Baby Alpha

Baby Alpha Teleconsultation for COVID

ကလေးများမှာဖြစ်သော အဆုတ်လေပြွန်ရောင်ရမ်းခြင်း•••••••••••••••••••••••••••••••••••••••••••••••••••••••••••အခုဆောင်းပါးမှာတ...
08/07/2023

ကလေးများမှာဖြစ်သော အဆုတ်လေပြွန်ရောင်ရမ်းခြင်း
•••••••••••••••••••••••••••••••••••••••••••••••••••••••••••

အခုဆောင်းပါးမှာတော့ Bronchiolitis ရောဂါအကြောင်းကို ရေးသားဖော်ပြပေးမှာပါ။ အဆုတ်မှာ လေပြွန်သေးသေးလေးတွေရှိပါတယ်။ ဒီလေပြွန်ငယ်လေးများရောင်ရမ်းခြင်းကို ဆေးပညာအရ Bronchiolitis လို့ခေါ်ပါတယ်။ လေပြွန်ငယ်ရောင်ရမ်းလာပြီး အသက်ရှုလမ်းကြောင်းမှာ အချွဲများပိတ်လာတာကြောင့် အဆုတ်ထဲသို့ လေအဝင်အထွက်ခက်ခဲလာနိုင်ပါတယ်။

အသက် တစ်လမှ ၉လအတွင်းရှိကလေးများမှာ အဆုတ်လေပြွန်ရောင်ရမ်းခြင်းဟာ အဖြစ်များပါတယ်။ ဖြစ်ရင် ပြင်းထန်တတ်တဲ့အခြေအနေလည်းရှိပါတယ်။ ဆောင်းတွင်းမှာပိုဖြစ်နိုင်ပါတယ်။ အသက်တစ်နှစ်အထက်မှာတော့ အဖြစ်နည်းသွားနိုင်ပါတယ်။

🔹ဖြစ်စေရတဲ့အကြောင်းရင်း

▪️RSV လို့အတိုကောက်ခေါ်တဲ့ Respiratory Syncitial Virus
▪️Parainfluenza Virus
▪️Adenovirus စတဲ့ ဗိုင်းရပ်စ်ပိုးကောင်တွေကြောင့်ဖြစ်ရတာပါ။ အသက်ရှူလမ်းကြောင်းကနေတစ်ဆင့်ကူးစက်ခြင်းဖြစ်ပါတယ်။ ဒီ Virus များဟာ အလွယ်တကူပျံ့နှံ့နိုင်ပါတယ်။ နေမကောင်းဖြစ်နေသူက နှာချေ​ချောင်းဆိုးတဲ့အခါ လေထဲမှာရှိတဲ့အမှုန်များမှ တစ်ဆင့်ကူးစက်ပါတယ်။ အရာဝတ္ထုများကို ကိုင်တွယ်ပြီး လက်မဆေးဘဲ မျက်နှာကိုပွတ်သပ်မိတဲ့အခါမှာလည်း ကူးစက်တတ်ပါတယ်။

🔹ရောဂါလက္ခဏာများ

▪️အအေးမိဖျားနာသလိုလက္ခဏာမျိုးကို ရှေ့ပြေးအနေနဲ့တွေ့ရတတ်ပါတယ်။ နောက်ပိုင်းမှာ ချောင်းခြောက်ဆိုးခြင်းနဲ့ မောခြင်းဖြစ်လာပါတယ်။
▪️ရံဖန်ရံခါ တရွှီရွှီမြည်သံကြားရတတ်ပါတယ်။
▪️ကလေးကမောတဲ့အတွက် နို့စို့ရခက်ခဲတာ၊ အစားကျွေးရခက်တာတွေကိုပါတွေ့ရနိုင်ပါတယ်။
▪️လသားကလေးအငယ်များမှာဆိုရင် အိပ်နေရင်း စက္ကန့်ပိုင်း အသက်ရှူရပ်သွားလိုက် ပြန်ရှူလိုက် စတဲ့အခြေအနေကိုလည်းတွေ့ရနိုင်ပါတယ်။

🔺မွေးရာပါနှလုံးရောဂါရှိတဲ့ကလေးများ၊ Bronchopulmonary Dysplasia လို့ခေါ်တဲ့ အဆုတ်လေပြွန်ပြဿနာရှိတဲ့ကလေးများ၊ ပေါင်မပြည့်လမစေ့ကလေးငယ်များမှာဆိုရင် ဒီရောဂါက ပြင်းထန်တတ်ပါတယ်။

🔹ရာသီတုပ်ကွေးကာကွယ်ဆေးထိုးထားရင်ရော အဆုတ်လေပြွန်ရောင်တာကို ကာကွယ်နိုင်သလား?

အဆုတ်လေပြွန်ရောင်ခြင်းကို အဓိကဖြစ်စေတာက RSV Virus ဖြစ်တဲ့အတွက် ရာသီတုပ်ကွေးကာကွယ်ဆေးထိုးထားရင်လည်း အဆုတ်လေပြွန်ရောင်တာကဖြစ်နိုင်ပါတယ်။ သို့သော် ရာသီတုပ်ကွေးကာကွယ်ဆေးထိုးတားရင်တော့ Influenza Virus တွေကြောင့်ဖြစ်တဲ့ ရာသီတုပ်ကွေးကိုကာကွယ်နိုင်ပါတယ်။

🔹အဆုတ်လေပြွန်ရောင်ရမ်းခြင်းရဲ့ သိသာထင်ရှားသောရောဂါလက္ခဏာများ

▪️ချောင်းခြောက်ဆိုးခြင်း
▪️အသက်ရှူမြန်ခြင်း
▪️အသက်ရှူစဉ် နံရိုးအောက်နှင့် နံရိုးကြားကြွက်သားများ ချိုင့်ဝင်ခြင်း
▪️ရင်ဘတ်အလွန်ဖောင်းအောင် အသက်ကိုရှူနေရခြင်း
▪️ချွဲနဲ့အရည်ရောသံကြားနေရခြင်း
▪️တရွှီရွှီမြည်ခြင်း
▪️နှလုံးခုန်မြန်ခြင်း
▪️ပြာနှမ်းခြင်း စသည်တို့တွေ့ရတတ်ပါတယ်။

ဒီလိုရောဂါဖြစ်ပြီဆိုရင် ဆရာဝန်များက ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်ခြင်းနဲ့ လိုအပ်တဲ့စစ်ဆေးမှုများပြုလုပ်ပြီး ရောဂါကိုအဖြေရှာနိုင်ပါတယ်။ (ဥပမာ သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသဖြင့်)

🔹ကုသခြင်း

ကုသမှုနဲ့ပတ်သက်ပြီး ဗဟုသုတသဘောအနေနဲ့ အကြမ်းဖျင်းပဲရေးချင်ပါတယ်။ ကလေးအခြေအနေပေါ်မူတည်ပြီး သောက်ဆေးနှင့်သင့်တော်ပါက သောက်ဆေးပေးပြီး အိမ်တွင်ပဲစောင့်ကြည့်ကုသခြင်း၊ လိုအပ်တဲ့အခါ ဆေးရုံတက်ပြီး O2 ပေးခြင်း ၊ ရေဓာတ်အတွက် IV Drip ပေးခြင်း၊ တခြားသော စောင့်ကြည့်ခြင်းများပြုလုပ်ရပါတယ်။

သွေးစစ်ထားတဲ့အဖြေများနဲ့ နောက်ဆက်တွဲဘတ်တီးရီးယားကူးစက်မှုအပေါ်မူတည်ပြီး ပဋိဇီဝပိုးသတ်ဆေး၊ Steroid inhaler များ အသုံးပြုကောင်းပြုရနိုင်ပါတယ်။

ဒီရောဂါခံစားရပြီဆိုရင် ကုသမှုနဲ့အတူ ကလေးအများစုဟာ ၂ပတ်အတွင်းသက်သာပျောက်ကင်းပါတယ်။ ၅၀ရာခိုင်နှုန်းသော ကလေးများကတော့ နောင် ၃-၅ နှစ်အတွင်းမှာ ဒီရောဂါထပ်ဖြစ်တတ်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးရှားပါတယ်။

🔹ရောဂါဖြစ်တဲ့အခါ ဆောင်ရန်အချက်များ

▪️ကိုယ်ပူချိန်တက်ရင် အဖျားကျဆေး ပါရာစီတမောကို 15mg/kg/dose ကို ၆-၈နာရီခြားတိုက်နိုင်ပါတယ်။ ၃လအောက်ကလေးဆိုရင်တော့ ဆေးခန်းမဖြစ်မနေပြရပါမယ်။
▪️ကလေးနှာခေါင်းပိတ်နေရင် Normal Saline အစက်ချပြီးထည့်ပေးလို့ရပါတယ်။
▪️အသက်ရှူရလွယ်ကူအောင် ကလေးကိုထောင်ထောင်မတ်မတ်လေးချီထားပေးပါ။
▪️အရည်များများတိုက်ပေးပါ။ အစာကြေလွယ်သည်များကို နည်းနည်းနဲ့ မကြာခဏကျွေးပါ။

🔹ရှောင်ရန်

▪️ကလေးနားမှာဆေးလိပ်မသောက်ပါနဲ့။
▪️အဖျားကြီးတဲ့ကလေးကို ကိုယ်တုံးလုံးထားတာမျိုးမလုပ်ပါနဲ့။ ထို့အတူ လေသလပ်ပြီးပြန်ဖျားမယ်ဆိုတဲ့အတွေးမှားတွေးပြီး ထူထဲတဲ့အဝတ်တွေအများကြီးဝတ်ပေးထားတာမျိုးလည်းမလုပ်သင့်ပါဘူး။
▪️ဆရာဝန်မညွှန်ကြားဘဲ Ibuprofen နဲ့ Paracetamol ဆေးများကို ၂ခုရောပြီးမတိုက်ရပါ။
▪️မက်ကလောင်မခြစ်ရပါ။ ရောဂါပိုးကူးစက်ခြင်း ပိုဆိုးဝါးပြီး sepsis ဟုခေါ်တဲ့သွေးဆိပ်တက်ခြင်းဖြစ်ကာ အသက်အန္တရာယ်ရှိနိုင်ပါတယ်။
▪️၃လအောက်ကလေးငယ်ဖျားရင် မိမိသဘောနဲ့မိမိဆေးမတိုက်ရပါ။ဆရာဝန်ပြပါ။

🔹ကလေးများမှာ အဆုတ်လေပြွန်ရောင်ရမ်းခြင်းဖြစ်တာကိုကာကွယ်နိုင်ဖို့

▪️လူကြီးများက လက်ကိုမကြာခဏဆေးကြောပါ။
ကလေးရဲ့လက်ကိုပါသန့်စင်ဆေးကြောပေးပါ။
▪️အရုပ်များ၊အိမ်ကြမ်းပြင်စသည်တို့ကိုပါ သန့်ရှင်းပေးပါ။
▪️လက်ကိုင်ပုဝါထက် တစ်ခါသုံးတစ်ရှူကိုသာသုံးပြီး စနစ်တကျစွန့်ပစ်ပါ။
▪️လသားကလေးငယ်များကို သူစိမ်းများမှ ကိုင်တွယ်ခြင်း၊ ချီခြင်း ၊ ပွေ့ဖက်နမ်းရှုံ့ခြင်းများ မပြုလုပ်ပါစေနဲ့။ လူကြီးများကခံနိုင်ရည်ရှိလို့ အအေးမိတုပ်ကွေးလောက်သာဖြစ်ပေမယ့် ကလေးငယ်လေးများမှာတော့ အဆုတ်လေပြွန်ရောင်ရမ်းခြင်းအထိဖြစ်သွားနိုင်ပါတယ်။
▪️ဖျားနာနေသူနဲ့ အနည်းဆုံး ၂ပတ် သီးခြားထားပါ။
အရေးကြီးဆုံးကတော့ ကလေးငယ်နားမှာ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ဖို့ပါပဲ။ ဆေးလိပ်ငွေ့ကိုရှူရှိုက်ရတဲ့ကလေးငယ်မှာ အဆုတ်လေပြွန်ရောင်ရမ်းခြင်းဖြစ်နိုင်ခြေပိုမြင့်မားပါတယ်။

🔺ဆရာဝန်နဲ့ ပြသင့်တဲ့အခြေအနေများ

▪️ကလေးငယ်ဟာ ၃လအောက်ကလေးငယ်ဖြစ်နေမယ်ဆိုရင်
▪️ကလေးငယ်ဟာ ၃လမှ၆လအရွယ်ဖြစ်နေပြီး အပူချိန်မှာ 39'C ကျော်နေမယ်ဆိုရင်
▪️အဖျားကြီးခြင်းနဲ့အတူ အနီစက်တွေ ခန္ဓာကိုယ်မှာထွက်လာတာကိုတွေ့ရမယ်ဆိုရင်
▪️ဖျားခြင်း၊ နှာရည်ယိုခြင်း၊ အသက်ရှူမြန်ခြင်း
(အသက် ၂လမှ ၁၁ လ - အသက်ရှူနှုန်း တစ်မိနစ်လျှင် ၅၀နဲ့အထက်
အသက် ၁နှစ်မှ ၅နှစ် - အသက်ရှူနှုန်း တစ်မိနစ်လျှင် ၄၀ နှင့်အထက် ဆိုလျှင် အသက်ရှူမြန်တယ်လို့သတ်မှတ်နိုင်ပါတယ်)
▪️ရေဓာတ်ခန်းခြောက်တဲ့လက္ခဏာများ( ဆီးနည်းခြင်း၊ ငိုရင်တောင် မျက်ရည်မထွက်ခြင်း၊ ငယ်ထိပ်ချိုင့်ခြင်း၊ မျက်တွင်းချိုင့်ခြင်း) တွေ့ရှိရရင် ဆရာဝန်နဲ့ မဖြစ်မနေပြသသင့်ပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းခွင့်မပြုပါ။

#အဆုတ်လေပြွန်ရောင်ရမ်းခြင်း

#ကလေးကျန်းမာရေး

 #ပါးစပ်ထဲမှာ_အနာလေးတွေဖြစ်ပြီး_နာနေတာ #အစားတောင်ကောင်းကောင်းမစားနိုင်ပါဘူး အဖြစ်အများဆုံးကတော့ သွားတိုက်ရင်း သွားပွတ်တံ...
03/01/2022

#ပါးစပ်ထဲမှာ_အနာလေးတွေဖြစ်ပြီး_နာနေတာ
#အစားတောင်ကောင်းကောင်းမစားနိုင်ပါဘူး



အဖြစ်အများဆုံးကတော့ သွားတိုက်ရင်း သွားပွတ်တံ နဲ့ ချော်ထိုးမိတာပေါ့ ( ကျွန်တော်ဖြစ်နေတာ ၅ ရက်လောက်ရှိပြီ မသက်သာသေးဘူး 😅)

- နှုတ်ခမ်းအတွင်းသား
- သွားဖုံး
- ပါးစောင်
- အာခေါင်
- လျှာအောက် စတဲ့နေရာတွေမှာ ဖြစ်တတ်ပါတယ်
အဖြူကွက်/အဝါဖျော့ လေးကို နီရဲနေတဲ့နှုတ်ခမ်းသားလေး နဲ့ ဝန်းရံထားပါတယ်။ သေးသေးလေးတွေပါ

(နှုတ်ခမ်းထောင့်တို့ ၊ နှုတ်ခမ်းအပြင်မှာဖြစ်တတ်တဲ့ အရေကြည်ဖုလေးတွေဖြစ်တဲ့ ရေယုန် နဲ့ မတူပါဘူး) ရေယုန်က ထိမိရင် ကူးတတ်ပါတယ်။

ဖြစ်ရတဲ့အကြောင်းရင်းကတော့

- အပေါ်မှာပြောထားသလို သွားတိုက်ရင်း ချော်ထိုးမိတာ
- သွားဆရာဝန်ဆီပြရင်း တခုခုနဲ့ ထိခိုက်မိတာ
- ဒီအနာလေးတွေကို Stress Ulcer လို့လည်းခေါ်တတ်ပါတယ် => စိတ်ဖိစီးမှုများလည်း ဖြစ်တတ်ပါတယ်

Vitamin B12 , Zinc, Folic acid, Iron ချို့တဲ့ လျှင် ပိုပြီး ဖြစ်တတ်ပါတယ်။

ဘာအကြောင်းမှ မရှိဘူး ၊ Stress လည်း မရှိပါဘူး ဆိုရင်တောင် Hormone အပြောင်းအလဲဖြစ်တဲ့ အမျိုးသမီးများ ဓမ္မတာလာချိန်မှာလည်း ဖြစ်တတ်ပါတယ်။
_________
ဖြစ်ဖူးကြမယ်ထင်ပါတယ်။ ဖြစ်ပြီးပျောက်သွားတာပါပဲ အလွန်ဆုံး ၂ ပတ်ပေါ့။
- နာတာတော့ တော်တော်နာပါတယ်
- အစာ မစားနိုင်အောင် နာပါတယ်

အန္တရာယ်လည်း မရှိပဲ အလိုလိုပျောက်သွားမယ့် အရာတွေပါ ၊ နာတာ မခံနိုင်လွန်းရင်တော့ #ဆရာဝန်နှင့်ပြသပြီး ကုသမှုခံယူပါ
- အရောင်ကျတဲ့ လိမ်းဆေး
- အနာသက်သာတဲ့လိမ်းဆေး
- အရောင်ကျတဲ့ ပါးလုတ်ကျင်းဆေးရည်တွေ ပေးပါလိမ့်မယ်။

ခဏ ခဏ ဖြစ်လျှင်တော့ အပေါ်ကပြောထားတဲ့ ဓာတ်တွေချို့တဲ့တာ ဖြစ်နိုင်လို့
- အသားစားပေးပါ (Vitamin B12, Iron)
- အသီးအရွက်များများစားပါ (Iron, Folic acid)
- ပင်လယ်စာစားပေးပါ (Zinc)

#ဆရာဝန်နှင့်ပြသ ခိုင်းရတာက မခံနိုင်လောက်အောင် အရမ်းနာတယ် ဆိုတော့ တခြား အန္တရာယ်ရှိတာတွေ ဖြစ်နေမှာ စိုးလို့ပါ။
(photo credit; wikipedia)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Crd # Dr. ဘုန်းစည်သူလွင်

သတင်းကောင်းလေး ကြေငြာပါရစေနော်ဆေးရုံ​ဆေးခန်းသွားဖို့ ခက်ခဲ​နေတဲ့ ဒီလိုအချိန်ကာလမှာ Dr K မှ  အခမဲ့ တိုင်ပင်ဆွေးနွေးကုသမှု...
07/11/2021

သတင်းကောင်းလေး ကြေငြာပါရစေနော်
ဆေးရုံ​ဆေးခန်းသွားဖို့ ခက်ခဲ​နေတဲ့ ဒီလိုအချိန်ကာလမှာ Dr K မှ အခမဲ့ တိုင်ပင်ဆွေးနွေးကုသမှုများကို လုပ်ဆောင်​ပေး​နေပါတယ်...

✅သမား​တော်
✅က​လေးအထူးကု
✅အ​ထွေ​ထွေ​ရောဂါကုဆရာဝန် တို့နဲ့
onlineမှ မနက် ၉ နာရီမှ ညနေ ၄ နာရီ အတွင်း Page messenger မှ တိုင်ပင်ဆွေးနွေးကုသမှုပြုလုပ်နိုင်ပါတယ်

☑Covid-19​​ရောဂါအပြင် က​လေးကျန်းမာ​ရေးပြသနာ၊ အ​​ထွေ​ထွေကျန်းမာ​​ရေးဗဟုသုတများကိုလည်း page chat boxမှာ လာ​ရောက်​မေးမြန်းလို့ရပါတယ်...

ဆရာဝန်များကိုယ်တိုင် အခမဲ့ အမြန်ဆုံး​​ဆွေး​နွေး​​ပေး​နေပါတယ်..... ဒါ​ပေမယ့် အ​ရေးကြီးလူနာနဲ့ အ​ရေးကြီးကျန်းမာ​ရေးပြသနာများကို ဦးစား​ပေး​ဖြေကြား​ပေးပါတယ်ရှင်.....☑

 #ကိုဗစ်ဖြစ်ပြီး_ဆံပင်တွေကျွတ်တာမှဆရာရယ်_အထွေးလိုက်_အထွေးလိုက်ပဲ #ဒီပုံအတိုင်းသာဆိုရင်_ကတုံးဖြစ်တော့မယ်  (ဆံပင်ကျွတ်ခြင်...
29/10/2021

#ကိုဗစ်ဖြစ်ပြီး_ဆံပင်တွေကျွတ်တာမှဆရာရယ်_အထွေးလိုက်_အထွေးလိုက်ပဲ
#ဒီပုံအတိုင်းသာဆိုရင်_ကတုံးဖြစ်တော့မယ်

(ဆံပင်ကျွတ်ခြင်း)

ဆံပင် (Hair) ဆိုတာ သိကြတဲ့အတိုင်း ဦးရေပြား (Scalp) ပေါ်မှာ ပေါက်တဲ့ အမွေးပါပဲ။
ကျွန်တော်တို့ငယ်ငယ်က ငြင်းကြရင် ဆံပင်ဘယ်နှစ်ချောင်းရှိလဲ ဆိုပြီး ညစ်တတ်ပါတယ်။
- ဆံပင်ရဲ့ အရောင်ပေါ်မူတည်ပြီး အချောင်းရေ ၉၀,၀၀၀ ကနေ ၁၅၀,၀၀၀ ထိရှိတတ်ပါတယ် (မယုံရင် ရေကြည့်ပေါ့ 😅)
- ရွှေရောင်ဆံပင် ပိုင်ရှင်တွေက ဆံပင်အများဆုံးဖြစ်ပါတယ်
- ဆံပင်ရှည်နှုန်းက တစ်ရက်ကို 0.5mm ဖြစ်ပြီး (တစ်လကို လက်မဝက်) လောက်ရှည်လာတတ်ပါတယ်
- ဆံပင် (Hair) ဟာ ဆံပင်မွေးညှင်းအိတ် (Hair follicle) အထဲမှ ထွက်လာတာပါ
- ဆံပင်မွေးညှင်းအိတ် (Hair follicle) ဟာ live tissue => cells အရှင်ဖြစ်ပြီး ကျွန်တော်တို့မြင်ရအောင်အပြင်ထွက်လာတဲ့ ဆံပင်မွေးက Cells အသေ (Dead tissue) ဖြစ်ပါတယ်။
ဥပမာ 👉 လက်သည်းပန်းကုန်းက cell အရှင်ဖြစ်ပြီး လက်သည်းက Dead Tissue (cell အသေ) ဖြစ်သလိုပေါ့

#ဆံပင်ကျွတ်ခြင်း (Hair Fall)

ဆံပင်ဟာ မွေးလာကတည်းကနေ တစ်လကို လက်မဝက်နှုန်းရှည်လာသလို ကျွတ်လည်းကျွတ်ပါတယ်
- ခေါင်းလျှော်ချိန်၊ ခေါင်းဖီးချိန်၊ လှုပ်ရှားသွားလာချိန်၊ ခေါင်းသပ်ချိန် တွေအပြင် ထိုင်နေရင်း၊ အိပ်နေရင်းနဲ့တောင် ကျွတ်ပါတယ်
- တစ်နေ့ကို ဆံပင် (၅၀ ကနေ ၁၀၀ ကြား) ကျွတ်ပါတယ် (ပုံမှန်ပါပဲ)
- ကျွတ်ပြီးတဲ့ ဆံပင်နေရာမှာ တစ်နေ့ကို (0.5mm) နှုန်း တနည်း တစ်လကို လက်မဝက်နှုန်းနဲ့ ဆံပင်အသစ်က ပြန်ထွက်လာပါတယ်

#ဒါကပုံမှန်ပါ

ဆံပင်ရဲ့ ကျန်းမာရေးမကောင်းတာတွေက သိကြတဲ့အတိုင်း
- ဆံပင်ကျွတ်လွယ်တယ်၊
- အဖျားနှစ်ခွဖြစ်တယ်၊
- ဆံပင်အလုံးသေးတယ်၊
- အလယ်ကနေပြတ်ထွက်တယ် စတာတွေပေါ့

ဆံပင်ကျန်းမာရေး မကောင်းစေတာက
1. အာဟာရချို့တဲ့ရင် (ကိုယ်အလေးချိန်တရားလွန်အစာမစားပဲလျှော့တယ်/ဟိုဟာရှောင်ဒီဟာရှောင်နဲ့ မစားတာတွေများရင်)
2. Vitamins တွေချို့တဲ့ရင် အထူးသဖြင့် (Biotin, Vitamin-D, Vitamin B12)
3. စိတ်ဖိစီးမှုများရင် (အလုပ်အကိုင်အဆင်မပြေ၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အကုန်ပါ ပါတယ်) ရည်းစားနဲ့ပြတ်ပြီးအသည်းကွဲရင်လည်း ဆံပင်ပိုကျွတ်ပါတယ်
4. ခန္ဓာကိုယ်ဖိစီးမှုများရင် (နေမကောင်းဖြစ်တဲ့အခါ၊ ခွဲစိတ်မှုခံယူရတဲ့အခါ)

အဲ့ဒါတွေကြောင့် တစ်သက်မှာတစ်ခါမှ မကြုံဖူးတဲ့ ရောဂါဆိုး ကြီးဖြစ်တဲ့အခါ

စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါဖိစီးမှုများတဲ့အတွက် ကိုဗစ်ဖြစ်ပြီးတဲ့အခါ ဆံပင်တွေ #သိသိသာသာ_ကျွတ်ပါတယ်

ပုံမှန် တစ်နေ့ကို ၅၀-၁၀၀ ကျွတ်နေရာကနေ တစ်နေ့ကို #အချောင်း_၃၀၀ ထိကျွတ်တတ်တဲ့အတွက် အထွေးလိုက်ကျွတ်တယ် ဆိုတာတွေဖြစ်လာပါတယ်

#စိတ်မပူပါနဲ့ 👉 ပြန်ထွက်လာပါလိမ့်မယ်

ကိုဗစ်ဖြစ်ပြီး ၁ လ ဝန်းကျင်လောက်မှ စကျွတ်လာပြီး ၃-၄လ အတွင်းပြန်ကောင်းတတ်ပါတယ်။

(မြင်သာတဲ့ ဥပမာပြရရင် ကင်ဆာရောဂါရှင်တွေ ကင်ဆာဆေးသွင်းနေတဲ့အချိန် ဆံပင်တွေကျွတ်ပြီး ကတုံးဖြစ်သွားကြတယ် မလား
ဆေး Course ပြည့်ပြီး ဆေးသွင်းဖို့မလိုတော့ တဲ့အချိန် ဆံပင်တွေအကုန်ပြန်ပေါက်လာကြတယ်လေ) အဲ့လိုပါပဲ အချိန်တန်ရင် #ပုံမှန်ပြန်ဖြစ်ပါလိမ့်မယ်

တစ်နေ့ကို အချောင်း ၃၀၀ တောင်ကျွတ်တာ ကတုံးဖြစ်သွားမှာပေါ့ လို့စိုးရိမ်နေသူများ
အချောင်း ၁၀၀,၀၀၀ ရှိရာကနေ တစ်နေ့ ၃၀၀ ဆက်တိုက် ကျွတ်ရင်တောင် 👉 ကတုံးဖြစ်ဖို့ကို (၃၃၃ ရက်) ကြာပါလိမ့်မယ်။ (တစ်နှစ်ပေါ့)
ကျွတ်တဲ့နေရာကနေ အသစ်ပြန်ထွက်တာ တစ်လကို လက်မဝက်ဆိုတော့ တစ်နှစ်ကြာရင် ၆ လက်မအရှည်ရှိတဲ့ဆံပင်ပြန်ရနေပါပြီ (ကတုံးဖြစ်မသွားပါဘူး)
___________
Post-covid မှာ ဆံပင်ကျွတ်တာ စိတ်ပူစရာမဟုတ်ကြောင်း ရှင်းပြတာပါ။
ကိုယ့်ဘက်ကလည်း ဆံပင်အကျွတ်သက်သာအောင်

1. အာဟာရပြည့်ဝစွာစားပါ
2. အသီးအနှံများများစားပါ
3. အိပ်ရေးဝ ဝ အိပ်ပါ
4. စိတ်ဖိစီးမှုလျှော့ပါ (ဆံပင်ကျွတ်တယ် ကျွတ်တယ် နဲ့ စိတ်ညစ်နေခြင်းက ဆံပင်ပိုကျွတ်စေပါတယ်)
5. Vitamin တွေမချို့တဲ့ပါစေနဲ့ (အစားအစုံစားနေတဲ့လူတစ်ယောက်ဟာ Vitamins တွေမချို့တဲ့ပါဘူး)
6. ခေါင်းဖီးတဲ့ ဘီး ကျဲကျဲသုံးပါ
7. ဓာတုပစ္စည်းများတဲ့ ခေါင်းလျှော်ရည် တွေမသုံးပါနဲ့
8. ခေါင်းလိမ်းဆီတွေ တရားလွန်သုံးခြင်း Hair conditioner တရားလွန်သုံးခြင်း ရှောင်ပါ

အထက်ပါအချက်များကို လိုက်နာရင်း စိတ်ရှည်ရှည်ထားကြပါ (၃ လ ကနေ အလွန်ဆုံး ၆ လ) အတွင်း ပုံမှန် ပြန်ဖြစ်ပါတယ်။

(Photo credit; kumparan)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Crd Dr ဘုန်းစည်သူလွင်

 #ဆေးတွေက_ဘယ်လိုသောက်ရမှာလဲ_ဆရာ ⁉️ #အစာမစားခင်လား_အစာစားပြီးလား ⁉️            #ပိုးသတ်ဆေး (Antibiotic) တွေဟာ ဗိုက်ထဲမှာ ...
29/10/2021

#ဆေးတွေက_ဘယ်လိုသောက်ရမှာလဲ_ဆရာ ⁉️
#အစာမစားခင်လား_အစာစားပြီးလား ⁉️

#ပိုးသတ်ဆေး (Antibiotic) တွေဟာ ဗိုက်ထဲမှာ အစာမရှိတဲ့အချိန် သောက်ရင် ပိုပြီးအကျိုးရှိပါတယ်။
(သိသာထင်ရှားတဲ့ ဥပမာကတော့ TB ဆေးတွေကို အစားမစားခင် မနက်အစောကြီး သောက်ခိုင်းလေ့ရှိပါတယ်)
#ငှက်ဖျားဆေး (Anti Malaria) ကတော့ အဆီနှင့်ဆို စုပ်ယူမှုအားပိုကောင်းတဲ့အတွက် နွားနို့နှင့်တွဲသောက်လျှင် ပိုသင့်တော်ပါတယ်။
#အကိုက်အခဲပျောက်ဆေး (Analgesic) တွေကတော့ အစာအိမ်ကိုဒဏ်ဖြစ်နိုင်တဲ့အတွက် အစာနဲ့ တွဲသောက်တာဖြစ်စေ၊ အစာစားပြီးဖြစ်စေ သောက် သင့်ပါတယ်။
#အစာအိမ်ဆေး Antacid များဟာ အစာစားပြီးသော​က်သင့်ပါတယ် (အစာမရှိပဲ ရင်ပူလျှင်လည်း သောက်လို့ ရပါတယ်)
#အစာအိမ်ဆေး Omeprazole လို အစာချေရည်မထွက်အောင်ပိတ်တဲ့ ဆေးတွေကတော့ ည အိပ်ယာဝင်ခါနီး နှင့် ဆရာဝန်ညွှန်ကြားတဲ့အချိန် သောက်ရပါမယ်။
#ဆီးချိုဆေး Metformin က (With meals) လို့ ညွှန်းထားတဲ့အတွက် အစာနှင့်တွဲသောက်လျှင်ရပါတယ် (အစာမစားမှီဖြစ်စေ/အစာစားပြီးဖြစ်စေ ရပါတယ်)
ဆိုလိုတာက
(အစာမစားမှီ သောက်ပါက) ဆေးသောက်ပြီးတာနှင့်အစာစားပါ
(အစာစားပြီး သောက်ပါက) ထမင်းစားပြီးတာနှင့် ဆေးသောက်ပါ
#အားဆေး (Multivitamins) များကို နေ့လည်စာစားပြီး သောက်က အသင့်တော်ဆုံးပါ။ Vitamins တွေကို ခန္ဓာကိုယ်က ကဆီဓာတ် (Carbohydrate) ၊ အဆီဓာတ် (Fat) တွေနဲ့ တွဲပြီး စုပ်ယူတတ်တဲ့အတွက် အစာစားပြီးချိန်ဟာ အသင့်တော်ဆုံးဖြစ်လို့ပါ။ တခြားဆေးများနှင့်ဖြစ်နိုင်လျှင် အချိန်ခွဲပြီးသောက်ပါ။
#အရိုးပွ/အရိုးပါးကာကွယ်ဆေး Alendronate ကို မနက်ပိုင်း #မတ်မတ်ထိုင်ပြီး ရေများများနှင့်သောက်ရပါမယ်၊ ဆေးသောက်ပြီး မိနစ် ၃၀ ပြန်မလှဲရပါဘူး (အစာရေမျိုမှာကပ်နေရင် အန္တရာယ်ရှိပါတယ်) ။ တစ်ပတ်မှ တစ်ခါသောက်ရတာကို သေသေချာချာ မှန်မှန်ကန်ကန်သောက်ရပါမယ်။

👉 အပေါ်ပြောထားတာတွေက အသုံးများပြီး ဒွိဟ ဖြစ်နေတတ်တာလေးတွေပါ။ (တချို့ဆိုလွဲနေတာတွေရှိပါတယ် #ပိုးသတ်ဆေး ကပြင်းတယ်နော် အစာစားပြီးမှသောက်ဆိုတာမျိုးပေါ့)

#ဆေးသောက်မယ်ဆိုလျှင်

✳️ ပြသထားတဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို လိုက်နာပါ။
✳️ မရှင်းလင်းရင် ၊ နားမလည်ရင် ပြန်မေးပါ (ဆရာကြီးမမေးရဲလို့ ဆရာလေးတွေမေးတယ် မလုပ်ပါနဲ့ ကုနေတဲ့သူ ညွှန်ကြားတာကို သူကိုယ်တိုင်လောက် ဘယ်သူမှမသိပါဘူး)
✳️ ဆေးသောက်ပြီဆိုလျှင် ရေတစ်ဖန်ခွက်ဖြင့် သောက်ပါ (ရေများများနှင့်သောက်ပါ)
✳️ ဆေးကြောက်လို့ ဆိုပြီး Capsule ဆေးတောင့်ထဲက အမှုန့်တွေ အစာထဲရောသောက်တာ မလုပ်ရပါဘူး (Amoxicillin လိုဆေးမျိုးပေါ့)
✳️ SR (Sustained Release) တဖြည်းဖြည်းနဲ့ တစ်နေကုန်ခံအောင် ထုတ်ထားတဲ့ဆေးတွေကို ၁၀ အား ဝယ်မရလို့ ၂၀ အားကို တစ်ဝက်ချိုးသောက်တာတို့ မလုပ်ရပါဘူး။ ချိုးလိုက်တာနဲ့ အာနိသင်မတူတော့ပါဘူး
✳️ ဆေးတွေကို ရေအပူ၊ ကော်ဖီ၊ လက်ဖက်ရည် စတာတွေနဲ့ တွဲမသောက်ရပါဘူး၊ အပူက ဆေးအာနိသင် ကို ပြောင်းလဲစေနိုင်ပါတယ်။
✳️ အရက် နဲ့ ဆေး တော့ လုံးဝ တွဲမသောက်သင့်တာ သိကြမယ်ထင်ပါတယ်။

တခြားဆေးတွေကတော့ ကိုယ့်ကို စမ်းသပ်စစ်ဆေးပြီး ဆေးညွှန်ကြားတဲ့ ဆရာဝန်ကို မေးပါ။

✳️ "ကျွန်တော်ရေးတာနဲ့ ကြည့်ပေးတဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက် မတူခဲ့သည်ရှိသော် #ကြည့်ပေးနေတဲ့_ဆရာဝန်ရဲ့ညွှန်ကြားချက် ကိုပဲ လိုက်နာပါ။" ✳️

(Photo credit ; myDr)
(Ref; myDr )
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Crd Dr ဘုန်းစည်သူလွင်

 #တစ်အိမ်လုံးပြန်ဖျားနေကြတယ် #တချို့ကကိုဗစ်ဖြစ်ပြီးပြီ_ကျန်တဲ့သူက_ကာကွယ်ဆေးထိုးပြီးပြီ            #ကိုဗစ်ပြန်ဖြစ်နေတာလား...
07/10/2021

#တစ်အိမ်လုံးပြန်ဖျားနေကြတယ်
#တချို့ကကိုဗစ်ဖြစ်ပြီးပြီ_ကျန်တဲ့သူက_ကာကွယ်ဆေးထိုးပြီးပြီ

#ကိုဗစ်ပြန်ဖြစ်နေတာလား ⁉️

အသက်ရှူလမ်းကြောင်းကနေ ဝင်ပြီး ခန္ဓာကိုယ်ကို ဒုက္ခပေးတတ်တဲ့ ပိုးမွှားတွေဖြစ်တဲ့

1. Covid-19
2. Rhinovirus 👉 ရာသီဖျား
3. Influenza 👉 တုပ်ကွေး
4. Bacteria တွေထဲက ဘာကြောင့်ပဲဖြစ်ဖြစ်

👉 နှာစေး နှာချေ နှာမွှန်မယ်
👉 ချောင်းဆိုးမယ် သလိပ်ထွက်မယ်
👉 လည်ချောင်းနာမယ်
👉 ဖျားမယ်

ဒီကောင်တွေကြောင့်ပဲ နည်းနည်းဆိုးပြီး Pneumonia အဆင့်ရောက်လို့
- Viral Pneumonia (Virus ကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ခြင်း)
- Bacteria Pneumonia (Bacteria ကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ခြင်း) ဖြစ်လာရင်

👉 အသက်ရှူကြပ်မယ် အသက်ရှူမြန်လာမယ်
👉 ချွဲတွေအများကြီး ထွက်လာမယ်
👉 မောမယ်

ဒီကောင်တွေကြောင့်ပဲ ပိုပိုဆိုးလာပြီး Respiratory Failure အဆင့်ရောက်ရင်

👉 Oxygen ကျမယ်
👉 အသက်မရှူနိုင်တော့ဘူး

အဲ့လို အဆင့်ဆင့် ဆိုးဆိုးသွားတာပါ။
ကိုဗစ်ကတော့ Respiratory failure အဆင့်ကို မြန်မြန်ရောက်တယ်ပေါ့။
ဘာအကောင်ကြောင့် ဖြစ်ဖြစ် ဒီလက္ခဏာ တွေပဲ၊

- အနံ့ပျောက်တာ နဲ့ အရသာပျောက်တာ ဆိုရင်တော့ ကိုဗစ်ဖြစ်ဖို့များတာပေါ့
အဲ့လိုမှ မဟုတ်ရင် Swab ယူစစ်မှပဲ #သေသေချာချာ ပြောနိုင်မှာလေ
Swab စစ်တာကလည်း ၄-၅ ထောင်တန် RDT တွေက စိတ်မှမချရတာ
သေချာချင်ရင်က (၂၀၀,၀၀၀) တန် RT-PCR စစ်ရတာ။
__________
အဲ့တော့ ကိုဗစ် ဖြစ်နိုင်တယ်/မဖြစ်နိုင်ဘူး ထိုင်ငြင်းနေမယ့် အစား
အရင်လုပ်နေကြအတိုင်း

✔️ မလိုအပ်ပဲ အိမ်ပြင်မထွက်ဘူးဗျာ (ကဲ ဖို့လိုအပ်လို့ Bar သွားထိုင်တယ် တို့ဘာတို့ မလုပ်နဲ့ပေါ့😅)
✔️ လိုအပ်လို့ ထွက်ရရင် Mask သေသေချာချာ တပ်မယ်ဗျာ (မေးမချိတ်ဘူး၊ ချွတ်ပြီးဘေးမချထားဘူး)
✔️ လက်ခဏခဏ ဆေးမယ်ဗျာ (ဟိုကိုင်ဒီကိုင် လျှောက်မကိုင်ဘူး)
✔️ ကိုယ်ခံအားကောင်းအောင်
- ကောင်းကောင်းစားမယ်၊ အစုံစားမယ် (အသီးအနှံများများစားမယ်)
- အိပ်ရေးဝ ဝ ၊ အိပ်ချိန်မှန်မှန် အိပ်မယ်
- စိတ်ဖိစီးမှုလျော့အောင်နေမယ်၊ ဘာသာရေး လုပ်မယ်

အဲ့ဒါတွေအပြင်
- ဖျားပြီ/နေမကောင်းဖြစ်ပြီ ဆိုတာနဲ့ (ကိုဗစ်မဟုတ်ပါဘူး ဆိုပြီး) အလုပ်တက်မပျက်၊ လူကြားထဲ ထွက်မပျက်တော့ မလုပ်သင့်ပါ
- ခွင့်ယူပါ၊ ကောင်းကောင်းနားပါ
(ခွင့်ယူတော့ ခင်ဗျားက လာကျွေးထားမှာလား ဆိုရင် ကျွန်တော်ကျွေးမထားနိုင်ပါဘူးဗျာ သင့်ဆီကနေရောဂါပျံ့မသွားစေဖို့က သင့်ရဲ့တာဝန်ခံမှု တာဝန်ယူမှု ပါပဲ)
- အိမ်သားတွေ နဲ့ ခွဲနေပါ။

__________
အခုဖြစ်နေတဲ့ ဖျားနာချောင်းဆိုး ဟာ ကိုဗစ်ဟုတ်သည်/မဟုတ်သည်ထက်
ကူးစက်နှုန်းတော့ တော်တော်များပါတယ်၊ တော်တော်များများပြန်ဖျားနေကြပါပြီ၊ လူနာကြည့်နေတဲ့ သူတွေသိပါတယ်။
Social Media တွေမှာလည်း သတိပေးတာတွေ ပြန်တွေ့လာပါပြီ

ကာကွယ်ဆေးက 100% ကိုဗစ် မဖြစ်တော့ဘူးလို့ အာမမခံသလို
သေတတ်တဲ့ရောဂါကလည်း ကိုဗစ် တစ်ခုတည်း မဟုတ်ပါဘူးဗျာ

#ဂရုစိုက်ကြပါ
Dr ဘုန်းစည်သူလွင်

 #ခေါင်းကိုက်တယ် #ဇတ်ကြောတင်းတယ် #ခေါင်းကျဉ်တယ်အဖြစ်အများဆုံး ဒုက္ခအရောက်ဆုံး လက္ခဏာတွေပါ။နာတယ် ကိုက်တယ် ဆိုတဲ့ လက္ခဏာဟာ...
06/10/2021

#ခေါင်းကိုက်တယ်
#ဇတ်ကြောတင်းတယ်
#ခေါင်းကျဉ်တယ်

အဖြစ်အများဆုံး ဒုက္ခအရောက်ဆုံး လက္ခဏာတွေပါ။

နာတယ် ကိုက်တယ် ဆိုတဲ့ လက္ခဏာဟာ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ တစ်ခုခုပြဿနာဖြစ်နေပြီ ဆိုပြီး #သတိပေးတာပါ

အများအားဖြင့် ရောဂါမဟုတ်ပါဘူး (Migraine, Cluster Headache တို့လောက်ပဲ ရှားရှားပါးပါး ခေါင်းကိုက်ရောဂါသီးသန့် ရှိပါတယ်)

အဲ့ဒါကလွဲရင်

ခေါင်းကိုက်ရင် 👉 လေဖြတ်ပြီ ၊ ခေါင်းထဲမှာ ဦးနှောက်ကင်ဆာဖြစ်နေပြီ

#အဲ့လိုမဟုတ်ပါဘူး

ခေါင်းကျဉ်နေတယ် ခေါင်းတစ်ခြမ်းပဲကြက်သီးထနေတယ် 👉 လေဖြတ်တော့မှာပဲ

#အဲ့လိုမဟုတ်ပါဘူး

အဖြစ်အများဆုံးကတော့
ိအားတွေကြောင့် ဖြစ်ရတာပါ

- ဦးနှောက်ကို အကြီးအကျယ်အလွန်အကျွံသုံးနေတယ်
- မလုပ်ချင်တာတွေလုပ်နေရတယ်
- လုပ်ချင်တာတွေမလုပ်ရဘူး
- အစာစားချိန်မမှန်ဘူး
- အနားလုံးဝမရဘူး
- အိပ်ချိန်မမှန်ဘူး

အဲ့ဒါတွေကို ဦးနှောက်က သူပင်ပန်းနေကြောင်း လူကို သိအောင် အကြောင်းကြားတာပါ။

🤷‍♂️ ကျောင်း Lecture တစ်နေကုန် တတ်နေရတယ် (စာမေးပွဲက နီးပြီး Attendence က မဖြည့်လို့မရဘူး၊ စာတွေကလည်း နားမထောင်ချင်ဘူး)
🤷‍♂️ နေ့မအိပ် ညမအိပ် Game ဆော့တယ် ( Game ဆော့တာဟာ ဦးနှောက် Fatigue ရတာအပြင် မျက်စိပါဝါပါ တိုးတဲ့အတွက် ခေါင်းပိုကိုက်ပါတယ်) ဒါပေမယ့် လုပ်ချင်တာ လုပ်နေရတာဖြစ်လို့ ဆော့နေတုန်း မကိုက်ပါဘူး ဆော့တာနားမှ စုပြီးကိုက်တာပါ
🤷‍♂️ နေ့လည်စာစားပြီး တရေးလောက် ထမင်းလုံးစီ နှပ်ချင်တာ ကို ခဏလေး အိပ်လို့မရရင် လည်းခေါင်းကိုက်ပါတယ်
🤷‍♂️ အိပ်လွန်းတဲ့ သူတွေမှာလည်း စားချိန်သောက်ချိန် မမှန် တဲ့အတွက်ခေါင်းကိုက်ပါတယ်။
🤷‍♂️ စိတ်ဖိစီးမှု များရင်လည်း ခေါင်းကိုက်ပါတယ် (စာမေးပွဲနီးလာပြီ 😢 စာဖတ်လို့ခေါင်းကိုက်သလို၊ ဖိအားတွေကြောင့် 😅 စာသိပ်မဖတ်တဲ့နေ့လည်း ခေါင်းကိုက်ပါတယ်)
🤷‍♂️ ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားတယ်
ဥပမာ 😅 မိန်းမရသွားတယ်ပေါ့ Tension တွေ ဝင်ပြီး ခေါင်းကိုက်တာလေ ၊ ဘာဆေး သောက်သောက်မသက်သာဘူးလေ CT scan (ဦးနှောက်ကိုကွန်ပျူတာဓာတ်မှန်တောင်ရိုက်လိုက်သေးတယ်) ဘာမှ မဖြစ်ဘူး ၊ ကျွန်တော်နဲ့ စကားပြောမိတော့ မင်းဟာက မိန်းမရသွားတဲ့ Tension ကြောင့်ဖြစ်မယ်ဆိုပြီး Anti-depressant low dose လေးတိုက်လိုက်တာ သူ့ခေါင်းကိုက်တာကြီး ပျောက်သွားပါရောလေ 😁
(သူငယ်ချင်းရေ ဖတ်မိရင် စိတ်မဆိုးနဲ့နော် ငါ နာမည်ထည့်မပြောထားဘူး 😜😜😜)

👆👆 ဒါတွေကအဖြစ်အများဆုံးတွေ 👆👆

Tension_ဖိအားတွေ_ဖိစီးမှုတွေ ကြောင့် ခေါင်းကိုက်တာ အများဆုံးဖြစ်ပေမယ့်
အန္တရာယ်ရှိတဲ့
- သွေးတိုး၊
- ဆီးချို၊
- သွေးတွင်း Carbon Dioxide ဓာတ်များခြင်းတွေကလည်း ခေါင်းကိုက်တတ်ပါတယ်

သွေးတိုး ဆီးချိုနဲ့ ဆက်နွယ်ပြီး လေဖြတ်ခြင်းဖြစ်နိုင်တဲ့ အတွက် #ခေါင်းကိုက်ပြီဆိုလျှင်
#အနည်းဆုံး***
သွေးပေါင်တော့ ချိန်သင့်ပါတယ်
ဆီးချိုရောဂါရှိရင်
ဆီးချိုဖောက်ကြည့်ရပါမယ် ( #ဆီးချိုကျရင် ခေါင်းကိုက်တတ်သလို ၊ #ဆီးချိုများလွန်းရင်လည်း
ခေါင်းကိုက်တတ်ပါတယ်
အခုအချိန် Virus မကူးအောင် အပြင်မထွက်ပဲ အိမ်ထဲမှာပဲနေသင့်ပေမယ့်၊ မဖြစ်မနေမဟုတ်ပဲ အပြင်တော့ ထွက်တယ်၊ မလိုအပ်ပဲ Mask တွေ အထပ်ပေါင်းများစွာတပ်တဲ့ လူတွေမှာ ခေါင်းကိုက်ပါတယ် (Carbon Dioxide တွေ ကောင်းကောင်းမထုတ်နိုင်လို့ပါ)

ခေါင်းကိုက်တတ်တဲ့ နောက်အကြောင်းအရာတွေက
- #ရာသီဖျား (Common Cold)
- #တုတ်ကွေး (Influenza ) တွေမှာ အများဆုံးခေါင်းကိုက်တတ်သလို

ရက်ရှည်ဖျားတာ နဲ့ ရက်ရှည်ခေါင်းကိုက်တာ တွဲပြီး ဖျားရတဲ့ အကြောင်းရင်းရှာမရရင် #ဦးနှောက်အမြှေးရောင်တာ ဖြစ်တတ်ပါတယ်။
#ငှက်ဖျားမှာလည်း ခေါင်းကိုက်တတ်ပါတယ်။

နှာစေးနေတာကို #နှပ်ညှစ်လွန်းရင်လည်း ခေါင်းကိုက်တတ်ပါတယ်။
#ထိပ်ကပ်နာ မှာလည်း ခေါင်းကိုက်ပါတယ်
#နေပူထဲအသွားများရင်လည်း ခေါင်းကိုက်တတ်ပါတယ်။

ဒီအထိ သေသေချာချာ ဖတ်မိကြရင်၊

🤔 အိပ်ချိန် မမှန်ရင်ခေါင်းကိုက်သလို 🤷‍♂️ အိပ်လွန်းရင်လည်း စားချိန် မမှန်လို့ ခေါင်းကိုက်ပါတယ်
🤔 နှာပိတ်နေလို့ နှပ်ညှစ်ရုံနဲ့လည်း ခေါင်းကိုက်တတ်သလို 🤷‍♂️ သွေးပေါင်တတ်လည်း ခေါင်းကိုက်တတ်ပါတယ်
🤔 ရာသီဖျားမှာခေါင်းကိုက်တတ်သလို 🤷‍♂️ ဦးနှောက်အမြှေးရောင်လည်း ခေါင်းကိုက်တတ်ပါတယ်

အဲ့တော့ ခေါင်းကိုက်တယ် #ဘာဆေး 💊 သောက်ရမလဲ လို့ဆိုရင်

သောက်
#အကိုက်အခဲပျောက်ဆေး သောက်
ဆိုပြီး ညွှန်းကြ သောက်ကြရင်

လေယာဉ် /သင်္ဘောတွေမှာ ပြဿနာတက်လို့ Alarm မြည်တာကို #ဘာလို့မြည်ရတာလဲလို့ မရှာပဲ
မြည်နေတဲ့ Alarm ကို နားငြီးတယ် ဆိုပြီး ပိတ်ပစ်လိုက် သလိုပါပဲ
👉 Alarm ခလုပ်ကို မတော်တဆ ထိမိလို့ Alarm မြည်တာဆို ပြဿနာ မဟုတ်ပေမယ့်
👉 မီးလောင်လို့ဖြစ်စေ ဆီယိုစိမ့်မှုကြောင့်ဖြစ်စေ Alarm မြည်တာဆိုရင်တော့ ယာဉ်ကြီး တစ်ခုလုံးပျက်စီးခြင်း သို့ရောက်ရပါလိမ့်မယ်။

အဲ့တော့ #ခေါင်းကိုက် ပြီ

1. အနည်းဆုံးတော့ သွေးပေါင်ချိန်ကြည့်ပါ
2. ဆီးချိုရောဂါရှိရင် ဆီးချိုဖောက်ပါ
3. ဖျားတာ ရှိရင်သေချာကုပါ
4. တခြားဘာလက္ခဏာရှိလဲ ပြသတဲ့ ဆရာဝန်ကို သေသေချာချာပြောပါ

ခေါင်းမကိုက်ရအောင်ကတော့

1. အိပ်ချိန် စားချိန် နားချိန် မှန်ပါစေ
2. စိတ်အေးအေးထားပါ (အကောင်းမြင်စိတ်များများမွေးပြီး၊ သံသယစိတ်လျှော့ပါ)
3. ငါက လူတွေပေါ်ဒီလောက်ကောင်းနေတာကို လူတွေက ငါ့ကို မကောင်းပဲကြံနေကြတယ်လို့ တွေးနေမိရင် မဟုတ်သေးပါဘူး (သေသေချာချာ ပြန်စမ်းစစ်ပါ)

ပြဿနာက သေးသေးလေးကနေ အကြီးကြီးထိရှိပြီး ဘာဖြစ်ဖြစ် #ခေါင်းကိုက်တာပဲ ဆိုတော့
ခံစားရတာ #ရက်ရှည်နေပြီဆိုရင် တတ်ကျွမ်းနားလည်တဲ့လူနဲ့ ပြသစစ်ဆေးမှုခံယူ ပါ။

(Photo credit; the conversation)
(Original post; Jan ,2021 👉 https://www.facebook.com/104993831383029/posts/160043415878070/)
Crd # Dr. ဘုန်းစည်သူလွင်

သွေးလွန်တုပ်ကွေးရောဂါ
29/09/2021

သွေးလွန်တုပ်ကွေးရောဂါ

မင်္ဂလာပါ။ ဒီနေ့မှာတော့ ကိုဗစ်ကာကွယ်ဆေး ထိုးတာနဲ့ ပတ်သက်ပြီး မြန်မာပြည်သူလူထုကြားမှာ ပျံ့နှံ့နေတဲ့ ယူဆချက်လေးတွေကို မှန်...
28/09/2021

မင်္ဂလာပါ။ ဒီနေ့မှာတော့ ကိုဗစ်ကာကွယ်ဆေး ထိုးတာနဲ့ ပတ်သက်ပြီး မြန်မာပြည်သူလူထုကြားမှာ ပျံ့နှံ့နေတဲ့ ယူဆချက်လေးတွေကို မှန်လား၊ မှားလား၊ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ကိုယ်သိထားတာနဲ့ တူလား၊ မတူလား အားလုံးပဲ လိုက်ကြည့်ပေးကြပါဦးနော်။
~~~~~~~~~~~~~~~~~~~~~~

"ကိုဗစ်ကူးပြီးလို့ ပျောက်တောင်ပျောက်သွားပြီလေ။ ကိုဗစ်ကာကွယ်ဆေး ထပ်ထိုးဖို့ မလိုပါဘူး"

- ဒီယူဆချက်က မှားပါတယ်။
ကိုဗစ်ပိုး ကူးစက်ခံရဖူးခြင်းက နောက်တစ်ခေါက် ကူးစက်မခံရအောင် အထိုက်အလျောက်တော့ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ရာခိုင်နှုန်းကာကွယ်ပေးနိုင်လဲ၊ ဘယ်လောက်ကြာအထိ ကာကွယ်ပေးနိုင်မလဲ ဆိုတာကတော့ တိတိကျကျမသိရသေးပါဘူး။ နောက်တစ်ကြိမ် ပိုးကူးစက်ခံရတာမျိုး ဖြစ်နိုင်ပါ‌သေးတယ်။ ဒါကြောင့် ကိုဗစ်ပိုး ကူးစက်ခံရပြီးလည်း ကာကွယ်ဆေးထပ်ထိုးဖို့ အကြံပြုလိုပါတယ်။ ကိုဗစ်ဖြစ်ပြီး သွေးရည်ကြည်ကုထုံးနဲ့ ကုသခဲ့တဲ့ သူဆိုရင်တော့ ရက်(၉၀)အကြာမှ ကာကွယ်ဆေးထိုးပါ။
••••••••••••••••••••••••••••••••••

"ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတာတောင် ကိုဗစ်ကူးခံလိုက်ရတယ်။ အဲ့ဒီကာကွယ်ဆေးက တကယ် မကာကွယ်ပေးနိုင်ပါဘူးကွာ"

- ယူဆချက်အမှားပါ။
ကိုဗစ်ကာကွယ်ဆေးတွေဟာ အမျိုးအစားကိုလိုက်ပြီး ကိုဗစ်ပိုးကူးစက်ခြင်းကနေ အတိုင်းအတာတခုထိ ကာကွယ်ပေးနိုင်ပါတယ်။ လူအချို့မှာတော့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးပေမယ့်လည်း ရောဂါပိုး ကူးစက်ခံရနိုင်ပါသေးတယ်။ ဒီလူတွေမှာ အကယ်၍ ကိုဗစ်ပိုးကူးစက်ခံရရင်တောင် ကိုဗစ်ကာကွယ်ဆေးထိုးထားတာကြောင့် ရောဂါပြင်းထန်နိုင်ခြေ နဲ့ သေဆုံးနိုင်ခြေ ကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ကိုဗစ်ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးဖို့ အကြံပြုလိုက်ရပါတယ်။
••••••••••••••••••••••••••••••••••

"နောင်အခါမှာ ကလေးယူမယ့်သူတွေအတွက် ကိုဗစ်ကာကွယ်ဆေးထိုးခြင်းဟာ ဘေးကင်းစိတ်ချရပါတယ်"

- ဒါပေါ့။ ဘေးကင်းစိတ်ချရပါတယ်။ ကိုဗစ်ကာကွယ်ဆေးဟာ ကိုယ်ဝန်ဆောင်မယ့်သူတွေ အပါအဝင် အသက် ၁၂ နှစ် နှင့် ၁၂ နှစ် အထက် အရွယ်ရှိသူတိုင်း အားလုံးအတွက် စိတ်ချရပါတယ်။ ခုလက်ရှိအထိတော့ ကာကွယ်ဆေးထိုးခြင်းကြောင့် ကလေးယူခြင်းမှာ ပြဿနာများဖြစ်တတ်တာ မရှိသေးပါဘူး။
••••••••••••••••••••••••••••••••••

"ကိုဗစ်ကာကွယ်ဆေးထိုးခြင်း​​ဟာ ကိုဗစ်ရောဂါကြောင့် ဖျားခြင်းမျိုးကို ဖြစ်စေပါတယ်"

- တကယ်က မဖြစ်စေပါဘူး။ US မှာ ထုတ်လုပ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးအားလုံးမှာ Covid-19 ရောဂါကို ဖြစ်စေတဲ့ "Live virus" ပါဝင်ခြင်း မရှိပါဘူး။ ဆိုလိုတာက ကိုဗစ်ကာကွယ်ဆေးကြောင့် ကိုဗစ်ကူးသလို ဖျားတာမျိုး မဖြစ်စေပါဘူး။ ကိုဗစ်ကာကွယ်ဆေးက ခန္ဓာကိုယ်ထဲမှာရှိတဲ့ Immune system (ရောဂါကာကွယ်ခုခံအားစနစ် ) ကို Covid-19 ရောဂါဖြစ်စေတဲ့ Virus အား သိရှိပြီး တိုက်ထုတ်စေဖို့ လုပ်ဆောင်ပေးတာပါ။ ဒီဖြစ်စဥ်မှာ တစ်ခါတစ်လေ ဖျားတာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အဲ့လိုဖျားတာဟာ ကိုဗစ်ကူးစက်ခံရလို့ ဖျားတာမျိုး မဟုတ်ဘဲ ရောဂါပိုးကို တိုက်ထုတ်နေတုန်း ဖြစ်လေ့ရှိတဲ့ လက္ခဏာ သာမန်ဖျားတာမျိုးပဲ ဖြစ်ပါတယ်။
••••••••••••••••••••••••••••••••••

"ကိုဗစ်ကာကွယ်ဆေး ထိုးရင် ရာသီထိန်တာမျိုး ဖြစ်တတ်တယ်"

- တချို့အမျိုးသမီးတွေမှာ ကာကွယ်ဆေးထိုးပြီးနောက် ယာယီရာသီစက်ဝန်းအပြောင်းအလဲဖြစ်တာမျိုး ရှိတတ်ပေမယ့် ကာကွယ်ဆေးကြောင့်လို့ပြောနိုင်ဖို့ လုံလောက်တဲ့ သုတေသနတွေ့ရှိချက်တွေတော့ မရှိသေးပါဘူ။ စိတ်ဖိစီးမှုတွေ၊ အိပ်ရေးပျက်တာတွေ၊ ကိုယ်အလေးချိန်နဲ့ ကိုယ်လက်လေ့ကျင့်ခန်း အပြောင်းအလဲတွေ​ကသာ ရာသီစက်ဝန်းမှာ အကျိုးသက်ရောက်စေပါတယ်။ အခြားသောရောဂါပိုးတွေကူးစက်ခံရရင်လည်း ရာသီစက်ဝန်းမှာ အပြောင်းအလဲတခုခု ဖြစ်စေ နိုင်ပါတယ်။
••••••••••••••••••••••••••••••••••

"ကိုဗစ်ကာကွယ်ဆေးထိုးပြီး ကိုဗစ်ပိုး ရှိ/မရှိ Viral test kit နဲ့ စစ်ကြည့်ရင် Positive ဖြစ်နေလိမ့်မယ်"

- မဖြစ်စေပါဘူး။ မိမိမှာ လတ်တလော ရောဂါကူးစက်ခံထားရသလား/ ကူးစက်မခံထားရဘူးလား ဆိုတာ သိနိုင်ဖို့အတွက် စစ်တဲ့ Viral testမှာ ကာကွယ်ဆေးထိုးပြီးလို့ စစ်ရင် Positive မဖြစ်စေပါဘူး။ ကိုဗစ်ပိုး ကူးစက်ခံထားရမှပဲ Positive ပြမှာပါ။
••••••••••••••••••••••••••••••••••

"ကိုဗစ်ကာကွယ်ဆေး ထိုးရင် ကိုယ်ဝန်မရတာ၊ ကိုယ်ဝန်ပျက်ကျတာမျိုး ဖြစ်တတ်တယ်"

- ကာကွယ်ဆေးကြောင့် ကိုယ်ဝန်မရတာ ၊ ကိုယ်ဝန်ပျက်ကျတာတွေ မဖြစ်ပါဘူး။
ကိုယ်ဝန်ဆောင် (သို့မဟုတ်) ကိုယ်ဝန်ဆောင်ဖို့ တွေးထားရင် ကာကွယ်ဆေးထိုးဖို့ အကြံပြုလိုပါတယ်။
••••••••••••••••••••••••••••••••••

"ကိုယ်ဝန်ဆောင်‌တွေ၊ နို့တိုက်မိခင်တွေဆို ကာကွယ်ဆေး ထိုးလို့မရဘူး"

- ကာကွယ်ဆေးထိုးလို့ရပါတယ်။ Covid ဖြစ်လာရင်လည်း ရောဂါပြင်းထန်မှုနှုန်းကို ကာကွယ်ဆေးက ​လျှော့ချပေးနိုင်ပါတယ်။
••••••••••••••••••••••••••••••••••

"ကိုဗစ်ကာကွယ်ဆေး ထိုးရင် ကိုဗစ် ဖြစ်နိုင်တယ်"

ကိုဗစ်ကာကွယ်ဆေးကြောင့် ကိုဗစ်တော့ မဖြစ်စေပါဘူး။ ဒါပေမယ့် ကိုဗစ်ကာကွယ်ဆေးကို အကြိမ်ပြည့် မထိုးရသေးခင် ကိုဗစ်ရောဂါပိုး ကူးစက်ခံရတာမျိုး ကြောင့် ကိုဗစ်ရောဂါ ဖြစ်နိုင်တာတော့ရှိပါတယ်။
••••••••••••••••••••••••••••••••••

"ကျွန်မမှာ ကြက်ဥ နဲ့ ဓာတ်မတည့်တာရှိတယ်၊ ကြက်ဥစားလိုက်ရင် အရေပြားတွေ နီပြီးယားလာတာဖြစ်တယ်၊ အဲ့သလိုမျိုးဆို ကိုဗစ်ကာကွယ်ဆေး မထိုးရဘူးပြောတယ်"

- မဟုတ်ပါဘူး။ ကိုဗစ်ကာကွယ်ဆေး ထိုးလို့ရပါတယ်။ ဒါပေမယ့်
ဆေး (သို့) အစားအစာ တခုခုကို ဓာတ်မတည့်တာမျိုးရှိရင်တော့ Covid ကာကွယ်ဆေးထိုးပြီးတဲ့အခါ
မိနစ် (၃၀) စောင့်ကြည့်ရပါမယ်။
••••••••••••••••••••••••••••••••••

"ကာကွယ်ဆေးထိုးပြီးရင် ရေမချိုးရဘူး"

- ယူဆချက် အမှားပါ။ ဘာမှ မဆိုင်ပါဘူးနော်။ ရေချိုးချင် ချိုးလို့ရပါတယ်။ မချိုးလဲ ဘာမှမဖြစ်ပါဘူး။
••••••••••••••••••••••••••••••••••

"ဆီးချို၊ သွေးတိုးရှိရင် ကာကွယ်ဆေးထိုးလို့မရဘူး"

- ယူဆချက်အမှားပါပဲ။
ရောဂါအခံရှိတဲ့သူတွေဟာ ကာကွယ်ဆေး ပိုထိုးသင့်ပါတယ်။ သွေးတိုး၊ ဆီးချို အပြင် ​ကင်ဆာ၊ ပန်းနာရင်ကျပ်၊ အဆုတ်နာတာရှည်ရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ဆိုင်ရာရောဂါ၊ လေဖြတ်သူများ၊ HIV ပိုးရှိသူများဟာ ကိုဗစ်ရောဂါဖြစ်လာရင် ရောဂါပြင်းထန်မှုနှုန်းကနေ ကာကွယ်ဖို့ ကာကွယ်ဆေးထိုးရပါမယ်။
••••••••••••••••••••••••••••••••••

" ကာကွယ်ဆေးထိုးရင် သေတတ်တယ်"

ယူဆချက်အမှားပါ။ ကာကွယ်ဆေးက မသေနိုင်ပါဘူး။ ဒါပေမယ့် ကာကွယ်ဆေးမှာ ပါဝင်တဲ့ ပစ္စည်းတစ်ခုခုနဲ့ ဓာတ်မတည့်ရင် အန္တရာယ်ရှိနိုင်တဲ့အတွက် ဆေးထိုးပြီးပြီးချင်း ၃၀ မိနစ်ခန့် စောင့်ကြည့်သင့်ပါတယ်။
••••••••••••••••••••••••••••••••••

"လက်ရှိ ထုတ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေး​တွေက ကိုဗစ် မျိုးစိတ်အမျိုးမျိုး ကူးစက်ခံရခြင်းကို ကာကွယ်​မပေးနိုင်ဘူး"

- ကာကွယ်​ဆေး​တွေက ကိုဗစ်မျိုးစိတ်အမျိုးမျိုး ကူးစက်ခံရခြင်းက​နေ ကာကွယ်​ပေးနိုင်စွမ်း​တော့ အနည်းငယ်​လျော့ပေမယ့် ​ပြင်းထန်ကိုဗစ်​ရောဂါ ဖြစ်ပွားခြင်းက​​နေတော့ ကာကွယ်​ပေးနိုင်ပါတယ်။
••••••••••••••••••••••••••••••••••

"က​လေး​တွေက ကိုဗစ်ဖြစ်ရင်​တောင် ​ရောဂါမပြင်းထန်တာမို့ ကာကွယ်​ဆေးထိုးစရာမလိုဘူး"

- Covid ကာကွယ်​ဆေးက က​လေး​တွေ ကိုဗစ်ကူးစက်ခံရခြင်းနဲ့ ပြင်းထန်ကိုဗစ်ဖြစ်ပွားခြင်းက​နေ ကာကွယ်​ပေးနိုင်ပါတယ်။ အချို့နိုင်ငံ​တွေမှာ​တော့ အသက် ၁၂ နှစ် အထက် က​လေး​တွေက ကာကွယ်​ဆေးထိုးလို့ရ​ပေမဲ့ မြန်မာနိုင်ငံမှာ​တော့ အသက် ၁၈ နှစ် မပြည့်​သေးရင် ကာကွယ်​ဆေးထိုးလို့ မရ​သေးပါဘူး။
••••••••••••••••••••••••••••••••••

"ကိုဗစ်ကာကွယ်​ဆေးထိုးပြီးသွားရင် Maskတပ်စရာမလို​တော့ဘူး"

-Covid ကာကွယ်​ဆေး​တွေက ပိုးကူးစက်ခံရမှုကို ရာနှုန်းပြည့် ကာကွယ်မ​ပေးနိုင်တာမို့ ကာကွယ်​ဆေးထိုးပြီးရင်​တောင် အပြင်သွားတဲ့အခါ၊ အထူးသဖြင့် လူနေထူထပ်တဲ့​နေရာ​တွေကို သွားတဲ့အခါမှာ Maskတပ်သွားဖို့ လိုအပ်ပါတယ်။
••••••••••••••••••••••••••••••••••

အခုဆိုရင် ကိုဗစ်ကာကွယ်ဆေးထိုးတာနဲ့ ပတ်သတ်ပြီး ကိုယ်သိထားတာတွေက မှန်လား၊ မှားလား၊ သိပြီဆိုတော့ တခြားသူတွေလည်း သိရအောင် ပြန်လည်မျှဝေပေးပါဦးနော်။




🥣🧒ကလေးတွေကို မကျွေးသင့်တဲ့ အစားအစာများ 🧒🥣1. ဆားများသော အစားအစာများ ကျွေးခြင်းမှ ရှောင်ပါ။ ကလေးငယ်တွေ ကို ဆားများတဲ့ အစား...
24/09/2021

🥣🧒ကလေးတွေကို မကျွေးသင့်တဲ့ အစားအစာများ 🧒🥣

1. ဆားများသော အစားအစာများ ကျွေးခြင်းမှ ရှောင်ပါ။

ကလေးငယ်တွေ ကို ဆားများတဲ့ အစားအစာတွေ မကျွေးသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆားအရမ်းများရင် သူတို့လေးတွေ ရဲ့ကျောက်ကပ်အတွက် မကောင်းပါ။ ဆားများတဲ့ အစားအစာဆိုလို့ ငါးပိတို့ ငါးခြောက်တို့ကိုပဲ ရှောင်ခိုင်းတာ မဟုတ်ပါဘူး။ အသင့်စား အစားအစာတွေ ဖြစ်တဲ့ ကြက်အူချောင်း၊ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ အသင့်စား ခေါက်ဆွဲပြုတ်၊ အသင့်စား ဆန်ပြုတ် စတာတွေ ပာာ ဆားပမာဏ အရမ်းများတဲ့ အတွက် ရှောင်ရှားသင့်တဲ့ အထဲမှာပါပါတယ်။ အသက် ၁ နှစ်မကျော်မခြင်း ဆားထပ်ထည့်ပြီး ချက်စရာမလိုပါ။

2. သကြား ရှောင်ပါ။

ကလေးငယ်ငယ်တွေ အတွက် သကြားမလိုပါ။ ငယ်ငယ်လေး တည်း က သကြားကို အစပျိုးပြီး မကျွေးသင့်ပါ။ ကြာလာတာနဲ့ အမျှ ကလေးငယ်တွေ က သကြား အရမ်းကြိုက်သွားပြီး ဖြတ်ရခက်သွားပါလိမ့်မယ်။ အထူးသဖြင့် အသင့်သောက် အချိုရည်တွေ၊ ဂတ်စ်ပါတဲ့ အချိုရည်တွေ ရှောင်ပါ။ သဘာဝ အသီးစစ်စစ် ကို ဖျော်ရည်လေး လုပ်တိုက်ရင်လည်း သကြားထပ်မထည့်ပါနဲ့။ အကောင်းဆုံး ကတော့ ကလေး ငယ်တွေ ကို အချိုကျွေးတော့မယ် ဆိုရင် ငှက်ပျောသီး ဒါမှမဟုတ် အခြားအသီးတစ်မျိုးမျိုး ဖျော်တိုက်မယ် ဆိုရင် အမေ နို့ (သို့မဟုတ်) ပိုးသတ်ထားသော နို့ တစ်မျိုးမျိုး ထည့်ဖျော်ပေးပါ။ (မှတ်ချက်- အသက် ၆ လ မကျော် မခြင်း မိခင်နို့မှ အပ တခြား ဘာမှ မတိုက်ရပါ) အသက် ၂ နှစ် မကျော်မခြင်း သကြား ထပ်ထည့်ကျွေးစရာမလိုပါ။

3. ပျားရည် ရှောင်ပါ။

ပျားရည် က ကလေးငယ်တွေရဲ့ အူလမ်းကြောင်း ကို ဒုက္ခပေး နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပျားရည်မှာ ပါလာတတ်တဲ့ ဘတ်တီးရီးယား ပိုးတွေက ထုတ်လိုက်တဲ့ အဆိပ်အတောက်တွေက ကလေးငယ်တွေရဲ့ အူလမ်းကြောင်းကို ထိခိုက်ပြီး အစာအဆိပ်သင့်သလို ဖြစ်တတ်ပါတယ်။ ကလေးငယ်များ အသက် နှစ်နှစ် မကျော်မခြင်း ပျားရည်မကျွေးသင့်ပါ။ သွားပိုးစားခြင်း ကိုလည်း အတိုင်းအတာ တစ်ခု အထိ ကာကွယ်ပေးပါတယ်။ သန့်စင်ထားတဲ့ ပျားရည်ဆို ၂ နှစ်ကျော်ရင် ကျွေးပါ။

4. အစေ့အဆန်များ ရှောင်ပါ

ကလေးငယ်တွေ ကိုကအသက်ငါးနှစ် မကျော်မခြင်း မြေပဲစေ့၊ ဖရုံစေ့၊ သီဟိုစေ့၊ ဗာဒံစေ့ စတာတွေ ကို အစေ့လိုက် မကျွေးသင့်ပါ။ အခန့် မသင့်လျှင် သီးတတ်တဲ့ အတွက်ကြောင့်ပါ။ ကျွေးချင်လျှင် သေချာ ချေ ပြီးမှ ကျွေးပါ။ ကျွေးမယ် ဆိုရင်လည်း အသက် ခြောက်လ ပြည့်ပြီးမှ တည့်မတည့် စမ်းကျွေးကြည့်ပါ။ တချို့ကလေး တွေမှာ Allergic ဖြစ်တတ်လို့ပါ။

5. ဂျယ်လီရှောင်ပါ။

ကလေးငယ်တွေ ကို အလွယ်တကူ ဂျယ်လီ ကျွေးခြင်းမှ ရှောင်ကြဉ်ပါ။ ခဏခဏ သီးတတ်လို့ပါ။

6. အဆီနည်းတဲ့ အစားအစာရှောင်ပါ။

ကလေးတွေ က လူကြီး နဲ့ ပြောင်းပြန်ပါ။ သူတို့လေးတွေ က အစားစား တာ နည်းတဲ့ အတွက် နည်းနည်းနဲ့ ကယ်လိုရီ များများ ရမယ့် အဆီဓါတ် ကိုကောင်းကောင်းစားပေးဖို့လိုပါတယ်။ အဆီဓါတ်ဆိုလို့ တွေ့ကရာ အဆီ တွေဖြစ်တဲ့ ဝက်ဆီဖတ်တို့ ကြက်အရေခွံတို့ ဆီအများကြီး နှစ်ပြီးကြော်တဲ့ အစားအစာတွေ ကို မကျွေးသင့်ပါဘူး။ ကောင်းတဲ့ အဆီ တွေ ဖြစ်တဲ့ ထောပတ်သီး၊ သံလွင်ဆီ၊ ဖွဲနုဆီ၊ အစေ့အဆန်(သေချာ ချေပြီးကျွေးရန်) စတာတွေ ကို ကျွေးပေးဖို့လိုပါတယ်။ လူကြီးဆိုရင် နွားနို့ကို အဆီထုတ်ထားတဲ့၊ လျှော့ထားတဲ့ နို့ သောက်ဖို့လိုပေမယ့် နှစ်နှစ်အောက် ကလေးငယ်တွေ ကတော့ မလိုင်ပြည့် ပါတဲ့ နို့ တိုက်ပေးဖို့လိုပါတယ်။

7. ပင်လယ်စာ အစိမ်းကျွေးခြင်းမှ ရှောင်ပါ။

လူကြီးတွေ စားသလို ပုဇွန်အစိမ်းသုတ်လိုမျိုး၊ ပင်လယ်စာ အစိမ်းသုတ် လိုမျိုးကျွေးလို့မရပါဘူး။ ကလေးငယ်တွေ ရဲ့ အူလမ်းကြောင်း က နုနယ်သေးတဲ့ အတွက် အသားအစိမ်း ငါးအစိမ်းတွေ မှာပါတဲ့ ဘတ်တီးရီးယားတွေ ကြောင့် အစာအဆိပ်သင့်တာ ကို ဆိုးရွားစွာ ခံစားရတတ်ပါတယ်။

8. ကြက်ဥ အစိမ်းကျွေးခြင်းမှ ရှောင်ပါ။

ကလေးငယ် တွေ အသက် ၈ လလောက် ရှိပြီ ဆိုတာ နဲ့ ကြက်ဥ စကျွေးလို့ရပါပြီ။ စကျွေးတဲ့ နေရာ မှာ တည့်မတည့် ကို အရင် အကာချည်း တစ်ဇွန်းလောက် နောက်တစ်ရက်မှာ အနှစ်ချည်း တစ်ဇွန်းလောက် ကျွေးကြည့်ပြီး နာရီဝက် တစ်နာရီလောက် စောင့်ကြည့်ပါ။ အနီကွက်တွေ မထွက်လာဘူးဆိုရင် တည့်တယ် လို့ ယူဆလို့ရပါတယ်။ နောက်နေ့ဆို ဆက်ကျွေးလို့ အဆင်ပြေပါပြီ။ ဒါပေမယ့် ကလေးငယ်တွေ ကို ကျွေးတဲ့ နေရာမှာ အစိမ်းလုံးဝ မကျွေးသင့်ပါ။ အကျက် (သို့မဟုတ်) အကာကျက်လေး ပြုတ်ပြီး ကျွေးရပါမယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
အာဟာရဆရာဝန်

Photo Credit

Address

Mandalay

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Baby Alpha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share