
12/08/2025
ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုသက်သာစေဖို့အတွက် ဖြေရှင်းနည်းများ 🤷♀️
++++++++++++++++
လေဒီလေးတွေ အနေနဲ့ ကြုံချင် မကြုံချင်ချင် တစ်လတစ်ခါ မဖြစ်မနေ ကြုံရတဲ့ ကျန်းမာရေးပြဿနာ တစ်ရပ်ရှိပါတယ်။ ဒါကတော့ ရာသီလာတာပါ။ ရာသီလာတာက ပုံမှန် ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုပေမယ့် ရာသီလာတာနဲ့အတူ တွဲပါလာတတ်တဲ့ အရာတစ်ခုကတော့ စိတ်ရောကိုယ်ပါ ပင်ပန်းစေပါတယ်။ ဒါကတော့ ရာသီလာချိန် နာကျင်ကိုက်ခဲတာပါ။
ရာသီလာချိန် နာကျင်ကိုက်ခဲတာကို လေဒီတိုင်း ခံစားရတာမဟုတ်ပေမယ့် အမျိုးသမီးထုရဲ့ ၅၀ ရာခိုင်နှုန်းကျော်လောက်ကတော့ ခံစားရလေ့ရှိပါတယ်။ ဒါကြောင့် ဓမ္မတာရာသီ သန့်ရှင်းရေးနေ့ဖြစ်တဲ့ ဒီနေ့လေးမှာ ရာသီလာချိန်မှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာအတွက် ဖြေရှင်းနည်းလေးတွေကို ဝေမျှပေးချင်ပါတယ်။
ရာသီလာစဉ်မှာ နာကျင်ကိုက်ခဲမှု ဖြစ်စေတဲ့ အကြောင်းအရင်းတွေက အများကြီးရှိပါတယ်။ ဘယ်လိုအကြောင်းအရင်းတွေလဲဆိုရင်တော့ 👇
· ရာသီသွေးအများကြီးဆင်းတာ
· အသက် ၂၀ အောက် ဖြစ်နေတာ
· ပထမဆုံးရာသီသွေးဆင်းတာ
· Prostaglandin ဟော်မုန်းပမာဏ များနေတာ
· သားအိမ်ထဲမှာ ပုံမှန်မဟုတ်ဘဲ တစ်ရှူးကြီးထွားနေတာ နဲ့
· သန္ဓေတားဆေးတွေကြောင့်လည်း ရာသီလာစဉ်မှာ နာကျင်ကိုက်ခဲတာ စတဲ့အချက်တွေကြောင့်ပါ။
ဒီလိုမျိုး လစဉ်လတိုင်း ကြုံတွေ့နေရတဲ့ ကိုက်ခဲနာကျင်မှုကို လျော့ပါးသက်သာအောင် လုပ်ဆောင်လို့ရတဲ့ နည်းလမ်းလေးတွေလည်း ရှိထားနှင့်ပြီး ဖြစ်ပါတယ်။ တကယ်လို့ ရာသီလာနေစဉ်ကာလမှာ နာကျင်ကိုက်ခဲမှုဝေဒနာ ခံစားနေရမယ်ဆိုရင် …
✅ရေများများသောက်ပေးပါ - ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို ပိုဆိုးစေနိုင်တဲ့ လက္ခဏာတစ်ခုဖြစ်တဲ့လေပွတာကို သက်သာစေဖို့ ရေများများသောက်ပေးဖို့ လိုပါမယ်။ ရာသီလာနေစဉ်အတွင်းမှာ တစ်နေ့ကိုရေ ၆ ခွက်ကနေ ၈ ခွက်လောက်အထိသောက်ပေးပါ။
✅အာဟာရပြည့်ဝအောင် စားပါ - ရာသီလာစဉ်မှာ ဗိုက်ပွစေနိုင်တဲ့ အစားအစာတွေကိုရှောင်ကြဉ်ဖို့လိုပါမယ်။ အဆီများတဲ့အစားအစာတွေ၊ အရက်သေစာ၊ အချိုရည်တွေ၊ကဖင်းဓာတ်နဲ့ ဆားပါဝင်မှုများတဲ့ အစားအစာတွေကို မစားသုံးသင့်ပါဘူး။ ရာသီလာစဉ်မှာ နာကျင်ကိုက်ခဲမှု လျော့ပါးစေဖို့ အမျှင်ဓာတ်ပါဝင်မှုများတဲ့ သင်္ဘောသီး၊ ဆန်လုံးညို၊ သစ်ကြားသီး၊ အယ်လ်မွန်သီး၊ ဖရုံစေ့၊ သံလွင်ဆီ၊ ပန်းဂေါ်ဖီစိမ်း၊ ကြက်သား၊ ငါး၊ အစိမ်းရင့်ရောင်အရွက်တွေ၊ နှမ်းကြတ်စေ့တို့ကို ပိုမိုစားသုံးပေးသင့်ပါတယ်။
✅လေ့ကျင့်ခန်းလုပ်ပေးပါ - ရာသီလာစဉ်နာကျင်ကိုက်ခဲတဲ့အခါ သိပ်မပြင်းထန်ဘဲ သက်သောင့်သက်သာလုပ်နိုင်မယ့် လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးပါ။ ကိုယ်လက်လှုပ်ရှားမှု လုပ်တာက သွေးစီးဆင်းမှုကို ကောင်းမွန်စေနိုင်ပြီး Endorphin ဟော်မုန်းထွက်ရှိစေနိုင်တာကြောင့် ရာသီလာစဉ်နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။
✅ရေနွေးအိတ်ကပ်ပေးပါ - ရာသီလာလို့နာကျင်ကိုက်ခဲတဲ့အခါ နာကျင်ကိုက်ခဲတဲ့ ဝမ်းဗိုက်နေရာကိုရေနွေးအိတ်ကပ်ပေးရင် နာကျင်ကိုက်ခဲတာကို လျော့ပါးသက်သာစေမှာဖြစ်ပါတယ်။ တကယ်လို့ ရေနွေးအိတ်မရှိဘူးဆိုရင် ရေနွေးပုလင်း၊ ရေနွေးဝတ်ကပ်ပေးပါ။ အပူက ကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။ ရေနွေးနဲ့ ရေချိုးပေးလည်းရပါတယ်။
✅ချင်း (ဂျင်း) စားပေးပါ - ချင်း (ဂျင်း) စားပေးတာက ရာသီသွေးဆင်းတာကို ထောက်ကူပေးသလို ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။ ချင်း (ဂျင်း) ရေနွေးကြမ်း သောက်တာ၊ ဂျင်းသုပ်စားတာတွေ လုပ်ဆောင်ပေးလို့ ရပါတယ်။
✅သက်တောင့်သက်သာ နားပါ - ရာသီလာချိန်မှာ သက်တောင့်သက်သာ နားတာကလည်း ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ ပြည့်ပြည့်ဝဝ အနားယူတာ၊ သက်တာင့်သက်သာ နားတာက ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေပြီး ရာသီလာချိန် နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။
ကဲ လေဒီလေးတို့ရေ လစဉ်ကြုံတွေ့နေရတဲ့ ဓမ္မတာလာချိန်မှာ နာကျင်ကိုက်ခဲမှုဝေဒနာကို ခံစားနေရတယ်ဆိုရင်တော့ ခုပြောပြပေးခဲ့တဲ့နည်းလမ်းလေးတွေနဲ့ လျော့ပါးသက်သာအောင် လုပ်ဆောင်လိုက်တော့နော်။
အခြေအနေ အမျိုးမျိုးကြောင့်. မလိုချင်သော. အခြေအနေတွေ အတွက်.
09967695388(Viber) ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။