Dr.Slim weight management clinic and counseling services

Dr.Slim weight management clinic and counseling services Online counseling clinic- messenger၊ ဖုန်း၊ viber တို့မှ တိုင်ပင်ဆေးနွေးကုသပေးခြင်း

ဆီးချိုနှင့် အစားအစာများ အပိုင်း (၃) 👉ဆီးချိုရောဂါ ရှင်တွေ က သစ်သီးဖျော်ရည်တွေကော သောက်လို့ရလား?❌အသီးတွေကို ကြိတ်ပြီး ဖျ...
03/03/2025

ဆီးချိုနှင့် အစားအစာများ အပိုင်း (၃)

👉ဆီးချိုရောဂါ ရှင်တွေ က သစ်သီးဖျော်ရည်တွေကော သောက်လို့ရလား?

❌အသီးတွေကို ကြိတ်ပြီး ဖျော်ရည်လုပ်သောက်တာ

မျိုးက ဆီးချို အရမ်းတက်စေပါတဲ့ အပြင် အသီးမှာ

ပါဝင်တဲ့ အမျှင်ဓာတ်တွေကိုပါ

ဆုံးရှူံး သွားစေပါတယ်

✅ဆီးချိုရောဂါရှိသူများအနေဖြင့် ကတော့ အသီး

အတိုင်း ဘဲ စားတာ အကောင်းဆုံး ဖြစ်ပါတယ်

ဆီးချိုနှင့် အစားအစာများ အပိုင်း (၂) 👉ဆီးချိုဖြစ်ရင် အသီးစားလို့ရလား၊ အသီးတွေကော ရှောင်ဖို့လိုလား?? အသီးက စားလို့ရပါတယ် ...
02/03/2025

ဆီးချိုနှင့် အစားအစာများ အပိုင်း (၂)

👉ဆီးချိုဖြစ်ရင် အသီးစားလို့ရလား၊ အသီးတွေ

ကော ရှောင်ဖို့လိုလား??

အသီးက စားလို့ရပါတယ် ၊ သစ်သီးတွေမှာ ခန္ဓာကိုယ်

အတွက် လိုအပ်တဲ့ vitamins နဲ့ အမျှင်ဓာတ် ပါဝင်တဲ့

အတွက် စားပေးရပါတယ်

❌ဒါမယ့် အသီးတွေကို

ပန်းကန်အကြီးထဲမှာ ထည့်ပြီး တစ်ပန်းကန်လုံး

စားပစ်တာ မျိုးတွေတော့ ရှောင်ရပါမယ် ❌

သစ်သီးတွေကို အတိုင်းအဆ မရှိ အများကြီးစားတာ

မျိုးက သွေးတွင်း သကြားဓာတ်ကို တက်စေပါတယ်

သင့်တင့်ပမာဏ အနေနဲ့

✅ပန်းကန်လုံးအသေးတလုံး၊ တစ်လုံးခွဲစာလောက်

စားလို့ရပါတယ်

သစ်သီးတွေ ထဲမှာ မှ အချိုဓာတ် ကဆီဓာတ်

အရမ်းများတဲ့ သရက်သီး၊ ဒူးရင်းသီး၊ မာလာကာသီး၊

ပန်းသီး စတာတွေကိုတော့ အာသာပြေရုံလောက်သာ

စားသင့်ပါတယ်

ဆီးချိုရောဂါနှင့် အစားအစာများ အပိုင်း (၁)👉ဆီးချိုရောဂါက ရေရှည် ကုသမှု ခံယူရမယ့် ရောဂါ ဖြစ်ပါတယ် ။ ဆီးချို ရောဂါ စဖြစ်ပြီ...
01/03/2025

ဆီးချိုရောဂါနှင့် အစားအစာများ အပိုင်း (၁)

👉ဆီးချိုရောဂါက ရေရှည် ကုသမှု ခံယူရမယ့်

ရောဂါ ဖြစ်ပါတယ် ။

ဆီးချို ရောဂါ စဖြစ်ပြီး ဆိုတာနဲ့ လူနာ တော်တော်များ

များက ကြောက်ပြီးတော့ စားနေကျ

အစားအသောက်တွေ အကုန် ဖြတ်ပစ်ကြပါ တယ်

အဲ့မှာအချိုဓာတ်တွေ ပြုတ်ကြကုန်တယ်

ရေရှည် လညိး မထိန်းနိုင်ကြဘဲ တလ လောက်နေရင်

အရင်စားနေကျအတိူင်း ပြန်စားကြတော့ ဆီးချိုတွေ

ပြန်တက် အဲ့လိုတွေ ကြုံတွေ့နေရပါတယ်

အဲ့ဒီတော့ ဆီးချိုရောဂါရှိမှန်း စသိရပြီဆိုရင် မိမိ

ရေရှည် စားသောက်ရမယ့် အစားအသောက်ပုံစံကို

သက်ဆိုင်ရာဆရာဝန်တွေ နဲ့ တိုင်ပင်ဆွေးနွေးပြီး တော့
❌ဘာတွေကို လုံးဝ ရှောင်ရမလဲ

✅ဘာတွေ လျော့စားရမလဲ ?

✅ဘာတွေက စားချင်သလောက်စားလို့ရမလဲ
စသဖြင့် လူနာတွေ အနေနဲ့ သိထားဖို့ လိုအပ်ပါတယ်

မြန်မာနိုင်ငံက ဆန်ကို အခြေခံ ထားပြီး စားသုံးကြ

တာဆိုတော့ ထမင်း ဖြတ်ဖို့ခက်ခဲပါတယ်

ဆီးချိုလူနာတွေကို အကြံပေးချင်တာ ကတော့

ဆန်နဲ့ ပြုလုပ်ထားတဲ့

ထမင်း၊ ခေါက်ဆွဲ၊ မုန့်တီ၊ မုန့်ဟင်းခါး၊ ကောက်ညှင်း၊

ဆန်ခေါက်ဆွဲ စတာတွေကို လျော့စားပေးဖို့ လိုအပ်ပါတယ်

ဒါ့အပြင် ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတွေ ဖြစ်တဲ့

ဂျုံခေါက်ဆွဲ၊ ပေါင်မုန့်၊ နံပြား၊ ချပါတီ ၊ ပေါက်စီ

စတာတွေကလည်း လျော့စားရမယ့် အထဲမှာ ပါပါတယ် နော်


#ဆီးချို

သွေးတိုးရောဂါ ပုံမှန်အားဖြင့် လူတစ်ယောက်ရဲ့ သွေးပေါင်ချိန်ဟာ ၁၂၀/ ၈၀ mmHg ပတ်၀န်းကျင်မှာ ရှိပါတယ်။ သွေးပေါင်ချိန်ဟာ ၁၃၀/...
28/02/2025

သွေးတိုးရောဂါ

ပုံမှန်အားဖြင့် လူတစ်ယောက်ရဲ့ သွေးပေါင်ချိန်ဟာ

၁၂၀/ ၈၀ mmHg ပတ်၀န်းကျင်မှာ ရှိပါတယ်။

သွေးပေါင်ချိန်ဟာ ၁၃၀/၈၀ mmHg

၁၄၀/၉၀ mmHg အကြားမှာ ရှိနေမယ်ဆိုရင် ဒါကို

သွေးတိုးရောဂါလို့ ပြောလို့ မရသေးပေမဲ့ ပုံမှန်ထက်

မြင့်နေတယ်လို့ ယူဆရပါမယ်

သွေးတိုးခါနီး အဆင့်ပေါ့။

👉ဒီအဆင့်မှာ ဘ၀နေမှုပုံစံ၊ အစားအသောက်၊ လေ့ကျင့်ခန်းနဲ့ ထိန်းနိုင်တယ်။

သွေးတိုးခါနီး အဆင့်ကနေ သွေးတိုးရောဂါ

မရောက်အောင် လုပ်ရမှာတွေကတော့ -

✅ဆေးလိပ်ဖြတ်ခြင်း၊

✅Balanced Diet သင့်တင့်မျှတတဲ့ အစာတွေစားခြင်း၊

✅ဆားလျှော့စားခြင်း၊

✅အရက်လျှော့ခြင်း၊ သို့မဟုတ် လုံး၀ဖြတ်ခြင်း၊

✅ကော်ဖီ လဘက်ရည် နဲ့ အခြား ကဖင်းပါတဲ့ ဖျော်ရည်တွေ လျှော့သောက်ခြင်း

✅လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း

✅ကိုယ်အလေးချိန် လျှော့ချခြင်း၊

✅အိပ်ရေး၀၀ အိပ်ခြင်း

✅စိတ်ဖိစီးမှုတွေကို လျှော့ချခြင်းတို့ပဲ ဖြစ်ပါတယ်။



🥚ကြက်ဥအနှစ်​စားရင် အဆီတက်​မှာကြောက်လို့၊ အရသာမကြိုက်လို့ စသဖြင့် အ​ကြောင်းအမျိုးမျိုး​ကြောင့် အကာကိုဘဲစားပြီး အနှစ်ကို ဖ...
27/02/2025

🥚ကြက်ဥအနှစ်​စားရင် အဆီတက်​မှာကြောက်လို့၊

အရသာမကြိုက်လို့ စသဖြင့် အ​ကြောင်းအမျိုးမျိုး​

ကြောင့် အကာကိုဘဲစားပြီး အနှစ်ကို ဖယ်စား​လေ့ရှိ

ကြပါတယ်။

ကြက်ဥ အနှစ် မှာ ဘာတွေပါလဲ ကျန်းမာရေး

အတွက်ဘယ်လိုကောင်းကျိုးတွေပြုလဲ ကြည့်

ရအောင်နော် 👍

✅choline ပါဝင်တဲ့အတွက် ဦးနှောက်နှင့်အာရုံကြော
အတွက် ကောင်းမွန်တဲ့ အထောက်အကူပြုပါတယ်

✅ကြက်ဥအနှစ် တခုမှာ ၅၅ ကယ်လိုရီ ပါဝင်တဲ့အတွက် အာဟာရတန်ဖို့ မြင့်မားတဲ့ အစားအစာ တစ်ခုဖြစ်ပါတယ်

✅ အနှစ်​လေးထဲမှာဆိုရင် ဗီတာမင် A, D, E, K, B1, B2, B3, B6, B12, Omega-3, သံဓါတ်၊ ဇင့်ဓါတ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဆိုဒီယမ်၊ ပိုတက်စီယမ်၊ ​အိုင်အိုဒင်း၊ ပရိုတင်း စတဲ့အာဟာရဓါတ်များစွာ တစ်စုတစ်စည်းတည်း ပါဝင်​နေပါတယ်။

✅ကိုယ်ခံအား​ကောင်းမွန်​စေပါတယ်

✅ခန္ဓာကိုယ်အတွက် ကောင်းကျိုးပြုတဲ့ အဆီ များလည်း ပါဝင်မှု မြင့်မားပါတယ်

✅ နှလုံးကျမ်းမာရေး အတွက်လိုအပ်တဲ့ trytophan, tyrosine စတဲ့ အမိုင်နိုအက်စစ်​တွေ စုံလင်စွာပါဝင်​နေပါတယ်

✅ကြက်ဥအနှစ် မှာ lutein, zeaxanthin နဲ့ antioxidants စတာ​တွေပါဝင်တဲ့အတွက်အမြင်အာရုံ​ကောင်းမွန်​စေတယ်။

✅ကြက်ဥအနှစ်မှာပါဝင်တဲ့ phosvitin ဟာ အူလမ်း​ကြောင်း ကျန်းမာ​စေဖို့ ကူညီ​ပေးပါတယ်။

✅zinc နဲ့ selenium လိုမျိုး သတ္တုဓာတ်တွေပါဝင်နေတဲ့အတွက် အသားအ​ရေ​ချော​မွေ့​စေတယ်။ ဆံသားအတွက်လည်း အကျိုးပြုပါတယ်

✅Vitamin D ပါဝင်တဲ့အတွက် အရိုး သန်မာစေဖို့ အထောက်အကူပြုပါတယ်

✅ကြက်ဥအနှစ်မှာပါဝင်တဲ့ ပရိုတင်း တွေဟာ အစာစားချင်စိတ် ကိုနည်းပါးစေတဲ့အတွက် ကိုယ်အလေးချိန် လျော့ချလိုသူတွေ အနေနဲ့ မိမိစားနေတဲ့ တနေ့တာ meal plan ထဲထည့်သွင်းစားပေးဖို့လိုပါတယ် နော် 🍛🍳

အခုလို အာဟာရတန်ဖိုးမြင့်မားပြီး ကျန်းမာ​ရေး​အတွက်ကောင်းကျိုးတွေ ရရှိနိုင်တာ​ကြောင့် ကြက်ဥစားတဲ့အခါ အကာ​သာမက အနှစ်​​တွေကိုပါ တွဲပြီးစားသုံး​ပေးသင့်ပါတယ်​နော်။

#ကလေးစိတ်ပညာ
#အာဟာရဆရာဝန်

Counseling က ဘယ်လို သူတွေအတွက် လိုအပ်သလဲ? ✅Counseling ရဲ့ အဓိပ္ပာယ်က တော့နှစ်သိမ့်ဆွေးနွေးခြင်းဖြစ်စဉ် ဖြစ်ပါတယ်။ ✅မိမိတ...
26/02/2025

Counseling က ဘယ်လို သူတွေအတွက် လိုအပ်သလဲ?

✅Counseling ရဲ့ အဓိပ္ပာယ်က တော့နှစ်သိမ့်ဆွေးနွေးခြင်းဖြစ်စဉ် ဖြစ်ပါတယ်။

✅မိမိတို့ စိတ်ထဲမှာရှိနေတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ အခက်အခဲတွေ၊ စိတ်ဒဏ်ရာတွေ၊ နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ ရှောင်လွဲလို့မရတဲ့ ပြဿနာတွေ၊ အားငယ်သိမ်ငယ်မှုတွေ၊ မိဘ/သူငယ်ချင်း/ ချစ်သူရည်းစား/လင်မယား ပေါင်းသင်းဆက်ဆံမှုမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ကို Dr.Slim clinic ရဲ့ စိတ်ပညာရှင်များနဲ့ သီးသန့်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်

✅Clients များရဲ့ ကိုယ်ရေးအချက်အလက်များ အပြည့်အဝလုံခြုံမှုရှိစေဖို့ ဦးစားပေးထားပြီး စိတ်ပညာရှင်နဲ့ လွတ်လပ်စွာ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်

💫healthy body, healthy mind💫

ယနေ့ခေတ် လူနေမှု့ ဘဝတွေဟာတိုးတက်လာတာနဲ့အမျှ ပြိုင်ဆိုင်မှုတွေ၊  စိတ်ပင်ပန်း၊ စိတ်ဖိစီး မှု များလှပါတယ် စိတ်ဖိစီးမှုများက...
25/02/2025

ယနေ့ခေတ် လူနေမှု့ ဘဝတွေဟာတိုးတက်လာတာနဲ့အမျှ ပြိုင်ဆိုင်မှုတွေ၊ စိတ်ပင်ပန်း၊ စိတ်ဖိစီး မှု များလှပါတယ်

စိတ်ဖိစီးမှုများကြာရှည်လာတဲ့အခါ

🔹စိတ်ဓါတ်ကျခြင်း

🔹စိတ်တိုလွယ်ခြင်း

🔹စိတ်ပူပန်မှုများခြင်း

🔹ခေါင်းကိုက်ခြင်း

🔹ညအိပ်မပျော်ခြင်း

🔹ရင်တုန်ခြင်း

🔹သွေးတိုးခြင်း

များခံစားရတတ်ပါတယ်။တချို့က မိမိကိုယ် သိရှိပြီး

စိတ်တည်ငြိမ်အောင်တည်ဆောက်နိုင်ပေမဲ့ တချို့

ကတော့ စိတ်ကျရောဂါထိဖြစ်သွားနိုင်သလို

နောက်ဆက်တွဲရောဂါတွေခံစားရနိုင်ပါတယ်။ မိမိ

ဘေးပတ်ဝန်းကျင် မိသားစု ဝင်ထဲမှာ စိတ်ကျရောဂါ

ခံစားနေရသော သူ ရှိပါက နီးစပ်ရာ ဆရာဝန် များထံ

သွားရောက်တိုင်ပင်ဆွေးနွေးပြသဖို့ လိုအပ်ပါတယ်

သွားရောက်ပြသဖို့ အချိန်မပေးနိုင်သူတွေအတွက်

Dr.Slim weight management and counseling

clinic ရဲ့ page messenger မှ ဖြစ်စေ၊

phone no- 09941032823 သို့ ဖြစ်စေ ဆက်သွယ်

ပြီး စိတ်ပညာရှင်များနှင့် Online ကနေ Video call နဲ့

ပြသတိုင်ပင်ဆွေးနွေးလို့ရပါပြီ

ကလေးငယ်လေးတွေ အာဟာရပြည့်ဝပြီးကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးဖို့ အတွက် ဘာတွေကျွေးရမလဲ❓❓❓- မွေးစမှ အသက် ၆လထိကတော့ မိခင်နိ...
24/02/2025

ကလေးငယ်လေးတွေ အာဟာရပြည့်ဝပြီး

ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးဖို့ အတွက်

ဘာတွေကျွေးရမလဲ❓❓❓

- မွေးစမှ အသက် ၆လထိကတော့ မိခင်နို့တမျိုးတည်း ကိုဘဲ တိုက်ကျွေးပါ ✅

- ၆လပြည့်ပြီ ဆိုရင်တော့ ဖြည့်စွက်စာ စကျွေး ရပါပီ

- ဖြည့်စွက်စာ ကျွေးတဲ့အခါ မှာ အခြခံလိုအပ်တဲ့ အစာအုပ်စု တွေ မျှတစွာ ပါဝင်အောင်ကျွေးးပါမယ်

- ထမင်းကျွေးရင် ထမင်းများများ အသားသေးသေး တတုံးကျွေးတာမျိုးက မပြည့်စုံပါဘူး ❌

- ထမင်း မစားတာ၊ကျွေးရခက်တာမျိုးဆိုရင် ခေါက်ဆွဲ၊ ကြာဇံ၊ ပေါင်မုန့် စသဖြင့် ကျွေးလို့ရပါတယ် ✅

- အသားဓာတ် ရဖို့အတွက် အသား၊ ငါး၊ပုဇွန်၊ကြက်ဥ၊ ဘဲဥ၊ ငုံးဥ၊ နွားနို့ နဲ့ နို့ခဲ စတာတွေအပြင် ပဲအမျိုးမျိုး စသဖြင့် အလှည့်ကျ ထည့်ကျွေးနိုင်ပါတယ် ✅

- ဒါ့အပြင် ဟင်းသီးဟင်းရွက်တွေ အသီးတွေ လည်း ပါဝင်အောင်ကျွေးရမယ် ✅

- ကလေးက အသီးအရွက်မစားရင် သေးသေးလေးတွေ တုံးပီး အသားတို့ ကြက်ဥတို့နဲ့ ရော ကြော်ပြီးကျွေးတာ မျိုး တွေကို လုပ်ဆောင်ရပါမယ် ✅

- ကလေးတွေ ကြီးထွားဖွံ့ဖြိုးဖို့ နွားနို့တိုက်ဖို့လုပ်အပ်ပါတယ် ✅

ကလေးစိတ်ပညာ နှင့် အာဟာရဆိုင်ရာ ဆရာဝန် Dr honey win နှင့် Art Generation သင်တန်းကျောင်း မှ ပူးပေါင်းပြီး တော့ သင်တန်းကျော...
24/02/2025

ကလေးစိတ်ပညာ နှင့် အာဟာရဆိုင်ရာ ဆရာဝန်
Dr honey win နှင့် Art Generation သင်တန်းကျောင်း မှ ပူးပေါင်းပြီး တော့ သင်တန်းကျောင်းက ဆရာ၊ဆရာမများ ကလေးငယ်တွေနဲ့ ထိတွေ့ဆက်ဆံပြောဆို ရတဲ့ အခါမှာ အဆင်ပြေ ထိရောက် စေဖို့အတွက် ပြုလုပ်ခဲ့တဲ့

“Child Psychology Workshop“

✅ကလေးငယ်လေးတွေ စိတ်ဝင်စားတဲ့
တော်တဲ့အရာတွေအပေါ်မှာ ကောင်းကောင်း
Support ပေးသွားရင် တစ်ချိန်ချိန်မှာ
ထူးချွန်အောင်မြင်ကြတဲ့သူတွေ ဖြစ်လာမယ်လည်းလို့ ယုံကြည်မိပါတယ်။

ခန္ဓာကိုယ်အသက်ရှင် ရပ်တည် နေထိုင်ဖို့အတွက် လိုအပ်တဲ့ အစာအာဟာရ အုပ်စုတွေကတော့ ၁။ ကဆီဓာတ်အုပ်စု (Carbohydrate)၂။ အသားဓာတ်အ...
22/02/2025

ခန္ဓာကိုယ်အသက်ရှင် ရပ်တည် နေထိုင်ဖို့အတွက်

လိုအပ်တဲ့ အစာအာဟာရ အုပ်စုတွေကတော့

၁။ ကဆီဓာတ်အုပ်စု (Carbohydrate)

၂။ အသားဓာတ်အုပ်စု (Protein)

၃။ အဆီဓာတ် အုပ်စု (Fat)

၄။ ဗီတာမင်အုပ်စု (Vitamins)

၅။ သတ္ထုဓာတ်အုပ်စု (Minerals)

၆။ ရေဓာတ်အုပ်စု (Water) တို့ပဲ ဖြစ်ပါတယ်။

စားသုံးတဲ့အခါမှာ သတ်မှတ်ထားတဲ့ ပမာဏ ပြည့်မှီ

အောင် စားသုံးပေးဖို့ လိုအပ်သလို

အစားအသောက်တွေ ရွေးချယ်တဲ့ အခါမှာ ဆိုရင်

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို

ရွေးချယ်ပြီးစားသောက်ဖို့ အရမ်း အရေးကြီးပါ

တယ်။

ကျန်းမာ သောဘဝ တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ Dr.Slim ရဲ့ Clinical Nutritionist များနှင့် အာဟာရနဲ့ ပတ်သက်တဲ့ တိုင်ပင်ဆွေးနွ...
21/02/2025

ကျန်းမာ သောဘဝ တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့

Dr.Slim ရဲ့ Clinical Nutritionist များနှင့် အာဟာရနဲ့

ပတ်သက်တဲ့ တိုင်ပင်ဆွေးနွေးကုသမှုတွေအပြင်

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် psychologist

များနှင့် နှစ်သိမ့်ဆွေးနွေး မှုများကိုပါ တနေရာတည်း

ရရှိနိုင်မည့် Online Clinic တခု ဖြစ်ပါတယ်ရှင့်။

💫healthy body, healthy mind 💫

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

အသေးစိတ် စုံစမ်းလိုပါက page

messenger မှ ဖြစ်စေ၊ Viber no- 09941032823

သို့ ဖြစ်စေ ဆက်သွယ် မေးမြန်းနိုင်ပါတယ်

Address

Mandalay

Alerts

Be the first to know and let us send you an email when Dr.Slim weight management clinic and counseling services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram