Padauk Power Pharmacy

Padauk Power Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Padauk Power Pharmacy, Pharmacy / Drugstore, 89 Street, Corner 36 St, Mahar Aung Myae Township, Mandalay.

ဝမ်းဟာ ပုံမှန်အတိုင်း အနည်းဆုံး တစ်ရက်တစ်ခါ လောက်တော့သွားသင့်ပါတယ်။ ဝမ်းမသွားတာ ၇၂ နာရီ (၃) ရက်ထက်ကျော်ပြီ မကြာခဏလည်းဝမ်...
07/12/2023

ဝမ်းဟာ ပုံမှန်အတိုင်း အနည်းဆုံး တစ်ရက်တစ်ခါ
လောက်တော့သွားသင့်ပါတယ်။ ဝမ်းမသွားတာ ၇၂ နာရီ (၃) ရက်ထက်ကျော်ပြီ မကြာခဏလည်းဝမ်းအမြဲချုပ်နေတယ်ဆိုရင်တော့ သတိထားပါ...

ဝမ်းမသွားတာကြာရင် ဘာဖြစ်မလဲဆိုတော့..

ဝမ်းမသွားတာကြာတဲ့အခါ အူထဲမှာရှိနေတဲ့အစားဟောင်းတွေကို အူနံရံကစုပ်ယူပါတယ်။ အစာဟောင်းတွေထဲမှာ တာရှည်ခံတွေ ဥပမာ ခေါက်ဆွဲခြောက်၊ အားလူးကြော်၊ အခြားသော တာရှည်ခံ ဓာတုဆေးပါတဲ့မုန့်တွေ၊ ကော်ဖီ၊
အမြန်စားလို့ရတဲ့ ဝက်အူချောင်း ကြက်အူချောင်းလို့ ပြုပြင်ထားတဲ့အစားအစာတွေ၊ စမူဆာ အီကြာကွေး အစရှိတဲ့ဆီကြော်တွေ အကင်တွေ၊ အချိုရည်တွေ၊ မုန့်တွေ အစရှိတဲ့ သဘာဝအတိုင်းမဟုတ်ဘဲ ပြုပြင်ထားတဲ့အစား အသောက်တွေဟာ ရက်တွေကြာလာတဲ့အခါ အူနံရံထဲကိုစိမ့်ဝင်ပါတယ်။

အူနံရံမှာရှိတဲ့ ဆဲလ်တွေဟာ ပြုပြင်ထားတဲ့အစားအသောက်တွေ၊ ဓာတုဆေးဝါးတွေကြောင့် ဆဲလ်ဖွဲ့စည်းပုံ(Cellular Structure) တွေပျက်ပြီးတော့ ပုံမှန်မဟုတ်တော့ဘဲ ရှိသင့်တဲ့အရွယ်အစားထက်ပိုကြီးထွားလာပါတယ်။ အဲလိုကြီးထွားလာတာကို အကြိတ်အဖုတွေထွက်တယ်၊ အသားပိုဖြစ်တယ်၊ ကင်ဆာ ဖြစ်တယ်လို့ သတ်မှတ်ပါတယ်။

အသားငါးတွေကို ရေခဲသေတ္တာထဲမှာ ပလက်စတစ်နဲ့ ထုပ်ပိုးတာဟာ အရမ်းအန္တရာယ်များပါတယ်။
ရေခဲသေတ္တာထဲတွင် အစားအစာကို ပလပ်စတစ်နှင့်ထည့်ပြီး သိုလှောင်ထားတာဟာ အစားအသောက်ထဲကို ပလက်စတစ်ထဲက ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ပျော်ဝင်စေပါတယ်။ ပလပ်စတစ်တွင်ပါဝင်တဲ့ ကင်ဆာဖြစ်စေသည့် စတိုင်ရင်း(Styrene) ဓါတ်နဲ့ ဒိုင်အောက်ဇင်းဓါတ်တွေဟာ အသားငါးတွေ အစားအသောက်တွေထဲကို စိမ့်ဝင်ပါတယ်။ အဲဒါတွေကို အပူပေးချက်ပြုတ်တာ ဆီနဲ့ချက်ပြုတ်တာဟာ ရင်သားကင်ဆာနှင့် ကင်ဆာအမျိုးမျိုး ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း နှင့် မျိုးပွားမှုကိုလည်း ထိခိုက်စေပါတယ်။

ကင်ဆာအကြိတ်အဖုတွေက အူလမ်းကြောင်းရဲ့ ပုံမှန်းလုပ်ငန်းတွေကို မလုပ်နိုင်အောင်နှောင့်ယှက်ပါတယ်။ အူတွေလှုပ်တာတွေ၊ အကျိအချွဲထုတ်ပေးတာတွေ၊ အစာဟောင်းတွေကို တွန်းထုတ်တာတွေ အစားဟောင်းရဲ့အဟာရကို စုပ်ယူတာတွေ မလုပ်နိုင်တဲ့အခါ ဝမ်းပိုချုပ်တာတွေနဲ့ အခြားအူလမ်းကြောင်းကျန်းမာရေး မကောင်းတော့တာတွေ အာဟာရမပြည့်ဝတာတွေ ဖြစ်လာစေပါတယ်။

အလုံးအကြိတ်တွေပိုကြီးလာတော့ လူတစ်ယောက်ရဲ့ ကျန်းမာရေးကိုသာမကဘဲ အသက်ရှင်မှုအထိပါ အနှောင့်ယှက်ဖြစ်လာစေတော့တာပါပဲ။

အကြမ်းဖျဉ်းအားဖြင့် ကင်ဆာရောဂါလို့ ခေါ်ကြပါတယ်။

ကင်ဆာရောဂါဟာ အစားအသောက်အနေအထိုင်ကြောင့်ဖြစ်တာနဲ့ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်တတ်ကြပါတယ်။

ဝမ်းမှန်ဖို့ ခါးအောက်ပိုင်းလေ့ကျင့်ခန်းများများလုပ်ပါ။ လမ်းလျှောက်ပါ၊ တတ်နိုင်ရင် GYM ကစားပါ၊ အားကစားလုပ်ပါ။ ရေကို တစ်နေ့ ၃ လီတာလောက် သတိထားပြီး ရအောင်သောက်ပါ။ အမျှင်ဓာတ်ပါတဲ့ အသီးအရွက်တွေ၊ အစိမ်းရောင် အရွက်တွေများများစားပါ။ အစိမ်းရောင်အရွက်တွေမှာ ကင်ဆာဖြစ်စေတဲ့၊ ဓာတ်တိုးစေတဲ့ Radical တွေကို တိုက်ဖျက်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင် Antioxidant တွေ အများကြီးပါပါတယ်။ လေ့ကျင့်ခန်းလုပ်ရင်လည်း ခန္ဓာကိုယ်ရဲ့ Immuse System ကို မြှင့်တင်ပေးပါတယ်၊ ရောဂါကာကွယ်တဲ့စနစ်ကို မြင့်တက်စေပါတယ်။

ပြုပြင်ထားတဲ့ အသင့်စားလို့ရတဲ့ အစားအသောက်တွေရှောင်ပါ၊ ဆီကြော်တွေ၊ ကော်ဖီ၊ လက်ဖက်ရည်၊ အကင်တွေရှောင်ပါ၊ အသီးအရွက်များများစားပါ၊ ဒိန်ချဉ်သောက်ပါ။ အစားအသောက်တွေကို ဆီနဲ့ကြော်စားတာထက် ဆီးနည်းနည်းနဲ့ ရေနဲ့ချက်ပြုတ်စားပါ။

"ရသာရတနံ" လို့ခေါ်တဲ့ ပါးစပ်အလိုမလိုက်ပါနဲ့။

ကျန်းမာကြပါစေ။

#အူလမ်းကြောင်းမကောင်းလို့၈ကြိမ်ခွဲစိတ်ခန်းဝင်ဖူးသူ

Credit

အဖျက်စွမ်းအား ပြင်းထန်နိုင်သည့် 🌪️ မိုခါမုန်တိုင်းကြီး ကြောင့် ကူညီ/ကယ်ဆယ်ရေးဆိုင်ရာ ကိစ္စရပ်များ အား လျှင်မြန်စွာတုန့်ပ...
11/05/2023

အဖျက်စွမ်းအား ပြင်းထန်နိုင်သည့် 🌪️ မိုခါမုန်တိုင်းကြီး ကြောင့်

ကူညီ/ကယ်ဆယ်ရေးဆိုင်ရာ ကိစ္စရပ်များ အား

လျှင်မြန်စွာတုန့်ပြန်၍ ပူးပေါင်းကူညီဆောင်ရွက်နိုင်ရန် အတွက်

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး ကော်မတီ)

ညှိနှိုင်းကွက်ကဲမှုအောက်ရှိ ခရိုင် / မြို့နယ် အသီးသီး မှ

လူမှုကူညီကယ်ဆယ်ရေး အသင်း/အဖွဲ့များ အနေဖြင့်

သက်ဆိုင်ရာ ခရိုင်/မြို့နယ် ကော်မတီများ နှင့်

အဆက်မပျက် ချိတ်ဆက်ထားကြပါရန် နှင့်

လိုအပ်လာပါက တိုင်းကော်မတီရုံး သို့ တိုက်ရိုက် သတင်းပို့ကြပါရန်

နှိုးဆော် အပ်ပါသည်။

🙏🙏🙏🙏🙏🙏🙏🙏

မိတ်ဖက် ညီနောင်အသင်းများ အနေဖြင့်လည်း

အရေးကြုံလာပါ လျှင်မြန်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ရန်

မိမိတို့ အသင်းများ ၏ လုပ်ဆောင်နိုင်မှု နှင့် အင်အားအခြေအနေ တို့ကို

094401191190 (Viber) သို့ ဆက်သွယ် ချိတ်ဆက်ထား နိုင်ပါသည်။

🙏🙏🙏🙏🙏🙏🙏🙏

Crd

အားလုံးဘေးအန္တရာယ်ကင်းရှင်းပြီး
ကျန်းမာချမ်းသာကြပါစေ 🙏🙏🙏
#ပိတောက်ပါဝါဆေးဆိုင်

Heat Stroke ကိုသတိထားပေးပါနော်☀️လွန်ခဲ့သောရက်ပိုင်းအတွင်းမှာ အသက် ၂၃ နှစ်အရွယ်လူငယ်တစ်ဦး နေပူပြင်းချိန်တွင် အပြင်မှပြန်လ...
19/04/2023

Heat Stroke ကိုသတိထားပေးပါနော်☀️

လွန်ခဲ့သောရက်ပိုင်းအတွင်းမှာ
အသက် ၂၃ နှစ်အရွယ်လူငယ်တစ်ဦး နေပူပြင်းချိန်တွင်
အပြင်မှပြန်လာပြီး
ရေခဲသေတ္တာထဲက ရေသန့်ဗူးကိုယူသောက်မိပါတယ်တဲ့

ခဏအကြာမှာပဲ နုတ်ခမ်းတွေပြာနှမ်းလာပြီး
စကားမေးမရဖြစ်လာတဲ့အတွက်ဆေးရုံကိုပို့ဆောင်နေစဉ်မှာပဲ
သေဆုံးသွားခဲ့ပါတယ်တဲ့

သူသောက်ခဲ့တဲ့ရေကိုစစ်ကြည့်တော့လဲ ရိုးရိုးရေပါပဲ၊
အလောင်းကိုခွဲစိပ်စစ်ဆေးကြည့်တဲ့အခါမှာတော့
ဦးနှောက်သွေးကြောပြတ်ပြီးသေဆုံးကြောင်း
ဆရာ၀န်ကြီးတွေကအတည်ပြုခဲ့ပါတယ်တဲ့

အခုလိုပူပြင်းတဲ့ရာသီကိုရောက်တဲ့အခါမှာ
ပြင်းထန်တဲ့နေပူဒဏ်ဟာ အရေပြားကနေတဆင့်
ခန္ဓာကိုယ်သွေးကြောထဲကိုရောက်ရှိသွားပြီး၊
အပူအအေးဆန့်ကျင်ဘက်ဖြစ်စဉ်
ပြင်းပြင်းထန်ထန်ဖြစ်ပေါ်လာတတ်ပါတယ်တဲ့ ။

နေပူထဲက နေ အအေးထဲကိုရုတ်ချည်း၀င်ရောက်ခြင်း၊
ရေအေးသောက်ခြင်း၊ ရေချိုးခြင်း၊အအေးခန်းတွင်း
ကနေရုတ်တရက်ပူပြင်းတဲ့နေရောင်ထဲကိုထွက်ခြင်းတွေကြောင့်
လူ့ခန္ဓာကိုယ်မှာအပူအအေးရုတ်တ
ရက်ပြင်းထန်စွာပြောင်းလဲမှုဖြစ်စဉ်ဖြစ်ပေါ်ပြီး
Heat Stroke မြန်မာလို ( အပူရှပ်ခြင်း ) ဖြစ်ပေါ်ပါတယ်တဲ့

Heat Stroke ဖြစ်ပြီဆိုရင် အပူအအေးရုတ်ချည်းပြောင်းလဲတဲ့အတွက်
ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးကြောတွေဟာပူလို့
ကျယ်တဲ့ဒဏ်၊အေးလို့ကျုံ့တဲ့ဒဏ်တွေကြောင့်
သွေးစိးကြောင်းအကျဉ်းအကျယ်ဖြစ်တဲ့ဒဏ်ကို
မခံနိုင်တော့ပဲသွေးကြောကြီးတွေဆိုအက်ကွဲလာပြီး၊
သွေးကြောငယ်လေးတွေဆိုပြတ်ထွက်တာတွေ
ဖြစ်နိုင်ပါတယ်တဲ့။

အသက်ကြီးတဲ့သူတွေရဲ့ သွေးကြောတွေဟာဟောင်းနွမ်းပြီး
မာဆတ်နေပြီဖြစ်တဲ့အတွက် ပလတ်စတစ်ပိုက်တွေ
ဟောင်းနွမ်းလာတဲ့အခါ မာကျွတ်လာသလို
ကွဲလွယ်ပေါက်လွယ်ဖြစ်လာတာကြောင့်
အသက်ကြီးတဲ့လူတွေမှာပိုဖြစ်လွယ်ပါတယ်တဲ့။

အထူးသဖြင့်အသက် ၅၀ ကျော်လူကြီးတွေ၊ သွေးတိုးရောဂါသမားတွေ
အထူးသတိထားသင့်ပါတယ်တဲ့။

လူကြီးပဲဖြစ်ဖြစ် လူငယ်ပဲဖြစ်ဖြစ် Heat Stroke ဖြစ်ပြီဆို
သတိလစ်တာ၊အဖျားကြီးပြီးတက်တာ၊
ဖျားပြီးဦးနှောက်အမြေးရောင်တာ၊
အူတွင်းသွေးကြောတွေ၊ဦးနှောက်သွေးကြောတွေပေါက်ထွက်တာတွေ
ဖြစ်ပြီးအသက်ဆုံးရှုံးနိုင်ပါတယ်တဲ့။

Heat Stroke မဖြစ်အောင် ဒါတွေကိုရှောင်ရပါမယ်တဲ့-
(၁) နေပြင်းချိန်အပြင်မထွက်ပါနှင့်၊
မလွဲသာလို့ထွက်ရမယ်ဆိုရင်လည်း
အဆောင်း၊ အကာ၊ ထီး၊ ဦးထုပ်ပါရမည်။
(၂) စောင့်ဆိုင်းရသောအလုပ်ဖြစ်လျင်
သစ်ပင်အရိပ်၊အမိုးအကာအောက်မှ စောင့်ပါ။
(၃)ရေသောက်လျင်ရိုးရိုးရေသောက်ပါ။ရေခဲရေမသောက်ပါနှင့်။
(၄)အဲကွန်းကားစီးပြီး၊နေပူရှိန်ပြင်းသောနေရာတွင်ဆင်းရမည်ဆိုလျင်
မဆင်းမီကကြိုတင်ရေသောက်ထားပါ။
အစာအိမ်အတွင်းရေရှိလျင်သွေးကြောများက
ရေကိုစုပ်ယူထားသဖြင့်သာမန်အပူဒဏ်ကို
ခံနိုင်ရည်ရှိသည်။
(၅)နေပူထဲမှလာပြီးခန္ဓာကိုယ်မအေးမီချက်ခြင်းရေမချိုးပါနှင့်၊
မျက်နှာမသစ်ပါနှင့်၊ခြေထောက်မဆေးပါနှင့်။
(၆)ပူစပ်တဲ့အစာစားရင်ကိုယ်အပူရှိန်တက်တတ်ပြီး၊
ပူပြင်းတဲ့နေ့လည်နှင့်ညနေစောင်းတွေမှာ
အရက်သေစာမသောက်စားသင့်ပါ။
(၇)ရေနွေးကြမ်းမှာဆားလှော်အနည်းငယ်ခပ်သောက်တာဟာ
ရှေးလူကြီးများ၏အပူဒဏ်ကာကွယ်နည်းတစ်မျိုးဖြစ်တဲ့အတွက်
ကျင့်သုံးသင့်ပါတယ်တဲ့.

ယခုနှစ်မှာ အယ်နီညိုရာသီဥတုကြောင့်မြန်မာနိုင်ငံဟာ
အပြင်းထန်ဆုံးအပူချိန်ကိုခံစားရမှာဖြစ်တဲ့အကြောင်း
မိုးလေ၀သပညာရှင်တွေကခန့်မှန်းထားကြသလိုပဲ
ပူပြင်းလွန်းတာကြောင့် မီလောင်မှုတွေကို ဆက်
တိုက်ကြုံတွေ့နေကြရပါပြီ။

အပူဒဏ်ဟာ မီးလောင်မှုအပြင် HeatStroke ကိုပါဖြစ်စေနိုင်ပြီး
အသက်အန္ဒရာယ်ကိုပါထိခိုက်နိုင်တာကြောင့်
လုပ်ရိုးလုပ်စဉ်အလုပ်တွေကို ပုံမှန်ရာသီဥတုမှာလို
ပေါ့ပေါ့ဆဆ သွားလာနေထိုင်လုပ်ကိုင်နေရုံနဲ့
မလုံလောက်ပါကြောင်းနှင့် Heat Stroke မဖြစ်အောင်
သတိထားပြီးနေထိုင် သွားလာသင့်ပါကြောင်း
နိုးဆော်တင်ပြလိုက်ပါတယ်ခင်ဗျား။

မှီငြမ်းကိုးကား;
၅-၃-၂၀၁၆ နေ့ထုတ်ကြေးမုံသတင်းစာပါ
ဆောင်းပါးရှင်ကြည်လွင်မြင့်(မုဒြာ)၏
Heat Stroke ရောက်လာပြီ ဆောင်းပါး
ရွှေကြာ

Photo-credit

Address

89 Street, Corner 36 St, Mahar Aung Myae Township
Mandalay

Telephone

+95943158880

Website

Alerts

Be the first to know and let us send you an email when Padauk Power Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram