Mother Heart ကိုယ်ဝန်ဆောင် ပစ္စည်း သီးသန့် လက်လီ၊ လက်ကား

  • Home
  • Myanmar
  • Mandalay
  • Mother Heart ကိုယ်ဝန်ဆောင် ပစ္စည်း သီးသန့် လက်လီ၊ လက်ကား

Mother Heart ကိုယ်ဝန်ဆောင် ပစ္စည်း သီးသန့် လက်လီ၊ လက်ကား ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊
တနပ်စာ မကြံ

ကိုယ့်ရဲ့သင်္ကြန် plan🤷‍♀️😁  credit
14/04/2024

ကိုယ့်ရဲ့သင်္ကြန် plan🤷‍♀️😁

credit

"က​လေးတ​ယောက်အနားက   ရန်သူများ"​​*  အ​မေ့ဗိုက်ထဲက မွေးတုန်းက အ​ကောင်းအခု​တော့ ...မျက်စိ​လေး​စောင်းလို့*  အ​မေ့ဗိုက်ထဲက မ...
17/03/2024

"က​လေးတ​ယောက်အနားက ရန်သူများ"

​​* အ​မေ့ဗိုက်ထဲက မွေးတုန်းက အ​ကောင်း
အခု​တော့ ...မျက်စိ​လေး​စောင်းလို့
* အ​မေ့ဗိုက်ထဲက မွေးတုန်းက အ​ကောင်း
ခု​တော့ မျက်မှန်က ပုလင်းဖင်နဲ့
* အ​မေ့ဗိုက်ထဲက မွေးတုန်းက အ​ကောင်း
ခု​တော့ အပူ​​လောင်ခံထားရတာ ရုပ်ပျက်ဆင်းပျက်
* အ​မေ့ဗိုက်ထဲက မွေးတုန်းက အ​ကောင်း
ဆိုင်ကယ်အက်ဆီးဒင့် ဖြစ်ပြီးကတည်းက
​စကားမ​ပြော​တော့တာ......

တ​နေ့ကပဲ ​ဖေ့ဘုတ်မှာ ...
၆ နှစ်သမီးက​လေး....ချစ်စရာ ကျန်းကျန်းမာမာ
သွက်သွက်လက်လက်ကြီး ​သေသွားတယ်ဆိုလို့
ဝင်စပ်စုကြည့်တာ........................​ရောဂါလည်း မရှိပဲ.........
(၅)ထပ် တိုက်ခန်း​ပေါ်က ကျ​သေတာ.....တဲ့

နယ်ဘက်​ဆေးရုံ​တွေမှာ
ကိုယ်တိုင် အကြိမ်များစွာ ကြုံ​တွေ့ဖူးပါတယ်...
​*​ရေ​နွေးပူ ​လောင်တဲ့ က​လေး
* ဆီပူ​လောင်တဲ့ က​လေး.....
* ​ခွေးကိုက်ခံရတဲ့က​လေး .....စသည်ဖြင့်
က​လေး​တွေ ခမြာ.....
အပူ​လောင်ခံရတဲ့ ဒုက္ခကြား
မိဘ​တွေကပါ ........
​ဆော့လွန်းတဲ့ က​လေး.....ကဲ လွန်းတဲ့ က​လေးဆိုပြီး
ထပ်ဆင့်ရိုက်တာ ခံကြရတယ်

" တကယ်​တော့ ​ဆော့တယ် ဆိုတာ
က​လေးတ​ယောက်ရဲ့ အလုပ် " ပဲ ဖြစ်တယ်။
​ဆော့ရင်းနဲ့ပဲ က​လေး​တွေက သင်ယူကြတာ
ဖွံ့ဖြိုးကြတာပါ။

တကယ့် တရားခံက
အနီးကပ် အုပ်ထိန်းသူ လူကြီးပါ
မိဘဖြစ်ရင်ဖြစ်မယ်.....အဖိုးအဖွား ဖြစ်ချင်ဖြစ်မယ်​ပေါ့
က​လေးတ​ယောက်ရဲ့ ပတ်ဝန်းကျင်ကို
" လုံခြုံစိတ််ချရတဲ့ ပတ်ဝန်းကျင် ဖြစ်​နေဖို့ "
ဖန်တီး​ပေးထားရမှာက
အုပ်ထိန်းသူ လူကြီးရဲ့ တာဝန်ပါ

(၁) တိရိစ္ဆာန်နဲ့ အရူး လုံးဝ မယုံအပ်

ဥာဏ်ရည်အရမ်းမြင့်ပြီး ​မွေးထားတာ (၇-၈)နှစ်ရှိပြီ
အိမ်သား နဲ့ လူစိမ်း ခွဲသိတယ်
လုံးဝ မကိုက်တတ်ဘူး ဆိုတဲ့ ​ခွေး .....
ကိုက်လိုက်လို့ ​သေသွားတဲ့ က​လေး....
​သေလု​မြောပါး ဒဏ်ရာရသွားတဲ့ က​လေး​တွေ
အများကြီး ရှိပါတယ်
အင်တာနက်မှာ ရှာကြည့်ပါ
ကိုယ့် က​လေးကို.....​ခွေး၊​ကြောင်...အနားကပ်ခွင့်
မ​ပေးတာ ဥာဏ်ရှိရာ​ရောက်ပါတယ်
မကိုက်တတ်ဘူး ဆိုတဲ့ ​ခွေးကို ယုံကြည်တာဟာ
ဥာဏ်နည်းခြင်း သက်သက်ပဲ။

(၂) လျှပ်စစ်ပစ္စည်း လက်လှမ်း မမှီ​စေရ

အသက် (၅)နှစ်​အောက် က​လေးရှိရင်
တအိမ်လုံးမှာ
က​လေး လက်လှမ်းမှီတဲ့ ​နေရာမှာ
မီးပလပ်​ပေါက်.....
မီးကြိုး လုံးဝ မရှိ​စေရပါဘူး
က​လေး လက်လှမ်းမှီတဲ့ ​နေရာမှာ
ဖုန်းအားသွင်းတာ စတဲ့ ပလပ်​ပေါက်ရှိ​နေတာဟာ
လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင် မဟုတ်ဘူး
ဆိုတဲ့ အဓိပ္ပါယ်ပါပဲ

ဆိုင်ကယ်စီးရင် ဦးထုပ်​ဆောင်းသလို.....
ကားစီးရင် ခါးပတ် ပတ်ရသလိုပါပဲ......
ဆိုင်ကယ်စီးတိုင်း ...ယာဥ်တိုက်မှု့ ဖြစ်​နေတာ
မဟုတ်​ပေမဲ့
ကြိုတင်ကာကွယ်ထားရသလို
မီးပလပ်​ပေါက် ရှိတိုင်း က​လေး ဓါတ်လိုက်​နေတာ
မဟုတ်​ပေမဲ့ ကြိုတင်ကာကွယ်ရပါတယ်။

(၃) ဖုန်း၊စာအုပ်၊တက်ဗလက်

ဖုန်း၊စာအုပ်ကြည့်ရင် ..
မျက်စိနဲ့ အနည်းဆုံး (၁၄)လက်မ၊ တ​ပေခွဲ​လောက်က
ခွာပြီး ကြည့်ရပါတယ်
အဲ့ဒီထက် နီးပြီး ကြည့်ရင် ....
မျက်စိ မှန်ဘီလူး ပါဝါ တိုးလာပါတယ်
နုနယ်တဲ့ က​လေး​တွေမှာဆိုရင်....
မျက်လုံးကြွက်သား​တွေ ကျင့်သားရ
မသန်မာ​သေးတဲ့ အတွက်
မျက်လုံး​စွေတာ.....မျက်လုံး​စောင်းတာ
ဖြစ်​စေနိုင်ပါတယ်။

ဖုန်းကို က​လေးလက်လှမ်းမှီရာမှာ ...
န​မော်နမဲ့ ထားတာ....အားသွင်းတာ ​တွေဟာ
က​လေးလက်ထဲ ဖုန်းထည့်​ပေးပြီး
(၁၄)လက်မထက် နီး​အောင်ကြည့်ဖို့.....
က​လေး မျက်စိ ပါဝါ တိုးလာ​စေဖို့
က​လေးမျက်လုံး ​စွေ​စောင်းလာ​စေဖို့..
က​လေးဒုက္ခ​ရောက်​စေတဲ့ အ​ကြောင်းရင်းဖြစ်ပါတယ်
လူကြီး​တွေ ပညာနည်း...ဗဟုသုတ နည်းခြင်းဟာ
က​လေးအတွက် ..ဒုက္ခ​ရောက်​စေပါတယ်

(၄) အန္တာရာယ်ရှိ​သော ပစ္စည်း

​​ဘောပင်၊ခဲတံ၊ ဓါး၊ကတ်​ကြေး၊ဝက်အူလှည့် ....
စတဲ့ ထိခိုက်​စေနိုင်တဲ့ ချွန်​သော၊ထက်မြ​သော...
ပစ္စည်း​တွေကို (၅)နှစ်​အောက်က​လေးရှိရင်
လက်လှမ်းမမှီတဲ့ ​နေရာမှာပဲ ....
အစဥ်အမြဲထားရပါတယ်

(၅) က​လေးထိုင်ခုံ၊က​လေး ဆိုင်ကယ်စီးဦးထုပ်

ဆိုင်ကယ်စီးတိုင်း ယာဥ်တိုက်မှု့ ဖြစ်​နေတာ မဟုတ်​ပေမဲ့
ဖြစ်ခဲ့​သော်.......
​မွေးတုန်းက အ​ကောင်း.....
အခုမှ အကျိုး​လေး၊
အကန်း​လေး.....ဦး​ခေါင်းထိခိုက်လို့ ...
ဥာဏ်ရည် စသည် ထိခိုက်သူ မဖြစ်​စေဖို့ လိုပါတယ်
ဗမာပြည်က မိဘ အများစုက​တော့
​စောင်ကြွားလုပ်ဖို့......
အဝတ်သစ်၊အင်္ကျီသစ်သာ ထည်လဲ. ဝတ်ကြ
ဝယ်​ပေးကြပါတယ်။

က​လေးထိုင်ခုံ၊ က​လေး အကာအကွယ် ဦးထုပ်
ဝယ်​ပေး​လေ့...​ဆောင်းခိုင်း​လေ့ မရှိပါဘူး။

က​လေး(၁၀) ​ယောက်​မွေးလို့
လူကြီး (၁၀) ​ယောက် ဖြစ်ချင် ဖြစ်လာပါမယ်။
ကံ​ကောင်းလွန်းလို့ပဲ မှတ်ပါ
​စောင်​သုံးကျတဲ့ မိဘ​တော့ မဟုတ်ပါဘူး
လုံခြုံ စိတ်ချရတဲ့ အ​ခြေအ​နေ မဖန်တီး​ပေးခဲ့ဘူး
အသိတရားရှိစွာ က​လေးကို ကာကွယ်မ​ပေးနိုင်ခဲ့ပါဘူး
ကံ​ကောင်းလို့ အသက်ရှင်​နေကြသူ​တွေ
ဗမာပြည်ထဲ ....ဒု.... နဲ့.....​ဒေး ပါပဲ

(၆) ​ရေ​နွေးအိုး၊ဟင်းအိုး....မီးပူ စသည်

​ရေ​နွေးဓါတ်ဗူး ကို စားပွဲ​ထောင့်မှာ ထားတယ်
က​လေးက ဆွဲချလိုက်​တော့
​ရေ​နွေးနဲ့ ​ရေချိုးလိုက်သလိုဖြစ်ပြီး
တကိုယ်လုံး ​ရေ​နွေးပူ​လောင်​ရော

ဟင်းအိုး၊မီးပူ စတဲ့ အန္တရာယ်ရှိ ပစ္စည်း​တွေကို
စားပွဲစွန်း၊စားပွဲ​ထောင့် အမှတ်တမဲ့ မထားရပါဘူး
က​လေးက လှမ်းဆွဲရင်း ပြုတ်ကျ
အန္တရာယ်ဖြစ်​စေတတ်ပါတယ်

(၇) စားစရာ မဟုတ်​သော အရည်များ

အရက်ပျံ၊ လက်သည်းနီ ၊ ခြင်ဖျန်း​ဆေး
စတဲ့ အရာ​တွေကိုလည်း
က​လေး​တွေ လက်လှမ်း မမှီတဲ့ ​နေရာမှာပဲ
စနစ်တကျထားရပါမယ်
အရက်ပျံ​သောက်မိလို့....
ကြွက်သတ်​ဆေး ​သောက်မိလို့ ...
က​လေး​သေရတာဟာ ......
တရားခံအစစ်က အနီးကပ် အုပ်ထိန်းသူ ပါ

(၈) လမ်း​လျှောက်ရင်

ယာဥ်​ကြောကို မျက်နှာမူ ​လျှောက်ပါ
က​လေးကို လမ်း​အောက်ဖက်မှာ ထားပါ
ဆိုလိုတာက
ပ​လက်​ဖောင်း ​သေးငယ်ခဲ့ရင်.....မရှိရင်
လမ်းရဲ့ လက်ဝဲဘက်က​နေ ​လျှောက်ပါ
ဗမာပြည်က ယာဥ်​တွေ လက်ယာ​မောင်းစနစ်
ဖြစ်တာမို့ ဆန့်ကျင်ဘက်ယာဥ်ကို မြင်​နေရပါမယ်
က​လေးကို လမ်း​အောက်ဘက် ထားထားလို့
မ​တော်တဆ ပွတ်ဆွဲမိရင်​တောင်မှ
လူကြီးပဲ ထိပြီး က​လေး လွတ်ပါမယ်..

(၉)ကားစီးတဲ့ အခါ

က​လေးကို ပြတင်း​ပေါက်နဲ့ ကပ်လျှက် မစီးခိုင်းပါနဲ့
ကိုယ်ပိုင်ကားဆိုရင်လည်း
CHILD LOCK ကို တံခါးမှာ ဖွင့်ထားပါ
မ​တော်တဆ ခလုတ်ဆွဲဖွင့်မိလည်း
တံခါးမပွင့်​တော့ က​လေး အန္တာရာယ်ကင်းပါတယ်

အိပ်မ​ပျော်...စဥ်းစားမိသမျှပါ
ထပ်စဥ်းစားလို့ရရင် ထပ်​ရေးပါဦးမယ်
အမှားပါခဲ့ရင်လည်း ခွင့်လွှတ်ကြပါ
​စေတနာအမှားပဲ ဖြစ်ဖို့များမှာပါ

Htun Myat Cho(awaking freeman)

မိန်းမတိုင်း ဒီလိုအိပ်မက်မက်ဖူးကြမယ်။ကိုယ့်ဘေးမှာ ကိုယ့်ကိုချစ်တဲ့၊ အလိုလိုက်တဲ့၊ခွင့်လွှတ်နားလည်ပေးတဲ့၊ ဆွဲခေါ်အားပေးတတ...
09/03/2024

မိန်းမတိုင်း ဒီလိုအိပ်မက်မက်ဖူးကြမယ်။

ကိုယ့်ဘေးမှာ ကိုယ့်ကိုချစ်တဲ့၊ အလိုလိုက်တဲ့၊
ခွင့်လွှတ်နားလည်ပေးတဲ့၊ ဆွဲခေါ်အားပေးတတ်တဲ့ ယောက်ျားတစ်ယောက်ရှိဖို့ အိပ်မက်မက်ခဲ့ကြမယ်။
ဒါပေမဲ့ မိန်းမတော်တော်များများဟာ
အိပ်မက်ကလန့်နိုးလာခဲ့ပြီးကိုယ့်မှာ အဲဒီလို
အိမ်ရှေ့မင်းသမီးဖြစ်ဖို့ ကံမပါရင်အိမ်ရှေ့မင်းသမီး
ဖြစ်မှာမဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။

မိန်းမတိုင်း စားဝတ်နေရေး မကြောင့်မကျနေရဖို့ကို
မျှော်လင့်ခဲ့ဖူးကြမယ်။
ပိုက်ဆံမရှိတဲ့အခါ ပိုက်ဆံပေးမယ့်သူ၊
စိတ်ညစ်တဲ့အခါ ချော့မော့မယ့်သူ၊
မောပန်းတဲ့အခါ ကြင်နာယုယမယ့်သူရှိဖို့
မျှော်လင့်ခဲ့ကြမယ်။

ဒါပေမဲ့ မိန်းမတော်တော်များများက
ဘဝရဲ့ကျွန်ဖြစ်သွားကြရတယ်။
အလုပ်လုပ်ရတယ်၊မိသားစုကို စောင့်ရှောက်ရတယ်၊
ကလေးတွေကို ကာကွယ်ရတယ်၊
နားမခံသာတဲ့စကားနဲ့ပြောရရင် အိမ်အကူလိုပါ။

ဘဝထဲက မိန်းမသားတော်တော်များများဟာ
ယောက်ျားသားလို ရှင်သန်နေရတယ်။
ပိုက်ဆံရှာရတယ်၊အလုပ်လုပ်ရတယ်၊
အိမ်မှုကိစ္စထိန်းသိမ်းရတယ်၊
တစ်ခါခါ ယောက်ျားသားထက်တောင် သန်မာရတယ်။
ငိုချင်တဲ့အခါ အံကြိတ်ထားရတယ်၊
လဲကျချင်တဲ့အခါ တောင့်ခံထားရတယ်၊
လက်လွှတ်ချင်တဲ့အခါ ရင်ကော့ထားရတယ်၊
တစ်ခါခါ ယောက်ျားသားထက်တောင် ထမ်းပိုးနိုင်ခဲ့တယ်။

မိန်းမတိုင်းက ပန်းတစ်ပွင့်လို ရှင်သန်ချင်တာပေါ့။
ကြွေမှာစိုးလို့ လက်ဖဝါးထဲထည့်ထားတာမျိုး၊
လုမှာစိုးလို့ အချစ်နဲ့ထုပ်ထားတာမျိုး၊
မောမှာစိုးလို့ ရင်ခွင်ထဲထည့်သိပ်ထားတာမျိုး၊
ခံယူ ရှင်သန်ရှင်ချင်ခဲ့တာပေါ့။

ဒါပေမဲ့ ဒေါင်ကျကျ ပြားကျကျရှင်သန်နိုင်မှသာ
ကြင်နာယုယမယ့်သူမရှိလည်း
တစ်လောကလုံးကို ကိုယ့်အားကိုယ်ကိုး ထမ်းထားနိုင်မယ်ဆိုတာ နောက်တော့သိလိုက်ရတယ်။

ယောက်ျားသားနဲ့တူတဲ့ မိန်းမဟာ
မိန်းမတစ်ယောက်နဲ့မတူဘူးလို့ ဆိုကြတယ်။
ဘယ်သူက မိန်းမနဲ့မတူချင်ရမှာလဲ...
ထူထည်းတဲ့ ပခုံးတစ်စုံလိုချင်တာပေါ့၊
မှီလို့ရတဲ့ ရင်ခွင်ကျယ်တစ်ခုလိုချင်တာပေါ့။
နွေးထွေးတဲ့လက်တစ်စုံ လိုချင်တာပေါ့။

ယောက်ျားသားနဲ့တူတဲ့ မိန်းမဟာ
တစ်ခုတည်းသောမြို့ရိုးလို့ ဆိုကြတယ်။
ဒါဟာ အတင်းအကျပ်ကျင့်ယူခဲ့တဲ့ အကျင့်စရိုက်၊
လေ့ကျင့်ယူခဲ့တဲ့ အားကောင်းသန်မာခြင်း၊
တွေ့ကြုံရင်ဆိုင်ခဲ့ရတဲ့ ခွန်အားတွေဆိုတာ
ဘယ်သူသိနိုင်မှာလဲ...

လောကမှာ မိန်းမနှစ်မျိုးရှိတယ်။
တစ်မျိုးက ပျော်ရွှင်ချမ်းမြေ့ရတဲ့အမျိုးရယ်၊
နောက်တစ်မျိုးက ခွန်အားပြည့် သန်မာရတဲ့အမျိုးရယ်။
ပျော်ရွှင်ချမ်းမြေ့ရတဲ့အမျိုးကလက်ခုပ်ထဲ
ထည့်ခံထားရသူမို့ ခွန်အားကြီးစရာမလိုဘူး။
သန်မာရတဲ့အမျိုးက
မျက်ရည်နဲ့အကူအညီမဲ့ခြင်းကြားထဲ ဝင်ရောက်ခံခဲ့ရလို့
ခွန်အားကြီးသန်မာရတယ်။

မိန်းမတို့ရေ..
လက်ခုပ်ထဲထည့်မခံရရင် သန်မာပါ။
လက်ခုပ်ထဲထည့်ခံရရင်လည်း သန်မာပါ။
ဘယ်သူကမှ ကိုယ့်နောက်တစ်သက်လိုက်မယ်လို့
အာမမခံနိုင်လို့ပါ။

Crd
ာတစ်ပုဒ်_မျှဝေခံစားပါတယ်
#နိုင်းနိုင်းစနေ

သိပ်မှန်သောစကားလေး🫶🫶😘😘ဆူတာလဲအမေ ပူတာလဲအမေ 🥺💗ချော့တာလဲအမေ ခြောက်တာလဲအမေကိုယ့်ကလေးကြောင့်ပင်ပန်းရင် ငိုမိမယ်စိတ်တိုရင်အော်...
04/03/2024

သိပ်မှန်သောစကားလေး🫶🫶😘😘

ဆူတာလဲအမေ ပူတာလဲအမေ 🥺💗
ချော့တာလဲအမေ ခြောက်တာလဲအမေ

ကိုယ့်ကလေးကြောင့်
ပင်ပန်းရင် ငိုမိမယ်
စိတ်တိုရင်အော်မိမယ်
ပီးရင် စိတ်မကောင်းဖြစ်မယ် အဲတာ အမေပဲ 🥺💕

ဒါပေမဲ့ တခြားသူက ကိုယ့်ကလေးကို
လာဝေဖန်ဖို့ မပြောနဲ့
ကလေးအဖေက လေသံမာမာပြောရင်တောင်
မကြိုက်တာလဲ အမေပါပဲ💕

to original uploader

Mom life…😅🙌📷: Tocaya por Ale Favoretti
14/02/2024

Mom life…😅🙌

📷: Tocaya por Ale Favoretti

အိမ်တအိမ်ရဲ့ပျော်ရွှင်မှုဟာအဖေနဲ့အများကြီးသက်ဆိုင်နေတယ်။ဘာလို့လဲဆိုတော့ အဖေ့ရဲ့အပြုအမှုတွေကအမေ့ကိုပျော်ရွှင်စေနိုင်တယ်။အ...
12/02/2024

အိမ်တအိမ်ရဲ့ပျော်ရွှင်မှုဟာ
အဖေနဲ့အများကြီးသက်ဆိုင်နေတယ်။

ဘာလို့လဲဆိုတော့ အဖေ့ရဲ့အပြုအမှုတွေက
အမေ့ကိုပျော်ရွှင်စေနိုင်တယ်။

အမေစိတ်ချမ်းသာနေမှ ကလေးတွေကိုလဲ
ပျော်ရွှင်အောင်လုပ်ပေးနိုင်မှာမို့ပါ။

to original uploader

တော်တော်လေး ဂါနေပြီနော် 🥴 #ပုံလေးဖိကြည့်ပေးပါ😁 (page service)
07/02/2024

တော်တော်လေး ဂါနေပြီနော် 🥴
#ပုံလေးဖိကြည့်ပေးပါ😁

(page service)

မီးဖွားပြီးစိတ်အခြေအနေပြောင်းလဲခြင်းအမျိုးသမီးတွေဟာကိုယ်ဝန်ဆောင်ချိန်နဲ့မီးဖွားပြီးချိန်ကာလတွေမှာစိတ်ဓာတ်ကျတာ၊စိုးရိမ်ကြ...
05/02/2024

မီးဖွားပြီးစိတ်အခြေအနေပြောင်းလဲခြင်း

အမျိုးသမီးတွေဟာကိုယ်ဝန်ဆောင်ချိန်နဲ့မီးဖွားပြီးချိန်ကာလတွေမှာစိတ်ဓာတ်ကျတာ၊စိုးရိမ်ကြောင့်ကျတာတွေ၊စိတ်ခံစားမှုအခြေအနေမတည်ငြိမ်တာတွေဖြစ်တတ်ပါတယ်။ဒါကိုမီးဖွားပြီးစိတ်မတည်ငြိမ်ခြင်း Baby Blues လို့ခေါ်ပါတယ်။ဒီလိုမျိုးဖြစ်တတ်တာကဖြစ်ရိုးဖြစ်စဥ်လို့
ပြောလို့ရပါတယ်။မီးဖွားပြီးကာစအချိန်မှာ ၅၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်း ကလေးအမေတွေက
Baby Blues ကိုကြုံတွေ့ရတတ်ပါတယ်။
မီးဖွားပြီးစိတ်ကျခြင်း Postpartum Depression ကတော့ဖြစ်ရိုးဖြစ်စဥ်မီးဖွားပြီးစိတ်မတည်ငြိမ်ခြင်းထက်
ပိုပြီးပြင်းထန်ပါတယ်။အန္တရာယ်ရှိပါတယ်။

🤱မီးဖွားခါစ မိခင်က~~~~~
🔸အစာစားချိန်စိတ်မရှိဘူး
🔸မျှော်လင့်ချက်မဲ့နေသလို ခံစားရမယ်
🔸အာရုံမစူးစိုက်နိုင်ဘူး
🔸စိုးရိမ်စိတ်တွေများနေမယ်
🔸စိတ်တိုဒေါသထွက်နေမယ်
🔸အရမ်းဝမ်းနည်းနေမယ်
🔸အားမရှိသလို ခံစားရမယ်
🔸ကောင်းတာတစ်ခုမှ ရှာမတွေ့သလို ခံစားရမယ်
🔸မိမိကိုယ်မိမိ အသုံးမကျဘူးလို့ ထင်နေမယ်
🔸စိတ်ဓာတ်ကျမယ်
🔸ကလေးကို အန္တရာယ်ပြုချင်လောက်တဲ့ စိတ်ပေါ်မိမယ်
🔸မိမိကိုယ်ကို သတ်သေချင်စိတ်အထိပေါ်နေမယ်။

ဒီအချက်တွေထဲက တော်တော်များများနဲ့
တိုက်ဆိုင်မယ်ဆိုရင် မီးဖွားပြီးစိတ်ကျဝေဒနာ
ဖြစ်နိုင်ချေများတာကြောင့် ဆရာဝန်နဲ့သေချာ
တိုင်ပင်ပြီး ကုသရပါမယ်။ဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ ကလေးမွေးပြီး ဟော်မုန်း
အပြောင်းအလဲကြောင့်ပဲဖြစ်ပါတယ်။

တခြားအရေးကြီးအချက်တွေဖြစ်တဲ့ ဖျားနာခြင်း၊ အိမ်ထောင်ဖက်မှမကူညီမကြင်နာခြင်း၊ငွေရေးကြေးရေးခက်ခဲခြင်းနဲ့အထီးကျန်ခြင်းတို့တွေကြောင့်လဲ အများကြီးသက်ဆိုင်ပါတယ်။

သက်သာအောင့်ဘယ်လိုလုပ်ရမလဲ?

🔸မိသားစုနဲ့အိမ်ထောင်ဖက်ရဲ့ချစ်ခြင်းမေတ္တာတွေနဲ့နားလည်ကူညီစောင့်ရှောက်ပေးခြင်းက
အပြည့်အဝလိုအပ်ပါတယ်။ မိခင်ကို အနားယူပါစေ။
စိတ်ပျော်ရွှင်စေဖို့ ကူညီပေးပါ။
🔸အရေးကြီးတဲ့အလုပ်နဲ့ အရေးမကြီးတဲ့
အလုပ်တွေကိုခွဲထားပါ။ ကိုယ်တတ်နိုင်သလောက်ပဲလုပ်ပါ။
🔸တစ်ယောက်တည်းမနေပါနဲ့။ ယုံကြည်ရတဲ့သူကို
ရင်ဖွင့်တိုင်ပင်ပါ။
🔸စိတ်ပျော်စေမယ့်အရာတွေ လုပ်ပါ။
🔸ကိုယ့်ရဲ့စိတ်ခံစားမှု အခြေအနေကို
ချက်ချင်းပြောင်းလဲလာဖို့ထက် ဖြည်းဖြည်းချင်း
တိုးတက်လာဖို့ မျှော်လင့်ထားပါ။
စိတ်ကျတယ်ဆိုတာ ချက်ချင်းပျောက်လေ့ မရှိပါဘူး။ တဖြည်းဖြည်းသက်သာလာဖို့သာ မျှော်လင့်ထားလို့ ရပါမယ်။

ကမ္ဘာပေါ်က ကလေးအမေ ၈ ယောက်မှာ ၁ ယောက်နှုန်းမီးဖွားပြီး စိတ်ကျဝေဒနာ ဖြစ်နေကြတဲ့အတွက်
ဒါဟာ အရူးရောဂါ မဟုတ်ပါဘူး။
ဆရာဝန်ပြဖို့ မိသားစုကို ဖွင့်ပြောဖို့ မရှက်ပါနဲ့။
မိသားစုကလည်း ချစ်ခြင်းမေတ္တာနားလည်ပေးခြင်းဖြင့် ဖေးမကူညီပေးပါ။

#မိခင်နှင့်ကလေးအသုံးအဆောင်ပစ္စည်းအရောင်းဆိုင်


#ပေါင်ပေါင်းbaobao

01/02/2024

ဆိုင် (၂)နှစ်ပိတ်ထားပါတယ်ရှင့်
2026 လောက်မှ ပြန်ဖွင့်မှာပါရှင့်🙆🙆🙆

 #ငါ့အိပ်မက် #မိန်းမတိုင်းရဲ့အိပ်မက်😁😁😁 #အိပ်မက်
29/01/2024

#ငါ့အိပ်မက်
#မိန်းမတိုင်းရဲ့အိပ်မက်😁😁😁
#အိပ်မက်

ဘေဘီလေး ၅ လမှ စ နာကျင်နေပါပြီ😖😖😖😖😖  credit
27/01/2024

ဘေဘီလေး ၅ လမှ စ နာကျင်နေပါပြီ😖😖😖😖😖

credit

ဖြစ်ဖူးလား မေမေတို့🫣🫣🫣
27/01/2024

ဖြစ်ဖူးလား မေမေတို့🫣🫣🫣

Address

Mandalay
5013

Website

Alerts

Be the first to know and let us send you an email when Mother Heart ကိုယ်ဝန်ဆောင် ပစ္စည်း သီးသန့် လက်လီ၊ လက်ကား posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mother Heart ကိုယ်ဝန်ဆောင် ပစ္စည်း သီးသန့် လက်လီ၊ လက်ကား:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram