NTG Pharmacy

NTG Pharmacy မြန်မာဆေးလား အင်္ဂလိပ်ဆေးလား နိုက်တင်ဂေးဆေးဆိုင်မှာ ဝယ်ယူပါ �

24/01/2024

အစာကျွေးရခက်တဲ့သူများ (Fussy Eater)

ကလေးတစ်ယောက် အရွယ်ရောက်၊ လူလားမြောက်ဖို့ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ဘူးလို့ မာမားပြောနေကြ အမြဲကြားရတယ်။ တကယ်လည်း အဟုတ်ပါပဲ။ ကလေးတစ်ယောက်ကို ပျိုးထောင်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ Parenting ဆိုတဲ့ မိဘဘာသာရပ်ကို တစ်သက်လုံးလေ့လာဖို့ ဆုံးဖြတ်လိုက်တာနဲ့ တူတူပါပဲ။

ကျောင်းစာလေ့လာရင်တောင် အစမှာ အခက်အခဲကြုံရသလို Parenting အစ သားဦးဆိုရင် ပိုပြီးစိန်ခေါ်မှုတွေ ရင်ဆိုင်ရမှာပါ။ အဲ့မှာမှ အစာကျွေးရခက်လာတာဟာ ကလေးတစ်ယောက်ရဲ့ ပုံမှန်ကြီးထွားမှုဖြစ်စဉ်မှာ ပါဝင်တဲ့အတွက် မိဘတွေအတွက် မျက်ခုံးလှုပ်ရမယ့်အချိန်ပဲပေါ့။

များသောအားဖြင့် တောက်တောက်ပြေးတဲ့အရွယ် Toddler လေးတွေမှာ အစာကျွေးစခက်လာလေ့ရှိတယ်။ စပြီး ဝေဖန်ပိုင်းခြားတတ်လာတဲ့အရွယ်မို့ သူတို့စားမယ့်အစားအစာရဲ့ အရသာ၊ ပုံစံ၊ အရောင်နဲ့ အမာအပျော့ကိုလိုက်ပြီး စားချင်တယ်၊ မစားချင်ဘူးဆိုတာကို ဆုံးဖြတ်တတ်နေပါပြီ။

တစ်နေ့အတွင်း ဘာတွေစားတယ်၊ ဘာမှမစားဘူးဆိုတာထက် "တစ်ပတ်" အတွင်း ကိုယ့်ကလေးစားတဲ့ အစားအသောက်ထဲ အစာအုပ်စုတွေ စုံစုံလင်လင် ပါမပါကြည့်ပြီး မပါသေးရင် ပါအောင် အားဖြည့်ကျွေးတာက မိဘတွေအတွက် အသက်ရှုနည်းနည်းချောင်စေမှာပါ။
အသီးအရွက်၊ ကစီဓာတ်ကြွယ်တဲ့အစားအသောက်၊ အသား၊ ကျန်းမာကောင်းမွန်တဲ့အဆီ၊ နို့နဲ့ နို့ထွက်ပစ္စည်း ဒါတွေကို တစ်နည်းမဟုတ် တစ်နည်း ရက်သတ္တပတ်တစ်ခုအတွင်း စားနေတယ်ဆို ကျေနပ်လို့ ရပါတယ်။

အစားအစာအသစ်ကို ဒီတစ်ပတ်ကျွေးလို့ မရခဲ့ရင် အတင်းဖိအားပေးတာမျိုး မလုပ်ဘဲ နောက်တစ်ပတ်ကြမှ ချက်ပြုတ်နည်းပုံစံပြောင်းတာမျိုး၊ စားချင်စဖွယ် အလှဆင်တာမျိုးနဲ့ ထပ်ကြိုးစားကြည့်လို့ရပါတယ်။

အဲ့အတွက် Fussy Eater လေးတွေရဲ့ မိဘတွေအတွက် အကျိုးရှိနိုင်မယ့်အချက်လေးတွေ ပြောပြပေးမယ်နော် 😊

1. ကလေးစားတဲ့အစာဟာ တတ်နိုင်သမျှ နိစ္စဓူဝချက်နေတဲ့ ထမင်းဝိုင်းထဲက ဖြစ်ပါစေ။

တစ်ချို့အိမ်တွေမှာ ကလေးအတွက် သီးသန့်ပြင်ဆင်လေ့ရှိပါတယ်။ ဒါက ဖြည့်စွက်စာခရီးအစလောက်မှာပဲ ဖြစ်သင့်ပြီး အသက် ၁နှစ်ကျော်လာပြီဆိုတာနဲ့ အစာကို တအားပျော့ပြဲနေတာတွေ မကျွေးသင့်တော့ပါဘူး။ ဝါးသင့်သလောက် ဝါးမှသာ သွား၊ လျှာ၊ ပါးကြွက်သား စတာတွေပါ အတူဖွံ့ဖြိုးပြီး စကားပြောတဲ့အခါ အထောက်အကူဖြစ်မှာပါ။ ဒါကြောင့်မို့ ချက်ပြုတ်ရတဲ့ အိမ်ရှင်မအတွက် ဝန်မပိရအောင် ကလေးအသက် ရလာတာနဲ့အမျှ သူ့ကို မိသားစုထမင်းဝိုင်းမှာ အတူတူစားတတ်အောင် ကျင့်ပေးပါနော် 💕

2. "Monkeys see, Monkey do" ဆိုတဲ့အတိုင်း မိမိရင်သွေးကို စားစေချင်တာတွေကို မိဘဖြစ်သူက အရင် စားပြရမှာပါ။

အသစ်အဆန်းဆို စားဖို့ရာ တွန့်နေတတ်မှာမို့ ကိုယ်က သူ့ရှေ့ အားရပါးရစားပြလေ၊ ကလေးကပါ လိုက်စားချင်စိတ် ပေါ်လာလေ ဖြစ်လာမှာပါ။ ကလေးတစ်ယောက်တည်း သီးသန့် ခွံ့ကျွေးတာထက်စာရင် ကိုယ်လည်းစား၊ ကလေးကိုလည်း ကျွေးတာက အချိန်ကုန်သက်သာပြီး ကလေးနဲ့ကိုယ်ကြား Bonding လည်း ပိုကောင်းတာမို့ တတ်နိုင်သ၍ တူတူစားပါ။

3. နည်းနည်းက စပါ။ ပိစိလေးပဲစားတောင် ချီးကျူးပါ။

ချီးကျူးပါဆိုတဲ့နေရာမှာ Reward ပေးပြီဆို ကိုယ်ရွေးချယ်တဲ့အရာက တခြားအစားအစာတစ်ခု မဖြစ်ရပါဘူး။ ဒါကုန်အောင်စားရင် Icecream ကျွေးမယ်၊ Chocolate ကျွေးမယ်ဆိုတာမျိုး ❌
ဒီအစားစားတာဟာ သူ့အတွက် အလုပ်တစ်ခုလို့ ကလေးရဲ့စိတ်ထဲ ထင်သွားပါလိမ့်မယ်။ ဒါ့အပြင် ဒီအရွက်ကဖြင့် မကောင်းတာကြီးမို့ သူ့ကို တခြားမုန့်ပေးပြီး စားခိုင်းရတယ်လို့ ဦးနှောက်သေးသေးလေးက တွေးသွားပါလိမ့်မယ်။
အဲ့အစား ဒါလေးစားကြည့်ပြီးရင် မေမေတို့ ပန်းခြံသွားကြရအောင်၊ ဖေဖေနဲ့ နပန်းလုံးတမ်း ဆော့ကြမယ်လေ စတာမျိုး Physical Activity နဲ့ မျှားမယ်ဆို ပိုသင့်တော်ပါတယ်။

4. မစားချင်လို့ ဂျစ်တူးတဲ့အခါ အတင်းဇွတ်ဆက်မကျွေးပါနဲ့။

ဒီတိုင်း ပန်းကန်ကို သိမ်းလိုက်ပြီး နောက်တစ်နာရီလောက်ကြာမှ ပြန်ကျွေးကြည့်ပါ။ ကိုယ့်မှာတော့ ချက်ပြုတ်ပြင်ဆင်လိုက်ရတာ ဒေါသထွက်စရာကောင်းပေမယ့်လည်း တတ်နိုင်သ၍ လျစ်လျူပြုပေးပါနော်။ အားတင်းထား မေမေတို့ 💪🏻

5. အစွန်း၂ဖက်ကို ရှောင်ပါ။

ကိုယ့်ကလေး အဆာလွန်သွားတာမျိုး နဲ့ စားဖို့ပင်ပန်းလွန်သွားတာမျိုး မဖြစ်ပါစေနဲ့။ ကစားကွင်း ခေါ်သွားပြီး ပေးဆော့တယ်ဆို မုန့်တစ်ခုခုနဲ့ စောင့်ရင်း ဆော့လိုက်စားလိုက် လုပ်ပါစေ။ ဆော့ပြီးမှ ကျွေးမယ်ဟေ့ဆို သူတို့က ပြိုင်းပြီး အိပ်ပျော်သွားရော 💤

6. ဖိုးရွှေလိပ်နဲ့ ဖွားရွှေလိပ်လေးများ

တစ်ချို့က အစားနှေးတယ်နော်။ ငုံထားတာမျိုးမဟုတ်ဘဲ ဖြည်းဖြည်းချင်း ဝါးနေတာဆို နားလည်ပေးပြီး စိတ်ရှည်လိုက်ပါ။ အဲ့လိုမဟုတ်ဘဲ အစားကျွေးချိန်မှာ TV (သို့) ဖုန်းပြထားလို့ တခြားကို အာရုံရောက်နေပြီး ငုံထားတာဆိုရင်တော့ မိဘကော ကလေးပါ အနီကဒ်နော် 🟥 အစားကလွဲပြီး အာရုံပျံ့လွင့်စေတဲ့ အသံ၊ အရုပ်အားလုံး မရှိတာက ပိုကောင်းပါတယ်။

အစားနှေးတယ်ဆိုပေမယ့်လည်း မကုန်မချင်း ကျွေးနေရမှာ မဟုတ်ဘဲ အစားစားချိန်ကို မိနစ် ၃၀ - ၄၅ မိနစ်ထက် မပိုပါစေနဲ့။ ကြာနေပြီဆို ပျော်စရာမကောင်းတော့ဘဲ ငြီးငွေ့လာမှာမို့ ရပ်လိုက်ပါ။ ကြားထဲ ဘာမှ မကျွေးဘဲ နောက်အစားစားချိန်ရောက်မှပဲ ထပ်ကျွေးတာမျိုး အကျင့်လုပ်ပါ။

7. သွားရည်စာများလွန်းခြင်း

တစ်နေ့ကို သွားရည်စာ ၂ကြိမ်ဆို လုံလောက်တာထက် ပိုပါတယ်။ သွားရည်စာမုန့်တွေမှာ များသောအားဖြင့် ဆိုဒါပါတတ်ကြတာမို့ လေပွဗိုက်ဝစေပါတယ်။ လျော့ကြရအောင် 😉

8. စားချိန်ကို စားတာတစ်ခုထဲအတွက် မကုန်ပါစေနဲ့။

မိသားစုအချိန်တစ်ခုလို သတ်မှတ်ထားပြီး စကားတွေ တူတူပြောပါ။ ကိုယ်နဲ့ သူနဲ့ တူတူမရှိချိန်မှာ ဘာတွေဖြစ်လဲ? ဘာတွေလုပ်လဲ? ဆိုတာ ပြောတတ်တဲ့အကျင့်လေး တည်ဆောက်ပါ။

9. အစားကောင်းကောင်းစားတဲ့ ရွယ်တူကလေးတွေနဲ့ Play Date လုပ်ပါ။

အတုမြင် အတတ်သင်စေဖို့ပဲ ဖြစ်ပြီး သူများကလေးကို လိုတာထက် ပိုချီးကျူးတာမျိုး မလုပ်ပါနဲ့။ ကိုယ့်ကလေးမှာ မလိုလားအပ်ဘဲ သိမ်ငယ်စိတ်နဲ့ မနာလိုစိတ်ဖြစ်မယ့် အပြောအဆို၊ အပြုအမူမျိုးကို ရှောင်ပါနော် 🌻

10. ကလေးအကြိုက်လိုက်ပါ။

ကလေးတွေမှာလည်း ဘယ်သူကျွေးမှ စားချင်တာ၊ ဘယ်သူနဲ့မှ တူတူစားချင်တာမျိုး ရှိတတ်တဲ့အတွက် ဖိုးဖိုး၊ ဖွားဖွား၊ ဦးဦး၊ ဒေါ်လေးတို့နဲ့မှ စားမယ်ဆို လွှတ်သာထားလိုက် 😋 ကိုယ်သက်သာတယ်။

11. ကျွေးနည်းပုံစံပြောင်းပါ။

အာလူးကို ချက်ရင် မစားပေမယ့် အာလူးချောင်းကြော်ဆို လာထားဆိုတဲ့ Baby တို့၊ မုန်လာဥနီကို ကြော်ပေးရင် လှည့်မကြည့်ပေမယ့် ဥနီအစိမ်းကို ယုန်လိုကိုက်တဲ့ Baby တို့တွေ ရှိပါတယ်။ ဒါကြောင့်မို့ လွယ်"နဲ့ လက်မလျော့ပါနဲ့။ ချက်နည်းပေါင်းစုံ စမ်းကြည့်ကြပါဦး။

ကလေးတစ်ယောက်က အစားတစ်ခုကို သူ့ဘာသာ စယူစားဖို့အတွက် အဲ့အစာကို အနည်းဆုံး ၁၀ - ၁၅ကြိမ်လောက် မြင်ဖူးနေရပါမယ်တဲ့။ အဲ့အတွက် ကိုယ်ကျွေးချင်တာကို သူမျက်စိယဉ်အောင် အရင်ရှေ့ကစားပြပါ။ ဒါမှ သူ့အနေနဲ့ စူးစမ်းလိုစိတ် ဖြစ်လာပြီး လိုက်စားမှာပါ။

12. ဂဏာမငြိမ် အမာစိန်လေးများ

အစားကျွေးဖို့ကို ဖမ်းမရဘဲ Active ဖြစ်လွန်းတဲ့ကလေးတွေကြ ခဏငြိမ်သွားအောင် "လက်ဆေးကြမယ်ဟေ့" ဆိုပြီး အစားမစားခင် လက်သေချာဆေးဖို့ သင်တာမျိုး၊ စားမယ့်ပန်းကန်လေးတွေ ကူချခိုင်းတာမျိုး၊ ဟင်းပန်းကန်ထဲ ဇွန်းလေးတွေ ပေးထည့်တာမျိုး၊ အသုတ် သုတ်ဖို့ ပစ္စည်းယူခိုင်းတာမျိုး စတာတွေနဲ့ mealtime ကို သူကိုယ်တိုင်ကိုယ်ကျ ပါဝင်ပြီး စိတ်ဝင်စားလာအောင် ဆွဲဆောင်ပါ။

ဒီအချက်တွေ အကုန်လုပ်တာတောင် မစားဘူးဆိုရင်ကော!? 🥹
ကလေးတစ်ယောက်ဟာ
🌱 ပုံမှန်ပေါင်ချိန်အတွင်းမှာ ရှိမယ်
🌱 ကျန်းမာနေမယ်
🌱 ပျော်ရွှင်ဆော့ကစားနေမယ်ဆိုရင် လုံလောက်ပါပြီ။

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာဟာ တစ်သက်လုံး မပြီးဆုံးနိုင်တဲ့ ဘာသာတစ်ရပ်ပါပဲ။ Make it Fun & Happy 💖

⚠️ Copy ယူပြီး ပြန်တင်ခြင်း ခွင့်မပြုပါဘူး။
✅ လွတ်လပ်စွာ Shareလို့ ရပါတယ်။

ဆန္ဒမွန်ဖြင့်
ကလေးတို့ရဲ့ဆရာဝန်
ဒေါက်တာရွှေစင်ဝင်း 👩🏻‍⚕️

16/10/2023

#နှလုံးသွေးကြောမပိတ်မီ တစ်လအတွင်း
နိမိတ်ပြလက္ခဏာ (၈) ချက်။

ရင်ဘတ် အကြီးအကျယ်အောင့်
နှလုံးသွေးကြောရုတ်တရက် ကျဉ်းတာ၊
ပိတ်တာတွေ ရှိလာပြီး ဆေးရုံကို
အရေးပေါ် တက်ရောက်ကုသရသူတွေဟာ
မဖြစ်ခင်တစ်လအတွင်း ခန္ဓာကိုယ်က
ဒါဖြစ်တော့မယ်ဆိုတာကို
ကြိုတင်သတိပေးနေတတ်ပါသတဲ့။

၁။အလိုလိုနေရင်း နုန်းနေခြင်း -
နှလုံးသွေးကြော ကျဉ်းလာရင်
ခန္ဓာကိုယ်က ခြေတွေ၊ လက်တွေ၊
အဂါင်္တွေကို သွေးအရောက် နည်းလာပါတယ်။
ဒီအတွက် ခါတိုင်းထက် ညောင်းတာ၊
နုံးတာတွေ ဖြစ်ပေါ်ခံစားရပါတယ်။

၂။မျက်နှာနဲ့ မေးရိုးနဲ့ လည်ပင်းတွေ ကျဉ်ခြင်း -
နှလုံးသွေးကြောကျဉ်းလာပြီး သွေးငတ်တဲ့အခါ
ရင်ဘတ်အောင့်တာအပြင် မေးရိုးနဲ့ မျက်နှာ၊
လည်ပင်းတွေ ကျဉ်လာတတ်ပါတယ်။

၃။မောပန်းမယ် -
အလိုလိုနေရင်း လှေကားတက်၊
တစ်ခုခုလုပ်တိုင်း မောနေတတ်ပါတယ်။
နှလုံးသွေးကြော ကျဉ်းလာတဲ့အခါ
အဆုတ်ထဲမှာ ရေစုလာတတ်ပါတယ်၊
အသက်ရှူမဝသလို ဖြစ်လာတတ်ပါတယ်။

၄။ပျို့ချင်အန်ချင်တာတွေ ဖြစ်မယ် -
ရင်ထဲမှာ နေလို့မကောင်းဘူး၊ ဘာရယ်မဟုတ်
ဗိုက်ထဲမှာ လေပွသလို စားပြီးရင် ပျို့ချင်သလို
အန်ချင်သလို မကြာခဏ ခံစားရနိုင်ပါတယ်။

၅။ချွေးစေးတွေ ပြန်လာတတ်မယ် -
ရင်ဘတ်ထဲမှာ နေလို့မကောင်းတာနဲ့အတူ
မကြာခဏ ချွေးပြန်တာကို ခံစားရပါမယ်။

၆။ရင်တလှပ်လှပ်တုန်ခြင်း -
ရင်ထဲမှာ ဟာနေခြင်း ရင်ထဲမှာဆို့ပြီး
နေလို့မကောင်းတာ ရင်တွေ တုန်နေတာတွေက
နှလုံးစည်းချက်မမှန်တာရဲ့ နိမိတ်ပြလက္ခဏာ
ဖြစ်ပါတယ်။ နှလုံးတုန်၊ ရင်ခုန်တာက ပုံမှန်ဖြစ်သလို နှလုံးရောဂါသမားတွေအတွက် စတင်နိမိတ်ပြလက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

၇။ခြေဖျား၊ လက်ဖျားတွေ အေးနေတတ်မယ် -
နှလုံးက စတင်ခုန်နှုန်းကျလာတာမို့
ခန္ဓာကိုယ် အစွန်အဖျား၊
ခြေတွေ လက်တွေကို
သွေးအရောက် နည်းလာပြီး
ခြေဖျား အေးလာတတ်ပါတယ်။
ရာသီဥတု မှန်ပါလျက်နဲ့
ခြေဖျား လက်ဖျားလေးတွေ
အေးစက်စက် ခံစားရပါမယ်။

၈။မူးဝေလာတတ်မယ် -
တရိပ်ရိပ်နဲ့ မူးနေတတ်တာ
နေရင်းထိုင်ရင်း ခေါင်းထဲမှာ
ရီဝေဝေဖြစ်တာတွေ ရှိတဲ့အခါ
နှလုံးသွေးကြောကျဉ်းတာကို မေ့မထားသင့်ပါဘူး။ ဦးနှောက်ကို မှန်ကန်တဲ့ သွေးစီးဆင်းမှု မရှိတဲ့အတွက်
မူးနောက်တဲ့ ခံစားချက်ရတာ ဖြစ်ပါတယ်။
နှလုံးသွေးကြော လုံးဝပိတ်မသွားခင်
ကျဉ်းနေတဲ့အဆင့်မှာ ခံစားရနိုင်ပါတယ်။

ဖော်ပြပါလက္ခဏာတွေကို ကြည့်ပြီး
မိမိမှာ နှလုံးသွေးကြော ကျဉ်းနေပြီလား၊
နှလုံးသွေးကြော ပိတ်နေပြီလား၊
နှလုံးရောဂါ ခံစားရနိုင်တဲ့
အရိပ်အယောင်ရှိမလားလို့
မိမိကိုယ်ကို ဆန်းစစ်ကြည့်နိုင်ပါတယ်။

!!အနည်းဆုံး သုံးလေးခုလောက်
ခံစားနေရပြီဆိုရင်ကို မပေါ့ဆဘဲ
ဆရာဝန်နဲ့ ပြသတိုင်ပင်စေလိုပါတယ်..!!

crd

#ကျန်းမာရေး

အနာတွေ ရင်းလာတာ အညှော်ရှုမိလို့လား ? GP တွေမှာ အကြားရအများဆုံး ကိစ္စလေးပေါ့ ။ ညှော်မိသွားတာဆရာ ။ အနာကယောင်ပြီး ပြည်တည်သွ...
07/09/2023

အနာတွေ ရင်းလာတာ အညှော်ရှုမိလို့လား ?

GP တွေမှာ အကြားရအများဆုံး ကိစ္စလေးပေါ့ ။ ညှော်မိသွားတာဆရာ ။ အနာကယောင်ပြီး ပြည်တည်သွားတယ် ။ အဲ့တာလေးကို ရှင်းပြချင်တာ ။ ဖတ်ပီးရင် ဘယ်လို ဆက်စပ်နေလဲဆိုတာ သိသွားမယ် ။ ကဲ စလိုက်ကြရအောင်ဗျာ ။

အဲ့ဒါကို နားလည်ဖို့ ခေါင်းစဉ် ၃ ခု ဖတ်ရမယ်

(၁) bacteria ဘက်တီးရီးယား

ဘက်တီးရီးယားဆိုတာ အရမ်းကိုသေးငယ်လွန်းတဲ့ ဆဲတစ်လုံးထဲရှိတဲ့ သက်ရှိတွေပဲ ။ ကမ္ဘာပေါ်မှာ အပေါများဆုံးနဲ့ eco system အတွက် မရှိမဖြစ်လိုအပ်တဲ့အကောင်တွေ ။ လူ့ခန္တာကိုယ်မှာဆို ပေါများလွန်းလို့ လူသားဆဲလ်အရေအတွက်ထက် ဆယ်ဆပိုများတယ်တဲ့ ( national human genome research institute, USA ) ။ ဒါပေမယ့် ဘက်တီးရီးယားအများစုက လူ့ခန္တာကိုယ်ကို မထိခိုက်စေရုံသာမက လူကိုအကျိုးပြုတဲ့ဘက်တီးရီးယားတွေများကြီးရှိတယ်။ ဥပမာ အူကဘက်တီးရီးယားတွေ အစာချေစနစ်မှာ စပါယ်ရှယ်အသုံးဝင်တဲ့ကောင်တွေ ။ အချို့ဘက်တီးရီးယားအရေအတွက်နည်းနည်းလေးကတော့ လူကိုထိခိုက်စေတယ် ။ အဲ့ထဲမှာ Staphylococcus တို့ Streptococcus လိုကောင်တွေက ထိပ်ဆုံးကပါပြီး အရေပြားတွေ ထိခိုက်ဒဏ်ရာရရင် အဲ့ကနေတဆင့် လူ့ကိုယ်ထဲကို ဝင်လာလေ့ရှိတယ် ။ ပြီးရင်တော့ ရောက်တဲ့နေရာကနေ စတင်တိုက်ခိုက်တော့တာပဲ ။
ပိုးဝင်ရင် အဲ့နေရာက ပူ ၊ နီ ၊ နာ ‌၊ ယောင် ၊ loss of function ဖြစ်တယ် ။

(၂) Immune system လူ့ကိုယ်ခံအားစနစ်

အထူးသဖြင့် Acute inflammation of innate immunity ကို အဓိကထားပြောရမှာ ။ ခုနလို ထိခိုက်ရှာနာ အမွှေးကျွတ်လို့ ပိုးဝင်လာပြီဆိုတာနဲ့ haemodynamic changes စဖြစ်တယ် ။ စစချင်းသွေးကြောတွေကျဉ်းလာတယ် ။ နောက်ပြီး histamine ၊ bradykinin prostaglandins တွေထွက်လာပြီး ‌သွေးကြောတွေကျယ် ၊ သွေးကြောစိမ့်ဝင်မှုတွေကောင်းလာ ၊ သွေးပြစ်နှုနိးတွေတက် ၊ သွေးလည်ပတ်မှုတွေနှေးလာပြီး အရေးပါတဲ့ သွေးဖြူဥတွေ စလှုပ်ရှားလာတယ် ။ အဲ့ကောင်တွေက ပိုးဝင်တဲ့နေရာကိုရောက်လာပြီး phagocytosis တို့ degranulation တို့လိုစနစ်တွေနဲ့ ပိုးတွေကို ခုခံတိုက်ခိုက်တယ် ။ အဲ့လိုသွေးဖြူဥတွေစုလာပြီး တိုက်ခိုက်တဲ့လက္ခဏာအနေနဲ့ ပြည်တွေထွက်လာတာပဲ ။ လူ့ကိုယ်ခံအားအရမ်းကောင်းတဲ့လူတွေကလေးတွေဆို သိသာတယ် ။ တော်တန်ရုံပိုးဝင်လည်း ခဏနဲ့ပျောက်တယ် ။ သွေးကြောတွေပျက်စီးကျဉ်းမြောင်းနေတဲ့ ဆီးချိုသမားတွေဆို တော်တော်နဲ့မပျောက်ဘဲ ခြေထောက်တွေပါ ဖျက်ပစ်ရတဲ့အထိရောက်တယ် ။

(၃) Ventilation System အသက်ရှုစနစ်

အကြမ်းဖျဉ်းပြောရရင် ကျွန်တော်တို့ အသက်ရှုတာ လုပ်ငန်း ၂ ခုထဲကိုပဲလုပ်ဖို့ ။ ၁ အပြင်က oxygen ကို သွေးထဲပို့ဖို့နဲ့ ၂ သွေးထဲက carbon dioxide ကို အပြင်ထုတ်ဖို့ ။ oxygen က ခန္တာကိုယ်အလုပ်လုပ်ဖို့ ‌လိုအပ်တဲ့ရင်းမြစ် ၊ CO2 က အလုပ်လုပ်ပီးလို့ စွန့်ပစ်လိုက်တဲ့ ကျွင်းကျန်ပစ္စည်း အမှိုက်ပေါ့ဗျာ။ အဆုပ်က အဲ့နှစ်ခုကို ပုံမှန်အလဲအလှယ်လုပ်ပေးဖို့ အသက်ရှုပေးရတယ် ။ အဲ့တော့ အညှော်တွေထဲမှာ nitrogen ၊ carbon dioxide နဲ့ အခြား ဓါတ်ငွေ့လေးတွေပါတတ်တယ် ။ အညှော်တွေရှုမိရင် ပန်းနာရင်ကျပ်ရှိတဲ့လူဆို ထကျပ်တတ်တယ် ။ သာမာန်လူတွေကတော့ နည်းနည်းမူးချင်တာတို့ စိတ်အခန့်မသင့်လို့ ခေါင်းကိုက်တာတို့ ဖြစ်တတ်တယ် ။ ဒါပေမယ့် အညှော်ရှုမိတာက Carbon monoxide poisoning တို့လို လူ့သွေးကြောထဲ oxygen carbon dioxide gas exchange အပေါ်ကိုတော့ သိသာတဲ့ပြောင်းလဲမှု မရှိစေနိုင်ဘူး ။ တကယ်လို့ ရှိခဲ့ရင်တောင် ခုန အနာပိုးဝင်လို့ ပြည်တည်တဲ့ကိစ္စနဲ့ ဘာမှ မပတ်သက်ဘူး ။

အဲ့တော့ လူကြီးမင်းတို့ သေချာမှတ်ထားရမှာက

* အနာရင်းတာ ပြည်တည်တာဟာ ပိုးဝင်တာကို တိုက်ခိုက်ဖို့ ကိုယ်ခံအားစနစ်က ကောင်းကောင်းအလုပ်လုပ်နေတာကိုပြတာဖြစ်ပြီး

* အညှော်ရှုတာက ခေါင်းမူးခေါင်းကိုက် ချောင်းဆိုးရင်ကျပ်တတ်တာကလွှဲလို့ အနာပိုးဝင်တာနဲ့ ဘာမှမဆိုင်ဘူးဆိုတာပါပဲ ။

Crd



 #ခန္ဓာကိုယ်မှာ_အနီစက်လေးတွေ_ထွက်တယ် #ဖျားတယ်_ကိုယ်လက်ကိုက်တယ်          #သွေးလွန်တုပ်ကွေး- အဖျားကြီးတယ်- ကိုယ်လက်ကိုက်တယ...
19/08/2023

#ခန္ဓာကိုယ်မှာ_အနီစက်လေးတွေ_ထွက်တယ်
#ဖျားတယ်_ကိုယ်လက်ကိုက်တယ်
#သွေးလွန်တုပ်ကွေး

- အဖျားကြီးတယ်
- ကိုယ်လက်ကိုက်တယ်
- အနီစက်လေးတွေ ထွက်တယ် ဆိုရင်

မိုးတွင်းလည်းဖြစ်တယ် ခြင်တွေလည်း အရမ်းကိုက်တော့
#သွေးလွန်တုပ်ကွေးရောဂါ ကိုလည်း သတိထားကြပါဗျို့
“ကလေးတွေမှ ဖြစ်တာမဟုတ်ပါဘူး လူကြီးတွေလည်းဖြစ်ပါတယ်”
🚨 🚨 🚨

#ဖျားတယ် 🤒 High Grade Fever နဲ့ (၁၀၂-၁၀၃) လောက်ထိပဲ
😢 ဆေးသောက်၊ ရေပတ်တိုက်ခဏပဲ ကျတယ် ဆေးရှိန်ကုန်တာနဲ့ ပြန်ဖျားတော့တာပဲ
😢 နေ့စဉ်ရက်ဆက် ဆက်တိုက်ကို ဖျားတာ
😳 နှာမစေးဘူး၊ ချောင်းမဆိုးဘူး၊ လည်ချောင်းမနာဘူး၊ ရင်မကြပ်ဘူး

ကိုယ့်ကိုယ်ကိုယ်ကြတော့ 🤷‍♂️ ရိုးရိုးဖျားတာ (အပူရှပ်/အအေးပတ်တာ) လို့ထင်ကြတာကိုး

🏘️ အိမ်မှာပဲနေတယ် (နီိးစပ်ရာတွေ မေးမြန်းပြီး) 💊 ဆေးတွေ သောက်တယ်ပေါ့

👉 ခန္ဓာကိုယ်မှာ အနီိစက်လေးတွေ ထွက်လာတယ်
👉 ဗိုက်နာလာတယ် (ညာဘက်နံရိုးအောက်)
👉 အန်လာတယ် (ကော်ဖီရောင်တွေ)
👉 နှာခေါင်းသွေး လျှံလာမယ်
👉 ခေါင်းအရမ်းကိုက်မယ်
👉 ခြေဖျား လက်ဖျားအေးလာတယ်
👉 အထိုင်အထတွေ မိုက်ခနဲ မိုက်ခနဲ ဖြစ်နေတယ်
အဲ့လိုနဲ့ ဆေးရုံဆေးခန်း မသွားပဲ ဆက်နေရင်း
👉 ရုတ်တရက် အဖျားကျသွားတယ်
👉 အဖျားကျသွားသလို လူလည်းမလှုပ်နိုင်တော့ဘူး၊ ခြေဖျား လက်ဖျားအေးစက်ပြီး၊ ခေါင်းတောင်မထောင်နိုင်တော့ဘူး

😰 အဲ့လို အခြေအနေဆိုရင်တော့ မကောင်းတော့ပါဘူး

Shock ရပါပြီ။
Dengue လို့ခေါ်တဲ့ #သွေးလွန်တုပ်ကွေး ပါ
Dengue Shock ပါ

#သေတတ်ပါတယ်
အရင်က 🧒 ကလေးတွေမှာပဲ ဖြစ်တယ်လို့ ယူဆထားကြတာ 👉 လူကြီးတွေမှာဖြစ်ပါတယ် သေတတ်ပါတယ်

Shock အခြေအနေမျိုးထိမရောက်အောင် ကြိုတင်ကာကွယ်ကုသမှု ခံယူကြပါ

>>>>>>>>

#ခန္ဓာကိုယ်မှာ_အနီစက်လေးတွေ_ထွက်တယ်
#ဖျားတယ်_ကိုယ်လက်ကိုက်တယ်

ခုချိန်က
🤒 ဖျားပြီ ဆိုတာနဲ့ ငပွကြီး ပဲ တန်းမြင်တန်းထင်ကြတာ
Covid မှာလည်း အနီကွက်၊ အနီစက်တွေ ထွက်တယ်လေ

ဒါပေမယ့်
အဖျားကြီးတယ်၊
ကိုယ်လက်ကိုက်တယ်
အနီစက်လေးတွေ ထွက်တယ် ဆိုရင်

မိုးတွင်းလည်းဖြစ်တယ် ခြင်တွေလည်း အရမ်းကိုက်တော့

#သွေးလွန်တုပ်ကွေးရောဂါ ကိုလည်း သတိထားကြပါဗျို့

🚨 🚨 🚨

#ဖျားတယ် 🤒 High Grade Fever နဲ့ (၁၀၂-၁၀၃) လောက်ထိပဲ
😢 ဆေးသောက်၊ ရေပတ်တိုက်ခဏပဲ ကျတယ် ဆေးရှိန်ကုန်တာနဲ့ ပြန်ဖျားတော့တာပဲ
😢 နေ့စဉ်ရက်ဆက် ဆက်တိုက်ကို ဖျားတာ
😳 နှာမစေးဘူး၊ ချောင်းမဆိုးဘူး၊ လည်ချောင်းမနာဘူး၊ ရင်မကြပ်ဘူး

ကိုယ့်ကိုယ်ကိုယ်ကြတော့ 🤷‍♂️ ရိုးရိုးဖျားတာ (အပူရှပ်/အအေးပတ်တာ) လို့ထင်ကြတာကိုး

ဆေးရုံဆေးခန်းတွေ သွားဖို့ကလည်းမလွယ်ဘူး 😢သွားပြီး ဟိုက ကူးလာမှာလည်းကြောက်တယ် 😢
အိမ် Lock down ကျမှာကြောက်တယ် 😰
Quarantine နေရမှာကြောက်တယ် 😰

ဆိုတော့ကာ

🏘️ အိမ်မှာပဲနေတယ် (နီိးစပ်ရာတွေ မေးမြန်းပြီး) 💊 ဆေးတွေ သောက်တယ်ပေါ့

👉 ခန္ဓာကိုယ်မှာ အနီိစက်လေးတွေ ထွက်လာတယ်
👉 ဗိုက်နာလာတယ် (ညာဘက်နံရိုးအောက်)
👉 အန်လာတယ် (ကော်ဖီရောင်တွေ)
👉 နှာခေါင်းသွေး လျှံလာမယ်
👉 ခေါင်းအရမ်းကိုက်မယ်
👉 ခြေဖျား လက်ဖျားအေးလာတယ်
👉 အထိုင်အထတွေ မိုက်ခနဲ မိုက်ခနဲ ဖြစ်နေတယ်
အဲ့လိုနဲ့ ဆေးရုံဆေးခန်း မသွားပဲ ဆက်နေရင်း
👉 ရုတ်တရက် အဖျားကျသွားတယ်
👉 အဖျားကျသွားသလို လူလည်းမလှုပ်နိုင်တော့ဘူး၊ ခြေဖျား လက်ဖျားအေးစက်ပြီး၊ ခေါင်းတောင်မထောင်နိုင်တော့ဘူး

😰 အဲ့လို အခြေအနေဆိုရင်တော့ မကောင်းတော့ပါဘူး

Shock ရပါပြီ။
Dengue လို့ခေါ်တဲ့ #သွေးလွန်တုပ်ကွေး ပါ
Dengue Shock ပါ

#သေတတ်ပါတယ်
အရင်က 🧒 ကလေးတွေမှာပဲ ဖြစ်တယ်လို့ ယူဆထားကြတာ 👉 လူကြီးတွေမှာဖြစ်ပါတယ် သေတတ်ပါတယ်

Shock အခြေအနေမျိုးထိမရောက်အောင် ကြိုတင်ကာကွယ်ကုသမှု ခံယူကြပါ

>>>>>>>>

13/08/2023

💦 ရေသောက်ခြင်း အကျိုးကျေးဇူးများ💦

မေး ~ အိပ်ယာနိုးနိုးချင်း ရေအရင်သောက်ရမလား ခြေထောက်အရင်ဆေးသင့်သလား သိပါရစေ။

ဖြေ ~

ရေသည် လူတို့၏ အသက်ရှင်

ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့်လည်း ရေအသက်တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်

သောက်သင့်သည့် အချိန်တွင်သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံးအကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။

ရေသောက်သုံးသင့်သော အချိန်များ

* နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။

* အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။

* ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။ သွေးပေါင်ချိန်ကျစေပါသည်။

* မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။
ရေအကျိုး ဆယ်ပါး

* ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအား တားဆီးနိုင်ပါသည်။ ကျောက်ကပ်တွင် ကျောက်တည်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်တွင်ရေဓာတ်နည်းပါးသောကြောင့် ဖြစ်ပါသည်။

ရေသောက်များပါက ဆီးတွင်အနယ်ထိုင်နှုန်း နည်းသွားသည်။ ထို့ကြောင့် ကျောက်ကပ်တွင်ကျောက်တည်ဝေဒနာသည်များပါမက ရောဂါ မဖြစ်ပွားလိုသူများပါ တစ်နေ့ကို ရေ ၁၂ဖန်ခွက်လောက် အနည်းဆုံးသောက်သင့်ပါသည်။

* ရေသည် ဆီးလမ်းကြောင်း ပိုး၀င်ခြင်းကို ကုသပေးနိုင်ပါသည်။ ရေများများသောက်လေလေ ဆီးများများသွာလေလေဖြစ်ပါသည်။ ဆီးခဏခဏသွားနေပါက ဆီအိမ်အတွင်းရှိ bacteriaပိုးများ ဆီးနှင့်အတူပါသွားသောကြောင့် မြန်မြန်သက်သာနိုင်ပါသည်။

*ရေသည် ၀မြးလွောသညြ့အခါတှငြ ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရာတွင် အထောက်အကူပြုပါသည်။ သို့သော် ရိုးရိုးရေထက် ဓာတ်ဆားရည်ကပိုမိုထိရောက်ပါသည်။

* ရေသည် အဖျားကို လျော့ချရာတွင် အထောက်အကူပြုပါသည်။ ကိုယ်အပူချိန်တက်လျင် ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ ရေများများသောက်ပါက ကိုယ်အပူချိန်ကျသည့်အပြင်ဆီးများများသွားသောကြောင့်လည်း ကိုယ်ပူကျ ပိုမြန်ပါသည်။

* ရေများများသောက်ပါက တုတ်ကွေးမိသောအခါ သို့မဟုတ် နှာစေးချောင်းဆိုးဖြစ်သောအခါ အထောက်အကူပြုပါသည်။

ရေဓာတ်များပါက လည်ခေါင်းအတွင်းရှိ သလိပ်များပိုမိုကျဲသွားပြီး ဟတ်ထုတ်ရာတွင် လွယ်ကူစေပါသည်။ ထို့အတူနှာခေါင်းပိတ်ခြင်းကိုလည်း သက်သာစေပါသည်။

* ရေသည် အစာစားနောက်ကျသောကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်း (acid ကြောင့် ဗိုက်အောင့်ခြင်း) ကိုသက်သာစေပါသည်။ ရေ ၂ ခွက်နှင့် ငှက်ပျောသီး
တစ်လုံးသည် Antacid တစ်လုံးကဲ့သို့ စွမ်းဆောင်နိုင်ပါသည်။

* ရေများများသောက်ပါက ၀မြးခွုပခြှငြးကို ကာကွယ်ပေးနိုင်ပါသည်။ ရေသောက်နည်းပါက မစင်တုံးများသည် ပိုမိုမာကျောသွားပြီး ၀မြးခွုပစြပေါသညြ။ ထို့ကြောင့် ၀မြးခွုပြ၍ မရသည့်
လိပ်ခေါင်းနှင့် စအို၀ကွဲနာ ဝေဒနာသည်များအတွက် ရေသည် ဆေးတစ်ခွက်ပင်
ဖြစ်ပါသည်။

* ရေသည် လူကို လန်းဆန်းတက်ကြွ စေပါသည်။ ရေဓာတ်နည်းပါးလာပါက သွေးသည် အလိုလို စေးပျစ်လာတတ်သည်။ ထိုအခါ ဦးနှောက်သို့ သွေးစီးနှုန်း နည်းသွားပြီး ခေါင်းနောက်ခြင်းနှင့်
ပင်ပန်းခြင်းတို့ကို ခံစားရနိုင်ပါသည်။

* အစာမစားမီ ရေသောက်လေ့ရှိပါက ဗိုက်ပိုတင်းပြီး အစာသိပ်မစားဖြစ်တော့ချေ။ ထို့ကြောင့် ကိုယ်အလေးချိန်လျှော့ရာတွင် ရေသည် အရေးကြီးပါသည်။

* ရေသည် အရေပြားနှင့် အသားအရေကို စိုစွတ်အေးမြစေပါသည်။ အသားအရေကိုလည်း လှပစေပါသည်။

ရေသောက်ရာတွင် လိုက်နာသင့်သည် အချက် ဆယ်ချက်

* အိပ်ယာနိုးနိုးချင်း ရေသောက်ပါ။

* တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈ ခွက်မှ ၁၂ ခွက် အထိသောက်ပါ။

* ရေကို နည်းနည်း ဖြင့် ခဏခဏ သောက်ခြင်းက တစ်ခါတည်း အများကြီးသောက်ခြင်းထက် ပိုမို အကျိုးရှိပါသည်။

* ရေငတ်မှ ရေသောက်ခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် အသက်ကြီးသူများတွင် ခန္ဓာကိုယ်အတွက် ရေဓာတ်နည်းပါးနေသည်ကို အာရုံခံစွမ်းအား နည်းသွားပါသည်။

* ရေသောက်ရာတွင် ရိုးရိုးရေကိုသာသောက်ပါ။ အအေး၊ ကော်ဖီ၊ ဘီယာ နှင့် အရက်သောက်ခြင်းများ ရှောင်ကြဉ်ပါ။

အဆိုပါ အရေများသောက်ပါက ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားသွားပါလိမ့်မည်။

* ကလေးများကို ရေများများသောက်ရန် ကျင့်ပေးပါ။ မိမိကိုယ်တိုင် စံပြအဖြစ်လုပ်ပြပါ။

* ကစားပြီး လေ့ကျင့်ခန်းများလုပ်ပြီးပါက ရေပိုသောက်ပါ။

* ဖျားနာပြီး ကိုယ်ပူနေပါက ရေပိုသောက်ပါ။ ရေဓာတ်ဆုံးရှုံးမှု များသောကြောင့် ဖြစ်ပါသည်။

* ကိုယ်၀န်ဆောင်သည်များအနေဖြင့် ရေပိုသောက်ပါ။ ပုံမှန်သောက်နေကျထက် ၃-၄ ခွက်ခန့် ပိုသောက်သင့်သည်။

ctedit
ကျန်းမာရေးဗဟုသုတ
#ဝင်းသီဟကျော်

09/08/2023

ကလေးဦးနှောက်သိကောင်းစရာ (၉)

တက်တတ်သော ကလေးများ -
အတက်နဲ့တူသော လက္ခဏာများ

ကလေးတစ်ယောက်တက်တယ်ဆိုပြီး လာပြရင် တစ်ရာမှာ ၃၀ လောက်ဟာ အတက်အစစ်မဟုတ်ပါဘူး။ ဒီအချက်ဟာ ကလေးနဲ့ မိသားစုအတွက်ရော ဆရာ၀န်အတွက်ပါ အလွန်အရေးကြီးပါတယ်။

မိသားစုဖက်ကကြည့်ရင် မလိုအပ်ဘဲ စိုးရိမ်မှုတွေပိုနေနိုင်သလို ဆရာ၀န်ဖက်ကလည်း ဒီအချက်ကို သတိမထားမိရင် မလိုအပ်ဘဲ စမ်းသပ်စစ်ဆေးမှု၊ ဆေးပေးမှုတွေရှိလာနိုင်ပါတယ်။
ဒါ့ကြောင့် ဒီလိုအတက်မဟုတ်တဲ့ လက္ခဏာတွေကို သိထားဖို့ လိုပါတယ်။

ကျွန်တော်ခုရေးမဲ့အကြောင်းတွေကို ဆေးပညာအခေါ်အဝေါ်အင်္ဂလိပ်စကားလုံးတွေနဲ့ တွဲရေးထားပါတယ်။ You Tube မှာ လွယ်လွယ်ကူကူရှာကြည့်နိုင်အောင်ပါ။ ကိုယ့်ကလေးဖြစ်တဲ့ပုံစံနဲ့တိုက်ကြည့်နိုင်ပါတယ်။

(၁) မွေးစကလေးများမှာ အိပ်နေစဉ် ခြေလက် ခဏခဏတုန်ခြင်း (Benign neonatal sleep myoclonus)

တော်တော်အတွေ့ ရများပါတယ်။ အထူးသဖြင့် အသက် ၃ လအောက်ကလေးတွေမှာ ပိုတွေ့ရပါတယ်။ ဒီလက္ခဏာက ဘာနဲ့တူလဲဆိုရင် ကျွန်တော်တို့ လူကြီးတွေ အိပ်မောကျခါစမှာ ခလုတ်တိုက်လဲသလိုမျိုး တုန်တဲ့ပုံစံပါပဲ။ ဒီကလေးတွေဟာ ကျန်တဲ့အချိန်မှာ အကုန်ကောင်းပြီး အိပ်တော့မှပဲ ခြေလေးတွေ လက်လေးတွေ တဆတ်ဆတ်တုန်ပါတော့တယ်။ တစ်ခါတလေမှာ ဆက်တိုက် တော်တော်ဆိုးဆိုးဝါးဝါးတုန်တတ်တော့ တက်တဲ့ပုံစံနဲ့ တူလာပါတယ်။ အရေးကြီးတဲ့ အချက်တွေကတော့
၁၊ အိပ်နေတုန်းမှပဲ တုန်ရပါမယ်။
၂၊ တုန်နေတုန်း နိုးလာရင် အတုန်ပျောက်သွားပါမယ်။
၃၊ နိုးနေတုန်း လုံး၀မတုန်ရပါဘူး။
ဒီကလေးတွေကို ဘာမှစစ်ဆေးစရာ မလိုပါဘူး။ ဆေးလဲမလိုပါဘူး။ အချိန်တန်ရင် ပျောက်သွားမှာပါ။

(၂) အားမလိုအားမရ တုန်ခါခြင်း (shuddering attack)

အထူးသဖြင့် အသက် ၁နှစ် ၂နှစ်အောက်ကလေးတွေမှာ အဖြစ်များပါတယ်။ တစ်ခုခုကိုကြည့်ပြီး အားမလိုအားမရနဲ့ ခေါင်း၊ ပုခုံး၊ လက်တို့ တုန်နေတာမျိုးပါ။ အစပိုင်းမှာ ရုတ်တရက်တစ်ခုခုကိုစိုက်ကြည့်ပြီး ပါးစပ်ဟလာတတ်ပါတယ်။ တုန်ပြီးရင် တစ်ဖက်ဖက်ကို စောင်းသွားတတ်ပါတယ်။ အစာစားနေတုန်းလဲဖြစ်တတ်ပါတယ်။ စက္ကန့်ပိုင်းပဲကြာပြီး သတိလစ်ခြင်းလုံးဝမရှိပါဘူး။
အထက်မှာပြောခဲ့တဲ့အတ်ိုင်း ဒီကလေးတွေကို ဘာမှစစ်ဆေးစရာ မလိုပါဘူး။ ဆေးလဲမလိုပါဘူး။ အချိန်တန်ရင် ပျောက်သွားမှာပါ။

(၃) ငိုနေရင်း အသက်ရှူခဏရပ်ပြီး တက်သလိုဖြစ်ခြင်း (breath holding spells)

အသက် သုံးလေးနှစ်အောက် ကလေးတွေမှာ အဖြစ်များပါတယ်။ နာကျင်လို့ပဲဖြစ်ဖြစ်၊ အလိုမကျလို့ပဲဖြစ်ဖြစ်၊ ငိုပြီးရင် တစ်မိနစ်ခန့် အငိုရပ်၊ အသက်ရှူခဏရပ်ပြီး တောင့်သွားတတ်ပါတယ်။ ပြီးရင်ပုံမှန်အတိုင်းပါပဲ။ တစ်ချို့ကပြာနှမ်းသွားပါတယ်။ ပျော့သွားတာမျိုးလဲရှိပါတယ်။ အနည်းစုကတော့ ဖြူဖပ်ဖြူရော်ဖြစ်သွားတတ်ပါတယ်။
ဖြစ်နေတဲ့ အချိန်ကတော့ တော်တော်ကြောက်စရာကောင်းတဲ့ပုံပါ။ ဒါပေမဲ့ လုံးဝအန္တရာယ်မရှိပါ။ ဆေးမလိုပါ။ အချိန်တန်ရင်ပျောက်သွားမှာပါ။

(၄) အကြောဆွဲ အသံထွက် အပြုအမူ (Tics)

ပို၍ပို၍အတွေ့များလာတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်တတ်ပါတယ်။ အဖြစ်အများဆုံးကတော့ မျက်လုံးမှိတ်တုတ်မှိတ်တုတ် ဖြစ်တာပါပဲ။နေ့စဉ်ဖြစ်တတ်ပါတယ်။ ဒုတိယအဖြစ်များတာကတော့ နှုတ်ခမ်းတွန့်တာပါ။ ဒီလိုကလေးမျိုးဟာ လှုပ်လို့ ရတဲ့နေရာလှုပ်တတ်သလို အသံတစ်ခုခုလဲလုပ်တတ်တယ်။ ဥပမာ နှာခေါင်းရှုံ့တာတို့ ၊ ချောင်းဟန့် တာတို့ ပါ။ လက်ချောင်းလေးတွေလှုပ်တာ၊ ခေါင်း၊လည်ပင်းတို့ ခပ်ပြင်းပြင်းလှုပ်တာ၊ ပခုံးတွန့် တာ၊ သက်ပြင်းချသလို မောဟိုက်နေသလိုလုပ်တာ၊ ဗိုက်လှုပ်တာ စသည်ဖြင့် မျိုးစုံတွေ့ ရတတ်ပါတယ်။
အများစုဟာ ဆက်တိုက်မဖြစ်ပါဘူး။ တစ်ခုခုအာရုံစိုက်လုပ်နေရင်လဲ မဖြစ်ပါဘူး။ အတိုင်းအတာတစ်ခုအထိလည်း သု့ ကိုယ်သူထိန်းနိုင်ကြပါတယ်။ ဖြစ်နေချိန်မှာ သူတို့ကိုယ်သူတို့ သိပါတယ်။ လုပ်ခိုင်းရင်လဲ လုပ်ပြတတ်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားရင်လဲမဖြစ်တော့ပါဘူး။ ပင်ပန်းရင် အထူးသဖြင့် စိတ်ပင်ပန်းရင်၊ ကျောင်းသားဆိုရင်လဲ စာအရမ်းများတဲ့အချိန်တို့၊ စာမေးပွဲရှိရင်တို့၊ ဖိအားများလာရင်တို့ အဲဒီအချိန်မျိုးတွေမှာ စဖြစ်တတ်ပါတယ်၊ ပိုဖြစ်တတ်ပါတယ်။ သူတို့ကိုဘာလို့လုပ်လဲမေးကြည့်ရင် ကိုက်လို့ ညောင်းလို့ တင်းလို့ မူးလို့ မောလို့ စသည်ဖြင့်ပြောတတ်ပါတယ်။ တစ်ကယ်တော့အဲဒီဝေဒနာတွေမရှိပါဘူး။ သူတို့ထင်တာပါ။
ဒီလက္ခဏာအများစုဟာ ဦးနှောက်အာရုံကြောရောဂါတွေလုံး၀မဟုတ်ပါဘူး။စစ်ဆေးမှုတွေ၊ ဆေးတွေမလိုပါဘူး။ တစ်ခါတစ်ရံမှာတော့ ဒါဟာ တစ်ခြားရောဂါတွေ မဟုတ်ပါဘူးဆိုတာသေချာဖို့ တတ်ကျွမ်းသူဆရာ၀န်များနဲ့ ပြသတိုင်ပင်သင့်ပါတယ်။ တစ်နေကုန်ဖြစ်လာရင်၊ ကလေးရဲ့ နေ့ တဓူ၀ လုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်ဖြစ်လာရင်တော့ သူ့ ရဲ့ စိတ်ကိုခဏတာထိန်းနိုင်ဖို့ ဆေးတချို့လိုတတ်ပါတယ်။
အများစုဟာ အချိန်တန်ရင်ပျောက်ပါတယ်။ ဆေးပေးလိုက်လို့ စောစောပျောက်မယ်၊ အမြစ်ပြတ်မယ်ဆိုတာမရှိပါဘူး။

(၅) ပေါင်တွန့်လိမ်ခြင်းအပြုအမူ(Self gratification)

အသက်သုံးလေးနှစ်အောက်မိန်းကလေးတွေမှာ အတွေ့ရများပါတယ်။ ဖြစ်တဲ့အချိန်မှာ ပေါင်နှစ်ဖက်တောင့် ကပ်ပြီးလိမ်နေတတ်ပါတယ်။ တစ်ခါတလေ ကျောပါတောင့်နေတတ်ပါတယ်။ မျက်နှာနီရဲနေပြီး ချွေးပြန်နေတတ်ပါတယ်။ Gratification ဆိုတာ ကိုယ့်ကိုယ်ကို ကျေနပ်အောင်လုပ်တာပါ။ ကလေးဟာဒီလိုလုပ်ရတာကို ကျေနပ်နေလေ့ရှိပါတယ်။ ဒီလိုလုပ်နေချိန်မှာ သူ့ကိုတစ်ခုခုနဲ့ အာရုံပြောင်းပေးနိုင်ရင်ရပ်သွားနိုင်ပါတယ်။ ဒီလက္ခဏာတွေဟာ ဦးနှောက် အာရုံကြောရောဂါတွေလုံး၀မဟုတ်ပါဘူး။ ဆေးမလိုပါ။ အချိန်တန်ရင်ပျောက်သွားမှာပါ။

အထက်ပါလက္ခဏာတွေကို ဆရာဝန်နဲ့ပြသတိုင်ပင်မယ်ဆိုရင် ဖုန်းနဲ့ video ရိုက်သွားဖို့အကြံပြုချင်ပါတယ်။

နိဂုံးချုပ်ရမယ်ဆိုရင် -
၁၊ ကလေးတွေမှာအတက်ရောဂါတွေ အဖြစ်များသလို အတက်နဲ့ တူတဲ့ လက္ခဏာတွေလဲ များစွာရှိပါတယ်။
၂၊ အဲဒီအတက်နဲ့ တူတဲ့ လက္ခဏာ တွေကို အတက်ထင်ပြီး စစ်ဆေးကုသမှုတွေ လုပ်မိရင် အန္တရာယ်ရှိပါတယ်။ ဒါ့ကြောင့် သေချာမှ ဆက်လက်စစ်ဆေးကုသတာ အကောင်းဆုံး ဖြစ်ပါတယ်။

Crd ေးဦးနှောက်သိကောင်းစရာ

Address

31, Bet 85x86st, Chanayetharzan
Mandalay

Website

Alerts

Be the first to know and let us send you an email when NTG Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram