Babystar Myanmar

Babystar Myanmar မိဘတိုင်းအနား ဘေဘီစတား

💘ပျော်ရွှင်ဖွယ်ရာ ဗယ်လင်တိုင်းဖြစ်ပါစေ🥰
14/02/2026

💘ပျော်ရွှင်ဖွယ်ရာ ဗယ်လင်တိုင်းဖြစ်ပါစေ🥰

🙌 မင်္ဂလာပါရှင်... မင်မင်တို့ Babystar မိသားစုကြီး နေကောင်းကျန်းမာကြရဲ့လား 😁မင်မင် Page လေးကို ခဏလောက် ပစ်ထားမိသလိုဖြစ်သ...
03/01/2026

🙌 မင်္ဂလာပါရှင်... မင်မင်တို့ Babystar မိသားစုကြီး နေကောင်းကျန်းမာကြရဲ့လား 😁

မင်မင် Page လေးကို ခဏလောက် ပစ်ထားမိသလိုဖြစ်သွားလို့ အားလုံးကို အားနာနေမိပါတယ်...

⚠️ သွင်းကုန်အခက်အခဲလေးတွေကြောင့် ပစ္စည်းတွေအကြာကြီး stock ပြတ်​သွားပေမယ့် အခုတော့သတင်းကောင်းလေးပါဖို့ ရှိနေပါပြီနော်🤩

🌿 Motherwish Tea လေးတွေ တစ်ဖြတ်တစ်ကတ် ဝင်ထားပါပြီဆိုတာပါ🥳🥳

အဲ့တော့ အရင်ကတည်းက သည်းခံစောင့်ဆိုင်းပေးထားတဲ့မမတို့ လာဝယ်လို့ရပြီနော်😍

ကျန်တဲ့ Tera Tea နဲ့ Fatherwish လေးတွေလည်း မကြာခင် ပြန်ရောက်လာတော့မှာပါ

ကြာကြီးစောင့်ခိုင်းမိတဲ့အတွက် တကယ်ကို အားနာပါတယ်🙏

⭐ ဒါပေမယ့် စောင့်ရကျိုးနပ်စေအောင် အထူးစပါယ်ရှယ် Quality

⭐ အံ့အားသင့်သွားစေမယ့် အာမခံမှုတွေနဲ့ ပြန်လာခဲ့ပါမယ်ရှင့်💯💪

🤗 အားလုံးကိုကျေးဇူးပါ🤗

🏙️ Mandalay 🏙️
⭐မိဘတိုင်းအနား ဘေဘီစတား
⭐ Babystar Babycares
💝 Motherwish
💙 FATHERWISH
💗 Tera Tea
⭐ Babyegg

🎉မင်္ဂလာ နှစ်သစ်ပါ🎉
31/12/2025

🎉မင်္ဂလာ နှစ်သစ်ပါ🎉

🎊ပျော်ရွှင်ကြပါစေ🎄🎉
25/12/2025

🎊ပျော်ရွှင်ကြပါစေ🎄🎉

🔆 ဖန်ပြွန်အဆင့်ထိ မသွားချင်သေးရင် iui ကိုလည်း အောင်မြင်မှုမြင့်မားတဲ့ ဘန်ကောက်မှာ လုပ်လို့ရပါတယ် 💯⭐ မင်မင်တို့ဘေဘီစတားနဲ...
10/12/2025

🔆 ဖန်ပြွန်အဆင့်ထိ မသွားချင်သေးရင် iui ကိုလည်း အောင်မြင်မှုမြင့်မားတဲ့ ဘန်ကောက်မှာ လုပ်လို့ရပါတယ် 💯

⭐ မင်မင်တို့ဘေဘီစတားနဲ့ Official partner ယူထားတဲ့ ဆေးရုံကြီးဟာ အထူးကျွမ်းကျင်တဲ့ ဆရာဝန်ကြီးများနဲ့တကွ အဆင့်မြင့်စက်ပစ္စည်းများကိုသာ အသုံးပြုတာမို့ success rate မြင့်မားပါတယ်ရှင့်😍


#မိဘတိုင်းအန ဘေဘီစတား

💜ဖန်ပြွန်လုပ်ဖို့ စဥ်းစားနေတဲ့ မမတို့အတွက်💜💛 မိဘတိုင်းအနား ဘေဘီစတား💛 Babystar Myanmar
29/11/2025

💜ဖန်ပြွန်လုပ်ဖို့ စဥ်းစားနေတဲ့ မမတို့အတွက်💜

💛 မိဘတိုင်းအနား ဘေဘီစတား
💛 Babystar Myanmar

💛ဖန်ပြွန်သန္ဓေသားလုပ်သင့်သူများ💛
17/11/2025

💛ဖန်ပြွန်သန္ဓေသားလုပ်သင့်သူများ💛

🎉ပြီးခဲ့တဲ့ သီတင်းကျွတ်မင်္ဂလာကာလလေးမှာ ထူးခြားသွားတာပါ🎊ဒီမမက အသက် ၄၀ ကျော်ပါပြီမင်မင်တို့နဲ့စတွေ့တာ ဟိုးအရင် 2024 ကတည်း...
11/10/2025

🎉ပြီးခဲ့တဲ့ သီတင်းကျွတ်မင်္ဂလာကာလလေးမှာ ထူးခြားသွားတာပါ🎊

ဒီမမက အသက် ၄၀ ကျော်ပါပြီ

မင်မင်တို့နဲ့စတွေ့တာ ဟိုးအရင် 2024 ကတည်းက

အဲ့ကတည်းက အခြေအနေလေးတွေသေချာပြောပြတိုင်ပင်ဖြစ်တော့ သူ့ပြဿနာက ကိုယ်ဝန်မြဲဖို့ခက်တာဘဲဆိုတာ သိခဲ့ရပါတယ်

အရင်ရှေ့မှာလည်း ရဖူးပေမယ့် အဖတ်မတင်လိုက်ခဲ့ဖူး

ပြန်ယူတာလည်းကြာပြီပေါ့နော်

✅ ကံကောင်းတာက ဓမ္မတာလေးမှန်နေသေးတဲ့အတွက် ရက်ကလေးတွေတော့ သေချာတွက်ကြိုးစားလို့ရတာပါဘဲ

မင်မင်တို့ဆီက tea အနေနဲ့ကတော့

💛 အမျိုးသမီးဟော်မုန်းစနစ်နဲ့ မျိုးဥကျန်းမာရေးအတွက် အဓိက ကူညီပေးတဲ့ Motherwish ကို ဝယ်သောက်ပါတယ်

အဲ့လိုသောက်ပြီး ၃ လဝန်းကျင်အကြာ ဖြစ်မယ်ထင်တယ်

👶 ဘေဘီတန်းရသွားတယ်

အဲ့တာလေးပျော်ပြီးမင်မင်တို့ကို လာပြောပါတယ်ရှင့်
( ဒုတိယပုံ )

😊အဲ့တုန်းကတော့ ထုံးစံအတိုင်းဘဲ အားပေးရင်းနဲ့ ဆုတွေတောင်းပေးလိုက်တာပေါ့🎉

ဒါပေမယ့် ကံမကောင်းစွာနဲ့ဘဲ ကိုယ်ဝန်က မမြဲခဲ့ပါဘူး😞

အတော်လေးစိတ်ဓါတ်ကျသွားတယ်

ဆေးမျိုးစုံသောက်ပြီးပြန်ကြိုးစားတာလည်းမရသေးဘူး

အဲ့လိုနဲ့ကြာသွားတော့ မင်မင်တ်ို့ဆီကို အရင်လိုဘဲ ရက်ကလေးတွေ လာတွက်ခိုင်းတယ် စကားတွေလည်းအများကြီးပြောဖြစ်တယ်

ဒီတစ်ခါမှာတော့ သူက

💛 Motherwish လေးတင်မက

💜 သားအိမ်ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ Tera tea လေးကိုပါ တွဲသောက်ပါတယ်ရှင့်

Tera tea လေးတွေ ပစ္စည်းမပြတ်ခင် အချိန်ကိုက်လေးပါဘဲ

အဲ့ဒါလေးတွေ ၂ မျိုးတွဲသောက်ပြီးတော့လည်း မကြာပါဖူး

🎉ဘေဘီလေးထပ်ရသွားတာပါဘဲရှင့်😍
( တတိယပုံ )

အရမ်းကို ပျော်စရာကောင်းလိုက်ရပါတယ်

ဒါပေမယ့်လည်းစိတ်ဖြောင့်ဖြောင့်တော့ မဟုတ်ဘူး

အရင်လိုဖြစ်မှာစိုးရိမ်နေရှာသေးတယ်🥺

အဲ့ဒါနဲ့မင်မင်တို့လည်း သေချာစနစ်တကျလေးဆေးခန်းပြပြီး ပြင်ဆင်ဖို့ အားပေးလိုက်ပါတယ်ရှင့်🥰

အဲ့ဒါလေးကိုလာပြီးဝေမျှပေးတာပါရှင်

အဲ့မမကိုလည်း comment မှာအားပေးပေးကြပါဦးနော်🤗

🙆 အားလုံးကိုကျေးဇူးတင်ပါတယါ🙆

➖➖➖➖➖➖➖

မင်မင်တို့ဆီက tea တွေကတော့
🇺🇲 U.S fda
♻️ Halal နဲ့
🌍 ISO တွေရထားပြီးတော့နှစ်ပေါင်းများစွာ နာမည်ကောင်းနဲ့ကျော်ကြားလာတာမို့လည်း ယုံယုံကြည်ကြည်သောက်နိုင်ပါတယ်နော်

⭐မိဘတိုင်းအနား ဘေဘီစတား
⭐ Babystar Babycares
💝 Motherwish
💙 FATHERWISH
💗 Tera Tea
⭐ Babyegg

🎉ပျော်ရွှင်ဖွယ်ရာ အားလပ်ဖက်ကလေးများဖြစ်ကြပါစေ🎊⭐  Babystar Myanmar⭐ မိဘတိုင်းအနား ဘေဘီစတား
06/10/2025

🎉ပျော်ရွှင်ဖွယ်ရာ အားလပ်ဖက်ကလေးများဖြစ်ကြပါစေ🎊

⭐ Babystar Myanmar
⭐ မိဘတိုင်းအနား ဘေဘီစတား

‼️ ၆ နှစ်ကျော်​စောင့်ခဲ့ရပြီးနောက် သဘာဝအတိုင်းရသွားပါပြီ 😍🎉ဒီတစ်ခါထူးခြားသွားတဲ့မမတို့အတွဲက တော်တော်လေးစိတ်ရှည်တယ်အချိန်...
14/09/2025

‼️ ၆ နှစ်ကျော်​စောင့်ခဲ့ရပြီးနောက် သဘာဝအတိုင်းရသွားပါပြီ 😍🎉

ဒီတစ်ခါထူးခြားသွားတဲ့မမတို့အတွဲက တော်တော်လေးစိတ်ရှည်တယ်

အချိန်တော်တော်ကြာအောင် ကြိုးစားခဲ့တာတောင်မှ အားမလျှော့ဘဲ " ရမှာပါ ဒီလိုပါဘဲဖြစ်တတ်တာဘဲနော့်" ဆိုပြီး ဇနီးမောင်နှံ​ချင်းချင်းအားပေးကြတယ်တဲ့🥰

ဖြစ်ပုံကတော့ ကလေးယူဖို့ကြိုးစားရင်း ၁ နှစ်လောက်အကြာမှာ ဆေးရုံဆေးခန်းသွားပြီးစစ်ကြတယ် ကုသကြတယ် ဒါပေမယ့် မထူးတော့ ဒီအတိုင်းဘဲ နေလာရင်း မင်မင်တို့နဲ့ စတွေ့တာပါ

သဘာဝနည်းလမ်းဆိုတော့ စိတ်ဝင်စားတာနဲ့ ဖုန်းဆက်ပြီးသေချာမေးတယ်

သူတို့ပြောပြတဲ့အခြေအနေအရ

⚠️ အမျိုးသမီးအသက် 32 + အမျိုးသား 41 ရှိပြီ

⚠️ မမျိုးဥအာနည်းတယ်လို့သိထားတယ်

⚠️ ဓမ္မတာမမှန်ဘူး

⚠️ အမျိုးသား လိုအပ်ချက်ရှိနိုင်တယ် ဆိုတာတွေပါ

မင်မင်တို့ကလည်း ဒီအခြေအနေအရဆို အမျိုးသမီးအတွက် ​ဟော်မုန်းစနစ်, ဓမ္မတာစနစ်နဲ့ မျိုးဥကျန်းမာရေးအတွက် motherwish +

အမျိုးသား ဟော်မုန်းနဲ့ သုတ်ပိုးကျန်းမာရေးအတွက် Fatherwish တို့ကို စုံတွဲလိုက်လေးသောက်ဖို့ အကြံပေးလိုက်ပါတယ်

အဲ့တာနဲ့သဘောကျပြီး တစ်ခါတည်း ၃ လစာစီဝယ်သွားကြရော

မင်မင်တို့လည်းတောင် မျိုးဥကြွေစစ်တံကလေးတွေကို လက်ဆောင်ထည့်ပေးလိုက်သေးတယ်

ပြီးတော့ ဓမ္မတာမမှန်ဘူးဆိုပေမယ့် လစဥ်လာသွားတဲ့ရက်တွေအပေါ်မူတည်ပြီး အတတ်နိုင်ဆုံး နီးစပ်အောင် ရက်တွက်ပေးလိုက်တယ်

ပထမဆုံးလမှာ စစ်ကြည့်တော့ negative ဘဲ

ဒါပေမယ့် tea လေးတွေသောက်ပြီး ဒုတိယမှာ စပြီး မျိုးဥ စစ်တံ test လိုင်းရော control လိုင်းရော 2 ကြောင်းလုံး ထင်ထင်ရှားရှားဖြစ်နေလို့ ကြွေတယ်ဆိုတာ သိခဲ့ရပါတယ် 😇

ဒါနဲ့ အားတက်သွားကြပြီး ဆက်ကြိုးစားကြတယ်

သို့သော် ၃ လပြည့်တဲ့အထိ မထူးခြားသေးရှာဖူး

မင်မင်တို့နဲ့တော့ ခနခနဖုန်းပြောဖြစ်လို့ စိတ်ဓါတ်မကျသေးဖူးဆိုတာသိရတယ်

ပုံမှန်အတိုင်း အားမလျှော့ဘဲ ဆက်ကြိုးစား tea လေးတွေတော့ ၃ လအပြည့်သောက်ပြီးရင် ခနနားထားဖို့ အကြံပေးလိုက်ပါတယ်ရှင့် ☺️

💝အဲ့လိုနဲ့နေလာရင်းနဲ့ နောက်တစ်လ ဓမ္မတာလာရမယ့်ရက်မှာ မလာတဲ့အချိန် စစ်ကြည့်လိုက်တော့ positive ဖြစ်နေတာပါဘဲရှင် 😍

💝 အဲ့ဒါလေးဝမ်းသာအားရ လာပြောပြတော့ မင်မင်တို့လည်း ထပ်တူပီတိ​ဖြစ်ရပြီး ပြန်လည်ဝေမျှပေးတာပါရှင်🎉🎊

ခုလို ဆန်းဆန်းပြားပြားကုသနည်းတွေမလိုဘဲ
🌿 သဘာဝအတိုင်းရသွားတာလေးက အရမ်းလည်း ကျေနပ်စရာကောင်းလွန်းပါတယ်🤗

🙆🙆‍♂️ဘဝတူ ဇနီးမောင်နှံတွေရှိရင်လည်း ခုလိုအခြေအနေမျိုးဆို မင်မင်တို့ဆီက tea လေးတွေနဲ့ကြိုးစားလို့ရပါတယ်နော်💯

🇺🇲 U.S fda
♻️ Halal နဲ့
🌍 ISO တွေရထားပြီးတော့နှစ်ပေါင်းများစွာ နာမည်ကောင်းနဲ့ကျော်ကြားလာတာမို့လည်း ယုံယုံကြည်ကြည်သောက်နိုင်ပါတယ်ရှင့်

🤗အားလုံးကို ကျေးဇူးပါ🤗

🏙️ Mandalay 🏙️
⭐မိဘတိုင်းအနား ဘေဘီစတား
⭐ Babystar Babycares
💝 Motherwish
💙 FATHERWISH
💗 Tera Tea
⭐ Babyegg

‼️ဟော်မုန်းစနစ် ညီမျှစေဖို့‼️အမျိုးသား/ အမျိုးသမီး ဟော်မုန်းစနစ်ပုံမှန်ရှိဖို့ဆိုတာ ဘေဘီလေးရဖို့ကြိုးစားနေတဲ့အချိန်မှာ သ...
10/09/2025

‼️ဟော်မုန်းစနစ် ညီမျှစေဖို့‼️

အမျိုးသား/ အမျိုးသမီး ဟော်မုန်းစနစ်ပုံမှန်ရှိဖို့ဆိုတာ ဘေဘီလေးရဖို့ကြိုးစားနေတဲ့အချိန်မှာ သိပ်အရေးကြီးတယ်⚠️

ဘာကြောင့်လဲဆိုတော့ ဟော်မုန်းဆိုင်ရာပြဿနာတွေရှိနေတယ်ဆိုရင်

အမျိုးသမီးတွေမှာ
- ဓမ္မတာမမှန်ခြင်း
- မျိုးဥမကြွေခြင်း
- သားအိမ်နံရံပြဿနာ
- Pcos ပြဿနာတွေနဲ့

အမျိုးသားတွေမှာဆို
- သုတ်ပိုးအရည်အသွေးကျတာ
- အရေအတွက်နည်းတာ
- အတူနေချင်စိတ်လျော့နည်းတာစတဲ့ ပြဿနာတွေဖြစ်တတ်လို့ပါ

ဒီတော့ ဘေဘီရဖို့ကြိုးစားနေသူတိုင်းအတွက် ဟော်မုန်းစနစ်ညီမျှဖို့ အရေးကြီးတယ်

ဒါပေမယ့်အရမ်းလည်းမစိုးရိမ်နဲ့

သူကသဘာဝအစားအစာတွေနဲ့လည်းထိန်းညှိလို့ရပါတယ်ရှင့်

ဘာတွေလဲဆိုတော့

🍀 အရွက်စိမ်းများ

ကိုက်လန်/ဟင်းနုနွယ်တို့လို အရွက်စိမ်းစိမ်းစိုစိုတွေဟာ ဟော်မုန်းစနစ်အတွက် အထောွအကူပေးတဲ့ ဗီတာမင်/ မင်နရယ်နဲ့ Antioxident တွေကြွယ်ဝတာမို့ နေ့စဥ်ပုံမှန်စားပေးရင်အကောင်းဆုံးဘဲ

🐟 ငါး

ဖက်တီးအက်ဆစ်ပေါကြွယ်ဝတဲ့ ငါးသေတ္တာ/ ဆယ်လ်မွန် စတာတွေဟာ ဟော်မုန်းညီမျှအောင်ထုတ်လုပ်ပေးဖို့ရော ပုံမှန်ဖြစ်ဖို့ထိန်းညှိပေးတာရောအတွက် ကူညီပေးလို့ တစ်ပတ်နှစ်ကြိမ်စားသင့်ပါတယ်

🍇 ဘယ်ရီသီးများ

ကျွန်မတို့နဲ့ ရင်းနှီးပြီးသား ဘယ်ရီသီးတွေကလည်း antioxident နဲ့ ဖိုင်ဘာဓါတ်တွေအများကြီးပါတာမို့ ဟော်မုန်းစနစ်ထိန်းညှိပေးတဲ့နေရာမှာ အများကြီးအစွမ်းထက်ပါတယ်

🥜 အစေ့အဆန်များ

သစ်ကြားသီး/ ​သိဟိုဠ်စေ့/ သစ်အယ်သီးစတဲ့ အစ့အဆံအုပ်စုတွေကလည်း zinc, selenium, magnesium စတဲ့ မင်နရယ်ဓါတ်တွေပြည့်ဝလို့ ဟော်မုန်းစနစ်အတွက် အထူးကောင်းမွန်ပါတယ်

ကဲ အဓိကအနေနဲ့ ဒီ 4 မျိုးပါဘဲ

ဒီအတိုင်းပုံမှန်လေးစားပေးရင် ဇနီးမောင်နှံနှစ်ဦးလုံး ဟော်မုန်းစနစ်ပုံမှန်ဖြစ်နိုင်ပြီး ဘေဘီရဖို့ အများကြီးအထောက်အကူပေးပါတယ်နော်😍

အဲ့ထက်ပိုပြီးထိရောက်ချင်တယ်ဆိုရင်တော့ မင်မင်တို့ဆီမှာ

💛 အမျိုးသမီး ဟော်မုန်းစနစ်အတွက် Motherwish

💙 အမျိုးသား ဟော်မုန်းအတွက် Fatherwish စတဲ့ အစွမ်းထက် သဘာဝ tea လေးတွေရှိပါတယ်

🇺🇸U.S FDA
♻️ halal နဲ့
🌍 ISO တွေရထားပြီးတော့နှစ်ပေါင်းများစွာ နာမည်ကောင်းနဲ့ကျော်ကြားလာတာမို့လည်း ယုံယုံကြည်ကြည်သောက်နိုင်ပါတယ်နော်☺️

🏙️ Mandalay 🏙️
⭐မိဘတိုင်းအနား ဘေဘီစတား
⭐ Babystar Babycares
💝 Motherwish
💙 FATHERWISH
💗 Tera Tea
⭐ Babyegg

❗⚠️ကလေးရဖို့ခက်တဲ့ PCOS ရောဂါ⚠️❗ရေအိတ်/အလုံး / pcos  စတဲ့အခေါ်အဝေါ်လေးတွေဟာ အရွယ်ရောက်ပြီး အမျိုးသမီးတို့နဲ့ သိပ်မစိမ်းပ...
05/09/2025

❗⚠️ကလေးရဖို့ခက်တဲ့ PCOS ရောဂါ⚠️❗

ရေအိတ်/အလုံး / pcos စတဲ့အခေါ်အဝေါ်လေးတွေဟာ အရွယ်ရောက်ပြီး အမျိုးသမီးတို့နဲ့ သိပ်မစိမ်းပါဘူး

🔸အဲ့ထဲကမှ Pcos ဆိုတဲ့ ဝေဒနာဟာ ကလေးရဖ်ို့ ပိုပြီးခက်ခဲစေ
တာကြောင့် သူ့အကြောင်းသေချာ သိထားသင့်ပါတယ်

ဒါကြောင့် Pcos နဲ့ ပက်သက်သမျှစုံအောင် ခပ်သွက်သွက်လေး အတိုချုပ် ရေးပေးလိုက်ပါတယ်နော်

➖➖➖➖➖➖➖

◾PCOS ဆိုတာ ဘာလဲ ?

အမျိုးသား အမျိုးသမီးတိုင်းမှာ မတူညီတဲ့ဟော်မုန်းတွေရှိကြတယ်
🚹အမျိုးသားဆို အန်ဒရိုဂျင်
🚺အမျိုးသမီးဆို အက်စထရိုဂျင် ပေါ့
အလွယ်တကူ ကျားဟော်မုန်းနဲ့ မဟော်မုန်းလို့ဘဲမှတ်လိုက်

အမျိုးသားဆို ကျားဟော်မုန်းများတယ်
အမျိုးသမီးဆို မ ဟော်မုန်းများမယ်
ဒါသာမန် အခြေအနေ

⚠️အဲ့လိုလိုမဟုတ်ဘဲ အမျိုးသမီးတစ်ဦးမှာ ကျားဟော်မုန်းက ပိုများနေရင် ဒါ Pcos ဖြစ်ပြီလို့ယူဆပါတယ်

ဘိုလိုတော့ အပြည့်အစုံ Polycystic O***y Syndrome ခေါ်တယ်

သူက ဘာလုပ်လဲဆိုရင် အမျိုးသမီးတို့အတွက် မျိုးပွားဖို့ မရှိမဖြစ်လိုတဲ့ မျိုးဥလေးတွေကို ဒုက္ခသွားပေးပါတယ်

🔸 မျိုးဥ အရည်အသွေးမကောင်းတာ
🔸 မျိုးဥ မကြွေတာ စသည်ဖြင့်ပေါ့
🔸 ပြီးတော့ pcos သမား 80% လောက်ဟာ မျိုးဥအိမ်မှာလည်း အလုံးတွေ ပေါက်တတ်ကြပါတယ်

ဒါကြောင့်မို့ တချိ့က pcos ကို မျိုးဥအိမ်အလုံးပေါက်တာလို့ပြောကြပါတယ် ( တကယ်တော့ အလုံးပေါက်တိုင်း pcos မဟုတ်ပါ )

➖➖➖➖➖➖➖

◾ Pcos ဘာကြောင့်ဖြစ် ?

🔸 အဓိကကတော့ အပေါ်မှာပြောခဲ့လိုဘဲ ကျားဟော်မုန်းဖြစ်တဲ့ အန်ဒရိုဂျင်များလို့ပါ
ဒီ အန်ဒရိုဂျင်ဓါတ်ဟာ အမျိုးသမီးတိုင်းမှာ အနည်းငယ်စီရှိကြပေမယ့် သာမန်ထက် သိသိသာသာပိုများတဲ့အခြေအနေမျိုးမှာဖြစ်ပါတယ်

🔸နောက်တစ်ခုကတော့ အင်ဆူလင် ဟော်မုန်း မညီမျှတာကြောင့်ဖြစ်နိုင်တယ်။ အင်ဆူလင်က ကိုယ်စားလိုက်တဲ့ အစားအသောက်တွေကို energy အဖြစ်ပြန်ပြောင်းပေးတဲ့ဟော်မုန်းပါ
အဲ့ဒီနှစ်မျိုးကတော့ အဖြစ်အများဆုံးပါဘဲ

🔸တစ်ခါတစ်လေလည်း မျိးရိုးဗီဇကြောင့် ဖြစ်တတ်တယ်
သို့သော် အနောက်တိုင်းဆေးပညာရှင်တွေကတော့ အမျိုးသမီးတိုင်း အပျိုဖော်စဝင်ပြီဆိုတာနဲ့ ဖြစ်နိုင်ခြေရှိတယ်လို့ကို ပြောကြပါတယ်⚠️

➖➖➖➖➖➖➖

◾ ဘာလက္ခဏာတွေပြလဲ ?

PCOS ဖြစ်ပြီဆိုရင်

- ဓမ္မတာမမှန်တာ
- မျက်နှာ/မေ့စေ့လိုနေရာတွေမှာ အမွှေးများတာ
- ဆံပင်ပါးတာ
- ထိပ်ပြောင်ချင်လာတာ
- ဝက်ခြံတွေ ပေါက်တာ
- ကိုယ်အလေးချိန်တက်လာတာနဲ့
- အသားအရေ ညစ်လာတာ စတဲ့လက္ခဏာတွေပြတတ်ပါတယ်

တစ်ချို့တစ်လေမှာတော့ ဘာလက္ခဏာမှ လုံးဝမပြဘဲ Pcos ဖြစ်တာလည်း ရှိနိုင်ပါတယ်

➖➖➖➖➖➖➖

◾ ဘယ်လိုကုသရမလဲ ?

စိတ်မကောင်းစရာက Pcos ဝေဒနာကို တန်းပျောက်စေနိုင်တဲ့ ကုသနည်းက ယန့ခေတ်အထိ မရှိသေးပါဘူး

သို့သော် သက်သာအောင်တော့လုပ်လို့ရပါတယ်
ဆရာဝန် ညွှန်ကြားချက်နဲ့အတူ
ကိုယ်ဝန်တားဆေးကဒ်သောက်တာ
တားဆေးထိုးတာတွေ စသည်ဖြင့်ပေါ့
💊အဲ့ဒီတားဆေးတွေဟာ ဟော်မုန်းဆေးဖြစ်လို့ မှန်ကန်စွာအသုံးချနိုင်ရင် ဓမ္မတာကို ပုံမှန်လစဉ် လည်ပတ်စေနိုင်ပါတယ်
အဲ့လိုပုံမှန်ဖြစ်ပြီဆို Pcos ဝေဒနာသက်သာပါပြီ✅

တချို့ကျတော့လည်းအက်စထရိုဂျင်ဆေးတွေသောက်တာမျိုးလုပ်လေ့ရှိတယ်။ အသေးစိတ်ကတော့ ဆရာဝန်နဲ့ သာ သေချာဆွေးနွေးတိုင်ပင်သင့်ပါတယ်🙌

အင်း ဆေးခန်းမပြချင်သေးဖူးဆိုရင်တော့
- အစားအသောက် စနစ်တကျစားတာ
- စားချိန် အိပ်ချိန်မှန်အောင်လုပ်တာ
- ကိုယ်အလေးချိန် ထိန်းညှိတာ စတာလေးတွေလုပ်ကြည့်နိုင်ပါတယ်

➖➖➖➖➖➖➖➖

◾ ကိုယ်ဝန်တကယ်မရနိုင်တာလား ?

အပေါ်မှာပြောခဲ့သလိုဘဲ ဒီရောဂါဟာ ဟော်မုန်းမညီမျှလို့ မျိုးဥအိမ်မှာ အလုံးပေါက်တာဖြစ်ပါတယ်
ဒီတော့ ဓမ္မတာမမှန်ဖူး မျိုးဥပုံမှန်မကြွေဖူးပေါ့

👉 ကိုယ်ဝန်ရဖို့ဆိုတာလည်း အဲ့ဒီမျိုးဥအပေါ်မှာသာ မူတည်တာမို့ pcos သမားတွေဟာ တကယ်ဘဲ ကိုယ်ဝန်ရဖို့ခက်ခဲပါတယ်ရှင့်⚠️

ကံကောင်းထောက်မလို့ ရသွားခဲ့ရင်တောင် ကိုယ်ဝန်ဆောင်ကာလမှာ ပြဿနာဖြစ်နိုင်ခြေများတယ်

ကုသဖို့ကျတော့လည်း တစ်ခါတည်းပျောက်နိုင်တာမရှိသေးဖူးဆိုတော့ အတော်စိတ်ညစ်ဖို့ကောင်းပါတယ်

ဒီတော့ တကယ်ကျွမ်းကျင်တဲ့ OG နဲ့တိုင်ပင်တာတွေ
fertility center တွေမှာ စစ်ဆေးတာတွေ လုပ်ရနို်င်တယ်
ငွေလည်းအတော်ကုန်မယ်💸

🧏‍♀️ အဲ့လိုတွေ မလုပ်ချင်သေးဖူးဆိုရင်တော့ မင်မင်တို့ရဲ့ Motherwish tea လေးနဲ့သဘာဝအတိုင်း ကြိုးစားလို့ရနိုင်ပါတယ်ရှင့်

💜 သူက ဟော်မုန်းစနစ်ကို ညီမျှအောင် ထိန်းညှိပေးနိုင်တော့ ခုလု pcos ဝေဒနာတွေကို ထိထိရောက်ရောက် သက်သာစေပြီး ဘေဘီရဖို့ လွယ်ကူစေပါတယ်ရှင့်🥰

🇺🇲 U.S fda
♻️ Halal နဲ့
🌍 ISO တွေရထားပြီးတော့နှစ်ပေါင်းများစွာ နာမည်ကောင်းနဲ့ကျော်ကြားလာတာမို့လည်း ယုံယုံကြည်ကြည်သောက်နိုင်ပါတယ်နော်

🤗အားလုံးကို ကျေးဇူးပါ🤗

🏙️ Mandalay 🏙️
⭐မိဘတိုင်းအနား ဘေဘီစတား
⭐ Babystar Babycares
💝 Motherwish
💙 FATHERWISH
💗 Tera Tea
⭐ Babyegg

Address

Mandalay
05032

Alerts

Be the first to know and let us send you an email when Babystar Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Babystar Myanmar:

Share