Dr. Aung Min Thu

Dr. Aung Min Thu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr. Aung Min Thu, Doctor, Mandalay.

Doctor | Medical Educator | Lifelong learner

📌 Follow for: Medical insights | Clinical knowledge | Science & beyond | Thought-provoking discussions

#လိုင်းပေါ်ကနေ သွေးအဖြေ မဖတ်ပေးပါ။ လိုင်းပေါ်မှ ဆေးမကုပါ။

14/04/2026

အကြောင်းအကျိုး
ချိတ်မိသွားရင်
အပြစ်မမြင်တော့ဘူး
ဝင်မစွက်ဖက်တော့ဘူး
နိယာမနဲ့သွားတာပဲ

14/04/2026

ကိုယ်နဲ့ထိုက်တန်တာကို
ရနေကြတာပါပဲ
ရှုထောင့်အကုန်မြင်ရင်
နားလည်သွားတယ်

Thingyan guideline ပါဝင်ကြတဲ့မောင်နှမဆရာတွေ ၂ထောင်ကျော်လာပါပြီဒီပို့စ်မှာ Link ထပ်ချပေးပါမယ် မြန်မြန်နားထောင်ကြပါဦးခင်ဗ...
14/04/2026

Thingyan guideline ပါဝင်ကြတဲ့
မောင်နှမဆရာတွေ ၂ထောင်ကျော်လာပါပြီ
ဒီပို့စ်မှာ Link ထပ်ချပေးပါမယ်
မြန်မြန်နားထောင်ကြပါဦးခင်ဗျာ
နှစ်ဆန်း၂ ရက်နေ့ ပြန်ဖျက်ပါမယ်။

နောက်ထပ် Guideline အသစ်လာတော့မှာပါ
Current guideline ရှိနေဆဲက
၁။ NICE Hypertension 2026
၂။ NICE DM 2026

ဒီ၂ပုဒ်လည်း အချိန်အကန့်သတ်ရှိပါတယ်
မြန်မြန်လေး ဖတ်ထားပါခင်ဗျာ
ပြန်ပြန်ကျော့ပါ ဘာထပ်ဖြည့်ဦးမလဲ တို့ထားပါ
အကြိုက်က တူကြတာမဟုတ်ဘူး
ကိုယ့်အာဘော်နဲ့ကို ပြောင်းမှတ်ပါ
ကိုယ်ပိုင် concept ရအောင်ဖြည့်မှတ်ပါ

နောက် Guideline အတွက် Ready ဆိုရင် YES ပါ
ကုသိုလ်တခုနေ့စဥ်ပြုကြပါ
ကောင်းတာလေးတွေ သတိထားလုပ်သွားပါ

မေတ္တာဖြင့်
ဒေါက်တာအောင်မင်းသူ
၁၄၊၄၊၂၀၂၆

နှစ်သစ်ကိုကြိုဆိုတဲ့အခါကျတော့တရားအားထုတ်ပါတယ်ကုသိုလ်စိတ်နဲ့လုပ်တာကောင်းပါတယ်ဒါကလည်း တပိုင်းပေါ့လေ ဒီလိုမင်္ဂလာအခါသမယမှာ ...
13/04/2026

နှစ်သစ်ကိုကြိုဆိုတဲ့အခါကျတော့
တရားအားထုတ်ပါတယ်
ကုသိုလ်စိတ်နဲ့လုပ်တာကောင်းပါတယ်
ဒါကလည်း တပိုင်းပေါ့လေ

ဒီလိုမင်္ဂလာအခါသမယမှာ
လူအများစု မြူးထူးပျော်ပါးနေကြတာပဲ
ဘုရားတရားအာရုံနဲ့နေဖို့က သဒ္ဓါစိတ်ရှိမှ။
ကောင်းမှုကုသိုလ်လုပ်ဖို့က သဒ္ဓါကစတယ်
ဒီသဒ္ဓါတရားသီးသန့်က ယိုင်နဲ့လွယ်တယ်
အာဏာကောက်သိမ်းခံရတော့
တော်ပြီတဲ့ မင်းတို့ဗုဒ္ဓဘာသာက
ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ဆိုတဲ့
အခုကြည့်ဦး ဘာကြီးတုန်း ?
မင်းတို့ဘုရား Principle က အမှားကြီးတဲ့
ဘာသာမဲ့ကမှ ပို smart ဖြစ်သေးတာတဲ့
ငါတို့က အနည်းဆုံး စိတ်ထားကောင်းတယ်။

ကဲပါ ကိုယ်ကြိုက်တာလုပ်လို့ရပါတယ်
အရေခြုံများတော့ မကာကွယ်ဝံ့ပါဘူး
ကျနော်တို့က ဗုဒ္ဓအဆုံးအမကို လက်ခံတာက
သံဝေဂတရားတွေကြောင့်ပါ
သဒ္ဓါတရားသီးသန့်နဲ့ မဟုတ်တော့ဘူး
သံဝေဂဆိုတာ မတည်မြဲခြင်းကိုမြင်တာပဲ
ယိုယွင်းခြင်း ဖောက်ပြန်ခြင်း အစိုးမရခြင်း
တွေးနေစရာမှမလိုတော့တာ ရှင်းနေတာပဲ
ဒါကိုပဲ သိပ္ပံနည်းကျ ရှင်းပြစရာလိုသေးတာလား
ပါဋိတွေအများကြီး မတတ်လည်း မြင်ပါတယ်
တအားအခက်ကြီး မလုပ်ပါနဲ့ဗျ
အကုန်ထွက်ပြေးကုန်ပါဦးမယ်
ဒီသံဝေဂတရားက ပန်းတိုင်ပို့ပေးမှာပါ
သံဝေဂရင့်သန်လာရင် လိုက်ရှာတော့မှာပါ

သိဒ္ဓတ္ထတောထွက်တာ သံဝေဂကြောင့်ပဲ
နှလုံးသွင်းမှန်ကန်မှုလေး အရင်ပါလာမှ
ဝိပဿနာလမ်းက တည့် တည့် လာတာ
တယောက်ချင်းစီက စရိုက်သဘာဝမတူတော့
တချို့က တရားကို သိပ္ပံလို ချည်းကပ်တယ်
Evidence-based practice နဲ့ သွားချင်တယ်
ကျနော်ကတော့ တရားကိုတရားလိုလေးပဲ
သဘာဝလက္ခဏာနဲ့ သာမညလက္ခဏာ
ထပ်ခါထပ်ခါဆင်ခြင်တယ်
နောက်ဆုံး “မလိုချင်တော့မှ ရတယ်” တဲ့
အတ္တဖြုတ်မှ နိဗ္ဗာန်ကိုရတာပါတဲ့

သံဝေဂဉာဏ်တွေရင့်သန်လာဖို့ကတော့
အိုခြင်း၊နာခြင်း၊သေခြင်းကို နှလုံးသွင်းရတာ
ကြိုက်တဲ့ဘက်ကလှည့်တွေး ဒုက္ခပဲကိုဗျ
သူက အမှန်တရားစစ်စစ်ပဲ သေချာတယ်
အဲ့ဒါကိုပဲ ဗုဒ္ဓက “သစ္စာတရား” လို့အမည်တပ်တာ
ဒုက္ခကို အမှန်တရားဆိုတော့
အဲ့ဒီဒုက္ခကနေလွတ်တဲ့ အမှန်တရားလည်းရှိတယ်
ဒါတော့ လူတိုင်းမမြင်နိုင်တော့ဘူး
ဘုရားပွင့်လာမှ မြင်တော့တာပဲ
လမ်းစဉ်ကိုကျတော့ မဂ္ဂလမ်းစဉ် လို့ခေါ်တာ
အဲ့ဒါ သာသနာရဲ့ အနှစ်သာရပါပဲ 🙏

မေတ္တာဖြင့်
ဒေါက်တာအောင်မင်းသူ
၁၃၊၄၊၂၀၂၆

13/04/2026

Thingyan Guideline sharing ကို အရင်ပို့စ်မှာ link ထည့်ပေးထားပါတယ်။

မရသေးတဲ့ဆရာတွေ ဒီပို့စ်မန့်ကတဆင့် ပြန်ဝင်လို့ရပါတယ်။ Link ပါပါတယ်

OHCM emergency အတန်းအတွက်ပါ Slide တချပ်စာ sharing ပါခင်ဗျာNeurology emergencies ပြီးလုနီးပါးပါ သင်္ကြန်ပြီးရင် နောက် Cha...
13/04/2026

OHCM emergency အတန်းအတွက်ပါ
Slide တချပ်စာ sharing ပါခင်ဗျာ
Neurology emergencies ပြီးလုနီးပါးပါ
သင်္ကြန်ပြီးရင် နောက် Chapter သစ်စပါပြီ

🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨

OHCM 11ed အတန်း (၃)ခန်း ရှိပါတယ်။
၁။ Endocrine
၂။ Rheumatology
၃။ Emergency

Pre-recorded lecture ဖြစ်လို့
အချိန်မရွေး အားတဲ့အချိန်နားထောင်ပါ။

(ကြော်ငြာတဖြတ်ပါခင်ဗျာ။)

✅ Brain herniation ကို Types (၃)မျိုးပါ။
၁။ Subfalcine (Frontal lobe ကျွံ)
၂။ Uncal (Temporal lobe ကျွံ)
၃။ Tonsillar (Cerebellum ကျွံ)

Davison က subfalcine မပြောထားဘူး
ဒီ(၃)ခုက ထူးခြားမှုလေးတွေလည်းရှိတယ်

🟨 Subfalcine herniation ဆိုတာက
Frontal lobe ကို အတွန်းခံရတာ
Falx cerebri ဆိုတာ rigid membrane
အမာနံရံကိုထောက်ပြီး အတွန်းခံရတာ
Anterior cerebral artery ဖိမိတော့ Stroke
Frontal lobe signs လည်းတွေ့ပါမယ်
ဒီကောင်က most common type ပဲ

🟨 Uncal herniation မှာတော့

Temporal lobe ရဲ့အောက်ပိုင်းကျွံတာ
Tentorium cerebri ဆိုတာ rigid membrane
အမာနံရံကို ထောက်ပြီး အတွန်းခံရတာ
Minbrain ကိုသွားအဖိခံရတယ်
3rd nerve palsy လေးမှတ်ရပါမယ်
OHCM 10ed မှာ “ipsilateralizing” လို့ရေးပါတယ်
အသစ်မှာ အဲ့စကားလုံး မယူတော့ဘူး
ဒီ Type က physical signs obvious အဖြစ်ဆုံး။
၁။ Ipsilateral dilated pupil
၂။ Ipsilateral ophthalmoegia
၃။ Contralateral hemiparesis

🟨 Tonsillar herniation ကတော့

Cerebellar tonsil ကျွံကျတာ
သူကတော့ အပေါက်ထဲကိုကျွံတာ
Foramen magnum ထဲကို ကျွံကျတာ
Medulla ကို အဖိခံရပါတယ်
Vital centre ရှိတာသိပြီးသားဆိုတော့
Most dangerous type ဖြစ်နေပါတယ်
Respiratory centre ထိ၊ Apnoea ရပါမယ်

Clinical features တချို့ရယ်
Raised ICP မှာ LP လုပ်မယ်ဆိုရင် သတိထားစရာ
Mx မှာ Circulation အပိုင်းသတိထားစရာ
ဒါတွေကိုတော့ Full video မှာဆွေးနွေးပါတယ်

ကဲ လိုတိုရှင်း summary မို့လို့
သင်္ကြန်နားရက်မှာ စိတ်မညစ်စေချင်ပါဘူး
ကိုယ်စိတ်ကျန်းမာကြပါစေခင်ဗျာ 🩵

အကျိုးရှိရင် YES လို့မန့်ပေးပါ 💟
သင်တန်းစုံစမ်းလိုပါက -
See the first comment






မေတ္တာဖြင့်
ဒေါက်တာအောင်မင်းသူ
၁၃၊၄၊၂၀၂၆

Thingyan sharing မှာ ပါဝင်ပေးကြလို့ ကျေးဇူးအထူးပါခင်ဗျာ နားမထောင်ရသေးတဲ့ဆရာတွေလည်း ကြွရောက်ချီးမြှင့်ပေးပါဦးခင်ဗျာ လောလ...
12/04/2026

Thingyan sharing မှာ
ပါဝင်ပေးကြလို့ ကျေးဇူးအထူးပါခင်ဗျာ
နားမထောင်ရသေးတဲ့ဆရာတွေလည်း
ကြွရောက်ချီးမြှင့်ပေးပါဦးခင်ဗျာ

လောလောဆယ်အထိ Update အဖြစ်ဆုံး
Guideline တွေပါပဲခင်ဗျာ
Asthma, Pneumonia, SLE ဖြစ်ပါတယ်
ပါဝင်သူ ၁၇၀၀ ကျော်လာပါပြီ
ပုံမှန် Topfan ဂရုတွေမှာတော့ ၅၀၀ ဝန်းကျင်ပါ
အကျိုးရှိမယ်လို့လည်း ယုံကြည်ပါတယ်
Info ကတော့ Textbook Guideline ပါပဲ
လိုတိုရှင်း မိနစ်အနည်းငယ်နဲ့ မျှဝေတာပါ
ရည်ရွယ်ချက်ကိုက စာကိုမကြောက်သွားအောင်
ငါတို့လည်း လုပ်နိုင်သားပဲဆိုတဲ့
Sense လေး ဖြစ်သွားအောင်ပါ Moti ရစေချင်တာ
စာတွေနဲ့ ဖြဲခြောက်မယ့် page မဟုတ်ပါဘူး
Action အများကြီးနဲ့ တပိုင်တနိုင် ကူညီတာပါ
လူတိုင်းဖတ်နိုင်ပါတယ် စည်းကမ်းနဲ့နည်းလမ်းပါပဲ

ကဲ အကျိုးရှိရင် YES လို့မန့်ပေးပါဦးဗျာ 💟
မနက်ဖြန် ၈ပါးသီလ ဥပုသ်ယူပါမယ်။
ဝိပဿနာအလုပ်တွေ အားထုတ်ပါမယ်။
Happy Thingyan ဖြစ်ကြပါစေဗျာ 🙏🙏🙏

မေတ္တာဖြင့်
ဒေါက်တာအောင်မင်းသူ
၁၂၊၄၊၂၀၂၆

You become what you think တဲ့ဗျကျနော်တို့အတွေးထဲ ပုံဖော်တာကိုကအေးဆေးအခန်းထဲ စာဖတ်တဲ့ဘဝပဲဒီဘဝတော့ သူဌေးဖြစ်မယ့်ပုံမပေါ်ဘူ...
12/04/2026

You become what you think တဲ့ဗျ
ကျနော်တို့အတွေးထဲ ပုံဖော်တာကိုက
အေးဆေးအခန်းထဲ စာဖတ်တဲ့ဘဝပဲ
ဒီဘဝတော့ သူဌေးဖြစ်မယ့်ပုံမပေါ်ဘူး
ကိုယ်က ဒီဘဝကိုပဲ ကျေနပ်တောင့်တတာ
မပူမပင် ငွေအသင့်တင့်ရှိ တော်ပြီပေါ့

ဘွဲ့ရပြီးအလုပ်မလုပ်ခင်ကာလများပေါ့
ကျောင်းတုန်းကသင်ခဲ့တဲ့စာတွေ
ပြန်သုံးသပ်ရင်း break time ယူပါတယ်
ဘာစာမေးပွဲမှလည်း မဖြေဘူး
ပိုက်ဆံလည်းမရှာသေးဘူး
အလုပ်ရွေးတဲ့အခါလည်း စာဖတ်ဖို့
အချိန်ထုတ်လို့ရမယ့်အလုပ်ပဲရွေးတာ
၂၀၁၆ ဗျာ ၁လ ၄သိန်းပဲရတယ်
၁ပတ် ၄ရက်ပဲ အလုပ်ဆင်းရတာ
တော်ပြီလေ အသက်၂၃ ပဲရှိသေးတာ
ကိုယ်ကြိုက်တာကို ရှာဖွေရမယ့်အရွယ်
ကိုယ့် Context နဲ့ကိုယ်ပဲ နိုးနိုးကြားကြားပေါ့

အဲ့ဒီကာလအပိုင်းအခြားလေးတွေပေါ့
အိမ်တွင်းအောင်းပြီး စာအုပ်စင်နဲ့ကိုယ်ပဲ
တအားကိုကျေနပ်ခဲ့ရတဲ့အချိန်လေးတွေပါ
အခုချိန်ထိလည်း ဒီလိုပဲနေချင်တယ်
စာပေနှံ့စပ်ကျွမ်းကျင်သူမဟုတ်ပါဘူး
စာပေနဲ့ထိတွေ့ရတာကို ပျော်မွေ့သူပါ
ကျနော်တို့ရဲ့ စိတ်ချမ်းသာမှုက ဒီကလာတာ
ဘဝအဓိပ္ပာယ်တွေက စာပေကလာတာပါ

အတွေးတခုခုရရင် YES လို့မန့်ပေးပါ 💟

ချစ်ခြင်းအားဖြင့်
ဒေါက်တာအောင်မင်းသူ
၁၂၊၄၊၂၀၂၆

Guideline ကတော့ Free ပါဗျအချိန်အကန့်သတ်လေးနဲ့မို့ မသိလိုက်ကြတာ ဖြစ်မှာပါခင်ဗျာအရာရာဟာ အကြောင်းရှိလို့ဖြစ်လာတာပါTopfan ဆိ...
12/04/2026

Guideline ကတော့ Free ပါဗျ
အချိန်အကန့်သတ်လေးနဲ့မို့
မသိလိုက်ကြတာ ဖြစ်မှာပါခင်ဗျာ
အရာရာဟာ အကြောင်းရှိလို့ဖြစ်လာတာပါ
Topfan ဆိုတာလည်း အကြောင်းရှိပါတယ်
ကိုယ့်တန်ဖိုးကို ကိုယ်တိုင်သတ်မှတ်တာပါ

ကျနော့်ကို အမကေ တခါပြောဖူးတယ်
အရေပြားစာအုပ်တွေ စထုတ်တုန်းကပါ
မမကေလို့ သား ဘဘချစ်လိုမျိုးပဲ
Handout လေးလုပ်မယ်နော်လို့
ကိုယ်ကအသက်ငယ်သေးတာရော
စာရေးတာအပါးမဝသေးတာရော
စျေးကွက်ထဲမှာရှိတဲ့ Medical books ဆိုတာလည်း
အကုန် Handout ပဲရှိတယ် Notes ပဲရှိတယ်
မြန်မာလိုရှင်းပြပြီး ရေးထားတဲ့စာအုပ်မတွေ့ဘူး
သတ္တိမရှိပါဘူး စာအုပ်လိုထုတ်ချလိုက်ဖို့။

သား လုပ်မယ်ဆိုရင် Commercial သေချာလုပ်တဲ့
အခုချိန်ထိ အဲ့ဒီ Msg ရှိနေသေးတယ်
ကျနော့်ဘဝ Turning point မှာပါခဲ့တဲ့လူတိုင်းရဲ့
အတွေးအခေါ် ကျေးဇူးပြုမှုတွေ မှတ်ထားတာပါ
ဒါနဲ့ပဲ အဲ့စာအုပ်လေး ကိုယ့်ဟာကိုသဘောကျတယ်
တန်ဖိုးက ကိုယ်ကပဲ အဆင့်တခုဆွဲတင်ရတာပါ
ကျနော်မမြင်နိုင်ခဲ့တဲ့ အတွေးတခုကိုပြပေးတာပါ
အဲ့ဒီအဆင့်မှာ Handout ထုတ်ခဲ့မိလိုက်ရင်
ဂွမ်းပါပြီ ECG, Symptomatology မရှိလာနိုင်ဘူး
စာရေးတယ်ဆိုတာ ပီတိဇောနဲ့ရေးရတာ

အခု Guideline ကလည်း ဝယ်တဲ့သူအများကြီးပါ
မဝယ်ပါနဲ့မောင်နှမတို့ရဲ့ အလကားပေးမှာပါ
Free ဆိုရင် တန်ဖိုးကတော့ ပေါ့တာအမှန်ပါ
ကျနော်ကလည်း အလကားပဲပေးချင်တာ
ဆုံးဖြတ်ချက်ချပြီးရင် လုံးဝမပြင်တော့ဘူး
ဒါကြောင့် တန်ဖိုးထားတတ်အောင်
Time limit, Topfan limit နဲ့ ပြန်ထိန်းတာပါ
ဒီ limit တွေရဲ့ခံစားချက်ကို တကယ်သိချင်ရင်
ကိုယ်တိုင် Free sharing တွေအများကြီးလုပ်ပါ
Limitation တခုမှမရှိရင် သာလာယံဇရပ်ဖြစ်တာ
Free ပေးပါတယ် စည်းကမ်းလေးနဲ့ပါ

အတွေးတခုခုများရရင် YES လို့မန့်ပေးပါ💟

မေတ္တာဖြင့်
ဒေါက်တာအောင်မင်းသူ
၁၂၊၄၊၂၀၂၆

12/04/2026

သကြင်္န်တွင်း စိတ်အေးလက်အေး အနားယူကြပါခင်ဗျာ။

Q&A နဲ့ Guideline reading ကို ခဏနားထားပါမယ်။ ပြီးတာနဲ့တန်းစပါမယ်

11/04/2026

ငါတို့ကတော့ တရားအားထုတ်မှာပါ

နင်တို့က “ဒီသင်္ကြန်မှာ နီ ညှာ ညှာ ညှာ” နဲ့ ဝဋ်ကြွေးဆပ်လိုက်ကြပါဦး 🙏🙏

မနေ့ကအဖြေလေးတိုက်မယ်ခင်ဗျာ။ Psychiatry question ဆိုတော့ နည်းနည်းဝေးနေလို့များလား သိပ်မဖြေကြဘူးဗျ။ Facebook ဖြေဆိုသူ “၁၆၂...
11/04/2026

မနေ့ကအဖြေလေးတိုက်မယ်ခင်ဗျာ။ Psychiatry question ဆိုတော့ နည်းနည်းဝေးနေလို့များလား သိပ်မဖြေကြဘူးဗျ။ Facebook ဖြေဆိုသူ “၁၆၂” ဦးသာ ရှိပါတော့တယ်။ Telegram မှာ “၂၄” ဦးရှိပါတယ်။ ဖြေဆိုသူအားလုံးကိုလည်း ကျေးဇူးတင်ရပါတယ်ခင်ဗျာ။ နောက်ရက်တွေ သိပ်မခက်တာလေး ပြန်မေးပေးပါမယ်။ သင်္ကြန်တရားစခန်းတွေကလည်း အသီးသီး သွားကုန်ကြပြီဆိုတော့ တချို့လည်း လိုင်းမသုံးဖြစ်ကြတော့ဘူး။ ဒါတွေကြောင့်လည်း ပါမှာပါ။ နောက်ရက် Q&A လေး ခဏနားထားပေးပါမယ်။ ကိုယ်ရေးကိုယ်ဖြေနေရတာမျိုးကျတော့လည်း မလုပ်ချင်ပါဘူး။ ပါဝင်ဖြေကြားတဲ့သူများမှ စာရေးရတာကလည်း ပျော်ရတာပါ။ လူစုံပြီဆိုမှပဲ Q&A တွေ ပြန်စလိုက်ပါမယ်ခင်ဗျာ။ ဒီနှစ်မြန်မာနှစ်ကူးကို ကောင်းကောင်းအသုံးချကြပါ။ ဝိပဿနာတရားတွေအားထုတ်ပါ။ စိတ်ထားဖြူစင်အောင် ကျင့်ကြပါ။ Toxic mindset တွေကို သုတ်သင်ရှင်းလင်းထားခဲ့ပါ။ Move forward, Grow together mindset နဲ့ပဲ လာမယ့်နှစ်သစ်ကို တူတူဖြတ်သန်းကြမယ်။ ကုသိုလ် ပညာ ဥစ္စာ အချိန်တိုင်း တိုးပွါးကြပါစေ။ သတိရှိရှိသာ လုပ်ဆောင်သွားပါ မလွှဲမသွေ လိုရာပန်းတိုင်ရောက်ကြမှာပါ။ ကဲ မနေ့က အဖြေကြည့်ကြရအောင်ဗျာ 💪💪

✅ Answer : B ( Cyclothymic disorder)

Exclusion လေးနဲ့ပြရင် ပိုမြင်ပါမယ်။

🟨 Bipolar II ဆိုတာ 1 Hypomania + 1 major depression ရှိရပါတယ်။ အခုလူနာမှာ မရှိဘူး။

🟨 Borderline personality ဆိုတာ brief reaction ပဲ sustained 3-5days hypomanic-like episodes မဟုတ်တာပါ။

🟨 Major depression က duration >2 weeks, most of the day, nearly everyday လို့ သုံးနှုန်းပါတယ်။

🟨 Bipolar I disorder က Full manic episode ရှိရတာပါ။ Manic ဆိုတာ persistently elevated mood ကို at least 1 week, most of the day ရှိရတာ။ ဒီလောက်လေးသိရင်ရပြီ။ Criteria အသေးစိတ်က DSM-5 မှာ အပြည့်ရေးပါတယ်။

🟥 Mania, Hypomania, Depression တခုမှတိတိပပ မထိဘဲ စိတ်အတက်အကျ ရောနေတဲ့ Bipolar မျိုးကို Cyclothymia ခေါ်ပါတယ်။

ဒီလိုပါ ကိုကိုမမတို့ရဲ့ Heavy မဟုတ်ဘဲ
Terminology မိတ်ဆက်ရုံလေးပါ
လုံးဝမသိလိုက်တာမျိုးမရှိရလေအောင်
Intro အနေနဲ့ Sense လေးတခုရအောင်ပါ

လိုတိုရှင်းမျှဝေမှုလေးပါဗျာ
အကျိုးရှိရင် YES လို့မန့်ပေးပါ 💟





မေတ္တာဖြင့်
ဒေါက်တာအောင်မင်းသူ
၁၁၊၄၊၂၀၂၆

Address

Mandalay

Telephone

+959759831665

Website

Alerts

Be the first to know and let us send you an email when Dr. Aung Min Thu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. Aung Min Thu:

Share

Category