Justic Care Special

Justic Care  Special Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Justic Care Special, Medical and health, 66 လမ်း 20 21, Mandalay.

08/07/2023

မန်းလေး ဆေးခန်းတစ်ခုအလုပ်လုပ်ရန် သူနာပြုအကူမတစ်ဦးအလိုရှိ နန်းဦးလွင်အနီးနေထိုင်သူဦးစားပေးပါမည်

14/08/2022

#လူနာစောင့် လိုအပ်နေပါသလား

လူကြီးမင်းတို့ရှင်

ကျွန်မ တို့ Nurse aid အကူသင်တန်းဆင်းပြီးသား သူနာပြုအသစ်လေးတွေက လူကြီးမင်းတို့ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးဖို့ အသင့်ရှိပါတယ်။

သင့်တင့်သော စျေးနှုန်း
ကောင်းမွန်သော ဝန်ဆောင်မှုများနှင့် လူကြီးမင်းတို့၏ အခက်ခဲများကို ကူညီ ဖြေရှင်းဖို့ အသင့် ရှိပါတယ်။

ဝန်ဆောင်မှုများ

၁။ ကျန်းမာရေး မကောင်းလို့ ဆေးရုံတက်တဲ့ခါ #လူနာစောင့် လိုနေပါသလား

၂။ #အိမ်မှာဘိုးဘွားများကို ကာလတို ကာလရှည် ပြုစု စောင့်ရှောက်ဖို့ သူနာပြုအကူ လိုနေပါသလား

၃။ #နယ်မှဆေးရုံလာတက်သူများ သူနာစောင့် မရှိလို့ အခက်ကြုံနေပါသလား။

ဒါဆိုရင်တော့
ဆက်သွယ်လိုက်ပါ။

13/07/2022

MDY မန်ဘာဝင်ထားတဲ့ဆရာများ cb

12/07/2022

Mandalay Nurse (or) Nurse Aid IV/IM Drip ချိတ်ကျွမ်းကျင် လိုချင်ပါတယ် part time CBကိုဆက်သွယ်ပေးပါ

26/06/2022

MDY မနက်ဖြန် အသားဖြူဆေးထိုးဖို့အချိန်ပိုင်း Naဆရာမလေးအလိုရှိပါတယ်

02/06/2022

#ဂေါက်ရောဂါအတွက်ဆေးများ

သက်ဆိုင်ရာဆောင်းပါးများအား သက်ဆိုင်ရာပညာရှင်များထံမှ ကူးယူစုဆောင်းဖော်ပြထားပါသည်။
မူရင်းပညာရှင်များအားလုံးအားလေးစားစွာ credit ပေးပါသည်။

Gout (1) ဂေါက် ရောဂါ (၁)

၁။ ဆရာရှင့် ဂေါက်ရောဂါ အကြောင်း သိချင်လို့ပါ။ အထူးသဖြင့် ရှောင်ရမည့် အစားအစာ တွေကို ပြောပြပေးစေချင်ပါတယ်။

၂။ လေးဘက်နာနဲ့ အဆစ်နာအကြောင်းတွေကို ရှာတွေ့ပေမဲ့ ဂေါက်အကြောင်းသပ်သပ်ရေးထားတာ မတွေ့မိလို့ သိချင်ပါတယ်။

“ဂေါက်” ဆိုတာအဆစ်မှာနာ-ရောင်-နီ-ပူဆိုတာ ဖြစ်လိုက်၊ ပျောက်လိုက်နေတဲ့ နာတာရှည် ရောဂါတခုပါ။ ခြေမမှာအများဆုံး (တဝက်လောက်) ဖြစ်တတ်တယ်။ ဒူး၊ ဖနောင့်၊ လက်ကောက်ဝတ်၊ လက်ချောင်းတွေမှာလဲ ဖြစ်တာဘဲ။ အနောက်နိုင်ငံတွေမျာလူဦးရေရဲ့ ၁-၂% လောက်ဖြစ်နေကြတယ်။ ဖြစ်တဲ့သူလဲတိုးလာနေသေးတယ်။

ဂေါက်ရောဂါကို “ရှင်ဘုရင်ရောဂါ” လို့လဲပြောစမှတ် ရှိတယ်။ ဘာလို့လဲဆိုတော့ အင်္ဂလန်ဘုရင် လူဝကြီး Henry VIII ဟင်နရီ၊ Charlemagne ရှာလ်မိန်း၊ ရိုမန်-အင်ပါယာ Charles V ပဉ္စမြောက် ချားလ်တို့မှာ ဖြစ်ခဲ့လို့ပါ။ နောက်ပြီး နာမည်ကြီးတွေ ရှိပါသေးတယ်။ Leonardo da Vinci လီယိုနာဒို-ဒါဗင်ချီ၊ Voltaire ဗော်လ်တဲယား၊ Sir Isaac Newton နယူတန်၊ Charles Darwin ချားလ်စ်-ဒါဝင်၊ အမေရိကန် ဒေါ်လာ ၁ဝဝ တန်ငွေစက္ကူပေါ်က Benjamin Franklin ဘင်ဂျမင်-ဖရင့်ကလင် တို့မှာလဲဂေါက်ရောဂါ ရှိခဲ့ကြတယ်။

အဆစ်နာတာအပြင် အားယုတ်တာ၊ ဖျားတာနဲ့ တွဲဖြစ်တတ်တယ်။ ကျောက်ကပ်နာ၊ ဆီးကျောက်တွေလဲ ဖြစ်နိုင်တယ်။ သွေးတိုး၊ ဆီးချို၊ နှလုံး-သွေးကြောရောဂါ၊ ဝတာ၊ အဆီများတာတွေနဲ့ ဆက်စပ် နေတတ်တယ်။ ဆေးတွေထဲက Diuretics, Niacin, Aspirin, Cyclosporine, Ciclosporin, Tacrolimusဆေးတွေကနေလဲ ဖြစ်စေနိုင်တယ်။

မျိုးရိုးကနေ ၆ဝ% မှာသက်ရောက် စေတယ်။ ထိခိုက်မိတာကြောင့် ပြန်ဖြစ်တတ်တယ်။ စားတဲ့ အစားအသောက်ကလဲ ၁၂% ဖြစ်စေဘို့ အားပေးတယ်။ ဂေါက်ကို Rich Man's Disease “လူချမ်းသာ-ရောဂါ” လို့ပါ ပြောတယ်။ ရောဂါရစေနိုင်တဲ့ အစားတွေဟာစျေးကြီးလို့ပါ။ အသား၊ ပင်လယ်စာ၊ ငါး၊ နဲ့ အသဲ၊ ကျောက်ကပ်၊ ဦးနှောက်၊ ကလီစာတွေ ဖြစ်တယ်။ အရက်၊ Fructose အချိုရည်သောက်တာဒီရောဂါအတွက် မကောင်းပါ။ ကော်ဖီ၊ ဗီတာမင်-စီ၊ နို့သောက်တာနဲ့ ကိုယ်ကာယသန်စွမ်းနေတာတွေကအဖြစ်နည်းစေပါတယ်။

Gout ရောဂါရဲ့ အကြောင်းတရားခံကသွေးထဲမှာ (ယူရစ်-အက်စစ်) တွေ များနေလို့ ဖြစ်ရတာပါ။ Uric acid ဆိုတာ အစားထဲမှာပါတဲ့ Purines ကနေဖြစ်တယ်။ Purine metabolism ချက်လုပ်တဲ့ ဖြစ်စဉ် ပျက်ယွင်းလို့ ဖြစ်တာပါ။ အဲဒီကနေလာတဲ့ Crystal အမှုံတွေကအဆစ်တွေ၊ အရွတ်တွေမှာလာစုပုံနေကြတယ်။ သွေးစစ်ရင် Uric acid levels မြင့်နေမယ်။ တဝက်လောက်မှာတော့ မများပြန်ဘူး။ ယောက်ျားတွေမှာ 420 μmol/L (7.0 mg/dL) အမျိုးသမီးတွေမှာ 360 μmol/L (6.0 mg/dL) ဆိုရင် များတယ်။ သွေးဖြူဥလဲများနေမယ်။ Septic arthritis ပိုးဝင်တဲ့ အဆစ်ရောင်ရောဂါ၊ Rhumatoid arthritis (ရူမတွိုက်) တွေနဲ့ ခွဲခြားရမယ်။

ကုတဲ့အခါ ဆေးသောက်တာနဲ့ အစားရွေးစားတာ ၂ မျိုးလုပ်ရတယ်။ (NSAIDs) ဆိုတဲ့ လူအများသုံးကြတဲ့ အနာ-အကိုက် ပျောက်ဆေးကိုပဌမဆေးအနေနဲ့ သုံးရတယ်။ ဆေးအမျိုးမျိုးရှိပေမဲ့ ဘယ်ဆေးကပိုကောင်းတယ်လို့တော့ မပြောနိုင်ဘူး။ Indomethacin ကိုအများဆုံးသုံးပြီး၊ Ibuprofen ကိုလဲသုံးတယ်။ ဆေးသောက်ပြီး၊ ၄ နာရီကြာရင် သက်သာလာမယ်။ ၁-၂ ပါတ်ကြာအောင် ဆက်သောက်ပါ။ သတိထားဘို့ကအစာလမ်းလေနာသွေးယိုမှာစိုးရသူ၊ နှလုံးမကောင်းတော့ သူတွေကို မပေးသင့်ဘူး။ ဆေးတွေရဲ့ ဘေးထွက် ဆိုကျိုးစိုးရိမ်ရသူတွေကို Proton pump inhibitor လေနာဆေးနဲ့ တွဲပေးမယ်။

Colchicine ဆေးကိုလဲသုံးတယ်။ အစာလမ်းကိုထိခိုက်တတ်လို့ သတိထားရမယ်။ Atorvastatin တို့ Erythromycin တို့နဲ့ တွဲမပေးသင့်ဘူး။ Steroids (စတီရွိုက်) ဆေးကိုစားဆေးသာမကထိုးဆေးအနေနဲ့လဲသုံးတယ်။ နောက်ပြီး Allopurinol နဲ့ Probenicid, Febuxostat ဆေးတွေကို ရေရှည်အတွက်နဲ့ ဖြစ်မလာအောင် ကာကွယ်ဘို့ အတွက် သုံးရတယ်။ ရုတ်တရက် ရောဂါထတာသက်သာပြီး၊ ၁-၂ ပါတ်နေမှ ပေးတယ်။ NSAID or Colchicine နဲ့တွဲပြီး ၃-၆ လ ကြာပေးရတယ်။ Allopurinol ဆေးက Uric acid ထုတ်တာကိုတားပေးတယ်။ ရေရှည် သုံးနိုင်တယ်။ ကျောက်ကပ် သိပ် မကောင်းသူတွေကိုလဲ ပေးနိုင်တယ်။ Probenecidထက် ပိုကောင်းတယ်။ Febuxostat ကိုအစားထိုးသုံးလာနေပြီ။ Pegloticase (Krystexxa) ဆေးကို ၂ဝ၁ဝ ကြမှ စသုံးလာတယ်။ တခြားသုံးနေကြဆေးတွေနဲ့ မတည့်သူ၊ ဆေးမှန်မှန် မကုသူတွေကိုပေးတယ်။ သွေးပြန်ကြောထဲ ၂ ပါတ်တခါ ထိုးရတာပါ။

နာတာရှည်သမားတွေမှာ ဖြစ်တဲ့အဆစ်က Joint deformity ပုံသဏ္ဌာန် ပြောင်းသွားတာမျိုး ဖြစ်လာတယ်။ ၅ နှစ် နောက်ပိုင်း Tophi ဆိုတဲ့ မနာတဲ့ အဖုမျိုးနားရွက်၊ ဖနောင့် စတဲ့နေရာတွေမှာ ဖြစ်လာတယ်။ ကျောက်ကပ်မှာ ကျောက်တည်ကဆီးအက်စစ်ဓါတ် များသူမှာပိုဖြစ်တယ်။ ဂေါက်ရှိသူတွေမှာလည်ပင်ကြီး-ဟော်မုန်းနဲနေတာလဲ တွေ့ရတယ်။

Arthrocentesis ရောင်နေတဲ့ အဆစ်ထဲကအရည်ကိုစုပ်ယူပြီးစမ်းသပ်တာကအသေခြာဆုံးပါ။ Uric acid crystals ဒါမှမဟုတ် ပိုးဝင်နေတာကို သိရမယ်။ X-ray ဓါတ်မှန်ရိုက်ရင် Tophi-crystal deposits နဲ့ အရိုးပျက်စီးမှုကိုသိရမယ်။

ဂေါက်ရောဂါ သမိုင်းမှာဂရိ-ဆေးပညာဖခင်ကြီး Hippocrates ကနေသွေးမဆုံးမီအမျိုးသမီးတွေ နဲ့ Eu**ch သင်းကွပ် ထားသူတွေမှာဒီရောဂါ မဖြစ်ဘူးလို့ ဘီစီ ၄ဝဝ လောက်ကရေးမှတ်ခဲ့တယ်။ (မကွပ်ခြင်နဲ့နော်။) “ဂေါက်ရှိတယ် ဆိုတာဂုဏ်ယူစရာ” Gout - A badge of Honor and proud station in life လို့ ပြောစမှတ် ရှိလာခဲ့တယ်။ ဘာလို့လဲဆိုတော့ ခရစ် မတိုင်ခင် နှစ် ၉ဝဝ က ဂျေရုဆလင် ဘုရင် Asa (အာဆား) ဟာဂေါက်နဲ့ နတ်ရွာစံတာမို့ပါ။ ဒါ့ကြောင့်လာမသိ၊ ဗမာတွေကသေတာကို “ဂေါက်တယ်” လို့ ဘန်းစကားအဖြစ် ပြောကြတာထင်တယ်။

Mg Mandalay ရေးတဲ့ တိုင်းရင်းဆေးနည်း
ဂေါက်အဆစ်ရောင်နာခံစားနေရသူများစားသင့်သောအစားအသောက်
၁။ တိရစ္ဆာန်အသားကို အများကြီးမစားပါနဲ့ ဂေါက်ရောဂါရှင်တွေဟာ အသည်းအမြစ်လို တိရစ္ဆာန်ကလီစာတွေကိုတော့ ရှောင်သင့်ပါတယ်။ အနီရောင်အသားနဲ့ ပင်လယ်စာတွေဟာလည်း ဂေါက်ရောဂါ အန္တရာယ်နဲ့ ဆက်စပ်နေတဲ့အတွက် လျှော့စားသင့်ပါတယ်။
၂။ အပင်ထွက်ပရိုတင်းဓာတ် များများစားပါ။ ပဲအမျိုးမျိုးလို ဟင်းရွက်ထွက် ပရိုတင်းကိုများများစားပါ။
၃။ အယ်လ်ကိုဟော (အရက်) ကို တတ်နိုင်သမျှ ရှောင်ပါ။ အယ်လ်ကိုဟောဓာတ်ဟာ ခန္ဓာကိုယ်ထဲကနေ ယူရစ်အက်စစ် စွန့်ထုတ်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ အထူးသဖြင့် ဘီယာသောက်ရင် ဂေါက်ရောဂါထခြင်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရက်ကိုရှောင်တာက အကောင်းဆုံးပါ။ အရက်မသောက်ဘဲမနေနိုင်ရင် ဝိုင်တစ်နေ့ တစ်ခွက် သောက်နိုင်ပါတယ်။
၄။ ရေနှင့် ဖျော်ရည်များများသောက်ပါ။ ရေနဲ့ဖျော်ရည်တွေဟာ ခန္ဓာကိုယ်ထဲက ယူရစ်အက်ဆစ်ကို ဖယ်ရှားပေးပါတယ်။ တစ်နေ့မှာ အနည်းဆုံး ရေနှစ်လီတာခွဲ သောက်ပါ။
၅။ အဆီမပါနို့နှင့် နို့်ထွက်ပစ္စည်းရွေးပါ။ အဆီနည်းဒါမှမဟုတ် အဆီမပါနို့သောက်တာနဲ့ ဒိန်ချဉ်သောက်တာတွေဟာ ဂေါက်ရောဂါ အန္တရာယ်ကိုလျော့ကျစေကြောင်းလေ့လာမှု တချို့ကဆိုပါတယ်။ နေ့စဉ် နို့နဲ့ နို့ထွက် ပစ္စည်းတစ်ခွက်ခန့် သောက်သင့်ပါတယ်။
၆။ အခွံချွတ်မထားသော ကောက်ပဲသီးနှံစားပါ။ အခွံချွတ်မထားတဲ့ ဆန်လုံးညို၊ အညိုရောင်ခေါက်ဆွဲ၊ ပေါင်မုန့်ညိုနဲ့ အသီးအနှံတွေကို များများစားပေးရင် ဂေါက်ရောဂါ အန္တရာယ်ကိုလျော့ကျစေပါတယ်။ ဂေါက်ရောဂါရှင်တွေ အနေနဲ့ နေ့တိုင်း ခပ်သွက်သွက် လမ်းလျှောက်ခြင်းလိုအသင့်အတင့် အားကစားလုပ်ရင် ဂေါက်ရောဂါကြောင့် နာကျင်မှုဝေဒနာ သက်သာစေတဲ့ အပြင် ကိုယ်အလေးချိန်ကိုပါ ထိန်းသိမ်းရာရောက်ပါတယ်။

Dr. တင့်ဆွေ

ဂေါက်ရောဂါ(၂)
နာတာရှည်ကျောက်ကပ်လူနာများနှင့်gout(ဂေါက်) အဆစ်အမြစ်ရောင်ရောဂါ
=========================
Gouty arthritis in patients with chronic kidney disease

(၁) အဆစ်ရောင်ရောဂါ ဘာကြောင့်ဖြစ်ရလဲ

- Gout အဆစ်ရောင်ရောဂါဟာ နာတာရှည် ကျောက်ကပ်ရောဂါသည်တွေမှာ အင်မတန်အဖြစ်များပါတယ်။ ကျောက်ကပ်ရောဂါရှိသူသုံးယောက်မှာ တစ်ယောက်ဖြစ်နိုင်ခြေရှိပါတယ်။

- အဓိကဖြစ်စေတဲ့အကြောင်းကတော့ ကျောက်ကပ်တွေ အလုပ်လုပ်နိုင်မှု ကျလာတဲ့အခါ ဆီးထဲကတစ်ဆင့် စွန့်ပြစ်ရမဲ့ Uric acid ယူရစ်အက်စစ်တွေ သွေးထဲမှာတစ်ဖြည်းဖြည်းစုပုံလာပါတယ်။ဒီယူရစ်အက်စစ်တွေဟာ အချွန်အတက်တွေအပြည့်နဲ့ ကျောက်စိုင်ခဲလေးတွေ (crystals) ကိုဖြစ်ပေါ်စေပြီး အဆစ်အမြစ်တွေထဲမှာ အနည်ထိုင်စုပုံစေပြီး ဒုက္ခပေးတော့တာပါပဲ။

- ဒီရောဂါဟာ အထူးသဖြင့် သွေးတိုး၊ ဆီးချိုသွေးချို၊ အဝလွန်တဲ့သူတွေနဲ့ ယူရစ်အက်ဆစ်ကို ဖြစ်စေတဲ့ ပြူယင်း(purine) ဓာတ်ပါဝင်မှုများတဲ့ အစားအသောက် အစားများတဲ့ သူတွေမှာ ပိုအဖြစ်များပါတယ်။

- ဒါ့အပြင် သွေးတွင်းယူရစ်အက်စစ်ကိုများစေတဲ့ တစ်ချို့သောဆေးတွေ ဥပမာ thiazides/furosemide လိုဆီးဆေး၊ Asprin လိုသွေးကျဲဆေး၊ ကျောက်ကပ်လဲထားတဲ့သူတွေမှာ ပုံမှန်သောက်ရတဲ့ cyclosporin လို ဆေးမျိုးတွေ ကြောင့်လဲ ဖြစ်စေပါတယ်။

- မိသားစုမျိုးရိုးရှိသူတွေမှာလည်း ပိုအဖြစ်များတာ တွေ့ရပါတယ်။

(၂) ဖြစ်လာခဲ့လျှင် ဘယ်လိုဝေဒနာ ရောဂါလက္ခဏာ ဆိုးကျိုးတွေ ခံစားရမလဲ

- Gout ရောဂါဟာ တစ်ခါဖြစ်ဖူးရင် တစ်သက်မမေ့နိုင်တဲ့ ရောဂါမျိုးပါ။ အဆစ်အမြစ်တွေဟာ အသဲခိုက်လောက်အောင် နာနာကျင်ကျင်ခံစားရတတ်ပါတယ်။ အထူးသဖြင့် ခြေမအဆစ်၊ ခြေကျင်းဝတ်၊ဒူး၊လက်ကောက်ဝတ်၊လက်ဖျံအဆစ်၊လက်ချောင်းငယ်လေးတွေမှာ အဖြစ်များပါတယ်။ နာတာကျင်တာအပြင် အဆစ်တွေဟာ နီရဲရောင်ကိုင်းနေတတ်ပါတယ်။

- ဒါတင်မက မကြာခဏ နှစ်ရှည်လများဖြစ်လာတဲ့အခါ အဆစ်တွေကို ပျက်ဆီးစေပြီး ပုံမှန်လုပ်ငန်းတစ်နေ့တာ အလုပ်တွေပါ မလုပ်နိုင်တော့တဲ့အထိဖြစ်စေပါတယ်။

- ပြီးတော့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ရဲ့ နေရာတော်တ်ာများမှာ ယူရစ်အက်စစ်တွေစုနေတဲ့ အသားလုံးအဖုအထစ်တွေပေါ်လာစေပြီး အလှပျက်တတ်ပါတယ်။

- နောက်ဆက်တွဲဆိုးကျိုးကတော့ ယူရစ်အက်ဆစ်ကနေဖြစ်လာတဲ့ ကျောက်တွေဟာ ဆီးလမ်းကြောင်းတစ်လျှောက်မှာပါကျောက်တည်ခြင်းကိုဖြစ်စေပါတယ်။

(၃) အဆစ်အမြစ်ရောင်ရောဂါကို ဘယ်လို
ကာကွယ်ကုသကြမလဲ

- ကုသဖို့ဆိုရင်တော့ အလွယ်ကူဆုံး ရောင်ရမ်းနေတဲ့ အဆစ်ကို အနားပေးပြီး အရောင်ကျအောင် ရေခဲအုံပေးနိုင်ပါတယ်။

- သောက်ဆေးအနေနဲ့ကတော့ အိမ်တွေမှာအသုံးများတဲ့ NSAIDS လို့ခေါ်တဲ့ Diclofenac/Ibuprofen/Naproxen တို့လိုဆေးတွေဟာ ကျောက်ကပ်ရောဂါသည်တွေနဲ့ လုံးဝမတဲ့ပါဘူး။ ကိုချီစင်း Colchicine ဆေးကတော့ သင့်တော်ပါတယ်။ ဖြစ်ဖြစ်ချင်း ၂၄နာရီအတွင်းသောက်နိုင်ရင် ပိုအစွမ်းထက်ပါတယ်။ ၀.၆ mg တစ်နေ့ တစ်လုံးကနေ နှစ်လုံးသောက်ပေးနိုင်ပါတယ်။ သတိထားရမဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့ ပျို့တာအန်တာ ဗိုက်အောင့် ဝမ်းပျက်တာတွေ ဖြစ်နိုင်ပါတယ်။ နောက်သောက်နိုင်တဲ့ ဆေးကတော့ ပရက်နီဆိုလုန်း prednisone လို့ခေါ်တဲ့ စတီးရိုက်သောက်ဆေးပါ၊ ဒီဆေးမျိုးကိုတော့ ဆရာဝန်ညွန်ကြားမှုနဲ့ပဲသောက်သင့်ပါတယ်။ ဒီထက်ပိုဆိုးရင်တော့ အဆစ်ထဲကို စတီးရိုက်ဆေးထိုးထဲ့ပြီးကုရတာရှိပါတယ်။

- ထပ်မဖြစ်အောင်ကာကွယ်ဖို့ဆိုရင်တော့ ယူရစ်အက်ဆစ်များတဲ့ အစားအသောက်တွေ ဖြစ်တဲ့ red meat လို့ခေါ်တဲ့ အနီရောင်ရှိသော အသား (အမဲ၊ဝက်၊ဆိတ်)၊ ပင်လယ်စာ၊ ကိုယ်တွင်းကလီစာ၊ အချိုရေ၊ အရက်ဘီယာ စတာတွေ လျှော့စားသောက်ရပါမယ်။ ကိုယ်အလေးချိန်ချရပါမယ်။ သွေးတိုးဆီးချိုမှန်အောင်ထိန်းရပါမယ်။

- ဒါ့အပြင် ပိုအရေးကြီးတာက သွေးထဲကယူရစ်
အက္စစ္ကို က်ေစဖို့ Allopurinol
အေလိုပျုရီနောလို (100mg ကစလို့ အများဆုံး 400mg)၊ Febuxostat(40-80mg) ဖက်ဗျုဆိုစတက်လိုဆေးများကို ရေရှည်စွဲသောက်ပြီး သွေးထဲကယူရစ်အက်စစ်ပမာဏ 6 mg/dl အောက်လျှော့ချထားနိုင်ရင်တော့ gout ရောဂါဒုက္ခဘေးကနေ ကင်းဝေးနိုင်ပါလိမ့်မယ်ဆိုတာအသိပေးလိုက်ရပါတယ်။

လေးစားစွာဖြင့်,
ဒေါက်တာဇေထက်
ပထမလက်ထောက် ကျောက်ကပ်အထူးပြု
ကျောက်ကပ်ဆေးပညာဌာန (ယူကေ)

ဂေါက်ရောဂါ(၃)

"Gout ဆိုတာဘာလဲ?" (Uric acid)

Gout ဆိုတာ အဆစ်ရောင် ရောဂါတစ်မျိူးဖြစ်ပါတယ်။ သွေးထဲမှာ Uric acid ယူရစ် အက်ဆစ်တွေ သာမန်ရှိသင့်တာထက် များလာတဲ့အခါ အဆစ်တွေမှာ စုပုံလာပါတယ်။ ယူရစ် အက်ဆစ်တွေဟာ crystal အချွန်အတတ်တွေ အဖြစ် စုပုံ လာတဲ့အခါ အဆစ်နေရာတွေမှာ ရောင်ရမ်းလာခြင်း ဖြစ်ပေါ်လာပါတယ်။ ဖြစ်ခါစမှာ ခြေမကနေတစ်ဆင့် စတင် ရောင်ရမ်းလာပြီး ခြေကျင်းဝတ်၊ ဒူးဆစ် ၊ လက်ဆစ်တွေမှာပါ တစ်ဆင့်ခြင်း ရောင်လာတတ်ပါတယ်။ နောက်ပိုင်းတွင် အဆစ်ခိုင်လာခြင်းများ ဖြစ်ပေါ်တတ်ပါတယ်။

✏ဘယ်လိုလူတွေမှာ အဖြစ်များလည်း ?
- အမျိူးသားတွေဟာ အမျိူးသမီးတွေထက် အဖြစ်များပါတယ်။
- မျိူးရိုး ဗီဇမှာ ဖြစ်ဖူးသူ
- အရက်အလွန်အကျွံ သောက်သုံးသူ။
- Purine ပမဏ များစွာ ပါဝင်သော အစားအစာများကို စားသုံးသူ
- Lead ခဲနှင့် ထိတွေ့မှူ့ များသောသူ။
- အဝလွန်သောသူ

✏ဘယ်လို လက္ခဏာ တွေရှိလဲ ?
Gout ရောဂါဟာ အခြားသော အဆစ်ရောင်ရောဂါ တွေနဲ့ ကွဲပြားပါတယ်။ ခြေမနေရာမှာ ရောင်လာခြင်း ၊ နီလာခြင်း ၊ မခံမရပ်နိုင်အောင် နာကျင်ခြင်းနှင့် စတင်ဖြစ်ပေါ်ပါတယ်။ ထို့နောက် ခြေကျင်းဝတ်၊ ဒူးဆစ်၊ လက်ဆစ်တို့မှာပါ နာကျင်မှု့ ပိုဆိုးလာတတ်ပါတယ်။ ရုပ်တရက် ချက်ချင်းကြီး နာကျင်တတ်ပြီး နာကျင်မှု့ဟာ မခံမရပ်နိုင်အောင် ဖြစ်တတ်ပါတယ်။

✏Gout ရောဂါကြောင့် ရုတ်တရက် အဆစ်များ နာကျင်လာခဲ့ရင် -
- Rest အိပ်ယာမှာ နားပါ။
- ခြေဆစ်၊ လက်ဆစ်တို့ကို ကူရှင်ပေါ် တင်၍သော်လည်းကောင်း ၊ အဝတ်ထူထူပေါ်တင်၍ လည်းကောင်း မြှင့်ထားပေးပါ။
- နာကျင်သော နေရာများတွင် ရေခဲကို ငါးမိနစ် စီခန့် ကပ်ပေးပါ။ ရေခဲလောင်ခြင်း မရှိစေရန် ရေခဲနှင့် အရေးပြားကြားတွင် အဝတ်တစ်ထပ်ခံပေးပါ။

✏Gout ရောဂါ ဖြစ်ပြီဆိုရင် ဘယ်လိုပြုမူ နေထိုင် စားသောက်ရမလဲ ?
Gout ရောဂါဟာ မိမိတို့ရဲ့ နေထိုင်စားသောက် မှု့ ပုံစံနှင့် အများကြီး သက်ဆိုင်ပါတယ်။ မိမိကိုယ်ကိုယ် Gout ရောဂါရှိတယ်လို့ သံသရ ရှိရင် နီးစပ်ရာ ဆေးခန်းများတွင် ကျွမ်းကျင် ပညာရှင်များနှင့် ပြသပြီး တိုင်ပင်ဆွေးနွေးပါ။
Gout ရောဂါ ရှိသူများ အနေဖြင့်
- အရက်သောက်ခြင်း ရှောင်ပါ။
- ရေကို တစ်နေ့လျင် 1-4 litre အထိသောက်သုံးပေးပါ။ ဒါမှသာ Uric acid များဟာ ဆီးနှင့် အတူပါသွားပြီး ခန္ဓာကိုယ်ထဲမှ စွန့်ထုတ်နိုင်မှာ ဖြစ်ပါတယ်။
- Purine ပါဝင်သော အစားအစာများကို ရှောင်ပေးပါ။ ဥပမာ - ငါးသေတ္တာ ၊ အမဲသား၊ ဝက်သား ၊ဆိတ်သား၊ ရက်လွန်အသားများ၊ မှို၊ ကညွတ်၊ ဟင်းနုနွယ်၊ မြှစ်၊ အူကလီစာ၊ အသဲ၊ အမြစ်၊ ခရမ်းချဉ်သီးအစေ့၊ အကြေးခွန်ပါသောငါးများ၊ တဆေး၊ ကျောက်ပုဇွန်၊ ပုဇွန်.....
စားသုံးသင့်သော အစာများ
- Vitamin C ပါသော အသီးများ
- သံပုရာရည် ၊ မန်ကျည်းသီး ဖျော်ရည်
- Fibre အမျှင်ဓာတ်ပါသော အသီးအရွက်များ။
- ကိုယ်လက်လှုပ်ရှား မှု့ ပုံမှန် ပြုလုပ်ပေးပါ။

🙏အကြောအဆစ်ရောဂါများ ကင်းဝေးကြပါစေ🙏

Original Writer

credit: Mr.Clinic

ဂေါက်ရောဂါ (၄)
Gout ရောဂါ

1..ဂေါက်(Gout)ရောဂါ ဆိုတာ ဘာပါလဲ?
အဆစ်အမြစ်ရောင်ရောဂါတစ်မျိုးပါ။

2..ဘာကြောင့် ဖြစ်ရတာလဲ?
ခန္ဓာကိုယ်ထဲမှာ Uric acid တွေများလာလို့ပါ။
ခန္ဓာကိုယ်ထဲမှာ uric acid ထုတ်တာများလို့ သော်လည်းကောင်း၊uric acidကို မစွန့်ထုတ်နိုင်လို့သော်လည်းကောင်း ဖြစ်တာပါ။

3..Uric acidဆိုတာ ဘာပါလဲ?
Purineဆိုတဲ့ ဓာတ်တစ်မျိုး ပြိုကွဲရာက ထွက်လာတာပါ။

4..Goutရောဂါမှာ ဘယ်လို လက္ခဏာတွေ ခံစားရမှာလဲ?
အဆစ်အမြစ် ရောင်ရမ်းနာကျင်ခြင်းကို ခံစားရမှာပါ။
အထူးသဖြင့် ခြေမအဆစ်၊ခြေကျင်းဝတ်၊ဒူးခေါင်းတို့မှာ ဖြစ်တတ်ပါတယ်။

5..ဘယ်လို လူမျိုးတွေမှာဖြစ်တတ်လဲ?
Purine များ‌စေသော အစားအစာ၊‌ဆေးဝါးများကို အများကြီး၊အကြာကြီး စားသုံးသူ
နာတာရှည် ကျောက်ကပ်ရောဂါသည်
ဆီးချိုရှိသူ
လည်ပင်းသိုင်းရွိုက်ဟော်မုန်းအထွက်နည်းသူ
ကင်ဆာ ဆေးဖြင့် ကုသမှုခံယူထားသူ
Psoriasis အရေပြားရောဂါရှိသူ

6..Uric acid မများ အောင် ဘာတွေဆောင်သင့်၊ရှောင်သင့်လဲ?
Purine များသောအစားအစာများ ရှောင်ရန်
သကြားရှောင်ရန်
အရက်၊ဘီယာရှောင်ရန်
ကိုယ်အလေးချိန်လျော့ရန်
အသီးအရွက်များများစားရန်
ရေများများသောက်ရန်
စိတ်ဖိစီးမှု လျော့ရန်
ဆီးချိုသမားတွေမှာ ဆီးချို သေချာထိန်းရန်
Uric acidများစေသောဆေးများ ရှောင်ရန်

7..purineများသော ရှောင်ရမဲ့ အစားအစာများ
အသား--ကလီစာများ၊ဝက်သား၊အမဲသား။
ငါး--ဆာဒင်းငါး၊shellfishများ၊ငါးနီတူ၊ဂဏန်း။
အသီးအရွက်--ပန်းဂေါ်ဖီ၊ကညွှတ်၊ဟင်းနုနွယ်ရွက်၊ပဲအမျိုးမျိုး၊မှို။

8..စားသင့်သော အစားအစာများ။
အသီးအရွက် --ခရမ်းချဉ်သီး၊brocoli၊သခွားသီး၊
အသီးအနှံ --ငှက်‌ပျောသီးပန်းသီး၊ချယ်ရီသီး၊ချဉ်သော အသီးများ၊ဘလူးဘယ်ရီ၊စပျစ်သီး။
Coffee,Green tea.

Dr K

ဆေးနာမည်များကို အင်္ဂလိပ်-မြန်မာ၂ဘာသာဖြင့်ဖော်ပြထားလို့ လူတိုင်းအတွက် အဆင်ပြေအကျိုးရှိပါတယ်နော်

ဆေးတွေရဲ့အသုံးကအများကြီးကျယ်ပြန့်ပါတယ်။
မည်သည့်ဆေးမဆို ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်တာ သုံးစွဲတာသာအကောင်းဆုံးပါ။
ချစ်ခြင်းအားဖြင့်
crd Daw Swe Swe Zin(dssz)

01/06/2022

ရန်ကုန် မြို့အတွင်း
❗ဝန်ထမ်းအမြန်အလိုသည်။
‼️interviewချက်ချင်းရှိသည်။

🔹အလုံမြို့နယ်ရှိဆေးခန်းတွင်တာဝန်ထမ်းဆောင်ရန်။

♦️basic 180,000

♻️Marketing female

✅ First year, second year distant နှင့် ဘွဲ့ရများလျှောက်ထားနိုင်သည်။
✅အသက်18-25အတွင်း
✅အတွေ့အကြုံမလိုပါ။
✅ Working Time 8နာရီ-5နာရီ
✅Sunday off
အသေးစိတ်ဆက်သွယ်စုံစမ်ရန်
☎️09:897306525☎️

01/06/2022

တာမွေ မြို့နယ်ရှိ ဆေးခန်းတစ်ခုတွင်တာဝန်ထမ်းဆောင်ရန်

💻💻 Nurse Aid - 2 Posts (Female)

👩👩 ဆယ်တန်းအောင်(သို့) ဘွဲ့ရ ရှိသူဖြစ်ရပါမည်။(မအောင်သူများလဲလျှောက်ထားနိုင်ပါသည်။)
👩👩 တာမွေအနီးတဝိုက်နေသူဖြစ်ရပါမည်။
👩👩 Customer Service ကောင်းမွန်သူဖြစ်ရပါမည်။
👩👩 အတွေ့အကြုံ (1) တစ်နှစ်အထက်ရှိသူဖြစ်ရပါမည်။
👩👩 သက်ဆိုင်ရာအတွေ့အကြုံရှိသူဖြစ်ရပါသည်။
👩👩 အဆိုင်းနှစ်ဆိုင်း ဆင်းနိုင်ရပါမည်။(7:00 AM-3:00 PM & 11:00 AM-7:PM)
👩👩 လစာ 2 သိန်းညှိနှိုင်း
👩👩 ပိတ်ရက် တစ်ပတ်တစ်ရက်နဲ့အစိုးရရုံးပိတ်ရက်

👩👩 🌻🌻 🌟 Phone 0996 5148557, 0976 5148557, 09885148557
🥰 Viber - 09885148557 / shwepoethar2019@gmail.com

❗မျောက်ကျောက်ရောဂါအကြောင်း ❗၂၀၂၂ မေလ ၂၁ ရက်၊ ၁၃း၀၀ အထိ ဓာတ်ခွဲအတည်ပြုလူနာ ၉၂ ဦး၊ မျောက်ကျောက်ရောဂါ သံသယရှိလူနာ ၂၈ ဦးကို ...
31/05/2022

❗မျောက်ကျောက်ရောဂါအကြောင်း ❗

၂၀၂၂ မေလ ၂၁ ရက်၊ ၁၃း၀၀ အထိ ဓာတ်ခွဲအတည်ပြုလူနာ ၉၂ ဦး၊ မျောက်ကျောက်ရောဂါ သံသယရှိလူနာ ၂၈ ဦးကို
မျောက်ကျောက်ရောဂါ ဖြစ်ပွားမှု မရှိသည့် အဖွဲ့ဝင်နိုင်ငံ ၁၂ နိုင်ငံမှ WHO သို့ အစီရင်ခံတင်ပြထားပြီးဖြစ်သည်။
ဆက်စပ်သေဆုံးမှုများသည်ယနေ့အထိအစီရင်ခံခြင်းမရှိသေးပေ။
ယနေ့အထိ၊ PCRမှ နမူနာများကိုအတည်ပြုထားသောလူနာအားလုံးကိုအနောက်အာဖရိကတွင်
ကူးစက်ခံရသည်ဟု သတ်မှတ်ထားသည်။
ရောဂါပိုးမရှိသော ဒေသများတွင် ယနေ့အထိ စောင့်ကြည့်ခြင်းကို ကန့်သတ်ထားသော်လည်း ယခုအခါ တိုးချဲ့လျက်ရှိသည်။
ရောဂါဖြစ်ပွားမှု ပိုများလာမည်ဟု WHO က ခန့်မှန်းထားသည်။
ရရှိနိုင်သောအချက်အလက်များအရ လူမှလူသို့ကူးစက်ခြင်းမှာ ရောဂါလက္ခဏာရှိသောလူနာများနှင့် အနီးကပ်ကိုယ်ထိလက်ရောက်ထိတွေ့မှုတွင် ဖြစ်ပွားနေကြောင်း အကြံပြုထားသည်။

မျောက်ကျောက် ဘယ်လိုဖြစ်တာလဲ
Monkeypox (MPX) သည် လူများကြားတွင် အလွယ်တကူ မကူးစက်ပါ။ လူမှလူသို့ ကူးစက်ခြင်းမှာ ရောဂါပိုးရှိသူ၏ အရေပြားဒဏ်ရာများမှ ကူးစက်တတ်သော အရာများနှင့် နီးကပ်စွာ ထိတွေ့ခြင်းမှတဆင့်၊ ကြာရှည်စွာ မျက်နှာချင်းဆိုင် ထိတွေ့မှုတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ အမှုန်အမွှားများနှင့် fomites များမှတဆင့် ဖြစ်ပွားပါသည်။

မျောက်ကျောက် ပေါက်နေတာ ဘယ်လိုသိလဲ
အဖျားတက်ခြင်း၊ lymph nodes များ ရောင်ရမ်းခြင်းနှင့် အဖုအစရှိသော လက္ခဏာရပ်များဖြစ်သည်။
အဖုသည် မျက်နှာနှင့် လက်ချောင်းများပေါ်တွင် ဒဏ်ရာများစွာကို ဖြစ်စေသည်။ မျောက်ကျောက်ရောဂါဖြစ်ပွားမှုအများစုသည် အာဖရိကအလယ်ပိုင်းနှင့် အနောက်ဘက်တွင် ဖြစ်ပွားသည်။ အမေရိကန်နိုင်ငံတွင် မျောက်ကျောက်ရောဂါသည် ရှားပါးသော်လည်း 2021 ခုနှစ်တွင် အတည်ပြုလူနာ အနည်းငယ်ရှိခဲ့သည်။

မျောက်ကျောက် ရောဂါလက္ခဏာများ
လူသားများတွင် မျောက်ကျောက်ရောဂါလက္ခဏာများသည် ကျောက်ရောဂါလက္ခဏာများထက် ပိုမိုပျော့ပျောင်းသော်လည်း ဆင်တူသည်။ မျောက်ကျောက်သည် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားကိုက်ခဲခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့မှ စတင်သည်။ ကျောက်ရောဂါနှင့် မျောက်ကျောက်တို့၏ လက္ခဏာများကြား အဓိက ကွာခြားချက်မှာ ကျောက်ရောဂါ မဖြစ်ပွားသော်လည်း မျောက်ကျောက်ရောဂါသည် lymph nodes များ ဖောရောင်ခြင်း (lymphadenopathy) ကို ဖြစ်စေခြင်း ဖြစ်သည်။ မျောက်ကျောက်ပေါက်သည့်ကာလ (ရောဂါပိုးကူးစက်မှုမှ ရောဂါလက္ခဏာများအထိ) သည် အများအားဖြင့် 7-14 ရက်ဖြစ်သော်လည်း 5-21 ရက်အထိ ကြာနိုင်သည်။
မျောက်ကျောက်ရောဂါသည်-
•ဖျားခြင်း။ ကိုယ်ပူခြင်း
• ခေါင်းကိုက်ခြင်း။
• ကြွက်သားကိုက်ခဲခြင်း။
• ခါးကိုက်ခြင်း။
• lymph nodes များ ရောင်ရမ်းခြင်း။
• ချမ်းတုန်ခြင်း။
• ပင်ပန်းနွမ်းနယ်ခြင်း။
အဖျားပေါ်လာပြီး ၁ ရက်မှ ၃ ရက်အတွင်း (တစ်ခါတစ်ရံ ပိုကြာသည်) တွင် လူနာသည် မျက်နှာပေါ်တွင် အဖုများပေါက်လာပြီး ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားတတ်သည်။

မျောက်ကျောက် ပျောက်ဆေးရှိလား
လက်ရှိအချိန်မှာတော့ မျောက်ကျောက်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုအတွက် သက်သေပြပြီး စိတ်ချရတဲ့ ကုသနည်းမရှိသေးပါ။ အမေရိကန်ပြည်ထောင်စုတွင် မျောက်ကျောက်ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် ရည်ရွယ်ချက်အတွက် ရေကျောက်ကာကွယ်ဆေး၊ ဗိုင်းရပ်စ်ပိုးသတ်ဆေးနှင့် ကာကွယ်ဆေးကိုယ်ခံအား ဂလိုဘူလင် (VIG) ကို အသုံးပြုနိုင်သည်။

Tecovirimat
Tecovirimat ကို 2021 ခုနှစ် ဇန်နဝါရီလတွင် ဥရောပကော်မရှင်၏ ခွင့်ပြုချက်ဖြင့် 2022 ဇန်နဝါရီတွင် ကျောက်ရောဂါမှလွဲ၍ အခြားသော Tecovirimat ကို ကုသရန် ပထမဆုံးခွင့်ပြုထားသော ဆေးအဖြစ် Tecovirimat ကို FDA မှ အတည်ပြုခဲ့သည်။ ကျောက်ရောဂါ ကာကွယ်ဆေးထိုးပြီးနောက် ကာကွယ်ဆေး ဗိုင်းရပ်စ်၏ ထပ်ပွားမှုကြောင့် နောက်ဆက်တွဲပြဿနာများကို ကုသရန် ညွှန်ပြထားပြီး လူကြီးများနှင့် ကလေးများတွင် မျောက်ကျောက်နှင့် နွားပေါက်ရောဂါကို ကုသရန် ညွှန်ပြထားသည်။ Tecovirimat ကို သောက်ဆေးနှင့် သွေးကြောသွင်းဖော်မြူလာ နှစ်မျိုးလုံးအဖြစ် ရနိုင်ပါသည်။

မျောက်ကျောက်နှင့် ကျောက်ရောဂါ ကာကွယ်ဆေး
ကာကွယ်ဆေးတစ်မျိုးဖြစ်သော JYNNEOSTM (Imvamune သို့မဟုတ် Imvanex ဟုလည်းလူသိများသည်) သည် မျောက်ကျောက်နှင့် ကျောက်ရောဂါကို ကာကွယ်ရန် အမေရိကန်တွင် လိုင်စင်ရထားသည်။ ကာကွယ်ဆေးသည် လူများကို မျောက်ကျောက်မကူးအောင် ကာကွယ်နိုင်သည်။ အာဖရိကမှ ယခင်အချက်အလက်များအရ ကျောက်ရောဂါကာကွယ်ဆေးသည် မျောက်ကျောက်ရောဂါကို ကာကွယ်ရာတွင် အနည်းဆုံး 85% ထိရောက်ကြောင်း အကြံပြုထားသည်။ မျောက်ကျောက်နှင့် ထိတွေ့ပြီးနောက် ကာကွယ်ဆေးထိုးခြင်းသည် ရောဂါကို ကာကွယ်ရန် သို့မဟုတ် ပြင်းထန်မှု လျော့နည်းစေသည်ဟု ကျွမ်းကျင်သူများက ယုံကြည်ကြသည်။
အနည်းဆုံး အသက် 18 နှစ်ရှိသူများနှင့် ကျောက်ရောဂါကူးစက်ခံရနိုင်ခြေ မြင့်မားသောသူများတွင် ကာကွယ်ဆေးထိုးရန် လိုင်စင်ရထားသည်။ ဆေးဝါးပရိုတိုကောအသစ်အရ အသုံးပြုပါက မျောက်ကျောက်နှင့် ထိတွေ့နေသူများတွင် အသုံးပြုနိုင်ပါသည်။
ကျောက်ရောဂါ ကာကွယ်ဆေးကို လက်ရှိတွင် အများသူငှာ မရရှိနိုင်သေးပါ။ အမေရိကန်ပြည်ထောင်စုတွင် မျောက်ကျောက်ရောဂါ ထပ်မံဖြစ်ပွားပါက ကာကွယ်ဆေးထိုးသင့်သည်များကို ရှင်းပြပေးမည့် လမ်းညွှန်ချက်များကို CDC က ချမှတ်ပေးမည်ဖြစ်သည်။

မျောက်ကျောက် ကာကွယ်ရေး
မျောက်ကျောက်ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ကာကွယ်ရန် အတိုင်းအတာများစွာ ရှိပါသည်။
• ဗိုင်းရပ်စ်ပိုးရှိနိုင်သော တိရစ္ဆာန်များနှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ (ဖျားနာနေသော တိရစ္ဆာန်များ သို့မဟုတ် မျောက်ကျောက်ရောဂါ ဖြစ်ပွားသည့်နေရာများတွင် သေဆုံးနေသည့် တိရစ္ဆာန်များ အပါအဝင်)။
• ဖျားနေသောတိရစ္ဆာန်နှင့် ထိတွေ့မိသော အိပ်ယာကဲ့သို့သော ပစ္စည်းများနှင့် ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။
• ရောဂါပိုးကူးစက်ခံရနိုင်ခြေရှိသည့် အခြားလူနာများနှင့် သီးခြားခွဲထားပါ။
• ရောဂါပိုးရှိသောတိရစ္ဆာန် သို့မဟုတ် လူများနှင့်ထိတွေ့ပြီးနောက် လက်သန့်ရှင်းရေးကို လေ့ကျင့်ပါ။ ဥပမာ- လက်ကို ဆပ်ပြာနှင့် ရေဖြင့် ဆေးကြောခြင်း သို့မဟုတ် အယ်လ်ကိုဟောပါဝင်သော လက်သန့်ဆေးရည်ကို အသုံးပြုပါ။
• လူနာများကို ပြုစုရာတွင် တစ်ကိုယ်ရေ အကာအကွယ်ပစ္စည်း (PPE) ကို အသုံးပြုပါ။
JYNNEOSTM (Imvamune သို့မဟုတ် Imvanex ဟုလည်းလူသိများသည်) သည် မျောက်ကျောက်ရောဂါကို ကာကွယ်ရန်အတွက် US Food and Drug Administration မှ ခွင့်ပြုထားသော သက်သာသော တိုက်ရိုက်ဗိုင်းရပ်စ် ကာကွယ်ဆေးဖြစ်သည်။ ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ အလေ့အကျင့်များဆိုင်ရာ အကြံပေးကော်မတီ (ACIP) သည် လုပ်ငန်းအကြိုအခြေအနေတွင် ကျောက်ရောဂါနှင့် မျောက်ကျောက်ကဲ့သို့ လုပ်ငန်းခွင်ထိတွေ့မှုအန္တရာယ်ရှိသော လူများကို ကာကွယ်ရန်အတွက် JYNNEOSTM ကို လက်ရှိအကဲဖြတ်နေသည်။
တစ်ကိုယ်ရေ အကာအကွယ်ပစ္စည်း အရင်းအမြစ်များ
• ကိုယ်ရေးကိုယ်တာ ကာကွယ်ရေးပစ္စည်း (PPE)
• Personal Protection Equipment (PPE)
• သင်၏ PPE စက်ပစ္စည်းပေါင်းစပ်မှုကို ရွေးချယ်ပါ။
ရောဂါပိုးရှိသော တိရစ္ဆာန် သို့မဟုတ် လူများနှင့် ထိတွေ့ပြီးနောက် လက်သန့်ရှင်းရေးကို လေ့ကျင့်ပါ။

WHO အကြံပေးချက်
လက်ရှိဖြစ်ပွားနေသော အမှုအခင်းများနှင့် အခြားအဖွဲ့ဝင်နိုင်ငံများတွင် အစီရင်ခံတင်ပြသည့် နိုင်ငံများတွင် ထပ်လောင်းဖြစ်ပွားမှုများကို ဖော်ထုတ်ခြင်းနှင့် ဆက်လက်ပျံ့နှံ့ခြင်းမှာ ဖြစ်နိုင်ခြေရှိသည်။
ထိခိုက်နိုင်ချေရှိသော ရပ်ရွာလူထုများအပြင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများနှင့် ဓာတ်ခွဲခန်းဝန်ထမ်းများအကြား အသိပညာတိုးပွားခြင်းသည် နောက်ဆက်တွဲဖြစ်ပွားမှုများကို ဖော်ထုတ်ကာကွယ်တားဆီးရန်နှင့် လက်ရှိဖြစ်ပွားနေသောရောဂါဖြစ်ပွားမှုကို ထိရောက်စွာစီမံခန့်ခွဲရန်အတွက် မရှိမဖြစ်လိုအပ်ပါသည်။
မျောက်ကျောက်ရောဂါ တစ်ခုတည်းနှင့် ဆက်စပ်နေသော ပြည်သူ့ကျန်းမာရေး ဘေးအန္တရာယ်များကြောင့် ဆေးခန်းများမှ သံသယရှိလူနာများကို အမျိုးသား သို့မဟုတ် ဒေသဆိုင်ရာ ပြည်သူ့ကျန်းမာရေး အာဏာပိုင်များထံ ချက်ချင်း သတင်းပို့သင့်သည်။ အပြည်ပြည်ဆိုင်ရာကျန်းမာရေးစည်းမျဉ်းများ (IHR 2005) အရ IHR National Focal Points (NFPs) မှတစ်ဆင့် ဖြစ်နိုင်ခြေရှိသော အတည်ပြုလူနာများကို WHO သို့ ချက်ချင်းအစီရင်ခံသင့်သည်။
ကမ္ဘာလုံးဆိုင်ရာ အမှုအစီရင်ခံမှုပုံစံကို တည်ဆောက်ဆဲဖြစ်သည်။
ရောဂါလက္ခဏာမရှိသော Contact များသည် သွေး၊ ဆဲလ်များ၊ တစ်သျှူးများ၊ ကိုယ်တွင်းအင်္ဂါများ၊ မိခင်နို့ သို့မဟုတ် သုက်ရည်များကို ရောဂါလက္ခဏာ စောင့်ကြည့်နေချိန်တွင် မလှူဒါန်းသင့်ပါ။
မိမိကိုယ်ကို ကာကွယ်ရန် အဆင့်များသည် ရောဂါလက္ခဏာများ ရှိသူနှင့် အရေပြား သို့မဟုတ် မျက်နှာချင်းဆိုင် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ခြင်း၊ အန္တရာယ်ကင်းသော လိင်ဆက်ဆံခြင်းကို လေ့ကျင့်ခြင်း၊ လက်ကို ရေနှင့် ဆပ်ပြာ သို့မဟုတ် အရက်ပါသော လက်ဆေးခြင်း နှင့် အသက်ရှုလမ်းကြောင်းကို ထိန်းသိမ်းခြင်း တို့ ပါဝင်သည်။
တစ်စုံတစ်ဦးသည် မျောက်ကျောက်ရောဂါဟု သံသယရှိခြင်း သို့မဟုတ် အတည်ပြုပါက သီးခြားထားသင့်သည်။ ဤကာလအတွင်း လူနာများသည် မျောက်ကျောက်ရောဂါလက္ခဏာများကို သက်သာစေရန် ပံ့ပိုးကုသမှုကို ခံယူနိုင်သည်။ မျောက်ကျောက်ရောဂါရှိသူကို ပြုစုစောင့်ရှောက်သူတိုင်းသည် မျက်နှာဖုံးဝတ်ဆင်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ ထိတွေ့မိသော မျက်နှာပြင်များအပါအဝင် သင့်လျော်သော ကိုယ်ရေးကိုယ်တာအကာအကွယ်အစီအမံများကို အသုံးပြုသင့်သည်။
မျောက်ကျောက်ရောဂါဖြစ်ပွားနေသောနိုင်ငံများသို့ နေထိုင်သူများနှင့် ခရီးသွားသူများသည် ကြွက်များ၊သားပိုက်ကောင်၊ မျောက်ပေါက်များ (သေဆုံး သို့မဟုတ် အသက်ရှင်လျက်) ကဲ့သို့သော ဖျားနာသောနို့တိုက်သတ္တဝါများနှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်သင့်ပြီး တောရိုင်းအသားများကို စားသုံးခြင်းမှ ရှောင်ကြဉ်သင့်သည်။
လက်ရှိမျောက်ကျောက်ရောဂါကူးစက်မှု၏ယန္တရားအတိအကျကို စုံစမ်းနေဆဲဖြစ်ပြီး ၎င်းတို့သည် SARS-CoV-2 နှင့် ကွဲပြားဖွယ်ရှိသော်လည်း COVID-19 မှ အကြံပြုထားသော အထွေထွေကြိုတင်ကာကွယ်မှုအစီအမံများသည်လည်း မျောက်ကျောက်ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းမှ ကြီးမားစွာကာကွယ်နိုင်မည်ဟု မျှော်လင့်ထားပါသည်။
ယခုအချိန်တွင် ရရှိနိုင်သော အချက်အလက်များအပေါ် အခြေခံ၍ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အဝင်နှင့်အထွက် ခရီးသွားများအတွက် နိုင်ငံတကာ ခရီးသွားလာမှုဆိုင်ရာ တိုင်းတာမှုတစ်ခုအား ချမှတ်ရန် WHO မှ အကြံပြုထားခြင်းမရှိပါ။

References
https://www.who.int/emergencies/disease-outbreak-news/item/2022-DON385
https://www.cdc.gov/poxvirus/monkeypox/treatment.html

ထိုင်းလေဆိပ်တွင် မျောက်ကျောက်အတည်ပြုလူနာတစ်ဦး တွေ့ရှိထိုင်းလေဆိပ်တွင်ခရီးတထောက်နားသည့် နိုင်ငံခြားသားခရီးသည်တစ်ဦးတွင် မျ...
30/05/2022

ထိုင်းလေဆိပ်တွင် မျောက်ကျောက်အတည်ပြုလူနာတစ်ဦး တွေ့ရှိ
ထိုင်းလေဆိပ်တွင်ခရီးတထောက်နားသည့် နိုင်ငံခြားသားခရီးသည်တစ်ဦးတွင် မျောက်ကျောက်ရောဂါ (Monkeypox) စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းနှင့်ထိတွေ့ခဲ့သူ ၁၂ ဉီးအထိရှိသည်ဟု ထိုင်းပြည်သူ့ကျန်းမာရေးဝန်
ကြီးဌာန၊ ရောဂါထိန်းချုပ်ရေးဦးစီးဌာန၊ ကပ်ရောဂါဌာနမှူး ဒေါက်တာ ကျတ်ကရတ် ဖစ်ထယာဝန် အာနွန် က ယနေ့နေ့လယ်ပိုင်းတွင် မီဒီယာများကို ပြောကြားခဲ့သည်။
အဆိုပါ လူနာသည်ဩစတြေးလျနိုင်ငံသို့ခရီးဆက်ရန်အတွက် ထိုင်းလေဆိပ်တွင် ၂ နာရီကြာ လေယာဉ် ချိန်းစဉ်စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်ထိတွေခဲ့သောခရီးသည်နှင့်လေယာဉ်ဝန်ထမ်း ၁၂ ဉီး မှာ ရောဂါ
လက္ခဏာပြခြင်းမရှိသေးဟု ဆိုသည်။
ထို့ပြင် ထိုင်းနိုင်ငံတောင်ပိုင်း ဖူကက်ခရိုင်ရှိ အိုင်ယာလန်နိုင်ငံသား သံသယလူနာ ၅ ဦးမှာလည်း ဓာတ်ခွဲခန်းအဖြေအရ ရေယုန်ရောဂါသာဖြစ်သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။
နောက်ဆုံးရအချက်အလက်အရ နိုင်ငံပေါင်း ၃၂ ခုတွင် မျောက်ကျောက်ရောဂါကူးစက်နေပြီး အတည်ပြု
လူနာ ၄၀၆ ဉီး၊ သံသယလူနာ ၈၈ ဉီးရှိသည်ဟု သိရသည်။ အင်္ဂလန်၊ ဂျာမနီ၊ စပိန်၊ ပေါ်တူဂီ၊ ကနေဒါ စသည့် ၅ နိုင်ငံသည် ကူးစက်မှုအများဆုံးအာဖရိကတိုက်ပြင်ပနိုင်ငံများဖြစ်ပြီး ထိုင်းပြည်တွင်းတွင် ကူးစက်မှုမရှိသေးဟု အတည်ပြုထားသည်။
ပလာတူး

Nurse aid (မ) တစ်ဦးအလိုရှိတယ်ဆေးရုံတွင် မနက်၇-ည၇ လူနာစောင့်ပေးရမည်လူနာစောင့် အတွေ့ကြုံရှိရမည် ထမင်းစရိတ်အပြီးအစီး 1day -...
29/05/2022

Nurse aid (မ) တစ်ဦးအလိုရှိတယ်
ဆေးရုံတွင် မနက်၇-ည၇ လူနာစောင့်ပေးရမည်
လူနာစောင့် အတွေ့ကြုံရှိရမည်
ထမင်းစရိတ်အပြီးအစီး 1day - 13000 ပေးပါမည်
တစ်နေ့ပြီးတစ်နေ့ရှင်းမည် (ဆက်သွယ်ရန် )

09972463734 ( Viber )

28/05/2022

စမ်းချောင်းမြို့နယ်တွင် တာဝန်ထမ်းဆောင်ရန်

Nurse Aid - M/F - 4 post

- အသက် 18 နှစ် မှ 30 နှစ် အတွင်းဖြစ်ရမည်။
-Nurse Aid သင်တန်းဆင်း လက်မှတ်ရှိသူဖြစ်ရမည်။
-လုပ်ငန်းအတွေ့အကြုံမရှိသူများလဲ လျောက်ထားနိုင်ပါသည်။
- ရိုးသားကြိုးစားပြီး အကျင့်စာရိတ္တ ကောင်းမွန်သူ ဖြစ်ရမည်။
- ရေရှည်လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
- လစာ /350,000(ညှိုနှိုင်း)

Ph - 09.683782586. / 09.250350516

Address

66 လမ်း 20 21
Mandalay

Telephone

+959420056738

Website

Alerts

Be the first to know and let us send you an email when Justic Care Special posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Justic Care Special:

Share