Dr. T- Sharing for Your Health

  • Home
  • Dr. T- Sharing for Your Health

Dr. T- Sharing for Your Health လူအများ ကျန်းမားရေးအသိပညာတိုးများစေရန် ဝေမျှပေးပါမည်။ We will share about health & wellbeing

23/10/2023

🚨🚨 𝐂𝐏𝐑 က လူတစ်ယောက် နှလုံးခုန်ရပ်သွားတဲ့အခါ နဲ့ အသက်ရှူပုံမှန်မဟုတ်တော့တဲ့အခါမှာ အရေးပေါ်အသက်ကယ်ပေးဖို့ လုပ်ရမဲ့ လုပ်ဆောင်ချက်တွေကိုပြောတာပါ။

🆘 လူတစ်ယောက်နှလုံးခုန်ရပ်သွားရင် 𝐂𝐏𝐑 နဲ့ သွေးလည်ပတ်မှုမရပ်သွားအောင်လုပ်ပေးနိုင်မှ ဦးနှောက်ဆီကို အောက်ဆီဂျင် (O2) ဆက်ရောက်နေမှာပါ။ ဒါမှလည်း လူကအသက်ဆက်ရှင်နေနိုင်မှာပါ။

📛𝐂𝐏𝐑 ဆိုတာ “𝐂𝐚𝐫𝐝𝐢𝐨 𝐏𝐮𝐥𝐦𝐨𝐧𝐚𝐫𝐲 𝐑𝐞𝐬𝐮𝐬𝐜𝐢𝐭𝐚𝐭𝐢𝐨𝐧” ပါ။
𝐂𝐚𝐫𝐝𝐢𝐨- နှလုံးနှင့် သွေးကြော 🫀
𝐏𝐮𝐥𝐦𝐨𝐧𝐚𝐫𝐲- အဆုတ် 🫁
𝐑𝐞𝐬𝐮𝐬𝐜𝐢𝐭𝐚𝐭𝐢𝐨𝐧- ကယ်ဆယ်ခြင်း

✅𝐂𝐏𝐑 ဆိုတဲ့နာမည်အတိုင်းပဲ လုပ်ဆောင်ချက်အပိုင်း (၂) ပိုင်းပါပါတယ်။ 🫀 နှလုံးကိုကူပေးတဲ့အပိုင်း နဲ့ 🫁အဆုတ်ကိုကူပေးတဲ့ အပိုင်းပါ။

🫀နှလုံးကိုကူပေးဖို့ လူနာရဲ့ရင်ဘက်အလယ်ကနေ လက်နဲ့ဖိပေးခြင်း (𝐶ℎ𝑒𝑠𝑡 𝐶𝑜𝑚𝑝𝑟𝑒𝑠𝑠𝑖𝑜𝑛) လုပ်ရပြီး 🫁အဆုတ်ကိုကူပေးဖို့ ပါးစပ်ကနေလေမှုတ်သွင်းပေးခြင်း (Rescue Breaths) လုပ်ပေးရမှာပါ။

👉𝐶ℎ𝑒𝑠𝑡 𝐶𝑜𝑚𝑝𝑟𝑒𝑠𝑠𝑖𝑜𝑛 လုပ်ရင် လူနာကိုတော့ မာကြောနေတဲ့မျက်နှာပြင်(ကြမ်းခင်း/မြေကြီး) ပေါ် ချထားပြီးဖိပေးမှ အကျိုးထိရောက်မှာပါ။

📌အခု Video က 👱‍♂️👩 လူကြီးကို 𝐂𝐏𝐑 လုပ်ပုံလုပ်နည်းအသေးစိတ်ကိုရှင်းပြထားပါတယ်။

💢ကလေးတွေကို 𝐂𝐏𝐑 လုပ်တာကတော့ လူကြီးကို 𝐶ℎ𝑒𝑠𝑡 𝐶𝑜𝑚𝑝𝑟𝑒𝑠𝑠𝑖𝑜𝑛 လုပ်ပေးတဲ့နည်းကလွဲရင် ကျန်တာ အကုန်အတူတူပါပဲ။ 𝐶ℎ𝑒𝑠𝑡 𝐶𝑜𝑚𝑝𝑟𝑒𝑠𝑠𝑖𝑜𝑛 အကြိမ်(၃၀) နဲ့ 𝑅𝑒𝑠𝑐𝑢𝑒 𝐵𝑟𝑒𝑎𝑡ℎ𝑠 (၂)ခါကို တစ်လှည့်စီလုပ်ပေးရမှာပါပဲ။

👉𝐶ℎ𝑒𝑠𝑡 𝐶𝑜𝑚𝑝𝑟𝑒𝑠𝑠𝑖𝑜𝑛 လုပ်ရင် (၁)နှစ်အထက်ကလေးနဲ့ (၁)နှစ်အောက်ကလေးကို ဖိပေးရတဲ့ နည်းလဲ အနည်းငယ်ကွာပါသေးတယ်။

👧👦 (၁) နှစ်အထက်ကလေးကို 𝐶ℎ𝑒𝑠𝑡 𝐶𝑜𝑚𝑝𝑟𝑒𝑠𝑠𝑖𝑜𝑛 လုပ်ရင် ကလေးရဲ့ ရင်ခေါင်းအလယ်ကို လက်တစ်ဖက်တည်းနဲ့ ✋ဖိပေးရမှာပါ။ လက်တစ်ဖက်တည်းနဲ့ (၅)စင်တီမီတာအနက်ရအောင် မဖိပေးနိုင်မှသာ ✋🤚လက်(၂)ဖက်နဲ့ 𝐶ℎ𝑒𝑠𝑡 𝐶𝑜𝑚𝑝𝑟𝑒𝑠𝑠𝑖𝑜𝑛 လုပ်ပေးပါ။ ထုံးစံအတိုင်း 𝐶ℎ𝑒𝑠𝑡 𝐶𝑜𝑚𝑝𝑟𝑒𝑠𝑠𝑖𝑜𝑛 ကို လက်ဖဝါးနဲ့ လက်ကိုဖြောင့်အောင်ဆံ့ပြီး အပေါ်ကနေ ဖိပေးရမှာပါ။

👶 (၁) နှစ်အောက် ကလေးတွေကိုကြ ကလေးရဲ့ရင်ခေါင်းအလယ်တည့်တည့်ကိုပဲ လက်ညိုးနဲ့လက်ခလယ်ပေါင်း ✌️လက်ချောင်း (၂)ချောင်းကိုသုံးပြီး (၄)စင်တီမီတာအနက်ရအောင် ဖိပေးရမှာပါ။ ရင်ဘက်ကို (၄)စင်တီမီတာအောက်ရောက်အောင် မဖိပေးနိုင်မှာသာ ✋လက်ဖဝါးတစ်ဖက်နဲ့ ဖိပေးရမှာပါ။

👉နောက်တစ်ခါကြရင် လူနာကို 𝑹𝒆𝒄𝒐𝒗𝒆𝒓𝒚 𝑷𝒐𝒔𝒊𝒕𝒊𝒐𝒏 ထားပုံထားနည်း ပြောပြပေးသွားမှာမို့ 𝐩𝐚𝐠𝐞 ကို 𝐋𝐢𝐤𝐞 𝐚𝐧𝐝 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ထားပေးကြပါဦးနော် 🥰

#ကျန်းမာရေး #အရေးပေါ် #အသက်ကယ်

💊ကျတော်ဆေးသောက်ရင် လုပ်တတ်တဲ့အကျင့်လေးတစ်ခုရှိတယ်။ ✅ဘာလဲဆိုတော့ ဆေးကဒ်ရဲ့ Expiry date (ဆေးသက်တမ်းကုန်ဆုံးရက်) မပါတဲ့ဖက်က...
17/10/2023

💊ကျတော်ဆေးသောက်ရင် လုပ်တတ်တဲ့အကျင့်လေးတစ်ခုရှိတယ်။

✅ဘာလဲဆိုတော့ ဆေးကဒ်ရဲ့ Expiry date (ဆေးသက်တမ်းကုန်ဆုံးရက်) မပါတဲ့ဖက်ကနေ စပြီး ဆေးဖောက်သောက်တာပါပဲ

🌟ရည်ရွယ်ချက်က ဆေးကဒ်မကုန်ဘဲ လက်ကျန်သိမ်းထားရရင် ဆေးအိတ်ထဲမှာ နေရာစားသက်သာအောင် ဆေးကုန်နေတဲ့ဘက်ကိုညှပ်ပစ်ဖို့ပါ။ ဒါမှ ကျန်နေတဲ့ဆေးကဒ်ကို နောက်ပိုင်း ဆက်သောက်ရင် ဆေးသက်တမ်းကုန်မကုန် သိနိုင်မှာပါ။

ဆေးအိတ်ထဲမှာလဲ လိုအပ်တတ်တဲ့​ဆေးကိုအမြဲဆောင်ထားပြီး သွားလေရာသယ်သွားတတ်ပါတယ်။ ဆေးအိတ်က ခရီးထွက်ရင်လည်း လုံးဝမပါမဖြစ်ပဲ။

Dr. T’s Sharing for your health and wellbeing 👩🏻‍⚕️👨🏻‍⚕️

#ကျန်းမာရေး

♨️𝑭𝒐𝒐𝒅 𝒂𝒍𝒍𝒆𝒓𝒈𝒚 (အစားသောက်တစ်ခုခုနှင့် ဓာတ်မတည့်ခြင်း)အပိုင်း (၂) ♨️အစားစာတစ်ခုခုနဲ့ ဓာတ်မတည့်ခြင်း (𝐹𝑜𝑜𝑑 𝐴𝑙𝑙𝑒𝑟𝑔𝑦)က ကမ္ဘာ...
14/09/2023

♨️𝑭𝒐𝒐𝒅 𝒂𝒍𝒍𝒆𝒓𝒈𝒚 (အစားသောက်တစ်ခုခုနှင့် ဓာတ်မတည့်ခြင်း)
အပိုင်း (၂)

♨️အစားစာတစ်ခုခုနဲ့ ဓာတ်မတည့်ခြင်း (𝐹𝑜𝑜𝑑 𝐴𝑙𝑙𝑒𝑟𝑔𝑦)က ကမ္ဘာတစ်ဝှမ်းလုံးမှာ ပိုမိုအတွေ့များလာပါတယ်။
⁉️ဘာလို့ ဒီလိုအဖြစ်များလာတာလဲ ဆိုတာကို BBC က ရေးထားတဲ့ဆောင်းပါးလေးတစ်ခုကို ရှင်းပြပေးပါမယ်ရှင့်။

[✅လူတွေနဲ့ ဓာတ်မတည့်မှု ဖြစ်စေတဲ့အရာကို 𝐴𝑙𝑙𝑒𝑟𝑔𝑒𝑛 လို့ခေါ်ပါတယ်။ ဥပမာ- ပန်းဝတ်မှုံ၊ တိရိစ္ဆာန်အမွေးမျှင်၊ ပင်လယ်စာ၊ တစ်ချို့သော ဆေးဝါးများ။]

👩🏻‍🏫👉“𝑫𝒖𝒂𝒍 𝑨𝒍𝒍𝒆𝒓𝒈𝒆𝒏 𝑬𝒙𝒑𝒐𝒔𝒖𝒓𝒆 𝑯𝒚𝒑𝒐𝒕𝒉𝒆𝒔𝒊𝒔”👈

🎯Dual Allergen Exposure ကိုတိုက်ရိုက်ဘာသာပြန်ရရင် Allergen နဲ့ နှစ်ခါထိတွေ့ခြင်းပါ။

𝐹𝑜𝑜𝑑 𝐴𝑙𝑙𝑒𝑟𝑔𝑦 ဖြစ်စေတဲ့ 𝐴𝑙𝑙𝑒𝑟𝑔𝑒𝑛 တွေက အစားသောက်မှာတင်မဟုတ်ဘဲ ဖုန်မှုံ့ နဲ့ ပရိဘောဂ 🪑တွေပေါ်မှာလဲ ရှိနေတတ်တာကြောင့် အစားသောက်ကို ရှောင်ရင်တောင် တစ်ခြားထိတွေ့မှုပုံစံကနေတစ်ဆင့် ထိတွေ့နိုင်ပါတယ် 🖐️😮‍💨။

အရေပြား (အထူးသဖြင့်ရောင်ရမ်းနေတဲ့ အရေပြား) ကနေတစ်ဆင့် Allergen ကိုအရင်ထိတွေ့မိပြီးရင် 𝐴𝑛𝑡𝑖𝑏𝑜𝑑𝑖𝑒𝑠 တွေဖြစ်ပေါ်လာပါတယ်။

[✅𝐴𝑛𝑡𝑖𝑏𝑜𝑑𝑖𝑒𝑠 ဆိုတာ ခန္ဓာကိုယ်ကထုတ်တဲ့ ပဋိပစ္စည်းတစ်မျိုးဖြစ်ပြီး လူ့ခန္ဓာကိုယ်ကို အန္တရာယ်ပြုစေနိုင်တဲ့အရာတွေကို ပြန်လည်တိုက်ထုတ်ပေးတဲ့ ဓာတ်တစ်ခုပဲ ဖြစ်ပါတယ်]

𝐴𝑛𝑡𝑖𝑏𝑜𝑑𝑖𝑒𝑠 တွေထွက်ပြီးနောက်ပိုင်းမှာ ကလေးက အဲ့ဒီ 𝐴𝑙𝑙𝑒𝑟𝑔𝑒𝑛 ကိုစားသောက်မိခဲ့ရင် ခန္ဓာကိုယ်ခုခံအားစနစ် (𝐼𝑚𝑚𝑢𝑛𝑒 𝑆𝑦𝑠𝑡𝑒𝑚) က အလွန်အကျူးတုံ့ပြန်ပြီး 𝐴𝑙𝑙𝑒𝑟𝑔𝑦 ဖြစ်ပေါ်ပါတော့တယ်😟😷🤧

ဒါပေမဲ့ အူလမ်းကြောင်းမှာရှိတဲ့ 𝐼𝑚𝑚𝑢𝑛𝑒 𝑆𝑦𝑠𝑡𝑒𝑚 က အရာဝတ္ထု (ဥပမာ-အစားသောက်) တွေကို ခံနိုင်ရည်စွမ်းရှိလာအောင် ပြင်ဆင်ပေးနိုင်တာကြောင့် အရေပြားတို့လိုကနေ တစ်ဆင့် 𝐴𝑛𝑡𝑖𝑏𝑜𝑑𝑖𝑒𝑠 မထွက်ခင်မှာ 𝐴𝑙𝑙𝑒𝑟𝑔𝑒𝑛 ကို အူနဲ့ အရင်ထိတွေ့ပေးဖို့ အကြံပြုတာပါ 🤓🍽️🥣

𝐾𝑖𝑛𝑔’𝑠 𝐶𝑜𝑙𝑙𝑒𝑔𝑒 𝐿𝑜𝑛𝑑𝑜𝑛 ရဲ့ သုတေသန (𝑆𝑡𝑢𝑑𝑦) အရ ငယ်ငယ်ကတည်းက မြေပဲဆံ 🥜(𝑃𝑒𝑎𝑛𝑢𝑡) စားတဲ့ကလေးတွေက တစ်ခြားကလေးတွေနဲ့ယှဉ်ရင် မြေပဲဆံနဲ့ ဓာတ်မတည့်ခြင်း (𝑃𝑒𝑎𝑛𝑢𝑡 𝐴𝑙𝑙𝑒𝑟𝑔𝑦) ဖြစ်နိုင်ခြေ ၈၁% လျော့ကျသွားတာကိုလည်း တွေ့ရှိရပါတယ် 🧐

အင်္ဂလန်နိုင်ငံ (𝑈𝐾🇬🇧) ရဲ့ 𝑁𝑎𝑡𝑖𝑜𝑛𝑎𝑙 𝐻𝑒𝑎𝑙𝑡ℎ 𝑆𝑒𝑟𝑣𝑖𝑐𝑒 (𝑁𝐻𝑆) 𝑤𝑒𝑏𝑠𝑖𝑡𝑒 မှာလဲ ကလေးငယ်တွေကို 𝐴𝑙𝑙𝑒𝑟𝑔𝑦 ဖြစ်စေနိုင်တဲ့ အစားသောက်တွေကို ငယ်စဉ်ကတည်းက စတင်ကျွေးဖို့ အကြံပြုထားပါတယ် 🫘🐟🥜🦀🐙🦞🦐🥛🌰🍳🥚

👩🏻‍🏫👉“𝑶𝒍𝒅 𝑭𝒓𝒊𝒆𝒏𝒅𝒔’ 𝑯𝒚𝒑𝒐𝒕𝒉𝒆𝒔𝒊𝒔“ 👈

“𝑂𝑙𝑑 𝐹𝑟𝑖𝑒𝑛𝑑𝑠’ 𝐻𝑦𝑝𝑜𝑡ℎ𝑒𝑠𝑖𝑠👯‍♀️” ကတော့ ကျွန်တော်တို့ရဲ့ အစာအိမ်နဲ့အူလမ်းကြောင်းကို အမျိုးမတူညီတဲ့ 𝑀𝑖𝑐𝑟𝑜𝑜𝑟𝑔𝑎𝑛𝑖𝑠𝑚𝑠 🦠 တွေနဲ့ ထိတွေ့မှုပေးတာက Food allergy ကိုလျော့ချနိုင်တယ်လို့ အကြံပြုထားတာပါ 🤓

[✅𝑀𝑖𝑐𝑟𝑜𝑜𝑟𝑔𝑎𝑛𝑖𝑠𝑚𝑠 ဆိုတာက သာမန်မျက်စိနဲ့မမြင်နိုင်ဘဲ အဏုကြည့်မှန်ပြောင်း 🔬(𝑀𝑖𝑐𝑟𝑜𝑠𝑐𝑜𝑝𝑒) နဲ့ကြည့်မှ တွေ့နိုင်တဲ့ သက်ရှိအုပ်စုပဲ ဖြစ်ပါတယ်။ 𝐵𝑎𝑐𝑡𝑒𝑟𝑖𝑎ပိုး၊ ဗိုင်းရပ်စ် (Virus)၊ မှို အစရှိသည်တို့ဟာ 𝑀𝑖𝑐𝑟𝑜𝑜𝑟𝑔𝑎𝑛𝑖𝑠𝑚𝑠 အုပ်စုဝင်ပါ။]

လူသားတွေက တစ်ချို့သော 𝑀𝑖𝑐𝑟𝑜𝑜𝑟𝑔𝑎𝑛𝑖𝑠𝑚𝑠 နဲ့ ဟိုးနှစ်ပေါင်းများစွာကတည်းက အတူနေထိုင်လာပြီး 🤝အတူတကွ ဆင့်ကဲပြောင်းလဲ (𝐸𝑣𝑜𝑙𝑢𝑡𝑖𝑜𝑛) လာကြပါတယ်။ အဲ့ဒီ သူငယ်ချင်းဟောင်း 👯‍♀️ (𝑂𝑙𝑑 𝐹𝑟𝑖𝑒𝑛𝑑𝑠) တွေကို လူတွေရဲ့ 𝐼𝑚𝑚𝑢𝑛𝑒 𝑆𝑦𝑠𝑡𝑒𝑚 က အန္တရာယ်မရှိနိုင်တဲ့ သူငယ်ချင်းကောင်းလို့ မှတ်ယူထားကြပါတယ်။

ဒါပေမဲ့ တိုးတက်ပြောင်းလဲလာတဲ့ လူနေထိုင်မှုပုံစံကြောင့် အူထဲမှာရှိတဲ့ 𝑀𝑖𝑐𝑟𝑜𝑜𝑟𝑔𝑎𝑛𝑖𝑠𝑚𝑠 ကလည်း တစ်ဖြည်းဖြည်းပြောင်းလဲလာပါတယ်။ နောက်ဆက်တွဲအနေနဲ့ ကျွန်တော်တို့ရဲ့ 𝐼𝑚𝑚𝑢𝑛𝑒 𝑆𝑦𝑠𝑡𝑒𝑚 ကိုကူပြီး မကောင်းတဲ့အရာတွေကို တိုက်ထုတ်ပေးနေတဲ့ 𝑂𝑙𝑑 𝐹𝑟𝑖𝑒𝑛𝑑𝑠 ပိုးတွေလဲ နည်းလာပါတယ် 😟😓

အဲ့ဒါကြောင့် ဖြည့်စွက်စာ 🥣👶🏻 စကျွေးတဲ့အချိန်ကနေစပြီး အစားသောက်မျိုးစုံကိုကျွေးခြင်းဟာ အူထဲမှာရှိတဲ့ Bacteria သူငယ်ချင်းကောင်း👯‍♀️တွေကို ဖွံ့ဖြိုးစေနိုင်တာကြောင့် 𝐹𝑜𝑜𝑑 𝐴𝑙𝑙𝑒𝑟𝑔𝑦 ဖြစ်ပေါ်ဖို့ကို ကာကွယ်ပေးနိုင်တယ်လို့ အတည်ပြုချက်ရှိပါတယ်။

ကလေးဘဝမှာ ပဋိဇီဝပိုးသတ်ဆေး 💊 (𝐴𝑛𝑡𝑖𝑏𝑖𝑜𝑡𝑖𝑐) တွေအသုံးပြုခြင်းဟာ 𝐹𝑜𝑜𝑑 𝐴𝑙𝑙𝑒𝑟𝑔𝑦 ဖြစ်နိုင်ခြေကို တိုးများစေနိုင်တဲ့ သက်သေပြချက်တွေလည်းရှိပါတယ်။ ဘာလို့လဲဆိုတော့ 𝐴𝑛𝑡𝑖𝑏𝑖𝑜𝑡𝑖𝑐 တွေက မကောင်းတဲ့ 𝐵𝑎𝑐𝑡𝑒𝑟𝑖𝑎 ကိုသတ်သလို အူထဲမှာရှိတဲ့ ကောင်းတဲ့ပိုးတွေကိုလည်း သတ်လိုက်လို့ပါ 😕

👩🏻‍🏫👉“𝑽𝒊𝒕𝒂𝒎𝒊𝒏 𝑫 ရဲ့ အခန်းကဏ္ဍ” 👈

ဩစတြေးလျ(𝐴𝑢𝑠𝑡𝑟𝑎𝑙𝑖𝑎 🇦🇺) နဲ့ အမေရိကန် (𝑈𝑆𝐴🇺🇸) ရဲ့ လေ့လာချက်အရ နေရောင်ခြည် ☀️နဲ့ ပိုမိုထိတွေ့နိုင်တဲ့နေရာဒေသမှာ အသက်အန္တရာယ်ရှိနိုင်တဲ့ ဓာတ်မတည့်မှု (𝐴𝑛𝑎𝑝ℎ𝑦𝑙𝑎𝑥𝑖𝑠) ကြောင့် ဆေးရုံတက်နှုန်း 🏥 ပိုနည်းတာကို တွေ့ရှိရပါတယ်။

နောက်ထပ်လေ့လာချက်တစ်ခုအရ မိုးရာသီ ⛈️☔️နဲ့ ဆောင်းရာသီ ❄️☃️မှာ မွေးဖွားလာတဲ့ 𝐴𝑢𝑠𝑡𝑟𝑎𝑙𝑖𝑎 🇦🇺 ကလေးတွေဟာ နွေဦး🍃နဲ့နွေရာသီ☀️မှာ မွေဖွားလာတဲ့ ကလေးတွေနဲ့ယှဉ်ရင် 𝐹𝑜𝑜𝑑 𝐴𝑙𝑙𝑒𝑟𝑔𝑦 ဖြစ်နှုန်းဟာ ပိုများကြောင်း တွေ့ရပါတယ်။

𝑉𝑖𝑡𝑎𝑚𝑖𝑛 𝐷 ဟာ အရေပြားက နေရောင် ☀️ နဲ့ထိတွေ့တဲ့အချိန်မှာ ထုတ်လုပ်တာကြောင့်မို့ သုတေသီတွေကတော့ ခန္ဓာကိုယ်ထဲက ဗစ်တာမင် D (𝑉𝑖𝑡𝑎𝑚𝑖𝑛 𝐷) ပမာဏနဲ့ ဒီလိုဖြစ်စဉ်တွေက ဆက်စပ်မှုရှိမယ်လို့ အကြံပြုကြပါတယ်။

သို့သော်လည်း ဂျာမနီ (𝐺𝑒𝑟𝑚𝑎𝑛𝑦 🇩🇪) ရဲ့ သုတေသနတစ်ခုမှာ ကလေးကမွေးဖွားချိန် မှာ 𝑉𝑖𝑡𝑎𝑚𝑖𝑛 𝐷 ပမာဏများခြင်းဟာ ကလေး 👦🏻👧🏻 အသက်၃ နှစ်အရွယ်မှာ 𝐹𝑜𝑜𝑑 𝐴𝑙𝑙𝑒𝑟𝑔𝑦 ပိုဖြစ်စေနိုင်တယ်လို့လည်း တွေ့ရှိထားပါတယ်။

အဲ့ဒါကြောင့် 𝑉𝑖𝑡𝑎𝑚𝑖𝑛 𝐷 များလွန်း၊ နည်းလွန်းခြင်းနှစ်ခုလုံးဟာ ပြသနာရှိနိုင်ပါတယ်။ ဒါပေမဲ့ 𝑉𝑖𝑡𝑎𝑚𝑖𝑛 𝐷 ရဲ့ 𝐹𝑜𝑜𝑑 𝐴𝑙𝑙𝑒𝑟𝑔𝑦 လျော့ချပေးနိုင်မှုမှာ ဘယ်လောက် အရေးပါလဲဆိုတာကို သိနိုင်ဖို့က ပိုမိုခိုင်မာတဲ့သက်သေအထောက်ထားလိုပါသေးတယ်တဲ့ 🧐။

👩🏻‍🏫👉“𝑵𝒆𝒘 𝑭𝒐𝒐𝒅 𝒊𝒏 𝒐𝒖𝒓 𝑫𝒊𝒆𝒕𝒔” 👈

𝐹𝑜𝑜𝑑 𝐴𝑙𝑙𝑒𝑟𝑔𝑦 ဖြစ်နှုန်းပဲ ပိုများလာတာမဟုတ်ဘဲ လူတွေနဲ့မတည့်တဲ့ အစားသောက်အမျိုးစားကလည်း တိုးများလာပါတယ်။ ဒါကတော့ ကျွန်တော်တို့ ခရီးထွက်တာကနေလည်းကောင်း ✈️၊ နိုင်ငံခြားကုန်ပစ္စည်းတင်သွင်းလာတာကလည်းကောင်း 🚢 အစားသောက်အသစ် မျိုးစုံနဲ့ ပိုမို ထိတွေ့လာတာကြောင့် ဖြစ်နိုင်ပါတယ်။

ယေဘုယျသဘောတရားအရ ကျွန်တော်တို့ဟာဘယ်အရာနဲ့မဆို 𝐴𝑙𝑙𝑒𝑟𝑔𝑦 ရနိုင်ပါတယ်။ ဒါပေမဲ့ အဖြစ်များတဲ့ အစားသောက် (၈) မျိုးရှိပါတယ်။ [မင်မင်တို့ရဲ့ 𝐹𝑜𝑜𝑑 𝐴𝑙𝑙𝑒𝑟𝑔𝑦 အပိုင်း-၁ မှာ ရှင်းပြထားပါတယ်။]

👩🏻‍🏫👉“𝑨𝒍𝒍𝒆𝒓𝒈𝒚 ကုသမှု”👈

လက်ရှိအခြေနေအရတော့ 𝐴𝑙𝑙𝑒𝑟𝑔𝑦 ကိုပျောက်အောင် ကုသ💉လို့မရသေးပါဘူး😟😓။ 𝐹𝑜𝑜𝑑 𝐴𝑙𝑙𝑒𝑟𝑔𝑦 ရဖူးတဲ့ အစားသောက်ကို ရှောင်ရှားတာနဲ့ 𝐴𝑙𝑙𝑒𝑟𝑔𝑒𝑛 နဲ့မတော်တဆထိတွေ့မိခဲ့လျှင် အရေးပေါ်ကုသမှုကို ကြိုတင်စီစဉ်ထားတာတို့လိုပဲ လုပ်လို့ရဦးမှာပါ (ဥပမာ- သောက်ဆေး💊၊ လိမ်းဆေး၊ ရူဆေး၊ထိုးဆေး တို့ကို ဆရာဝန်ရဲ့ ညွှန်ကြားချက်အရ အမြဲဆောင်ထားခြင်း)

📛ပိုမိုပြင်းထန်တဲ့ ဓာတ်မတည့်ခြင်းတုံ့ပြန်မှု (𝐴𝑙𝑙𝑒𝑟𝑔𝑖𝑐 𝑟𝑒𝑎𝑐𝑡𝑖𝑜𝑛) ရှိတဲ့လူတွေကတော့ ဆရာဝန်ရဲ့ ကြည့်ကြပ်မှုအောက်မှာ ဓာတ်မတည့်တဲ့ အရာကို ဂရုတစိုက်နဲ့ အချိန်ယူပြီး ပြန်လည်ထိတွေ့ပေးလို့ရပါတယ်။ အဲ့လိုလေ့ကျင့်ပေးတာဟာ ခန္ဓာကိုယ်ကနေ တစ်ဖြည်းဖြည်းနဲ့ 𝐴𝑙𝑙𝑒𝑟𝑔𝑒𝑛 ကို ကျင့်သားရသွားစေပြီး အသက်အန္တရာယ်ရှိတဲ့အထိ ပြင်းပြင်းထန်ထန် မတုံ့ပြန်စေဖို့ပါ။

💥Disclaimer: ဒီ 𝐹𝑜𝑜𝑑 𝐴𝑙𝑙𝑒𝑟𝑔𝑦 ဆောင်းပါး အပိုင်း-၂ သည် လူအများ ကျန်းမာရေးအသိပညာ တိုးများလာအောင် ရည်ရွယ်ပြီး ဘာသာပြန်ပေးခြင်းသာဖြစ်သည်။ 𝑈𝐾 နိုင်ငံရဲ့ 𝑁𝐻𝑆 𝑊𝑒𝑏𝑠𝑖𝑡𝑒 မှာ ရေးထားတဲ့ တစ်ချို့အချက်ကိုလဲ ထည့်ရေးပေးထားပါတယ်ရှင့်။ မူရင်း အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့ ဆောင်းပါးကိုလဲ ကွန်မန့်မှာ လင့်ခ် (Link)ချပေးထားပါမယ်။ Link ကိုနှိပ်ပြီး ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

🧚🏻‍♀️🧚🏻‍♀️အားလုံး နေကောင်းကျန်းမာကြပါစေရှင့် 😘🍀

“Sharing for your health and wellbeing 👩‍⚕️👨‍⚕️”


#ကျန်းမာရေး #အစားသောက်
#ဓာတ်မတည့်ခြင်း

🚨 🚨 𝑭𝒐𝒐𝒅 𝒂𝒍𝒍𝒆𝒓𝒈𝒚 (အစားသောက်တစ်ခုခုနှင့် ဓာတ်မတည့်ခြင်း)အပိုင်း-(၁) ✅ပုံမှန်ဆို လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ခုခံအားစနစ် (𝘪𝘮𝘮𝘶...
13/09/2023

🚨 🚨 𝑭𝒐𝒐𝒅 𝒂𝒍𝒍𝒆𝒓𝒈𝒚 (အစားသောက်တစ်ခုခုနှင့် ဓာတ်မတည့်ခြင်း)
အပိုင်း-(၁)

✅ပုံမှန်ဆို လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ခုခံအားစနစ် (𝘪𝘮𝘮𝘶𝘯𝘦 𝘴𝘺𝘴𝘵𝘦𝘮) က လူ့ခန္ဓာကိုယ်ထဲကို အန္တရာယ်ပြုစေနိုင်တဲ့ အရာ တစ်ခုခုဝင်လာရင် ကာကွယ်ပေးတဲ့အနေနဲ့ ပြန်လည်တိုက်ထုတ်လေ့ရှိကြတယ် 🥷။ ဥပမာ- ဘတ်တီးရီယား(𝘉𝘢𝘤𝘵𝘦𝘳𝘪𝘢)🦠 ပိုးဝင်လို့ ဖျားတယ်ဆိုတာက 🤒 ကိုယ်ခံအားက အဲ့ 𝘉𝘢𝘤𝘵𝘦𝘳𝘪𝘢 တွေကို တိုက်ထုတ်နေလို့ ဖြစ်ပေါ်လာတဲ့ တုံ့ပြန်မှုတစ်ခုပါ။

‼️ဒါပေမဲ့ တစ်ခါတစ်ရံနဲ့ တစ်ချို့လူမှာ သူ့ 𝘪𝘮𝘮𝘶𝘯𝘦 𝘴𝘺𝘴𝘵𝘦𝘮 က အန္တရာယ်မရှိတတ်တဲ့ အရာဝတ္ထုကိုလဲ မကောင်းတဲ့အရာလို့ အထင်မှားပြီး ပြန်လည်တိုက်ထုတ်တတ်တယ်။ အဲ့ဒီအခါမှာ ဓာတ်မတည့်ခြင်း (𝘈𝘭𝘭𝘦𝘳𝘨𝘺) ဖြစ်ပေါ်လာတာပေါ့😓🤧😷။

📛လူတွေနဲ့ ဓာတ်မတည့်မှု ဖြစ်စေတဲ့အရာကိုကြတော့ 𝘈𝘭𝘭𝘦𝘳𝘨𝘦𝘯 လို့ခေါ်ပါတယ်။ ဥပမာ- ပန်းဝတ်မှုံ၊ တိရိစ္ဆာန်အမွေးမျှင်၊ ပင်လယ်စာ၊ တစ်ချို့သော ဆေးဝါးများ။ အဲ့မှာမှ အစားအသောက် တစ်ခုခုနဲ့ မတည့်လို့ ဖြစ်ပေါ်လာတဲ့ တုံ့ပြန်မှုကို 𝘍𝘰𝘰𝘥 𝘢𝘭𝘭𝘦𝘳𝘨𝘺 လို့ခေါ်တာပါ‼️

♨️𝘍𝘰𝘰𝘥 𝘢𝘭𝘭𝘦𝘳𝘨𝘺 က ကလေးတွေ အသက်ငယ်ရွယ်ချိန်ကတည်း စတင်တွေ့ရှိရတတ်ပါတယ်။ အသက်ကြီးလာမှ အစားသောက်အသစ်တစ်မျိုးနဲ့ ဓာတ်မတည့်တာမျိုးရှိနိုင်ပေမဲ့ ဖြစ်နိုင်ခြေနဲပါတယ်။

💢၉၀% သော 𝘍𝘰𝘰𝘥 𝘢𝘭𝘭𝘦𝘳𝘨𝘺 က အောက်ပါ အစားသောက် (၈) မျိုးနဲ့ အဖြစ်များကြပါတယ်။
၁။ နွားနို့ 🥛
၂။ ကွကျဥ🥚🍳
၃။ မြေပဲ 🥜
၄။ ငါး 🐟
၅။ ပင်လယ်စာ 🦀🦞🦐
၆။ အခွံမာသီး🌰(ဥပမာ- သီဟိုဠ်စေ့၊ သစ်ကြားသီး)
၇။ ဂျုံ 🌾
၈။ ပဲပိစပ် 🫘

🥛နွားနို့နဲ့ ဓာတ်မတည့်တဲ့ကလေးငယ်တွေက ကြက်ဥ၊ မြေပဲ၊ ပဲပိစပ် အစရှိတဲ့ အစားသောက်တွေနဲ့လဲ ဓာတ်မတည့််နိုင်ခြေများပါတယ်။ နောက်ပြီး ပန်းနာရင်ကြပ်၊ နှင်းခူတို့လို ရောဂါမျိုးနဲ့လဲ တွဲဖြစ်တတ်ကျပါတယ်။

🥚🍳ကြက်ဥနဲ့ မတည့်တာက ကလေးငယ်တွေမှာ အဖြစ်များပြီး အသက်ကြီးလာတာနဲ့အမျှ သက်သာသွားတတ်ကြပါတယ် (မသက်သာပဲ အသက်ကြီးသည်အထိ ဓာတ်မတည့်သူလဲရှိတတ်ပါတယ်)။

🥜မြေပဲဆံနဲ့ မတည့်တဲ့ ကလေးတွေကတော့ သက်သာပျောက်ကင်းသွားတာရှားပါတယ်။ ပြောရမယ်ဆို တစ်သက်လုံးအမြဲဆွဲကပ်နေမဲ့ ဝေဒနာပါ 🤕😓

🤧𝘍𝘰𝘰𝘥 𝘢𝘭𝘭𝘦𝘳𝘨𝘺 ရရင်တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့ ရိုးရိုးသာမန်ကနေ ပြင်းထန်ခြေနေအထိ ကွဲပြားတတ်ကြတယ်။ လက္ခဏာတွေက ချက်ချင်းပေါ်လာနိုင်သလို နာရီပိုင်း ခြားပြီးမှလဲ ပေါ်တတ်ပါတယ် ⏰⏳
𝘈𝘭𝘭𝘦𝘳𝘨𝘦𝘯 အနည်းငယ်နဲ့ ထိတွေ့ရင်တောင် ဓာတ်မတည့်တဲ့ တုံ့ပြန်မှု (𝘈𝘭𝘭𝘦𝘳𝘨𝘪𝘤 𝘳𝘦𝘢𝘤𝘵𝘪𝘰𝘯) ဖြစ်ပေါ်တတ်လို့ အထူးတလည် ဂရုစိုက်ရပါမယ်။
🚨🆘အသက်ရူလမ်းကြောင်းပါ ပါနေရင်တော့ အသက်အန္တရာယ်ရှိနိုင်ပါတယ်

✅ရိုးရိုးသာမာန်လက္ခဏာတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။
- နှာချေ၊ နှာပိတ်၊ နှာရည်ယိုခြင်း 🤧
- မျက်လုံးယားယံ၊ မျက်ရည်ယိုခြင်း 🥹
- အရေးပြားယားယံ၊ အနီဖု/အင်ပျဉ်ထခြင်း
- အစာအိမ် ရစ်နာခြင်း 😖
- ဝမ်းလျောခြင်း

🆘ပြင်းထန် လက္ခဏာများ (𝘈𝘯𝘢𝘱𝘩𝘺𝘭𝘢𝘹𝘪𝘴 လို့လဲခေါ်ပါတယ်)-
- အသက်ရူကြပ်၊ မောပန်းခြင်း 😮‍💨
- ရင်ဘတ်အောင့်ခြင်း
- နှုတ်ခမ်း၊ လျှာ၊ လည်ချောင်း ဖောရောင်ရမ်းခြင်း
- အရေပြားတွင် အင်ပျဉ်ထခြင်း၊ ယားယံခြင်း
- နှုတ်ခမ်း၊ လက်၊ ခြေထောက်တို့ ထုံကျဉ်ခြင်း
- မူးဝေခြင်း၊ သတိမေ့လဲကျခြင်း
- သွေးပေါင်ကျခြင်း
- ပျို့အန်ခြင်း
(မှတ်ချက်- 𝘈𝘯𝘢𝘱𝘩𝘺𝘭𝘢𝘹𝘪𝘴 ရပြီဆိုရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်🚨)

👨‍⚕️👩‍⚕️အောက်ပါလက္ခဏာတွေထဲက တစ်ခုခုခံစားရရင်တော့ ဆရာဝန်နဲ့ပြသ သင့်ပါတယ်-
- အင်ပျဉ် (သို့) အနီဖုထခြင်း
- နှုတ်ခမ်းထုံခြင်း (သို့) ယားယံခြင်း
- နှုတ်ခမ်း/ လျှာ/ လည်ချောင်း/ မျက်နှာတို့ ဖောရောင်ခြင်း
- ပျို့အန်၊ ဝမ်းလျောခြင်း
- ဗိုက် ရစ်နာခြင်း
- ချောင်းဆိုး
- အသက်ရူကြပ်
- မူးဝေ
- သတိမေ့ခြင်း

🏥𝘍𝘰𝘰𝘥 𝘢𝘭𝘭𝘦𝘳𝘨𝘺 ကြောင့် အင်ပျဉ်/အနီဖုထရင် ဘယ်လိုကုသလို့ရလဲဆိုရင်
၁။ 💦လက်၊ မျက်နှာ နဲ့ အစားသောက်နဲ့ထိတွေ့နိုင်တဲ့နေရာတွေကို ဆေးကြောပေးရပါမယ် 😶‍🌫️💦။ တစ်ချို့ကျတော့လဲ ရေချိုးပေးလိုက်ကြတယ် 😶‍🌫️🚿🛀
၂။ ခရင်မ်/ လိုးရှင်း (𝘊𝘳𝘦𝘢𝘮/𝘓𝘰𝘵𝘪𝘰𝘯), ဂျယ်(𝘎𝘦𝘭) တို့ကိုလဲ လိမ်းပေးလို့ရပါတယ်🧴။ 𝘝𝘢𝘴𝘦𝘭𝘪𝘯𝘦၊ အုန်းဆီ၊ သံလွင်ဆီတို့လိုမျိုးကိုလဲ အယားသက်သာအောင် လိမ်းပေးလို့ရပါတယ်။
၃။ 💊𝘈𝘯𝘵𝘪𝘩𝘪𝘴𝘵𝘢𝘮𝘪𝘯𝘦 လိုခေါ်တဲ့ ဆေးအုပ်စုအမျိုးစားထဲက ဆေးတစ်မျိုး ကိုလဲ သောက်ရင် ယားယံတာ၊ ရောင်ရမ်းတာတွေ လျော့ကျစေနိုင်ပါတယ်။
အကောင်းဆုံးကတော့ ဆရာဝန်နဲ့ပြပြီး ကုသမှုခံယူတာပါပဲ 💉🩺

💢ဓာတ်မတည့်တဲ့ လက္ခဏာက ရိုးရိုးသာမန်လောက် အနည်းငယ်ပဲရှိလို့ရှိရင် 𝘍𝘰𝘰𝘥 𝘢𝘭𝘭𝘦𝘳𝘨𝘺 ကို ရှာဖွေဖို့အတွက် ဆရာဝန်က လူနာကိုနေ့စဉ်အစားသောက်မှတ်တမ်းမှတ်ခိုင်းပြီး တရားခံကိုရှာနိုင်သလို မတည့်ဘူးလို့ထင်တဲ့အစားသောက်ကို ခဏရှောင်ခိုင်းပြီး နည်းနည်းနဲ့ ဖြေးဖြေးချင်းစီ ပြန်စားခိုင်းပြီး လက္ခဏာပြန်ပေါ်မပေါ်စောင့်ကြည့်လို့ရပါတယ်တဲ့ 🔍။ (📛မိမိသဘောနဲ့ စမ်းသပ်တာထက်စာရင် ဆရာဝန်👨‍⚕️👩‍⚕️နဲ့ ဆွေးနွေးတိုင်ပင်ပြီးမှလုပ်ဖို့ အကြံပြုချင်ပါတယ်။)

𝘈𝘭𝘭𝘦𝘳𝘨𝘪𝘤 𝘳𝘦𝘢𝘤𝘵𝘪𝘰𝘯 က ပိုပြင်းထန်ရင် အရေပြား (သို့မဟုတ်) သွေးကိုစစ်ဆေးပြီး 𝘍𝘰𝘰𝘥 𝘢𝘭𝘭𝘦𝘳𝘨𝘺 ရဲ့ တရားခံကို ရှာဖွေစစ်ဆေးနိုင်ပါတယ်တဲ့🧐။

✅📛𝘍𝘰𝘰𝘥 𝘢𝘭𝘭𝘦𝘳𝘨𝘺 နဲ့ လက္ခဏာဆင်တူရိုးမှားဖြစ်တတ်တဲ့ 𝘍𝘰𝘰𝘥 𝘪𝘯𝘵𝘰𝘭𝘦𝘳𝘢𝘯𝘤𝘦 ဆိုတာလဲရှိပါသေးတယ်။ လက္ခဏာဆင်တူပေမဲ့ 𝘪𝘯𝘵𝘰𝘭𝘦𝘳𝘢𝘯𝘤𝘦 ကတော့ အသက်အန္တရာယ်မရှိနိုင်ပါဘူး‼️။
♨️𝘍𝘰𝘰𝘥 𝘪𝘯𝘵𝘰𝘭𝘦𝘳𝘢𝘯𝘤𝘦 ဆိုတာကတော့ အစားသောက်ထဲက ဓာတ်တစ်မျိုးကို လူရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းက ကောင်းကောင်း အစာမခြေနိုင်တဲ့အချိန်မှာ ဖြစ်ပေါ်တတ်ပါတယ်။

မယားတတ်တဲ့ အနီဖု (ကြက်ရေခွံလိုအဖုမျိုး) တွေကလဲ 𝘍𝘰𝘰𝘥 𝘪𝘯𝘵𝘰𝘭𝘦𝘳𝘢𝘯𝘤𝘦 မှာ အချိန်တစ်ခုအကြာမှာ ရတတ်ပါတယ်။ 𝘐𝘯𝘵𝘰𝘭𝘦𝘳𝘢𝘯𝘤𝘦 မှာလဲ ရင်ပြည့်၊ အစာမကြေ၊ ဗိုက်အောင့်တာမျိုးတွေ တွေ့ရတတ်ပါတယ်။
‼️💢သူတို့မှာ နောက်တစ််ခုမတူညီတဲ့ အရေးကြီးတဲ့အချက်ကတော့ 𝘐𝘯𝘵𝘰𝘭𝘦𝘳𝘢𝘯𝘤𝘦 မှာ မတည့်တဲ့အစားသောက်ကို အနည်းငယ်စားမိရင် ဘာမှမဖြစ်ပေမဲ့ 𝘈𝘭𝘭𝘦𝘳𝘨𝘺 မှာတော့ ပမာဏနည်းနည်းလေးဆိုရင်တောင် ပြသနာရှိနိုင်ပါတယ်။

———-++++++———

Disclaimer: ဒီ 𝘍𝘰𝘰𝘥 𝘢𝘭𝘭𝘦𝘳𝘨𝘺 သည် Healthline ရဲ့ ကျန်းမာရေးဆောင်းပါးများထဲမှ လူအများ ကျန်းမာရေးအသိပညာ တိုးများလာအောင် ရည်ရွယ်ပြီး ဘာသာပြန်ပေးခြင်းသာဖြစ်သည်။ ဆောင်းပါးတစ်ခုလုံးမဟုတ်ဘဲ သိသင့်တယ်ထင်တဲ့အချက်လေးတွေကို ရွေးပြီး ဘာသာပြန်ထားတာပါရှင့်။ မူရင်း အင်္ဂလိပ်ဘာသာနဲ့ရေးထားဆောင်းပါးကိုလဲ ကွန်မန့်မှာ လင့်ခ် (Link)ချပေးထားပါမယ်။ Link ကိုနှိပ်ပြီး ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

📌 PS- နောက်ရက်ကျရင် Food allergy ရဲ့အဆက်အနေနဲ့ “Dual allergen exposure” နဲ့ “Old friends’ hypothesis “ အကြောင်းထပ်ပြီးရှင်းပြပေးမှာမို့ Page ကို Like and follow လုပ်ပေးထားကျပါဦးနော် 💞

အားလုံးပဲ နေကောင်းကျန်းမာကြပါစေ 😘💓

Sharing for your health and wellbeing 👩‍⚕️👨‍⚕️


#အစားသောက် #ဓာတ်မတည့်ခြင်း

09/09/2023

ဒီ Video က (၁)နှစ်အထက်ကလေးတွေနဲ့ လူကြီးမှာ အစားစာနင်ပြီး Choking ရရင် လုပ်ရမဲ့ အရေးပေါ်အသက်ကယ်နည်းလမ်းလေးကိုပြသပေးထားတာပါ။

Choking ဆိုတာက လည်ချောင်း (သို့မဟုတ်) အသက်ရူလမ်းကြောင်းမှာ အရာဝတ္ထုပစ္စည်းတစ်ခုခု ပိတ်ဆို့မိပြီး အသက်ရူမရတဲ့ အခြေနေကို ဆိုလိုပါတယ်။
များသောအားဖြင့် ပိတ်ဆို့မိတဲ့ အရာက အစားစာတစ်ခုခုပါပဲ။

Choking က အသက်ရူမရအောင် ပိတ်ဆို့နိုင်တာမို့ အချိန်တိုအတွင်းမှာ အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မရောက်ခင်မှာ Choking ရနေတဲ့လူကြီး/ကလေးကို ကူညီပေးဖို့လိုပါတယ်။

🧚🏻‍♀️🧚🏻‍♀️အားလုံး နေကောင်းကျန်းမာကြပါစေ😘🍀

#အသက်ရူကြပ် #ကလေးနင်ခြင်း

09/09/2023

Choking ဆိုတာက လည်ချောင်း (သို့မဟုတ်) အသက်ရူလမ်းကြောင်းမှာ အရာဝတ္ထုပစ္စည်းတစ်ခုခု ပိတ်ဆို့မိပြီး အသက်ရူမရတဲ့ အခြေနေကို ဆိုလိုပါတယ်။
များသောအားဖြင့် ပိတ်ဆို့မိတဲ့ အရာက အစားစာတစ်ခုခုပါပဲ။

Choking က အသက်ရူမရအောင် ပိတ်ဆို့နိုင်တာမို့ အချိန်တိုအတွင်းမှာ အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မရောက်ခင်မှာ Choking ရနေတဲ့လူကြီး/ကလေးကို ကူညီပေးဖို့လိုပါတယ်။

ဒီ Video က (၁)နှစ်အောက်ကလေးတွေမှာ Choking ရရင် ဘယ်လိုအရေးပေါ်အသက်ကယ်လို့ရလဲ ဆိုတာ ပြသထားတာပါ။ ခဏနေကြရင် (၁)နှစ်အထက်ကလေးတွေနဲ့ လူကြီးမှာ Choking ရရင် လုပ်ရမဲ့ Video လေးကိုလဲ ထပ်တင်ပေးလိုက်ပါမယ်။

🧚🏻‍♀️🧚🏻‍♀️အားလုံး နေကောင်းကျန်းမာကြပါစေ😘🍀

#အသက်ရူကြပ် #ကလေးနင်ခြင်း

05/09/2023

Hello👋🏻👋🏻 လူအများ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အသိပညာတိုးများလာဖို့အတွက် ရည်ရွယ်ပြီး Dr. T ရဲ့ Page လေးထောင်လိုက်တာပါ။ ကျန်းမာရေးနဲ့ပတ်သက်တာလေးတွေ ဝေမျှပေးသွားပါမယ်နော်။

Address


Website

Alerts

Be the first to know and let us send you an email when Dr. T- Sharing for Your Health posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram