အားသစ်ထွန်း ၂၄ နာရီ ဆေးခန်း နှင့် အိမ်အရောက် ကျန်းမာရေး ဝန်ဆောင်မှု

  • Home
  • Myanmar
  • Mandalay
  • အားသစ်ထွန်း ၂၄ နာရီ ဆေးခန်း နှင့် အိမ်အရောက် ကျန်းမာရေး ဝန်ဆောင်မှု

အားသစ်ထွန်း ၂၄ နာရီ ဆေးခန်း နှင့် အိမ်အရောက် ကျန်းမာရေး ဝန်ဆောင်မှု တီဘီ ငှက်ဖျား အခမဲ့ ကုသမှူခံယူနိုင်ပါသည်။

ဆီးချိုရောဂါ သတိထားစရာ
06/07/2025

ဆီးချိုရောဂါ သတိထားစရာ

05/07/2025
🏥 ကျန်းမာရေးကိစ္စ ဆိုတာ အချိန်မရွေး ဖြစ်ပေါ်နိုင်ပါတယ် 🚨အရေးပေါ်အခြေအနေတိုင်းမှာ ဆေးကုသမှူ ခံယူနိုင်ဖို့ အားသစ်ထွန်း ဆေး...
30/06/2025

🏥 ကျန်းမာရေးကိစ္စ ဆိုတာ အချိန်မရွေး ဖြစ်ပေါ်နိုင်ပါတယ်
🚨အရေးပေါ်အခြေအနေတိုင်းမှာ ဆေးကုသမှူ ခံယူနိုင်ဖို့ အားသစ်ထွန်း ဆေးခန်းမှာ ၂၄ နာရီဝန်ဆောင်မှူပေးလျက်ရှိပါတယ်

ရရှိနိုင်တဲ့ ဝန်ဆောင်မှူများ
👨‍⚕️အတွေ့အကြုံရှိ ဆရာဝန်များနှင့် ဆေးကုသမှူခံယူနိုင်ခြင်း
🩻ဓါတ်မှန်၊ ဆီး၊ ဝမ်း၊ သွေး ၊ အသားစ အဖြေများ နှင့် ရောဂါ အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခြင်း
🚑အိမ် အရောက် ကျန်းမာရေး စောင့်ရှောက်မှူ ခံယူနိုင်ခြင်း
💉ကာကွယ်ဆေး အမျိုးမျိုး ထိုးနှံနိုင်ခြင်း
💖လက်မောင်းတွင်းထည့် သန္ဓေသားပစ္စည်း ထည့်ပေးခြင်း
🛠️ထိခိုက်ဒဏ်ရာများ
🩺အသေးစားခွဲစိတ်မှူ များ
🦠အရေပြား ရောဂါ အမျိုးမျိုး
🩸နာတာရှည် ရောဂါ အမျိုးမျိုး တို့ကို ကုသမှူ ခံယူနိုင်ပါသည်။

🏥၅၅ & ၁၁၃ D ၊ မြရည်နန္ဒာမြို့သစ်၊ မန္တလေး။
📲09444014071
📲09798748481

နောက်ဆုံးပေါ်  Covid 19 ကာကွယ်ဆေး ရပီဗျ # covid 19 vaccine # Mandalay # 24 hrs clinic
27/06/2025

နောက်ဆုံးပေါ် Covid 19 ကာကွယ်ဆေး ရပီဗျ
# covid 19 vaccine
# Mandalay
# 24 hrs clinic

မြစ်နားအနီးနေထိုင်ကြသည့်ပြည်သူများသတိပြုဖို့ပါ။ဧရာ၀တီမြစ်အပါအဝင်မြန်မာပြည်အတွင်းရှိမြစ်ရေများမြင့်တက်လာမည့်သတိပေးချက်ထုတ...
01/06/2025

မြစ်နားအနီးနေထိုင်ကြသည့်ပြည်သူများသတိပြုဖို့ပါ။
ဧရာ၀တီမြစ်အပါအဝင်မြန်မာပြည်အတွင်းရှိမြစ်ရေများ
မြင့်တက်လာမည့်သတိပေးချက်ထုတ်ပြန်ထား
=========
ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့ တို့တွင် ၈ ပေမှ ၁၃ ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့နှင့် အောင်လံမြို့တို့တွင် ၁၄ ပေမှ ၁၈ ပေခန့်၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတ မြို့နှင့် ဇလွန်မြို့တို့တွင် ၉ ပေမှ ၁၁ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့တွင် ၆ ပေမှ ၈ ပေခန့်၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေး၀မြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၁၅ ပေမှ ၂၀ ပေခန့် လက်ရှိ ရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။

မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ၇ ပေခန့်၊

ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့နှင့် ရွှေစာရံတို့တွင် ၂ ပေခန့်စီ၊မြစ်ငယ်မြို့တွင် ၁၀ ပေခန့်၊

စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့ တို့တွင် ၁ ပေခွဲ မှ ၂ ပေခန့်၊

ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၁ ပေခန့်၊

ပဲခူးမြစ်ရေသည် ဇောင်းတူမြို့ နှင့် ပဲခူးမြို့တို့တွင် ၂ ပေခန့်စီ၊

သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၃ ပေခန့်၊

သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ၃ ပေခွဲခန့်၊

ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ၈ ပေခွဲခန့်နှင့်

သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် ၁ ပေမှ ၂ ပေခန့်၊

တိုးမြစ်ရေသည် မအူပင်မြို့တွင် ၁ ပေခန့်နှင့်

ဘီးလင်းမြစ်ရေ သည် ဘီးလင်းမြို့တွင် ၂ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်
(Source/မိုးဇလ)

ကိုဗစ်-၁၉ ရောဂါလူနာသစ်(၁)ဦးတွေ့ရှိမြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၁)ဦးကိုစစ်ဆေးတွေ့ရှိခဲ့ရသည်ဟ...
20/05/2025

ကိုဗစ်-၁၉ ရောဂါလူနာသစ်(၁)ဦးတွေ့ရှိ

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၁)ဦးကိုစစ်ဆေးတွေ့ရှိခဲ့ရသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန(Myanmar CDC)မှ အပတ်စဥ်သတင်းထုတ်ပြန်ချက်အဖြစ် မေ ၁၉ ရက်ည ၈ နာရီက ထုတ်ပြန်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနမှ မေ ၁၁ ရက်ည ၈ နာရီမှ မေ ၁၈ ရက်ည ၈ နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာပေါင်း(၂၄၆၁)ခုအား စစ်ဆေးခဲ့ရာမှ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁)ဦးကိုတွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ(၀ ဒသမ ၀၄)ရာခိုင်နှုန်းဖြစ်ပြီး အစီရင်ခံကာလအတွင်း၌ ကိုဗစ်-၁၉ ရောဂါဖြင့်‌ေ-သဆုံးသူမရှိဟုလည်း ထုတ်ပြန်ခဲ့သည်။
Credit Popular news journal

2025 အတွက်ရပါပီ ဗျ  vaccine 2025 # အိမ်အရောက်ကျန်းမာရေးဝန်ဆောင်မှူ
17/05/2025

2025 အတွက်ရပါပီ ဗျ
vaccine 2025
# အိမ်အရောက်ကျန်းမာရေးဝန်ဆောင်မှူ

ရာသီတုပ်ကွေးအန္တရာယ်ကို အားသစ်ထွန်း မှာ ကာကွယ်ဆေးထိုးပြီး တားဆီးလိုက်ပါ…💉💉

အခုရက်ပိုင်းမှာ ရာသီဥတုပြင်းထန်လွန်းလို့ မကြာခဏကို ဖျားနာတာတွေ‌ တွေ့နေရပါတယ်။ ဒီလိုသာဆိုရင် နောက်လ မိုးဥတုအကူးအပြောင်းမှာ ရာသီတုပ်ကွေးအတွက် အထူးဂရုစိုက်ပြင်ဆင်ဖို့လိုပါလိမ့်မယ်။

ဒါပေမယ့် ရာသီတုပ်ကွေးအတွက်က နှစ်စဉ်ကာကွယ်ဆေးတွေ ရှိပါတယ်။ အခု 2024 အတွက်လည်း ရာသီတုပ်ကွေးကာကွယ်ဆေး ထွက်ပါပြီ။

သင့်မိသားစုကို ရာသီတုပ်ကွေးကူးစက်မှုတွေ မဖြစ်ရအောင် အားသစ်ထွန်း မှာ ကာကွယ်ဆေးထိုးဖို့ သတိရလိုက်ပါ…💉

📌တစ်ဦးချင်းစီ ထိုးနှံမည်ဆိုပါက ဆေးခန်းတွင် ကိုယ်တိုင်လာရောက် ထိုးနှံနိုင်ပြီး

📌ကျောင်းများ၊အလုပ်များ၊လုပ်ငန်းများစတဲ့နေရာများမှ အ​ယောက်(၅၀၊၁၀၀) စသည်ဖြင့် ထိုးနှံမည်ဆိုပါက စုရပ်များဆီလာရောက် ထိုးနှံပေးပါတယ်။

အသေးစိတ်သိရှိလိုပါက Page messenger ကနေ ဆက်သွယ်နိုင်သလို

📞 Ph no - ၀၉၄၄၄၀၁၄၀၇၁ ၊ ၀၉၇၉၈၇၄၈၄၈၁ တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🏡 လိပ်စာ- ၅၅ × ၁၁၃ D ထောင့်၊မြရည်နန္ဒာမြို့သစ်၊ ချမ်း​​မြသာစည်မြို့နယ်၊ မန္တလေးမြို့

📧 Email dr.soethu14@gmail.com



#အားသစ်ထွန်း
#အထွေထွေဆေးခန်း
#အိမ်အရောက်ကုသမှု
#ရာသီတုပ်ကွေးကာကွယ်ဆေး
#2024

🏮သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)🏮သီတင်းကျွတ် အခါသမယမှာ လူသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း နှင...
16/10/2024

🏮သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)🏮

သီတင်းကျွတ် အခါသမယမှာ လူသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း နှင့်ပြည့်စုံပြီး စည်းစိမ်ဥစ္စာ ရတနာရွှေငွေတို့ ဒီရေအလား တိုးတက်ကြပါစေလို့ 𝐀𝐫𝐫 𝐓𝐡𝐢𝐭 𝐇𝐭𝐮𝐧 𝐂𝐥𝐢𝐧𝐢𝐜 မှ သီတင်းကျွတ်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် . . .

#သီတင်းကျွတ် #သီတင်းကျွတ်လပြည့်နေ့

သတိပြုစရာ ရင်သားကင်ဆာ အကြောင်းအရာအဖြာဖြာ…❗❗October လက Breast Cancer Awareness Month ဖြစ်ပါတယ်။ ဒါကြောင့် ရင်သားကင်ဆာနဲ့ပ...
16/10/2024

သတိပြုစရာ ရင်သားကင်ဆာ အကြောင်းအရာအဖြာဖြာ…❗❗

October လက Breast Cancer Awareness Month ဖြစ်ပါတယ်။ ဒါကြောင့် ရင်သားကင်ဆာနဲ့ပတ်သက်ပြီး သိထားသင့်တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

အမျိုးသမီးတွေမှာ အဖြစ်အများဆုံးဖြစ်တဲ့ ရင်သားကင်ဆာက ကင်ဆာဖြစ်ပွားမှုအားလုံးရဲ့ 37% အထိရှိပါတယ်။ အဆုတ်ကင်ဆာပြီးရင် သေဆုံးမှုနှုန်းအများဆုံးကင်ဆာ အမျိုးအစားဖြစ်တာကြောင့် ပေါ့လို့တော့မရပါဘူး။

ရင်သားကင်ဆာဖြစ်ပွားရခြင်းက ရင်သားရဲ့နို့ပြွန်အတွင်းမှာ DCIS လို့ခေါ်တဲ့ ဆဲလ်တွေရှိနေခြင်းကြောင့်ပါပဲ။

ဒီကနေတဆင့် အရိုး၊ အသည်း၊ အဆုတ်နဲ့ သွေးကြောတွေအထိပျံ့နှံ့သွားနိုင်ပါတယ်။

ရင်သားကင်ဆာဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေက အသက်အရွယ်ကြီးရင့်လာခြင်း၊ မျိုးရိုးဗီဇအရဖြစ်ပွားခြင်း၊ ရင်သားအရွယ်အစားကြီးခြင်း၊ ကိုယ်အလေးချိန် များခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်း စတာတွေနဲ့ သက်ဆိုင်နိုင်ပါတယ်။

ရင်သားကင်ဆာရဲ့လက္ခဏာတွေကတော့
◼️ရင်သားနဲ့ ချိုင်းအောက်မှာ အဖုအကျိတ်များ ရှိနေခြင်း
◼️ ပုံမှန်မဟုတ်ပဲ ရင်သားနာကျင်ခြင်း
◼️ ရင်သားအရွယ်အစား ပုံသဏ္ဍာန် မူမမှန်ပြောင်းလဲနေခြင်း
◼️ ရင်သား အသားအရောင်ပြောင်းလဲခြင်း
◼️ ရင်သားအရေပြား ချိုင့်ဝင်ခြင်း
စတာတွေ တွေ့ရနိုင်ပါတယ်။

ဒီလိုလက္ခဏာတွေကို တွေ့တယ်ဆိုတာနဲ့ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ ပြပြီး ကာကွယ်ကုသသင့်ပါတယ်။

ရင်သားကင်ဆာက အသက်သေဆုံးတဲ့အထိဖြစ်နိုင်ပေမယ့် စောစောသိရလေ လွယ်ကူစွာ ကာကွယ်နိုင်လေ ပါပဲ။ ဒါကြောင့် မိမိရင်သားနဲ့ပတ်သက်ပြီး အမြဲတစေ စစ်ဆေးကြဖို့ တိုက်တွန်းချင်ပါတယ်။

နောက်သိထားသင့်နဲ့တစ်ချက်ကတော့ ရင်သားကင်ဆာဆိုတာ အမျိုးသားများမှာပါ ဖြစ်ပွားနိုင်တယ်ဆိုတာပါပဲနော်။

ဒါကြောင့်အမျိုးသားတွေအနေနဲ့ ရင်သားကင်ဆာအကြောင်းကို သိရှိထားသင့်ပါတယ်နော်။

🏥 𝐀𝐫𝐫 𝐓𝐡𝐢𝐭 𝐇𝐭𝐮𝐧 𝐂𝐥𝐢𝐧𝐢𝐜
📞 Ph no - 09444014071 ၊ 09798748481
🏡 လိပ်စာ- ၅၅ × ၁၁၃ D ထောင့်၊မြရည်နန္ဒာမြို့သစ်၊ ချမ်း​​မြသာစည်မြို့နယ်၊ မန္တလေးမြို့

📧 Email - dr.soethu14@gmail.com



#ရင်သားကင်ဆာ

#အားသစ်ထွန်း
#အထွေထွေဆေးခန်း

ရေဘေးအန္တရာယ်အတွက် ကြိုတင်သတိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်များ။မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးရာသီတိုင်းရေဘေးအန္တရာယ်မျာ...
16/09/2024

ရေဘေးအန္တရာယ်အတွက် ကြိုတင်သတိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်များ။

မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးရာသီတိုင်းရေဘေးအန္တရာယ်များကိုကြုံတွေ့ရတတ်ပါတယ်။

မိုးနည်းတဲ့ မြေပြန့်ဒေသများမှာတောင် ရေဘေးအန္တရာယ်များကို ကြုံတွေ့နိုင်တာဖြစ်လို့ ကြိုတင်သတိထားရမယ့် အချက်များကို မျှဝေပေးလိုက်ပါတယ်။

📌 ရေဘေးအန္တရာယ်များကို ကြိုတင်သတိထားနိုင်ရန် မိုးလေဝသပညာရှင်များရဲ့ သတင်းများကို အစဉ်မပြတ်နားထောင်ပါ။

📌 သက်ဆိုင်ရာဌာနများက ရွှေ့ပြောင်းရန်ညွှန်ကြားထားသော မြေနှိမ့်ပိုင်းနေရာများမှ ဘေးကင်းရာသို့ အမြန်ဆုံးပြောင်းရွေ့နေထိုင်ပါ။

📌 မိသားစုဝင်များ၊ အိမ်နီးချင်းများနဲ့ အရေးတကြီးဆက်သွယ်နိုင်တဲ့ဖုန်းနံပါတ်များကို အဆင်သင့်ထားရှိပါ။

📌 ရေစိုပျက်စီးနိုင်တဲ့ အရေးတကြီးစာရွက်စာတန်းများနဲ့ တန်ဖိုးကြီးပစ္စည်းများကို ရေစိုခံအိတ်ဖြင့်ထည့်၍ မြင့်သောနေရာများတွင်ထားရှိပါ။

📌 သောက်ရေအတွက်ရေသန့်ဗူးများ၊ အရေးပေါ်လိုအပ်တဲ့ ဆေးဝါးများ၊ လက်နှိပ်ဓာတ်မီးများကို စုဆောင်းထားပါ။

📌 ရေလွှမ်းမိုးနိုင်တဲ့ အနှိမ့်ပိုင်းမှ လျှပ်စစ်ပစ္စည်းများကို ပိတ်ထားခြင်း၊ မိန်းခလုတ်ချခြင်းများ ပြုလုပ်ထားပါ။

📌 ဖုန်း၊ လက်နှိပ်ဓာတ်မီးများကို အားအပြည့်သွင်းထားပါ။

📌 အသက်ကယ်အင်္ကျီများ၊ ဘောကွင်းများ၊ အလုံပိတ်ရေဗူးများနဲ့ အလွယ်တကူစားသုံးနိုင်သော စားနပ်ရိက္ခာ‌ခြောက်များကိုကြိုတင်စုဆောင်းထားပါ။

📌 ကယ်ဆယ်ရေးအဖွဲ့များ၏ ဖုန်းနံပါတ်များကို စုဆောင်း၍ ၎င်းအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပါ။

📌 တိရစ္ဆာန်များကို မလိုအပ်ဘဲ ကြိုးချည်ထားခြင်းမှ ရှောင်ကြဉ်ပါ။

📌 မြွေ ၊ တခြားအဆိပ်ရှိသောသတ္တဝါများ၏ အန္တရာယ်ကိုသတိပြုပါ။

📌 မြေပြိုနိုင်ခြင်းများဖြစ်ပေါ်လာနိုင်၍ မြစ် ၊ ချောင်း၊ ကမ်းပါးအနီးသွားခြင်းမှရှောင်ကြဉ်ပါ။

📌 ရေထဲတွင် ရေကူးခြင်း၊ ဆော့ကစားခြင်း၊ လမ်းလျှောက်ခြင်း၊ ကားမောင်းခြင်းများမပြုလုပ်သင့်ပါ။

📌 လျှပ်စစ်ဓာတ်ကြိုးများ၊ မီးကြိုးများပြတ်ကျနေသည်ကိုတွေ့ရှိပါက သက်ဆိုင်ရာသို့အကြောင်းကြားပါ။

မြန်မာပြည်သူ၊ပြည်သားများအားလုံး ရေဘေးအန္တရာယ်မှ ကင်းလွတ်ကြစေဖို့ ”အားသစ်ထွန်း” မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။ ✨❤️

“အားသစ်ထွန်း ( ၂၄ ) နာရီဆေးခန်း”

☎ - 𝟎𝟗 𝟒𝟒𝟒 𝟎𝟏𝟒 𝟎𝟕𝟏, 𝟎𝟗 𝟕𝟗𝟖 𝟕𝟒𝟖 𝟒𝟖𝟏

🏡 လိပ်စာ - ၅၅ × ၁၁၃ D ထောင့်၊မြရည်နန္ဒာမြို့သစ်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့

📧Email - dr.soethu14@gmail.com


#အားသစ်ထွန်း
#အထွေထွေဆေးခန်း #အိမ်အရောက်ကုသမှု

ကြိုတင်ကာကွယ်ထားသင့်တဲ့ မျောက်ကျောက်ရောဂါအန္တရာယ် ⚠️မျောက်ကျောက်ရောဂါဆိုတာ MonkeyPox ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားရတဲ့ ကူးစ...
29/08/2024

ကြိုတင်ကာကွယ်ထားသင့်တဲ့ မျောက်ကျောက်ရောဂါအန္တရာယ် ⚠️

မျောက်ကျောက်ရောဂါဆိုတာ MonkeyPox ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားရတဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။ 🦠

ကျောက်ရောဂါနဲ့ ရောဂါလက္ခဏာခြင်းတူညီပြီး ကူးစက်ခံရသည့်နေ့မှစ၍ ( ၂၁ ) ရက်အတွင်း ခန္ဓာကိုယ်အနှံ့ အဖုအကြိတ်တွေ ထွက်ပေါ်လာတတ်ပါတယ်။

မျောက်ကျောက်ရောဂါကူးစက်ခံရပြီဆိုရင်

📍အဖုအကြိတ်များဖြစ်ပေါ်လာခြင်း
📍ကိုယ်အပူချိန်တိုးခြင်း
📍လည်ချောင်းနာခြင်း
📍ကြွက်သားများနာကျင်ကိုက်ခဲခြင်း
📍အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်ခြင်း စတဲ့ ရောဂါလက္ခဏာတွေကိုခံစားရနိုင်ပါတယ်။

မျောက်ကျောက်ရောဂါသည် လူအချင်းချင်းကူးစက်နိုင်သလို၊ တိရစ္ဆာန်များမှတစ်ဆင့်လည်းကူးစက်နိုင်ပါတယ်။ ⚠️

ဒါ့ကြောင့် ရောဂါပိုးရှိသူ၏ အသုံးအဆောင်ပစ္စည်းများကို မျှဝေသုံးစွဲခြင်း၊ နီးကပ်စွာနေထိုင်ခြင်း၊ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌လိင်ဆက်ဆံခြင်းတို့နဲ့ တိရစ္ဆာန်များကိုအကာမကွယ်အပါဘဲထိတွေ့ခြင်းတို့မှ ရှောင်ကြဉ်သင့်ပါတယ်။ 🚫

📌 မိမိကိုယ်တိုင် မျောက်ကျောက်ရောဂါကူးစက်ခံထားရတယ်လို့သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံးသွားရောက်ကုသမှုခံယူဖို့ တိုက်တွန်းလိုက်ပါရစေ။

“အားသစ်ထွန်း ( ၂၄ ) နာရီဆေးခန်း”

☎ - 𝟎𝟗 𝟒𝟒𝟒 𝟎𝟏𝟒 𝟎𝟕𝟏, 𝟎𝟗 𝟕𝟗𝟖 𝟕𝟒𝟖 𝟒𝟖𝟏

🏡 လိပ်စာ - ၅၅ × ၁၁၃ D ထောင့်၊မြရည်နန္ဒာမြို့သစ်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့

📧Email - dr.soethu14@gmail.com


#အားသစ်ထွန်း
#အထွေထွေဆေးခန်း #အိမ်အရောက်ကုသမှု

'သန္ဓေတောထွက် ဓမ္မစက် ဟောမြွက်သံချိုလဝါဆို' 🌕 ဗုဒ္ဓဘာသာ၀င် မြန်မာလူမျိုးအတွက် အရေးပါတဲ့ ဝါဆိုလပြည့် အခါသမယမှာ ဒါန၊ သီလ၊ ...
20/07/2024

'သန္ဓေတောထွက် ဓမ္မစက် ဟောမြွက်သံချိုလဝါဆို'

🌕 ဗုဒ္ဓဘာသာ၀င် မြန်မာလူမျိုးအတွက် အရေးပါတဲ့ ဝါဆိုလပြည့် အခါသမယမှာ ဒါန၊ သီလ၊ ဘာ၀နာ ကုသိုလ်များကို မမေ့မလျော့ ပြုလုပ်နိုင်ပြီး ဓမ္မစင်္ကြာတရားတော်များကို ရွတ်ဖတ်ကာ ကုသိုလ်များ ပွားများနိုင်စေဖို့အတွက် “အားသစ်ထွန်း - ၂၄ နာရီဆေးခန်း " မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် . . . 🙏

#ဝါဆိုလပြည့်နေ့ #ဓမ္မစင်္ကြာနေ့ #ဓမ္မစင်္ကြာအခါတော်နေ့

Address

၅၅ X ၁၁၃ D ထောင့်၊ မြရည်နန္ဒာမြို့သစ်၊ ချမ်းမြသာစည်မြို့နယ်
Mandalay
05041

Telephone

+959444014071

Website

Alerts

Be the first to know and let us send you an email when အားသစ်ထွန်း ၂၄ နာရီ ဆေးခန်း နှင့် အိမ်အရောက် ကျန်းမာရေး ဝန်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to အားသစ်ထွန်း ၂၄ နာရီ ဆေးခန်း နှင့် အိမ်အရောက် ကျန်းမာရေး ဝန်ဆောင်မှု:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category