02/12/2024
ဆေးဖက်ဝင်ဖုန်းမသိမ် / ဖုံးမသိမ်/ဘုမ္မသိန်
========================
Blumea balsamifera (L.) DC.
Coniza balsamifera L.,
Family : Asteraceae
English name : boneo camphor
Shan camphor, phon ma thein
ဒီတခါတော့ နေကြာမျိုးရင်းထဲက ဖုန်မသိမ်ပင်လေးအကြောင်း တင်ပြခြင်မိပါတယ်၊ နေကြာမျိုးရင်းထဲမှာ Blumea genus လေးတွေက ထင်ရှားလှတယ် ၊ ဘာ့ကြောင့်လည်းဆိုတော့ စူးရှသောရနံ့ ကိုယ်ထည်နဲ့ ၊ အဝါရောင် ပန်းခိုင်လေးတွေပါလို့ပါ၊ အဝါရောင်ဟာ Blumea genus အတော်များများကိုလွှမ်းမိုးပါတယ်၊ သဘာဝပေါက်နေသော Blumea အပင်လေးတွေအများကြီးရှိပေမဲ့ ဖုန်းမသိမ် ကတော့ စိုက်ပျိုးပင်တပင်ဖြစ်ပါတယ်၊ အေးမြသောရာသီကို အလွန်နှစ်သက်လို့ ရှမ်းပြည်ဖက်မှာတော့ နေရာအနှံ့တွေ့နိုင်သော သဘာဝအရိုင်းပင်ဖြစ်လို့နေတယ်၊ နေပြည်တော်က အမျိုးသား ဘယဆေးခြံထဲမှာတော့ သေသေခြာခြာ စိုက်ထားလို့ထင်ပါရဲ့ လူတရပ်ကျော်သော ဖုန်းမသိမ်အပင်တောကြီးတွေ့ခဲ့ရပါတယ်၊ အပင်အောက်မှာလည်း name plate လေးတွေတပ်ပေးထားလို့ လေ့လာသူများ အဆင်ပြေစေပါတယ်၊ ဒါပေမဲ့ name plate လေးမှာ ရှိတဲ့ သိပံ္ပအမည်ကတော့ genus ရော species ပါလွဲနေပါတယ်။ လက်တင်အမည်များက ရေးသားရင် အလွန်မှားတတ်ပါတယ်၊ Taxonomist ပီသလွန်းတော့လည်း မပြင်ဘဲလည်း မနေနိုင်ပါဘူး။ စေတနာနဲ့ထောက်ပြတာပါ၊
ဖုန်မသိမ်အပင်တွေဟာ ဖိလစ်ပိုင်မှာတော့ sambong plants လို့ထင်ရှားလှပါတယ်၊ အအေးမိခြင်း ကိုကုသနိုင်သလို ဆီးရွှင်ဆေး အနေနဲ့လည်းသုံးကြတယ်၊ တရုပ် နဲ့ ထိုင်း ရိုးရာဆေးပညာမှာတော့ အသက်ရှူလမ်းကြောင်းမှာ ရောဂါကူးစက်မိခြင်းနဲ့ ရောဂါကူးစက်ခံရသော ဒဏ်ရာများ သက်သာစေရန် အသုံးပြုကြတယ်၊ အလွန်ထင်ရှားသော တိုင်းရင်းဆေးဝင် အပင်တပင်ပါ၊
Taxonomic Descriptions
ဖုန်မသိမ် အပင်များဟာ ခြုံပင် ဒါမှမဟုတ် သစ်ပြောအပင်ကြီးဖြစ်ကာ ရေမြေကောင်းရင်ကောင်းသလို ၁ မီတာ ကနေ ၄ မီတာအထိ့်မြင့်ပါတယ်၊ အပင်ကနေ စူးရှသော ရနံ့များထွက်နေပါတယ်၊ ပင်စည်က corymbosely branched အကိုင်းဖြာလေ့ရှိတယ်၊ အရွက်ထွက်ပုံက လဒပါးပျဉ်းပင်နဲ့ဆင်လှတယ်၊ ပင်စည် အခြေပိုင်းကတော့ မာကြောလေ့ရှိတယ်၊ အခေါက်တွေက မီးခိုးရောင်သန်းသော အညိုရောင်ပါ၊ အကိုင်းအခက်တွေပေါ်မှာ အဝါရောင်သန်းသော Softly hairy အဖြူရောင်အမွှေးတွေဖုံးထားပါတယ်၊ အရွက်တွေကရွက်ထီး ရွက်လွှဲထွက်ကြတယ်၊ အရွက်တွေကကြီးမားပြီး narrowly oblong ဖြစ်ကာ 18 cm လောက်ရှည်လျားပါတယ်၊ ထူထဲသော ပိုးသားလို အမွှေးများ အရွက်အခြေဖက်မှာရှိကြတယ်၊ အရွက်အခြေပိုင်းက သွယ်သွားပြီး တခါတလေ ပင်စည်ကိုခွနေသောပုံစံ auriculate ဖြစ်နေတတ်ပါတယ်၊ ရွက်နားတွေက လွှသွားစိတ်ပုံ serrulate or serrate ဖြစ်နေပါတယ်၊ ရွက်ကြောက ၁၂ စုံလောက်ရှိပါတယ်၊ ပန်းခိုင် head or capitulum ဖြစ်ပြီး head လေးတွေက pyramidal panical ပုံစံရှိနေပါတယ်၊ head တခုထဲမှာ အလွန်သေးငယ်လှသော အဝါရောင်ပန်းပွင့်လေးများ florets လေးများရှိနေပါတယ်၊ ပန်းခိုင်က heterogamous ဖြစ်ပါတယ် ပုံစံမတူသော discoid flowers များ ၂ မျိုးပါဝင်နေလို့ပါ၊ ၊ ပွင့်ရင်းခံ receptacle က flate , alveolate ဖြစ်နေပါတယ်၊ ပန်းခိုင်ရဲ့ ဘေးဖက်မှာရှိသော marginal florets လေးတွေက tubular ပုံစံ သေးသွယ်ပြီး အဝမှာ 2 to 4 lobes ရှိနေပါတယ် အရေအတွက်လည်းများပါတယ် ၊ head အလယ်က အဝါရောင်ပြွန်ပုံစံပါ၊ အရွယ်ကြီးပြီးအရေအတွက်နဲပါတယ် campanulate corolla ဖြစ်ကာ sessile glands နဲ့ multicellular hairs တွေရှိနေပါတယ်၊ အသီက achene က အစေ့တစေ့သာပါပြီး အညိုရောင်သန်းကာ အစင်းကြောင်း ၁၀ခုပါပါတယ်၊ 1 mmလောက်ရှိပြီး အနီရောင် pappus hairs များပါပါတယ်၊
Use in the Philippine
ဖုန်မသိမ်ပင်ဟာ ကျောက်ကပ်တွင် ကျောက်တည် နေသူများ ကျောက်ကြောင့် ဆီးသွားခက်ခဲနေသူများအတွက် ကျောက်ကြေစေရန်အတွက်အသုံးပြုနိုင်လို့ အလွန်ထင်ရှားလှတဲ့အပင်တပင်ဖြစ်ပါတယ်၊
ဖိလစ်ပိုင်မှာ ဒီအပင်ကို diuretic ဆီးရွှင်ဆေးအနေနဲ့သုံးကြသလို urolithiasis (urinary tract or kidney stones) and urinary tract infections ဆီးလမ်းကြောင်းဆိုင်ရာရောဂါများ ဆီကျောက်တည် ရောဂါ များကုသရာမှာ အသုံးပြုကြတယ်၊ ထို့အပြင် အပင်ဟာ သွေးတိုးခြင်း high blood pressure ကိုလည်းကျစေပါတယ်၊ Sambong ကို သလိပ်ရွှင်ဆေး expectorant အနေနဲ့လည်းသုံးနိုင်ပါတယ်၊ ထို့ပြင် anti-diarrheal and an anti-spasmotic အနေနဲ့လည်းသုံးပါတယ်။ တခါတရံ astringent အနေနဲ့လည်းသုံးပါတယ်၊
The active ingredients အနေနဲ့ပါတာကတော့ အရွက်တွေကရတဲ့ နံ့ထွက်ဆီ volatile oil ဖြစ်တယ် ၊ Sambong ကို tea အနေနဲ့လည်းသောက်နိုင်တယ်၊ အရသာကပူပြီး menthol အရသာကဲပါတယ်၊ ဖိလစ်ပိုင်ရဲ့ တရားဝင် website တခုဖြစ်တဲ့ Government of the Philippines မှာတော့ ဒီ tea အရသာဟာ a strong camphoraceous odor and a pungent taste ရှိတယ်လို့ရေးသားထားပါတယ်၊ diuretic property ရှိတာမို့ ဖုန်းမသိမ် tea ကိုသောက်ရင် ဆီးအလွန်သွားစေပါတယ်၊ ဆီးသွားရင်းနဲ့ ဆီးနဲ့အတူ ဆီးကျောက်ပါပါသွားနိုင်တယ်လို့ဆိုထားပါတယ်၊ အရွက်ရဲ့ သိပံ္ပအမည်နဲ့ ဆေးဗူးကို ထုပ်ပိုးရောင်းချနေတာကလည်း ကျနော်တို့တတွေ အတုယူစရာဖြစ်လို့နေပါတယ်၊
Tea ပြုလုပ်ပုံ
ဖုန်းမသိမ်အရွက်ကို ရေနွေးနဲ့ပြုတ်ပြီး tea အနေနဲ့ သောက်နိုင်တယ် ၊ လတ်ဆပ်သော အရွက်များကို ခူးယူပါ၊ သေးငယ်သော အစိတ်အပိုင်းလေးများ ရသည်အထိ ဒါးနဲ့စင်းပါ ပြီးလျှင် ရေနဲ့သန့်စင်အောင်ဆေးကြောပါ ဆူနေသော ရေတလီတာထဲကို အရွက်အနဲငယ်ထည့်ပါ ။ ၁၀ မိနစ်ခန့်ကြာလျှင် အသင့်သောက်နိုင်သော tea ရပါပြီ။ တနေ့ကို ၄ ကြိမ်ခန့်သောက်ရမှာဖြစ်ပါတယ်၊ သို့သော်လည်းအစွမ်းထက်လွန်းတာမို့ နားလည်တပ်ကျွမ်းသော တိုင်းရင်းဆေးသမားတော်များ၏ညွှန်းဆိုမှုနဲ့သာသောက်သုံးသင့်ပါတယ်၊
Uses elsewhere in Asia
ထိုင်းမှာတော့ သူ့ကို Naat (หนาด) လို့ခေါ်ပြီး ward off spirits အနေနဲ့ထင်ရှားလှပါတယ်၊ ရောဂါကူးစက်ခြင်းတွေမှာကုသနိုင်တယ်၊ decorative dry plant အနေနဲ့လည်းစိုက်ကြတယ်၊
"ရာဝဏရာဝဏ" ရဲ့ မြန်မာ့ ဆေးဖက်ဝင်အပင်များ post မှာ ဖုန်းမသိမ်ရဲ့ဆေးဝင်ပုံများဖေါ်ပြထားပါတယ်
ဆေးသုံးရာ၌အတွင်းစားဆေးများတွင်
အသုံးနည်းသော်လည်း အပွင့်ဆေးများတွင်အသုံးပြု
ကြသည်။ အကြောဆွဲ-ခြေသေ-လက်သေ-လေမ
လျှောက်-ကိုယ်တစ်ချမ်းလေး-အခိုးမပွင့်သည့်ရောဂါ
လေငန်းဖြတ်ရောဂါ-ကိုယ်လက်ကိုက်ခဲသည့်ရောဂါ
များကို-ဖုံးမသိမ်-အရက်-နှမ်းဆီ-သံပုရာရည်များနှင့်
ဖျော်စပ်၍လိမ်းပေးလျှင် သက်သာပျောက်ကင်းသည်။
အချို့ဖုံးမသိမ်ဆားချက်၍သုံးကြသည်။
တိုင်းရင်းဆေးခန်းသုံးဆေးနံပါတ်-၁၇-
သွေးဆေးနီကြီးတွင်၄င်း
ဆေးနံပါတ်-၃၆-တွင်၄င်း
ဆေးနံပါတ်-၄၄-ကတိုးလိမ်းဆေး တွင်၄င်း ဆေးနံပါတ်-၄၅-အကြောလိမ်းဆေး တွင်၄င်းဖုံးမသိမ်ပါသည်။
ဆေးအဘိဓာန်များတွင်။ ။ဖုံးမသိမ်သည်
သွေးသလိပ်နာ-ရင်နာကိုနိုင်၏ ဒေါသသုံးပါးကို
ဖျောက်ခြင်း ကုတ်ဟီးနာ ချောင်းဆိုးနာ အပင်အပန်းနာတို့ကိုနိုင်၏။ ငန်းနာ သန္နိပါတ် အဘိန်ညာဉ်ရောက်သောအနာ ဓာတ်လေးပါးပျက်ခြင်းအနာကို
နိုင်၏ဟုဖွင့်ဆိုကြသည်။
ထို့ပြင် နိဂန္တုရတနာကရကျမ်းတွင်..ချို၏ ခါး၏ မွှေးကြိုင်၏ ကြေလွယ်၏ မျက်စေ့ကိုကျေးဇူးပြု၏ ဒေါသ မလတို့ကို ခန်းခြောက်စေ၏၊ စပ်၏၊ နှလုံး၏နှစ်သက်ခြင်းပြုတတ်၏ အကြောကိုပြုတတ်၏ သလိပ်နာ ကိုယ်ပူနာ ရေငတ်နာ သွေးအန် သွေးယိုစီးသောအနာ လည်ခြောင်းရောဂါ ခံတွင်းအရသာပျက်သောရောဂါ ကိုယ်နံ့မကောင်းသောရောဂါအဖျဉ်းရောဂါ ဆီးသွန်ရောဂါပျောက်သည်ဟုဆိုထားပါတယ်၊
ဆေးဖက်ဝင်ပြီး ထင်ရှားလှသော ဖုန်မသိမ်အပင် လေးကို လက်တွေ့မြင်ခဲ့ရတာမို့ ကြေနပ်အားရမိပါတယ်၊ ကျနော်က ဆေးအကြောင်းနားမလည်ပေမဲ့ အပင်လေးရဲ့ အမည် taxonomi description ကိုတော့ ဖြည့်စွက်ပေးနိုင်ပါတယ်၊ ဒီအပင်လေးတွေကို ကိုယ်ကိုတိုင်လည်းစိုက်ပျိုးခြင်မိတယ်၊ သဘာဝဘယဆေးပင် စစ်စစ်နဲ့ ဖေါ်စပ်ထားသော တိုင်းရင်းဆေးများဟာ အစွမ်းထက်မြက်ပြီး ဘေးထွက်ဆိုးကျိုးလည်းနဲလှတာမို့ အားထားသင့်လှပါတယ်....မိတ်ဆွေများလည်းဖြေ့စွက်ဆွေးနေးပေးပါရန် ဖိတ်ခေါ်ပါတယ်
Refernces
Wikipedia website
Flora of China
E flora.org
credit~ရာဝဏရာဝဏ" ရဲ့ မြန်မာ့ ဆေးဖက်ဝင်အပင်များ
==================================ဖုံမသိမ် (ခေါ် )
ဖုံးမသိမ်ရွက်ရဲ့ဆေးဘက်ဝင်ပုံများ
*************************
ဖုံးမသိမ်အရွက်ဟာ အနံ့အရမ်းပြင်းတယ်
လူတိုင်းမသောက်နိုင်တဲ့အနံ့ဆိုးကိုပိုင်ဆိုင်ထားတယ်
အနံ့ဆိုးသလောက် ဆေးစွမ်းလည်းထက်တယ်
ကျွန်တော်သိရလောက်လေးတွေကို
ပြန်လည်မျှဝေပေးမယ်နော်
၁။ချောင်းဆိုးခြင်းအတွက်
ချောင်းဆိုး ပန်းနာ ရင်ကြပ်
သလိပ်ပါခြင်း၊သွေးပါခြင်း၊
ချောင်းခြောက်ဆိုးခြင်း
ချောင်ဆိုးတာနဲ့ပတ်သတ်လာရင်
ဖုံးမသိမ်အရွက်ကိုခူးရေစင်အောင်ဆေး
အရည်ထွက်အောင်ညှစ်/ထောင်းပါ
ပြီးလျှင်ရရှိလာတဲ့အရည်ကို ဆားနဲနဲခတ်ပြီး
မနက်တစ်ကြိမ် ညတစ်ကြိမ်သောက်ပေးပါ
အနံ့ကတော့တော်တော်ဆိုးပါတယ်
အနံ့ဆိုးသလောက် ဆေးစွမ်းလည်းတကယ်ထက်ပါတယ်
သောက်ပြီးတာနဲ့ချက်ချင်းသိသာပါတယ်
မယုံမရှိပါနဲ့လက်တွေ့သောက်လက်တွေ့
ပျောက်လို့မျှဝေပေးတာပါ။
၂။အကြောရောဂါအတွက်
အကြောဆွဲ၊ ခြေသေ၊ လက်သေ၊ လေမလျှောက်၊
ကိုယ်တစ်ခြမ်းလေး၊ အခိုးမပွင့်သည့်ရောဂါ၊
လေငန်းဖြတ်ရောဂါ၊ ကိုယ်လက်ကိုက်ခဲခြင်းများကို
ဖုံးမသိမ်ရွက်အရည်+အရက်+နှမ်းဆီ+သံပုရာရည်တို့ကို
ရောစပ်၍လိမ်းပေးခြင်းဖြင့် သက်သာစေပါသည်။
၃။ဆီးရောဂါအတွက်
ဆီးရောဂါအတွက်လည်းကောင်းတဲ့ဖုံးမသိမ်
လက်ဆတ်တဲ့ ဖုံးမသိမ်ရွက်ကိုခူး
နုတ်နုတ်စင်းရေစင်အောင်ဆေး
ရေ၁လီတာကိုဆူပွက်အောင်တည်ပြီး
ဖုံးမသိမ်အရွက်ကိုထည့်ပြီး
ရေနွေးအဖြစ်သောက်သုံးမယ်ဆိုရင်
ဆီးရွှင်စေပါတယ် ဆီးကျောက်တည်ခြင်းကိုလည်း
ဆီးသွားရင်း ဆီးနဲ့အတူဆီးကျောက်ပါပါသွားနိုင်ပါတယ်။
မသိသူကျော်သွားသိသူဖော်စား
credit~Nway Oo
==============
ဖုံးမသိမ် ၏ဆေးဖက်ဝင်အသုံးများနောက်တစ်နည်း
***********************************
မနေ့ ဖုန်းမသိမ်အပင်ပုံနိဒါန်းပိူး
ရေးခဲ့ပါတဟ် ဒီနေ့တော့ ကျမ်းစာ
တွေကပြတဲ့ဆေဆးအသုံးအနည်း
ငယ်နဲ့ ဖုန်းမသိမ်ရဲ့ဂုဏ်သတ္တိအစွမ်း
လေးဖေါ်ပြပေးပါမယ် အကျဉ်းလောက်
ပေါ့နော်
*ဖုန်းမသိမ်၏ဂုဏ်နဲ့ရသ
ခါး၏ စပ်၏ အေး၏ သုတ်ကိုဖြစ်
စေ၏သလိပ်သွေးလျှံနာကိုနိင်၏ရေငတ်နာကိုယ်ပူနာ ကိုနိင်၏ ဝမ်းမီးတောက်၏
ခံတွသ်းသန့်ရှင်းစေ၏ ပိုနှင်သန်ကိုနိုင်၏
#*မြန်မာဆေးကျမ်းအလို
ပူ၏ ပွင့်၏
၁။အခိုးပွင့်ဒေါသ၃ပါးနိုင်၏
ဆေးသုံးရာတွင် (အတွင်းစား
ဆေးအသုံးနည်း)သော်လည်းအဖွင့်လိမ်း
ဆေးတွင်အသုံးအလွန်များ၏အကြောဆွဲ
အကြောသေ လက်သေ လေမလျှောက်
ကိုယ်တစ်ခြမ်းလေး-လေဖြတ် အခိုးမပွင့်
သည့်ရောဂါများ လေငန်းရောဂါများကိုယ်
လက်ကိုက်ခဲရောဂါများ အဓိကမြန်မာရိုး
ရာလိမ်းဆေးကြီးအဖြစ်
(က)ဖုံးမသိမ်
(ခ)အရက်
(ဂ)နှမ်းဆီ
(ဃ)သံပုရာရည်
၂း၅း၁း၂အခိူးအအတိုင်းအများစု
ရောစပ်အသုံးပြု၏အေးသောဒေသ
တွင် ဖုံးမသိမ်ကို ၃အခိူထိထည်သုံး
၏
&*ဓါတ်ဆေးပိုင်နိင်သောဆရာများ
သည် *ဖုံးမသိမ် ပြာဆားချက်ပြီး**အ
စွမ်းထက် လေငန်ဆေးအဖြစ်ဖေါ်စပ်ကု
သကြ၏
(သဘာဝဓမ္မဆရာဦးမြဝင်း-ရုပ်ပြ
ဆေးအဘိဓါန်ကျမ်း)
၂။ဖုံးမသိမ်သည် ဒေါသ၃ပါးကိုဖျောက်
တတ်ခြင်း ကုက်ဟီးနာ ချောင်းဆိုး
နာ အပင်အပန်းနာတိုကိုပျောက်စေ
၏
(ဒဗ္ဗဂုဏ)
၃။ဖုံးမသိမ်သည်သွေး လေ သလိပ်
တို့ကိုလည်ကောင်းရင်ဘတ်နာကို
၎င်းပယ်ဖျောက်နိင်၏(ဓါတုရသ)
၄။သွေးသလိပ်ရင်ဘတ်နာကိုအထူးနိင်
၏ဒေါသ၃ပါးဖျောက်နိုင်၏ကုက်ဟီးနာ
အပင်အပန်းနာ ငန်းနာ သန္နိပါတ်နာ
အဘိဥာဉ်ရောက်သောအအနာများ
ဓါတ်လေးပါးပျက်အနာကိုနိုင်၏
(သမားလက်စွဲကျမ်း)
*မြန်မာ့ရိုးရာ မြစ်ခြင်းပြီးဆေးကုနည်း
ဖုံးမသိမ်အစွမ်း
၁။ရုတ်ခြည်း ကိုယ်တစ်ခြမ်းသေအ
ကြောဆွဲ လေမလျောက် ဖြစ်ပြီးလေ
ဖြတ်ဖြတ်ခြင်းတွင်*ဖုံမသိမ်၁ကျပ်သား
အားအရက်နှင်ရှောက်ရည်ဖျော်ပြီး
အသားတွင်းစိမ်ဝင်အောင်လိမ်းပေး
ပြီး ရွေးငယ်ခန့် အရက်ဟင်းစားတစ်
တစ်ဇွန်းနဲ့တိုက်သော် [သွေးကြော
ပိတ်]လေဖြတ်နာတွင် နာရီပိုင်းအတွင်း
သက်သာစေ၏ပျောက်စေ၏
၂။ဖုံးမသိမ်ပင်မှအကိုင်အားချက်ခြင်းခူ်း
ပြီးထွက်လါသောအစေးအားသွားနာ
သွားကိုက်ထည့်ပေးပါကမိနစ်ပိုင်းတွင်း
နာကျင်မူ့ပျောက်၏သွားပိုးပေါက်နာ
အား နေစဉ်၇က်ခန့်ထည့်ပေးပါကသွား
ပိုးစားနာသက်သာ၏၂နှစ်ခန်ထိ မနာ
တော့။
၃။သွေးဝမ်းကိုက်သော်ထိုဖုံးမသိမ်အရွက်
အရည် ရေနွေးကြမ်းသောက်အခါးပုဂံ
တစ်ဝက်ခန့်ညစ်ယူပြီး ဆာအနည်း
ငယ် ရွေးကြီးစေ့ခန်ထည့် ပြီးမနက်နေ
ညတိုက်ပေးပါချက်ခြင်းရပ်၏လုံးဝ
သွေးဝမ်းကိုက်ခြင်းပျောက်လိုက၃ရက်
ဆက်တိုက်ရ၏
၄။နာတာရှည်လေထိုးလေအောင့်ရောဂါ
စွဲကပ်နေပါက ဖုံးမသိမ်ရွက်သတ္တုအ
ရည်လ္ဘက်ရည်ကြမ်းပုဂံတစ်ဝက်ကို
ဆားခတ်ပြီးမနက်/ည ရက်ပေါင်း
၃၀သောက်သော်အမြစ်ပြတ်ပျောက်၏
၅။ရှေးခေတ်ဖုံးမသိမ်သက်ရှည်ဆေး
ဖေါ်နည်းကား
*ဖုံးမသိမ်ပဉ္စ ၅ပါးအပင်များယူ၍မီး
ရိူ့ပြာချခါ ထိုပြာအားဆားချက်ယူပါ
ထို
-ဖုံးမသိမ်ပြားဆား ၁ကျပ်သား
-ပျာရည် ၅၁ကျပ်သား
နာနာမွှေခါ ထားပြီးညဉ့်နံနက်ကော်ဖီ၁
ဇန်းသောက်ပါက ကျမ်းမာဝဖြိုးပြီး အခြားဝေဒနာများမကပ်ရောင်နိုင်ဟု
ရှေးမြန်မာဆရာကြီးများရှေးခေတ် လူကြီး
များ အထူးသဖြင့် ကျေးလက် နေလူကြီးများ ဖေါ်စားလေ့ရှိပြီးဝအစာ
ကြေ လေနိုင်ဆေးအဖြစ်လဲ ဖေါ်စပ်စား
သလို ဥတုဖျားများဖျားသော် ထိုဖုံးမသိမ်
ဆားအား အနည်းငယ် ရေနွေးဖြင့်
သောက်စောင်ခြုံ ၁နာရီခန့်အကြာချွေး
ထွက် အဖျားပျောက်ဆေးအဖြစ်လဲသုံး၏
&*အိန္ဒိယဆေးကျမ်းအာယုဗ္ဗေဒအလို
ဖုံးမသျမ်သည် ခါး၏စပ်၏အေး၏
ဝိပါက၌စပ်၏
ကြေလွယ်၏ ထက်၏ အဆုပ်ကိုအ
ထူးအားရှိစေ၏ အဆုပ်နာ၌(ပရုပ်)ထက်
{ဖုံးမသိမ်}သာလွန်၏အကိူးပြု၏မျက်စိ
အတွက်လဲကောင်း၏နုတ်မမြိန်ခြင်းခံတွင်းအာခြောက်ခြင်းရေငတ်ခြင်းခံတွင်အနံမ
ကောင်းခြင်းကိုလည်းနိုင်၏
&*ဂျာမန်ဟိုမြိုပက်တစ်ဆေးကျမ်း
ဖုံးမသိမ် ၃၀ဂရမ်အား အရက်
ပျံ ၇၀ဂရမ်တွင်ထည့်ဖျော်ပြီးတရက်လျင်
လူပ်ခါမူ့အကြိမ်၁၀၀၀ခန်ပြုပြီး၁၀ရက်မျှ
အကြာတွင် လေဆေး/အအေူမိနာစေး
ဖျား/အခိးုပိတ်ချွေးမထွက်ညောင်းညာ
ကိုက်ခဲခြင်းအားရေနွေးနွေး ၃၀ဂရမ်တွင်
လူကြီးအစက်၅စက်ခန် အသက်၁၅နှစ်
အောက်၃စက်ခန့်တိုက်ပေးခြင်းဖြင့်အစွမ်းထက် ဆေးအဖြစ်အသုံးပြု၏
(ဂျာမန်ဟိုမြိုပက်တစ်ဆေးကျမ်းတ
တိယတွဲ-စာမျက်နှာ ၂၃)
*ဆေးအသုံးများစွာရှိပါကြောင်းအဓိက
အားဖြင် [ဖုံးမသိမ်]မှထုပ်သောဖုန်းမသ
ိမ် မှခွဲထုပ်သော *ပရုပ်ဆိုတာရှိ၏ထိုအ
တူပရုပ်ပင်မှ ခွဲထုပ်သောဖုံးမသိမ်ဆိုတာ
လည်းရှိ၏သိုသော်
[ပရုပ်]ဟုအလွယ်ရောနှောသုံးသော်
လည်း ဆေးဘက်ဝင်ပုံ ဆေးအသုံးပြု
ပုံ ဆေး၏အကိူးသွားများလုံးဝမတူကွဲ
ပြားပါပေသည်။
*&ထိုကြောင်စတင်ထုပ်လုပ်သော
ဂျပန်/တရုပ်ဖေါ်မိုဆာ တိုမှလာသော
ဖုန်းမသိမ်အား လေးထောင်ပုံဆောင်ခဲ
အလုံထုပ်ပြီး*ပရုပ်နဲ့ ကွဲပြားစေရန်သီး
သန့် လူတိုင်းသိအောင်ထုပ်ခြင်းဖြစ်
သည်ကိုသတိပြုသင့်၏
**ပရုပ်ပင်သည်နှစ်ရှည်ပင်မိူးကြီးဖြစ်၏
$*ဖုံးမသိမ်သည် ၁၀လမှ၃နှစ်၁၀နှစ်ခန့်
သာသက်တမ်းထာပြီးဆေးဖေါ်သော
အပင်ခြင်း[မိူးနွယ်ဗီဇခြင်း]လုံးဝ လုံး
ဝမတူပါ။ ရှေးခေတ်မြန်မာဆရာခေတ်
သစ် မြန်မာဆရာတိုင်းသည် အခြားဆေး
များအမူန်ပြုပြီး ပရုပ် /ဖုံးမသိမ်ဆေး
ပါသောဆေးအား နောက်ဆုံးမှကြိတ်ချေ
ပြီးအပေါ်မှ ဖြူးချပြီး စနစ်တကျ ဆေးနှံ
အောင် မွှေခြင်းကိုပြရပါတယ်။
ယနေ့အမူန့်ကြိတ် စက်ထဲလုံးဝ
ထည့်ခဲ၏ ဆေးခန်းသုံးဆေးအဖြစ်အသုံး
ချသောဆရာများတစ်ခိူ့ကုသရေးဘက်မှာနံမည်အလွန်ရသည်ကိုလေ့လါကြည့်ပါ
က [စနစ်တကျ အစစ်အမှန်ကို ကိုယ်တိုင် ဖေါ်စပ် သုံးစွဲရခြင်းကြောင်း
တွေ့ရ၏]
®¥ဆေးတစ်ဖုံဖြစ်ဖို့ အလွန်မလွယ်ပါ
&*ဆရာစစ် ဆေးစစ် ဆေးမှန်များတွေ့
ပြီးရောဂါခတ်သိမ်းကင်ငြိမ်းပါစေခင်ဗျာ
ကျမ်းမာချမ်းသာပါစေ
*ဆေးပင်များသီးန့်တင်ကြတဲ့ဆရာများ
ဖြစ်တဲ့ ဆြာရာဝဏ ဆြာနေမိူးထက်
ထက် ဆြာ ဦးသူရ ဆြာဟိန်းစသည်ဖြင့်
gpမှာသီးသန့်ရှိပါတယ်အလွန်ထူးချွန်ပြီး
လေ့လါမူ့အားကောင်းပြီး ကိုယ်ထမင်း
ကိုယ်စား ခါးညောင်းခံ ဖုန်းဘေလ်ဖိုး
အကုန်ခံပြီး (စေတနာ မေတ္တာ ဝါသနာဖြင့် သိသမျှလေး များကိုမျှဝေ
ကြတဲ့ ကျနော့်ညီနောင်/ညီမများအကို
ကြီး/အမကြီးများအခြားအခြားဆရာ
/မ ကြီးများကိုလည်း ဂါရပြုပါတယ်
ကျေးဇူးတင်ပါတယ်။
&*ကျနော်နှိပ်စက်သမျှ အကူအညီ
မငြီးမငြူပေးတဲ့ ဆရာဦးသူရကို ခုပုံ
တွေအတွက်ကျေးဇူး တင်ပါ၏။
credit~MeLoveKeep
မြန်မာ့ဆေးစွမ်းနှင့်အိမ်တွင်းဆေးမြီးတိုများ
မူရင်းရေးသားသူအားလုံးကိုလေးစားစွာcreditပေးပါသည်။