနော်က Chapter တခုပြောတိုင်းမှာ
Key skills ကို ထည့်ပြောလေ့ရှိပါတယ်
ဆရာတို့ ဒါမသိရင်တော့ မတန်ဘူးတဲ့ဗျ နော်
OHCM (Rheumato) အတန်းက Slide တချပ်ပါ

ဒါက သင်ထောက်ကူအနေနဲ့ပါ
၁။ Inflammatory နဲ့ Mechanical pain ခွဲတတ်ရမယ်
၂။ Drug categories DMARDs ကျွမ်းရမယ်
၃။ Joint exam နဲ့ Autoimmune screen သိရမယ်

ဒါလေးပါပဲဗျ အစဆုံးဖတ်ပြီးရင် အကုန်သိမှာပါ
အဲ့ကျမှ အော်ဟုတ်ပေသားပဲ ဒီ၃ခုပဲကိုး။
တလုံးဖတ် တကြောင်းမှတ်ဆိုရင် မမြင်ဘူးဗျ
အကုန်ဖတ် များများဖတ် overall ခြုံကြည့် ဒါမျိုးမှ။

ဒီပုံက inflammatory arthritis pattern ပေါ့
OHCM က မစုံဘူး မကြိုက်ဘူး ဒါကြောင့် Add တာပါ
ဖြစ်နိုင်ရင် မလိုအပ်ရင် လျှောက်ပြမနေချင်ပါဘူး
သူ့ရှိတာလေးနဲ့ အလုပ်ဖြစ်အောင်ပဲ ပြောပြမှာပါ။

OA နဲ့ RA လေးပြောပြပါမယ်၊ A နဲ့ D ပုံပါ
Rheumatoid (A) မှာ DIP ဆေးချယ်မထားဘူး
OA (D) မှာ MCP ဆေးခြယ်မထားဘူး >>
Base of thump ကိုပဲ အရောင်ခြယ်တယ်
နံပတ် C ပုံဆိုရင် Spondylo - vertebra ကိုပြောတာ
ထင်းကနဲ လင်းကနဲ ဆေးခြယ်ထားတယ်
Psoriatic (B) ပုံ Entire digit တခုလုံးခြယ်ထားတယ်
အဲ့ဒါကို pattern လို့ ခေါ်တာပါ
ရောဂါအသေးစိတ်ကို ဆက်ဆွေးနွေးကြတာပေါ့ဗျာ

စာလိုတောင့်တောင့်ကြီးတွေ မမှတ်ပါနဲ့ဗျ
သိပ်အလုပ်မဖြစ်ဘူး Concept ပဲမှတ်ပါ
နဲနဲပဲမှတ်ပြီး များများလေး ချဲ့တွေးပါ

လိုတိုရှင်းပါခင်ဗျာ
အကျိုးရှိရင် YES လို့ မန့်ပေးပါ။

သင်တန်းစုံစမ်းလိုပါက -
See the first comment

30/12/2025

လူနာအပေါ် တကယ် စိတ်ကောင်းစေတနာကောင်းထားတဲ့ ဆရာဝန်ဆိုရင်

အရမ်းအရမ်း ချစ်ခင်လေးစားပါတယ်ခင်ဗျာ 🩵 🙏🙏

30/12/2025

မနက်စောစောစီးစီး

မန်းတလေး မုန့်ဟင်းခါးလေး သောက်ချင်လိုက်တာဗျာ။

29/12/2025

တယောက်တည်းနေတာကြာလာရင် တယောက်တည်းပဲ နေချင်ကြတော့တာပါ။

ယောက်ျားမြန်မြန်ယူကြပါနော် 💛
(သမီးတွေကိုအကြံပေးတာပါ😭)

၂၀၂၃ နှစ်ဦးပိုင်းပေါ့အတော်အလုပ်လုပ်ခဲ့တဲ့ ကာလတွေပါ MO လုပ်နေရင်းတဖက်မှာ စာရေးပါတယ် တဖက်မှာလည်း PACES ပြင်နေဆဲကာလပါ ၃အုပ်...
29/12/2025

၂၀၂၃ နှစ်ဦးပိုင်းပေါ့
အတော်အလုပ်လုပ်ခဲ့တဲ့ ကာလတွေပါ
MO လုပ်နေရင်းတဖက်မှာ စာရေးပါတယ်
တဖက်မှာလည်း PACES ပြင်နေဆဲကာလပါ
၃အုပ်ထွက်ထားပြီ နေ့တိုင်းပို့ပေးရပါတယ်
အရမ်းကို ရောင်းရပါတယ်
ကျနော် Order ကောက်တဲ့နေ့ဆိုရင်
ည၃-၄နာရီမှ အိပ်ရပါတယ်
ဒါတောင် အိမ်ကညီမလေး ကူပေးနေလို့ပါ

အရေပြားစာအုပ်ကစပြီး ကံအကျိုးပေးတာပါ
ဆေးစာအုပ်ကို မြန်မာလိုစကားပြောဟန်နဲ့
အစအဆုံး ဘာ Story မှမပါဘဲ ရေးထားတာပါ
အုပ်ရေအားဖြင့် ၂၀၀၀ ကျော်ထိ ရောင်းထားတာ
၄အုပ်လုံး အားပေးသူတွေလည်း ရှိပါတယ်
ကျေးဇူးတင်ပါတယ်ခင်ဗျာ

ဒီလိုစာရွက်လေးတွေနဲ့ စိတ်ကူးချိုချိုက ရှင်းပေးတာ
ငွေထုတ်လို့ရပြီဆိုရင် ဆက်သွယ်တယ်
% တော့ ပေးရတာပေါ့ဗျာ
အလကားဘယ်ရောင်းပေးပါ့မလဲ
% ပေးပြီး audience ဝယ်တဲ့သဘောပါ
Page ကလည်း 15K followers ပဲရှိသေးတာ
Digital marketing ကနေလည်း ဖောက်ပါတယ်
Ads တွေ စပယ်ရှယ်ထည့်တာပေါ့ဗျာ

ဘာရယ်မဟုတ်ပါဘူး စိတ်ကူးချိုချိုမှာ
New year promotion တွေချနေလို့
ပြန်အမှတ်ရသွားတာလေးပါ
၂၀၂၆ မှာ ဘာတွေဖြစ်လာမလဲ မသိသေးပါဘူး
စာအုပ်တွေ ပြန်ရေးချင်နေပြီ
ငယ်သေးတော့ ဒီထက်ပိုလုပ်နိုင်သေးတယ်ဗျ
အခုလုပ်နေတာတွေ အားမရသေးပါဘူး
အားပေးကူညီ စောင့်ရှောက်ကြပါဦးခင်ဗျာ

ဘာစာအုပ်လေးတွေ ဖတ်ဖူးကြလဲဟင်
ဘာတွေထုတ်စေချင်သေးလဲဗျ
ဘာတွေရေးစေချင်ပါသေးလဲခင်ဗျ

လေးစားစွာဖြင့်ပါဗျ
ဒေါက်တာအောင်မင်းသူ
၂၉၊၁၂၊၂၀၂၅

“သူက ဆရာဝန်ဆိုပေမဲ့ ဆရာဝန်လိုမနေဘူး”ဒါက Naturally humble ဖြစ်တဲ့သူတွေကို အရပ်ထဲက မိတ်ဆွေတွေက ချီးကျူးတာလေးပါတအားချစ်စရာက...
29/12/2025

“သူက ဆရာဝန်ဆိုပေမဲ့ ဆရာဝန်လိုမနေဘူး”

ဒါက Naturally humble ဖြစ်တဲ့သူတွေကို
အရပ်ထဲက မိတ်ဆွေတွေက ချီးကျူးတာလေးပါ
တအားချစ်စရာကောင်းတယ်လေ နော်
Society ထဲမှာကျတော့ ဆရာဝန်ဆိုတာ
ပညာတတ် တည်ကြည် ဟိတ်ဟန် ဒါမျိုးလာတာ
ဒါကျနော့်အမြင်မဟုတ်ဘူးနော်
အရပ်ထဲဒီလိုမျိုးပဲ ခုချိန်ထိသတ်မှတ်နေတုန်းပါ

မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဆုံကြရင်
“သူသာမပြောရင် ဆရာဝန်ကိုမထင်တာကွာ၊
ဘာဟိတ်ဟန်မှမရှိဘူး၊ အရိုးခံအဖြူထည်လေး”
ဒါကိုပဲ “ရိုးဂုဏ်”လို့ သုံးကြတာဖြစ်မယ်ပေါ့လေ
တွေ့ဖူးပါတယ် အများကြီးပဲ အဲ့လိုလူတွေ။
ပင်ကိုယ်အတိုင်း နှစ်လိုဖွယ်ရှိသူတွေ။

အထူးသဖြင့် ရပ်ကွက်ထဲမှာ GP ဖွင့်ပြီးမှ
အထူးကုဖြစ်သွားတဲ့ အကို/အမ တွေဆိုရင်
ဒီလိုစိတ်ထားလေးတွေ တွေ့ရတယ်ဗျ
သိပ်ပြီး ဟိတ်ကြီးဟန်ကြီး မရှိပါဘူး
အရမ်းချစ်စရာကောင်းပါတယ်
လူတွေက တော်လို့ချစ်ခင်ကြတာထက်လေ
Humble and authentic ဖြစ်တာကို မြတ်နိုးတာ
အဲ… ကန်တော့ပါ ကျနော့်အမြင်ပါနော်
တော်တဲ့စတိုင်တအားဖမ်းလွန်းရင် မပေါင်းချင်၊

ခင်များသိတာပေါ့ဗျာ Level တခုရောက်လာရင်
ဘယ်သူကဘယ်လိုကောင်လဲ လိမ်လို့မရဘူး
စတိုင်မလိုင်တအားများလွန်းရင် မချစ်ကြဘူး
အဲ.. အမြင်ကတ်တဲ့ဘက်တောင် သွားတယ်ဗျ
လူတွေဘယ်လိုထင်ထင် ကိစ္စတော့မရှိပါဘူး
ပတ်ဝန်းကျင်ကိုတော့ မေတ္တာနဲ့အေးစေရမယ်

ကောင်းတာဆိုရင် လုပ်ယူရပါတယ်
မာနဆိုတာ မမာနိုင်တဲ့အချိန် ဘာလဲသိပါမယ်
ပညာရှိတို့မည်သည် တွေးကြည့်ရုံနဲ့သိကြတယ်
မလုပ်နဲ့ ငါတကောကော မနေနဲ့
ဒါတွေဟာ မြန်မာ့ချစ်စရာဓလေ့ပဲ
အစွယ်ထုတ်ပြဖို့လည်းမလိုပါဘူး
ငြင်သာစွာ ပြဿနာတွေကို ငြင်းပါပယ်ပါတော့။

ကျနော့်အဝန်းဝိုင်းလေးကို
ချစ်ခြင်းဖြင့်သာ နွေးထွေးစေပါမယ်
ပညာအားဖြင့်သာ ပျိုးထောင်လိုပါတယ်
ဒါဟာ လူကိုလူနဲ့ ပိုတူစေ ပိုပီသစေတာပါ။

အတွေးတခုခုရသွားရင် YES လို့မန့်ပေးပါ။

ချစ်ခြင်းများစွာဖြင့်
ဒေါက်တာအောင်မင်းသူ
၂၉၊၁၂၊၂၀၂၅

ကနေ့ည Rheumato အတန်းမှာတင်မှာပါ Slide တချပ်စာ sharing ဖြစ်ပါတယ် OHCM ရေးထားလို့ ဖတ်ရတာပါ Gout ရောဂါက Revolution တခုထိဦးတ...
29/12/2025

ကနေ့ည Rheumato အတန်းမှာတင်မှာပါ
Slide တချပ်စာ sharing ဖြစ်ပါတယ်
OHCM ရေးထားလို့ ဖတ်ရတာပါ

Gout ရောဂါက Revolution တခုထိဦးတည်သွားတာ
သမိုင်းထဲက ဆေးပညာပေါ့
စာတွေပဲ တနေကုန်ဖတ်ရတာ ပျင်းစရာကြီးလေ
တခါတလေ Entertain လုပ်ရမှာပါ
ဒါကျနော်တို့အတွက် ဇာတ်ကားတွေပဲဗျ
Entertainment အစီအစဉ် ဖြစ်ပါတယ် ရှုစားပါ။

William Pitt က ဂေါက်ရောဂါရှိတာ
သူက British ပါလီမန်မှာ ပြောရေးဆိုခွင့်ရှိသူ
ကိုလိုနီလက်အောက်ခံတွေကို မတော်မတရား
အခွန်စည်းကြပ်တာမျိုး သူက လက်မခံ ငြင်းဆန်၊
တနေ့တော့ gout attack ရတယ် အိပ်ယာထဲခွေရော၊
ပါလီမန်မှာ Pitt မရှိတုန်းအခွင့်ကောင်းယူပြီး
အခွန်ဥပဒေ Tea act ဆိုပီးထုတ်ချတယ်

အမေရိကန်တွေကို သပ်သပ်ညစ်တာ
အခွန်တခုပြဌာန်းဖို့ ကိုယ်စားလှယ်ရှိရတယ်
လက်အောက်ခံပြည်သူတွေ ပုန်ကန်ကြတယ်
Boston ဆိပ်ကမ်းမှာ Teaကုန်ကြမ်းသတ္တာတွေ
ရေထဲမျှောကြပစ်တယ် ဒါမျိုးလက်မခံဘူးကွတဲ့
အဲ့ဒါကို Tea party လို့ခေါ်သတဲ့

ရတယ်လေ မင်းတို့က အရိပ်နေနေ အခက်ချိုးချိုး
တွေ့ကြသေးတာပေါ့တဲ့ အင်အားသုံးဖြိုခွဲ ပါဝါပြ
သူချတော့ ကိုယ်ပြန်ချပေါ့
အဲ့ဒီမှာ နယ်မြေ ၁၃ခု လွတ်မြောက်သွားတယ်

အဲ.. အကယ်၍များ
Pitt သာ Gout မဖြစ်ခဲ့ရင် ပါလီမန်အစည်းဝေး
သူသာ တက်နိုင်ခဲ့ရင် Tea act ဖြစ်မလာ
နယ်မြေ ၁၃ခုက ဗြိတိန်အပိုင်ပါ။
အဲ့ခေတ်ကို time-traveller လုပ်ခွင့်ရရင်
သူ့ရဲ့ Uric acid ကို ကောက်ထိန်းပေးခဲ့လိုက်မယ်
အရက်မသောက်ဖို့ Red meat မစားဖို့ မှာခဲ့မယ်။

ကျနော့် junior ညီလေးတယောက်မေးသလို
အကို ကျနော့်စာရွက်က မှင်စွန်းနေတယ်မလုပ်နဲ့နော်
အဲ့ဒါ ရေထဲပစ်ချတာကို သရုပ်ပြတာ 😭
Tea party ဟေ့ Tea party အက်ဒါ အဲဒါ

ကဲ ဒါမျိုးလေးတွေကြိုက်ရင် YES ခဲ့ဗျာ

သင်တန်းစုံစမ်းလိုပါက
See the first comment -

ကိုယ့်ကိုကိုယ် အထင်ကြီးတာမဟုတ်ပါဘူးKnowledge တခုနားထောင်ရင် နား နဲ့ ဦးနှောက် ၂ခုနဲ့ပဲ အလုပ်လုပ်ပါတယ်ဘောပင် စာရွက်တွေမကို...
29/12/2025

ကိုယ့်ကိုကိုယ် အထင်ကြီးတာမဟုတ်ပါဘူး
Knowledge တခုနားထောင်ရင်
နား နဲ့ ဦးနှောက် ၂ခုနဲ့ပဲ အလုပ်လုပ်ပါတယ်
ဘောပင် စာရွက်တွေမကိုင်တော့ပါဘူး
Video ကြည့်လိုက် ချရေးလိုက် စဉ်းစားလိုက်
ကိုယ့်အတွက် အလုပ်မဖြစ်တာကို တွေ့ပါတယ်
စစချင်းတော့ ကြောက်တယ်ဗျ
အရေးကြီးတာတွေ လွတ်သွားရင်ဒုက္ခပဲ

မဟုတ်ဘူးဗျ သေချာစဉ်းစားပါ
Lectures တွေ အများကြီး နားထောင်ခဲ့ကြတာပဲ
စာရွက်ထဲမှာချန်ထားခဲ့တာတွေပဲ များလာတာ
ကျနော်တို့က အသုံးချဖို့ထက်
စာရွက်ထဲမှာ စာရှိနေဖို့ကို ပိုအားထုတ်မိတယ်
ကျနော် Risk ယူပါတယ် နားနဲ့ဦးနှောက်ပဲသုံးမယ်
ဘောပင် နဲ့ စာရွက်မသုံးပဲ နားထောင်တယ်

Concentration ဆယ်ဆမက ကောင်းလာတယ်
ငါ့မှာအားကိုးစရာ နားနဲ့ဦးနှောက်ပဲရှိတာ
(Audio podcast တွေနားထောင်တာ များလို့ပါ)
အဲ့တာ တလျှောက်လုံး Online ဖြစ်နေတာဗျ
ဥပမာ ကျနော် နေ့စဉ်စကားပြောတဲ့အခါထိ
ဒီ memory တွေ ဖြတ်ဖြတ်ဝင်လာတာတွေ့တယ်
အဆင်သင့်ယူသုံးလိုက်ရုံပဲ အလုပ်ဖြစ်ပါတယ်

Notes တအားမှတ်လွန်းသူက Load ကိုမခံနိုင်ဘူး
Info: load များလာရင် Stress ပိလာတယ်
နောက်တကြိမ်ပြန်ဖတ်မယ်ဆိုတဲ့စိတ်နဲ့လာတာ
Backup plan ရှိနေတော့ သမာဓိ လျော့ပါတယ်
သူက ဝီရိယကို ဦးတည်ပြီး lecture လိုက်တာ
စူးစိုက်မှုနဲ့ တွေးခေါ်မှု အချိန်ပေးကြည့်ပါ
ပိုအလုပ်ဖြစ်တာတွေ့ရပါလိမ့်မယ်

အကြံပေးရုံသပ်သပ်ပါ
အကြိုက်မတူနိုင်ပါ အမြင်မတူနိုင်ပါ
တခါတလေ စာရွက်ဘောပင်မကိုင်ဘဲ
စူးစိုက်မှု နဲ့ တွေးခေါ်မှုကို အသားပေးကြည့်ပါ
အဲ့ဒါအကျင့်ဖြစ်သွားရင် learning speed
တအားကို မြန်ဆန်လာပါလိမ့်မယ်
သုံးသပ်ပါ Work both hard and smart

အတွေးတခုခုရရင် YES လို့ မန့်ပေးပါ။

မေတ္တာဖြင့်
ဒေါက်တာအောင်မင်းသူ
၂၉၊၁၂၊၂၀၂၅

29/12/2025

ထက်မြက်တာနဲ့
ပြဿနာပတ်ရှာတာ
Inversely proportionate ပါ
လက်ယက်မခေါ်ပါနဲ့ ⚠️

Address

Mandalay

Telephone

+959759831665

Website

Alerts

Be the first to know and let us send you an email when Dr. Aung Min Thu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. Aung Min Thu:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category